အပိုင်း ၉၁
Viewers 18k

Chapter 91
တို့ဟူးရေခဲမုန့်

နွေရာသီရောက်လာသည်နှင့်အမျှ ကျန်းရှုယောင် ဖျော်စက်ကို ဒီဇိုင်းဆွဲပြီး လင်းရှီကို ပေးလိုက်သည်။ လင်းမိသားစုသည် မျိုးဆက်ပေါင်းများစွာ ရေလမ်းပို့ဆောင်ခြင်းအပေါ် အာရုံစိုက်လာသောကြောင့် ၎င်းတို့တွင် စက်ယန္တရားကျွမ်းကျင်သော လက်သမားဆရာများစွာရှိသည်။ ပုံများကိုရရှိပြီးနောက် ပြုပြင်မွမ်းမံမှုများစွာပြုလုပ်ပြီး ဤကြိတ်စက် ကိုဖန်တီးခဲ့သည်။

ကျိုးရှီ အေးစက်ပြီး ထက်ရှသော ဓါးကို ခံစားလိုက်ရပြီး ပါးစပ်ကမရေရွတ်မိဘဲမနေနိုင်ပေ။

"သူတို့ရဲ့ နည်းစနစ်က အရမ်းကောင်းတာပဲ"

သူမ သက်ပြင်းချလိုက်ပြီးနောက် “ဘာအတွက်သုံးမှာလဲ” ဆိုသည့် ခေါင်းစဉ်ကို ပြန်လှည့်လိုက်သည်။

ကျန်းရှုယောင်တစ်ယောက် ထောင့်ရှိ ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာကာ တိုဟူးတစ်ပိုင်းကို ကောက်ယူရန် အမြန်လျှောက်လာသည်။

ကျိုးရှီ သိချင်သွား၏။

"တို့ဟူး...တို့ဟူးက အရမ်းနူးညံ့တယ်... ဒီဓားနဲ့ ကြိတ်ဖို့ လိုသလား"

"ကျွန်မ သရုပ်ပြပြီးရင် ဖျော်စက်ရဲ့ အလှတရားကို ယောက်မ သိလိမ့်မယ်"

ကျန်းရှုယောင် သူမ၏ဝတ်ရုံလက်များကို လိပ်တင်ကာ တိုဟူးကို အပိုင်းပိုင်းဖြတ်၍ ရေနွေးထဲတွင် ကျိုပြီး အေးသွားစေရန် ရေအေးထဲတွင် ထည့်လိုက်သည်။

ထို့နောက် တိုဟူးအေးတုံး၊ နို့၊ သကြား၊ နှမ်းနက်မှုန့်တို့ကို ဖျော်စက်ထဲသို့ ထည့်ကာ လက်ကိုင်ကို ဖိထားပြီး စမွှေလိုက်သည်။ ဓါးက ထက်ပြီး တို့ဟူးက နူးညံ့သောကြောင့် လက်ကိုင်ကို လှည့်ရန် များစွာ အားစိုက်ထုတ်မှု မလိုအပ်ဘဲ အလွန်လျှင်မြန်စွာ လှည့်ခဲ့သည်။ ခဏအကြာတွင် ရပ်လိုက်ပြီး အဖုံးဖွင့်လိုက်သည်။ အတွင်းမှ ပါဝင်ပစ္စည်းများအားလုံးကို ချောမွတ်ပြီး စီးဆင်းနေသော နို့ရည်ပျစ်ပျစ်အဖြစ် ရောနှောထားသည်ကို သူမမြင်လိုက်ရသည်။

ကျိုးရှီက တအံ့တသြ အော်ဟစ်ပြီး "ဒီတို့ဟူးနို့ အရသာက ကောင်းမှာလား" ဟု မေးသည်။

"ဒီနည်းနဲ့ စားလို့မရရဘူး... ခဏလောက် အအေးခံထားရမယ်"

ကျန်းရှုယောင် ကြိတ်ထားသော တိုဟူးကို ပန်းကန်လုံးတစ်ခုထဲသို့ လောင်းထည့်ကာ အဖုံးအုပ်ကာ အအေးခံရန် ရေခဲဇလုံတစ်ခုထဲတွင် ထည့်ထားလိုက်သည်။

၎င်းကိုဖယ်လိုက်ပြီးနောက် သူမ မျှော်လင့်တကြီးပုံစံနှင့်ရှိနေသော ကျိုးရှီကိုလှည့်ကြည့်ကာဆိုလိုက်၏။

"ကောင်းပြီ...အခု တို့ဟူးရေခဲမုန့် အေးသွားအောင်ပဲ စောင့်ရတော့မှာ... ဘာပဲဖြစ်ဖြစ် အခု တခြားဘာမှ မရှိတော့ဘူး... ဘာဖြစ်လို့ ကျွန်မကို အဲဒီအကြောင်းကိုမပြောပြရမှာလဲ"

ကျိုးရှီက သူမကို တအံ့တသြကြည့်ကာဆိုသည်။ "ငါ့စိတ်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာ နင်ဘယ်လိုသိတာလဲ"

"ယောက်မမျက်နှာကနေ မြင်ရတယ်"

မမေးခင် အကြိမ်အနည်းငယ် ချီတုံချတုံဖြစ်နေပြီးမှ ကျန်းရှုယောင်မေးလိုက်၏။

"ဖြစ်နိုင်မလား...ဒုတိယအစ်ကို..."

ကျိုးရှီ  ထိတ်လန့်သွားပြီး သူမလက်ကို ဝှေ့ယမ်းလိုက်ကာဆိုသည်။

"သူဘယ်လိုလုပ်ဟုတ်မှာလဲ"

ယင်းက အလွန်မသင့်လျော်သော်လည်း ကျန်းရှုယောင် သူမ၏သဘောထားကိုမြင်ရသည့်အတွက် စိတ်သက်သာရာရသွားသည်။

" ငါ့သမီးပါ"

ကျိုးရှီက သူမဘေးရှိ သစ်သားခုံတန်းပေါ်တွင် ထိုင်လိုက်သည်။

"မနေ့က လမ်းဘေး အစားအစာဈေးမှာ ပျော်ပျော်ပါးပါး သွားကြတယ်...အဲဒါနဲ့အကြီးဆုံး​ယောက်မက သမီးကြီး အပါအဝင် အိမ်က ကလေးတွေကို ခေါ်ခဲ့တယ်"

ကျိုးရှီ  သူမ၏အိမ်ထောင်ရေးအစောပိုင်းတွင် ကလေး မွေးဖွားခဲ့ပြီး သူမ၏သမီးသည်ခြောက်နှစ်ရှိနေပြီဖြစ်သည်။သခင်မကြီးက မိန်းကလေးတွေကို သဘောကျပြီး သူမ၏ချစ်စရာကောင်းမှုကို မြင်သည့်အခါ အနှီမြေးမလေးကို ကိုယ်တိုင် ပြုစုပျိုးထောင်ပေးချင်သည်။ သခင်မကြီးက နောက်ခံကောင်းရှိပြီး သူမ၏ ကျင့်ဝတ်နှင့် အရည်အချင်းများသည် ထူးချွန်သည်။ ကျိုးရှီ သူမသမီး အနည်းငယ်မျှ သင်ယူနိုင်လျှင် ပွဲများတွင် အရှက်ကွဲပြီး တခြားသူတွေ တွန်းဖယ်ခံရမှာ မဟုတ်ဘူးဟု တွေးပြီး သခင်မကြီးကို သဘောတူလိုက်၏။

နောက်ပိုင်းတွင် ရှဲ့လန်၏ကိုယ်လုပ်တော်များကြောင့် ကျိုးရှီ  သူမကိုယ်သူမ သူ့အပေါ်မှာ စိတ်နှလုံးအကြွင်းမဲ့ ပစ်ပုံချလိုက်ပြီး သူမသမီးနှင့် ပို၍ ဝေးကွာလာခဲ့သည်။ ရှဲ့ရှန့်သည် အသက်ခြောက်နှစ်သာရှိသေးသော်လည်း အရွယ်ရောက်ပြီးသူလေးတစ်ဦးလိုဖြစ်လာခဲ့သည်။သခင်မကြီး အငယ်စားလေးကဲ့သို့ပါပင်။

ကျိုးရှီ ရှဲ့ရှန့်လို ကလေးမျိုးကို တစ်ခါမှ မတွေ့ဖူးပါချေ။သူမက ရယ်ရသည်မျိုး ပြဿနာလုပ်ရသည်မျိုး မကြိုက်ပေ။ သူမက စာဖတ်ခြင်းနှင့် လေ့လာခြင်းကိုသာ နှစ်သက်သည်။ နယ်စပ်က သူမတူတွေနှင့်တူမလေးတွေဆိုလျှင် အသက် ဆယ့်သုံးနှစ်သားအရွယ်မှာ ငှက်ဖမ်းပြီး ဥနှိုက်ရန်သစ်ပင်ပေါ်တက်နေကြ၏။

ရှဲ့ရှန့်နှင့် မျက်နှာချင်းဆိုင်ရတိုင်း ကျိုးရှီ ချုပ်နှောင်ခံထားရသလို ခံစားရသည်။ သူမ၏အပြုအမူက စည်းကမ်းမကိုက်ညီဖြစ်ပြီး သမီးဖြစ်သူကို စက်ဆုပ်စေမည်ကို စိုးရွံ့ခဲ့ရ၏။ ရှဲ့ရှန့်က မာနကြီးပြီး ကျိုးရှီနှင့် စကားမပြောချင်ပေ။

"မနေ့ကတွေ့တော့ သူနဲ့ နည်းနည်းပိုဝေးကွာသွားသလို ခံစားရတယ်... ထူးဆန်းတယ် မထင်ဘူးလား...ငါ ကိုးလလောက်လွယ်ပြီး မွေးခဲ့တဲ့သမီးမှန်း အသိအသာကြီး... ဒါပေမဲ့ ငါကတော့ သူနဲ့ သိပ်မရင်းနှီးဘူး... သူနဲ့ စကားတောင် မပြောဝံ့ဘူး...နောက်ပြီး သူ့ကို အရှက်ရ​စေမှာကို ကြောက်တယ်"

ကျိုးရှီ ထိုသည်ကို တစ်ယောက်တည်းချုပ်တည်းထားရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ သူမမည်သူနှင့်မျှ မဆွေးနွေးဖူးသောကြောင့် ကျန်းရှုယောင် နှင့် စကားများစွာပြောဖြစ်ခဲ့သည်။ ပြီးသွားသောအခါ တိုဟူးရေခဲမုန့်က အေးခဲလုနီးပါးဖြစ်နေလေပြီ။

သူမ သူမ၏ခါးသီးမှုကိုသာ သွန်ထုတ်ခဲ့ပြီး နှစ်သိမ့်မှုကို မမျှော်လင့်ခဲ့ပေ။ ကျန်းရှုယောင် ပန်းကန်လုံးကို ထုတ်ယူလိုက်သောအခါတွင် သူမ စိုးရိမ်စိတ်များကို ချက်ချင်းဖယ်လိုက်ပြီး ပန်းကန်ထဲသို့ စိတ်ဝင်တစား ကြည့်လိုက်သည်။

ကျန်းရှုယောင်က ဇွန်းနှစ်ချောင်းယူလာကာ
"စားကြည့်...ကောင်းကောင်းခဲနေတာမဟုတ်ပေမဲ့အရင်မြည်းစမ်းကြည့်လို့ရတယ်"

ဇွန်းက ပျစ်ခဲသော တိုဟူးရေခဲမုန့်ကို ထိသောအခါ သိပ်သည်း​နေသော ရေခဲမုန့်က ချက်ချင်း အရည်ပျော်သွားပြီး ချောမွေ့သော အဝိုင်းအဖြစ်သို့ ပြောင်းလဲသွားသည်။

တို့ဟူးရေခဲမုန့်က နူးညံ့ဆဲဖြစ်ပြီး အရသာမှာ ရေခဲမုန့်နှင့် မစ်ရှိတ်ကြားတွင်ရှိသည်။

အနည်းငယ်အေးသော တိုဟူးရေခဲမုန့်ကို သူမစားလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူမ၏လျှာဖျားတွင် ထူထဲသောခရင်မ်အဖြစ် ပြောင်းလဲသွားသည်။လန်းဆန်းအေးမြသော ပန်းပွင့်များနှင့် ချိုမြိန်သောအရသာတို့က အရသာခံဖုများကိုလွှမ်းမိုးသွားသည်။ နူးညံ့အိစက်သော နှမ်းနက်တို့ဟူးထဲသို့ ခရင်မ်ထည့်လိုက်သကဲ့သို့ နို့အရသာ၊ နှမ်းနက်အရသာနှင့် လန်းဆန်းသော တို့ဟူးအရသာတို့ ရောစပ်ထားသည်။ မွှေးရနံ့က သိပ်သည်းပြီးချိုမြိန်၏။


တို့ဟူးတွင် ပဲပိစပ်အရသာ အနည်းငယ်သာရှိသော်လည်း နှမ်းနက်စေ့ဖြင့် ရောမွှေပြီးနောက် အရသာက ပို၍ပြင်းလာပါသည်။ နွားနို့နှင့် ရောစပ်ပြီးနောက် ထူထဲသိပ်သည်းပြီး ပဲနို့ကဲ့သို့ အရသာရှိသည်။ ၎င်းသည် မွှေးပြီး အရသာရှိကာ နူးညံ့သည်။ အေးခဲပြီး လန်းဆန်းသော ခံစားမှုသည် လျှာဖျားမှ ပျံ့လွင့်လာပြီး တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ဖြစ်စေသည်။

ကျိုးရှီ ကျန်းရှုယောင်ကို တအံ့တသြကြည့်ရင်းပြောလိုက်၏။

"အံ့သြစရာကောင်းတယ်... ဒီလိုပုံစံနဲ့ ဒီအရသာရှိတဲ့ အစားအစာကို စားဖူးတာ ဒါပထမဆုံးဘဲ"

ကျန်းရှုယောင်ကဆိုသည်။
"အရသာရှိလား"

"အင်းပေါ့... သူ့မှာ မွှေးပျံ့တဲ့ရနံ့တွေ ရှိပြီး ချိုမြိန်မှုက လန်းဆန်းနေတယ်...ဒါကို ဘယ်သူမှ မကြိုက်ဘဲမနေဘူး"

ကျန်းရှုယောင်က ပန်းကန်လုံးကို သူမရှေ့မှာ တွန်းလိုက်ပြီးဆို၏။
"သေချာလား"

"သေချာတယ်"
ကျိုးရှီက ခေါင်းညိတ်သည်။

"ဒါဆိုယောက်မသမီးရော သဘောကျမှာလား"

ကျိုးရှီ ထိတ်လန့်သွားပြီး ကျန်းရှုယောင်ကိုကြည့်လိုက်ကာ သူမဘာကိုဆိုလိုသည်ကို နားမလည်ပေ။

"သူ့ကိုစားကြည့်ခိုင်းရင်ရော... တို့ဟူးက ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးတယ်၊ ရေငတ်ပြေဖို့ အရည်တွေထုတ်ပေးတယ်...အူနဲ့အစာအိမ်တွေကို မအီမသာဖြစ်အောင်ထိ မအေးလွန်းဘူး... ကလေးတွေလည်း စားလို့ရတယ်... ပုံစံနဲ့ အရသာကလည်း ကလေးတွေအကြိုက်ဖြစ်မယ်လို့ ယုံကြည်တယ်"

သူမပြောသည်ကိုကြားပြီးနောက် ကျိုးရှီ အတော်လေး အံ့အားသင့်သွားပြီး အမြန်ငြင်းဆန်သည်။

"မဖြစ်နိုင်ဘူး...ငါက ဒီလိုဆိုလိုတာမဟုတ်ပါဘူး... ငါလည်း မရဲ..."

သူမထိုသည်ကိုပြောချိန်တွင် ရုတ်တရက် နှုတ်ဆိတ်သွားသည်။

သူမက မပြတ်သားသောလူမဟုတ်ခဲ့ပေ။ တကယ်တမ်းတွင် သူမက စိတ်မြန်၏။ သူမ နောက်ကျောကို တည့်တည့်မတ်မတ်ထားပြီး စားပွဲပေါ်လက်ထောက်ကာ မတ်တပ်ရပ်ပြီးဆိုလိုက်သည်။

"ကောင်းပြီ... နင်ကလုပ်ထားတဲ့သူ... နင်ကအများကြီး ပြောပြီးသွားပြီ... ငါက တွန်းဖယ်လိုက်ရင် ဘယ်လိုပုံစံဖြစ်သွားမလဲ"

သူမက ကြွေပန်းကန်လုံးကို ကောက်ယူလိုက်ပြီး ခဏရပ်ကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးနောက် "ငါ သူ့ကို အခုသွားရှာလိုက်မယ်"ဟုပြောလိုက်၏။


ကျိုးရှီ  ကြွေပန်းကန်လုံးတစ်လုံးနှင့် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ သူမအစေခံက သူမအတွက် ကူယူချင်ပေမဲ့  ကျိုးရှီက လက်ကို ဝှေ့ယမ်းပြီး ငြင်းလိုက်၏။

သူမ သမီးဖြစ်သူထံ သွားသင့်မသွားသင့်တွေးရင်း ဂနာမငြိမ်ဖြစ်နေမိသည်။

ကမ္ဘာပေါ်တွင် သူမကဲ့သို့ မအောင်မြင်သောမိခင်များ ရှိပါ၏လော။ သူမသမီးအရင်းက အမေဖြစ်သူထက် အကြီးဆုံးအဒေါ်ကို ပိုသဘောကျနေသည်။

နေက အလွန်ပူနေလေရာ သူမ ဖြည်းဖြည်းလေး လမ်းလျှောက်လျှင် တို့ဟူးရေခဲမုန့် အရည်ပျော်သွားမှာဖြစ်သည့်အတွက် ရှို့နင်ခန်းမဆောင်ကို အမြန်သွားခဲ့၏။

ဥယျာဉ်ထဲကို လှမ်းကြည့်လိုက်သောအခါ တံတားအောက်ခြေမှာ ထိုင်နေသည့် ပုံသဏ္ဍာန်တစ်ခုကို တွေ့လိုက်ရသည်။ သူမလေးက ပိန်သွယ်ပြီး မတ်မတ်ထိုင်ကာ စာအုပ်တစ်အုပ်ကို လက်ထဲတွင်ကိုင်ထားသည်။ ရှဲ့ရှန့် မဟုတ်ရင် ဘယ်သူဖြစ်မလဲ...

အသက်ပြင်းပြင်းရှူရင်း စိုးရိမ်တကြီးနှင့် ကြွေပန်းကန်ကိုကိုင်ထားရင်း တံတားပေါ်ကို လျှောက်သွားခဲ့သည်။

ရှဲ့ရှန် အနားမှာ ရပ်နေသည့် အစေခံများက သူမ လာနေသည်ကို တွေ့သောအခါ အရိုအသေပေးကြ၏။

ရှဲ့ရှန့်က အသံကိုကြားပြီး သူမကို စောင်းကြည့်လိုက်သည်။

ချက်ချင်းပင် ကျိိုးရှီ၏မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ် အပြုံးတစ်ခု ပေါ်လာသော်လည်း ၎င်းသည် သူမနှင့် မလိုက်ဖက်ဘဲ အနည်းငယ် တောင့်တင်းသွားသည့်အတွက် သနားစရာပင်။

ရှဲ့ရှန့်က မတုံ့ပြန်ဘဲ ထုံးစံအတိုင်း "အမေ" ဟုသာ ခေါ်သည်။

ကျိုးရှီက  အမြန်လျှောက်လာပြီး သူမဘေးမှာထိုင်ကာ ကြွေပန်းကန်ကိုချလိုက်၏။

"ပူလား...အပူပြေအောင် အအေးတစ်ခုခုစားလိုက်ပါ"

ရှဲ့ရှန့်က ကျိုးရှီ လာမည်ဟု မမျှော်လင့်ထားပါချေ။ သူမ အနည်းငယ် အံ့သြသွားကာ မျက်မှောင်ကြုတ်၍ ကျိုးရှီကို သံသယဖြင့် ကြည့်နေလေသည်။

ရှဲ့ရှန့်၏ပုံစံက ရှဲ့လန် ၏အသွင်အပြင်အတိုင်းဖြစ်ပြီး အေးစက်ပြီးမြင့်မြတ်သောမျက်နှာတွင် ကျက်သရေရှိပြီး ကဗျာဆန်သော အငွေ့အသက်နှင့်အတူ သူမ၏စိတ်နေသဘောထားသည်လည်း သူနှင့်အတူတူပင်။

ဤလူအမျိုးအစားသည်  ကျိုးရှီဘ၀တွင် အနှစ်သက်ဆုံးဖြစ်သော်လည်း ၎င်းသည် သူမအကြောက်ဆုံးလူအမျိုးအစားလည်းဖြစ်သည်။

အကြောင်းပြချက်တစ်ခုခုကြောင့် ရှဲ့ရှန့်မကြိုက်မှာကို သူမအနည်းငယ်စိုးရိမ်ပြီးပြောလိုက်၏။

"သမီးရဲ့ တတိယအဒေါ်က ဒါကိုလုပ်ထားတာ... အဓိကပါဝင်ပစ္စည်းက နို့နဲ့ နှမ်းတို့ဟူး... အသားကနူးညံ့တယ်...သမီး စားကြည့်လို့ရတယ် “

ရှဲ့ရှန့်က ပါးစပ်ကို တင်းတင်းစေ့ထားပြီး ပြန်မဖြေ။ သူမက စာအုပ်ကို ညင်သာစွာပိတ်ပြီး ကျောက်စားပွဲပေါ် တင်လိုက်သည်။ ဤလုပ်ရပ်သည်  ကျိုးရှီကို  ပို၍ပင် ကြောက်ရွံ့စေသည်။

သူမသည် ခြောက်နှစ်သာရှိသေးသော်လည်း စာဖတ်ခြင်းကို အလွန်နှစ်သက်သည်။မိမိ အသက်ခြောက်နှစ်အရွယ်တွင် ဓားများနှင့်ကစားနည်းနှင့် သစ်ပင်တက်ခြင်းကိုသာ သိခဲ့သည်။

ကျိုးရှီ ဂရုစိုက်ပေးသည့်တစ်ခုခုပြောရန် ကြိုးစားခဲ့သည်။

"စာဖတ်တာက အချိန်ဖြုန်းတာပဲ...သမီးက ငယ်သေးတယ်...တစ်နေ့လုံး စာမဖတ်နဲ့... ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးတွေကို ထိခိုက်စေတယ်"
ယခုလိုပြောပြီးနောက်မှာ သူမစကားတွေဟာ သမီးဖြစ်သူကို စာတတ်မြောက်ရန် အဟန့်အတားဖြစ်စေပြီး မသိနားမလည်သလို ဖြစ်နေသလိုမျိုး ခံစားရသောကြောင့် သူမ ဖြည့်စွက်အကြံဉာဏ်တွေကို ဆောလျင်စွာ ပေးလိုက်၏။

“ဒါပေမယ့် စာဖတ်ဝါသနာပါရင် နေ့တိုင်းဖတ်လို့ရပါတယ်...အရေးကြီးဆုံးက အဆင်ပြေပြေနေထိုင်ဖို့ပဲလေ"

သူမပြောပြီးသည့်နောက်တွင် သူမစိတ်ထဲတွင် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ဤတစ်ခါတွင် သူမတကယ်မအောင်မြင်ခဲ့ဟု သူမထင်ခဲ့သည်။ သူမ လေထုကို သက်တောင့်သက်သာဖြစ်အောင် ကြိုးစားကာ စာအုပ်မျက်နှာဖုံးကို ကြည့်၍ဆိုလိုက်၏။

"ဒါက ဘာလဲ"

သူမစကားမဆုံးခင် မျက်နှာဖုံးမှာ စကားလုံးအချို့ကို သူမတွေ့လိုက်ရသည်။ ဤစာအုပ်ကို သူ မကြားဖူးပေ။

ယင်းက ပို၍ပင် ရှက်စရာကောင်းပြီး  ကျိုးရှီ သူမကိုယ်သူမ ဓားနှင့်ထိုးပစ်ချင်မိသည်။

သူမ ရှက်ရွံ့ပြီး စိတ်မသက်မသာဖြစ်နေချိန်မှာ ရှဲ့ရှန်းက ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ သူမလက်ကို မြှောက်လိုက်ပြီး ကြွေပန်းကန်လုံးကို သူမအနားသို့ ဆွဲယူလိုက်ကာ ငြိမ်သက်နေသော လေထုကို ဖြိုခွင်းလိုက်သည်။

ကျိုးရှီ  ၎င်းကိုမြင် သောအခါ  သူမစိတ်သက်သာရာရသွားသည်။ ရှဲ့ရှန့်က သူမကိုမျက်နှာသာတချို့ ပေးချင်သည်။

ရှဲ့ရှန့် ဇွန်းကို ကောက်ကိုင်လိုက်ပြီး မွတ်ညက်သော တို့ဟူးရေခဲမုန့်ကို မွှေလိုက်၏။ အသွင်အပြင်က အံ့သြဖွယ်ကောင်းပြီး သူမ၏မျက်နှာသည် သာမန်ကလေးများကဲ့သို့ ရှားရှားပါးပါး အပြစ်ကင်းသည့်အသွင်ကို ပြသနေသည်။ သူမ ပါးစပ်ထဲ တစ်ဇွန်းကော်ပြီး ပါးစပ်ထဲထည့်လိုက်ရာ မျက်လုံးများ အနည်းငယ် ကျယ်လာကာ ပါးစပ်ထဲက တိုဟူးရေခဲမုန့်ကို မျိုမချမီ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။

လန်းဆန်းသော နို့ချိုအရသာက သူမပါးစပ်ထဲ ပျံ့နှံ့သွားသည်။ ရှဲ့ရှန့်က အသက်ရှူချိန်အနည်းငယ်မျှ ငြိမ်သက်နေပြီး နောက်ဆုံးတွင် "အရမ်းအရသာရှိတယ်" ဟု ပြောခဲ့သည်။

ကျိုးရှီ  ချက်ချင်း ရယ်လိုက်၏။သူမက ရှဲ့ရှန့် ရှေ့မှာ ဤမျှချောချောမောမောပြောတတ်ခဲလေသည်။

"ဟုတ်တယ်...ဒါက သမီးရဲ့ တတိယအဒေါ်က ဖန်တီးထားတာ... သူက ဟင်းချက်ရာမှာ ကျွမ်းကျင်တယ်၊ ထက်မြက်တယ်၊ အကြံဥာဏ်တွေ အများကြီးရှိတယ်...သမီးကိုအရင်တစ်ခေါက်ခေါ်သွားတဲ့ ဈေးကို မှတ်မိလား...အဲဒီလမ်းက စားစရာတွေ အကုန်သူလုပ်ထားတာ"

သူမပြောပြီးသည့်နောက်တွင် နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိဟန်ဆောင်ရန် မေ့သွားသည်ကို သူမသိလိုက်ရသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်၏။

သူမ ဘာလုပ်ရမလဲ တွေးနေစဉ်မှာပဲ ရှဲ့ရှန့်ကပြောလာသည်ကို ရုတ်ချည်းကြားလိုက်ရသည်။

"အမေကရော"

ကျိုးရှီ ထိတ်လန့်သွားပြီး
"ဘာ... ဘာကိုလဲ"

ရှဲ့ရှန့်က သူမ၏ အရွယ်မရောက်သေးသော ကလေးလို အသံဖြင့် ဖြည်းညင်းစွာ ပြောလိုက့သည်။

"သမီးက စာအုပ်ဖတ်ရတာ ကြိုက်တယ်...တတိယအဒေါ်က ဟင်းချက်ရတာ ကြိုက်တယ်...အမေကရော"

ကျိုးရှီနှင့်ရှဲ့ရှန့်က မရင်းနှီးပါချေ။ များသောအားဖြင့် သူမမေးမှ ရှဲ့ရှန့် ဖြေလိမ့်မည်ဖြစ်သည်။ရှဲ့ရှန့်ဘက်မှ စကားပြောရန် အစပြုခဲသည်။

သူမ အတော်လေး ဝမ်းသာအံ့အားသင့်သွားပြီးလေးလေးနက်နက် ပြန်ဖြေလိုက်၏။

"ငါကြိုက်တယ်--"  သိုင်းပညာကို...

သို့ပေမဲ့ သမီးက မကြိုက်မှာစိုးသဖြင့် ၎င်းကို မပြောနိုင်ခဲ့ပေ။ကျိုးရှီ အလျင်အမြန်ပင် စကားများကိုပြောင်းလိုက်သည်။ 

"အရင်က ဝါသနာတွေ မရှိပေမဲ့ အခုချက်ချင်းငါ လည်း ချက်ပြုတ်ရတာကို ကြိုက်တယ်... သမီးရဲ့ တတိယအဒေါ်နဲ့ ချက်နည်းပြုတ်နည်းကို အခုတလော သင်ယူနေတာ... သူက အများကြီး သင်ပေးပြီး ဟင်းချက်နည်းတွေကို ကိုယ်တိုင်လေ့လာခိုင်းတယ်... ငါ့ဓားစွမ်းရည်ကိုလည်း ချီးကျူးတယ်..…”

သူမ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် အဆက်မပြတ် စကားတွေ ပြောနေမိသည်။ တချွတ်ချွတ်အသံ အများကြီးကြားရပြီးနောက် သူမ တုံ့ပြန်ပြီး မြန်မြန် ပါးစပ်ပိတ်လိုက်၏။

ရှဲ့ရှန့်ကို သခင်မကြီးက ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ခဲ့သည်။ ပေကျင်းရှိ သူမအရွယ်မိန်းကလေးငယ်များအတွက် ဘယ်သူက အသိဆုံးဖြစ်ကြောင်း လူအများက ပြောကြသောအခါတွင် ရှဲ့ရှန့်က ဒုတိယဖြစ်လျှင် ဘယ်သူမှ ပထမနေရာယူရဲမည်မဟုတ်ပေ။

သူမ ရွံရှာပုံ သို့မဟုတ် စိတ်မရှည်သည့်ပုံမပြဘဲ  ကျိုးရှီ ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းရင်း ခေါင်းညိတ်ကာဆို၏။

"ကောင်းလိုက်တာ"

ကျိုးရှီ စကားလုံးများပျောက်သွားပြီး ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သူမ သူမသမီး စာဖတ်နေတာကို အနှောက်ယှက်မပေဘဲ သွားသင့်လား...

လေထုက မတည်မငြိမ်ဖြစ်နေသည်ဟု သူမ ထင်လိုက်ချိန်မှာပဲ ရှဲ့ရှန့်ပြောသည်ကိုရုတ်တရက် ကြားလိုက်ရ၏။

"ဒါဆို အမေက ခဏခဏ ချက်ပြုတ်လေ့ရှိလား"

ကျိုးရှီက ခေါင်းကိုမော့ပြီးကပျာကယာဖြေလိုက်သည်။

"ခုနောက်ပိုင်းမှာ ငါ နေ့တိုင်း အချက်အပြုတ်လေ့ကျင့်ပြီး ဟင်းချက်နည်းတချို့ကို စဉ်းစားနေတာ"

ဤနေရာအရောက်တွင် သမီးဖြစ်သူ၏ လိမ္မာပါးနပ်သော မျက်နှာကို ကြည့်ပြီးသူမပြောလိုက်၏။

"အမေ သမီးဖို့အရသာရှိတာတစ်ခုခုလုပ်ပေးရင်ရော"

သူမ သူမ၏နှလုံးသားထဲတွင် သမီးဖြစ်သူနှင့် နီးကပ်ချင်နေပြီး စကားလုံးအချို့ကိုနှုတ်ကထွက်မိလိုက်ကာ သူမပြောပြီးသည့်နောက်မှ မသင့်လျော်ကြောင်း သတိပြုမိသွားသည်။

သူမ အလျင်အမြန်စကားပြောင်းလိုက်သည်။
"ငါက ဒီအတိုင်းပြောလိုက်–"

"ကောင်းပြီ"
ရှဲ့ရှန့်က ရုတ်တရက် သူမကို ဖြတ်ပြောလိုက်၏။

ကျိုးရှီ အံ့အားသင့်သွားပြီး ရှဲ့ရှန့်ကို ကြည့်လိုက်သည်။


Xxxxxx