အပိုင်း ၉၃
Viewers 16k



Chapter 93
ဆန်ကော်ပြန့်လိပ်


ကျန်းရှုယောင်လည်း ဤအမှန်တရားကို နားလည်၏။
"ကျွန်မနားလည်ပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် စားသောက်ကုန်လုပ်ငန်းမှာ ရှိတဲ့ တခြားသူတွေဆီက စီးပွားရေးကို လုနေတာပဲလေ"

သူမလေသံအားလျော့သွားသည်ကိုကြားသောအခါ ရှဲ့ရွင်းက အမြန်သူ့စကားများကိုပြောင်းကာ သူမကိုနှစ်သိမ့်လိာက်သည်။

"ငါက အရင်ကြိုတင်စီစဉ်ထားချင်ရုံပါ...ငါ့ရဲ့ ယုတ္တိမဲ့တဲ့စိုးရိမ်မှုလည်းဖြစ်ချင်ဖြစ်မှာပေါ့... သိပ်စိတ်မပူနဲ့ အိပ်တော့"

ကျန်းရှုယောင်က ရှဲ့ရွှင်းကို အတော်လေး ယုံကြည်သည်။ ရှဲ့ရွင်းက ယခုလိုပြောပြီးနောက် သူမ ပိုသက်တောင့်သက်သာရှိလာသည်။

သူမ ကုတင်၏မျက်နှာကျက်ကို ခဏကြည့်ပြီးနောက် ရှဲ့ရွှင်း ဘက်လှည့်ကာပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်စကား ပြောနေစရာ မလိုပါဘူး... လင်နဲ့ မယားက တစ်သားတည်းပဲလေ... ငါမင်းကိုကတိပေးခဲ့တာကိုမပြောနဲ့ဦး"(အဲဒါအပြင် ငါမင်းကို ကတိပေးခဲ့သေးတယ်လေ)

သူက ဝန်ခံစဉ်မှာ သူပြောခဲ့သည်များကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ကျန်းရှုယောင်၏ ရှုပ်ထွေးမှုများသည် ပျောက်ကွယ်သွားပြီး ပျားရည်နှင့် နွေးထွေးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမလက်ကိုဆန့်ထုတ်လိုက်ပြီး ရှဲ့ရွှင်း၏လက်ကိုရှာကာ သူ့လက်ချောင်းကို ညင်သာစွာချိတ်လိုက်သည်။

ရှဲ့ရှန့်မှာ တောင့်တင်းသွားပြီး မလှုပ်ရဲ။

ကျန်းရှုယောင် သူ့စိတ်ထဲရှိ ပြင်းထန်သော အပြောင်းအလဲများကို မသိလိုက်ပေ။ သူ သူ့လက်ကိုမရွေ့သည်အား ခံစားရသည့်အတွက် မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားသည်။

သူမ၏လက်ချောင်းများက သေးသွယ်ပျော့ပျောင်းပြီး လက်ချောင်းထိပ်များသည် အနွေးကျောက်စိမ်းကဲ့သို့ နွေးထွေးချောမွေ့နေသည်။ ရှဲ့ရွှင်း၏နှလုံးသားက ပြင်းထန်စွာခုန်နေသည်။ သူမ၏သက်တောင့်သက်သာအသက်ရှူသံကို ကြားလိုက်ရသောအခါ သူ့စိတ်တွေ ပြေလျော့လာသည်။


ထို့နောက် နောက်ကျနေပြီ၊ မြန်မြန်အိပ်ရမည်ဆိုသည်ကို သတိရသွား၏။ သူ မျက်လုံးကို အမြန်မှိတ်ထားပေမဲ့ ဤည ပိုချိုမြိန်စွာ အိပ်ပျော်ရန် မမျှော်လင့်ထားခဲ့ပါချေ။

နောက်တစ်နေ့တွင် ကျိုးရှီ ကျန်းရှုယောင်ကိုတွေ့သောအခါ ကျန်းရှုယောင်က မနေ့ညက သူမ၏အရှုပ်အထွေးများကို ဘေးဖယ်ထားလိုကက်သည်။

ကျိုးရှီ၏ အသားအရေက ယနေ့ကောင်းနေပြီး သူမ၏ မျက်လုံးထောင့်များတွင် ဖျတ်လတ်သော အပြုံးတစ်ခု ရှိနေ၏။

ကျန်းရှုယောင်၏ ခံစားချက်က ပိုပျော်မြူးလာသည်။

"ယောက်မရဲ့ ပျော်ရွှင်စရာ အဖြစ်အပျက်က ဘာလဲ ဒုတိယယောက်မ"

ကျိုးရှီက ခေါင်းယမ်းကာ ပြုံး၍ဆိုသည်။

"ပျော်ရွှင်စရာကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး"
ထိုအကြောင်းကိုပြောရင်း သူမက ကျန်းရှုယောင်၏ လက်ကိုကိုင်လိုက်ပြီးဆို၏။

"ညီမလေး... အကုန်လုံး နင့်ကိုကျေးဇူးတင်ရမှာပဲ...နင့်ကြောင့်သာမဟုတ်ရင် အားရှန့် နဲ့ ငါဘယ်တော့မှ ခြေတစ်လှမ်းနီးမှာမဟုတ်ဘူး...ငါတို့ရဲ့ဆက်ဆံရေးကို တိုးတက်စေဖို့အတွက် သူမအတွက် အစားအသောက်ချက်ပေးဖို့ကိုပြောမနေနဲ့... မနေ့က သူ့ဆီ မကြာခဏ အစားအသောက်ပို့ပေးဖို့ ကတိပေးခဲ့တယ်"

သူမက သက်ပြင်းချရင်း
"ငါက ကဗျာတွေ နားမလည်ဘူး... သာမန်မိန်းကလေးတွေ နှစ်သက်တဲ့ အဝတ်အစားနဲ့ လက်ဝတ်ရတနာတွေအကြောင်း အားရှန့်နဲ့ မပြောနိုင်ဘူး... သိုင်းပညာအကြောင်း ပြောဖို့ဝေးရော့ပဲ ...ငါအဲဒါကို စိတ်ပူနေခဲ့တာ...ဘယ်သူက တွေးမိမှာလဲ...အမေတစ်ယောက်အနေနဲ့ အချိုပွဲတစ်ပန်းကန်နဲ့ ရင်းနှီးဖို့ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်မယ်လို့"

ကျန်းရှုယောင် သူမပြောသည်ကိုကြားရာတွင် သူမလည်း ဝမ်းသာသွားမိ၏။
"အခုအချိန်ကစပြီး အစားအသောက်ပို့ဖို့ပဲဖြစ်ဖြစ် သူမကိုတွေ့ဖို့ပဲ ဖြစ်ဖြစ် မကြာခဏသွားသင့်တယ်...ကလေးတွေအတွက် နေ့တိုင်းသင့်တော်တဲ့ ဟင်းချက်နည်းကို သင်ယူကြရအောင်...ဘယ်လိုထင်လဲ "

ကျိုးရှီက ခေါင်းညိတ်ပြီး
"ကောင်းပြီ..."

"ဒါဆို ကျွန်မတို့ ဒီနေ့စမယ်"

အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေသော ကျိုးရှီက ရေရွတ်လိုက်သည်။

"ငါ မနေ့ကပဲ သူ့ကိုရှာ ခဲ့တယ်... ဒီနေ့ ထပ်သွားမယ်ဆိုရင် ကောင်းပါ့မလား"

ကျန်းရှုယောင် သူမကို တစ်ချက်စိုက်ကြည့်လိုက်ရာ ကျိုးရှီ သူမ၏မကျေနပ်ဖြစ်မှုကို စကားတစ်ခွန်းမှမပါဘဲ ခံစားလိုက်ရသည်။

သူမ ထိုစိုးရိမ်မှုများကို ချက်ချင်းဘေးပစ်လိုက်၏။

" သွား...ငါဒီနေ့သွားမယ်"

ထို့နောက် ကျန်းရှုယောင် စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် သူမကို မီးဖိုချောင်ထဲသို့ ဆွဲသွင်းပြီးမေးလိုက်သည်။

"ဒီနေ့ ဘာသင်ရမှာလဲ"

ကျန်းရှုယောင် ခဏလောက်စဉ်းစားလိုက်၏။ ကလေးတွေက ပြင်းသည့်၊အနံ့အရသာစူးရှသည့်
အစားအစာတွေကို မစားသင့်သည့်အတွက် Cantonese အစားအစာထဲက တစ်ခုကို ရွေးချယ်ခဲ့၏။

သူမက ပြောလိုက်သည်။
"ဆန်ကော်ပြန့်လိပ်"

"ဆန်ကော်ပြန့်လိပ်..."

ကျိုးရှီ ထိုအမည်ကိုကြားသောအခါ အံ့အားသင့်သွားသည်။

"ထူးဆန်းတာတစ်ခုခုရှိလို့လား"

ကျန်းရှုယောင်က အစားအသောက်အတွက် သို့မဟုတ် သိုးအူကဲ့သို့သော ထူးဆန်းသော ပါဝင်ပစ္စည်းများကို သုံးရသည်အားနှစ်သက်ကြောင်း သူမသိသည်။

[ET/N- တရုတ်ဘာသာဖြင့် ဤအစားအစာကို "ဆန်ကော်ပြန့်လိပ်" အစား "ဆန်အူ" ဟုခေါ်သည်။ ထို့ကြောင့် ကျိုးရှီကမေးခြင်းဖြစ်၏။]

"ဘယ်ဟုတ်မလဲ"
ကျန်းရှုယောင်က ရှင်းပြသည်။
"ဆန်ကော်ပြန့်လိပ်တွေကို ဆန်နဲ့လုပ်တာ"

ကျန်းရှုယောင်က ရှင်းပြသည့်အတိုင်း သူမ မနေ့က စိမ်ထားသော ဆန်ကို ယူလာခဲ့သည်။ ဆန်ကို ကြိတ်ချေပြီး ကြေအောင် ကြိတ်ပြီးမှ သင့်လျော်သော ရေပမာဏကို ပေါင်းထည့်ရ၏။ ဆန်ကြမ်းသည် လုံလောက်စွာ မကောင်းမွန်သောကြောင့် ဇကာဖြင့် စစ်ထုတ်ပြီး ဆန်အနှစ်ကို အလွန်ကြည်လင်ပြီး နူးညံ့သည့်အထိ ထပ်မံ ကြိတ်ချေရပါမည်။

ထို့နောက် သင့်လျော်သော ဆားနှင့် မြေပဲဆီ ပမာဏကို ဆန်အနှစ်ထဲသို့ ထည့်ကာ ကောင်းစွာ မွှေပေးရသည်။ ထို့နောက် ပန်းကန်ပြားတစ်ချပ်ကိုယူ၍ ဆီညီညီညာညာထည့်ကာ ဆီကျက်အောင် ဆီသတ်၍ သင့်လျော်သော ပမာဏရှိသော ဆန်အနှစ် လောင်းထည့်ပြီး ကြက်ဥတစ်လုံးကိုခေါက်၊ ဝက်သားနုတ်နုတ်စင်း၊နွေကြက်သွန်ပါးပါးလှီး၊တုံးတစ်ထားသော ဟင်းရွက်များကိုဖြူးရသည်။ ပြီးလျှင် ရေနွေးငွေ့နှင့်နှစ်မိနစ်လောက် ပေါင်းရ၏။။ ဆန်မုန့်နှစ်က တဖြည်းဖြည်း ခဲလာသည်။ ပါးလွှာ ကြည်လင်ပြတ်သားသော ဆန်ပြားဖြူဖြူဖြစ်သွားပြီး နောက် ပန်းကန်ပြားကို ထုတ်နိုင်လေသည်။

နောက်တစ်ဆင့်က ဟင်းခတ်ဆော့စ်ဖြစ်၏။ သူမလတ်ဆတ်မှုတိုးတက်စေရန်အတွက် ပဲငံပြာရည်၊ သကြား၊ ဆီပူပူအနည်းငယ်ကို ပန်းကန်လုံးငယ်တစ်ခုထဲတွင် ထည့်ကာ အားပျော့သွားစေရန် ရေနွေးအနည်းငယ်ထည့်သည်။

သူမ ဆန်ပြားကို ပန်းကန်၏အဆုံးမှ ဓားပြားဖြင့် တွန်းလိုက်သည်။ အဖြူရောင် နူးညံ့သော ဆန်ပြားကို ပန်းကန်၏အောက်ခြေမှ ခွဲထုတ်ပြီး ဝက်အူနှင့်တူသော ရှည်လျားသည့် အမြှောင်းအတွန့်အတွန့်များအဖြစ် လှိမ့်လိုက်သည်။ ကောင်းစွာညှိထားသောဆော့စ်ကိုလောင်းပြီး နှမ်းစေ့ဖြူးလိုက်လျှင် ဆန်ကော်ပြန့်လိပ်များ ရပြီဖြစ်၏။

ဆန်ကော်ပြန့်လိပ်များသည် အဖြူရောင်ဖြစ်ကာ ကြည်လင်နေပြီး ဆော့စ်လောင်းပြီးနောက် ဆန်ကော်ပြန့်လိပ်၏ အဖြူရောင်သည် ပို၍ ထင်ရှားလာသည်။ဆောစ် လောင်းပြီးနောက် ဆန်ကော်ပြန့်လိပ်များကို အမည်းရောင် သို့မဟုတ် နီညိုရောင် အမှတ်အသားများပေးကာ နေရာအနှံ့ လျှောကျသွားသည်။

အိုးထဲကထွက်ခါစ လတ်ဆတ်သည့် ဆန်ကော်ပြန့်လိပ်တွေက အငွေ့တထောင်းထောင်းထနေသည်။ ဆော့စ်၏အူမားမီအနံ့နှင့် ရောစပ်ထားသည့် အခိုးအငွေ့တွေက သန့်စင် မွှေးပျံ့ပြီး အလွန် ဆွဲဆောင်မှုရှိ၏။

"ဒုတိယယောက်မ... စားကြည့်ပါဦး"

ကျန်းရှုယောင် ကျိုးရှီကို တူပေးလိုက်သည်။

သူမကို ကျေးဇူးတင်ကြောင်းပြောပြီးနောက် ကျိုးရှီက ဆန်ကော်ပြန့်လိပ်တစ်ခုကို ယူလိုက်၏။ ဆန်ကော်ပြန့်လိပ်က အလွန်နူးညံ့ပြီး တစ်ချက်ထိလိုက်ရုံနှင့်ကွဲသွားတော့မလို ခံစားရသည်။ သို့သော် ၎င်းသည် နူးညံ့ပြီး ပျော့ပျောင်းကာ တူချောင်းများကြားတွင် တုန်တုန်ယင်ယင် ဖြစ်နေသည်။

ဆန်ကော်ပြန့်လိပ်ကို ပါးစပ်ထဲထည့်လိုက်သည်နှင့် သူမ၏လျှာဖျားသည် နူးညံ့သိမ်မွေ့သောအရသာကြောင့် အံ့သြသွားရသည်။ဆန်ကော်ပြန့်လိပ်ပူပူတွင် ဆော့စ်၏ လတ်ဆတ်မှု၊ နူးညံ့သော ဆန်အရသာ၊ ရိုးရှင်းသော်လည်း မပျော့သော အနံ့အသစ်တို့က လွန်ကဲစွာ ထွက်ပေါ်လာသည်။

ပေါ့ပေါ့ပါးပါး ကိုက်လိုက်ရုံဖြင့် ပျော့ပျောင်းပြီး ဖယောင်းကဲ့သို့သောဆန်ခေါက်ဆွဲက သူမ၏ သွားများကြားတွင် ပွင့်ထွက်သွားသည်။ အသွင်အပြင်က အလွန်နူးညံ့သည်၊ ပျော့ပျောင်းမှုအနည်းငယ်နှင့်ကြံ့ခိုင်မှု အနည်းငယ်ရှိသည်။

အတွင်းက အသားနှင့် ကြက်ဥက အရသာအလွှာများကို ပိုမိုပေးစွမ်းသည်။ အသား၏ရနံ့၊ လတ်ဆတ်သောဟင်းသီးဟင်းရွက်များ၊ဆော့စ် ၏လတ်ဆတ်မှုနှင့်ဆန်၏ချိုမြိန်မှုကို ပေါင်းစပ်ထားသည်။ တစ်ချက်ကိုက်လိုက်သည်က သင့်ကို ပျော်ရွှင်မှု နှင့်နှစ်သိမ့်မှုကို ပေး၏။

"ဘယ်လိုလဲ"
ကျန်းရှုယောင်က မေးသည်။

ကျိုးရှီ ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။ ဆန်ကော်ပြန့်လိပ်တစ်ပန်းကန်လုံး စားပြီးသည့်နောက်မှာ သူမက အချိန်ယူပြီးပြန်ဖြေခဲ့၏။
"ဒီလိုရိုးရှင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ နည်းလမ်းတွေက ဒီလိုအစားအစာမျိုးကို ဖန်တီးပေးနိုင်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

"မနက်စောစောစားရင်အားမာန်နဲ့ စိတ်စွမ်းအင်တွေ ပြည့်ဝလာမှာ"
ဟု သူမကချီးကျူးပြောဆိုခဲ့သည်။

ကျန်းရှုယောင်က ပြုံးပြီးပြော၏။
"ဒါဆိုယောက်မဒါကို သင်ပြီးရင် မနက်ကျ လုပ်လို့ရတယ်"

ကျိုးရှီက အကြံပြုသည်။
"လမ်းဘေးအစားအစာဈေးမှာ ဆန်ကော်ပြန့်လိပ်ရောင်းရင် အားပေးတဲ့လူ အများကြီးရှိလိမ့်မယ် "

ကျန်းရှုယောင် ယခင်က စီးပွားရေးအကြောင်း မစဉ်းစားခဲ့သော်လည်း ယခု ကျိုးရှီက ၎င်းကိုအကြံပြုလာသောအခါ စဉ်းစားပြီး ခေါင်းညိတ်ပြခဲ့သည်။

"ဖြစ်နိုင်တယ်"

လမ်းဘေးအစားအစာဈေးတွင် အရသာပြင်းသောအစားအစာများရှိပြီး ဆန်ကော်ပြန့်လိပ်ကဲ့သို့ ပေါ့ပါးပြီး အရသာရှိသော အစားအစာများသိပ်မရှိပေ။

ဤအကြောင်းကိုပြောရင်း ကျိုးရှီ အရင်က သူမသံသယတွေကို သတိရမိပြီးပြောလိုက်သည်။

"စကားမစပ်...လမ်းဘေးအစားအစာဈေးမှာ ဘာကြောင့် နေ့လည်စာနဲ့ ညစာတွေကိုပဲ ရောင်းချပြီး မနက်စာ မပါတာလဲ"

ကျန်းရှုယောင်က သူမ၏ အတွေးအမြင်တွေကိုပြောပြ၏။

"လမ်းဘေးအစားအစာဈေးက ပျော်စရာကောင်းဖို့ ရည်ရွယ်ပြီး အတွင်းက အစားအစာတွေက မနက်စာအတွက် မသင့်တော်ဘူး... ဒါ့ထက်ဘယ်သူက မနက်စောစောထပြီး လမ်းဘေးအစားအစာစျေးမှာစားချင်မှာလဲ... လူတွေက မနက်စာကိုအိမ်မှာ ဒါမှမဟုတ် လမ်းဘေးဈေးဆိုင်တွေမှာလည်း စားကြလိမ့်မယ်"

ကျိုးရှီ နားမလည်ဟန်ဖြင့်ဆိုသည်။

"ဒါဆို လမ်းဘေးအစားအစာဈေးမှာ မရောင်းနဲ့... မနက်စာအတွက် သင့်တော်တဲ့ ဟင်းချက်နည်းတွေကို မနက်စာဆိုင်မှာ ရောင်းလို့ရတယ်... လမ်းဘေးအစားအစာဈေးတစ်ခုပဲ ဖွင့်ချင်တာလား... ဒါပဲလား"

ဤမေးခွန်းက ကျန်းရှုယောင်ကို အံ့ဩစေခဲ့ပြီး ရှဲ့ရွှင်းကလည်း မနေ့က အလားတူပြောခဲ့သည်။ သူမက ပိုကြီးသောလုပ်ငန်းကို လိုချင်မည်ဟု လူတိုင်းက ထင်နေကြပုံရသည်။

ကျန်းရှုယောင် ဤမေးခွန်းကို မဖြေခဲ့ဘဲ ကျိုးရှီကလည်း ဂရုမစိုက်ပါချေ။ ကျန်းရှုယောင်၏ လမ်းညွှန်မှုအောက်တွင် သူမ ဆန်ကော်ပြန့် လိပ်ပန်းကန်အသစ်တစ်ခု ပြုလုပ်ပြီး သခင်မကြီး၏ ခြံဝင်းသို့ ပျော်ရွှင်စွာ သွားခဲ့သည်။

ကျန်းရှုယောင် စိတ်ထဲမှာ တစ်ခုခုရှိနေသဖြင့် အိမ်ဝင်းထဲမှာ မနေဘဲ အနာဂတ်စီးပွားရေးကိစ္စတွေကို စဉ်းစားရင်း လမ်းလျှောက်ထွက်ခဲ့၏။

ဆိပ်ကမ်းနှင့် လမ်းဘေးအစားအစာဈေးများတွင် စားသောက်ဆိုင်မျာ ထာဝစဉ်ဖွင့်ထားရမည်ဖြစ်သော်လည်း အခြားနေရာများတွင် စားသောက်ဆိုင်များဖွင့်သင့်ပါ၏လော။

သူမပြဿနာတွေအကြောင်းတွေးရင်း အိမ်တဝိုက်လှည့်ပတ်သွားနေချိန်တွင် ကျိုးရှီက ရှဲ့ရှန့်၏ဘေးမှာ ထိုင်နေပြီဖြစ်သည်။

နွေရာသီတွင် ရှဲ့ရှန့်က တံတားကြီး၏အရိပ်တွင် နေ့တိုင်း စာအုပ်တစ်အုပ်ကို ဖတ်လေ့ရှိသောကြောင့် ကျိုးရှီ ယနေ့တွင် ထိုနေရာသို့ ထပ်သွားခဲ့သည်။

ရှဲ့ရှန့်ကို ဆန်ကော်ပြန့်လိပ်မိတ်ဆက်ပြီးနောက် သူမကို မျှော်လင့်တကြီးကြည့်ကာပြောလိုက်သည်။

"မြန်မြန်စားကြည့်"

ရှဲ့ရှန့်က ကျိုးရှီ၏ အစားအသောက်ယူလာပေးမည်ဟူသော ကမ်းလှမ်းချက်ကို လက်ခံလိုက်ကတည်းက အေးစက်စက် မျက်နှာပေး မပေးတော့ပါချေ။

ကျန်းရှုယောင်နောက်ကိုလိုက်ကာ သူမကိုမြှောက်ပင့်လေ့ရှိသည့် ပထမအိမ်တော်ခွဲက အမြွှာနှင့် မတူဘဲ ရှဲ့ရှန့်က ယခုလို ဆန်းသစ်သော အစားအစာကို ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။

ကလေး၏ စူးစမ်းလိုစိတ် ကြီးစိုးသွားသည်။ ကျိုးရှီကို တစ်ချက်ကြည့် ကာ သူမ၏မျှော်လင့်နေသောအကြည့်အောက်တွင် တူများကို ကောက်ကိုင်လိုက်သည်။

သူမက ဖြည်းဖြည်းချင်းစားပြီး ဆန်ကော်ပြန့်ကို ကိုက်လိုက်၏။ သိသာထင်ရှားသည်မှာ သေးငယ်သော အကိုက်လေးမျှသာဖြစ်သော်လည်း သူမ၏မျက်လုံးများသည် ရုတ်တရက်တောက်ပသွားသည်။

ဆန်ကော်ပြန့်များသည် ကိုက်ရသည်မှာ ချောမွေ့ ပျော့ပျောင်းသော်လည်း သွားများကို စေးကပ်ခြင်းမရှိပါချေ။ ဆော့စ်က သန့်ရှင်းလတ်ဆတ်သောကြောင့် ဆန်ကော်ပြန့်များက လတ်ဆတ်ပြီး အနည်းငယ်မွှေးသောရနံ့ကို ပေးစွမ်းသည်။ နုတ်နုတ်စင်းထားသော အသားနှင့် ကြက်ဥအရည်သည် နူးညံ့သောဆန်ကော်ပြန့်ကို အရသာရှိပြီး လန်းဆန်းစေရန်အတွက် အသားအရသာ အရိပ်အမြွက်ပေးသည်။

ဆန်ကော်ပြန့်လိပ်များသည့် အရသာအလွန်ကောင်းမွန်ပြီး ချောမွေ့နူးညံ့ကာ လည်ချောင်းထဲသို့ ညင်သာစွာလျောဝင်သွားသည်။ နူးညံ့သည့် အသွင်အပြင်က လူတွေကို နွေးထွေးသည့် ခံစားချက်ကို ဖြစ်စေ၏။

ကျိုးရှီက သူမကို ရင်တမမနှင့် ကြည့်နေကာ သူမလုပ်ထားသည့်အရာက သူမသမီးအကြိုက်နှင့် မကိုက်ညီမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ရှဲ့ရှန့်က ကော်ပြန့်တစ်ခုကို စားပြီးနောက် သူမ ပါးစပ်ကိုဖွင့်ကာ ပြော၏။

"အရသာရှိလိုက်တာ"

ကျိုးရှီက ရုတ်တရက်ထခုန်ပြီးပြောလိုက်သည်။ "အရသာရှိရင် များများစား... နောင်စားချင်ရင် အမေ့ကို လုပ်ခိုင်းလိုက်"

သူမ၏ စိတ်အားထက်သန်မှုက ရှဲ့ရှန့်ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

သူမမဖြေခင် ကျိုးရှီဆီက ဆက်စားရန်တိုက်တွန်းခံရ၏။

"မြန်မြန် စား...အေးသွားရင် အရသာမကောင်းဘူး"

ရှဲ့ရှန့်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ တစ်ခုခုပြောချင်ပေမဲ့ နောက်ဆုံးမှာ လက်လျော့လိုက်သည်။

ဆန်ကော်ပြန့်လိပ်များက အရသာရှိပြီး သူမ ကိုးရိုးကားယားဖြစ်ပြီး မသက်မသာဖြစ်နေပေငြား ပန်းကန်ပြားပြောင်လက်မသွားမချင်း ဆက်မစားဘဲမနေနိုင်ပေ။

ချက်ပြုတ်ရသည်ကို နှစ်သက်သူတွေအတွက်၊ တခြားသူတွေက သူတို့လုပ်ထားသည့် အစားအစာတွေကို စားသည့်အခါ ကြီးကြီးမားမား ပြီးမြောက်အောင်မြင်သည့်ခံစားချက်တစ်ခုရရှိလေသည်။သူမ အနီးကပ်ချင်ဆုံး သူမသမီးက စားခဲ့သည်ကိုကား ထည့်ပြောစရာပင်မလိုချေ။


ကျိုးရှီ ပျော်ရွှင်နေပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးကို မျိုသိပ်မထားနိုင်ပေ။

သူမ၏ ပျော်ရွှင်မှုက ဖြူစင်သည်။ကော်ပြန့်တစ်ပန်းကန်စားပြီးသည့် ရှဲ့ရှန့်မှာ ကူးစက်ခံခဲ့ရပြီး သူမ ခဏတာ တုံ့ဆိုင်းသွားကာ ကျိုးရှီကို သိပ်မချိုမြိန်သော အပြုံးတောင့်တောင့်တစ်ခုကို ညှစ်ထုတ်ပေးလိုက်သည် ။

ကျိုးရှီ သူမ၏ ထူးဆန်းသော အပြုံးကို ကြည့်ကာ လွှတ်ပေးလိုက်သည်။မည်သို့ပင်ဖြစ်စေ သူမလေးက သူမသမီးဖြစ်သဖြင့် သူမစိုးရိမ်ပါချေ။ သမီးက သူမနှင့်မရင်းနှီးချင်ဘူးဆိုလျှင်ပင် မိခင်တစ်ယောက်အနေနှင့် သူမအကောင်းဆုံးလုပ်ရမည်။

သူမ ရယ်နေသည်ကို ရပ်လိုက်ပြီး ရုတ်တရက်ပါးစပ်ထွက်သွား၏။

"အားရှန််...မနက်ဖြန် အမေသမီးအတွက် စားစရာ ယူလာပေးမယ်နော်"

သူမ၏ အမူအရာမှာ အနည်းငယ် စိုးထိတ်နေသော်လည်း သူမ၏ မျက်လုံးများက အလွန်နူးညံ့သည်။

ရှဲ့ရှန့် အနည်းငယ် ထိတ်လန့်သွားပြီး အသံတိတ်သွားသည်။ ကျိုးရှီက သူမငြင်းမည်ဟု ထင်သောအခါတွင် သူမက ညင်သာစွာ ခေါင်းညိတ်ပြီး "ကောင်းပြီ" ဟု ပြောခဲ့သည်။

ကော်ပြန့်တစ်ပန်းကန်က နှစ်ပေါင်းများစွာ အမေနှင့်သမီးကြားတွင် ပိတ်လှောင်ခံထားရသည့် ရှက်စရာကောင်းသော အငွေ့အသက်ကို တိတ်တဆိတ် ပျောက်ကွယ်သွားစေသည်။

သူတို့ဆီသို့ လျှောက်လာသော ကျန်းရှုယောင် ရပ်လိုက်ပြီး ဤမြင်ကွင်းကို အဝေးက ကြည့်လိုက်သည်။ သူမဘာဆက်လုပ်ရမည်ကို ရုတ်တရက် သဘောပေါက်သွား၏။

ထိုစဥ်တုန်းက စီးပွားရေးလုပ်သည်က ရုတ်တရတ်စိတ်ကူးပေါက်ပြီးလုပ်ခဲ့ခြင်းဖြစ်သည်။ အရေးကြီးဆုံးက လင်းရှီကို ပျော်ရွှင်အောင်ထားရန်ပါပင်။ စားသောက်ဆိုင်ဖွင့်ပြီး သာမာန်လူများကို ဂရုစိုက်ခြင်းသည်လည်း အဓိပ္ပာယ်ရှိလှသည်ဖြစ်လေရာ လင်းရှီ အနောက်ခြံဝင်း၏ အရှုပ်အထွေးကို မေ့သွားကာ ၎င်းကို အာရုံစိုက်ခဲ့သည်။

လင်းရှီက ဤစားသောက်ဆိုင်များဖွင့်ရာတွင် အဓိပ္ပာယ်တစ်ခုတွေ့ရှိခဲ့ပြီး သူမလည်း ထိုနည်းလည်းကောင်းပင်။ သူမအတွက် လမ်းဘေးအစားအစာ စျေးကို ဖွင့်လှစ်ခြင်းသည် ခေတ်မီပြီး လျှံပယ်သော အစားအစာမျိုးစုံကို ရှေးခေတ်ဆီ ယူဆောင်လာပေးသည်။ သာမာန်လူများသည် အစားအစာအသစ်များကို စားသုံးနိုင်ပြီး စားသောက်ခြင်း၏ပျော်ရွှင်မှုကိုလည်း ခံစားနိုင်သည်၊ ၎င်းသည် အဆင့်မြင့်စားသောက်ဆိုင်များဖွင့်လှစ်ခြင်းနှင့် လုံးဝကွဲပြားသည်။

လမ်းဘေးအစားအစာ စျေးထဲတွင် ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြသည်ကို မြင်လျှင် သူမ စိတ်ထဲတွင် ကျေနပ်မှုနှင့် ပြီးမြောက်အောင်မြင်မှု ခံစားချက်ကို ခံစားရလိမ့်မည်။ ဤခံစားချက်က သူမကို ပိုလုပ်ချင်စေပြီး သာမန်လူတွေ၏ စားဝတ်နေရေးပတ်ဝန်းကျင်ကို အပြောင်းအလဲတချို့ ယူဆောင်ပေးချင်မိစေသည်။

၎င်းကို သူမသိပြီးနောက် သူမစိတ်ထဲမှာ ညည်းညူနေခဲ့ရသည်။ ရှဲ့ရွှင်းက သူမ၏စိတ်ကို ရှင်းရှင်းလင်းလင်း သိထားပြီး သူမကိုယ်တိုင်ထက်ပင် အနည်းငယ်ပို၍ နားလည်သည်။

အစားအသောက်က လူတွေ၏ စိတ်နှလုံးကို ကုစားပေးနိုင်ပြီး ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်သည်ဟု သူမက ဆိုခဲ့သည်။ ထို့ကြောင့် ယခု သူမ လူအများကို ပိုမိုအရသာရှိသော အစားအစာများကို စားသုံး၊ အရသာများကို ပိုမိုမြည်းစမ်းကာ အစားအသောက်ပုံစံအသစ်များကို ပိုမိုမြည်းစမ်းကြည့်စေချင်သည်။

ရှဲ့ရွှင်း ခန့်မှန်းသည်က မှန်၏။ ပိုကောင်းပြီး ပိုကြီးသည့် လုပ်ငန်းတွေကို လုပ်ကိုလုပ်ရမည်။


Xxxxx