အပိုင်း (၁၄၅)
Viewers 31k

Part 145








လင်ဖန့်က သူ့ကျောကို ဆန့်လိုက်ပြီး ယွမ်ရှနှင့် စုန့်ထင်ရှန်းကို ကြည့်လိုက်သည်။ ခေါင်းငြိမ့်၍ ဖြေလိုက်သည်။ “အမ်..ဟုတ်တယ်”




သူ၏ ကောင်မလေးက လှသည်ဟု မထင်ရသော်လည်း အဲ့ဒါက ပြဿနာမရှိပါ။ သူမ၏ မိသားစု အသိုင်းအဝိုင်းက အလွန်ကောင်းသည်။




လက်တွဲဖော်ရှာရာတွင် အနှစ်၂၀လုံး ရည်မှန်းချက်အတွက် ရုန်းကန်နေရသော သင့်ကို ကယ်တင်မည့်သူကို ရှာသင့်သည်။ 




စုန့်ထင်ရှန်းက အရမ်းမိုက်မဲသည်။ သူ၏ မိန်းမသည် မြို့ပြကဖြစ်သော်လည်း ပိုက်ဆံသိပ်မရှိပေ။ သူမလှတာကို ဘယ်သူမှ ဂရုမစိုက်ပေ။ ဒါက စုန့်ထင်ရှန်းကို ဘာကောင်းကျိုးမှ မဖြစ်စေပေ။




စုန့်ထင်ရှန်းက ရပ်လိုက်ပြီး “မင်း ကောင်မလေးရဲ့ နောက်ဆုံးနာမည်က ဟယ် လား..သူမမှာ ဟယ်ဖေးလို့ခေါ်တဲ့ အကိုတစ်ယောက်ရှိတယ်မလား..”




“ခင်ဗျားသူ့ကို သိတာလား” လင်ဖန့် က အံ့ဩသွားသည်။ 




စုန့်ထင်ရှန်းက သူ့လက်ကို ရမ်းလိုက်သည်။ “ငါတို့က ရင်းနှီးတယ်..ဟယ်ဖေးက ကျောင်းတုန်းက ငါ့ရဲ့ အတန်းဖော်ပါ…ငါတို့ဆက်ဆံရေးက ပုံမှန်ထက်ပိုတယ်…သူငါ့ကို သူ့အိမ်မှာ ထမင်းစားဖို့ ဖိတ်ထားသေးတယ်..”ထိုသို့ပြော၍ ယွမ်ရှကို သူကြည့်လိုက်သည်။ 




သူ၏ အသံသည် လူငယ်သမီးရည်းစားများ ကြားတွင် စကားပြောသလို နူးညံ့နေသည်။ သို့သော် သူသည် စားပွဲတွင်ထိုင်နေကြသော လူများကြားရအောင် သူ့အသံကို ထိန်းပြောနေသည်။




 “ဟယ်ဖေးရဲ့ အဆင့်တွေက မကောင်းခဲ့ဘူး…ဆရာမက ငါနဲ့အတူ ထိုင်ခိုင်းတဲ့ချိန် သူ့ကို စာပြပေးပြီး နေစရိတ်နဲ့ မုန့်ဖိုးရအောင် သူ့အိမ်စာတွေကို ကူလုပ်ပေးခဲ့တာ…သူက တော်တော် စမတ်ကျလာတယ်…ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတုန်းက ပထမ ကောလိပ်ကို ဝင်ဖို့ လိုအပ်တဲ့ အမှတ်ကို ရခဲ့တယ်…အဲ့အချိန်တုန်းက သူ့မိသားစုက ငါ့ကို ထမင်းစားဖိတ်ခဲ့တယ်…လက်ထောက် ဒါရိုက်တာဟယ်က မနှစ်က မြို့ပြကို အစည်းအဝေးလာတုန်းက ငါ့ကိုဖုန်းခေါ်ခဲ့တယ်…”




စုန့်ထင်ရှန်း၏ အဒေါ်အပါအဝင် စားပွဲတွင် ထိုင်နေကြသော သူများသည် အံ့ဩသွားကြသည်။ ဟယ် မိသားစုနဲ့ စုန့်ထင်ရှန်း ခုလိုဆက်ဆံရေးမျိုး ရှိသည်ကို ဘယ်သူမှ မသိကြပေ။




လင်ဖန့်က အံ့အားသင့်သွားသည်။ ဟယ်ချင်းက သူ၏ ရည်းစားဟု ပြောသော်လည်း သူမကို လိုက်နေတုန်းဆိုတာ သူ့မိသားစုဝင်များ သိကြပြီး မအောင်မြင်သေးပေ။ စုန့်ထင်ရှန်းက ဟယ်ဖေး၏ ရှေ့တွင် မရေမရာပြောလိုက်မည်ဆိုလျှင်…




စုန့်ထင်ရှန်း အဒေါ်၏ မျက်နှာသည် ပြောင်းလဲသွားသည်။ သူမ၏ အကြိုက်ဆုံး ဝက်သားနှပ်ကိုပင် ဆက်မစားနိုင်တော့ပေ။ ညစာစားပြီးနောက် စုန့်ထင်ရှန်း ၊ယွမ်ရှနှင့် ဝမ်လေးတို့သည် ပြန်ဖို့ပြင်နေစဉ်တွင် သူ့အဒေါ်သည် သူမအခန်းထဲမှ ကဒ်တစ်ခုကို ယူလာခဲ့သည်။ သူမသည် အားလုံးရှေ့တွင် စုန့်ထင်ရှန်းကိုပေး၍ ပြုံးလိုက်သည်။




 “ထင်ရှန်း မင်းစီးပွါးရေးကို ခက်ခက်​ခဲခဲ ကျော်ဖြတ်နေရမာဘဲ အဒေါ် အများကြီး မကူညီနိုင်ဘူး ဒီကဒ်ထဲမှာ ယွမ်တစ်သိန်းရှိတယ် ဒါကအဒေါ်စုထားတဲ့ ပိုက်ဆံတွေ..ယူလ်ုက်ပါ..”




စုန့်ထင်ရှန်း တွေဝေသွားသည်။ 




“အဒေါ် ကျွန်တော် ဘယ်လိုလို့ ယူနိုင်မှာလဲ…ငွေကြေးအခက်အခဲမရှိဘူးဆိုရင် အဒေါ်ကိုတောင် ပိုက်ဆံပေးရအုန်းမာ”




စုန့်ထင်ရှန်း၏ အဒေါ်က ကဒ်ကို သူ့လက်ထဲ အတင်းထည့်ပေးနေသည်။




 “ဒါတွေက ငါ့ပိုက်ဆံ အားလုံးမဟုတ်ဘူး…မင်းမိဘတွေ ဆုံးတုန်းက လျော်ကြေးတွေကို လုံးဝ မသုံးရသေးဘူး..ပိုက်ဆိုင်မှု နှစ်ခုကနေ ရတဲ့ ပိုက်ဆံလဲ ပါတယ်…မင်းမိန်းမယူတဲ့ချိန် သုံးဖို့ ဒီပိုက်ဆံတွေကို စုထားဖို့ တွေးထားတာ…ငါ့မှတ်ဉာဏ်က မကောင်းဘူး…အရင်တုန်းက အရင်းအနှီးတွက် ဒါကို ထုတ်ပေးခဲ့သင့်တယ်…အခု မင်းရဲ့သားကလည်း မူကြိုတက်နေပြီ ဆိုတော့....ကဒ်ရဲ့ လျှို့ဝှက်နံပါတ်က 680817နော်..”




“ဒီပိုက်ဆံတွေက ကျွန်တော့်မိဘတွေ ချန်ခဲ့တဲ့ ပိုက်ဆံ အစစ်တွေလား..”စူန့်ထင်ရှန်းက တွန့်ဆုတ်စွာ မေးလိုက်သည်။




စုန့်ထင်ရှန်း၏ အဒေါ်က ခါးသီးမှုကို မြိုချ၍ သွားပေါ်အောင်ပြုံးလိုက်ပြီး ဖြေလိုက်သည်။ 




“ဟုတ်ပါတယ်..”




စူန့်ထင်ရှန်းက သူမ၏ အမူအရာကြောင့် လက်ခံရမှာ အင်တင်တင်ဖြစ်နေပုံပေါက်နေပြီး ပြောလိုက်သည်။ 




“အဒေါ် ကျွန်တော့်ကြောင့် ပင်ပန်းရပြီ..”




ကြီးမားသော မိသားစုက သူတို့မိသားစု သုံးယောက်ကို တံခါးအပြင်ဘက်ထိ လိုက်ပို့သည်။ 




စုန့်ထင်ရှန်းက တက်စီကိုရပ်ခိုင်းလိုက်ပြီး ဝမ်လေးနှင့် ယွမ်ရှကို တက်ခိုင်း၍ နှုတ်ဆက်စကား ပြောနေသည်။ ဒါက စိတ်ချမ်းသာစရာ မြင်ကွင်းတစ်ခု ဖြစ်နေသည်။




တက်စီက အဝေးသို့ရောက်ပြီး ထိုမိသားစုကိုမမြင်ရတော့တဲ့ အချိန်မှ စုန့်ထင်ရှန်းက သူ၏ ဂရုမစိုက်သော ပုံမှန် အမူအရာ ပြန်ဖြစ်သွားသည်။ သူက ယွမ်ရှကို ကဒ်ပေးလိုက်ပြီး “ဒီမှာ ..ယူလိုက်..ယွမ်တစ်သိန်းက မင်းပိုက်ဆံအိတ် ဝယ်ဖို့အတွက် လုံလောက်ပါတယ်..”




ယွမ်ရှ စုန့်ထင်ရှန်းအပေါ် သဘောကျ၍ စွဲမက်သွားသည်။ သူက စီးပွါးရေးသမား တစ်ယောက်အဖြစ် မွေးဖွားလာတာပဲ... ယွမ်သုံးရာကို ယွမ်တစ်သိန်းနှင့် လဲလှယ်လိုက်နိုင်တယ်...








xxxxxxx