အပိုင်း (၁၄၆)
Viewers 31k

Part 146


စုန့်ထင်ရှန်းနှင့် ယွမ်ရှ အပူအပင်မရှိ ထွက်ခွါသွားပြီးနောက် သူအဒေါ်နှင့် မိသားစုသည် အိမ်ထဲပြန်ဝင်လာကြသည်။ သူမ လုပ်ခဲ့သောအရာကို မကျေနပ်ကြောင်း တစ်ယောက်ပြီးတစ်ယောက် ပြော​ေနကြ​ေလသည်။


“မာမား ဘာဖြစ်လို့ သူကို ယွမ်တစ်သိန်း ပေးလိုက်တာလဲ…ကျွန်တော်တို့မိသားစုက ပိုက်ဆံမရှိဘူး…ဒီပိုက်ဆံတွေရှိတယ်ဆို ကျွန်တော် စီးပွါးရေးလုပ်ဖို့ ဘာလို့မပေးခဲ့တာလဲ”


“စုန့်ထင်ရှန်း ပိုက်ဆံမရှိဘူးဆိုတာ ငါလုံးဝမယုံဘူး..သူ့မိန်းမရဲ့ ပိုက်ဆံအိတ်က အနည်းဆုံး ယွမ်တစ်သိန်း တန်တယ်…သူချမ်းသာတာ ငါတို့သိရင် ပိုက်ဆံတောင်းမှာ စိုးနေတာ..အဲ့ဒါကြောင့် သူဆင်းရဲချင်ယောင်ဆောင်နေတာ…သူက ကြံစည်တဲ့နေရာမှာ တော်တယ်…ခုလို ကြီးမားတဲ့ စီးပွါးရေး လုပ်နိုင်တာ မထူးဆန်းဘူး…ဒီလူက စိတ်မချရဘူး..”


“အဖွား..ဘာဖြစ်လို့ သူ့ကို ငွေတွေပေးခဲ့တာလဲ…သမီး နိုင်ငံခြား သွားချင်နေတာ ..အဖွား ပိုက်ဆံရှိရင် ခရီးစရိတ်ပေးသင့်တယ်..”


စုန့်ထင်ရှန်း၏ အဒေါ်က သူမ၏ ဒေါသကို ထိန်းချုပ်ထားသည်။ သူမ ဒေါသပေါက်ကွဲရန် စုန့်ထင်ရှန်း ပြန်တဲ့အထိ စောင့်နေခဲ့သည်။ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ “တိတ်စမ်း..အဲ့တာ ငါ့ရဲ့ ပိုက်ဆံတွေဖြစ်လို့ ဘယ်လိုသုံးသုံး ဘယ်သူ့ကိုပေးပေး မင်းတို့ အလုပ်မဟုတ်ဘူး..”


“မာမား..”သူမ၏ ချွေးမအကြီးဆုံးက သူမကို နှစ်သိမ့်ဖို့ရန် လာခဲ့သည်။ “သမီးတို့က မားမား ပိုက်ဆံကို မသုံးနဲ့လို့မပြောပါဘူး…ဘယ်သူမှလည်း စောင့်ကြည့်မနေပါဘူး…အဲ့ဒါက နည်းတဲ့ ငွေပမာဏ မဟူတ်ဘူးဆိုတာ အားလုံးက ထင်ကြရုံပါ…မာမားက အဲ့ဒါကို အပြင်လူကို ဒီတိုင်းပေးလိုက်တော့ အားလုံး စိတ်ပူနေကြရုံပါ..”


“ငါ့ပိုက်ဆံတွေ ဆုံးရှုံးသွားတာ စိတ်မကောင်းမဖြစ်ဘူးလို့ ထင်နေတာလား..”စုန့်ထင်ရှန်းအဒေါ်က သူမ၏ သားသမီးများနှင့် မြေးများကို ကြည့်လိုက်သည်။ “အကြီးဆုံးသား..မင်းရဲ့ ပစ္စည်းပို့တဲ့ကား ဝယ်ထားတဲ့ ပိုက်ဆံက ဘယ်ကလဲဆိုတာ မင်းမသိဘူးလား..သားအလတ်..မင်းလက်ထပ်တုန်းက ဝယ်ထားတဲ့ အိမ်က ဘယ်ကပိုက်ဆံလဲ ဆိုတာ မေ့နေပြီလား..တတိယသား..မင်း စီးပွါးရေးစလုပ်မယ်ဆိုတုန်းက မင်းကို ပေးလိုက်တဲ့ ယွမ်တစ်သိန်းကို မေ့နေပြီလား..စုန့်ထင်ရှန်းက ဘာမှမသိဘူးလို့ ထင်နေကြတာလား…ငါက သူ့မိဘတွေရဲ့ ပိုင်ဆိုင်မှုနှစ်ခုကို ရောင်းခဲ့တယ်…သူ့မိဘတွေရဲ့ အက်စီးဒင့်ကနေရတဲ့ အာမခံငွေတွေကို မင်းတို့အပေါ်မှာ မသုံးခဲ့ဘူး…ငါတို့မိသားစုက အရမ်းဆင်းရဲခဲ့တယ်…ငါတို့မိသားစု ခုလို ကောင်းကောင်းမွန်မွန်နေနိုင်တာ ဘာကြောင့်လဲဆိုတာ မေ့နေပြီလား..”


အဖွားကြီးက ထိုစကားများပြောလိုက်သောအခါ အားလုံးငြိမ်ကျသွားကြသည်။ 


စုန့်ထင်ရှန်းကို ပိုက်ဆံပေးသောကိစ္စကို သူတို့ပြောခဲ့သော်လည်း သူတို့သည် အိမ်တွင် ခုလို နေနေရတာ ဘာကြောင့်လဲဆိုတာ သိသည်။


စုန့်ထင်ရှန်း၏ ဒီအိမ်တွင် နေစရိတ်သည် သူ့မိဘတွေ ဆုံးပြီးနောက် ကျန်ခဲ့သည့် ငွေ၏ သုံးဆယ်ပုံ တစ်ပုံသာရှိသည်။


စုန့်ထင်ရှန်း ကောလိပ်သွားတက်တုန်းက သူတို့သည် ပိုက်ဆံ တစ်ပြားမှ မပေးခဲ့ပေ။ စုန့်ထင်ရှန်းသည် သူ၏နေစရိတ်နှင့် ကျူရှင်ခအတွက် အလုပ်လုပ်ခဲ့ရသည်။


စုန့်ထင်ရှန်း၏ အဒေါ်က ဆက်ပြောလိုက်သည်။ “သူအခု ချမ်းသာနေတာငါသိတယ်..သူက အရင်တုန်းကနဲ့ မတူဘူး..မြို့ပြမှာ သူဘယ်လိုနေတယ်ဆိုတာ ငါမသိဘူး..ဒါပေမယ့် မင်းတို့ အားလုံးပေါင်းရင်တောင် သူ့လောက် အကြံဉာဏ်မကောင်းနိုင်ဘူး…သူ့ကို စိတ်ညစ်အောင်လဲ ငါတို့မလုပ်နိုင်ဘူး..သူ့ကို ရှောင်ဘဲရှောင်နိုင်တယ်…ငါတို့ အမျိုးတွေ မဟုတ်ဘူးလို့ ဟန်ဆောင်နေပါ..သူဘယ်လောက် ချမ်းသာသာ ငါတို့သူ့ဆီ မသွားသင့်ဘူး..”


ထိုမိသားစုသည် ငတုံးများ မဟုတ်ပေ။ အနည်းဆုံးတော့ သူမဘာဆိုလိုလဲဆိုတာ သူတို့သိသည်။


သူတို့သည် မတုံးအ ကြပေ။ စုန့်ထင်ရှန်းက ဆင်းရဲချင်ယောင်ဆောင်နေသည်ဆိုတာကို သူတို့သိသည်။ သူတို့နှင့် ဆယ်နှစ်ကျော်နေလာခဲ့ပြီး မြို့ပြမှာ ပညာတော်သင်သွားပြီးနောက် ဆင်းရဲသော ကောင်လေးတစ်ယောက် မဟုတ်တော့ပေ။ သူက မြို့ပြတွင် သူ့အတွက် အကောင်းဆုံးကြိုးစားသည် ဆိုတာကို သူတို့သိသော်လည်း မသေချာပေ။


သို့သော် မြို့ပြတွင် ကြိုးစားကြသည့် မည်သူမဆို ပုံမှန်တော့ မဟုတ်ပေ။ စုန့်ထင်ရှန်းက အလွယ်သမား မဟုတ်ပေ။ သူဒီနေ့ ဘာကြောင့် ဒီအိမ်ကိုလာသလဲဆိုတာ သိသာနေသည်။ 


သူ ယွမ်တစ်သိန်း ရချင်လို့လား။ လုံးဝမဖြစ်နိုင်ပေ။