အပိုင်း ၇၈
Viewers 16k

Chapter 78
ဟော့ပေါ့ (1)


သားနှင့်အမေကြား စကားဝိုင်းက ပြတ်တောက်သွား၏။ သခင်မကြီး တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘဲ ရှဲ့ရွှင်းကို မရေတွက်နိုင်အောင် ကြိမ်းမောင်းခဲ့သည်။ရှဲ့ရွှင်း ကျန်းရှုယောင်ကို ဘာကြောင့် ချစ်မိသွားသည်ကို သူမ နားမလည်ခဲ့ပေ။

နောက်တစ်နေ့တွင် သူမ ထိုအကြောင်းကို ပိုတွေးလေလေ၊ စိတ်ဓာတ်ကျလေလေဖြစ်သည်။ ခွေးတစ်ကောင်ကို ကြီးစွာသောနာကျင်မှုများနှင့်အတူ ကျွေမွေးခဲ့မိသည်ဟု သူမ ခံစားခဲ့ရ၏။ ရှဲ့ရွှင်းက ငယ်ရွယ်ပြီးပေါ့ပြက်ပြက်နိုင်သည်။ သူ့ဇနီးက သူ့အသက်မွေးဝမ်းကြောင်းအတွက် မည်မျှအရေးကြီးသည်ကို သူနားမလည်ဘဲ နှစ်အနည်းငယ်ကြာမှ နောင်တရလိမ့်မည်။


၎င်းကိုတွေးပြီး သူမကိုယ်သူမ မနှစ်သိမ့်နိုင်ရုံသာမက ပို၍ပင် စိတ်မသက်မသာ ခံစားရ၏။သူမ၏ နို့ထိန်းကို ရှာပြီး ညည်းညူရန် ကြိုးစားသော်လည်း ပြေးဝင်လာသော အစေခံက နှောင့်ယှက်ခဲ့သည်။

“သခင်မကြီး... သခင်မကြီးရှင်”

အစေခံက ထိတ်လန့်တကြားနှင့် ဟောဟဲလိုက်နေ၏။

သခင်မကြီးက မျက်မှောင်ကြုတ်လိုက်ပြီး သူမဘေးက နို့ထိန်းက ခပ်မြန်မြန် အော်လိုက်သည်။

အစေခံက သူမကိုယ်​သူမ တမင််လုပ်ထားခြင်း လုံးဝမဟုတ်​ပေ။ သူမ၏အမူအရာမှာ တုန်လှုပ်သွားပြီး အသံတုန်တုန်ယင်ယင်ဖြစ်နေ၏။

“သခင်မကြီး...အရှင်မင်းသားရောက်နေပါတယ်"

"ဘုန်း—"

သခင်မကြီးက ဆတ်ခနဲ ထရပ်လိုက်သောကြောင့် စားပွဲပုလေးကို မှောက်လိုက်မိသည်။

"အရှင်မင်းသား"
သူမ မျက်လုံးပြူးပြီး ပျာယာခတ်သွား၏။
"မြန်မြန်...နင့်သခင်ကိုသွားခေါ်ချေ"

သူမက အိမ်ထဲသို့ အလျင်အမြန်လျှောက်ကာ အိမ်ရှေ့စံမင်းသားကို သွားတွေ့ရန် ပြင်ဆင်နေသည်။
"လာ...ငါ့ကို သန့်ရှင်းရေးလုပ်ပေး"

ပရမ်းပတာအခြေအနေမှာ အစေခံကအသံမြင့်လိုက်၏။

"သခင်မကြီး... အိမ်ရှေ့မင်းသားက လူကြီးတွေကို စုရုံးစရာ မလိုဘူးလို့ ပြောတယ်...သူ့လက်အောက်ငယ်သားတွေနဲ့ သီးသန့်အတူတူတွေ့ဆုံဖို့ ဒီကိုလာခဲ့တာတဲ့"

သခင်မကြီးက ကြောင်သွားသောအမူအရာဖြင့် ရပ်လိုက်ပြီးဆို၏။

"ဘာဖြစ်တယ်...တွေ့ဆုံမယ်"

အစေခံက ထူးဆန်းသောအမူအရာဖြင့် ခေါင်းညိတ်ကာပြေယသည်။

"အရှင်မင်းသားနှင့် အရှေ့နန်းဆောင်က အရာရှိတွေ ရောက်နေကြပါတယ် ...တတိယအိမ်တော်ခွဲကို အတူတူသွားနေကြပုံရပါတယ်... လူအုပ်ကြီးက တတိယအိမ်တော်ခွဲကို တိုက်ရိုက်သွားကြတယ်"

ဆူညံနေသော ရှို့နင်ခန်းမဆောင်က ချက်ချင်း တိတ်ဆိတ်သွားသည်၊ လူတိုင်းသည် ကြက်သေသေသွားပြီး ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာခဲ့သည်။


သခင်မကြီး ပုံကျသွားပြီး မျက်နှာမည်းကြီးနှင့် ထိုင်နေလေသည်။ အစောကြီးတုန်းက ပျော်ရွှင်နေသည့်သူမ၏အမူအရာက ကွဲအက်သွား၏။

နို့ထိန်းက သူမကိုသတိပေးလိုက်သည်။

"သခင်မကြီး... အိမ်ရှေ့စံမင်းသားက လူကြီးတွေကို စုရုံးစရာ မလိုဘူးလို့ ပြောပေမဲ့ ဂုဏ်သိက္ခာကို ထိန်းဖို့ ကျန်နေပါသေးတယ်... တတိယ ခြံဝင်းက အစေခံတွေက ပွဲကိုဦးဆောင်နိုင်မှာမဟုတ်လို့ လူတွေကို အမြန် ပို့ပေးရမှာပါ...ပင်မမီးဖိုချောင်ရောပါပဲ... ပွဲပြင်ဖို့ မြန်မြန်လုပ်သင့်တယ်"

သခင်မကြီးက စကားမပြောဘဲ လက်ထဲတွင် ဗုဒ္ဓပုတီးစေ့များကို တင်းတင်းကျပ်ကျပ် ညှစ်ထားသည်။

"သခင်မကြီး..."
နို့ထိန်းက စိုးရိမ်တကြီးနှင့်ခေါ်၏။

သခင်မကြီးက တည်ငြိမ်သော မျက်နှာထားဖြင့်မေးသည်။

“အိမ်ရှေ့စဲက ဘာလို့ လာတယ်လို့ထင်လဲ"

နို့ထိန်း ခဏတာ အံ့အားသင့်သွားပြီး
“အရှင်မင်းသားက သူ့လက်အောက်ငယ်သားတွေနဲ့တွေ့ဆုံချင်တယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”

သခင်မကြီးက နှာခေါင်းရှုံ့၏။

"တွေ့ဆုံတယ်...သူတို့ အရှေ့နန်းဆောင်မှာ ဆုံလို့မရဘူးလား...စားသောက်ဆိုင်မှာ ဆုံလို့မရဘူးလား... ဆေးသုတ်ထားတဲ့ လှေတစ်စင်းကတောင်မှ မြို့စားရှဲ့အိမ်တော်ရဲ့ တတိယခြံဝင်းထက် ပိုသင့်တော်တယ်...ဘာလို့ ဒီကိုလာတာလဲ"

ထိုမေးခွန်းကြောင့် နို့ထိန်း အလွန် အံသြသွားသော်လည်း ယင်းက အဓိပ္ပါယ်ရှိသည်။

ကျန်းရှီ၏ကိစ္စက သူမစိတ်ထဲမှာ ပူပန်နေသေးသဖြင့် သခင်မကြီးက အဓိကအချက်တွေကို မြန်မြန်ဆန်ဆန် တွေးပြီး သရော်၏။

"သူ့မှာ အရည်အချင်းတကယ်ရှိတာပဲ... မနေ့ကမှ ကျန်းရှီက  သူ့အသက်မွေးဝမ်းကြောင်းအတွက် အကျိုးမရှိဘူးလို့ ငါပြောခဲ့တယ်... ဒီနေ့ သူက ကျန်းရှီကို  မျက်နှာသာပေးဖို့အတွက် အိမ်ရှေ့စံမင်းသားကို မြို့စားရှဲ့အိမ်တော် ဖိတ်ခေါ်နိုင်ခဲ့တယ်... သွား... သူတို့ရဲ့ မီးဖိုချောင်လေးကို ဖွင့်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပြီး သူတို့လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုမေးခိုင်းလိုက်"

သခင်မကြီး၏ အစီအစဥ်ကို ကြားသောအခါ နို့ထိန်းက အံ့ဩတကြီးပြောလိုက်သည်။

“ဒါ…”

ထိုသည်က အိမ်ရှေ့စံမင်းသားဖြစ်၏။ မီးဖိုချောင်သေးသေးလေးမှာ သူ့ကို ဧည့်ခံတာက ဂရုမစိုက်ရာမကျဘူးလား...

သခင်မကြီး အလျင်စလိုဆိုသည်။

"ဒါဆို ပွဲပြင်ဖို့ ပင်မမီးဖိုချောင်ကို အမိန့်ပေးလိုက်ပါ...တခြားဘာလုပ်ရမှာလဲ...ဘယ်လိုပဲဖြစ်ဖြစ် ကယ်တင်ဖို့ ပင်မမီးဖိုချောင်ကို အားကိုးလို့ရတယ်"

သူမ သူမလက်ထဲရှိ ဗုဒ္ဓပုတီးကို တစ်ဖန်ပြန်လှည့်လိုက်၏။

"မင်းငါ့မျက်နှာကို ဖြတ်ရိုက်ချင်ရင် သူ့(မ)မှာ အရည်အချင်းရှိမရှိ အရင်ကြည့်ရမယ်...ကိုယ့်မျက်နှာကိုယ်တော့ ပြန်မရိုက်မိစေနဲ့ပေါ့"

သူမက ပြောပြီးသည့် နောက်မှာဒေါသတကြီးနှင့် ဗုဒ္ဓပုတီးကို စားပွဲပေါ်ရိုက်လိုက်ပြီးဆို၏။

"သားထွေးကို ပြုစုရတာ အလကားပဲ...သူ(မ)ကို ထမ်းစင်ပေါ်တင်ဖို့အတွက် အိမ်ရှေ့စံမင်းသားကို ဖိတ်ခေါ်ရဲတဲ့အထိ သတ္တိရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"


........

ရှဲ့ရွှင်း အတွက် မှားခဲ့သည်။

အရှင်မင်းသား အိမ်ရှေ့စံ၏ မြို့စားရှဲ့အိမ်တော်ကို သွားရန်ဆုံးဖြတ်ချက်က သူ မျှော်လင့်ထားသည်ထက်် လုံးဝကျော်လွန်သွားခဲ့လေပြီ။

ကိစ္စကြီးတစ်ခုလုံးက ယနေ့ နေ့လယ်ကစတင်ခဲ့သည်။

ရှဲ့ရွှင်း မနေ့ က သခင်မကြီး ပြောသည်ကို တွေးပြီး ကျန်းရှုယောင် ဒေါသထွက်မည်ကို ကြောက်သည်။ နောက်တစ်ကြိမ် သူမြှောက်စားမှု တစ်ခုခုရလျှင် ဆုလာဒ်ကို သူ့မိန်းမအားပေးရန် မျှော်လင့်ပြီး မင်းသားဆီကို အတိအကျသွားခဲ့၏။(ရှဲ့ရွှင်းက နောက်တစ်ခါ သူ ကောင်းမှုတစ်ခုခုလုပ်လို့ မြှောက်စားခံရမယ်ဆိုရင် အဲ့ဒီဆုလာဒ်ကို သူ့မိန်းမကိုပေးဖို့ သွားပြောတာပါ)

သူသည် ငယ်စဉ်ကပင် အိမ်ရှေ့မင်းသားနှင့်အတူ လိုက်ပါလာခဲ့ပြီး နှစ်ဦးသား အတူကြီးပြင်းလာကာ ဆက်ဆံရေးလည်း နီးစပ်ခဲ့သည်။ မင်းသားက မစဉ်းစားဘဲ သဘောတူလိုက်သည်။

ရှဲ့ရွှင်း ထွက်သွားပြီးနောက် အိမ်ရှေ့မင်းသားက ပိုပိုပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစား၏။ ဒါက ရှဲ့ပေါယွမ်လေ... ဒါပေမဲ့ သူက သူ့မိန်းမအတွက် တောင်းဆိုနေတာ...

မင်းသား၏ နှလုံးသားထဲတွင် အတင်းအဖျင်းကို သိချင်စိတ်များ တဟုန်ထိုး တိုးလာသည်။ ထို့ကြောင့် ပါးစပ်ကြီးလင်းချန်ကို ချက်ချင်း ခေါ်လိုက်သည်။

လင်းချန်က အတင်းစကားကို ကြားသောအခါတွင် မျက်လုံးများ တောက်ပလာကာ စိတ်လှုပ်ရှားစွာ ခြေဆောင့်၍ဆို၏။

"ရှဲ့ပေါယွမ်က ဘီလူးတစ်ကောင်စီးနင်းခံလိုက်ရပြီထင်တယ်... သူလိုမျိုး တာအို ဘုန်းကြီးတစ်ပါးက ဘယ်လိုလုပ် ရင်ခုန်မှာလဲ အရှင်မင်းသား"

မင်းသားက ခေါင်းညိတ်သဘောတူသည်။

"ဒီကျန်းရှီက တကယ်ကို ထူးဆန်းတဲ့ အမျိုးသမီးပဲ...မန်ကျင်း မြို့မှာ ရှိတုန်းက သူ့အကြောင်း ကောလာဟလတွေ ကြားခဲ့ဖူးတယ်...အဲဒီတုန်းကတော့ သူက ပေါယွမ်အတွက် တန်ဖိုးမရှိဘူးလို့ ထင်ခဲ့တာ...ကိုယ်တော်လည်း မယ်တော်ဆီသွားပြီး လက်ထပ်ပွဲကိုဆန့်ကျင်ချင်ခဲ့တယ်...ဒါပေမဲ့ ရေခဲပန်းပုရုပ်နဲ့လုပ်ထားတဲ့ လူတစ်ယောက်က အမှန်တကယ်ကျ နွေးထွေးနေတာကို ကိုယ်တော် မသိခဲ့ဘူး... အံ့သြစရာကောင်းပါ့ကွာ"

သူ့မျက်နှာက လေးနက်ပြီး သူ့စာရွက်တွေကိုဖြန့်ထားကာ နိုင်ငံရေးကိစ္စတွေကို တညီတညွတ်တည်း ဆွေးနွေးနေသကဲ့သို့ပင်။

"ကျန်းရှီက လှလား"

လင်းချန် ခဏလောက်စဉ်းစားပြီး လက်ဆစ်ချိုးရင်း ခေါင်းညိတ်လိုက်၏။
"လှတယ်"

"ဒါပေမဲ့ ရှဲ့ပေါယွမ်က အလှကို ကြိုက်တဲ့လူ မဟုတ်ဘူးမလား...အမျိုးသမီးတွေနဲ့ 'ဆုံခွင့်'ရတိုင်း သူ့မျက်နှာကရှုံ့မဲ့နေတာပဲ"

လင်းချန်က ပြုံးလိုက်ပြီး
"ရှဲ့ပေါယွမ်ကို စွဲလမ်းစေတဲ့အရာက အလှနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်...သူ့မိန်းမက အချက်အပြုတ်အရမ်းကောင်းတာ အရှင်မင်းသား... အဓိကက တခါမှ မမြင်ဖူးသေးတဲ့ ပုံစံ၊ တစ်ခါမှ မမြည်းစမ်းဘူးတဲ့အရသာနဲ့ ချက်ပြုတ်တာ...သူ နေနေသာသာ ဘယ်သူပဲဖြစ်ဖြစ် ဆွဲဆောင်ခံလိုက်ရမှာပဲ ...ရွှတ်"(တံတွေးစုပ်သွင်းသံ)

မင်းသား ထိုနေ့က မြည်းစမ်းဖူးသည့် ဖန်းမြစ်ခေါက်ဆွဲကို ပြန်သတိရပြီး သူလည်း တံတွေး မျိုချလိုက်၏။

မင်းသားတစ်ယောက်အနေဖြင့် တောင်နှင့်ပင်လယ်၏ အရသာကို မြည်းစမ်းဖူးပေမဲ့ ထို့နေ့တုန်းက အစပ်အရသာကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်းဖြစ်ပြီး ချောမွေ့၊ ချဉ်စပ်သည့် ဖန်းမြစ်ခေါက်ဆွဲကိုလည်း ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

လင်းချန်က သူ့နှုတ်ခမ်းသူစုပ်ရင်း ဝမ်းသာအားရဆို၏။

"ပေါယွမ်က ဒီရက်ပိုင်း ဘာစားစရာမှယူမလာဘူး...ကျွန်တော်မျိုးဆို တခြားအရာအားလုံးထက် စားချင်စိတ်စိုးမိုးနေတာ...အလိုလေး ငါတောင်ဂျေးများတတ်နေပြီ... ဒါပေမဲ့ ပေါယွမ်က ကျွန်တော်မျိုးကို မြို့စားရှဲ့အိမ်တော်ကို သွားပြီးညစာစားခွင့်ပြုဖို့ သဘောတူခဲ့တယ် ဟီးဟီးဟီး...
ကျွန်တော်မျိုး မရီးကိုတွေ့ရဖို့မျော်လင့်မိတယ်...
လင်းမိသားစုကို စားသောက်ဆိုင်တွေ မြန်မြန်ဖွင့်ခိုင်းဖို့ သူ့(မ)ကို ဆွဲဆောင်ရအောင်လို့"

တကယ်တမ်းတွင် ရှဲ့ရွှင်းက လင်းချန်ကို ငြင်းချင်ပေမဲ့ ကျန်းရှုယောင်အား သူမခင်ပွန်းကို ကူညီနိုင်သည့် ဇနီးကောင်းမဟုတ်ဘူးဟု သခင်မကြီးကမြင်နေသည်ကို တွေးပြီး တုံ့ဆိုင်းသွားခဲ့သည်။

ကျန်းရှီကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးကို မြို့စားရှဲ့အိမ်တော်သို့လာရောက်ခွင့်ပေးခြင်းသည် သူ၏အသက်မွေးဝမ်းကြောင်းအတွက် မကောင်းပေဘူးလော။

ထို့ကြောင့် သူ ဝန်လေးစွာ သဘောတူလိုက်သည်။

အိမ်ရှေ့စံက ထိုစကားကိုကြားသောအခါ သူလည်း စိတ်ဝင်စားသွား၏။

"တစ်ယောက်တည်း မသွားနဲ့"

လင်းချန် ကြောင်သွားသည်။
"ဟမ်"

အိမ်ရှေ့စံက ကြီးစွာသော စိတ်ဝင်စားမှုဖြင့် ရှဲ့ရွှင်း ထံသွားခဲ့သည်။မှန်ပေသည်၊ သူ ၎င်းကို ရှင်းရှင်းလင်းလင်း ပြောလိမ့်မည်မဟုတ်ပေ။သူပေးခဲ့သော ဆင်ခြေက သခင်မကြီး “မှန်းဆ” သော ဝေါဟာရနှင့် တူညီသော်လည်း ရှဲ့ရွှင်းက သူ၏ အစီအစဉ်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ထွင်းဖောက်မြင်၏။

သူ၏လေးနက်သော မျက်နှာက ရေခဲတုံးကဲ့သို့ဖြစ်နေသည်။

"အရှင်မင်သား"

ရှဲ့ရွှင်းနှင့် အိမ်ရှေ့စံတို့သည် ညီအကိုများနှင့် ပိုတူသည်။ ဘုရင်နှင့် ဝန်ကြီးများကြားကလို ဟိတ်ကြီးဟန်ကြီးတွေမရှိသဖြင့် သူက ဘွင်းဘွင်းရှင်းရှင်းပြောလိုက်၏။

"အရှင်မင်းသားရဲ့အဆင့်အတန်းက ကြီးမြတ်လှပါတယ်...မြို့စားရှဲ့အိမ်တော်က မင်းကို ကောင်းကောင်းမဧည့်ခံနိုင်မှာကို ကြောက်မိတယ်"

လင်းချန်က ခေါင်းပြူပြီးဆိုလာ၏။

"ပေါ့ပေါ့ပါးပါးပဲပေါ့... ပေါ့ပေါ့ပါးပါး"

မင်းသားက ခေါင်းညိတ်သဘောတူသည်။

"မသင့်လျော်ပါဘူး"

ရှဲ့ရွှင်းက ညင်သာသောအပြုံးတစ်ခုကိုညစ်ထုတ်ရင်း ပြောလိုက်သည်။

တောက်ပသော လရောင်ကဲ့သို့အပြုံး၊ နူးညံ့သိမ်မွေ့သော လေသံတို့... ရှဲ့ရွှင်းထံတွင် ပေါ်လာသည်။

ကြောက်စရာ...

မင်းသားက လင်းချန်ကို ရှေ့သို့ တွန်းလိုက်ပြီး လင်းချန် တုန်တုန်ယင်ယင်ဖြင့်ဆိုလိုက်၏။

"ပေါယွမ်... မင်းပြောတာ မှန်တယ်လို့ ငါထင်တယ်...အရှင်မင်းသားက အင်မတန် ကြီးမြတ်တယ်... ​​ဧည့်ဝတ်မကျေပွန်ရင် အဆင်မပြေဘူး... ဒါပေမဲ့ ငါက မတူဘူး... ငါက ဘာမဆို စားလို့ရတယ်... မရီးလုပ်နိုင်သမျှ အကုန်စားမယ်"

အိမ်ရှေ့စံ:  အိုး... နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးမှု... အရမ်းနုနယ်တယ်...

အိမ်ရှေ့စံကဆိုလိုက်သည်။

"ပေါယွမ်... မင်းစိတ်လျော့ပါ... မင်းနဲ့ ငါက  ဟွိုင်ကျိုးစစ်တပ်ကို စစ်ဆေးဖို့ အမိန့်ရခဲ့တုန်းက နေကြတ်ခဲ့သေးတယ် မဟုတ်လား...ငါတို့မှာ လက်ဖက်ရည်ကြမ်းနဲ့ ထမင်းဖြူတွေ စားခဲ့ရတယ်...ငါသွားတုန်းက အလျင်လိုနေခဲ့တယ် ...အမြန်လမ်းပေါ်ထွက်ပြီး ပူပူနွေနွေးစားစရာဘာဆိုဘာမှ မထိဘဲ ရက်အတော်ကြာ အစာခြောက်ကိုမျိုချခဲ့ရတယ်"

ထို့နောက် မင်းသားကဆက်​ပြောသည်။
"ငါက ငါ့လက်အောက်ငယ်သားတွေနဲ့ ဆုံချင်ရုံပါ...ဘာလို့ စည်းကမ်းတွေကို အရမ်းအာရုံစိုက်နေတာလဲ... အရှေ့နန်းဆောင်မှာ သီးသန့်စုဝေးပွဲ မကျင်းပနိုင်ဘူးလား"

ရှဲ့ရွှင်း စက္ကန့်အနည်းငယ်မျှ တိတ်တဆိတ် တွေးနေမိသည်။သခင်မကြီး၏ကျန်းရှုယောင်အပေါ် အထင်သေးခြင်းကို လုံးဝပယ်ရှားစေလိုလျှင် အိမ်ရှေ့စံမင်းသား၏ အိမ်သို့လာရောက်လည်ပတ်ခြင်းသည် အမှန်တကယ်ပင် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

"ကောင်းပြီ" ဟု ဝန်လေးစွာဖြင့် သဘောတူလိုက်သည်။

လင်းချန်တစ်ယောက် ​​ပျော်ရွှင်ရန် အချိန်မရခင်မှာ လူတစ်စု သူ့နောက်ကနေ ထွက်လာခဲ့၏။

"အာ...အရှင်မင်းသား...မင်းရဲ့ လက်အောက်ငယ်သားတွေနဲ့ ဆုံဖို့ ပြောနေတာလား"

"ပေါယွမ်... မင်း မြို့စားရှဲ့အိမ်တော်မှာ ပွဲကျင်းပဖို့ အစီအစဉ်ရှိတာလား"

ဆူညံလွန်း၍ ရှဲ့ရွှင်းနားထင်များ တုန်ခါသွားသည်အထိ။

"ငါ--" ဟုပြောလိုက်သောအခါ အားလုံးက ချက်ချင်းငြိမ်သွား၏။

"မြို့စားရှဲ့အိမ်တော်မှာ ဧည့်ခံပွဲကျင်းပမယ်လို့ မဆိုလိုပါဘူး...မင်းတို့ နားလည်မှုလွဲနေကြတာပါ"

နုံအတယ်...နုံအလွန်းတယ်...

ဤအခြေအနေထိ နိုင်ငံရေးတွင် ရောနှောပါဝင်လာစေရန်အတွက် မိသားစုကြီးတစ်ခု၏ မျိုးဆက်ပေါင်းများစွာမှ မဟုတ်သော်လည်း အနည်းဆုံး ငယ်စဉ်ကတည်းက နည်းဗျူဟာအချို့ကို သူတို့ သိရှိခဲ့ကြသည်။

သူ့အသံ ဆုံးသည်နှင့် တပြိုင်နက် လုပ်ဖော်ကိုင်ဖက်များက တိုးတစ်ခါကျယ်တလှည့် ပြောကြသည်၊

"ကောင်းပြီ ...မင်းသားတောင်သွားနေမှတော့ ဒီဝန်ကြီးက မင်းကို လိုက်ပို့ပေးရမှာလား"

"ပေါယွမ်... ငါတို့အိမ်တော် နှစ်ခုက တစ်လမ်းတည်းပေါ်နေကြတာ... ငါတို့အတူတူပြန်ကြမလား"

"ဟုတ်​တယ်​...အရှင်မင်းသားက နန်း​တော်​က​နေ ထွက်​သွား​ပြီ...ငါတို့ မင်း​နဲ့ ဘယ်​လို​လုပ် မလိုက်ဘဲနေရမှာလဲ"

ရှဲ့ရွှင်း အံကြိတ်လိုက်၏။သူတို့ သူ့ကို ပေါင်း နှိပ်ကွပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်ပေါ့လေ...

ထိုသို့ဖြင့် အကြောင်းအမျိုးမျိုး၏ ထောက်ပံ့မှုနှင့်အတူ အရှေ့နန်းဆောင်မှ လူတစ်စုသည် မြို့စားရှဲ့အိမ်တော်သို့ အတင်းအဓမ္မ ရောက်ရှိလာခဲ့သည်။

သူတို့အထက်က ရာထူးနေရာမြင့်သည့် အိမ်ရှေ့စံနှင့်အတူ မင်းမျိုးမင်းနွယ် အသီးသီး၏သားမြေးတွေပါဝင်၏။လူတစ်ဦးစီတိုင်းသည် အလေးချိန်အပြည့်ရှိနေသည်။ တံခါးဝတွင် ဧကရာဇ်မင်းအလောင်းအလျာရော နန်းတွင်းသူနန်းတွင်းသားများပါ ရုံးတော်၏အနာဂတ်ခေါင်းဆောင်များ စုဝေးနေသည်။

ကျန်းရှုယောင် ဒုတိယအိမ်တော်ခွဲမှ ပြန်ရောက်သည်နှင့် ဤမြင်ကွင်းကို ကြုံတွေ့လိုက်ရပြီး မှင်တက်သွားသည်။

ရှဲ့ရွှင်းက လူအုပ်စုကို ခန်းမထဲမှာ နေရာချထားလိုက်ပြီး ကျန်းရှုယောင်ကို တောင်ပံမှာ တွေ့ပြီး သေသေချာချာ ရှင်းပြလိုက်၏။

ကျန်းရှုယောင်ကက မှင်တက်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရှဲ့ရွှင်းကို ပွဲဘယ်လိုစီစဉ်ရမလဲ မေးလိုက်သည်။

ရှဲ့ရွှင်း လူတစ်စုအကြောင်းတွေးပြီး ခေါင်းကိုက်နေလာသည်။

"ပင်မမီးဖိုးချောင်ကို စားသောက်ပွဲအတွက် စားပွဲတစ်လုံးရွှေ့ပြီး ညစာပြင်ဆင်ခိုင်းလိုက်မယ်"

ကျန်းရှုယောင်က ကောင်းကင်ကို မော့ကြည့်ပြီး ရေရွတ်လိုက်။

"အချိန်လုံလောက်လို့လား"

ရှေးကပွဲများသည် တည်ခင်းရန်ပြင်ဆင်ရာမှာ ပြီးစလွယ်လုပ်၍မရပေ။

ရှဲ့ရွှင်း တကယ်ကို စိတ်သောကရောက်နေ၏။
"ပိုရိုးရှင်းတဲ့ပုံစံကို ပြင်ဆင်ရင် ပြဿနာမရှိလောက်ပါဘူး"

ကျန်းရှုယောင် ရှဲ့ရွှင်းက အရှေ့နန်းဆောင် မည်သို့အခြေအနေရှိသည်ကို မသိပေ။ သူမအတွက်မူ သူမခင်ပွန်း၏ လုပ်ဖော်ကိုင်ဖက်တွေနှင့် သူဌေးက သူမအိမ်မှာ ညစာစားရန် ရောက်လာသလို ခံစားရသည်။သူမ၏ ကိုယ်ပိုင်အမှတ်သညာဟင်းလျာများကို မထုတ်လျှင် ခင်ပွန်းသည်ကို အရှက်ရစေမည်ကို ကြောက်နေရပေလိမ့်မည်။

"ဒါမှမဟုတ်​ ကျွန်မပြင်​ဆင်​လိုက်ရင်ရော"
သူမမှာ အနှီယုံကြည်မှု ရှိနေဆဲဖြစ်၏။

"မရဘူး"
ရှဲ့ရွှင်းက တွေးပင် ​မတွေးဘဲ ငြင်းလိုက်သည်။
"မင်းကို ပင်ပန်းစေလိမ့်မယ်"

ကျန်းရှုယောင်က ပြော၏။

"မပင်ပန်းပါဘူး"

အရင်က သူငယ်ချင်းတွေ ညစာစားသည့်အခါ တစ်ယောက်တည်း ချက်ပြုတ်ရစဥ်ကပင် ဖိအားမရှိခဲ့ပေ။သူမက ယနေ့ ညစာကို ဆန်းပြားရှုပ်ထွေးသော ညစာ ပြုရန်စီစဉ်မထားလေရာ ပြောစရာပင်မလိုချေ။

"အရင်က မှာထားတဲ့ သံအိုးက ပို့ပြီးသွားပြီ...ဖြစ်ချင်တော့ ဒီနေ့ ကျွန်မ ဒုတိယအိမ်တော်ခွဲမှာ ဒုတိယယောက်မနဲ့ ဟော့ပေါ့ပါဝင်ပစ္စည်းလုပ်တာကို လေ့ကျင့်နေတာ...တိုက်တိုက်ဆိုင်ဆိုင်အသုံးတည့်သွားတာပဲ"

"ဟော့ပေါ့"

ရှဲ့ရွှင်း မျက်တောင်ခတ်လိုက်သည်။

"ဟုတ်တယ်"

ကျန်းရှုယောင် ခေါင်းညိတ်ပြီး သူ့ပုခုံးကို တွန်းလိုက်ပြီးဆို၏။

"စိတ်မပူပါနဲ့ ...သူတို့နဲ့ စကားစမြည်ပြောပြီး ခဏလောက်စောင့်နေလိုက်"

ရှဲ့ရွှင်း စိတ်ရှုပ်ထွေးသွားပြီး အခန်းတံခါးကို တွန်းထဖွင့်လိုက်သည်။တောက်ပသော အပြုံးဖြင့်သူမကို ပြန်ကြည့်ရင်း ရုတ်တရက် နူးညံ့မှုကို ခံစားလိုက်ရသည်။

သူ ခြေလှမ်းကျဲကြီးများဖြင့်လျှောက်သွားပြီး ဦးညွှတ်ကာ ကျန်းရှုယောင်အား "ကျေးဇူးတင်ပါတယ်" ဟုပြောလိုက်သည်။

ကျန်းရှုယောင် သူ၏ လေးနက်သည့်လေသံကြောင့် ရှက်ရွံ့သွား၏။

"ဘာမှမဟုတ်ပါဘူး... မြန်မြန်သွားပါ...ဧည့်သည်တွေကို တန်းလန်ကြီးမထားခဲ့နဲ့"

အိမ်ရှေ့စံသည် ကျန်းရှီက လူတိုင်းကို အံ့အားသင့်စေမည့် အရသာရှိသော အစားအစာကို ဖန်တီးနိုင်မည်ဟု သူမထင်ဟု စိတ်ထဲမှာ တွေးလိုက်မိသည်။

ပထမအချက်မှာ လူများလွန်းသဖြင့် သူမ ဤမျှအချိန်တိုလေးအတွင်း လူများစွာအတွက် အစားအစာကို မချက်နိုင်ပေ။

ဒုတိယ၊ အရသာရှိသည့်တစ်ခုခုကို လုပ်ရသည်က လွယ်ကူပေမဲ့ အံ့သြစရာကောင်းသည့် အရာတစ်ခုကို လုပ်ရန်ကခက်သည်။ထိုနေ့က သူစားခဲ့သည့် ဖန်းမြစ်ခေါက်ဆွဲက တကယ့်ကို အံ့မခန်းပါပင်။ သို့ပေမဲ့ ကျန်းရှုယောင်က ဖန်းမြစ်ခေါက်ဆွဲထက်သာသော စားကောင်းသောက်ဖွယ်ကို ရှောင်တခင် ချက်နိုင်လိမ့်မည်ဟု သူ မယုံခဲ့ပါချေ။


Xxxx