အပိုင်း (၁၄၇)
Viewers 31k

Part 147


သူတို့မိသားစု အပေါ် စုန့်ထင်ရှန်း၏ အပြုအမူကိုကြည့်၍ ပြောရလျင် စုန့်ထင်ရှန်းအောင်မြင်လာသောအခါ သူ့ဆီမှ အခွင့်အရေးရမည် မဟုတ်ပေ။ သူတို့ကို စုန့်ထင်ရှန်းက တစ်ခုခုလုပ်လျှင်လည်း သူတို့ဘာမှ တတ်နိုင်မည် မဟုတ်ပေ။


လင်ဖန့် လိုက်နေတဲ့ ကောင်မလေးကို သူပြောတာ တိုက်ဆိုင်မှုလား။ မဖြစ်နိုင်ဘူး..သူက သူတို့ကို ခြိမ်းခြောက်ချင်လို့ ဖြစ်နိုင်သည်။


သူ ဟယ်ဖေးကို စကားအနည်းငယ်ပြောလိုက်လျှင် လင်ဖန့်၏ အစီအစဉ် ပျက်သွားမည်ဖြစ်သည်။ လင်ဖန့်သည် ဟယ် မျိုးနွယ်နှင့် လက်ထပ်လိုက်လျှင် သူအမြင့်ကိုရောက်နိင်သည်ဟု သူတို့အားလုံး မျှော်လင့်ထားကြသည်။ ထိုယွမ်တစ်သိန်းကို ပေးလိုက်တာကလည်း ဒုက္ခမကြုံတွေ့ရအောင် ဖြစ်သည်။


စုန့်ထင်ရှန်း ခုလို မရောက်လာတာ နှစ်အတော်ကြာပြီ ဖြစ်သည်။ သူဘာကြောင့် ခုလိုရောက်လာပြီး ညစာစားအတူတူစားရင်း သရုပ်ဆောင်ရတာလဲ။ အဘယ်ကြောင့်ဆ်ိုသော် စုန့်ထင်ရှန်းက သူတို့ဘဝတွေကို အလွယ်တကူ ဖျက်ဆီးနိုင်တယ်ဆိုတာ သိစေချင်လို့ဖြစ်သည်။


စုန့်ထင်ရှန်း၏ အောင်မြင်မှုကနေ အခွင့်အရေးမရတာကို သူတို့ ဝမ်းနည်းနေကြသော်လည်း စုန့်ထင်ရှန်းသည် သူတို့နှင့် အဲ့လောက်မရင်းနှီးပေ။ သူတို့အပေါ် ကြံစည်၍ လက်တုံ့မပြန်တာ ကံကောင်းသည်ဟု ပြောရမည်။ သူတို့သည် အနာဂတ်တွင် သူနှင့် အမျိုးတော်စပ်မှု မရှိသလိုသာ နေရတော့မည်။ သူနှင့် အဆက်အသွယ်ဖြတ်၍ ဖြစ်လာမည့် ပြဿနာတွေကို ရှောင်ရန် သုံးလိုက်သော ယွမ်တစ်သိန်းသည် သူတို့အတွက် အကျိုးရှိ​ေပသည်။


......


ယွမ်ရှ ကဒ်ကို လက်ခံလိုက်ပြီး စုန့်ထင်ရှန်း အဒေါ် သူ့ကို ထိုကဒ်ပေးတုန်းက မျက်နှာအမူအရာနှင့် သူ့အမျိုးများ၏ နာကျင်နေသော အမူအရာများကို တွေးနေသည်။ သူမ ကဒ်ကို အိတ်ထဲ ပျော်ရွှင်စွာထည့်လိုက်ပြီး ပြောလိုက်သည်။ 

“ဆုကြေးငွေအတွက် ကျေးဇူးတင်ပါတယ် သူဌေး..”


စုန့်ထင်ရှန်းက အနည်းငယ် ပြုံးလိုက်ပြီး ဘာတစ်ခုမှ မပြောပေ။


သူ့အမူအရာက အစောပိုင်းကနှင့် အလွန်ကွာခြားသည်။ သူ၏ သရုပ်ဆောင်ကျွမ်းကျင်မှုသည် အင်ပါယာ ရုပ်ရှင်ကဲ့သို့ အလွန်ပီပြင်သည်။ လူတစ်ယောက်၏ နာကျင်စေသော နေရာကို ဓားဖြင့်ထိုးသကဲ့သို့ ပြောခဲ့သော စကားများကို စုန့်ထင်ရှန်း ပြန်မတွေးပေ။ ယခု သူသည် ခပ်တန်းတန်းနေသည့် တည်ငြိမ်သော CEOအဖြစ်ပြောင်းသွားပြီး စကားပြောရမှာ နှမြောတွန့်တိုနေသည်။


ယွမ်ရှသည် အဲ့ဒါကို ထပ်တွေး၍ မေးလိုက်သည်။ “ရှင်က အဲ့ပိုင်ဆိုင်မှုနှစ်ခုကို ပြန်တောင်းဖို့ မစီစဉ်ထားဘူးမလား..”


စုန့်ထင်ရှန်းက ပြဿနာဖြစ်ချင်ရင်လျှင် သူတို့မိသားစုနှင့် ဖြေရှင်းရန် ခက်ခဲမည်မဟူတ်ဘူးဆိုတာကို သူမယုံကြည်သည်။ သူတို့မိသားစု ဘယ်လောက်ဘဲရှိရှိ အရေးမကြီးပေ။ သူတို့ စုန့်ထင်ရှန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။ တစ်ချို့ဝတ္ထုတွေမှာ ဇာတ်ကောင်က အားနည်းသောကြောင့် စိတ်တိုစရာကောင်းတဲ့ ဆွေမျိုးတွေက အနိုင်ကျင့်ကြသလားဆိုတာ သူမ သေချာတွေးနေသည်။ သို့သော် သူမ မြင်ခဲ့ရသောအခါ ထိုမိသားစုသည် စုန့်ထင်ရှန်းကို ရန်စရဲမည် မဟူတ်ပေ။


တိုက်ခိုက်ကြသော စိတ်တိုစရာ ထိုဆွေမျိုးများသည် စုန့်ထင်ရှန်းနှင့် မတန်ပေ။


စုန့်ထင်ရှန်းက သူမကို ကြည့်၍ ပြောလိုက်သည်။ “ယွမ်တစ်သိန်းက သူတို့စိတ်ထဲက သတ်မှတ်တဲ့ အတိုင်းပါ…ငါသူတို့ကို ပိုင်ဆိုင််မှု နှစ်ခုကို ပြန်ပေးနိုင်တယ်..ဒါပေမယ့် အဲ့လိူလုပ်ဖို့ ငါ့အချိန်နဲ့ လုပ်ပေးရတာနဲ့ မတန်ဘူး…ငါ သူတို့ကို ဆက်မနှောင့်ယှက်ချင်ဘူး…ဒီဖြစ်ရပ် ဖြစ်ပြီး သူတို့ အနာဂတ်မှာ အခက်အခဲကြုံတွေ့ရတယ်ဆိုရင်တောင်မှ ငါ့ကို လာရှာရဲမှာ မဟုတ်တော့ဘူး…ဒီပိုင်ဆိုင်မှုတွေက ငါ့အတွက် အများကြီးမတန်ပါဘူး..ဒါမဲ့ သူတို့အတွက်က ဓားနဲ့ သူတို့သွေးကို ယူနေသလို ဖြစ်နေတယ်…သူတို့ နာကျင်နေတာကို မြင်ရတာ ပျော်ပေမယ့် သူတို့ကို အရမ်းဖိအားပေးလိုက်ရင် ယုန်တွေကလည်း ကိုက်လိမ့်မယ်…ငါ့မှာ ဝမ်လေးလဲရှိသည် မင်းလဲရှိတယ်လေ..”


သူဆက်မပြောခင်မှာ ရပ်လိုက်သည်။ 


“ငါ့မှာ အခုမိသားစုရှိပြီဆိုတော့ သူတို့နဲ့ မပက်သတ်ချငိတော့ဘူး..သူတို့ကို ပိုက်ဆံမပေးခိုင်းရင် သူတို့အတွက် အရမ်းလွယ်မယ်လို့ ထင်တယ်…သူတို့က တကယ်တော့ ငါ့ကို အကြွေးတင်နေတာ…ငါတို့ အဲ့ကို ၅နာရီကရောက်တယ် ခု၈နာရီရှိပြီ ..သုံးနာရီအတွင်းမှာ ယွမ်တစ်သိန်းရတာ မတန်ဘူးလား..”


စုန့်ထင်ရှန်းသာ တစ်ကိုယ်တည်းသမားဆ်ိုရင် ထိုမိသားစု သူ့ကိုဘာအခွင့်အရေးမှ မတောင်းချင်တော့တဲ့အထိ နှိပ်စက်ခံနေရမည်ဆိုတာကို ယွမ်ရှ နားလည်သွားသည်။ ခု သူမိသားစုရှိပြီဆိုတော့ သူ့ကလေးအတွက် အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာဘဲ နေချင်သည်။ အချိန်ကျလာလျှင် ထိုမိသားစုသည် ဝမ်လေးကို ကျေးဇူးတင်ရမည်။ အဘယ်ကြောင့်ဆိုသော် ဒီဝဝကစ်ကစ် ကလေးလေး ကြောင့်သာ မဟုတ်လျှင် သူတို့ ယွမ်တစ်သိန်းထက် ပိုပေးရမည် ဖြစ်သည်။ 


စုန့်ထင်ရှန်းက အလွန်ခေါင်းအေးစွာ စဥ်းစားနိူင်ပေသည်။သူ့အတွက် ဘယ်အရာက ပိုအရေးကြီးသည်ကို သိပြီး မှန်ကန်သော ဆုံးဖြတ်ချက်ကို လုပ်ခဲ့သည်။