အပိုင်း ၉၇
Viewers 16k


Chapter 97


အစားအသောက်က ကုစားပေးသည်။

"ဟားဟား...အဘိုးကြီး... ဒီမရီးက အရမ်းတော်တဲ့အတွက်နဲ့ ကိုယ့်ကိုကိုယ် တွန်းမချပါနဲ့"

စားသုံးသူများ စကားစမြည်ပြောကြဆဲဖြစ်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...လေးစားမှုက ကျွန်မရသင့်တာမဟုတ်ဘူး"

စွန်းနျန်ဇီက ရုတ်တရက် ခေါင်းမော့ကာ တိုးတိတ်စွာ အမှန်ပြင်ပေးလိုက်သည်။သို့ပေမဲ့ သူမ အသံက ပိုကျယ်လောင်လာပြီး နောက်ဆုံးမှာသူမမှာ အကြာကြီးမရှိခဲ့သည့် တက်ကြွမှုနှင့်အားမာန်တို့ဖြင့် ပြည့်နေသည်။

"ကျွန်မကို သင်ပေးခဲ့တာက သခင်မလေးပဲ...ကျွန်မလုပ်ထားတဲ့ ထမင်းကြော်က ကျွန်မသခင်မလေး လုပ်ထားတာထက် အများကြီး အရသာနည်းတယ်... အလျင်စလိုမဖြစ်ပါနဲ့ အဘိုး... ကျွန်မ အခုချက်ပေးပါမယ်"

ဇီဇာကြောင်သူက နားထောင်ပြီး သူ့အတန်းဖော်များကို ကြည့်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ရှဲ့ရယ်ဆီသို့ ရောက်သွားပြီးဆိုသည်။

"သခင်မလေး... မဟုတ်ဘူး... အဲဒါ ကျန်းသခင်မလေးမဟုတ်ဘူးမလား"

ရှဲ့ရယ်က မျက်လုံးလိမ့်ပြီး
"မဟုတ်ရင်..."

ဇီဇာကြောင်သူ ပြိုလဲသွားကာ ဇွန်းကို သူ့လက်ထဲ မှ ပစ်ချလုနီးပါးဖြစ်သွားသည်။

"ဟင့်အင်း...ငါ လက်မခံဘူး...ငါ မကျေအေးနိုင်ဘူး...ဒီ ဒီဟာ– မင်းဘာရယ်နေတာလဲ...မိုးကြိုးပစ်ခံနေရတာ မင်းမဟုတ်ဘူးကွ“

သူတို့ အင်မတန် လှုပ်လှုပ်ရှားရှားဖြစ်နေကြသဖြင့် လူတိုင်းက သူတို့ကို ကြည့်နေကြသည်။ ခဏအကြာတွင် တစ်စုံတစ်ယောက်က ၎င်းတို့၏ အဝတ်အစားများကို မှတ်မိသွားသည်။

"ဒါက ချင်ထန့်အကယ်ဒမီက ကျောင်းသားလား"

"ဟမ်... အဲဒါက အကောင်းဆုံး အကယ်ဒမီပဲ... အဲဒီကျောင်းက ကျောင်းသားတွေက ချမ်းသာတယ် တန်ဖိုးကြီးတယ်... ဒီဆိုင်အတွက် အလုပ်လုပ်မှာ မဟုတ်ဘူး"

"ဒါဆို... လာစားကြည့်ရအောင်"

"ကောင်းပြီ...အနံ့နဲ့တင် ဗိုက်ဆာနေပြီ"

တစ်ယောက်ရှိပြီးနောက်၊ နှစ်ယောက် ရှိလာမည်ကသဘာဝပင်။ စိတ်လှုပ်ရှားစွာ ကြည့်နေသော လူအုပ်ကြီးသည် ဆိုင်ထဲသို့ ဝင်လာကြသည်။ ဆိုင်ရှင်က စိတ်လှုပ်ရှားနေပြီး စားပွဲထိုးတွေကို ထိုင်ခိုင်းပြီး အမြန်နှုတ်ဆက်ခိုင်း၏။ လာမည့်ရက်အနည်းငယ်အတွင်း စီးပွားရေးက ယခင်ရက်အနည်းငယ်ကထက် ပိုမိုနာမည်ကြီးလာမည်ဟု သူထင်သည်။

လမ်းဘေးအစားအစာဈေးသည် ၎င်း၏ယခင်က အသက်ဝင်မှုတို့ ပြန်လည်ရရှိလာသည်။အစောပိုင်းလေးက မုန်တိုင်းသည် တစ်ခါမှ ဖြစ်မထားသကဲ့သို့ပါပင်။ ပါးစပ်ကပြောရင်း ရယ်မောကာ အသက်ဝင်တက်ကြွနေကြသည့် စားသုံးသူတွေပဲရှိ၏။ အရသာဆန်းသစ်သော လမ်းဘေးအစားအစာများအပြင် သရေစာဆိုင်များလည်း ရှိပါလိမ့်မည်။ ဈေးနောက်ကွယ်က ပိုင်ရှင်က ဖြောင့်မတ်ပြီး ပွင့်လင်းရိုးသား၏။

ရေနွေးငွေ့က ပျောက်ကွယ်သွားသော်လည်း လမ်းဘေးအစားအစာဈေးသည် နောက်ထပ်ဆယ်မိုင်အထိ မွှေးနေသေးသည်။ စားသုံးသူများက လမ်းလျှောက်၍ဖြစ်စေ၊ ထိုင်၍ဖြစ်စေ လူတိုင်းက လူတိုင်းအတွက် ပုံပြင်တစ်ပုဒ်ရှိကြပြီး ပျော်ရွှင်မှုဖြစ်စေ၊ဝမ်းနည်းမှုဖြစ်စေ အဆုံးတွင် မွှေးကြိုင်သောအစားအသောက်တစ်ပန်းကန်လုံးဖြင့် နှစ်သိမ့်ပေးလိမ့်မည်ဖြစ်သည်။ သူတို့သည် ဤသာမန်သက်ဝင်လှုပ်ရှားသော နွေရာသီထဲတွင် စိတ်နှလုံးအကြွင်းမဲ့ ပေါင်းစည်းထားကြသည်။


အနီရောင် မီးပုံးများသည် လမ်းပေါ်တွင် ချိတ်ဆွဲထားပြီး ပြိုးပြိုးပြက်ပြက်တောက်ပနေသော မီးနဂါးကဲ့သို့ ရှည်လျားသော လမ်းရှည်ကြီးကို အလင်းပေးထားကြကာ ကြယ်များထက်ပိုမိုတောက်ပလိုနေကြသည်။

သက်ဝင်လှုပ်ရှားနေသော ပြည်ဖုံးကားချပ်ကို ကြည့်ရှုနေသည့် ရှဲ့ရွှင်းက ခေါင်းကိုလှည့်ကာ ကျန်းရှုယောင်အားဆိုသည်။

"စိတ်အေးပြီလား"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး ပြုံးကာပြော၏။
"စိတ်အေးပါပြီ"
သူမ လှည့်၍ လမ်းဘက်သို့ လျှောက်သွားလိုက်သည်။

"နောက်ဆုံးတော့ အစီအစဉ်တွေ ပြီးခါနီးပြီ"

ရှဲ့ရွှင်းက သူမနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်လာရင်း သူမကို ဝရုန်းသုံးကားပြေးလွှားနေသော လူပေလူရှုပ်ကလေးများ ရန်မှ ကာကွယ်ကာ မေးလိုက်၏။

"မင်း ဒီကို ခဏခဏ လာလည်ဦးမှာလား"

ကျန်းရှုယောင်က တောင်းပန်လာသည် လူရှုပ်ကလေးကို သူမလက်ကို ဝှေ့ယမ်းကာ သူမအဆင်ပြေကြောင်း ပြောခဲ့သည်။ အသက်ကြီးသူတစ်ဦးက ကလေးငယ်ကို ဖမ်းဆွဲပြီး ထွက်သွားပြီးနောက် သူမ ရှဲ့ရွှင်းနှင့် ဆက်လက်လမ်းလျှောက်ကာ ပြန်ဖြေခဲ့ပါ၏။

"ကျွန်မ မကြာခဏ မလာတော့ပါဘူး"

ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်သည်။

“နောင်မှာ ရှင်နဲ့အိမ်မှာ အတူနေနိုင်အောင် ကြိုးစားပါ့မယ်” ဟု သူမက ဆက်ပြောသည်။

ရှဲ့ရွှင်း သတိမမူမိဘဲ နားရွက်များ လျင်မြန်စွာ နီရဲသွားသော်လည်း သူ့အတွေးများကို ဖုံးကွယ်ထားသည့် ရှက်ရွံ့သော လူငယ်တစ်ယောက်မဟုတ်တော့ပေ။သူက ယခု ကျန်းရှုယောင်ကို ကိုယ်တိုင်ကိုယ်ကျ ဝန်ခံခဲ့သော ချစ်သူရည်းစားဖြစ်သည်။

သူ့နှုတ်ခမ်းထောင့်စွန်းများ ကော့တက်သွားပြီး ပြောလိုက်သည်။

"မင်းက အရမ်းကောင်းတာပဲ"

ယခုလို လူလည်ကျသော ဝန်ခံချက်ကြောင့် ကျန်းရှုယောင် ရုတ်တရက် ပြုံးပြီး ခေါင်းငုံ့လိုက်၏။

ရှဲ့ရွှင်းက အပြုံးတစ်ခုဖြင့် ရုတ်တရက် ရပ်လိုက်သည်။

ကျန်းရှုယောင် သူမအပြုံးကို ရပ်တန့်လိုက်ပြီး တစ်ခုခုတော့မှားနေပြီထင်ပေမဲ့ သူမေးလာသည်ကို ကြားလိုက်ရသည်။

"ပင်ပန်းတယ်မဟုတ်လား"

"နည်းနည်း"

ကျန်းရှုယောင်က မရေမရာ ပြန်ဖြေ၏။

ရှဲ့ရွှင်းက သူ့လက်ကို ဆန့်လိုက်ပြီးဆိုသည်။
"ဒါဆို မင်းကို အိမ်ပြန်ခေါ်သွားပေးမယ်"

တောက်ပပြီး နွေးထွေးသောအလင်းရောင်များက သူ့မျက်နှာတစ်ဖက်ခြမ်းတွင် လင်းလက်နေသဖြင့် သူ၏အေးစက်သောမျက်နှာအသွင်အပြင်ကို ပျော့ပျောင်းပူနွေးလာစေသည်။ ကျန်းရှုယောင် သူမ၏ လက်ဖဝါးကို သူ့လက်ဖဝါးပေါ်တင်ကာ သူ့စကားကို သံယောင်လိုက်လိုက်၏။

"ရှင်က အရမ်းကောင်းတာပဲ"

သာမာန် သက်ဝင်လှုပ်ရှားနေသော လမ်းဘေးအစားအစာဈေးတွင် သူတို့နှစ်ဦး လက်တွဲပြီး လမ်းပေါ်လျှောက်နေကြသည်။ တစ်ခါတစ်ရံ ပိုနီးကပ်လာကာ တစ်ခါတစ်ရံ လူစုလူဝေးကို ရှောင်ရန် ပြန့်ကျဲသွားသော်လည်း လက်ချောင်းများကို အမြဲတစေ တွဲချည်ထားသည်။ သူတို့၏ကျောပြင်များသည် လမ်းပေါ်တွင် ပျောက်ကွယ်သွားပြီး နွေရာသီထဲသို့ တဖြည်းဖြည်း ပေါင်းစပ်သွားခဲ့သည်။

နွေရာသီ၏အပူရှိန်သည် တဖြည်းဖြည်းကျဆင်းလာသည်။ 

လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်ရှေ့စံမင်းသားက ဒုက္ခပေးသူများကို သမာသမတ်ကျစွာ ကိုင်တွယ်ခွင့်ပြုရန် အစိုးရထံ စာတင်ခဲ့သည်။ ပြဿနာဖြစ်စေလိုသော ကုန်သည်များသည် ၎င်းတို့၏ လိပ်ခွံများကို ပြန်ရုတ်သိမ်းခဲ့သည်။ပေ ကျင်းရှိ အကြီးဆုံးစားသောက်ဆိုင်၏ နောက်ကွယ်ရှိ ဇွေ့ရှောင် အဆောက်အဦးပိုင်ရှင်ကပဲ ဆန္ဒမရှိဖြစ်နေသည်။

လမ်းဘေးအစားအစာဈေး နာမည်ကြီးလာသောအခါတွင် ရာထူးဂုဏ်ကြီးမြင့်သူများဖြစ်စေ၊ သာမာန်လူများဖြစ်စေ လမ်းဘေးအစားအစာဈေးသို့ လှည့်လည်သွားလာကြသည်။ စားသောက်ဆိုင်လုပ်ငန်းမှာ အရှုံးပေါ်ခဲ့သော်လည်း အလွန်ဆိုးရွားခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ လူအများစုက ဧည့်ခံပွဲများကျင်းပရန် စားသောက်ဆိုင်ကို လာနေကြတုန်းပါပင်။ သို့သော် ဤအရာသည် အမြတ်အစွန်းအတွက်မဟုတ်၊ လေးစားမှုအကြောင်းဖြစ်သည်။

အခြားစားသောက်ဆိုင်များ၏နောက်ကွယ်မှအင်အားစုများက အိမ်ရှေ့စံကိုကြောက်ရွံ့လိမ့်မည်၊ သို့သော် ဇွေ့ရှောင်မျှော်စင်ကကြောက်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့နောက်ကွယ်ရှိ ပိုင်ရှင်မှာ ဧကရာဇ်မင်းမြတ်၏ညီတော်မင်းသားခန်းဖြစ်သည်။ အိမ်ရှေ့စံကိုအဘယ်ကြောင့်ကြောက်ရမည်နည်း။

မူလက ၎င်းတို့သည် လင်းမိသားစုကို တိုက်ခိုက်ရန် မရည်ရွယ်သော်လည်း အိမ်ရှေ့စံက လင်းမိသားစု၏ လမ်းဘေးအစားအစာဈေးကို ကာကွယ်ရန် ကိုယ်တိုင်ရှေ့ထွက်လာသောအခါတွင် သူ့ကို မျက်နှာမသာမပေးဟု မင်းသားခန်းက ခံစားခဲ့ရသည်။

သူ့လက်အောက်ခံလူများသည် လင်းမိသားစု၏ တစ်ကိုယ်တည်းထွန်းတောက်မှုကို ဖိနှိပ်ရန်နှင့် ဆိုင်များကိုတိုက်ရိုက်တိုက်ခိုက်ရန် ထိုလှည့်ကွက်များကို သဘာဝအတိုင်း အစားအသောက်ကနေ စတင်ခဲ့ကြသည်။ အချို့သော စုံစမ်းစစ်ဆေးမှုများနှင့် ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် ၎င်းတို့သည် သင့်လျော်သော ကိုင်တွယ်ဖြေရှင်းမှုကို တွေ့ရှိခဲ့သည်။

လင်းရှီက နံနက်ခင်းဖျားနာခြင်းအဆင့်ကို ကျော်ဖြတ်ပြီး သန်စွမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ လမ်းဘေးအစားအစာဈေးတွင် ဆိုင်ခန်းအသစ်များနှင့် အစားအသောက်ပစ္စည်းများကို ထပ်ထည့်ရန် လိုအပ်နေသည်။ သူမ ဈေးထဲသို့ ပြန်ဝင်လာပြီး ကိုယ်တိုင်ကိုယ်ကျ အလုပ်များနေပြန်သည်။ တစ်ခါတစ်ရံမှာ လမ်းဘေးမှာရှိသည် တည်းခိုခန်းမှာပင် တိုက်ရိုက်နေထိုင်၏။

လင်းရှီက သူမခန္ဓာကိုယ်ကို ဂရုစိုက်မည်ဟု ပြောပေမဲ့ ကျန်းရှုယောင်က ကိုယ်ဝန်ကြီးနှင့် တစ်နေ့လုံး အလုပ်ရှုပ်နေမှာကို စိုးရိမ်သောကြောင့် လမ်းဘေးအစားအစာဈေးကို တိတ်တိတ်လေး သွားကြည့်ရန် စီစဉ်ခဲ့သည်။

ကျန်းရှုယောင် ညနေခင်းမတိုင်မှီ အလျင်အမြန်သွားပြီး  အိမ်တော်ထဲတွင် ငြီးငွေ့နေသော ကျိုးရှီကို ခေါ်သွားလိုက်သည်။

ထမင်းစားချိန်မတိုင်ခင်လေးမှာ လမ်းဘေးအစားအစာဈေးက အသက်မဝင်သေးပေ။ကျန်းရှုယောင်နှင့် ကျိုးရှီ လမ်းဘေးအစားအစာဈေးကို သွားချိန်တွင် လူသိပ်မရှိပေ။

ရာသီဥတုက အေးလာပြီဖြစ်သည်။ အချို့သော အအေးစာများကို ရုတ်သိမ်းလိုက်ပြီး အသားနှပ်၊ အူဒန်စသည့် အစား အစာအသစ်များ အစားထိုး ပေးခဲ့သည်။

ကျန်းရှုယောင် နှင့် ကျိုးရှီတို့က  တစ်ယောက်ပြီးတစ်ယောက် မြည်းစမ်းကြည့်သည်။ နောက်ဆုံးတစ်ခေါက် အရသာကို ချိန်ညှိပြီးနောက် အစားအသောက်သည် ဤခေတ်၏ အကြိုက်များနှင့် လိုက်လျောညီထွေ ဖြစ်လာသည်။ ကျိုးရှီက သူတို့ကို စားသောက်ရင်း ချီးမွမ်းနေသည်။

သူတို့နှစ်​​ယောက်​က လင်းရှီကို သူတို့ လာ​မည့်အကြောင်း ​မပြောခဲ့ပေ။လင်းရှီ မသိဟု ထုံးစံအတိုင်း သူတို့ထင်ခဲ့ကြသော်လည်း ဆိုင်ရှင်က ကျန်းရှုယောင်ကို မှတ်မိသည်။ လှည့်ကြည့်ကာ ဘဏ္ဍာထိန်းကို ပြောပြပြီး ဘဏ္ဍာထိန်းက  တည်းခိုခန်းမှာ အနားယူနေသည့်လင်း ရှီကို ပြောပြလိုက်၏။

လင်းရှီက လမ်းဘေးအစားအစာဈေး၏ အငွေ့အသက်ကို နှစ်သက်သည်။ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် ညတိုင်း လမ်းလျှောက်ထွက်လေ့ရှိ၏​။ ယခုမူ ကျန်းရှုယောင်
ရောက်နေကြောင်း သူမကြားလိုက်သောအခါတွင် လမ်းလျှောက်ထွက်မည့် စိတ်ကူးကို ချက်ချင်းဖျောက်ပစ်လိုက်သည်။

လမ်းဘေးအစားအစာဈေး အသက်ဝင်လာသောအခါတွင် လင်းရှီက ထွက်မလာသေးပေ။

ကျန်းရှုယောင် တည်းခိုခန်းသို့သွား၍ ကြည့်လိုက်ရာ သူမက ဆံထုံးဖြည်ပြီး အိပ်ယာပေါ်တွင် လှဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ လင်းရှီက အပြင်ထွက်ရန် အစီအစဉ်ရှိပုံ မပေါ်သော ကြောင့် သူမ စိတ်သက်သာရာရသွားသည်။

တည်းခိုခန်းသည် ကောင်းမွန်စွာပြင်ဆင်ထားပြီး၊ အခြေအနေများသည် ရှန်းယန်အိမ်တော်ရှိ သူမ၏တောင်ပံထက် များစွာဆိုးရွားခြင်းမရှိပါချေ။ သူမကအိမ်မှာ မပျော်သည့်အတွက် ကျန်းရှုယောင်က သူမကို တည်းခိုခန်းကနေ ထွက်သွားရန် မစည်းရုံးခဲ့ပေ။

လင်းရှီကို နှုတ်ဆက်ပြီးသောအခါ ကျန်းရှုယောင် တည်းခိုခန်းမှ ထွက်ခွာပြီး ကျိုးရှီနှင့် တွေ့ဆုံကာ  ကောင်းကောင်းစားသောက်ခဲ့သည်။ အိမ်ပြန်ခါနီးတွင် လမ်းဘေးအစားအစာဈေးမှ မထွက်မီတွင် ရုတ်တရက် အသံတစ်ခုကြားလိုက်ရသည်။

ကျန်းရှုယောင် သူမ၏နှလုံးသားထဲတွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခုဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူမကံဆိုးပုံရသည်။ လမ်းဘေးအစားအစာဈေးကို သူမ မရောက်ခင်တုန်းက အေးဆေးပါပင်။ သို့ပေမဲ့ သူမရောက်လာသောအခါ လူတွေက ပြဿနာရှာကြသည်။

ဤတစ်ခေါက်က အရင်တစ်ခေါက်လို အသေးအဖွဲကား မဟုတ်ပါချေ။ ယနေ့မှာ မင်းသားခန်းက အရာရှိတစ်ဦးကို စေလွှတ်လိုက်သည်။

သူတို့၏အစီအစဥ်အရ သူတို့က လုကျူးဆိုင်မှ စားဖိုမှူးအား တိတ်တဆိတ်လာဘ်ထိုးကာ ရောင်းချနေသောအစားအသောက်နှင့်ပါဝင်ပစ္စည်းများအကြောင်းကို လမ်းဘေးစျေးထဲ၌ အော်ဟစ်ပြောဆိုစေလေသည်

မူလက စားသုံးသူများသည် အသစ်အဆန်းကို စမ်းကြည့်ရန် စိတ်အားထက်သန်စွာ လာခဲ့ကြသော်လည်း ဆိုင်တံခါးဝသို့ ရောက်သည်နှင့် ဤအရာဖြင့် ကြုံတွေ့ခဲ့ရသည်။

"ဒီမှာရောင်းတဲ့ အစားအသောက်တွေက ညစ်ပတ်တဲ့ ပါဝင်ပစ္စည်းတွေ၊ ဝက်အူတွေ၊ ဝက်အဆုတ်နဲ့ နှလုံးတွေပါ"

လုကျူးဆိုင်​၏ထမင်းချက်က ပန်းကန်ပြားကြီးတစ်ချပ်ကို သူ့လက်ထဲမှာ ကိုင် ထားပြီး  လမ်းပေါ်ပစ်ချလိုက်သည်။ သွေးစွန်းနေသော နှလုံး၊ အဆုတ်နှင့် အူတို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။အင်မတန် နံစော်၏။

ဝက်အူများနှင့် ဝက်အဆုတ်များကို ပန်းကန်များထဲသို့ မထည့်မီ စီမံဆောင်ရွက်ရာတွင် အထူးဂရုပြုသင့်သည်။ အူထဲက အဆီတွေကို ဖယ်ထုတ်ရန် လိုအပ်ပြီး အနံ့အသက်ဆိုးတွေကို ဖယ်ရှားရန်အတွက် အဆက်မပြတ် ပွတ်တိုက်ပြီး ရေနွေးနှင့် ပြုတ်ရသည်။ ဝက်အဆုတ်မှာလည်း အလားတူပါပင်။ရေနွေးဖြောပြီးနောက် အိုးထဲရှိရေကနောက်ကျိသွားသည်။ သို့သော်၊ မပြင်ဆင်ရသေးသော ပါဝင်ပစ္စည်းများကို စားသုံးသူများရှေ့တွင် ပစ်ချလိုက်သောအခါ အကျိုးသက်ရောက်မှုက တကယ်ကို ကြီးမားသည်။

"ဒီပစ္စည်းတွေက ခွေးတွေကိုကျွေးဖို့တောင်မကောင်းပေမဲ့ ဟင်းပွဲလုပ်ရောင်းတယ်... ဒါက လူတိုင်းကို လှည့်စားနေတာ မဟုတ်ဘူးလား"

စားဖိုမှူး၏ခန္ဓာကိုယ်က အနံ့ဆိုးများထွက်နသေည်။သူက ချက်ထားသောလုကျူးကို  ယူကာ ရှေ့သို့ကမ်းပေးလိုက်သည်။

"အားလုံးကြည့်ကြ... ဒါတွေက ဘာနဲ့လုပ်ထားတာလဲဆိုတာ တွေ့လား"

ပန်းကန်ထဲကို ကြည့်လိုက်သောအခါ ပန်းကန်လုံးထဲမှာ ခုတ်ထစ်ထားသော နီညိုရောင် ပါဝင်ပစ္စည်းတွေ စုပုံနေသည်ကို တွေ့လိုက်ရ၏။ သားသတ်သမားများမှလွဲ၍ လူအနည်းငယ်ကသာ ဤအရာများကို သိကြသည်။

လမ်းဘေးအစားအစာဈေးသို့ လာရောက်ကြသော စားသောက်သူအများစုသည် အလွန်ဆင်းရဲသောသူများမဟုတ်ကြဘဲ အစားအသောက်ပြုလုပ်ရန်အတွက် ဝမ်းတွင်းကလီစာများကို အသုံးပြုရန် စဉ်းစားမည်မဟုတ်ပါချေ။ ဆင်းရဲသားတို့သည် အသားကိုမြည်းစမ်းချင်ကြသော်လည်း အနံ့ မည်သို့ကိုင်တွယ်ရမည်ကို မသိသောကြောင့် မဝယ်ကြပေ။ ကလီစာတွင် အသားအနံ့မရှိ၊ ရွံရှာဖွယ်ကောင်းသော အနံ့သာရှိသည်။

ထိုအချိန်တွင် အနီးနားရှိ လို့မေ ရောင်းသည့်ဆိုင်မှလည်း မတ်တပ်ရပ်ကာ သက်ပြင်းချပြီး ဆို၏။

"မင်းဆိုင်မှာပဲ ဒီလိုညစ်ပတ်တဲ့ ဟင်းလျာတွေ ရောင်းတာမဟုတ်ဘူး...ငါ့ဆိုင်ရောပဲ... ဒါတွေကဘာတွေလဲကြည့်... ကြက်ခြေ၊ ဝက်ခြေဖဝါးတွေ... ဒီခြေသည်းတွေ ခွါတွေက ဘာနင်းမိထားမှန်ဘယ်သူသိမှာလဲ... ဒါတွေက တစ်ကိုယ်လုံးရဲ့ အညစ်ပတ်ဆုံး အစိတ်အပိုင်းတွေ... ဒါပေမဲ့ အခုတော့ အစားအသောက်လုပ်ပြီး ပါးစပ်ထဲ ထည့်နေကြပြီ”

စားသုံးသူများ အချင်းချင်း ကြည့်ကြသည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က တုတ်ထိုးကင်စားတုန်းက အသားပေမဲ့အသားမဟုတ်တဲ့ဟင်းတွေပါသလိုပဲ... ဒါပေမဲ့ အသားမပါပေမဲ့ အရသာကောင်းတယ်...အဲဒါတွေက ဘာလဲဆိုတာ မမေးမိဘူး...ဒါတွေသာဆိုရင်..."

"ဒါပေမဲ့ ဆိုင်က ငါတို့ကို လှည့်စားတာ မဟုတ်ဘူး...ငါတို့မေးရင် ဟင်းချက်နည်းတွေ ပြောပြလိမ့်မယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတိုင်းရှေ့မှာ ထမင်းကြော်ပြတယ်... သူတို့ရဲ့ လက်ရာကို သင်ယူသွားမှာကို မကြောက်ဘူး"

တချို့က စိတ်မဆိုးပေမဲ့ အစားအသောက်နှင့်ပတ်သက်ပြီးအထူးတလည်ဖြစ်သူများက သတိကပ်ကုန်ကြသည်။

"ဝက်သား၊ သိုး၊ ကြက်၊ ဘဲ၊ ငါး၊ အသားတွေ အများကြီးပဲရှိတယ်... ဘာ့ကြောင့် ရွံရှာစရာကောင်းတဲ့ ပါဝင်ပစ္စည်းတွေကို ရွေးတာလဲ"

"ဟုတ်တာပေါ့... ဒီပစ္စည်းတွေက ဈေးသက်သက်သာသာမို့ လင်းမိသားစုက မရိုးသားတဲ့ နည်းနဲ့ ပိုက်ဆံရှာချင်နေတာလား"

ဤက အယူအဆတစ်ခုဖြစ်၏။ မင်းသားခန်းမှ စေလွှတ်လိုက်သော အမှုထမ်းများသည် ဤနေရာတွင် အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ဆုံးတွင် ထိုအချက်လေးကို ဖမ်းမိခဲ့သည်။ မာနကြီးပြီး အဆင့်အတန်းမြင့်သူတွေအတွက် ပန်းကန်ထဲမှာ ညစ်ပတ်သည့်ပါဝင်ပစ္စည်းတွေကို သုံးခြင်းက စော်ကားမှုတစ်ခုပါပင်။

လူတစ်စုသည် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်နေသည်ဟု ခံစားနေချိန်တွင် မငြင်းခုံဘဲမနေနိုင်ကြပဲ တစ်ချိန်တည်းမှာပင် ၎င်းသည် တန်ဖိုးမရှိဟု ခံစားလာရသည်။

"ကောင်းပြီ မကြိုက်ရင် မစားနဲ့"

ကျိုးရှီက ပြဿနာရှာနေသူတစ်ယောက်နှင့် ပထမဆုံးတွေ့ဖူးခြင်းဖြစ်၏။ လင်းမိသားစုကို လူတွေက ဆဲဆိုသံတွေကြားသောအခါ သူမ သည်းမခံနိုင်ပေ။ သူမ လူအုပ်ထဲမှ တိုးထွက်ပြီးအော်လိုက်သည်။

"နင် ဘယ်လို ကလိမ်ကျစ်ဦးထုပ်မျိုး သုံးနေတာလဲ"

သူမမျက်လုံးထဲတွင် စူးရှသောအကြည့်တစ်ခုရှိသည်။ သူမက မင်းသားခန်း၏လူများကို တစ်ချက်ကြည့်ကာဖြင့် တန်းရှာတွေ့သွားပြီးပြောလိုက်သည်။

"ငါမေးပါဦးမယ်...လင်းမိသားစုက ဒါတွေစားဖို့ နင့်ပါးစပ်ကို လှည့်စားသလား၊ ဒါတွေစားဖို့ နင့်ကိုလှည့်စားသလား...နင်စားချင်ရင် စားလို့ရတယ်... မစားချင်ရင်လည်း အရမ်းကြီးဖြစ်ပျက်နေသလိုမျိုး လုပ်မနေနဲ့လေ"

သူမက ကျန်းရှုယောင်နောက်ကနေ အချက်အပြုတ်သင်ယူရင်း ပါဝင်ပစ္စည်းများ ကိုင်တွယ်ပုံကိုလည်း လေ့လာခဲ့သည်။မြေကြီးပေါ်ရှိ ပါဝင်ပစ္စည်းများကို လက်ညှိုးထိုးပြပြီး သူမက ပြောလိုက်သည်။

"ဒီပါဝင်ပစ္စည်းတွေက ညစ်ပတ်နေပုံရပေမဲ့ ချက်တဲ့အခါမှာတော့ သန့်ရှင်းအောင်လုပ်ရပြီး ပြင်ဆင်စရာ အများကြီးလိုတယ်... အလုပ်အများကြီးလုပ်ရပြီး အရသာက အသားလောက်ကောင်းလာလိမ့်မယ်... ဆန့်ကျင်ဘက်အနေနဲ့ ထူးခြားတဲ့ရနံ့ရှိပြီး စျေးနှုန်းလည်း သက်သာတယ်...လင်းမိသားစုက ငွေမည်းလုပ်တယ်လို့ နင်ပြောတာ နားကိုမလည်နိုင်ဘူး"



Xxxxxx