အပိုင်း (၁၄၄)
Viewers 31k

Part 144






စုန့်ထင်ရှန်း ရှိနေသော သူများကို ကြည့်၍ ရယ်လိုက်သည်။ 




“ဝမ်လေးနဲ့ သူ့မာမားက ဒီကိုလာပြီး မိဘတွေရဲ့ အုတ်ဂူဆောက်ပေးဖို့ ကျွန်တော့ကို အတင်းပြောလို့ လာဖြစ်တာ…ကုမ္ပဏီက ငွေနည်းနည်း ​​ ​ပြတ် နေတယ်..ဒီအကြောင်းကို မဖုံးထားတော့ပါဘူး…ဝမ်လေးရဲ့ မားက အုတ်ဂူဆောက်ဖို့အတွက် ငွေချေပေးတာ..ကျွန်တော့် စီးပွါးရေးလုပ်ငန်းက ခက်ခဲသထက် ခက်ခဲလာတယ်..”




သူစကားများကို ခုလိုကြိုပြောပြီးနောက် သူ့အဒေါ်ကို ကြည့်လိုက်သည်။ “အဒေါ်..ဒီမှာရှိတဲ့ အိမ်တွေရဲ့ တန်ဖိုးက တော်တော် ပေးရတယ်နဲ့တူတယ်…အရင်တုန်းက ကျွန်တော့အဖော်က အိမ်နှစ်လုံးပိုင်တယ်..အပါးနဲ့အမား ဆုံးတော့ ကျွန်တော်ငယ်ငယ်လေးဘဲရှိသေးတယ်…ပိုင်ဆိုင်မှုတွေကို ကျွန်တော့်နာမည်နဲ့ မလွှဲခဲ့ဘူး…အဲ့ဒီနောက် အဒေါ် ကဘဲ ကျွန်တော့်ကို ဖြေရှင်းပေးခဲ့တာ..ပိုင်ဆိုင်မှုတွေကို ကျွန်တော့ကို ပြန်ပေးစေချင်တယ်…ဒါတွေကို ရောင်းပြီးတော့ ကုမ္ပဏီရဲ့ လတ်တလော ငွေကြေးပြဿနာကို ဖြေရှင်းလို့ရတယ်”




ယွမ်ရှ ဘဝင်ကျသွားသည်။ 




စုန့်ထင်ရှန်း၏ အဒေါ် မျက်နှာပျက်၍ ဘာပြောရမှန်းမသိ ဖြစ်နေ​ေလသည်။




တိတ်ဆိတ်နေပြီး ခဏအကြာတွင် အသက်အရွယ် လူလတ်ပိုင်း လူတစ်ယောက်ကပြောသည်။ 




“ထင်ရှန်း မင်းမိဘတွေက ရုတ်တရက် ဆုံးသွားတာ…ငါတို့အမေကဘဲ မင်းကို အိမ်ခေါ်လာပြီး စောင့်ရှောက်ပေးခဲ့တာ…ခုငါတို့မိသားစု ဘယ်လိုအခြေအနေလဲဆိုတာ မင်းသိပါတယ်…ငါ့အမေက ယောင်ချာချာနဲ့ အဲ့ပိုင်ဆိုင်မှု နှစ်ခုလုံးကို ရောင်းခဲ့တယ်…အဲ့လိုမှမလုပ်ရင် မင်းကို ကျောင်းပို့ပြီး ဘယ်လိုလို့ထောက်ပံ့နိုင်မာလဲ…ကြည့်..မင်းက အမျိုးထဲမှာ အကောင်းဆုံး ပညာသင်ခဲ့တယ်…ငါ့အမေကပြောခဲ့တယ် ငါတို့မိသားစုအားလုံး ဒုက္ခကြုံတွေ့နေရပါစေ မင်းကိုတော့ မခံစားစေရဘူးဆိုပြီး..”




သူတို့က ဒီအတိုင်းအတာထိ သူတို့ကောင်းကြောင်းသာ ပြောကြ​ေလသည်။ 




ယွမ်ရှတစ်ယောက် ဘာဖြစ်ခဲ့လဲဆိုတာ စဉ်းစားနေမိသည်။ စုန့်ထင်ရှန်းမိဘတွေ မတော်တဆဖြစ်၍ ဆုံးပြီးနောက် မိသားစူထဲတွင် ပိုင်ဆိုင်မှု နှစ်ခုရှိသေးသည်။ စုန့်ထင်ရှန်းက ငယ်သေးတာကြောင့် သူ့အဒေါ်က အခွင့်ကောင်းယူပြီး ထိုပိုင်ဆိုင်မှုတွေကို ရောင်းခဲ့သည်။




စုန့်ထင်ရှန်းက ခေါင်းငုံ့လိုက်ပြီး ပြုံးလိုက်သည်။




 “အဒေါ်နဲ့ မိသားစုက ကျွန်တော့်ကို စောင့်ရှောက်ခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်..” စောင့်ရှောက်ခဲ့သည်ဆိုတာကို ပြောသောအချိန်တွင် သူ့လေသံသည် အနည်းငယ် တင်းမာနေသည်။




“ဒါပေမယ့် ကျွန်တော့မိဘတွေ ကားအက်စီးဒင့်နဲ့ ဆုံးတုန်းက နစ်နာကြေးနဲ့ လျော်ကြေးတွေရှိပါတယ်…”




စုန့်ထင်ရှန်းက သူ့အဒေါ်ကိုကြည့်လိုက်သည်။ 




“အဲ့ပိုက်ဆံတွေက ဘယ်လောက်များလဲတော့ ကျွန်တော် အတိအကျမသိဘူး…”




စုန့်ထင်ရှန်း၏ ရည်ရွယ်ချက်ကို ယွမ်ရှနားမလည်တော့ပေ။




သူက သူ့အဒေါ်နဲ့ သူ့အဒေါ်မိသားစုကို လက်စားချေချင်နေတာလား…အဲ့လိုပုံ မပေါ်ပါဘူး…




ဒါဆို သူဘာလိုချင်နေတာလဲ…




“ဘာပဲဖြစ်ဖြစ် အဒေါ်က အဲ့ငွေကို သုံးလိုက်ပြီပြောတော့ သုံးလိုက်တဲ့ အတိုင်းဘဲ ထားလိုက်ရအောင်..”




စုန့်ထင်ရှန်းက တူကို ချ၍ ယွမ်ရှကို ကြည့်လိုက်သည်။ “ငါ့ကို ကူညီဖို့ ယောက္ခမတွေကို သူတို့အိမ်ရောင်းပေးဖို့ အကူအညီတောင်းရတော့မယ်..တောင်းပန်ပါတယ်..ရှရှ”




စုန့်ထင်ရှန်းက သရုပ်ဆောင်ကောင်းသူတစ်ယောက်ဆိုတာ ယွမ်ရှသိသွားသည်။ အတွင်းဇာတ်လမ်းနှင့် သူ့စီးပွါးရေး ဘယ်လောက်အောင်မြင်လဲဆိုတာ သူမ မသိလျှင် သူပိုက်ဆံမရှိ၍ ပြဿနာကို ဖြေရှင်းဖို့ ယောက္ခမတွေရဲ့ အိမ်ကို ရောင်းရန် အကူအညီတောင်းမည်ဆိုသည့် ဇာတ်လမ်းကို အမှန်တကယ်ဟု ထင်မိမည်ဖြစ်သည်။




“ရပါတယ်..” ယွမ်ရှ၏ သရုပ်ဆောင်ချင်စိတ်က ပြန်ပေါ်လာသည်။ ဒီဇာတ်လမ်းပြီးအောင် သူမ စုန့်ထင်ရှန်းနှင့်အတူ သရုပ်ဆောင်ပေးရမည်။ “ကျွန်မ ပိုင်ဆိုင်မှုနဲ့ ရှင့်ပိုင်ဆိုင်မှုကို မခွဲခြားထားပါဘူး…ကျွန်မပိုင်ဆိုင်မှုကလဲ ရှင့်ပိုင်ဆိုင်မှုပါဘဲ…ကျွန်မမိဘတွေကလဲ ကန့်ကွက်မှာ မဟုတ်ပါဘူး..ရှင့်ကို ချစ်တဲ့သူတွေက ရှင်အဆင်ပြေတဲ့အထိ ကူညီမှာပါ..တစ်ချို့လူတွေကသာ ရှင်ချမ်းသာလာမှ ရင်းနှီးချင်ယောင်ဆောင်ပြီး ပိုက်ဆံရအောင် ချဉ်းကပ်လာလိမ့်မယ်…ဒါကြောင့် ကျွန်မတို့မိဘတွေကို အနာဂတ်မှာ ကောင်းကောင်းမွန်မွန် ထားနိုင်မာပါ…”




စုန့်ထင်ရှန်း အဒေါ် မျက်နှာမပျက်အောင်ထိန်းထားသော်လည်း ဘာတစ်ခုမှမပြောနိုင်​ေတာ့ပေ။ သူမယူခဲ့သော ငွေတွေကို ပြောမထွက်ပေ။ တစ်ယောက်ယောက်က ယူပြီးရင် ပြန်ပေးသည်ဆိုသည့် ထုံးစံမရှိပေ။ ထို့ပြင် စုန့်ထင်ရှန်း၏ အဖေက သူမ၏ တူဖြစ်သည်။ သူမ သူမ၏ တူရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လျော်ကြေးငွေတွေကို မသုံးခဲ့ဘူးဆိုတာ မဖြစ်နိုင်ပေ။ ထိုအကြောင်းကို ပြောလျှင်တောင်မှ သူမ ဘယ်လိုမှနေမည် မဟူတ်ပေ။ သူမတွင် အကြောင်းပြချက်များ ရှိသည်။ စုန့်ထင်ရှန်းကို ငယ်တုန်းက သူမ မွေးစားခဲ့သည်။ သူ့ကို ကျွေးမွေးပြီး အဝတ်အစားဝယ်ရန် ထိုငွေများကို သုံးခဲ့သည်။ 




စူန့်ထင်ရှန်း ကောလိပ်ဝင်ခွင့်ရတုန်းကို သူမ ထိုငွေတွေကို မပေးခဲ့ဘူးဆိုတာကို သူမ မေ့နေသည်။ စုန့်ထင်ရှန်း မိဘများ၏ နစ်နာကြေးနှင့် ချေးငွေသည် ငွေပမာဏ အလွန်များသည်။




စုန့်ထင်ရှန်းက စကားပြောရပ်လိုက်ပြီး စားပွဲတွင် ထိုင်နေသော တစ်ခြားအမျိုးထဲက တစ်ယောက်ကို ကြည့်လိုက်သည်။ ထိုလူသည် အသက်နှစ်ဆယ်ကျော်လောက်ဘဲရှိသည့် ငယ်ရွယ်သောသူတစ်ယောက်ဖြစ်သည်။ ပြုံး၍ မေးလိုက်သည်။




 “လင်ဖန့်..မင်းမှာ ကောင်မလေးရှိတယ် မဟုတ်လား…မင်းကောင်မလေးက Bureauရဲ့ ဘဏ္ဍာရေးမှာ လုပ်တယ်လို့ အဒေါ်ပြောတာ ကြားထားတယ်…သူ့အဖေကလဲ Bureauရဲ့ water resources မှာ တာဝန်ရှိသူ မဟူတ်လား”






xxxxxxx