အပိုင်း ၉၂
Viewers 18k

Chapter 92
Smoothie



ရှဲ့ရှန့်က ခေါင်းငုံ့ကာ ရေခဲမုန့် ဆက်စားသည်။ကျိုးရှီ သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ရှဲ့ရှန့်က ရေခဲမုန့်ကို တိတ်တဆိတ်စားနေပြီး ကျိုးရှီက ဘေးကနေ သူမကို ကြည့်နေသည်။ ရေခဲမုန့်ကို ပိုစားလေ သူမက ပိုချစ်စရာကောင်းလာလေပါပင်။ကျိုးရှီ ဤရေခဲမုန့်ပန်းကန် ဘယ်တော့မှ ကုန်မသွားစေရန် ဆုတောင်းမိသည်။

လက်တွေ့မှာ သူမမျှော်လင့်ထားသည့်အတိုင်း မဟုတ်သည့်အတွက် သနားစရာပင်။ ရုတ်တရက် သူမ၏ မျက်လုံးထောင့်တွင် အရိပ်တစ်ခု ပေါ်လာသည်။ သူမ သေသေချာချာကြည့်လိုက်သောအခါ ရှဲ့လန်က သူတို့ဆီ လျှောက်လာနေ၏။

ကျိုးရှီ  ရုတ်​တရက်​ထရပ်​လိုက်​သည်​။ သူမသမီးကို အလွန်ကိုမှ အဖော်ပြုပေးချင်ပေမဲ့ ရှဲ့လန်ကိုမူ မတွေ့ချင်ပါချေ။ သူမကိုယ်မသူ မထိန်းနိုင်ဘဲ အပူရှိန်နှင့် သူမ၏စိတ်လိုက်မာန်ပါဖြစ်မှုတို့ကြောင့် သူ့ကို ရိုက်နှက်မိမှာကို သူမကြောက်သည်။

ရှဲ့ရှန့်အား စကားအနည်းငယ်ရှင်းပြပြီးနောက် သူမ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ရှဲ့လန်က လမ်းလျှောက်လာရင်း အဝေးက သူမကျောပြင်ကို လှမ်းကြည့်ကာမေးလိုက်၏။

“အဲဒါ မင်းအမေလား”

ရှဲ့ရှန့်က ခေါင်းမထောင်ဘဲ ပန်းကန်ထဲက ရေခဲမုန့်ကို ဆက်စားနေရင်းဖြေသည်။
"ဟုတ်"

ရှဲ့လန်က ထပ်မေး၏။
"သူ ခုန မင်းဆီ လာတာလား...မင်းတို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ"

ရှဲ့ရှန့်က ခေတ္တရပ်ပြီး အဝေးကို မျှော်ကြည့်ကာ "ဘာမှမဟုတ်ပါဘူး" ဟုအသံတိုးတိုးလေးနှင့်ပြောသည်။

ရှဲ့လန် သူမ၏အရှင်သခင်ငယ်လေးပုံစံကိုမြင်ပြီး မနေနိုင်ဘဲ ရယ်လိုက်ကာ သူမရှေ့မှာဝင်ထိုင်လိုက်၏။

"မင်းကဘယ်သူနဲ့တူတယ်လို့ထင်လဲ... မင်းအမေနဲ့လည်းမတူ ငါနဲ့လည်းတူတာမဟုတ်ဘူး...ဒါပေမဲ့ မင်းရဲ့တတိယဦးလေးနဲ့တော်တော်တူတယ်...သူ ငယ်ငယ်ကလိုပဲ–"

သူစကားမဆုံးခင် ရှဲ့ရှန့်က သူ့ကိုဖြတ်ပြောလိုက်၏။

"သမီးက အမေနဲ့တူတာ"

ရှဲ့လန် ကြောင်သွားပြီးရယ်လိုက်သည်။
"မင်းက သူနဲ့မတူပါဘူး"

ရှဲ့ရှန့်က သူ့အပြုံးကို လျစ်လျူရှုပြီး အလေးအနက်ဆိုနေဆဲဖြသ်၏။

"အရင်က သမီးကိုယ်သမီး သူနဲ့တူတယ်လို့ မထင်ခဲ့ပေမဲ့ မကြာသေးမီက သူနဲ့တူမှန်း နားလည်သွားခဲ့တယ်"

ရှဲ့လန်က သူမခေါင်းထိပ်ကို ပွတ်လိုက်ပြီး
"ကောင်မလေး... မင်းရဲ့မျက်နှာကို တစ်နေကုန် အေးခဲမနေပါနဲ့လား"

ရှဲ့လန် ရှေ့ကပန်းကန်ပေါ်သို့ သူ့အကြည့်တွေရောက်သွားသည်။

"ဒါက ဘာလဲ...သမီးအမေ ယူလာတာလား"
ထိုအချိန်တွင် သူ့လေသံက အနည်းငယ် တောင့်တင်းသွားသည်။ ကျိုးရှီက  နွေးထွေးမှုတောင်းဆိုရန် အဆင်မပြေဆုံးနည်းလမ်းကို အသုံးပြုကာ သူ့ဆီ နေ့တိုင်း ဟင်းချိုများ ယူဆောင်လာရသည်ကို နှစ်သက်သည်။ ယခုမူ သူမက ခြားနားသော လူတစ်ဦး ဖြစ်လာပြီး သူ့ကို လုံးဝ မတွေ့ချင်တော့ပေ။

"ဟုတ်ကဲ့"

ရှဲ့ရှန့်က ခေါင်းညိတ်လိုက်သည်။

ရှဲ့လန်၏အမူအရာ ပျော့ပြောင်းသွားပြီး သက်ပြင်းချကာဆို၏။

"သမီးအမေက သမီးကို သူ့နှလုံးသားရဲ့ ထိပ်မှာ အမြဲထားခဲ့တာပဲ... သူက စကားပြော သိပ်မကျွမ်းကျင်လို့ နူးညံ့တဲ့အမူအရာနဲ့ စကားမပြောတတ်လို့ပါ ...သူ့ကို မနာကျင်စေပါနဲ့ ဟုတ်ပြီလား"

ရှဲ့ရှန့်က ငြိမ်သက်စွာ နားထောင်နေသည်။

ရှဲ့လန် စကားပြောပြီးနောက် အနည်းငယ် ဝမ်းနည်းသွားသော်လည်း သူ့သမီးရှေ့တွင် မပြချင်ပေ။ သူက အကြောင်းအရာပြောင်းပြီး "ဘာစားတာလဲ...ဖေဖေ့ကို တစ်ကိုက်ပေးပါဦး" ဟုပြောကာ ပျော်ရွှင်ဟန်ဆောင်လိုက်သည်။

ရှဲ့ရှန့် ၏ကိုယ်ရည်ကိုယ်သွေးသည် အလွန်အေးဆေးတည်ငြိမ်ပြီး အနည်းငယ်အေးစက်သည်။ရှဲ့လန်ပင်လျှင် သူမနှင့် မည်သို့ပေါင်းသင်းရမည်ကို မသိပေ။

သူ ရှဲ့ရှန့်၏ကြွေပန်းကန်လုံးဆီလက်လှမ်းကာ ပို၍ရင်းနှီးအောင်ကြိုးစားခဲ့သည်။

ရှဲ့ရှန့်က ကြွေပန်းကန်လုံးအား ရုတ်တရက် ဆွဲယူလိုက်ပြီး ခေါင်းငုံ့ကာ "ဟင့်အင်" ဟု ရေရွတ်လိုက်သည်။

ရှဲ့လန် သူမက သူမ၏ မုန့်များကို အခြားသူများနှင့် မျှဝေရန် ဆန္ဒမရှိဟု ထင်ခဲ့သည်။ သူနည်းနည်းပျော်သွား၏။နောက်ဆုံးတွင် သူမက ကလေးတစ်ယောက်လိုပါပင်။ သူက ပြုံးပြီးပြောလိုက်သည်။

"ဟုတ်ပါပြီဗျာ...ဖေဖေ စားလို့မရရင် မစားပါဘူး... ဒါသမီးရဲ့ တတိယအဒေါ်လုပ်ထားတာလား"

ရှဲ့ရှန်က သူ့ကို လျစ်လျူရှုပြီး သူမအစေခံဆီ ပန်းကန်လုံးပေးကာ မတ်တပ်ထရပ်လိုက်သည်။

သူမက ကျင့်ဝတ်နှင့် စည်းကမ်းများကို လိုက်နာရန် နှစ်သက်သည်။ အခြားကလေးများနှင့် ရန်ဖြစ်လေ့မရှိ၊ အသက်ကြီးသူများကို လေးစားကာ၊ သူမ၏အစေခံများကို သခင်မကြီးကပင် သူမကို တင်းကြပ်သည်ဟု ထင်သည့်အထိ ကြင်နာစွာ ဆက်ဆံတတ်သည်။

ရှဲ့လန် သူမက မတ်တပ်ထရပ်ပြီး ဂါရဝပြုကာ ထွက်သွားမည်ဟုထင်ခဲ့၏။သို့ပေမဲ့ သူစကားပြောခါနီးမှာ ရှဲ့ရှန့်က အရင်ပြောလာသည်။

"အဖေ... အရင်က အဖေ ပြောခဲ့တဲ့စကားကို ဘယ်သူမဆို ပြောပြနိုင်ပေမဲ့ အဖေတော့မပြောနိုင်ဘူး"(သူ့အမေကိုမနာကျင်ပါစေနဲ့ဆိုတဲ့စကားပါ)

ရှဲ့လန် ဖြစ်ပျက်နေသည်ကို မသိဘဲ မျက်တောင်ခတ်လိုက်သည်။

"ဘာကိုလဲ"

ရှဲ့လန်ကဆို၏။
"အဖေ နားလည်ပါတယ်"

စကားဆုံးသောအခါတွင် သူမ သူ့မဘဝတွင် ပထမဆုံးအကြိမ် ဂါရဝမပြုဘဲ လှည့်ထွက်သွားခဲ့သည်။

ရှဲ့လန် မလှုပ်မယက်နှင့် ကျောက်ကုလားထိုင်ပေါ်တွင် အချိန်အတော်ကြာ ထိုင်နေရင်း သူမ၏ကျောကို ကြည့်လိုက်သည်။ အေးစက်သောလေက သူ့ဝတ်လုံကို တိုက်ခတ်ပြီး ကြောင်တက်တက်ဖြစ်နေသော သူ့ကို နှိုးလိုက်သည်။ သူ့ကိုယ်သူ ရယ်မောလိုက်သည်။ နူးညံ့သိမ်မွေ့ပြီး ရိုမန်တစ်ဆန်သော ရောင်ဝါက သူ့လေသံတွင် ပျောက်ကွယ်သွားပြီး သူ့ကိုယ်သူ ခါးခါးသီးသီး ပြောလိုက်မိသည်။

"ကလေးတွေကတောင် မင်းထက် ပိုနားလည်နိုင်တယ်"

******

ယခင်က ရှဲ့ရွှင်း ထမင်းစားရန်အမြန်ပြန်လာခဲ့ပေမဲ့ ယခုမူ ကျန်းရှုယောင်ကို အမြန်တွေ့ချင်သောကြောင့်ဖြစ်လေသည်။

အိမ်ကလည်း သည်အိမ်၊လူကလည်း သည်လူပင်ဖြစ်နေသေးပေငြား တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် နားလည်မှုရသွားပြီးသည့်အခါ ခံစားချက်က မတူတော့ပေ။ ခြံဝင်းထဲကလေကပင် ပိုချိုမြိန်လာသည်ဟုထင်ရ၏။

ကျန်းရှုယောင်က အခန်းထဲကထွက်လာပြီး သူပြန်လာသည်ကိုမြင်လိုက်ရသောအခါ သူမက အမြန်လက်ဝှေ့ယမ်းပြီးဆိုသည်။

"လာခဲ့"

ရှဲ့ရွှင်းက ချက်ချင်းပင် သူမဆီသို့ လျှောက်လာသည်။

ကျန်းရှုယောင်က သူ့ဝတ်ရုံလက်တွေကို ဆွဲကိုင်လိုက်ပြီးပြော၏။

"ရှင်က အချိန်မီ ပြန်လာတာပဲ... ကျွန်မအတွက် ရေခဲခြစ်ပေးရမယ်"

သူမ ရှဲ့ရွှင်း ကို မီးဖိုချောင်သို့ခေါ်သွားကာ
ကြိတ်စက်ကိုညွှန်ပြရင်း နိယာမကိုရှင်းပြသည်။

ရှဲ့ရွှင်း သံထည်ပစ္စည်းကို စိတ်ဝင်စားပြီး သေချာလေ့လာခဲ့သည်။

ထိုအချိန်တွင် ကျန်းရှုယောင်က ရေခဲတုံးများကို နို့အနည်းငယ်ဖြင့် ရောစပ်ကာ ဖျော်စက်ကို လုပ်ဆောင်ရန် ရှဲ့ရွှင်းကို ညွှန်ကြားခဲ့သည်။

ရှဲ့ရွှင်းက အလွန်စားချင်စိတ်ကြီးပြီး သူ၏ခွန်အားမှာ မသေးငယ်သောကြောင့် ရေခဲတုံးအားလုံးကို သုံးကြိမ်တည်နှင့် ချေခွဲပစ်လိုက်သည်။

နို့နှင့်ရောကြိတ်ထားသည့် ရေခဲက smoothies နှင့်တူ၏။ ၎င်းသည် နူးညံ့ပြီး ပျစ်ခဲသည်။ ရေခဲပုံဆောင်ခဲများသည် ထွင်းဖောက်မြင်နေရပြီး တောက်ပကာ သေးငယ်သော နှင်းပွင့်များနှင့်တူသည်။ လောင်းထည့်ပြီးနောက် ပန်းကန်လုံးသေးသေးလေးထဲမှာ တောင်ပုံသဏ္ဍာန်ဖြစ်အောင် စုထား၏။ ကျန်းရှုယောင် ပျားရည်နှင့် ပဲနီလေးအနှစ်ကို smoothie၏ထိပ်တွင် ထည့်ပြီး စပျစ်သီးခြောက်နှင့် သစ်အယ်သီးတို့ကိုဖြူးကာ နောက်ဆုံးတွင်

ပိုးစာဆော့စ်တစ်ဇွန်း ထိပ်တွင်တင်လိုက်သည်။

နွေဦးရာသီနှောင်းပိုင်းတွင် ပိုးစာများကို ယိုအဖြစ်ပြုလုပ်ပြီး အလုံပိတ်ထားခဲ့သည်က ယခုအခါတွင် အသုံးတည့်လာသည်။ ပိုးစာဆော့စ်ကို အများကြီး ပြုတ်မထားဘဲ အစေ့အဆန် အနည်းငယ်ကျန်အောင် ထိန်းထားသည်။ အနီရောင်၊ ခရမ်းအနက်ရောင် ယိုများသည် ဖျော်ရည်ပေါ်တွင် လည်ပတ်နေပြီး တောက်ပသော smoothie ကို အနီရင့်ရင့်အလွှာတစ်ခုပေးသည်။


ကျန်းရှုယောင် မစောင့်နိုင်တော့ဘဲ ဇွန်းကို ရှဲ့ရွှင်းထံသို့ ပေးကာ ပန်းကန်လုံးတစ်လုံးကို ဝေမျှစားရန် စီစဉ်ခဲ့သည်။

ရှဲ့ရှန့်က အနည်းငယ်ရှက်သွားသော်လည်း နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဝန်ခံပြီးဖြစ်ကာ လင်မယားချင်းဖြစ်ကြသည်ကိုသူတွေးမိသည်။ ယခုလိုလုပ်သည်က ဘာမှမှားဟန်မရှိပေ။

သူ စိတ်သက်သာရာရပြီး ကျန်းရှုယောင်လို smoothie မွှေနည်းကို သင်ယူခဲ့သည်။ အေးစက်သောလေသည် သူ့မျက်နှာပေါ်သို့ ချက်ချင်းပျံ့နှံ့သွားကာ အလွန်လန်းဆန်းသွားရသည်။ ယိုနှင့် အခွံမာသီးများကို ရောစပ်ပြီးသောအခါ သူ smoothie တစ်ဇွန်းကို ပါးစပ်ထဲသို့ ကောက်ထည့်လိုက်သည်။

Smoothieက လျှာဖျားကို ထိသောအခါ ချက်ချင်း ရေအဖြစ်သို့ ပြောင်းလဲသွားသည်။ ချိုမြိန်သောနို့နှင့် လန်းဆန်းသော သစ်သီးရနံ့သည် ပါးစပ်နှင့်နှာခေါင်းကြားတွင် အလွှာများစွာနှင့်အတူ နူးညံ့ပြီး ပြင်းထန်သောအေးစက်မှုတို့လိုက်ပါလာကာ လန်းဆန်းစေပြီး အပူကို ချက်ချင်းသက်သာစေသည်။

Smoothie သည် မွတ်ညက်ပြီး ခိုင်မာသောအနေအထားရှိပြီး ကိုက်လိုက်သောအခါတွင် "ခရက်"ခနဒအသံထွက်လာသည်။သို့သော် အလွန်ကိုက်ရသည်မဟုတ်ပေ။ ဝါးရင်းနှင့်ရေခဲရေ ဖြစ်သွား၏။ ပဲနီလေးအနှစ် နှင့် စပျစ်သီးခြောက်တို့က နူးညံ့ပြီး ခိုင်ခံ့ကာ ဝါးရသောအနေအထားရှိပြီး မွတ်ညက်သောsmoothie နှင့်တွဲစားသောအခါ ၎င်းတို့သည် အံ့သြဖွယ်ကောင်းသည်။

ပိုးစာစေ့များသည် အသားနှင့်ပြည့်နေသည်။ သွားများကို ထိတွေ့ပြီးနောက် ဘယ်ရီများ ပေါက်ထွက်ပြီး အရည်များ ပြည့်လျှံလာသည်။ ၎င်းသည် ချဉ်ပြီး ချိုသည်၊ နဂိုချိုပြီး အေးမြသော smoothie အတွက် တောရိုင်း အသီးအနှံ အနံ့အရသာ အရိပ်အမြွက် ထည့်ထားသည်။

ရှဲ့ရှန့်က ကျန်းရှုယောင်ကိုပြန်ကြည့်လိုက်ကာ သူ့အကြည့်တွေ ပြောင်းလဲသွား၏။

"အရင်တုန်းက မင်းက ဟင်းချက်ရာမှာ ထူးချွန်တယ်လို့ပဲ ထင်ခဲ့ပေမဲ့ အခုတော့ သေသေချာချာ စဉ်းစားကြည့်တော့ မင်းကလက်ဖျားခါလောက်မှန်း သိသာတယ်"

ဤထူးဆန်းသောပုံစံ သံထည်ပစ္စည်းကိုကြည့်ပါ။ ထို့နောက်မှော်ဆန်ပြီး အံ့သြဖွယ်ကောင်းသော ဖျော်ရည်ကိုစားပါ။ ကျန်းရှီက တုံးအတယ် ဆိုတဲ့ ကောလဟာလက ဘယ်ကလာတာလဲ...

ကျန်းရှုယောင် အမြန်ငြင်းဆိုလိုက်၏။

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး...ရှင် ချီးကျူးလွန်းနေပြီ"
ဤသည်မှာ ခေတ်သစ်လူတို့၏ ပညာဖြစ်သည်။

ရှဲ့ရွှင်းက ဝါးရင်း တစ်ခုခုကို သတိရသွား၏။

"ဒါနဲ့ မကြာသေးခင်ကမှ ရေခဲဝယ်မရဘူးလို့ သူတို့ပြောနေတာမဟုတ်ဘူးလား"

မနေ့ညက ရေခဲဇလုံ မရှိတော့ပေ။

"ဟုတ်တယ်...ဒါပေမဲ့ မဝယ်နိုင်ရင် ကိုယ်တိုင်လုပ်လို့ရတယ်"

ကျန်းရှုယောင် သူမမျက်နှာပေါ်တွင် မရေရာသောအမူအရာဖြင့် ပြောလိုက်သည်။

ရှဲ့ရွှင်း သူနားကြား မှားနေသလားဟု သံသယဖြစ်မိ၏။

"ကိုယ်တိုင်လုပ်တယ်..."

လက်ရှိအချိန်မှာ လူတွေက ရေခဲတွေကို မြေအောက်ခန်းထဲမှာ သိမ်းဆည်းလေ့ရှိသည်။ ဆောင်းရာသီမှာ လူတွေက ရေခဲတွေကို စုဆောင်းပြီး မြေအောက်ခန်းထဲမှာ ထည့်၊ ကောက်ရိုးဖြန့်အုပ်ပြီး မြေနှင့်အလုံပိတ်ထားကြ၏။ နွေရာသီမှာ လိုအပ်သည့်အခါ ရေခဲရရန်အတွက် မြေအောက်ခန်းကိုတူးရ၏။

မနေ့က ရေခဲမရှိဘူးဟုကြားပြီးနောက် ကျန်းရှုယောင် လူတွေကို ယမ်းစိမ်းရှာခိုင်းလိုက်သည်။ ယမ်းစိမ်းကို အနက်ရောင်အမှုန့်၊ ဖျူးစ်၊ ဖန်ခွက်၊ မီးခြစ်ဆံများ အစရှိသည်တို့ ပြုလုပ်ရန် အသုံးပြုကြပြီး ရေတွင် ပျော်ဝင်သောအခါ အပူကို စုပ်ယူနိုင်သောကြောင့် ရေခဲ ပြုလုပ်နိုင်သည်။

ဧကရာဇ်ထိုက်ဇူက စံပြကူးပြောင်းသူတစ်ယောက်ကဲ့သို့ဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာလုပ်ငန်းကိုသာ အာရုံစိုက်ပြီး လူမှုဆက်ဆံရေးစနစ်ကို တိုးတက်စေသော်လည်း အသေးစိတ်အချက်အလက်များအားလုံးကို ဂရုမစိုက်ပါချေ။ ထို့ကြောင့် ယမ်းစိမ်းကို ရေခဲအဖြစ်သုံးနိုင်သည်ကို လူတွေမသိခဲ့ကြပါချေ။

ရှဲ့ရွှင်း ကျန်းရှုယောင်၏ မလျော်ကန်သော အေးအေးလူလူ အသွင်အပြင်ကို ကြည့်ပြီး ခဏတာ ရှုပ်ထွေးသွားသလို ခံစားရကာမေးလိုက်သည်။

"ရေခဲလုပ်နည်းကို ငါကြည့်လို့ရမလား"

"ဒါပေါ့"

ကျန်းရှုယောင် ဤအရာကို ကြီးမြတ်သည်ဟု မထင်ခဲ့ပေ။

သူမ အရိပ်ရကာ နေရာကျယ်ပြီး ရေခဲပြုလုပ်ရန် အဆင်ပြေသည့် မီးဖိုချောင်ငယ်လေးရှိရာကို ရှဲ့ရွှင်းကို ခေါ်သွားခဲ့သည်။ ထောင့်တွင် အထဲ၌ အိုးတစ်လုံးပါသော ကြေးနီကန်ကြီးတစ်ခုရှိပြီး နှစ်ခုလုံးက ရေပြည့်နေသည်။

ကျန်းရှုယောင် သရုပ်ဖော်ရင်း ရှဲ့ရွှင်းအား ရှင်းပြခဲ့သည်။ ပိုကြီးသည့်ကန်ထဲမှာ ယမ်းစိမ်းကို ရေထဲထည့်ရသည်။ ယမ်းစိမ်းက ရေနှင့်ထိတွေ့သောအခါအိုးသေးသေးလေးမှ ရေသည် တဖြည်းဖြည်း ရေခဲအဖြစ်သို့ပြောင်းသွားလိမ့်မည်။

ရှဲ့ရွှင်း သူမ၏ သရုပ်ပြမှုကို အလေးအနက် ထားခဲ့ပြီး ထူးဆန်းသော ရေအေးခဲခြင်း ဖြစ်စဉ် ဖြစ်ပေါ်လာသောအခါ စကားမပြောဘဲ ရေခဲကို အကြာကြီး စိုက်ကြည့်နေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အံ့သြမှင်သက်မှုထဲမှ ထွက်လာပြီး စိတ်တည်ငြိမ်သွားသည်။ သူက ခေါင်းကိုမော့ပြီး ကျန်းရှုယောင်ကို ကြည့်ကာ ထူးဆန်းသည့်လေသံဖြင့်ဆို၏။

"မင်းရေခဲလုပ်တာ ဖျော်ရည်လုပ်ရအောင်လို့ပဲလား"

ကျန်းရှုယောင်က နားမလည်ဟန်အမူအရာဖြင့်ဆိုသည်။

"အမ်...တခြားကျွန်မကဘာစားရမှာလဲ"

ရှဲ့ရွှင်း:"...ထားလိုက်ပါတော့"

သူ ခုနက ကျန်းရှုယောင်က ချီးကျူးပြီးပြီဟု ခံစားရသော်လည်း ယခု သူ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ဒီနည်းလမ်းအတွက် မင်းကိုဆုချရမယ်"

သူက ကျန်းရှုယောင်၏ခေါင်းကို ပုတ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကာဆို၏။

"အခု နန်းတော်တံခါးက သော့မခတ်သေးဘူး... မင်းသားကို တွေ့ဖို့ နန်းတော်ထဲဝင်မယ်"


ရှဲ့ရွှင်း ကျန်းရှုယောင်ကို ဆုလာဘ်တွေရလိမ့်မည်ဟုပြောစဥ်က သူမ သိပ်ဂရုမစိုက်ခဲ့ပါခြေ။ ရေခဲလုပ်ခြင်းသည် သူမအမြင်တွင် ကြီးကြီးမားမားကိစ္စမဟုတ်ပေ။ ဆုလာဘ်များသည် ရွှေငွေလက်ဝတ်ရတနာများထက် သာလွန်မည်မဟုတ်သည်က ပြောစရာပင်မလိုချေ။ သူမမှာ ဘာတစ်ခုမှ ချို့တဲ့နေခြင်းမရှိပေ။

သို့သော် ရှဲ့ရွင်းက လက်ဗလာဖြင့် ပြန်လာသောကြောင့် သူမ ဦးတည်ရာကို မှားမှန်းမိကြောင်း သိသာထင်ရှားရှိခဲ့သည်။

ဆုလာဘ်တွေကို ဂရုမစိုက်သည့်ကျန်းရှုယောင်တစ်ယောက် စိတ်ဝင်စားလာသည်။ရှဲ့ရွှင်းနှင့် မင်းသား ပြောဆိုခဲ့သည့်အကြောင်းနှင့် ရလဒ်တွေကို သူမ သိချင်နေခဲ့သည်။ ထို့ကြောင့် သူမ ညဘက် အိပ်ယာထဲမှာ လဲလျောင်းရင်း မေးလိုက်သည်။

ရှဲ့ရွှင်က သူမ၏စိတ်ရှုပ်ထွေးမှုကို နားလည်ပြီး ရှင်းပြ၏။

"အရှင်မင်းသားက မင်းရဲ့အကျိုးပြုမှုကို အမှတ်ရပြီး မင်းကို မျက်နှာပေးမှုတစ်ခုအကြွေးတင်လိမ့်မယ်"

ညဘက်တွင် မီးများမှုတ်ထားသောကြောင့် ကျန်းရှုယောင် ရှဲ့ရွှင်း၏အမူအရာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။ စကားပြောသည့်အခါ သူ့လေသံက အမြဲတမ်း တုံးတိဖြစ်နေသည်။ ဤအခိုက်အတန့်တွင် သူအသံက မှန်းဆ၍မရဖြစ်နေ၏။

ကျန်းရှုယောင် ပဟေဠိဖြစ်သွားသည်။
"ဒါက ဘာကိုဆိုလိုတာလဲ"

ရှဲ့ရွင်းကဆိုသည်။
"ဒါက ပြဿနာတစ်ခုခုရှိမှပဲ"

"အနာဂတ်မှာ ကျွန်မတို့ ဒုက္ခရောက်လိမ့်မယ်...အဲ့လိုမျိုးလား"

ကျန်းရှုယောင်က ရေရွတ်လိုက်သည်။

ရှဲ့ရွှင်းက ခပ်ဟဟရယ်ပြီး သူမကို လှည့်ကြည့်လိုက်သည်။

မှောင်နေသောအလင်းရောင်ကြောင့် ရှဲ့ရွှင်း ကျန်းရှုယောင်ကို မျက်နှာချင်းဆိုင်ရသည်မှာ ပို၍သက်တောင့်သက်သာရှိလာသည်။

"ဒုက္ခဖြစ်မဲ့သူက ငါတို့မဟုတ်ဘူး...မင်းပဲ"

ရှဲ့ရွှင်း သူမကို အမှန်ပြင်ပေး ပြီးနောက် သူ့လေသံမှာ အပြုံးတို့ဖြင့် စွန်းထင်းနေကာဆို၏။ "ဆိုတော့ မင်းစဉ်းစားကြည့်ရမှာပေါ့"

"ကျွန်မလား..."
ကျန်းရှုယောင် လက်မခံနိုင်ပေ။

"ကျွန်မ ဘာဒုက္ခဖြစ်မှာလဲ"

ရှဲ့ရွှင်းက ခဏတိတ်ဆိတ်နေပြီး ဆိုလာသည်။

"အရင်က မင်း ယောက္ခမရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကို နှိုးဆွပြီး သူ့ဘဝကို နည်းနည်းသက်တောင့်သက်သာဖြစ်စေဖို့အတွက်ဆိုပြီး စားသောက်ဆိုင်ဖွင့်ဖို့ စည်းရုံးခဲ့တယ်... အဲဒါတကယ်ပဲလား "

ကျန်းရှုယောင် ခဏလောက် ကြက်သေသေသွား၏။

"အဲဒီတုန်းက ကျွန်မအဲ့လိုတွေးခဲ့တာ"

"အခုကော"

ကျန်းရှုယောင်က နှုတ်ဆိတ်နေသည်။

"ငါအမြင်အရတော့ အဲဒီဆိပ်ကမ်းတွေနဲ့ လမ်းဘေးအစားအစာစျေးမှာ စားသောက်ဆိုင်အနည်းငယ်ဖွင့်ဖို့ပဲ မင်းက ကိုယ့်ကိုကိုယ်ကန့်သတ်ထားမှာမဟုတ်ဘူး...မင်းက စီးပွားရေးကြီးကြီးမားမားလုပ်ချင်တာမဟုတ်လား"

ဤစကားတွေက ကျန်းရှုယောင်ကို အံ့သြသွားစေသည်။ သူမနားမလည်နိုင်လောက်အောင် စိတ်ညစ်ပြီး စိတ်တိုသွားသည်။ သူမကမှိုင်းတိုင်းတိုင်းလေသံဖြင့် ပြောသည် ။

"မသိဘူး...ရှင်က ဘာလို့ ကျွန်မထက်ပိုသိပုံရနေတာလဲ"

ရှဲ့ရွှင်းက သူမ၏ မကျေမနပ်လေသံကြောင့် ရယ်မောနေကာ ပြန်လည်ချေပခြင်းမပြုဘဲ နွေးထွေးစွာပြောခဲ့သည်။

"အဆင်ပြေပါတယ်...ဖြည်းဖြည်းလေးစဉ်းစားပါ...နေ့ရက်တွေကရှည်နေပါသေးတယ်... မင်းနဲ့အတူတူရှိနေမယ်လို့ ငါအရင်က ကတိပေးခဲ့တယ်...ဒါကြောင့် မင်းဘာပဲလုပ်ချင်လုပ်ချင် စိတ်ပူစရာ မလိုပါဘူး...အခုချိန်မှာ လမ်းဘေး အစားအစာစျေးက အရှိန်အဟုန်နဲ့ တိုးတက်နေတော့ မျက်စိကျစရာ ကောင်းတယ်...အနာဂတ်မှာ ပိုကြီးလာမယ်ဆိုရင် ဒုက္ခတွေ ရောက်မှာကို စိုးရိမ်ရတယ် "


Xxxxx