အပိုင်း ၁၀၁
Viewers 16k

Chapter 101
ဇီးသီးခြောက်မုန့်ပြားကြော်



ကျန်းရှုယောင်သည် ရှဲ့ရွှင်းက သူမကို နန်းတော်တံခါးမှာ စောင့်နေတုန်းပဲဟု ထင်ပြီး ဦးညွှတ်ကာ ထွက်သွားခဲ့၏။

သူမထွက်သွားပြီး သိပ်မကြာခင်မှာပဲ ကိုယ်လုပ်တော်လင်းက သူမ၏ပျင်းရိငြီးငွေ့ဟန် ပုံစံကို ဖယ်ရှားလိုက်ပြီး ခရုတွေကို ပြန်စုပ်ပါတော့သည်။ဤတစ်ကြိမ်မှာ သူမက သူမ၏ခရုတွေကို ခံစားရန် ချုပ်တည်းထားဖို့ရာ မလိုအပ်တော့ပါချေ။ ကျယ်လောင်သော တရှုပ်ရှုပ်အသံနှင့် အင်အားကြီးမားစွာဖြင့် သူမ ခရုများကို ပါးစပ်ထဲသို့ တိုက်ရိုက်စုပ်ပြီး အသားကို ဝါးရင်း ဟင်းရည်ကိုပါမြည်းစမ်းလိုက်သည်။


ကျန်းရှုယောင် နန်းတော်တံခါးမှ ထွက်လာသောအခါ ရှဲ့ရွှင်းက ထိုနေရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

နေမင်းကြီးသည် တဖြည်းဖြည်း အနောက်ကျွန်းဆီ သက်ဆင်းနေပြီဖြစ်ကာ ကောင်းကင်ကြီးက အနီရောင်ဆိုးပြီး အောက်ခြေတွင် ရွှေကြိုးတစ်ကွင်းသာ ကျန်တော့သည်။ နေ၏ရွှေရောင်တောက်ပမှုကြောင့် လူတို့ မျက်လုံးမဖွင့်နိုင်ဖြစ်ခဲ့ရသည်။

ရှဲ့ရွှင်းက အရပ်ရှည် ခမ်းညားထည်ဝါပြီး တောက်ပသော အရာရှိအဝတ်အစားကို ဝတ်ဆင်ကာ နန်းတော်တံခါးနှင့် မနီးမဝေးတွင် ရပ်နေသည်။ သူက အလွန်ကို ပေါ်လွင်သလိုပါပင်။

ကျန်းရှုယောင်၏ နှလုံးသားသည် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ စကတ်ကို မရင်း သူ့ထံသို့ ပြေးသွားခဲ့သည်။

ရှဲ့ရွှင်း တစ်ခုခုခံစားလိုက်ရသလိုဖြစ်ပြီး သူလှည့်ကြည့်လိုက်ရာ ကျန်းရှုယောင် သူ့ဆီပြေးလာသည်ကိုတွေ့လိုက်ရ၏။

သူမ သူ့ဆီ ပြေးလာမည်ဟု သူ မမျှော်လင့်ထားပေ။လဲကျမှာကို စိုးရိမ်းပြီး ဖမ်းထားရန် သူ့လက်မောင်းကို မသိစိတ်က ဆန့်ထုတ်လိုက်ပေမဲ့ ဤက နန်းတော်တံခါးရှေ့မှာဖြစ်ကြောင်း သူတွေးမိသောအခါ သူ့လက်ကို အမြန်ပြန်ချလိုက်သည်။

ကျန်းရှုယောင်က သူ့ဆီ ပြေးလာပြီး ရပ်လိုက်၏။ သူမ အနည်းငယ် ဟောဟဲလိုက်ရင်းဆိုသည်။

"စောင့်နေတာ ကြာပြီလား"

"မကြာသေးပါဘူး"

ရှဲ့ရွှင်း နှုတ်မှထွက်လိုက်မိ၏။
“ဘယ်လောက်ကြာကြာ စောင့်နေမှာ”

နေ့တိုင်း နေဝင်ချိန် အလင်းရောင်အောက်တွင် ရေချိုးသန့်စင်ရင်း သူမကို စောင့်မျှော်ချိန်တွင် ရုတ်တရက် လှည့်ကြည့်သည့်အခါ သူမ သူ့ဆီသို့ ပြေးလာသည်ကို တွေ့ရနိုင်ပါလျှင် ကောင်းလိမ့်မည်။စောင့်မျှော်ရသည် ခံစားချက်က အံ့ဩစရာ ဖြစ်လာ၏။

ကျန်းရှုယောင်က သူ့စကားကို နားမလည်။ သူမ သူ့အရာရှိဝတ်စုံ၏ ဝတ်ရုံလက်ကိုဆွဲကာ "သွားရအောင်" ဟုပြောလိုက်သည်။

ရှဲ့ရွင်းက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ဘေးချင်းကပ်လျက် လျှောက်သွားကြသည်။

"မင်းဒီနေ့ နန်းတော်မှာ ဘာလုပ်ခဲ့လဲ"

"ခဏလောက် စကားစမြည်ပြောပြီးတာနဲ့ အလောင်းအစားလုပ်ပြီးတော့ တော်ဝင်ကိုယ်လုပ်တော်အတွက် ဟင်းတစ်ခွက်လုပ်ခဲ့တယ်"

"အိုး"

ရှဲ့ရွှင်းက သူမကို ငုံ့ကြည့်ကာ
"မင်းက နန်းတော်ထဲမှာ ဟင်းချက်နေတာလား"

ကျန်းရှုယောင် ဖြစ်ကြောင်းကုန်းင် ပြောပြပြီး နောက်ဆုံးမှာမေးလိုက်သည်။

“ကိုယ်လုပ်တော်က စားမယ်လို့ထင်လား”

ရှဲ့ရွှင်းက ကိုယ့်နှုတ်ခမ်းကိုယ် စုပ်လိုက်ပြီး နှုတ်ခမ်းထောင့်တွေကို ပင့်လိုက်သည်။သူမ၏ ဂုဏ်ဆာနေဟန်ပုံစံကိုမြင်သောအခါ သူ မပြုံးဘဲမနေနိုင်ပေ။

“ဒါပေါ့... သူစားရုံတင်မကဘူး အရသာရှိတယ်လို့လည်းထင်တယ်”

"ဟင်"
ကျန်းရှုယောင် ပြောလိုက်သည်။

"ရှင်ဘယ်လိုသိလဲ"
သူမ ဖြစ်စဉ်ကို အလွန်စိတ်လှုပ်ရှားဖွယ်ကေားင်းအောင် ဖော်ပြရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

သူက "မင်းလုပ်ထားတာမလို့ပဲ" ဟု သဘာဝကျကျပြောခဲ့သည်။

ကျန်းရှုယောင် သူ့စကားကြောင့် အနည်းငယ် ရှက်သွားပြီး သူ့ကိုထုလိုက်သည်။

"ဘာမှ အဓိပ္ပါယ်မရှိဘူး..."

ဤအချိန်မှာ အလုပ်ချိန်တွေကုန်ဆုံးသွားသည်မှာ ကြာပြီဖြစ်သည်။ နန်းတော်ရှေ့တွင် လူသိပ်မရှိပေ။ အများစုမှာ မုတ်ဆိတ်ဖြူနှင့် အရာရှိများ ဖြစ်ကြပြီး အလွန်နောက်ကျမှ ထွက်သွားကြသည်။

နှစ်ယောက်သား ဘေးချင်းကပ် လမ်းလျှောက်သည်က တကယ်ကို မျက်စိကျစရာပင်။ သို့ပေမဲ့ ရှဲ့ရွှင်းက ဤအချိန်ကောင်းကို အတူတူ မဖြုန်းတီးပစ်ချင်သောကြောင့် သူ့လက်ကို ကျန်းရှုယောင်ဆီ တိုးတိုးတိတ်တိတ် ရွှေ့လိုက်၏။

အရာရှိဝတ်စုံက ပြန့်ကားတောက်ပပြီး
ကျန်းရှုယောင်၏ ကြာနီဖျော့ရောင်နူးညံ့သောဖဲစနှင့်လိုက်ဖက်နေသည်။ သူတို့၏ ကျယ်ဝန်းသော ဝတ်ရုံလက်များက ထပ်ကာထပ်ကာ တိုက်မိသွားသည်။

ကျန်းရှုယောင်က ရှင်းရှင်းလင်းလင်း မသိသဖြင့် သူမလက်ကို ရွှေ့တော့မည်ဖြစ်သော်လည်း ရှဲ့ရွှင်းက ရုတ်တရက် သူမ၏လက်ကို ဖမ်းဆုပ်လိုက်သည်။

သူမ ရှဲ့ရွှင်းကို အံ့သြစွာကြည့်လိုက်သည်။ ရှဲ့ရွှင်းက သူမ၏ ဘယ်ဘက်လက်ကို ဆုပ်ထားပြီး လည်ချောင်း ရှင်းကာဆို၏။

"ဝတ်ရုံလက်နဲ့ ဖုံးနေတယ်"

ဒါပဲလား...

ကျန်းရှုယောင် ပြောစကားမဲ့သွားရသည်။

ရှဲ့ရွှင်းက ပြောပြီးသည်နှင့် ဘယ်ဘက်လှည့်ကာ ပတ်ပတ်လည်ကို ကြည့်ပြီး သူတို့ လက်ချင်းဆွဲသည်ကို မည်သည့်အရှာရှိမှ ကြည့်မနေကြောင်း အတည်ပြုပြီး စိတ်အေးသွား၏။

သူမလက်ကို ကိုင်လိုက်ပြီးနောက် ရှဲ့ရွှင်း၏ခြေလှမ်းများသည် ပိုမိုပေါ့ပါးသွားခဲ့သည်။ သို့သော် လမ်းကတိုလွန်းသဖြင့် ခြေလှမ်းအနည်းငယ်လှမ်းပြီး ရထားလုံးဆီသို့ ရောက်သွားသည်။

ရှဲ့ရွှင်း ကျန်းရှုယောင်ကို ရထားလုံးပေါ်သို့တက်ရန် ကူညီပေးခဲ့ပြီး သူမနောက်သို့ လိုက်ကာ သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

ရထားလုံးပေါ်တက်ပြီးနောက် ကျန်းရှုယောင် အနည်းငယ် မူးဝေလာသဖြင့် သူမ ပေါင်မုန့်ပြားများပါရှိသော သစ်သားသေတ္တာကိုဖွင့်ကာ မုန့်ပြားတစ်ချပ်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ရှဲ့ရွှင်းက မေး၏။
"ဗိုက်ဆာပြီလား"

ကျန်းရှုယောငမက ခေါင်းညိတ်ပြီး
"တော်ဝင်ကိုယ်လုပ်တော် နန်းဆောင်မှာ နေ့လည်စာ စားခဲ့တယ်...သိပ်မကောင်းဘူး...နေ့လည်ခင်းမှာ တခြား လန်းဆန်းမှု မရှိဘူး"

မုန့် အနည်းငယ်စားပြီးနောက် မူးဝေမှု သက်သာသွားသည်။ ရှဲ့ရွှင်းက သူမဆီ လက်ဖက်ရည်ပူပူတစ်ခွက် ယူလာကာ သူမက ချလိုက်သည်။

သူမဗိုက်က ပိုကောင်းလာသည်ကိုခံစားရကာ ကျန်းရှုယောင် သက်ပြင်းချရင်းဆိုလိုက်၏။ "အိမ်မှာနေရတာ ပိုအဆင်ပြေတယ်"

ရှဲ့ရွှင်းက လက်ကိုင်ပုဝါကို ထုတ်ကာ သူမ၏ နှုတ်ခမ်းထောင့်မှာကပ်နေသည်များကို သုတ်လိုက်ပြီးပြောသည်။

"ဒါက သဘာဝပဲ"

နှစ်ကြိမ်သုတ်ပြီးနောက် တစ်ခုခုမှားနေပြီဟု သူ ခံစားလိုက်ရသည်။

"မင်းပါးစပ်ထောင့်မှာ ဘာကပ်နေတာလဲ...ဘာလို့နီနေတာလဲ"

သူ လက်ကိုင်ပုဝါဆီသို့ ကူးပြောင်းသွားသော အရောင်ကို အလွန်စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သွေးနှင့်တူသော်လည်း သွေးလိုမဟုတ်ပေ။ သူမနှုတ်ခမ်းထောင့်မှာ ထိခိုက်ထားလို့များ ဖြစ်မလား...

သူ့အကြည့်ကို မြင်လိုက်ရသောအခါ ကျန်းရှုယောင် ကြောင်သွားသည်။
"ဘာလဲ"

သူမ နှုတ်ခမ်းထောင့်ကို လက်မြှောက်ထိလိုက်ပြီး လက်ချောင်းတွေပေါ်က အနီရောင်တောက်တောက်ကို မြင်လိုက်ရသောအခါနားလည်လိုက်သည်။

"...ဒါက နှုတ်ခမ်းနီပဲ"

ရှဲ့ရွင်း၏ ထိတ်လန့်သောအမူအရာက အေးခဲသွားသည်။ သူက လက်ကိုင်ပုဝါကို တိတ်တိတ်လေးခေါက်ပြီး ဝတ်ရုံလက်ထဲကို ပြန်ထည့်လိုက်၏။
"မင်းရဲ့ နှုတ်ခမ်းနီက အရင်က ဒီလောက် မတောက်ပါဘူး"

“ဟုတ်တယ်...ဒါက တော်ဝင် ကိုယ်လုပ်တော်သုံးတဲ့ဟာ"

သူမသုံးနေကျ နှုတ်ခမ်းနီက ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းဆီဖြစ်သော်လည်း သူမအား ကိုယ်လုပ်တော်လင်းပေးခဲ့သော နှုတ်ခမ်းနီက အလွန်အဖိုးထိုက်ပြီး အနီရောင်ဖြစ်သည်။ ရှဲ့ရွင်းက ဤအရာများကို တစ်ခါမျှ မထိဖူးဘဲ ခြားနားချက်ကို သိရန် အမျိုးသမီးတစ်ဦး၏ နှုတ်ခမ်းကို နေ့တိုင်း စိုက်ကြည့်ရန်ကလည်း မဖြစ်နိုင်ပေ။အနည်းငယ် မိုက်မဲသည်ထင်ရပေမဲ့ သူမသိသည်က ပုံမှန်ပါပင်။

သူမ ရှဲ့ရွင်းနားတိုးကပ်ပြီးမေးလိုက်သည်။
"ဒီနေ့ ကျွန်မနှုတ်ခမ်းတွေ အရမ်းနီနေတာကို သတိမထားမိဘူးလား"

မျက်လုံးချင်းဆုံလိုက်သည်နှင့် လေထုက ရုတ်တရက် အနည်းငယ် တိတ်ဆိတ်သွားသည်။

ရှဲ့ရွှင်း သူမ၏ နှင်းဆီရောင်တောက်နေသော နှုတ်ခမ်းဖောင်းဖောင်းကို ကြည့်ပြီး မျက်တောင်ခတ်လိုက်ကာ ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါဆို ဒီလိုကိုး... ဒီနေ့ ဘာလို့ မတူတာလဲလို့တွေးနေတာ"

ကျန်းရှုယောင် မူလက သူ့ကို စနောက်ရန် တွေးနေသော်လည်း သူ့အပေါ် လုံးဝသက်ရောက်မှု မရှိခဲ့ပေ။ သူမ ရုတ်တရက် ငြီးငွေ့လာကာ နံရံပေါ်ပြန်လှဲချလိုက်သည်။

ရှဲ့ရွှင်း သူမ၏ နှုတ်ခမ်းများကို ခိုးကြောင်ခိုးဝှက် ငေးကြည့်ရင်း သေသေချာချာ စဉ်းစားနေမိသည်။ မှော်ဆန်သည်ဟု ခံစားနေရရင်း သူမ၏ ငရုတ်သီးစားပြီး နှုတ်ခမ်းနီခြင်းနှင့် အနှီနှုတ်ခမ်းနီခြင်းကြားက ခြားနားချက်ကို သူ ခွဲခြားသိမြင်ခဲ့သည်။

ယင်းက ပိုစိုပြည်၊ တောက်ပပြီး ပိုပြည့်ဖောင်းနေသည်ဟုထင်ရ၏။

ကျန်းရှုယောင် သူ့အကြည့်တွေ သူမနှုတ်ခမ်းပေါ်ကျရောက်နေသည်ကို ခံစားရပြီး သူ တစ်ခုခုလုပ်မည်ထင်ကာ အနည်းငယ်စိတ်လှုပ်ရှားလာသည်။ သို့ပေမဲ့ သူ့မျက်နှာကို ကြည့်လိုက်သောအခါ ခံစားချက်မဲ့နေပြီး သူမမျက်နှာကို လေးလေးနက်နက် လေ့လာနေ၏။

သူမ နှလုံးသားထဲမှာ တိတ်တဆိတ် ညည်းညူရင်း ရထားလုံးနံရံကို မျက်နှာမူလိုက်မိသည်။

မြို့စားရှဲ့အိမ်တော်သို့ရောက်ရှိပြီးနောက် ကျန်းရှုယောင် ရထားပေါ်မှခုန်ဆင်းပြီး ရှဲ့ရွှင်း ၏စကားကိုမဖြေဘဲ စံအိမ်ဆီသို့လျှောက်သွားခဲ့သည်။

ရှဲ့ရွှင်း စိတ်ရှုပ်ထွေးသွားပြီး ခြံဝင်းထဲသို့ သူမနောက်မှလိုက်ကာ အဖြစ်အပျက်ကို တွေးနေသည်။

ကျန်းရှုယောင် ခြံဝင်းထဲ ပြန်ရောက်သောအခါ သူမ ပထမဆုံးလုပ်လိုက်သည်မှာ အစာရှာရန် မီးဖိုချောင်သို့ အပြေးအလွှားသွားခြင်းဖြစ်သည်။ သူမ အလွန်ဗိုက်ဆာနေပြီး တနေကုန် ကောင်းကောင်းမစားခဲ့ရပေ။

မီးဖိုချောင်ထဲ လှည့်ပတ်ကြည့်လိုက်သောအခါ ဇီးသီးခြောက်ပေါင်မုန့်ကို အရိပ်ထဲတွင် ဖုံးအုပ်ထားသည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ  မြို့တော်ရှိ နေရာစုံတွင် နံနက်စာဆိုင်ဖွင့်ခြင်းအကြောင်း လင်းရှီနှင့် ဆွေးနွေးခဲ့သည်။ သို့သော် ရောင်းချရန် ပိုများသော အရာများ ရှိပြီး ထုတ်လုပ်မှု အချိန် တိုသောကြောင့် ကျန်းရှုယောင် မုန့်ပြား အမျိုးအစား အားလုံးကို စတင် စဉ်းစား ခဲ့သည်။

အတိအကျပြောရလျှင် ဇီးသီးခြောက်မုန့်ပြားကို နံနက်စာအဖြစ် မသတ်မှတ်ပါချေ။ သူတို့သည် သူမအတွက် ညဥ့်နက်အဆာပြေစာများကဲ့သို့ပင်။ လူတွေက ဇီးသီးခြောက်မုန့်ပြားတွေကို တွေးသည့်အခါ လမ်းဘေးမုန့်လှည်းတွေကို တွေးမိကြလိမ့်မည်။ ကားခေါင်မိုးပေါ်မှာ တုန်ခါနေသည့်မီးသီးတွေ၊ လိမ္မော်ရောင် မီးလုံးတွေ ပေါ်လာလိမ့်မည်။ ကြော်ထားသော ပေါင်မုန့်များ၏ ဆီရနံ့သည် မွှေးပျံ့ပြီး ငန်သော အနံ့ကို ပေးစွမ်းသည်။ အနံ့ခံရုံနှင့် ညလယ်စာရှာသည်က မှန်ကန်သည့် ရွေးချယ်မှုဟု လူတွေ ခံစားရပါလိမ့်မည်။

ဇီးသီးခြောက်မုန့်ပြားများသည် အလွန်ပါးလွှာပြီး ထူးခြားသည့်ပုံစံရှိသည်။ မျက်နှာပြင်ပေါ်တွင် နှမ်းမရှိ၊ မုန့်ပြားပေါ်တွင် မျဉ်းကြောင်းစက်ဝိုင်းများမရှိပါချေ။ကိုက်စားမှသာလျှင် ကောင်းမကောင်းပြောနိုင်ပေလိမ့်မည်။မုန့်ပြားတွင် ထည့်ထားသော အသားများသည် သဘာဝအတိုင်း ဇီးသီးခြောက်နှင့် နုတ်နုတ်စင်းထားသော ဝက်သားဖြစ်သောကြောင့် ဆီထည့်ရန် မလိုအပ်ဘဲ ဒယ်အိုးထဲတွင် တိုက်ရိုက်ကြော်ထားသည်။ နုတ်နုတ်စင်းထားသော အသားများကို အပူပေးပြီးနောက် ဆီက တဖြည်းဖြည်း ပြည့်လျှံလာကာ ကြွယ်ဝသောဆီများသည် အပေါ်ယံလွှာတွင် စိမ့်ဝင်သွားကာ

မုန့်ပြား၏မျက်နှာပြင်ကို အဆီပြန်ကာ ရွှေရောင်ဖြစ်လာစေသည်။ ဆီများသောနေရာအချို့တွင် အပေါ်ယံလွှာကိုပင် အကြည်ရောင်အဖြစ်သို့ စိမ့်ဝင်ထားလိမ့်မည်။

ပေါင်မုန့်အခွံက တဖြည်းဖြည်း ကျယ်လာပြီး ဖောင်းကားနေသော အိတ်အဖြစ်သို့ ကားထွက်လာသည်။ အလွန်ချစ်စရာကောင်းပုံရသည်။ ကြော်ပြီးနောက် ၎င်းကို တုတ်ချောင်းဖြင့် ထိပါက အပြင်ဘက်အလွှာရှိ အရေပြားသည် မာကြောပြီး ကြွပ်ဆတ်လာကြောင်း ထင်ရှားစွာ ခံစားရနိုင်သည်။

ရှဲ့ရွှင်း မီးဖိုချောင်အပြင်ဘက်တွင် တိတ်တဆိတ် စူးစမ်းလေ့လာရင်း သူ့မှာ ဘာအမှားအယွင်းရှိလဲဟု တွေးနေမိပေမဲ့ ရနံ့ကို ရှူရှိုက်ရလိုက်သည့်အခါ နှုတ်ခမ်းကို ကိုက်ပြီး ဝင်လာခဲ့လိုက်၏။

အိုးထဲရှိ ဇီးသီးခြောက်မုန့်ပြားကို ငုံ့ကြည့်ရင်း မသိမသာတံတွေးမျိုချလိုက်ပြီး အလွန်ကိုမှ ကြင်နာသတိထားသောအမူအရာဖြင့်မေးလိုက်သည်။

"မင်း ယာဂု လိုချင်လား ...ပင်မမီးဖိုခန်းထဲက ယူလာခိုင်းလိုက်မယ်"

ကျန်းရှုယောင်က သူ့ကို ပြန်ကြည့်၏။ သူ၏မျက်လွှာချ နှုတ်ခမ်းမဲ့ထားသော စိတ်ပူနေ သည့်ပုံစံက ရှဲ့ယောင်နှင့် ဘာမကွာသလို ခံစားလိုက်ရပြီး သူမ အပြုံးကို မျိုသိပ်ကာပြောလိုက်သည်။

"သွား...ရိုးရိုးဆန်ပြုတ်တစ်ခွက်ပဲ"

ရှဲ့ရွှင်း အမိန့်ရပြီး အစေခံကို မီးဖိုချောင်ထဲက ထွက်ခိုင်းလိုက်သည်ဓ

ရှဲ့ရွှင်း ရှိနေသောကြောင့် ကျန်းရှုယောင် နောက်ထပ် မုန့်နှစ်ပြားကို ကြော်ပြီး ဆီစုပ်စက္ကူအနည်းငယ်၏အပေါ်မှ ပန်းကန်ပြားတစ်ခုပေါ်တွင် ထားကာ ညစာကို ဤကဲ့သို့ ကျေအေးစေခဲ့သည်။

အစေခံ၏ ခြေထောက်များက လျင်မြန်ပြီး ကျန်းရှုယောင် နှင့် ရှဲ့ရွှင်းတို့ စားပွဲပေါ်တွင် ထိုင်လိုက်သည်နှင့် ဆန်ပြုတ်ယူလာကြသည်။

ရှဲ့ရွှင်းက ထိတ်လန့်နေဆဲဖြစ်ပြီး ကျန်းရှုယောင် သူမ၏ တူများကို မလှုပ်မချင်း မစားဝံ့ပေ။

ဇီးသီးခြောက်မုန့်ပြားများဖြစ်စေ၊ မည်သည့် မုန့်ပြားများဖြစ်စေ တူများဖြင့် စားရလောက်အောင် အဆင်မပြေပါချေ။မုန့်တွေကို ညှစ်ကိုင်ပြီး ပါးစပ်ထဲကို ထည့်ရသည်။ ၎င်းတို့ကို ကိုက်ရန် အကောင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို သင့်ပါးစပ်နှင့် တိုက်ရိုက်ကိုက်ခြင်းဖြစ်သည်။

ဇီးသီးခြောက်မုန့်ပြား၏ အပေါ်ယံလွှာသည် အလွန်ပါးလွှာသည်။ မုန့်သားနယ်စဥ်က ခက်ပေမဲ့ အရသာက အလွန်ကြွပ်၏။ အဆီများသော အသား၏ အဆီနံ့သည် အပေါ်ယံလွှာထဲသို့ စိမ့်ဝင်သွားပြီး ဂျုံမှုန့်၏ မွှေးရနံ့ကို ထုတ်ပေးသည်။ ကိုက်လိုက်သည်နှင့် "ဂျွတ်ဂျွတ်" ဆိုသည့် အသံထွက်လာ၏။

ဇီးသီးခြောက် နှင့် နုတ်နုတ်စင်းထားသော ဝက်သားအလွှာ ပါးပါးလေးသာ ရှိသည်၊ အလွန်အကျွံ မဟုတ်ပါချေ။ အလွန်အကျွံ များပါက ငန်ပြီးအီပေလိမ့်မည်။ အသားနုတ်နုတ်ဆင်းသည် အလွန်အဆီများသည်။ ကြော်သည့်အခါ ဆီပြန်ပြီး စိုကာ ဇီးသီးခြောက်တွေနှင့်လိုက်ဖက်သည်။ ပထမအကြည့်တစ်ချက်တွင် ၎င်းသည် ညို-စိမ်း-ညို-စိမ်းဖြစ်ပြီး၊ ရံဖန်ရံခါ အနီရောင်နှင့် အဖြူရောင် နုတ်နုတ်စင်းထားသော အသားများဖြင့် အစက်ချထားသည်။ ၎င်းသည် အလွန်ရိုးရှင်းပြီး ပေါ့ပါးသည်။

ကြွပ်ရွသော မုန့်ကို ဂျွတ်ခနဲ ညှစ်လိုက်သည်နှင့် ဖောက်ထွင်းမြင်ရသော ဆီပြန်ဟင်းရည် ထွက်လာသည်။ ဇီးသီးခြောက်က အကြော်မှဆီ စုပ်ယူသည်လော၊ အငန် နှင့် လတ်ဆတ်သော အချိုရည်ကိုစုပ်ယူထားသည်လော မရှင်းလင်းပါချေ။

ဇီးသီးခြောက်၏ နောက်ခံမြင်ကွင်းနှင့် ဆန့်ကျင်ဘက်တွင် နုတ်နုတ်စင်းထားသော အသားက သပ်သပ်ရပ်ရပ် ဖြတ်တောက်ထားပြီး ချစ်စဖွယ်ကောင်းကာ တောက်ပြောင်ပြီး လုံးဝဆီမရွှဲပေ။ ရှဲ့ရွှင်း မုန့်ကို ကိုက်ပြီး သူ့ပါးစပ်ထဲကို ပို့လိုက်သည်။ကိုက်လိုက်မှသာ ဇီးသီးခြောက်မုန့်ပြား၏ အလှကို သိမြင်ရတော့၏။

ဇီးသီးခြောက်များကို လုံးဝ မကြမ်းဘဲ ကောင်းစွာ လှီးထားပြီး ဝါးရသည်မှာ ကြွပ်ဆတ်သည်။ အနည်းငယ်ပျော့ပြီး တစ်ချက်ကိုက်လိုက်သည်နှင့် သူ့ပါးစပ်မှာ လတ်ဆတ်မှု၊အငန်ဓာတ်တို့နှင့်ပြည့်နေသည်။ ဇီးသီးအခြောက်မုန့်ပြား များသည် အခြောက်တိုက်စားပါက အရသာရှိမည်မဟုတ်ဘဲ အဆီများသောအသားများဖြင့် တွဲဖက်စားသုံးရန် လိုအပ်သည်။ ဇီးသီးခြောက်များသည် အူမားမီအရသာကို အပြည့်အဝလှုံ့ဆော်ပေးသည့် နုတ်နုတ်စင်းထားသောအသား၏ဆီများကို စုပ်ယူထားပြီး အီခြင်းမရှိပါချေ။ ကိုက်လိုက်ပါက ကြိုင်လှ်ိုင်သော မွှေးရနံ့များ၊ပြည့်နှက်နေသော ဆီများနှင့် လန်းဆန်းစေသည့် ဇီးသီးခြောက်တွေကိုသာ ခံစားရသည်။

နုတ်နုတ်စင်းထားအသားကို ဇီးသီးခြောက်များကြားတွင် ဝှက်ထားသည်။ နူးညံ့ပျော့ပျောင်းသည်။ အရသာက မထင်ရှားပေမဲ့ အနံ့ပြင်း၏။ ဇီးသီးခြောက်နှင့်ဝါးစားလျှင် ပိုမွှေးသည်။ ငန်ရုံသာမက ချိုသည်၊ အချိုသည် ကြွယ်ဝပြီး လတ်ဆတ်သည်။ ကလေးတွေ ကြိုက်ကြလိမ့်မည်ဖြစ်၏။

ယခုအချိန်တွင် ဆန်ပြုတ်ဖြူတစ်ခွက် မလိုအပ်ပါချေ။ ခါးသီးမှုနှင့် လတ်ဆတ်မှုကို ပြေပျောက်စေရန် လက်ဖက်ရည်တစ်ခွက်သောက်ခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်။ ဆီနှင့် အနံ့ကို ဖယ်ထုတ်ပြီးနောက် စွဲကျန်သော အရသာက ချိုသည်။

ရှဲ့ရွှင်း ဇီးသီးခြောက်မုန့်ပြားကို စားပြီးနောက် မေးလိုက်သည်။

“နောင်မှာ ဈေးထဲမှာ ရောင်းမှာလား”

ကျန်းရှုယောင်ကဆို၏။
"ဟုတ်တယ်... တခြားမုန့်ပြားတွေလည်းရှိတယ်... အမျိုးအစားအများကြီးရှိတယ်"

ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး နောက်မှ အမှတ်မထင် ဟန်ဆောင်ပြီးထည့်ပြောလိုက်သည်။

"ဒီနားမှာ မနက်စာရောင်းတဲ့ စားသောက်ဆိုင်တွေ ရှိလား"

စကားပြောပြီးနောက် သူ ရှင်းပြလိုသည်မှာ
"ဒီနေရာတဝိုက်က မြို့စားရှဲ့အိမ်တော်လိုမျိုး တံခါးမြင့်အိမ်တော်ကြီးဖြစ်နေပေမဲ့ အနီးနားက ငါတို့လည်း စောစောအပြင်ထွက်ပြီး စားစရာဝယ်စရာလိုတယ်...လင်းချန်ကို ဥပမာတစ်ခုအနေနဲ့ ယူကြည့်... နေ့တိုင်း သူ့ကိုယ်ပေါ်မှာ ကြေးပြားအနည်းငယ် သယ်ပြီး ဘဲသားမုန့်ဝယ်ဖို့ ဝူလျှိုလမ်းကြားကို အနှံ့ သွားတယ်"

ကျန်းရှုယောင်ကို သူ ဤသို့ပြောသည်ကို ကြားခွင့်ပေး၍မဖြစ်ပေ။

"ငါလည်း စားချင်တယ်"

ကျန်းရှုယောင် သူ့ကို အထင်လွဲပြီး အိပ်ယာပေါ် ပေးမတက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ကျန်းရှုယောင်က စကားမပြောဘဲ သူ့ကို စိုက်ကြည့်နေသည်။

ရှဲ့ရွှင်းက ပြောလိုက်ပြန်၏။
"မနက်ခင်း နောက်ကျရင် သူတို့ အားလုံး အပြင်ထွက်ပြီး အစားအသောက်ဝယ်ပြီး လမ်းထွက်ကြလိမ့်မယ်"

သူက မတူပေ။ အပြင်ထွက်ပြီး စားစရာဝယ်မည်ဖြစ်၍ နောက်ကျမှာမဟုတ်။ ကျန်းရှုယောင်က သူ၏ အရသာခံဖုကို ပြုပြင်ပြောင်းလဲခဲ့သည်။ ပင်မမီးဖိုချောင်ကအစားအသောက်ကို သူကြိတ်မှိတ်မစားရသည်မှာကြာပြီဖြစ်၏။

ကျန်းရှုယောင် သေသေချာချာ စဉ်းစားကြည့်သောအခါ အဓိပ္ပါယ်ရှိပုံရသည်။ သူမက ခေါင်းညိတ်ပြီး "ငါတို့ စမ်းကြည့်လို့ရတယ်" ဟုပြောလိုက်၏။

ရှဲ့ရွှင်း ၏ မျက်နှာပေါ်ရှိ အမူအရာမှာ မပြောင်းမလဲရှိဆဲဖြစ်သော်လည်း သူ့နှလုံးသားက ရွှင်မြူးနေပြီး တခဲနက် ဝမ်းသာနေသည်။



Xxxx