အပိုင်း ၇၇
Viewers 18k

Chapter 77
အစားအစာခိုးယူမှုအတွက် ဖမ်းမိခြင်း



အဘွားလီ အခုရက်ပိုင်း တတိယအိမ်တော်ခွဲက တစ်ခုခု မှားနေသလို ယောင်ဝါးဝါး ခံစားမိသည်။ သူမ ယနေ့ညတွင် တမင်တကာ နောက်ကျမှ အိပ်ရာဝင်ခဲ့ပြီး သဲလွန်စအချို့ တွေ့ရှိခဲ့သည်။ တတိယသခင်မ၏ အစေခံက ကြောင်တက်တက်ဖြင့် သူမအခန်းထဲသို့ ပြန်သွားသည်ကို သူမကြည့်နေခဲ့သည်။ခဏအကြာတွင် သူမက ခြံဝင်းအပြင်ဘက်သို့ ပြေးသွားခဲ့သည်။

အဘွားလီက သူမနောက်ကို လိုက်သွားပြီး ပိုင်ကျီက နံရံအောက်မှာ တစ်စုံတစ်ယောက်ကို ခေါ်တော့မည့်အချိန်တွင် သူမကို မိသွား၏။ ငြင်းခုံမှုအပြီးတွင် သူတို့နှစ်ဦးသည် အရှေ့တောင်ပံသို့သွား၍ သခင်များကိုရှာဖွေရန် ကြိုးစားသော်လည်း အရှေ့တောင်ပံတွင် မည်သူမျှမရှိပေ။

လူငယ်လင်မယားနှစ်ယောက် ဘယ်သွားနိုင်လောက်လဲ...
ပြီးခဲ့သောရက်အနည်းငယ်က ဆီတိုင်ကီ အနည်းငယ်တိမ်လာပုံရသဖြင့် သူခိုးဝင်မည်ကို ကြောက်မိကြောင်း ပင်မမီးဖိုချောင်ဘဏ္ဍာထိန်းကပြောသည်ကိုတွေးပြီး အဘွားလီ တတိယအိမ်တော်ခွဲကို တွေးလိုက်မိသည်။

အစေခံတစ်စုကို ဦးဆောင်ကာ ပင်မမီးဖိုချောင်တစ်ဝိုက်တွင် လှည့်ပတ်လိုက်ရာတွင် ဥယျာဉ်ငယ်အနီးခေါင်မိုးပေါ်တွင် ကျန်းရှုယောင် နှင့် ရှဲ့ရွှင်းကို တွေ့ရှိခဲ့သည်။

လရောင်က မှိန်ဖျော့နေပြီး နွေညမှာ ပုစဉ်းရင်ကွဲတွေ မြည်နေ၏။အိမ်ခေါင်မိုးပေါ်တက်ပြီး လကိုရှုစားသည်က နှစ်ယောက်သားအတွက် ကြည်နူးစရာပါပင်–ဘယ်သူမှ ပန်းကန်လုံးအကြီးကြီးကို ကိုင်မထားရင်ပေါ့...

ကျန်းရှုယောင် အောက်မှလူများ၏အကြည့်များကို ကြည့်ပြီး သူမ၏ပန်းကန်လုံးကို ရှဲ့ရွှင်း၏ရင်ခွင်ထဲသို့ ပြတ်ပြတ်သားသားထိုးထည့်လိုက်သည်။

ရှဲ့ရွှင်းက ပန်းကန်လုံးကြီးနှစ်လုံးကို ကိုင်ထားပြီး အလွန်အမင်းမိုက်မဲနေပုံရသည်...

"တတိယသခင်နဲ့ တတိယသခင်မ...အိမ်ခေါင်မိုးပေါ်က လေတိုက်တယ်... ဆင်းရအောင်ပါ"

အဘွားလီက လှည့်ပြီး အစေခံတစ်ယောက်ကို "လှေခါးသွားယူပါ"ဟု ပြောလိုက်၏။

ကျန်းရှုယောင်က ကပျာကယာ တားပြီး
"မဟုတ်ဘူး...ကျွန်မတို့ ဒီအတိုင်းဆင်းလို့ရတယ်"
အစေခံတွေ စုရုံးလာလျှင် အရှက်ကနှစ်ဆတိုးလိမ့်မည်။

ပိိုင်ကျီက ထိတ်လန့်သွားပြီး ကျန်းရှုယောင်ကို ဖမ်းရန် မစောင့်နိုင်တော့ပေ။သူမက အလျင်အမြန် ရှေ့သို့ ခုန်တက်ကာပြောလိုက်၏။

"သခင်မ... သတိထား"

ရှဲ့ရွှင်းက သူ့မျက်နှာတွင်အကြောသေနေအမူအရာကိုကျင့်သားရနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ့အမူအရာမှာ ငြိမ်သက်နေ၏။ သူက နံရံပေါ်တက်ကာ အမိုးပေါ်မှ အလွယ်တကူ ခုန်ဆင်းလိုက်သည်။ သူက ပန်းကန်တွေကို ချလိုက်ပြီး ခေါင်းမော့ကာ ကျန်းရှုယောင်ကိုပြောလိုက်၏။

"ငါ့ပခုံးကို နင်းပြီး ဆင်းလာခဲ့"

ကျန်းရှုယောင် သူမ၏ ခြေထောက်များကို မဝံ့မရဲ ဆန့်ထုတ်လိုက်ပြီး လူတိုင်း၏ မျက်လုံးများက သူမနှင့်အတူ လှုပ်ရှားသွားသည်ကို ခံစားလိုက်ရသည်။ ရှက်လွန်း၍ မြေကြီးထဲမှာ မြှုပ်ချင်နေမိ၏။

"ကျွန်မ မရဘူး"

ရှဲ့ရွှင်းက တွေးပြီးပြောလိုက်သည်။

"ဒါဆို မင်းခုန်ဆင်းလိုက်...ငါမင်းကိုဖမ်းထားမယ်"

ယင်းက မြေပြင်ထက် အလွန်မြင့်သည်။ ကျန်းရှုယောင် အင်မတန်အန္တရာယ်များသည်ဟု ခံစားရပြီး သူမခေါင်းကို အထိတ်ထိတ်အပျာပျာ ခါယမ်းလိုက်၏။

ရှဲ့ရွှင်းက သူ့လက်နှစ်ဖက်ကိုဖွင့်ပြီး "ငါ့ကိုယုံပါ... ငါမင်းကိုဖမ်းနိုင်တယ်" ဆိုပြီး စိတ်ရှည်ရှည်နှင့် ကတိပေးလေသည်။

အစေခံများသည် ဤမြင်ကွင်းကိုကြည့်ကာ အမြဲတမ်းအေးစက်နေသော တတိယသခင်မှာ နူးညံ့သိမ်မွေ့သော တစ်ဖက်ခြမ်းရှိနေပါလားဟု သက်ပြင်းချကြသည်။ တစ်ယောက်က သွက်လက်တောက်ပပြီး နောက်တစ်ယောက်က ညင်သာနူးညံ့ကာ အလိုလိုက်၏။ တကယ့်ကို လိုက်ဖက်လှသည့်စုံတွဲပါပင်။

ခွေးစာတွေကို ပါးစပ်ထဲမထည့်ခင်မှာ ကျန်းရှုယောင်ကပြောသည်ကို သူတို့ကြားလိုက်ရသည်။
"ကျွန်မကို မဖမ်းမိရင် ရှင်အသေပဲ"

"မြန်မြန်လုပ်... ငါ့လက်တွေအောင့်နေပြီ"


အစေခံများ :...

ကျန်းရှုယောင် အံကြိတ်ကာ ခုန်ဆင်းလိုက်သည်။ ရှဲ့ရွှင်းက အလျင်အမြန် ရှေ့တိုးကာ သူမကိုဖမ်း၏။

ရှဲ့ရွှင်းက တင့်တယ် ချောမောပြီး မြင့်မြတ်သော လူငယ်တစ်ဦးအဖြစ် အားနည်းပုံပေါ်သော်လည်း သူသည် ကိုယ်ခံပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည်။ ကြီးစွာသောခွန်အားဖြင့် သူ ကျန်းရှုယောင်ကို တည်တည်ငြိမ်ငြိမ် ဖမ်းလိုက်သည်။

ကျန်းရှုယောင် သူ့ရင်ခွင်ထဲတွင် စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်ကာ ရှဲ့ရွှင်းကို ကျေးဇူးတင်စကားဆိုသည်။

သို့ပေမဲ့ ရှဲ့ရွှင်းက သူမကို ချမပေးဘဲ ပွေ့ဖက်လိုက်ပြီးပြော၏။

"မင်းက အရမ်းပေါ့တယ်"
ထို့အပြင် သူမက နူးညံ့ပြီး မွှေးကြိုင်သေးသည်။

ကျန်းရှုယောင်က "ဟင်"ခနဲအသံပြုပြီး သူ့ကို မော့ကြည့်သည်။

သူ့ရင်ခွင်ထဲတွင် မွှေးကြိုင်သော ကျောက်စိမ်းကဲ့သို့ အလှလေးရှိနေပြီး သူမမျက်နှာက သူနှင့် အလွန်နီးကပ်နေသောကြောင့် ရှဲ့ရွှင်း၏ နှလုံးသား လှုပ်ခါသွားသည်။သူ အကြောင်းပြချက်တစ်ခုကို သိမ်းကြုံးရှာလိုက်၏။

"မင်း ပိုစားလို့ရတယ်...ကိုယ်အလေးချိန်တက်မှာကို မကြောက်နဲ့"

ကျန်းရှုယောင်ကပြောသည်။

"နောင်မှာ ကျွန်မရှင်နဲ့အတူ မစားမှာကို ကြောက်နေတာလား"

ရှဲ့ရွှင်း ပြန်ဖြေရန် အချိန်မရခင်မှာပဲ သူတို့ကို အပြင်းအထန် ဖမ်းဆီးနေသည့် အဘွားလီက သည်းမခံနိုင်တော့ဘဲပြောလိုက်၏။

"တတိယသခင်နဲ့ တတိယသခင်မ...သခင်မကြီးက စောင့်နေတုန်းပါပဲ"

ကျန်းရှုယောင် ရှော့ရသွားသည်။ ဒါကို သူမ ဘာကြောင့် မေ့သွားတာလဲ...
အဘွားလီက သူမကို စိုက်ကြည့်လာပြီး သူမက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ သို့သော်လည်း သူမက ညသန်းခေါင်တွင် ခိုးထွက်ကာ ဆက်၍စားနေခဲ့သည်။ သခင်မကြီးက သူမကို အပြစ်တင်ပေလိမ့်မည်။

ရှဲ့ရွှင်း ကျန်းရှုယောင်ကို ချပေးလိုက်ပေမဲ့ ကျန်းရှုယောင်က သူ့ကို ချက်ချင်း တွန်းမထုတ်ခဲ့ပါချေ။ ထိုအစား သူမက သူ့ဝတ်ရုံလက်တွေကို ဆွဲကိုင်လိုက်ပြီး "ဘာလုပ်ရမလဲ"ဟု ကြောက်ရွံ့ စွာနှင့်ပြောလိုက်သည်။

ထိုသို့ ရင်းနှီးသော လုပ်ရပ်က ရှဲ့ရွှင်း၏ မျက်နှာကို ပူလောင်သွားစေပြီး သူ့စိတ်တွေ ခဏလောက် လွတ်ထွက်သွားကာ နှုတ်ကထွက်မိသွားသည်။

"ရပါတယ်... ငါ့တာဝန်ထားလိုက်"

သူတို့ နှစ်ယောက်က ညဘက် အင်တာနက်သုံးရန် ပြေးထွက်လာပြီး မိဘတွေ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် မူလတန်း ကျောင်းသားတွေလိုပါပင်။ အဘွားလီက သူတို့ကို ရှို့နင်ခန်းမဆောင်သို့ "ဖိတ်ခေါ်"ခဲ့သည်။

သခင်မကြီးက ဝတ်ရုံအကျအန ၀တ်ထားကာ လေးနက်သော မျက်နှာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။

ယနေ့ညကိစ္စ ဖြစ်ပွားပြီးနောက် ကျန်းရှုယောင်က နေ့ခင်းဘက်တွင် ချက်ပြုတ်ရန် ဒုတိယအိမ်တော်ခွဲသို့ သွားခဲ့ပြီး သူမ၏ မီးဖိုချောင်ငယ်လေးကို ချိပ်ပိတ်ထားခြင်းက သူမကို မထိခိုက်စေကြောင်း တစ်စုံတစ်ဦးမှ မိမိကိုပြောကြားခဲ့သည်။ ထိုမျှတင်မဟုတ်သေး။ သူမက အပြစ်ပေးခံရရန် သဘောတူခဲ့သော်လည်း ညလယ်စာစားရန် ညသန်းခေါင်တွင် မီးဖိုချောင်သို့ ခိုးဝင်ကာ ရှဲ့ရွှင်းကိုပါ ခေါ်သွားခဲ့သည်။

သခင်မကြီးက အသက်ကြီးလာသည်နှင့်အမျှ စည်းကမ်းကို အထူးဂရုစိုက်သည်။တစ်ချိန်က သူမသည် ယဉ်ကျေးသိမ်မွေ့ပြီး သိက္ခာရှိသော ချွေးမတစ်ဦးဖြစ်သည်။ ယောက္ခမဖြစ်လာသောအခါတွင် သူမချွေးမများအတွက် တူညီသောလိုအပ်ချက်များရှိသည်။ သူမချွေးမအကြီးကို အလွန်ကျေနပ်၏။ သူမ သူမ၏ ဒုတိယမြောက်သားအတွက် ဤကဲ့သို့သောဇနီးကို စီစဉ်ပေးချင်သော်လည်း သူမ၏ ဒုတိယသားက ရက်စက်ပြီး ရိုင်းစိုင်းသော ကျိုးရှီကို လက်ထပ်ခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ကျိုးရှီက နာခံခဲ့သည်။အိမ်ထောင်ကျပြီးနောက်တွင် သူမသည် သူမ၏ အလေ့အထဟောင်းကို ချက်ချင်း ချန်ထားခဲ့ကာ စိတ်ငြိမ်းချမ်းစွာဖြင့် သခင်မတစ်ယောက်ဖြစ်ရန် သင်ယူခဲ့သည်။ သူမကအနည်းငယ်မျှသာ သိသော်လည်း ထိန်းနိုင်ခဲ့သည်။

ကျိုးရှီကို သူမ မကျေမနပ်ဖြစ်ခဲ့ဖူးသည်။ ကျန်းရှုယောင် လက်ထပ်ဝင်လာပြီးသည့်နောက် သူမ အမြင်ပြောင်းသွားပြီး ကျိုးရှီ မည်မျှ လိမ္မာရေးခြားရှိသည်ကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။

အစေခံက ကန့်လန့်ကာကိုဖွင့်လိုက်သည်နှင့် ရှဲ့ရွှင်းက ဦးဆောင်လမ်းပြလိုက်၏။

ကျန်းရှုယောင်က သူ့နောက်သို့ လိုက်သွားပြီး အလွန်စိုးထိတ်နေခဲ့သည်။

သခင်မကြီးက ယနေ့ ကျန်းရှုယောင်အတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းက ပိုကောင်းမည်ဟု တွေးကာ မျက်နှာထားတင်းမာနေ ခဲ့သည်။

ရှဲ့ရွှင်းက သခင်မကြီး၏ အေးစက်သည့်မျက်နှာကို မကြောက်ဘဲအရိုအသေပေးလိုက်၏။

"အမေက ဘာလို့ မအိပ်သေးတာလဲ"

သခင်မကြီးက နှာခေါင်းရှုံ့ပြီး တည့်တိုးပြောလိုက်သည်။

"ဘာဖြစ်လို့လဲ သိတယ်မလား... ဒါဆို ဘာလို့မေးနေသေးလဲ"

သူမက ကျန်းရှုယောင်ဘက်လှည့်ပြီး
"ကျန်းရှီ ...မင်း ငါ့ရဲ့ ပြစ်ဒဏ်ကို လက်မခံနိုင်ရင် လက်ခံဖို့ မလိုဘူး... ဒါပေမဲ့ မင်းကလက်ခံပြီး မင်းခေါင်းကို လှည့်ပြီး ဆက်စားနေတယ်...မင်း စည်းကမ်းကိုဟာသလုပ်နေတာလား"

ရှဲ့ရွှင်းက သခင်မကြီး ကျန်းရှုယောင်ကို ကြိမ်းမောင်းသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ သူ့မသိစိတ်က ကျန်းရှုယောင်၏ ခန္ဓာကိုယ်တစ်ဝက်ကို ပိတ်ဆို့ရန် သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်ပြီး ပြောလိုက်၏။

"အမေ နားလည်မှုလွဲနေတာ...ကျွန်တော် ညဘက်အဆာပြေစားချင်တာကြောင့် ကျန်းရှီက ကျွန်တော်နဲ့လိုက်လာတာ"

သခင်မကြီးက သူ့စကားကြားသောအခါ အံ့ဩမှင်သက်သွားပြီး ပို၍ပင်ဒေါသထွက်လာသည်။

"မင်း သူ့ကို အကာအကွယ်ပေးနေတာလား"

ရှဲ့ရွှင်းက သူမ၏တန်ဖိုးအရှိဆုံးသားဖြစ်သည်။ သူက တင့်တယ်ကြော့ရှင်းပြီး အလားအလာရှိသည့် အနာဂတ်ကို ပိုင်ဆိုင်ထားသူဖြစ်၏။ သူက လူတိုင်းက ချီးမြှောက်ခံရသောလူကြီးလူကောင်းဖြစ်ပြီး သူ့အပြုအမူကို မည်သူမျှ အပြစ်မတင်နိုင်ပေ။ အစားအသောက်ခိုးရန် ညလယ်ခေါင်ခေါင်မိုးပေါ် ကို သူမည်သို့တတ်နိုင်မည်နည်း။

ရှဲ့ရွှင်းက ကူကယ်ရာမဲ့စွာဆို၏။

"ကျွန်တော် သူ့ကို အကာအကွယ် မပေးပါဘူး... အမှန်အတိုင်းပြောနေတာ...အဲဒါအပြင် သူ့ရဲ့ မီးဖိုချောင်လေးကို ချိပ်တ်ပိတ်၊ထမင်းဟင်းချက်တာကို တားမြစ်ပြီး သူ့ကို အပြစ်ပေးလိုက်တာက ယုတ္တိမရှိဘူး"

ကျန်းရှုယောင် ရှဲ့ရွှင်း၏နောက်မှ အသက်ပြင်းပြင်းရှူလိုက်သည်။ အိုး.. ရှင်တကယ် အကုန်ပြောနိုင်တာပဲ...

မှန်ပေသည်၊ သခင်မကြီး ထိုစကားများကိုကြားသောအခါ မျက်နှာအရောင်ပြောင်းသွား၏။

"မင်းငါ့ကို ဆန့်ကျင်ဘက်လုပ်နေတာလား"

ရှဲ့ရွှင်းက သခင်မကြီးနှင့် သိပ်အဆက်အဆံမရှိသည့်အပြင် သူမကို ကောင်းစွာမသိပေ။ သူ သူမ ဤမျှလောက် ဒေါသဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားဘဲ အမြန်ရှင်းပြလိုက်၏။

"အမေက ကျွန်တော်တို့အတွက်ပဲ တွေးပေးနေတာလေ ... ကျွန်တော် မဝံ့ပါဘူး...အားယောင်က အစားများလို့ ဖျားသွားတယ်...ကျန်းရှီက အမှန်တော့အကြီးဖြစ်ပေမဲ့ သေချာမတွေးခဲ့ဘူး... ဒီအိမ်မှာ ကျန်းရှီ ဟင်းချက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားရင် တင်းကျပ်လွန်းလိမ့်မယ်"

သူမက ဒေါသထက် အံသြသွားသည်။ သခင်မကြီး ရုတ်တရက် ငြိမ်သက်သွားသည်။ သူမက ရှဲ့ရွှင်းကို သူမ မသိသလိုမျိုး ဂရုတစိုက်ကြည့်ကာမေး၏။
"မင်းက ညလယ်စာစားတဲ့လူလား"

"ဟုတ်ကဲ့"

"ဒါဆို အစားအသောက်ခိုးဖို့ ပင်မမီးဖိုချောင်ကို သွားတာက ဘယ်သူ့စိတ်ကူးလဲ"

"ကျွန်တော်ပါ"

သခင်မကြီးက သရော်၏။
"ခေါင်မိုးပေါ်တက်ဖို့ စိတ်ကူးကလည်း နင်ပါလို့ ဘာလို့ မပြောတာလဲ”

ရှဲ့ရွှင်း: "...အဲဒါကလည်း တကယ့်ကိုကျွန်တော့်ဆီက ဖြစ်လာတာပါ"

လေထုက အေးခဲသွားပြီး သခင်မကြီးကြက်သေသေ သွားသည်။

ထိုအခိုက်တွင် တံခါးအပြင်ဘက်ရှိ အစေခံက တစ်စုံတစ်ဦးကို ရုတ်တရက် နှုတ်ဆက်လိုက်ပြီး ရှုရှီ ရောက်လာသည်။

ရှုရှီက တစ်ခုခုဖြစ်သွားသည်ကို သူမကြားပြီး ခန်းမဆီသို့ အမြန်ပြေးလာခဲ့သော်လည်း ဘာဖြစ်သွားသည်ကိုကား မသိပေ။

သူမအထဲဝင်သွားသောအခါ ရှဲ့ရွှင်းနှင့် ကျန်းရှုယောင် နှစ်ယောက်စလုံးရှိနေပြီး သခင်မကြီးက ဒေါသတွေထွက်နေသည်ကို တွေ့လိုက်ရ၏။

အလျင်စလို လျှောက်လာရင်း သခင်မကြီးကိုအလျင်အမြန် နှစ်သိမ့်ပေးလိုက်ကာ ခဏအကြာတွင် သခင်မကြီးက မီးသေသွားသည်။


သခင်မကြီးက ဒေါသပြေသွားသော်လည်း ကျန်းရှုယောင်ကို မတွေ့ချင်သေးပေ။ သူမလက်ကိုဝှေ့ယမ်းပြီးပြောလိုက်၏။

"မင်းတို့အားလုံးပြန်ကြပါ...ပေါယွမ်နေခဲ့... ငါပြောစရာရှိတယ်"

ရှုရှီက ခေါင်းညိတ်လိုက်ပြီး ကျန်းရှုယောင်ကို ရှို့နင်ခန်းမဆောင်ထဲက ဆွဲထုတ်လိုက်သည်။

ကျန်းရှုယောင်က ရှဲ့ရွှင်းကို ခန်းမအပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ရှုရှီက  သူမအခန်းသို့ ဦးစွာပြန်သွားရန် စီစဉ်ခဲ့သည်။

သူမအဝေးကို မသွားခင် ကျိုးရှီကလမ်းလျှောက်တုတ်ဖြင့် ထော့နဲ့ ထော့နဲ့ ခုန်နေသည်ကို တွေ့လိုက်ရပြီး ကျိုးရှီက အလျင်စလို ခြံတံခါးကို ဖြတ်ကျော်ပြီး ပြုတ်ကျလုမတတ် ဖြစ်သွားသည်။

ခြေလှမ်းသုံးလှမ်း လှမ်းကာ သူမကိုဆွဲလိုက်ပြီးပြောလိုက်၏။

"နင်ဘာတွေ အလျင်လိုနေတာလဲ"

ကျိုးရှီက  သူမပုံစံကို တည်ငြိမ်စေပြီးမေးလိုက်သည်။

"တတိယယောက်မကို ရှို့နင်ခန်းမဆောင်ဆီ ခေါ်သွားတယ်လို့ ငါကြားတယ်"

ရှုရှီက ခေါင်းညိတ်လိုက်ပြီး
"တတိယမောင်ငယ် ရှိတယ်"

"အဲဒါကောင်းတယ်"

ကျိုးရှီက သက်ပြင်းချရင်းဆို၏။

"ဘာ**** ဖြစ်နေတာလဲ...သူ ညက မအိပ်ဘူး...အဘွားလီ သူ့ကိုပင်မမီးဖိုချောင်မှာဖမ်းမိတာတဲ့"

"ဟုတ်တယ်"

"ခေါင်မိုးပေါ်မှာလို့ ငါကြားတယ်"

"ဟုတ်တယ်"

ကျိုးရှီ၏မျက်နှာက ပဟေဠိဖြစ်သွားပြီး
"သူအဲဒီမှာဘာလုပ်နေတာလဲ"


ရှုရှီ၏အမူအရာမှာ အနည်းငယ်ထူးဆန်းနေပြီး "ဘာဖြစ်လို့လဲ....တတိယမောင်ငယ်လည်း အဲဒီမှာပဲ"

"ဟမ်"

ကျိုးရှီ၏ ဦးနှောက်က ချက်ချင်းဆိုသလို အများကြီးတွေးမိသွားသည်။

"အဲဒါက ယုတ္တိမရှိတာ... ခေါင်မိုးပေါ်မှာ စုံတွဲတစ်တွဲ လကြည့်ရင်း အချစ်အကြောင်း ပြောနေတာ ဘာဖြစ်လို့လဲ"

ရှုရှီ သူမ၏စိတ်ဓာတ်ကျမှုကို နားလည်ပြီးပြောလိုက်၏။

"သူတို့က အိမ်ခေါင်မိုးပေါ်မှာ အချစ်ကြောင်း ပြောနေတာမဟုတ်ဘူး... အစားအသောက်တွေ ခိုးစားနေတာ" (🤣)

ကျိုးရှီ : "...?"

"သူတို့က ညလယ်စာချက်ဖို့ ပင်မမီးဖိုချောင်ထဲကို ခိုးဝင်ကြတယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်က စခဲ့တာ...အဘွားလီက သူတို့ကို ဖမ်းမိတဲ့အခါ သူတို့လက်ထဲမှာ ပန်းကန်လုံးကြီးတွေနဲ့ အိမ်ခေါင်မိုးပေါ်မှာ ထိုင်နေတယ်လို့ ကြားတယ်"

ကျိုးရှီ : "ငါပြန်အိပ်ရင်ကောင်းမယ်ထင်တယ်"


ရှုရှီ : "... ငါလည်း တွေးနေတာပဲ...အိုး သတိထားတံခါးခုံကိုကြည့်"

"သိပါတယ်"

"ထားလိုက်ပါ...ငါ ပြန်ပို့ပေးပါ့မယ်...အစေခံမပါဘဲ ဘယ်လိုလုပ်ထွက်လာတာလဲ"

"နင်ကိုယ်တိုင်ကလည်း အစေခံ မခေါ်လာဘူးလေ...ဟေး ငါ့ ငါ့ကို မထိနဲ့...နင့်ကို ဘယ်သူက ကူညီခိုင်းချင်လို့လဲ...ငါက ခြေဆွံ့မနေဘူး "

ကျိုးရှီက သူမ၏ ချိုင်းထောက်ကို ကပ်တွယ်ထားသည်။ သူမ တောင့်တောင့်ကြီးဖြင့် စက်စုပ်စွာ ရှုရှီ၏ ဒုတိယအိမ်တော်ခွဲသို့ ချုပ်ခေါ်သွားခြင်းခံရလေသည်။

ရှို့နင်ခန်းမဆောင်၏လေထုက
သိပ်သက်တောင်သာက်သာမရှိတော့ပေ။

သခင်မကြီးက နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး အချို့အရာများကို တစ်ချက်ကြည့်လိုက်လျှင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူမက တည်ကြည်စွာမေးလိုက်၏။
"ကျန်းရှီအပေါ် မင်းဘယ်လိုသဘောထားလဲ"

ရှဲ့ရွှင်းက ချက်ချင်းဖြေသည်။
"သူက ကျွန်တော့်ဇနီး"

"ဇနီး..."
သခင်မကြီးက နှာခေါင်းရှုံ့၏။

“အဲဒီနေ့မှာပဲ ရှန်းယန်အိမ်တော်က မင်းကို လက်ထပ်ခိုင်းဖို့ မိဖုရားကြီးကို တောင်းဆိုတယ်... ငါတို့က ဧကရာဇ်မင်းမြတ်ကို လက်ထပ်ခွင့်အမိန့်ထုတ်ခွင့်မပြုနိုင်ဘူ.း..မသိချင်ယောင်ပြီး လက်ထပ်ခွင့်အပြေးအလွှားသွားတောင်းခဲ့တယ်...နောက်မှ ကွာရှင်းဖို့ နည်းလမ်းရှာဖို့ပဲမဟုတ်ဘူးလား... အခု မင်းက ရိုးရိုးသားသား လက်ထပ်ဖို့ တောင်းဆိုခဲ့တာလို့ပြောချင်တာလား"

ရှဲ့ရွှင်းက စက္ကန့်အနည်းငယ်မျှတိတ်ဆိတ်နေပြီးနောက် အလေးအနက်ဆိုလာသည်။

"အဲဒီတုန်းက ကျွန်တော့် သူ့ကို လက်ထပ်ဖို့ မရိုးသားခဲ့ဘူး... ဒါပေမဲ့ အခု ကျွန်တော် တကယ် သူ့ကို ရိုးရိုးသားသားဆက်ဆံတာပါ"(စိတ်ရင်းနဲ့လို့ပြောချင်တာပါ)

သခင်မကြီးက သူယခုလိုဖြေရန် မမျှော်လင့်ထားပေ။ သူမ သူ့ကို အံ့အားသင့်စွာကြည့်ရင်း အချိန်အတော်ကြာအောင် လက်မခံနိုင်ပေ။

"မင်း သူ့ကိုသဘောကျလား"

"ဟုတ်ကဲ့"

"မင်းဘာတွေပြောနေတာလဲမင်းသိလား"

"သိပါတယ်"

ကျန်းရှုယောင်က ရှဲ့ဖေးကို ကယ်တင်ခဲ့သည့်အကြောင်း သခင်မကြီးမကြိုက်မှာကြောက်သဖြင့် ရှဲ့ရွှင်း မပြောခဲ့ပါချေ။ သို့သော်လည်း သူမက ကျန်းရှုယောင်ကို သူနှင့်မသင့်လျော်ဟု ထင်မြင်နေသည်ကို မြင်သောအခါ စိတ်မသက်မသာ ခံစားခဲ့ရသည်။

သခင်မကြီး သူ့အဖြေကိုကြားသောအခါ သူမ စိတ်တို့ အေးစက်သွားကာ သူမစကားများကထက်ရှလာ၏။

“ဇနီးသည်ဆိုတာက အိမ်၊ ခင်ပွန်းသည်နဲ့ သားသမီးတွေကို ငြိမ်အေးစေရတယ်...သူလုပ်နိုင်လား... မင်းမှာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတယ်...သူက မင်းရဲ့တရားဝင်အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူမဖြစ်ရုံတင်မကဘူး... ဆန့်ကျင်ဘက်အနေနဲ့ မင်းရဲ့ဂုဏ်သိက္ခာကို ညစ်ညမ်းစေခဲ့တယ်... မင်းဒီလိုဇနီးမျိုးလိုချင်တာ သေချာလား"

ရှဲ့ရွှင်း မျိုးဆက်ဟောင်းရှိ "ဇနီး" ၏ လိုအပ်ချက်များကို သဘောမတူသော်လည်း သူက ယခင်အတိုင်းပင်ဖြစ်ကြောင်း သူသိသည်။

"ဟုတ်ကဲ့... သေချာပါတယ်...ကျွန်တော် သူနဲ့ပျော်တယ်...ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့လုံလောက်ပါတယ်"

သခင်မကြီးက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး ၎င်းနောက်စကားအနည်းငယ်ကို ဖြည်းညှင်းစွာ ပြောလိုက်သည်။

“မင်းနောင်တမရဘူးလို့ ငါမျှော်လင့်တယ်”


Xxxx