အပိုင်း ၉၆
Viewers 16k

Chapter 96


သို့ပေမဲ့ ဤည၌ အနှီစိတ်ငြိမ်းချမ်းမှု ပျက်သွား၏။

"သခင်မက ကျွန်မလူကောင်ထွက်ပြစရာ မလိုဘူးလို့ပြောခဲ့တယ် မဟုတ်လား"
သူမက အံ့သြစွာပြောသည်။

ဆိုင်ရှင်က သူ့သံသယတွေကို နားမလည်ဘဲဆို၏။

"ဘာကိုထွက်ပြရမှာလဲ...နင်က လူတွေရှေ့မှာ ချက်ပြဖို့ပဲလိုတယ်.. နောက်ပြီး နင်က အပျိုပေါက်လေးလဲမဟုတ်ဘူး...နင်က နင့်မျက်နှာကို ပြရမှာ ကြောက်ပေမဲ့ အပြင်မှာ ရပ်နေတဲ့ သခင်မလေးကို မတွေ့ဘူးလား"

ထမင်းချက်က လူတွေကို မတွေ့ဝံ့ပေ။ အရင်တုန်းကခင်ပွန်းသည်က သူမကို ခေါင်းကနေ အမြဲထိုးကြိတ်ကန်ကျောက်သည်။ ယခု သူမတွင် ခင်ပွန်းဖြစ်သူ၏ ခြေရာလက်ရာများကျန်ရှိနေကာ သူစိမ်းများကို ကြောက်နေရဆဲဖြစ်သည်။

ဆိုင်ရှင်က သူမကို ဆက်ပြီး ဖြောင့်ဖြနေကာ နောက်ဆုံးတွင်ပြောလိုက်၏။

"သခင်မက နင့်ကို ဆိုးဆိုးရွားရွား ဆက်ဆံတာ မဟုတ်ဘူး...သခင်မလေးကလည်း နင့်ကို ယုံကြည်ပြီး ရဲရဲဝံ့ဝံ သင်ပေးခဲ့တာ... အခုအချိန်မှာ သူတို့ နင့်ကို လိုအပ်နေတာ...နင်ငြင်းဖို့တောင် လိုသေးလား"

သူ့စကားက ထမင်းချက်၏ နှလုံးသားထဲထိ ရောက်သွားပြီး သူမ အံကြိတ်ကာပြောလိုက်၏။

"ကောင်းပြီ...ကျွန်မသွားလိုက်မယ်"

အစားအသောက်ကောင်တာကို ဆိုင်အဝင်ဝသို့ တွန်းပို့လိုက်သည်။ လမ်းမပေါ်တွင် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေကြသူများနှင့် စည်ကားနေ၏။

ဆိုင်ရှင်က ယနေ့ ထိုလူရမ်းကားများစားသည့် ထမင်းကြော်ကို ထုတ်ပြပြီးပြောလိုက်သည်။

"ဒါက အဲဒီလူတွေ စားကြတဲ့ဟာပါပဲ...ကျန်တဲ့ ပန်းကန်တစ်ဝက်က ကြက်ဥထမင်းကြော်ဆိုတာ မိတ်ဆွေတို့မြင်နိုင်ပါတယ်"

သူက စွန်းနျန်ဇီကိုလက်ညိုးထိုးပြပြီး
"ဒါက ငါတို့ဆိုင်ရဲ့ စားဖိုမှူးပါ...သူ့ကို ဒီနေရာမှာပဲ ကြက်ဥထမင်းကြော်ခိုင်းလိုက်မယ်... ပါဝင်ပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ငါတို့ရဲ့နည်းလမ်းတွေကို မိတ်ဆွေတို့ စစ်ဆေးကြည့်နိုင်တယ်... ထမင်းကြော်က မသန့်ရှင်းဘူးလား...ပန်းကန်တစ်ဝက်ကုန်ရင် လူတွေကို အော့အန်အောင်လုပ်မလား...လာကြည့်ကြပါ"

ပွဲက အသစ်အဆန်းဖြစ်သဖြင့် စားသုံးသူများက အရူးအမူး ပြောဆိုကြသည်။

"ထမင်း​ကြော်​လား... အရမ်းရိုးရှင်းပုံရတယ်​..တခြားဆိုင်​​တွေရဲ့ အစားအစာ​တွေက မလွယ်​ဘူးထင်​တယ်​... ဒါ​ပေမဲ့ ထမင်း​ကြော်​က လွယ်​ရမယ်​။"

"ဟုတ်တယ်... ထမင်းနဲ့ကြက်ဥကလွဲလို့ ဘာမှမပိုဘူး... ဘယ်လောက်အရသာရှိမှာလဲ...သန့်ရှင်းနေရင်တောင်မှ စားရတာ စိတ်မဝင်စားဘူး"

စွန်းနျန်ဇီသည် လူတိုင်း၏ မျက်လုံးများ သူမကို စိုက်ကြည့်နေသည်ကို ခံစားလိုက်ရပြီး သူမ ပို၍ပင် ကြောက်ရွံ့လာခဲ့သည်။

ခင်ပွန်းသည်အတွက် ချက်ပြုတ်နေချိန်က ထိတ်လန့်မှုကို အမှတ်ရနေပုံရပြီး ကောင်းကောင်းမလုပ်ရင် အရိုက်ခံရလိမ့်မယ်... ဟုတွေးပြီး လက်တွေတုန်လာသည်။

လူများ ပိုများလာသည်ဟု ခံစားရသဖြင့် သူမ ခြေလှမ်းအနည်းငယ် နောက်မဆုတ်မိဘဲ မနေနိုင်ပေ။

ရုတ်တရက် နွေးထွေးသည့်လက်တစ်စုံက သူမပုခုံးပေါ်တင်လိုက်ပြီးဆိုလာသည်။

"အဆင်ပြေရဲ့လား"

ထမင်းချက် ခေါင်းလှည့်ကာကြည့်လိုက်ချိန်တွင် ကျန်းရှုယောင်၏ လှပသောမျက်လုံးများကို တွေ့လိုက်ရသည်။

"ကြောက်နေတာလား"

ကျန်းရှုယောင်က မေးသည်။

စွန်းနျန်ဇီ မျိုးရိုးမြင့်တစ်ဦးနှင့် ဤမျှနီးကပ်စွာ မနေဖူးသဖြင့် ခေါင်းကို အမြန်ငုံ့ကာဖြေလိုက်သည်။

"မဝံ့ရဲပါဘူး"

ကျန်းရှုယောင် ကူကယ်ရာမဲ့စွာ တခစ်ခစ် ရယ်မောရင်းပြောလိုက်၏။

"ဘာကို ရဲတာမရဲတာလဲ... ကြောက်ရင် ထိန်းထားစရာ မလိုပါဘူး...တခြားနည်းနဲ့ တွေးကြည့်ရအောင်...ရှင့်မိသားစုထဲက အရာတွေကို ကျွန်မသိတယ်...ကျွန်မနားလည်နိုင်တယ်"

ထမင်းချက်သည် တုန်တုန်ယင်ယင်နှင့် အံ့အားသင့်စွာ ကြည့်လိုက်သည်။

သူက အစေခံတစ်ဦးဖြစ်သည်။ သူမ၏ မကောင်းမှုများက သခင်မလေး၏ နားရွက်ကို စွန်းထင်းသွားစေမည်ကို သူမ မည်သို့တွေးနိုင်မည်နည်း။ မြင့်မြတ်သောအမျိုးသမီးတစ်ဦးက သူမ၏ပြဿနာကို ကြားရုံ၊ မှတ်မိရုံသာမက သူမအား နှစ်သိမ့်ပေးကာ သူမအား အလွန်ညင်သာစွာ စာနာပေးခဲ့သည်။

သူမ ပါးစပ်ကို အကြိမ်ကြိမ်ဖွင့်ဟမိသော်လည်း ဘာပြောရမှန်းမသိသောကြောင့် ရှက်ရွံ့ကာ ခေါင်းငုံ့ထားလိုက်သည်။

ကျန်းရှုယောင်က သူမ၏ ပုခုံးကို ပုတ်ပေးလေ၏။

"ရပါတယ်... ဟင်းချက်ရတာ ဝန်ထုပ်ဝန်ပိုး မဖြစ်သင့်ဘူး... သာယာရမယ်၊ စိတ်ချမ်းသာရမယ်၊ ကျေနပ်စရာလည်း ဖြစ်သင့်တယ်... ဒီလိုပါပဲ အစားအသောက်ကလည်း ကုစားပေးတာမျိုးဖြစ်သင့်တယ်... တစ်နေ့မှာ ရှင် ဒီလိုခံစားချက်တွေကို ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်"

သူမ ၎င်းကိုပြောပြီးနောက် မန်နေဂျာနှင့်ဘယ်လိုအဆုံးသတ်ရမလဲဆိုသည်ကို ဆွေးနွေးရန် လှည့်ထွက်လာခဲ့သည်။

သူမ ရှေ့ကို လှမ်းလိုက်သည်နှင့် အနောက်မှ တုန်တုန်ယင်ယင် အော်သံတစ်ခု ထွက်ပေါ်လာသည်။

"သခင်မလေး"

သူမ လှည့်ကြည့်လိုက်ရာ ထမင်းချက်က နီရဲသော မျက်လုံးများဖြင့် သူမကို အတင်းအကြပ် ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

ကျန်းရှုယောင် ခဏလောက် ထိတ်လန့်သွားပြီးပြောလိုက်၏။

"...ကျွန်မပြောတာက အဆင်ပြေ ပါတယ်လို့... အတင်းမလုပ်နဲ့"

"မဟုတ်ဘူး သခင်မလေး... ဒီအစေခံက သူ့ကိုယ်သူ အတင်းအကြပ်မလုပ်ပါဘူး"

စကားပြီးသည်နှင့် ရိုသေစွာ ဦးညွှတ်ကာ လှည့်ပြီး ခန်းမထဲမှ ထွက်လာခဲ့သည်။ ဆိုင်တံခါးဝသို့ သူမ ထွက်လာခဲ့၏။

မီးက တောက်လောင်နေသည်၊ လျှာကဲ့သို့သော မီးတောက်က လေထဲမှာ လှုပ်ခုန်နေ၏၊ ​​လေထုက ပူလာသည်။

အမျိုးသားထမင်းချက် မဟုတ်သော မိန်းမတစ်ယောက်သာဖြစ်သည်ကို လူတိုင်းမြင်သည်နှင့် တပြိုင်နက် ကဲ့ရဲ့ရှုတ်ချကြသည်။ နောက်တစ်ခုက စားသောက်ဆိုင်တွေ၏ ထမင်းချက်တွေအားလုံးက တော်ဝင်ထမင်းချက်တွေ၏ မျိုးဆက်တွေဖြစ်ပြီး ဘယ်အမျိုးသမီး ထမင်းချက်ကိုမှ သူတို့ မကြားဖူးပါချေ။

စွန်းနျန်ဇီ သူတို့၏ ဆွေးနွေးသံများကို ကြားသောအခါ တုန်လှုပ်သွားသင့်သော်လည်း ယခုအချိန်တွင် သူမ၏ တိုက်ခိုက်ရေး စိတ်ဓာတ်က နိုးကြားလာသည်။ သခင်မလေးက သူမ၏ထမင်းကြော်နည်းကို သင်ပေးခဲ့၏။ သူမကို မထီမဲ့မြင်ပြုခြင်းသည် အဆင်ပြေသော်လည်း သူမ၏သခင်မလေးကို မထီမဲ့မြင်မပြုရပေ။

သူမ ကြည့်ရှုသူများ၏ အသွင်အပြင်ကို လျစ်လျူရှုကာ သူမ၏ မီးဖိုချောင်တွင် ရှိနေသည်ဟု စိတ်ကူးယဉ်ခဲ့သည်။

ယိမ်းနွဲ့နေသော မီးလျှာ၊ ထမင်း၊ အရံဟင်းများ... သူမ လှည့်ပတ်ကြည့်ရင်း နှလုံးသားက တဖြည်းဖြည်း နစ်မြုပ်သွားသည်။ သို့ပေမဲ့ ဇောက်နက်ဒယ်အိုးအဝိုင်း၏ လက်ကိုင်ကို ကိုင်လိုက်သည်နှင့် သခင်မလေးပြောသည်ကို ရုတ်တရက် သဘောပေါက်သွား၏။

ချက်ပြုတ်သည်က စိတ်ကို အေးချမ်းစေရမည်။

ရှက်ရွံ့တတ်ပုံပေါက်သည့် အမျိုးသမီးက ရုတ်တရက် တက်ကြွလာပြီး သူမ၏ ပင်ကိုယ်စရိုက်ကို ပြောင်းလဲသွားသည်ကို လူတိုင်းမြင်လိုက်ရ၏။

သူမက ဒယ်အိုးလက်ကိုင်ကိုကိုင်ပြီး အကြိမ်အနည်းငယ်ကြာအောင် မီးပေါ်လျှောချလိုက်သည်။ သူမက ချောချောမွေ့မွေ့ လှည့်ပတ်ကာ ဒယ်အိုးကို ဆီသုတ်ပြီး ညာလက်ကောက်ဝတ်ကို လှန်ကာ ထမင်းဇွန်းကြီးတစ်ဇွန်းကို ဒယ်အိုးထဲသို့ ကောက်ထည့်လိုက်သည်။

ကြက်ဥထမင်းကြော်က တစ်ညအိပ်ထမင်းကို အသုံးပြုသည်။ ထမင်းပေါင်းသည့်အခါ အစိုဓာတ်လွန်ကဲစွာမဖြစ်အောင် ပေါင်းချောင်ကို ဖုံးအုပ်ထားပြီး ထမင်းကြော်ဖွာသွားအောင် ဆန်တွင်အစိုဓာတ်သိပ်မပါကြောင် သေချာအောင်ပြုလုပ်ရသည်။ ထမင်းကို ဒယ်အိုးထဲထည့်လိုက်သည်နှင့် အလျင်အမြန် နှံ့သွားသင့်သည်။ ဒယ်အိုးကို ကိုင်ထားသည့် ခွန်အားက ညီရမည်၊ အရှိန်က မြန်ရမည်။ကြက်ဥထမင်းကြော်ထဲက ဆန်လုံးတိုင်းက အပြည့်အဝရှိစေရန် ထမင်းကကြေမသွားရသလို ပြတ်လည်းမသွားရပါချေ။

စွန်းနျန်ဇီတစ်ယောက် နောက်တစ်ဆင့်အတွက် အဆင်သင့်ဖြစ်နေလေပြီ။ ကြော်သည့်အခါ သူ့မလက်တွေက အကြိတ်အနယ်ဖြစ်နေသည်။ ထမင်းကိုလှန်ပြီး အိုးထဲမှာ လှည့်ပတ်လိုက်သောအခါ ဆန်မွှေးရနံ့က တဖြေးဖြေး လျှံတက်လာသည်။ဆန်စေ့ထဲကရေတွေ ပျောက်သွားသည့်ကိုကြည့်ပြီး ခေါက်ထားသော ရွှေရောင်တောက်ပသည့် ကြက်ဥအရည်ကို ယူဖို့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူမသည် လေထဲတွင် ချောမွေ့စွာ စက်ဝိုင်းပုံဆွဲကာ ထမင်းပေါ်၌ ကြက်ဥများကို အညီအမျှ ဖြန်းရင်း သူမ၏ လက်ကောက်ဝတ်ကို လှုပ်ခါကာ သံအိုးကို လှည့်နေလေသည်။

ကြက်ဥအရောအနှောကိုထည့်ပြီးနောက် စွန်းနျန်ဇီက လျင်မြန်စွာ မွှေကြော်လာသည်။ သံအိုးကို လက်တစ်ဖက်ဖြင့် ကိုင်လိုက်ပြီး အိုးအောက်ခြေကို မီးလျှာဖြင့် လှည့်နေ၏။ တစ်ချိန်တည်းမှာပင် သူမက သစ်သားယောက်မဖြင့် ဆန်စေ့များကို ညင်ညင်သာသာနှင့် အညီအမျှ တွန်းလိုက်သည်။ ကြွယ်ဝပြီး မွှေးကြိုင်သော ကြက်ဥရနံ့က လေထဲတွင် တဖြည်းဖြည်း ပျံ့လွင့်သွားသည်။ သူ မလှုပ်ရှားတိုင်း ဆန်စေ့တွေကို ကြက်ဥနှင့်ထုပ်ထားလိမ့်မည်။ ဒယ်အိုးကို လှုပ်ခါလိုက်သည်နှင့် လေထဲတွင် ခုန်နေသော ဆန်လုံးဖြူဖြူများက တဖြည်းဖြည်း ရွှေရောင်ဖြစ်လာသည်။

သူမ လေးလံသောအလုပ်များတွင်လုပ်ခဲ့ဖူးပြီး ဤရုပ်ပိုင်းဆိုင်ရာအလုပ်သည် ဖော်ပြရန်ပင်မထိုက်တန်ပါချေ။ သံအိုးကိုကိုင်ကာ လှုပ်ယမ်းကြော်သည်နှင့်အမျှ ထမင်းစေ့များက ထမင်းအိုးမှ လွတ်မြောက်ခါနီးပါး လေထဲသို့ လွင့်သွားသော်လည်း အခါတိုင်း ဒယ်အိုးထဲသို့ မှန်မှန်ကျသွားနိုင်သည်။ ကြည့်ရှုသူများ အံ့သြသွားကြသည်။

ပြီးခါနီးမှ ဒယ်အိုးထဲကို ဆားနှင့်နွေကြက်သွန်စိမ်း ဖြူးလိုက်သည်။ ကြက်ဥထမင်းကြော်က အနံ့ပိုပြင်းလာ၏။ ဒယ်အိုးကို တစ်ဖန်ပြန်လှည့်ပြီးနောက် ထမင်းစေ့များက လေထဲတွင် စက်ဝိုင်းပြတ်သဏ္ဍာန် အသာအယာရေးဆွဲသွားသည်။ သူမ သံယောက်ချိူကို သံအိုးနှင့်ခေါက်ကာ ကြက်ဥထမင်းကြော်ကို အဖြူရောင်ကြွေပန်းကန်ပြားကြီးတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။

လူတိုင်းက "ရိုးရိုး" ကြက်ဥထမင်းကြော်ကို မျက်စိကျောက်ဆူးချမကြည့်ဘဲ မနေနိုင်ကြပေ။

ပုံထားသောထမင်းကြော်သည် ရွှေဝါရောင်၊ နူးညံ့ပြီး မွှေးရနံ့နှင့် ပြည့်နေသည်။ အဖြူရောင် ကြွေပန်းကန်ပြားပေါ်တွင် ရွှေမျှင်ရွှေစ တစ်ပန်းကန် တောက်ပနေသကဲ့သို့ပင်။ အနံ့က ရိုးရှင်းပြီး မလိုအပ်သည့် ရနံ့မျိုး မရှိပါချေ။ ကြက်ဥနှင့် ထမင်းအနံ့ကို လွန်ကဲအောင် မြှင့်တင်ပေးရုံသာဖြစ်သည်။

ထမင်းချက် သူမ၏စျာန်ဝင်နေမှုမှထွက်လာချိန်တွင် တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်သည်။

အယုံအကြည်မရှိသော စားသုံးသူများ အားလုံး ဆွံ့အသွားကြသည်။ ရိုးရှင်းပါသလား...ဟုတ်ပါတယ်...ဒါက ရိုးရှင်းပါတယ်...ကြက်ဥနဲ့ ထမင်းပဲပါတယ်... ဒါပေမဲ့ ဒီကြက်ဥထမင်းကြော်က ဘာကြောင့် အရမ်းဆွဲဆောင်မှု ရှိတာလဲ...

ဆိုင်ရှင်က "ဧည့်သည်များ ဟင်းလျာကို မြည်းစမ်းကြည့်ဖို့ ဆန္ဒရှိပါသလား" ဟု ပြောသည်။

ထမင်းကြော်က "မသန့်ရှင်းသောအစားအစာ" ဟူသည်နှင့် ပတ်သက်၍ လူအများ၏ သံသယများကို ဖယ်ရှားပေးလိုက်သည်။ ယခုအချိန်သည် "ရိုးရိုးအရသာ" နှင့် ပတ်သက်၍ သံသယများကိုဖယ်ရှားရန်အချိန်ဖြစ်သည်။

ရှေ့ဆုံးတွင်ရပ်နေသော အဘိုးကြီးတစ်ယောက် ရှေ့မှ ထွက်လာသည်။ သူက အလုပ်ကြိုးစားပြီး စာဖတ်ကာတော်ဝင်စာမေးပွဲအတွက် ယှဉ်ပြိုင်၍ ရုံးတော်သို့ ဝင်ရောက်ခဲ့သည့်လယ်သမားတစ်ဦးဖြစ်သည်။ ယခု သူက ရုံးတော်၏ အရာရှိဖြစ်နေလေပြီ။ သူ့ သားသမီးများနှင့်မြေးများက ဝတ်ကြီးဝတ်ငယ်ပြစုတတ်ကြသည်။သူစားရသည်ကို ကြိုက်မှန်းသိသည်နှင့် သူ့အတွက် တစ်နေ့တာလုံး ကောင်းမွန်သောစားကောင်းသောက်ဖွယ်တချို့ စုဆောင်းထားကြသော်လည်း သူ နှစ်ပေါင်းများစွာကြာအောင် သတိရလာသည်က ရိုးရှင်းပြီး သန့်စင်သည့်ရနံ့ဖြစ်ကာ စားကောင်းသောက်ဖွယ်မဟုတ်သည်ကို သူတို့ နားမလည်ကြပေ။

သူက လူတိုင်း၏သိချင်နေသော မျက်လုံးများအောက်တွင် ဇွန်းကိုယူကာ ကြက်ဥထမင်းကြော်ကို တစ်ဇွန်းစားလိုက်သည်။

လတ်လတ်ဆတ်ဆတ်ကြော်ထားသည့် ကြက်ဥထမင်းကြော်က ပူပူနွေးနွေးနှင့် ကြက်ဥရနံ့များ သင်းပျံ့နေ၏။ ပါးစပ်ထဲရှိ နူးညံ့သိမ်မွေ့သောရနံ့က ပါးစပ်တစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားသည်။ကြက်ဥက နူးညံ့ပျော့ပျောင်းပြီး ပြည့်ကားချိုမြိန်သော ဆန်စေ့များကို တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသည်။ ချောမွေ့ပြီး နူးညံ့ကာ လိုက်ဖက်ပြီးကောင်းမွန်သည်။

ဆန်စေ့များက ပြည့်ဖောင်း နူးညံ့သည်။ ကြော်ခြင်းသည် အစိုဓာတ်ကို ဖယ်ရှားပေးကာ ဆန်ကို လုံးဝိုင်းပြီး ပျော့ပျောင်းစေသည်။ လတ်ဆတ်သော ကြက်သွန်မွှေးရနံ့၊ ဆီမွှေးရနံ့၊ ကြက်ဥအနှစ်မွှေးရနံ့နှင့် ဆန်၏ကြည်လင်မှုတို့နှင့်အတူ ဆန်စေ့များက ပါးစပ်ထဲတွင် ရှင်းလင်းစွာ ပွတ်တိုက်ရိုက်ခတ်ကာကြေမွသွားကြသည်။ ချိုမြိန်မှုတို့သည် ရောနှော ပေါင်းစပ်သွားပြီး သူ့စိတ်ခံစားချက်က ချက်ချင်းပင် နှစ်မြုပ်သွားသည်။ ဤသည်မှာ "နွေးထွေးသော" "သဘာဝ" "သန့်စင်သော" နှင့် "ငြိမ်းချမ်းသော" ဟူသော စကားလုံးများ၏ နိမိတ်လက္ခဏာဟု ထင်ရသည်။

အဘိုးအိုသည် ဤကဲ့သို့ မခံစားခဲ့ရသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်တွင် အနည်းငယ်ပင် စိတ်လှုပ်ရှားနေသည်။

"ဘယ်လိုလဲ"

သူ့ဘေးနားက စားသုံးသူတွေက သူအကြာကြီး စကားမပြောသည်ကို တွေ့သောအခါ ကမန်းကတန်း မေး၏။

"ကောင်းတယ်"

သူက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး ၎င်းနောက် ပိုလေးသထက်လေးလာကာ

"အရမ်းကောင်းတယ်...ဒါက....."
သူက ပြောရင်း လှည့်ကာ လူသူကင်းမဲ့သော ဆိုင်ထဲသို့ ဝင်သွားသည်။

"ဒါ...ဒါက ဘာကိုဆိုလိုတာလဲ"

အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး ဒီအဘိုးကြီးက ဆိုင်ပိုင်ရှင်လားဟု သံသယဖြစ်နေကြ၏။

ထိုအချိန်တွင် စားသောက်ပြီးခါစ ကောလိပ်ကျောင်းသားများက ဖြတ်သွားကာ ပွဲကြည့်ရန် လူအုပ်ကြားထဲ တိုးဝှေ့ လျှောက်လာကြသည်။

ဇီဇာကြောင်သော ကျောင်းသားသည် အမြဲတမ်း အစားလောဘကြီးသည်။ တစ်ယောက်ယောက်က အရသာစမ်းရန် လူလိုသည်ဟုကြားသောအခါ သူက ရှေ့ကို အပြေးအလွှားသွားတော့၏။

"လာမယ်... လာခဲ့မယ်"

ဆိုင်ရှင်သည် ထိုသူကဘရိုကိတ်ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ သူက သာမန်ပြည်သူတစ်ဦးမဟုတ်သလို စျေးက ဆွဲဆောင်လိုသော သာမန်စားသုံသူမဟုတ်သည်မှာ ထင်ရှားသောကြောင့် ကျန်းရှုယောင်ကို အဝေးမှ လှမ်းကြည့်မိသည်။ သို့ပေမဲ့ ကျန်းရှုယောင် သူမခေါင်းကို ခါယမ်းလိုက်သည်။ သူအကြည့်ကိုပြန်ရုတ်လိုက်ပြီး ကြွေဇွန်းကို ဇီဇာကြောင်သည့်ကျောင်းသားကို ပေးလိုက်၏။

ဇီဇာကြောင်သော ကောင်လေးက ပါးစပ်အားကောင်းသော်လည်း အမှားအမှန်ကို သူသိသည်။ ဤပန်းကန်တွင် ထမင်းနှင့် ကြက်ဥသာ ပါသောကြောင့် နဂါးအသားနံ့ကို တောင်းမည်မဟုတ်ပေ။

သူ တစ်ဇွန်းယူ၍ ပါးစပ်ထဲသို့ထည့်လိုက်သည်။ ကြက်ဥက နူးညံ့ပြီး ဆန်စေ့များကို ကြက်ဥအလွှာ ပါးပါးလေးဖြင့် ထုပ်ထားသည်။ သူထမင်းစားနေသည်မှာ ထင်ရှားပေမဲ့ ထမင်းကိုယ်တိုင်က ကြက်ဥမွှေးရနံ့ ပြင်း၏။ ချိုသောဆန်က ဝါးရသောအနေအထားရှိပြီး ၎င်းကိုကိုက်ပြီးနောက် ကြက်ဥ၏ရနံ့သည် ပို၍ပြင်းထန်လာသည်။ တိကျသောအပူရှိန်ကြောင့် ထမင်းကို နူးညံ့စေပြီး ကြက်ဥက အဆီရနံ့နှင့်ဆင်တူသည့် နူးညံ့ချောမွေ့သော အရည်ပါသည့်ခံစားမှုကို ထိန်းသိမ်းထားသည်။

"အရသာက ရိုးရှင်းတယ်...ကြက်ဥနဲ့ ထမင်းမွှေးရနံ့ပဲ...ဒါပေမဲ့ အရသာနှစ်ခုက မျှတစွာ ပေါင်းစပ်ထားပြီး လွန်ကဲအောင် မြှင့်တင်ထားတယ်... ရိုးရိုးရှင်းရှင်းထင်ရပေမဲ့ စဥ်စားဉာဏ်များစွာ ပါဝင်တယ်"

သူက မှတ်ချက်ပေးပြီး ဒုတိယအကြိမ်ကော်ချင်ပေမဲ့ ဆိုင်ရှင်က ပန်းကန်ပြားကို ချက်ချင်းယူလိုက်သည်။

ဘာလုပ်နေတာလဲ... မင်းရဲ့ဇွန်းပေါ်မှာ သွားရေတွေရှိတယ်...

"အာ"

သူက အရသာကိုပဲ ဂရုစိုက်နေပြီး ဤသည်ကို မေ့သွားတယ်။ သူကဆိုလိုက်သည်။

"ဒါဆို ဆိုင်ရှင်...ကျွန်တော်တို့ကို ပွဲရေနည်းနည်းချပေးပါ"

နောက်က အတန်းဖော်က သူ့ကိုတို့လိုက်၏။
“မင်း မဝသေးဘူးလား”

"ဒါကို အကယ်ဒမီကို ပြန်ယူရအောင်...ငါတို့ နောက်ကျတဲ့အထိစာကြည့်ရင် ညလယ်စာ စားဖို့ မလိုဘူးလား"

ဇီဇာကြောင်သော ကျောင်းသားက တီးတိုးရွေတ်လိုက်သည်။

"မင်းက ကန်တင်းသွားပြီး ဘန်းမုန့်စားချင်သေးတာလား"

အတန်းဖော်များ ဆွံ့အသွားကြသည်။

ဇီဇာကြောင်သူက ယနေ့ အရသာရှိသော အစားအစာကို စားပြီး စိတ်ကောင်းဝင်နေသည်။ သူက စွန်းနျန်ဇီကို "ခင်ဗျားရဲ့ လက်ရာက ကောင်းတယ်"ဟု ချီးကျူးလိုက်၏။

စွန်းနျန်ဇီက သူ့ကို ငေးမောကာ စိုက်ကြည့်ပြီးနောက် ကြည့်ရှုနေကြသောစားသုံးသူများဆီသို့ လှည့်ကြည့်လိုက်သည်။ သူတို့က မျက်နှာကို ခါယမ်းကာ ရနံ့ကို ရှူရှိုက်ရန် ကြိုးစားကြပြီး ပါးစပ်ထဲတွင် ရနံ့များအကြောင်း ပြောကြသည်။ သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများသည် အနည်းငယ်မျှပင် မလိုတမာစိတ်မရှိ၊ အစာကို တောင့်တခြင်းနှင့် မျှော်လင့်ခြင်းမျှသာရှိပြီး အေးချမ်းပြီး ကောင်းသောဆန္ဒအပြည့်ဖြင့်ဖြစ်လေသည်။

ဆိုင်ထဲသို့ဝင်သွားသော အဘိုးအိုက စားပွဲကို လက်ဖြင့်ပုတ်ကာ သူ၏လယ်သမားပုံစံ ကျယ်လောင်သော အသံဖြင့်အော်ပြောလိုက်၏။
"အေးခဲမနေနဲ့... ငါ့ပန်းကန်ကို မြန်မြန်ကြော်ပေး... ဒီအဘိုးကြီး ဗိုက်ဆာလို့ မနေနိုင်တော့ဘူး"

စားသုံးတွေက သဘောရိုးဖြင့် ရယ်မောလိုက်ကြသည်။ အဘိုးအိုက လမ်းဘေး အစားအသောက်ဈေးတွင် တနေကုန် လမ်းလျှောက်နေခဲ့သည်။ သူတို့လည်း သူနှင်ရင်းနှီးသွားပြီး ဟာသလုပ်ကြ၏။
"အဘိုးကြီး...အရမ်းစားတာ သတိထားပါ...မင်းဗိုက်က မခံနိုင်တော့ဘူး"

"ဟင့်အင်း... ငါ့ကို မင်းလို့ ထင်နေတာလား... မင်းမှာသာ ကြောင်ဗိုက်ရှိတာ"

ထမင်းချက်က တုန်တုန်ယင်ယင်ဘဝနှင့် ကျင့်သားရခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ပြီး သူမသည် အရိုက်မခံရပါက ကောင်းကင်ကိုပင် ဦးတိုက်လိမ့်မည်ဖြစ်သည်။

ကရုဏာတော်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုလိုမျိုးကြင်နာပြီးအေးအေးလူလူရှိသည့် လေထုထဲမှာ သူမ တစ်ချိန်က သူမနေထိုင်ခဲ့သည့်ဘဝနှင့် ဝေးကွာသည့် ကမ္ဘာတစ်ခုလို ခံစားရ၏။ စိမ်းလန်းသော အဖူးလေးက ပုံရိပ်ကို ရိုက်ချိုးလိုက်သကဲ့သို့ သူမ၏ နှလုံးသား၏ အစိတ်အပိုင်းအချို့ တုန်ခါသွားကာ ဖော်မပြနိုင်သော နူးညံ့မှုထဲသို့ ကျသွားခဲ့သည်။သခင်မလေး ပြောသည်ကို ရုတ်တရက် နားလည်သွားသလို ခံစားလိုက်ရ၏။



Xxxx