အပိုင်း ၁၀၀
Viewers 18k

Chapter 100
ခရုကြော်



ကိုယ်လုပ်တော်လင်း၏ မျက်လုံးများသည် အနည်းငယ် အောင်ပွဲခံနေခဲ့ပြီး ကျန်းရှုယောင်က သူမ၏ဂုဏ်ယူဝင့်ကြွားမှုပြီးနောက် ၎င်းကို စဉ်းစားနိုင်လိမ့်မည်မဟုတ်ကြောင်း သူမ မျှော်လင့်ခဲ့သည်။

"ခရုတွေကို အစားအစာအဖြစ် သုံးလို့ရလား"

သို့သော်လည်း ကျန်းရှုယောင်က လက်ခုပ်တီးပြီးဆိုလာ၏။

"ခရုလား...ဒါပေါ့...ကျွန်တော်မျိုးမ ခရုကြော်ကြိုက်တယ်"

ကိုယ်လုပ်တော်လင်း အံ့အားသင့်သွားပြီး
"ခရုဆိုတာ ဘာလဲ မင်းသိလား"

"သိပါတယ်"

ကျန်းရှုယောင်က ချောချောမွေ့မွေ့ပြန်ဖြေပြီးမှ ဟာကွက်တွေကို သတိထားမိသွားပြီး စကားအမြန်ပြောင်းလိုက်သည်။

"ပေကျင်းမြို့ဆင်ခြေဖုံးမှာရှိတဲ့ ပဲ့ကျွမ်းမှာ ကစားတုန်းက အဘွားကြီးတစ်ယောက်နဲ့ တွေ့ဖူးတယ်... သူ့မြေးက ခရုတွေဖမ်းပြီး အိမ်ပြန်ယူလာတယ်...ကျွန်တော်မျိုးမ စူးစမ်းချင်စိတ်တွေပေါက်လာပြီး တချို့ယူလိုက်တယ်... အချိန်အကြာကြီး ကြိုးစားလေ့လာပြီးတော့ နောက်ဆုံးမှာ နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်”

သူမက မတ်တပ်ထရပ်ပြီး စိတ်အားထက်သန်စွာပြောလိုက်၏။

"အကယ်၍နျန်နျန်း တစ်ယောက်ယောက်ကို နန်းတော်ထဲကို ခရုရှာယူလာခိုင်းပေးမယ်ဆိုရင် အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်အောင် ကျွန်တော်မျိုးမ လုပ်ပေးမယ်"

နန်းတော်ရှိ မျိုးရိုးမြင့်များက ခရုများကို အလိုရှိသောကြောင့် အောက်ခြေလူများက လူများ ချက်ချင်း လွှတ်လိုက်ရသည်။ တောင်ပေါ်ရှိ စမ်းရေထဲမှ အလွန်သန့်ရှင်းသော ခရုအချို့ကို ဆောလျင်စွာ ကောက်ယူပြီး နန်းတော်ထဲသို့ ပို့လိုက်ကြသည်။

ကျန်းရှုယောင် တော်ဝင်ကိုယ်လုပ်တော်နန်းဆောင်တွင် နေ့လည်စာစားပြီးနောက် ခရုများကို အထဲယူဆောင်လာခဲ့ကြသည်။ကျန်းရှုယောင် မြို့စားရှဲ့အိမ်တော်မှ တောင်းဆိုသော ဟင်းခတ်အမွှေးအကြိုင်များကိုလည်း ယူဆောင်လာခဲ့သည်။

ပေးပို့သော ခရုများအားလုံးသည် တောင်ကျစမ်းရေများတွင် မွေးမြူထားကြပြီး ထပ်ခါထပ်ခါ ဆေးကြောပြီးနောက် ခရုများသည် ရွှံ့ဗွက်များ ပေလူးမနေကြပါချေ။ ကျန်းရှုယောင်က အကူများကိုပြော၍ ခရုတွေကို ဆားရေထဲ ခဏစိမ်ပြီး ခဏလောက် ရွှံ့ထုတ်ထားခိုင်းလိုက်သည်။ အခြေအနေတွေကခွင့်ပြုပါက ဆီအနည်းငယ်ထည့်ပြီး တစ်ညလုံးစိမ်ထားလျှင် ပိုကောင်း၏။

နေ့လည်စာစားပြီးနောက် ကျန်းရှုယောင် ကိုယ်လုပ်တော်လင်းနှင့် ခဏကြာ စကားပြောခဲ့ပြီး ကိုယ်လုပ်တော်လင်းက တစ်ရေးတစ်မော အိပ်သွားခဲ့သည်။

ကျန်းရှုယောင် ငြီးငွေ့လာသည်။ သူမ နန်းတော်ထဲတွင် စာဖတ်နေရင် ရှဲ့ရွှင်းအကြောင်းကို တွေးနေခဲ့သည်။ ယနေ့က ရှဲ့ရွှင်း၏ လုပ်ငန်းခွင်နှင့် အနီးကပ်ဆုံးကို သူမရောက်နေခြင်းဖြစ်၏။

ရှဲ့ရွှင်း ဘာလုပ်နေလဲ၊ အလုပ်များနေလား ၊နေ့လည်စာ ကောင်းကောင်းစားရဲ့လားတို့ သူမသိချင်မိသည်။

သူမ ငေးကြောင်ရင်း မေးစေ့ကို ကိုင်နေချိန်တွင် ရုတ်တရက် မိန်းမစိုးလေးတစ်ယောက် ပြေးလာပြီး နန်းဆောင်ထဲက မိန်းမစိုးကို စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်၏။

ကျန်းရှုယောင် အသံကြားပြီး သူတို့ဘက်ကို လှမ်းကြည့်လိုက်သညိ။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာ နှစ်ယောက်သားနှင့်သူမ မျက်လုံးချင်းဆုံသွားသည်။

မိန်းမစိုးက ကျန်းရှုယောင်ကို မျက်နှာလုပ်ပြီး ကြင်နာသည့် အပြုံးတစ်ခု ဖျစ်ညစ်ပြုံးပြလိုက်သည်။ သူက ဦးညွှတ်ပြီး လမ်းလျှောက်လာရင်း တိုးတိုးလေးပြော၏။

"ရှဲ့သခင်မ...သခင်ရှဲ့က ရှောင်ရွှင်းဇီကို နေ့လယ်စာ စားပြီးပြီလားလို့ မေးတဲ့အမှာစကားတခွန်း ရှဲ့သခင်မဆီပါးခိုင်းပါတယ်...သခင်ရှဲ့က အသင် နန်းတော်ထဲမှာ နောက်ကျတဲ့ထိ နေမယ်ဆိုရင် သူနဲ့အတူတူအိမ်ပြန်နိုင်မှာပါလို့လည်းပြောပါတယ်...သခင်ရှဲ့က အလုပ်ဆင်းချိန်မှာ နန်းတော်တံခါးမှာ အသင့်ကိုစောင့်နေပါလိမ့်မယ်"

နေ့လယ်စာအကြောင်းမေးသည်က အကြောင်းပြချက်တစ်ခုပဲဖြစ်ရမည်။ ကျန်းရှုယောင် ရှဲ့ရွှင်းလည်း သူမအကြောင်းတွေးနေမည်ဟုထင်၏။

“နေ့လည်စာက အရမ်းကောင်းတယ်”

သူမက ပြန်ဖြေလိုက်သည်။

"ကျွန်မသိပြီ"

မိန်းမစိုးက ပါးစပ်ကို အုပ်ပြီး ပြုံးလိုက်သည်။ယခုလို အူကြောင်ကြောင် ကြင်စဦးမောင်နှံမျိုးကို မတွေ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ သူတို့ ဘယ်လောက် ချိုမြိန်နေကြလဲ ကြည့်ပါဦး...

သူက ပြုံးပြီးပြော၏။

"ကောင်းပါပြီ...ရှောင်ရွှင်းဇီကို ပြန်သွားပြီး အမှာစကားပါးခိုင်းလိုက်ပါ့မယ်... သူ့ကို ပြန်ပါးစေချင်တာ တစ်ခုခုရှိပါသလား"

ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး "ဘာမှမရှိဘူး"ဟုဆိုလိုက်သည်။တစ်ခုခုရှိခဲ့လျှင်ပင် တခြားသူတွေကို လက်ဆင့်ကမ်းရန်က ရှက်စရာဖြစ်လိမ့်မည်။

ကိုယ်လုပ်တော်လင်းနိုးလာပြီးနောက် နှစ်ယောက်သား အဝတ်အစားနှင့် လက်ဝတ်ရတနာများအကြောင်း ခဏတာ စကားစမြည်ပြောကြပြီး နေ့လည်ပိုင်းတွင် ထမင်းစားခန်းရှိ ခရုများ ရေစိမ်ပြီးသွားကြသည်။

ကိုယ်လုပ်တော် လင်းနှင့် ကျန်းရှုယောင်တို့ နေ့လည်ခင်းတွင် စကားစမြည်ပြောကြသည်။ အစောကြီးတုန်းကလို ဝေ့လည်ကြောင်ပတ်လုပ်မှုမရှိတော့ပေ။ အချိန်စေ့ခါနီးမှာ သူမက ကျန်းရှုယောင်ကိုဆိုသည်။

"ဘယ်လိုလဲ... မင်းက တကယ်ဟင်းချက်ချင်နေတာလား....အခုငါ ပျော့ပျောင်းနေတဲ့အချိန်မှာ မင်းအဒေါ်က မင်းကို လက်ဝတ်ရတနာတွေနဲ့မျက်နှာချေတွေ လက်ဆောင်ပေးမယ်"

ကျန်းရှုယောင်က မတ်တပ်ထရပ်ပြီး ယုံကြည်မှုရှိရှိ ဆိုသည်။

"နျန်နျန်း...ကျွန်တော်မျိုးမကို လျှော့မတွက်ပါနဲ့...ကျွန်တော်မျိုးမ လုပ်ထားတဲ့ ခရုတွေက အရသာရှိရင် ကျွန်တော်မျိုးမကို ဆုပေးဦးမှာပါလား"

"ဆုလာဘ်"

သူမ၏ တောက်ပပြီး တက်ကြွသော အသွင်အပြင်ကို ကြည့်ပြီး ကိုယ်လုပ်တော်လင်း ကျေနပ်သွားသည်။

“မင်းမှာ ဒီဆုလာဘ်ကို ရနိုင်တဲ့အရည်အချင်းရှိမလားဆိုတာပေါ်မှာ မူတည်တယ်”

ကျန်းရှုယောင် ဆုတ်ခွာထွက်သွားပြီး အစေခံက သူမကို ထမင်းစားခန်းသို့ ဖိတ်ခေါ်ခဲ့သည်။

ဧကရာဇ်က ကိုယ်လုပ်တော်လင်းကို နှစ်သက်သောကြောင့် သူမ၏ ထမင်းစားခန်းသည် မြို့စားရှဲ့အိမ်ရှိ မီးဖိုချောင်ငယ်ထက် များစွာပိုကျယ်သည်။ ဟင်းခတ်အမွှေးအကြိုင်များနှင့် ပါဝင်ပစ္စည်းများအားလုံးကိုလည်း ရရှိနိုင်သည်။

ကျန်းရှုယောင် ရေစိမ်ထားသော ခရုဇလုံကြီးဆီသို့ လျှောက်သွားသည်။ သူမတောင်းဆိုသည့်အတိုင်း ခရုအမြီးများကို သန့်ရှင်းစွာ ဖြတ်တောက်ထားသောကြောင့် သူမ တိုက်ရိုက်ချက်ပြုတ်နိုင်ပြီဖြစ်သည်။

ကိုင်ပြီးသား ခရုတွေကို အိုးတစ်လုံးထဲမှာ အရင်ထည့်ပြုတ်ပြီး ပြုတ်ထားသည့် ရေထဲကို ဟင်းချက်ဝိုင်ထည့်၊ အမြှုပ်တွေကို ဖယ်ထုတ်ပြီး နောက်ဆုံးမှာ လောင်းချကာ ရေစစ်ထားလိုက်သည်။

ထို့နောက် သူမ အိုးကို မီးပြင်းပြင်းဖြင့် အပူပေးသည်။ ဆီထည့်ပြီး 60% အပူပေးလိုက်၏။ ကြက်သွန်ဖြူ၊ ပဲပိစပ်၊ ကြက်သွန်နီ၊ ဂျင်းအတုံးများ စသည်တို့ကို ထည့်ပြီး မွှေးလာသည်အထိ မွှေပြီး ရေစစ်ထားသော ခရုများကို ထည့်ကာ မွှေကြော်သည်။ ဒယ်အိုးထဲတွင် ခရုများကို ကြော်လိုက်သောအခါ တရှဲရှဲအသံမြည်သည်။ ဒယ်အိုးကို မွှေလိုက်တိုင်း ကုန်ကြမ်း၏ရနံ့က ခရုထဲသို့ စိမ့်ဝင်သွားသည်။ ထမင်းစားခန်းသည် လတ်ဆတ်ပြီး ကြွယ်ဝသောအရသာဖြင့် ချက်ချင်းပြည့်သွားသည်။ ပထမတုန်းက အနံ့ကအနည်းငယ် ထူးဆန်းပေမဲ့ ခဏအကြာ၌ အနံ့က တကယ်ကောင်းလာ၏။

ရေထည့်ကာ ဟင်းရည်ကို ခရုအသားကို ပိုမိုနစ်မြုပ်သွားစေရန်အတွက် သုံးမိနစ်ခန့် ပြုတ်ထားလိုက်သည်။ ထို့နောက် ငရုတ်ကောင်း၊နှမ်းရွက်၊ ဆား၊ ဟင်းချက်ဝိုင်တို့ကို ထည့်ပြီး မွှေကြော်လိုက်၏။ ခရုကြော်အတွက် နှမ်းအရွက်သည် ခရု၏ရွှံ့အနံ့ကို အပြည့်အဝဖယ်ရှားနိုင်ပြီး လတ်ဆတ်မှုနှင့် မွှေးရနံ့ကို တိုးမြင့်ပေးနိုင်သည့် စိတ်ဝိညာဉ်ဖြစ်သည်။ နောက်ဆုံးမှာ ခရုများက ဟင်းရည်၊ ဆီနှင့်အနံ့ကို ပိုကောင်းအောင် စုပ်ယူနိုင်စေရန် မီးပြင်းပြင်းနှင့် မွှေကြော်သည်။ တစ်ချိန်တည်းမှာပင် ဟင်းရည်ကခမ်းလာ၏။ အိုးထဲမှထုတ်ပြီးနောက် ခရုများက ပျစ်ခဲဆားငန်သော ဟင်းရည်ထဲတွင် နှစ်မြှုပ်နေသည်။

ခရုကြော်က အရသာပြင်းသည့် ဟင်းတစ်ခွက်ဖြစ်သည်။ ကျန်းရှုယောင် ပါဝင်ပစ္စည်းများကို ပေါ့ပေါ့ပါးပါးကိုင်တွယ်ခဲ့ခြင်း မဟုတ်ပေ။ ဆီဝနေသဖြင့် ခရုကြော်က ပြောင်လက်တောက်ပပြီး ဟင်းက ပျစ်၏။ အနက်ရောင်ခရုများသည် အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် စုပုံပြီး တောင်ငယ်တစ်ခုဖြစ်လာသည်။ ခရုမစားဖူးသည့် နန်းတွင်းသူ/သားတွေအတွက် တကယ့်ကို ထူးဆန်း၏။ သို့ပေမဲ့ မွှေးရနံ့က ပြင်းပြပြီး ဆွဲဆောင်မှု ရှိလွန်းသည့်အတွက် ခရုတွေ၏ ထူးဆန်းမှုကို လျစ်လျူရှုပြီး ဘယ်လိုအရာမျိုးလဲဆိုသည်ကို စမ်းကြည့်ချင်ကြသည်။

စားပွဲသို့ရောက်သောအခါ ကိုယ်လုပ်တော်လင်း၏ တုံ့ပြန်မှုသည် နန်းတွင်းအမှုထမ်းများထက် များစွာကြီးမားသည်။

မျက်​​မှောင်​တင်းတင်း​ကြုတ်​ကာ မျက်​နှာ​ တင်းတင်း​လေး ​ရှိနေသည်​။ သူမက လည်ပင်းကို ကျုံ့ကာ နှာခေါင်းကို ညှစ်၍ ရွှံရှာစွာဆို၏။

"မင်း ဒီဟာကို တကယ်ကြော်ခဲ့တယ်ပေါ့"

ကျန်းရှုယောင် အကူအညီမဲ့စွာပြောလိုက်သည်။ "မနံပါဘူး

ကိုယ်လုပ်တော်လင်းက မျက်ခုံးပင့်လိုက်သည်။ သူမ၏အမူအရာက လွဲမှားနေပေမဲ့လည်း သိပ်ကို လှပနေပါဆဲပါပင်။

သူမလက်ကိုလွှတ်ရန် တုံ့ဆိုင်းနေပြီး လွှတ်လိုက်သည်နှင့် ပြင်းထန်သောရနံ့တစ်ခုက သူမ၏နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။ ၎င်းသည် အလွန်လတ်ဆတ်ကာ စူးရှပြီး စပ်သောအနံ့နှင့် အလယ်တွင် ပျော့ပျောင်းသောဆေးဖက်ဝင်ရနံ့ဖြင့်တို့ပါသည်။

သူမ ရှေ့ကို မရဲတရဲ လှမ်းလိုက်သောအခါ စားပွဲပေါ်ရှိ ခရုကြော်များကို တွေ့လိုက်ရသည်။ သူမမျက်နှာပေါ်မှာ ရွံရှာသည့်အမူအရာ ပြန်လည်ဆင်မြန်းထားကာဆို၏။

"ဒါကို ဘယ်လိုစားလဲ... အခွံကိုစားတာလား"

ကျန်းရှုယောင်က ဝါးချောင်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ခရုများမှ နူးညံ့သော အသားအချို့ကို ကော်ထုတ်လိုက်သည်။

"နျန်နျန်း အသားပဲ စားပါ... အမြီးကို မစားနဲ့"

ခရုများကို တောင်ကျစမ်းရေများတွင် မွေးမြူထားသော်လည်း အမြီးမပါဘဲ စားသုံးခြင်းက ပိုကောင်းသည်။

အခု သူတို့ နှစ်ယောက် အလောင်းအစား လုပ်ပြီး ကျန်းရှုယောင် ၎င်းကို ချက်ခဲ့သဖြင့် တယောက်ယောက်က မြည်းစမ်းကြည့်ရမှာဖြစ်သည်။

ကိုယ်လုပ်တော်လင်း၏ မျက်လုံးများသည် နန်းတော်ရှိ မိန်းမစိုးများကို လှည့်ပတ်ကြည့်နေသည်။ သူမ မိန်းမစိုးတစ်ယောက်ကို လက်ညိုးထိုးပြပြီးဆိုလိုက်၏။

"မင်း လာစားကြည့်"

ထိုနောက်မှာ သူမက ကြင်နာတတ်
သည်ဟု ခံစားရပြီး “ဆုလာဘ်တစ်ခုရှိတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

ကျန်းရှုယောင် ပို၍ပင် အကူအညီမဲ့လာသည်။

မိန်းမစိုးသည် မူလက ဆင်းရဲသောမိသားစုမှဖြစ်ပြီး နန်းတော်၌ နှစ်အတော်ကြာနေခဲ့သည်။ သူက နုနယ်သိမ်မွေ့သောလူမဟုတ်ပေ။

ခေါင်းငုံ့ပြီး စားပွဲဆီသို့ လျှောက်သွားသည်။ မြေကြီးပေါ်၌ ဦးခေါင်းကို ထိလျက် တလေးတစား ဒူးထောက်ထိုင်ပြီးဆို၏။

"ကျေးဇူးတင်ပါတယ် နျန်နျန်းနဲ့ သခင်မ...စားစရာအတွက် ကျေးဇူးတင်ပါတယ်"

သူက အဆိပ်ပေးခံရသလိုမျိုး ပြုမူသည်။ နန်းတွင်းအပျိုတော်က ကြွေပန်းကန်ပြားကို ယူလာကာ ခရုတစ်ကောင်ခပ်ပြီး ပန်းကန်ပြားပေါ်တွင် တင်၍ မိန်းမစိုးထံသို့ ယူဆောင်ခဲ့လေသည်။

မိန်းမစိုးက ခေါင်းကိုမော့ပြီး နူးညံ့သည့်ခရုအသားကိုရွေးရန် ကျန်းရှုယောင်၏ လှုပ်ရှားမှုကို အတုယူလိုက်၏။

ဟင်းချိုက ပျစ်ပြီး အစပ်ဆီတို့ဝေ့သီလျက် ခရုပေါ်မှာ ကပ်နေသည်။ စပ်ပြီး ပြင်းသောရနံ့က မျက်နှာပြင်ပေါ်တွင် ပျံ့လွင့်သွားကာ ယင်းက သူတစ်ခါမှ မခံစားဖူးသော အရသာတစ်ခုဖြစ်သည်။ ၎င်းသည် အလွှာများ ကြွယ်ဝပြီး လတ်ဆတ်မှုနှင့် စပ်သောအရသာကို လုံးဝ ပျက်ပြယ်သွားစေသည်။ ကမ္ဘာပေါ်ရှိ ရနံ့အားလုံးကို ဤခရုအသားထဲတွင် ထည့်သွင်းထားပုံရသည်။

မူလက သူ အရသာမရှိလျှင် စကားလုံးများကို မည်ကဲ့သို့သုံးရမည်ကို ဦးနှောက်ခြောက်အောင်
စဥ်းစားနေသေးသော်လည်း ယခုအခါတွင် သူ စကားယဥ်သုံးစရာ မလိုအပ်တော့ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

ကျန်းရှုယောင်က သူ့ကို အမြီးမစားရန် ပြောလိုက်သည့်အတွက် ခရုအသားကို သွားကြားထဲမှာပဲ ကိုက်လိုက်သည်။ ခရုအသားသည် အလွန်နူးညံ့သော်လည်း အတွင်းတွင် မာထုတ်ထုတ်လေး နှင့် နူးညံ့သည်။ သူစိတ်ကူးထားသည့်အတိုင်း ကြွယ်ဝပြီး ရှုပ်ထွေးသော အရသာအားလုံးကို ခရုအသားထဲတွင် ထည့်သွင်းထားသည်။ အလွန်အရသာရှိပြီး အလွန်စပ်ကာ ချိုမြိန်မှုအရိပ်အမြွက်ဖြင့် ကြာရှည်စွဲကျန်သည်။


ရှင်းနေသည်မှာ အသားအနည်းငယ်မျှသာ စားရသေးသော်လည်း ခံတွင်းထဲတွင် ပြင်းပြသော ရနံ့တစ်ခု ချက်ခြင်းထွက်လာသည်။ လတ်ဆတ်၊ လန်းဆန်းပြီး စပ်၏။ယခုအချိန်မှာ ဝိုင်ရှိသည်ဆိုပါက ခရုအသားကိုက်ပြီး ချိုခါးခါး ဝိုင်ကို သောက်လိုက်လျှင် သူ သေပျော်ပေလိမ့်မည်။

"ဘယ်လိုနေလဲ"

ကိုယ်လုပ်တော်လင်းက မေးလိုက်၏။

မိန်းမစိုး စွဲကျန်နေသောအရသာကိုတစိမ့်စိမ်အရသာခံကာ မိန်းမောနေရာမှ အမြန်အသိဝင်ကာဖြေလိုက်သည်။

"တော်ဝင်ကိုယ်လုပ်တော်ထံပြန်ကြားပါတယ်...အထူးကောင်းမွန်ကြောင်းပါ"

ကံမကောင်းစွာနှင့် သူက နုံချာပြီး ကောင်းကောင်းမဖော်ပြနိုင်ခဲ့ပေ။ သူ ခရုများကို ထိုက်တန်သော ချီးမွမ်းခြင်းကို မပေးနိုင်ခဲ့ပါချေ။

ကျန်းရှုယောင် ဤအဖြေကို မျှော်လင့်ထားပြီးသားဖြစ်သဖြင့် သိပ်တုံ့ပြန်ခြင်းမရှိသော်လည်း ကိုယ်လုပ်တော်လင်းက မယုံနိုင်ပေ။

"တကယ်လား"

မိန်းမစိုး၏အဖြေမရှိလျှင်ပင် မိန်းမစိုးက မုသားစကားကို မဖြေဝံ့ကြောင်းကို သူမသိသော်လည်း၊ ဤမျှခိုင်မာသော “အထူးကောင်းမွန်သော” သည် သူမအား မယုံနိုင်လောက်အောင် ဖြစ်နေစေဆဲပါပင်။ သူမ စားပွဲဆီသို့ အမြန်လျှောက်လာပြီး ခရုကြော်ပန်းကန်ပြားကို ကြည့်လိုက်သည်။

သူမ လျှောက်သွားသောအခါ မွှေးရနံ့က ပြင်းထန်လာပြီး စပ်သော မွှေးရနံ့က ပို၍ ထင်ရှားလာသည်။

ကျန်းရှုယောင်က သူမကို ပြုံးပြုံးလေးကြည့်နေသည်ကိုမြင်ရာတွင် သူမ အသက်ပြင်းပြင်းရှူပြီး အံကြိတ်ကာပြောလိုက်၏။

"ငါ့ဆီ ယူလာခဲ့...ငါ မြည်းစမ်းကြည့်မယ်"

ထုံးစံအတိုင်း သူမကိုယ်တိုင် ခရုအသားကို ယူရန် မလိုအပ်ပါချေ။အစေခံက သူမအတွက် ကောက်ယူပေးပြီး သူမ ချီတုံချတုံနှင့် ပါးစပ်ထဲ ထည့်လိုက်သည်။

သူမသည် နန်းတော်ထဲတွင် နေထိုင်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငရုတ်သီးမပြောနှင့်၊ အရသာပြင်းသော အစားအစာကို သူမ မစားခဲ့သည်မှာကြာလေပြီ။

ဤပွင့်ထွက်လာအရသာကြောင့် သူမ အံ့အားသင့်သွားသည်။

ခရုအသားက လျှာဖျားပေါ်ကျသည့်အခါ ပါးစပ်ထဲမှာ အနံတွေ ပေါက်ကွဲထက်လာ၏။အနည်းငယ်နာကျင်ပြီး ထုံကျင်သော်လည်း၊ ဟင်းရည်ထဲတွင်စိမ်ထားသော ခရုအသား၏ လတ်ဆတ်မှုနှင့်အတူ လူများကို တံတွေးထုတ်စေသည့် လှုံ့ဆော်မှုရနံ့တစ်ခုလည်းဖြစ်သည်။ ချိုမြိန်ပြီးတစိမ့်စိမ့်ဖြစ်သော အရသာအခြေခံဖြင့် ကြွယ်ဝသည်။ လတ်ဆတ်မှု၊ ချိုမြမှုနှင့် စပ်မှုတို့သည် ပို၍ ကွက်ကွက်ကွင်းကွင်း ဖြစ်လာသည်။ အရသာမျိုးစုံက သူမပါးစပ်၏ အစိတ်အပိုင်းတိုင်းကို တခဏချင်း လွှမ်းမိုးသွားတယ်။ မဝါးခင်မှာ ခရုတွေကို မနေနိုင်ဘဲ မျိုချမိလိုက်၏။

သူမ ခရုအသားကို ဝါးလိုက်ပြန်သည်။ ဤအသားက အလွန်အံ့သြဖွယ်ကောင်းသည်၊ နူးညံ့သော်လည်းခိုင်မာပြီး သူမ၏သွားများကြားတွင် ဝါးရကာမာထုတ်ထုတ်လေးဖြစ်သည်။ များများဝါးလေလေ မွှေးလေလေ၊ အရသာက ပိုသိသာလေလေ ပါပင်။ ခရုတွေက နွေဦးပေါက်ချိန်မှဖြစ်လေရာ အသားကအနည်းငယ်ချို၏။ ဂရုတစိုက် ဝါးပြီး မျိုချပြီးနောက် သူမ လုံးဝ စိတ်မသက်မသာ ခံစားလိုက်ရသည်။ ၎င်းသည် သူမအား စွဲစွဲလန်းလန်းဖြစ်စေသော်လည်း ၎င်းသည် အတော်လေး သေးငယ်သောအပိုင်းတစ်ခုဖြစ်ပြီး မဝပါချေ။

ကျန်းရှုယောင် သူမ၏ အမူအရာကို ကြည့်ရုံဖြင့် သူမ၏ အတွေးများကို သိသည်။ သူမ အပြုံးကို မျိုသိပ်ပြီးပြောလိုက်၏။

"ဘယ်လိုလဲ"

ကိုယ်လုပ်တော်လင်းက ပန်းကန်ပြားကို စူးစမ်းရန် သူမလက်ကို ဆန့်ထုတ်လိုက်သည်။ သူမအစေခံက သူမအတွက် တစ်ခုကို အမြန်ယူပေးလိုက်သော်လည်း သူမကလက်ကို ဝှေ့ယမ်းကာပြောလိုက်၏။

"ငါ ကိုယ်တိုင်လုပ်မယ်"

သူမလက်နှင့် ခရုတစ်ကောင်ကို ကိုင်လိုက်သည်။ ဤသည်က တကယ့်ကို ထူးဆန်း၏။ ဒီလိုရုပ်ဆိုးတဲ့ အကောင်သေးသေးလေးက ဘာကြောင့် ဒီလောက်အရသာရှိနိုင်ရတာလဲ...

ကျန်းရှုယောင်က သူမကို အချိန်ကိုက်သတိပေးလိုက်သည်။

"ခရုထဲမှာ ဟင်းရည်ရှိတယ်...အမြီးကိုကိုင်ပြီး ခရုအသားကို စုပ်ထုတ်လိုက်... ဒီစားနည်းက အမိုက်ဆုံးပဲ"

သူမ၏ ရိုးရှင်းသော စကားသည် ကိုယ်လုပ်တော်လင်းကို မသိစိတ်က တံတွေး မျိုချစေခဲ့သည်။

သူမ ခရုကို သူမ၏ပါးစပ်ထဲသို့ စမ်းထည့်လိုက်ကာ သူမ၏နှုတ်ခမ်းများနှင့် ခရုကိုထိလိုက်သောအခါ အံ့သြသွားခဲ့ပြီး ယင်းအပြုအမူက အရုပ်ဆိုးလွန်းသည်။ သို့ပေမဲ့ အင်မတန်နောက်ကျသွားလေပြီ။ ခရုခွံပေါ်ရှိ အရသာရှိသော ဟင်းရည်က သူမအား မသိစိတ်မှ တုံ့ပြန်မှုကို ဖြစ်စေသည်။ အနည်းငယ် စုပ်လိုက်ရုံဖြင့် ဆိမ့်ပြီး စပ်သော ဟင်းချိုက ပါးစပ်ထဲသို့ ရုတ်တရက် စိမ့်ဝင်လာသည်။ အများကြီးမဟုတ်ပေမဲ့ သူမ၏အရသာခံဖူးတွေကို ချက်ချင်းနိုးထစေလောက်အောင်ပါပင်။

ဟင်းရည်က ခရုအသားထက် လတ်ဆတ်သည်။ အနှစ်သာရအားလုံးသည် ဤဟင်းရည်၏ သေးငယ်သောအကိုက်တွင် ပေါင်းစပ်ထားပုံရသည်။ ပူပူစပ်စပ်ဖြစ်ပုံရသော်လည်း အနံ့အရသာနှင့် ပြည့်နေသည်။အူမားမီအရသာက အလွန်အရသာရှိပြီး လူတွေကို စားမဝနိုင်ဖြစ်စေ၏။

သူမ မထိန်းနိုင်ဘဲ နောက်ထပ်တစ်စုပ်သောက်လိုက်ပြီး တရှုပ်ရှုပ်အသံထွက်သွားစေသည်။ ယင်းက တကယ်ကို မလျောက်ပတ်သော်လည်း ယခုအချိန်တွင် သူမ ဘာကိုမှစဉ်းစားနိုင်တော့ပေ။

ကျန်းရှုယောင် သူမ ခရုအများအပြားကို တစ်ခုပြီးတစ်ခု စုပ်သည်ကိုမြင်ပြီးနောက် သူမအား အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။

"နျန်နျန်း ဘယ်လိုလဲ...ဆုလာဘ်က ထိုက်တန်ရဲ့လား"

ကိုယ်လုပ်တော်လင်း ခဏမျှ အေးခဲသွားပြီး မကြာမီမှာပင် မျက်ခုံးများထက်တွင် အပြုံးတစ်ခုဖြစ်တည်လာကာ အင်မတန်ရွှင်ပြစွာဆို၏။
"ဆုလာဘ်"

ထို့နောက် သူမက ထပ်ဖြည့်ပြောသည်။
“အခု မင်းကို ငါက ယုံသွားပြီ”

သူမပြောနေရင်း လက်ကလည်းဆက်သွားနေ၏။ "အနာဂတ်မှာ လင်းမိသားစုရဲ့ စားသောက်ကုန်လုပ်ငန်းကို ငါက ပံ့ပိုးပေးမှာမို့လို့ မင်းသားခန်း အတွက် စိတ်မပူပါနဲ့"

သူမက သက်ပြင်းချရင်း
"လင်းမိသားစုရဲ့ လုပ်ငန်းကို ဧကရာဇ်မင်းမြတ်ဆီကနေ ပံ့ပိုးပေးခဲ့တာက နန်းတော်ထဲဝင်ပြီးကတည်းက ဒါပထမဆုံးအကြိမ်ပဲ...အချစ်လေး မင်း အနာဂတ်ကျရင် မတ်မတ်နေလို့ရပြီ...ငါ့ကို စိတ်မပျက်စေနဲ့"

ကျန်းရှုယောင် အခြေအနေက ထိုကဲ့သို့ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့သဖြင့် အံ့သြသွားခဲ့သည်။

"ဧကရာဇ်မင်းမြတ်..."

"ဟုတ်တယ်"
ကိုယ်လုပ်တော် လင်းကဆို၏။

“စိတ်မပူနဲ့... ငါက ပြောတဲ့အတိုင်း လုပ်မှာပါ"

သူမ သူမ၏လက်ချောင်းထိပ်များကို သုတ်လိုက်ပြီး နဂိုပျင်းရိငြီးငွေ့ဟန်ပုံစံကို ပြန်လည်ရရှိသွားကာဆိုသည်။

"ဒါပေမဲ့ အခုမဟုတ်သေးဘူး...အနံ့က အရမ်းပြင်းတယ်...ဧကရာဇ်မင်းမြတ်ဆီ မသွားခင် ငါရေချိုးတဲ့အထိ စောင့်ရမယ်"

ကျန်းရှုယောင် ခေါင်းညိတ်လိုက်သည်။ သူမ ပြန်သွားသည့်တိုင်အောင် စောင့်ပြီး ရှဲ့ရွှင်းကို ထိုအကြောင်း မေးရန်စဥ်းစားလိုက်၏။

ကိုယ်လုပ်တော်လင်းက ကောင်းကင်ကို မော့ကြည့်ကာဆိုသည်။
"နောက်ကျနေပြီ... မင်းအရင်ပြန်သွားလို့ရပြီ"



Xxxxx