အပိုင်း (၁၄၈)
Viewers 31k

Part 148


“ဟုတ်တယ်..အဲ့ဒါက တကယ်ထိုက်တန်ပါတယ်..” စုန့်ထင်ရှန်း ထိုလူများကို စိတ်ညစ်အောင် လုပ်သည်ကို ကြည့်ရတာ အလွန် ကျေနပ်စရာကောင်းပြီး သူမ စုန့်ထင်ရှန်း၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်သည်။ ထိုဆွေမျိုးများသည် သူတို့ဆီကို နေ့တိုင်းလာ၍ နှောင့်ယှက်နေလျှင် အလွန် စိတ်ညစ်စရာကောင်းမည် ဖြစ်သည်။


ယွမ်ရှက ပြုံး၍ မေးလိုက်သည်။ “ဒီနေ့ ရှင်နဲ့ အတိုင်ဖောက်ညီညီ အလုပ်လုပ်ပေးတာ အကောင်းဆုံးဖြစ်ရဲ့လား..”


အဲ့မှာတုန်းက စုန့်ထင်ရှန်းက သူမကို ရှရှဟုခေါ်၍ သူမက သူ့ကို ယောကျာ်းလို့ခေါ်သည်ကို သူမ တွေးနေသည်။ သူတို့ သရုပ်ဆောင်ကောင်းဖို့ အလွန်ကြိုးစားခဲ့ကြသည်။


စုန့်ထင်ရှန်းက ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ “မင်းအကောင်းဆုံး လုပ်ခဲ့ပါတယ်..ယွမ်တစ်သိန်းက မင်းရဲ့ ဝန်ဆောင်ခဘဲ…”


ယွမ်ရှက အံ့ဩချင်ယောင်ဆောင်လိုက်သည်။ “ကျွန်မရဲ့ သရုပ်ဆောင်ခက ၁၈လိုင်းမှာ ရှိတဲ့ သရုပ်ဆောင်ထက်တောင် ပိုမြင့်တယ်..”


တစ်နာရီကို ယွမ်သုံးသောင်းဆိုတော့ သူမက ၁၈လိုင်းကနေ ၈လိုင်းမြှောက်အထိ အဆင့်တက်သွားသည်။


“အရမ်းနည်းနေလို့လား..”စုန့်ထင်ရှန်းက မေးလိုက်သည်။


“လုံးဝဘဲ..ဒါက အတော် များတယ်”


ယွမ်ရှ တွက်ချက်ပြနေသည်။ “မနက်ဖြန် မနက်ဘဏ်ကို စောစောသွားပြီး ကဒ်ထဲက ပိုက်ဆံထုတ်ရမယ်…ပိုက်ဆံက ၂၄နာရီ အတွင်းမှာဘဲ ထုတ်လို့ရပြီး တစ်ရက်အတွင်းမှာ အကန့်အသတ်ရှိတယ်..ပိုက်ဆံကို မြန်မြန် ထုတ်လိုက်ရင် စိတ်အေးရပြီ…သူတို့ ကဒ်ထဲက ပိုက်ဆံကို တိတ်တိတ်လေး ခိုးထုတ်ထားရင် ဘယ်လိုလုပ်မလဲ..”


“သူတို့ မလုပ်ပါဘူး..အဲ့လိုလုပ်ရဲမှာ မဟုတ်ဘူး..”စုန့်ထင်ရှန်းက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ 


“ဒါပေမဲ့လည်း ကျွန်မ ပိုက်ဆံတွေကို ထုတ်ချင်သေးတယ်..”


ယွမ်ရှသည် ထပ်ကာထပ်ကာ စဉ်းစား၍ ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ကျွန်မ ဝမ်လေးနဲ့ရှင့်အတွက် mallမှာ အင်္ကျီဝယ်ပေးရမယ်..ကျွန်မ ဒီယွမ်တစ်သိန်းကို ဖြုန်းတီးချင်နေပြီ..”


ဝမ်လေးအကြောင်းကို ပြောရင်း ယွမ်ရှနှင့် စုန့်ထင်ရှန်းသည် ဝမ်လေး ဝမ်းနည်းနေသေးသည်ဆိုတာကို သတိရသွားသည်။ 


ဝမ်လေးက စိတ်မကောင်းဖြစ်နေသော်လည်း သူ့အမေက အင်္ကျီများဝယ်ပေးမည်ဟု ပြောသည်ကို ကြား၍ ပျော်သွားသည်။ ကလေးများကို ချော့ရသည်မှာ အလွန်လွယ်ကူသည်။ 


စုန့်ထင်ရှန်းက ဝမ်လေးကို သူ့ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ သူ၏ ခေါင်းလေးကို ပုတ်၍ သူ့လက်ကောက်ဝတ်ကို စစ်ဆေးလိုက်သည်။ အနီအမှတ်များ ပါးသွားသည်ကို တွေ့ပြီးနောက် ပြောလိုက်သည်။ 


“ဝမ်လေး..ပါပါးနဲ့ မာမားက သား မဟုတ်တာမလုပ်ဘူးဆိုတာ ယုံကြည်တယ်..”


“ပါပါးက မင်းကို တောင်းပန်ဖို့ လိုသေးတယ်..”စုန့်ထင်ရှန်း၏ စကားသည် စိတ်ရင်းအတိုင်းဖြစ်သည်။ “ပါပါးက သားအတွက် အဲ့ကလေးမလေး အမှားကိုဝန်ခံပြီး  သားကိုတောင်းပန်လာအောင် ပြောပေးခဲ့သင့်တယ်..ပါပါး အဲ့လို မလုပ်ပေးခဲ့ရဘူး..”


ဝမ်လေးသည် ဘာမှမပြောပေ။ သူ့ခေါင်းလေးကို ငုံ့၍ လက်ကောက်ဝတ်တွေကို ကြည့်လိုက်သည်။


“အနာဂတ်မှာ ဒီနေ့ကလို အဖြစ်မျိုး သားကြုံတွေ့ရနိုင်တယ်..ဘာဖြစ်ခဲ့လဲဆိုတာကို မရှင်းပြနိုင်ဘူး..တစ်ခြားသူတွေကလဲ ယုံမှာမဟူတ်ဘူး..ဒါမဲ့ ပါပါး အာမခံနိုင်တာ တစ်ခုတော့ရှိတယ်..” 


စုန့်ထင်ရှန်းက သူ၏ ပါးဖောင်းဖောင်းလေးများကို ညစ်၍ လေးလေးနက်နက် ပြောလိုက်သည်။ “သား အမှားမလုပ်ထားဘူးလို့ပြောရင် ပါပါးနဲ့ မာမားကတော့ ယုံတယ်ဆိုတာ အာမခံနိုင်တယ်…ကမ္ဘာပေါ်မှာ ဘယ်သူကမှ သားကို မယုံလဲ ကိစ္စမရှိဘူး…ပါပါးနဲ့ မာမားက သားကို အမြဲယုံတယ်..”


မိဘများသည် အဆိုးများနှင့် အဟန့်အတားများအားလုံးကို သူတို့ ကလေးများအတွက် မဖယ်ရှားပေးနိုင်ပေ။ သူတို့အစား အခက်အခဲများကို ကျော်လွှားပေးနိုင်မည်လည်း မဟုတ်ပေ။ သို့သော် သူတို့ လုပ်ပေးနိုင်တာ တစ်ခုကတော့ သူတို့ ကလေးဘက်ကနေ ရပ်တည်ပေးတာဘဲ ဖြစ်သည်။ သူတို့ကလေးကို ထောက်ပံ့ပေးပြီး ယုံကြည်ပေးခြင်း ဖြစ်သည်။


ဝမ်လေး သူ့အဖေကို မှီလိုက်ပြီး ပီပီသသနှင့် ကျယ်လောင်စွာ ပြောလိုက်သည်။ “ ပါပါး ရပါတယ်..သား ပါပါးကို ခွင့်လွှတ်တယ်..”


“သားရဲ့ နားလည်မှုအတွက် ကျေးဇူးတင်ပါတယ်”


သူတို့ သားအဖနှစ်ယောက်၏ ဆက်ဆံရေးကို ကြည့်၍ ယွမ်ရှ ပြုံးလိုက်သည်။


 သူမအိတ်ထဲက ယွမ်တစ်သိန်းရှိသော ကဒ်ကို တွေးရတာ ပို၍ပျော်ရွှင်နေသည်။ တစ်ခြားသူတွေဆီကနေ ကူးစက်တဲ့ ပျော်ရွှင်မှုက သင့်ကို နှစ်ဆပိုပျော်ရွှင်စေပါလိမ့်မည်။


xxxxxxx