အပိုင်း ၁၀၂
Viewers 18k

Chapter 102
ရှုမိုင်အိတ်ကပ်




နောက်တစ်နေ့တွင် အရှေ့နန်းဆောင် သွား၍ ထိုအကြောင်းကို ပြောရန် သူမထိန်းနိုင်တော့ပေ။ ၎င်းသည် သူ၏လုပ်ဖော်ကိုင်ဖက်များထံမှ ချီးမွမ်းခြင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။လင်းချန်ကဆိုလျှင် တစ်စိတ်ကိုတစ်အိတ်လုပ်နေသည်။ နေ့တိုင်း သူ့မှာ ဘဲသားမုန့်ကို စားပြီး ဘဲသားမုန့်အဖြစ်သို့ရောက်လုနီးပါးးဖြစ်သည်။ လင်းချန် ဝမ်းသာလွန်း၍ သူ့ကို လက်ဖက်ရည်တစ်ခွက် ဆက်သလိုက်၏။

နောက်ပိုင်းတွင် နံနက်စောစော မနက်စာဆိုင်များကို နေရာအမျိုးမျိုးတွင် ဖွင့်လှစ်ခဲ့သော်လည်း ရှီးချန်တွင် လှုပ်ရှားမှုမရှိပေ။ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို လူလိမ်၊ပါးစပ်ကြီးသည့်လူတစ်ယောက်လို ကြည့်နေသောကြောင့် ရှဲ့ရွှင်း အပြစ်ရှိစိတ်ဖြင့် ကျုံ့သွားခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တွေခမျာ သူ့ကို နေ့တိုင်း သတိပေးနေရသည်။ အမြန်စီစဉ်ဖို့ မင်းမိန်းမကို သွားခေါ်လိုက်...(နောက်မှဖြစ်လာမှာ)

..........

ညစာစားပြီးနောက် တစ်ယောက်က စာရေးစာဖတ်၊ ကျန်တစ်ယောက်က ပါဝင်ပစ္စည်းများကို ပြင်ဆင်သည်။ ထို့နောက် ညနေစောင်းသောအခါ အသီးသီး ရေချိုးကြပြီး အိပ်ရာဝင်ကြသည်။

ကျန်းရှုယောင် လင်းရှီ၏  စာနှင့် မနက်ဖြန်အတွက် လိုအပ်သော စကားဝိုင်းကို သတိရလိုက်သည်၊ သူမ ခေါင်းတွေ မူးဝေလာပြီး မကြာမီ အိပ်ချင်လာသည်။

သူမ အိပ်မက်မက်နေချိန်မှာ ရုတ်တရက် သူမလက်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရ၏။

သူမ ရုတ်တရက် နိုးလာပြီး အိပ်ချင်မူးတူးဖြင့် ၎င်းကို ခံစားလိုက်ရသည်။ဘာလို့...လက်​တစ်​ဖက်​လိုကြီးလဲ...

ကျန်းရှုယောင် မျက်တောင်ခတ်ပြီး တုံ့ပြန်လိုက်သည်။ သူမ၏အိပ်ငိုက်ခြင်းက မရှိတော့ဘဲ ကူကယ်ရာမဲ့မှုနှင့် ရယ်ချင်မှုကိုသာ ခံစားခဲ့ရသည်။

ရှဲ့ရွင်း နှင့် ကျန်းရှုယောင်တို့ စတင် လက်ချင်းကိုင်ပြီးကတည်းက သူက သူမလက်ကို ညတိုင်း တိတ်တဆိတ် ဆုပ်ကိုင်ထားတတ်သည်။ ဒါက တကယ်ကို...

သူမက သူမလက်ကိုပြန်ရုတ်လိုက်ရာ ရှဲ့ရွှင်းလန့်သွားသည်။သူမ အိပ်ပျော်နေပြီဟု သူထင်ပြီး သူမလက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားရဲခဲ့သည်။ သူမ နိုးနေသည်ကို သူမသိခဲ့ပေ။

ယနေ့ တစ်စုံတစ်ခုက သူမကို စိတ်အနှောက်အယှက်ဖြစ်စေပုံရသည်ကို တွေးကြည့်လျှင် သူ့မလက်ကို ကိုင်ထားသည်က တကယ်ကို အဆင်မပြေသောကြောင့် သူ့ တိုးတိုးလေးပြောလိုက်၏။

“တောင်းပန်ပါတယ်”

ကျန်းရှုယောင် စကားမပြောဘဲ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမရှေ့ကို ဆွဲယူလိုက်သည်။

ရှဲ့ရွင်းက လက်ရေးလှရေးခြင်းကို တစ်နှစ်ပတ်လုံး လေ့ကျင့်နေတတ်သည်။ သူ့လက်တွင် ထင်ရှားသော လက်ဆစ်များနှင့် ရှည်လျားသော လက်ချောင်းများရှိသည်။ သူ့ဓားနှင့်စုတ်တံကို လေ့ကျင့်ထားသောကြောက့် သူ့လက်ချောင်းတွေမှာ ပါးလွှာသည့်အသားမာအလွှာတစ်ခုရှိ၏။ သူ့လက်များက ကြည်လင်သော သူ့ မျက်နှာကို လှပအောင် ဖြည့်ပေးသည်။

သူ့လက်ကိုကိုင်ကာ ပွတ်သပ်ပြီးပြောလိုက်သည်။

"ရှင်ဘာဖြစ်နေတာလဲ... လက်ကိုင်ပြီးရင်းကိုင်ဖို့ပဲသိတယ်... တခြားအရာတွေ မလုပ်ချင်ဘူးလား"

ရှဲ့ရွှင်းက အံ့အားသင့်စွာဆို၏။
"တခြား ဘာလုပ်လို့ရလို့လဲ"

ကျန်းရှုယောင် :  ရှင့်ကို ကျွန်မအမုန်းဆုံးအရာက ရှင်က သစ်သားတုံးကြီးနဲ့တူလို့ဆိုတာ ရှင်သိလား...

သူမ လှည့်ကာ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆန့်ထုတ်လိုက်ပြီး သူမ​ခေါင်းကို ရှဲ့ရွှင်း၏ မျက်နှာနှင့် ပိုမိုနီးကပ်စွာ ရွှေ့လိုက်သည်။

လရောင်က ပိတ်ကျဲစလို ဝိုးတဝါးဖြစ်နေပြီး ကျန်းရှုယောင် ရှဲ့ရွှင်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်လာသည်ကို တွေ့လိုက်ရသည်။ ရှည်လျားပြီး ကြည်လင်သော မျက်လုံးများသည် အံ့သြမှုတို့ဖြင့် ပြည့်လျှံနေသည်။

"အဆင်ပြေပါတယ်"

သူမစိတ်တွေ ပူထူလာပြီး ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းအစုံပေါ်ကိုဖိကပ်လိုက်၏။

ရှဲ့ရွှင်း သူ့ဦးနှောက်ထဲတွင် ဟိန်းဟောက်သံတစ်ခု ခံစားလိုက်ရသည်။ သူ့စိတ်က ဗလာဖြစ်ပြီး သူ့ခန္ဓာကိုယ် တစ်ဝက်လောက် ထုံကျင်နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

သူ့နှုတ်ခမ်းမှာ ထားရစ်ခဲ့သော နွေးထွေးမှုနှင့် နူးညံ့သော အထိအတွေ့ကို နောက်ပိုင်းတွင် သူနားလည်လာသည်။

ကျန်းရှုယောင်က လှည့်၍ သူမဘက်သို့ ပြန်သွားသည်။ သူမ စောင်ကိုညှစ်လိုက်ကာ “နေထိုင်မကောင်း” ဟန်ဆောင်ပြီး မျက်လုံးမှိတ်၊အိပ်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။

ရုတ်​တရက်​ပင်​ လန်းဆန်း​အေးမြ​သောရနံ့တစ်​ခု ​ရောက်​ရှိလာပြီး သူမ တစ်စုံတစ်ခုထံက ဖိနှိပ်​ခံရသလို ခံစားလိုက်​ရသည်​။

သူမမျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ ရှဲ့ရွှင်းက သူမ၏ ကိုယ်ဟန်အနေအထားအတိုင်း လိုက်ကာ သူ့ခန္ဓာကိုယ်ကို သူမအပေါ်မှာ ထောက်လိုက်သည်။

သူ့ဆံပင်တွေက အေးစက်နေပြီး သူ့လှုပ်ရှားမှုများကြောင့် ညင်သာစွာ လျှောကျလာကာ သူမ၏ပါးပြင်တလျှောက် လျှောချသွားပြီး ကလိထိုးသလို ခံစားလိုက်ရ၏။

ရှဲ့ရွင်းက အချိန်အများစုတွင် အေးစက်သောမျက်နှာထားရှိသော်လည်း ယခုအချိန်တွင် သူသည် အလွန်ဝေးကွာနေပြီး အနီးသို့မကပ်နိုင်သကဲ့သို့ဖြစ်နေသည်ကို မြင်တွေ့ရသည်။ သူ၏ ထူထဲသော မျက်တောင်များက သူ့မျက်လုံးအောက်ရှိ ပြန့်ကျဲနေသောအလင်းရောင်ကို ဖုံးကွယ်ကာ သူမကို ပါးစပ်ပိတ်ကာ ကြည့်နေလေသည်။

"ရှင်ဘာလုပ်နေတာလဲ"

ကျန်းရှုယောင် လုံးလုံး လန့်နိုးသွားသည်။ သူမ ခုနက ကြောက်စရာကောင်းသည့် တစ်ခုခုကို လုပ်မိလိုက်ပုံရသည်။

ရှဲ့ရွှင်းက တိုးဖွစွာပင့်သက်ရှိုက်လိုက်ပြီး တိတ်ဆိတ်နေသော အခန်းထဲတွင် အလွန်ထင်ရှားသည်။

နားရွက်ကို ငှက်မွေးဖြင့်ကုတ်ခြစ်ခံရသလိုမျိုး ကျန်းရှုယောင် သူမ၏ ဦးနှောက်မှတဆင့် သေးငယ် ပါးလွှာသော လျှပ်စစ်စီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။

သူကဆို၏။
"ငါတို့ထပ်လုပ်လို့ရမလား"

ယခုအချိန်တွင်ပင် သူ၏အသံက ကျောက်ဆောင်နှင့်ရိုက်ခတ်နေသော စမ်းရေကဲ့သို့ တည်ငြိမ်နေပြီး ပို၍ပို၍ လှပလာသည်။

လူတစ်ယောက်က ဒီလိုမေးခွန်းမျိုးကို ဒီလေသံနဲ့ ဘယ်လိုလုပ်မေးနိုင်ရတာလဲ...
ကျန်းရှုယောင် ဘယ်လိုဖြေရမှန်းမသိဘဲ တံတွေး မျိုချလိုက်၏။

သူမကစကားမပြောသော်လည်း ရှဲ့ရွင်းက တိတ်တိတ်လေးစောင့်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အေးမြသောရနံ့က သူမ၏နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။ သူ့ရနံ့က အသီးအရွက်တွေ၏ ရနံ့နှင့် မှင်ရနံ့လိုပါပင်၊ယင်းက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။

ပတ်​ဝန်းကျင်​က တိတ်ဆိတ်လွန်းသဖြင့်​ သူမ နားထဲတွင်​ မြည်သံ​လေးသာ ကျန်​​တော့သည်​။ကျန်းရှုယောင် သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ညစ်လိုက်ပြီး သူမ၏လက်ချောင်းထိပ်လေးတွေက သူမလက်ဖဝါးမှာ တူးစိုက်နေ၏။ နှာစေးနေသောအသံဖြင့် သူမ “အင်း” ဟု တိုးတိုးလေး ပြောလိုက်သည်။

အသံက အလွန်သေးငယ်သော်လည်း ရှဲ့ရွှင်းက ၎င်းကို မလွတ်ခဲ့ပေ။

သူလိုချင်သည့်အဖြေကို ရခဲ့ပြီးနောက် သူမနှင့် အနည်းငယ် ပိုနီးကပ်လာခဲ့သည်။ လှုပ်ရှားမှုတွေက အလွန်နှေးကွေးပြီး တောင့်တင်း၏။ သူက နီးကပ်လာသောအခါ ခေတ္တရပ်လိုက်ပြီး ထပ်မံတိုးကပ်လာပြန်သည်။ထို့ကဲ့သို့ကား အဖန်တလဲလဲဖြစ်၏။ သင့်တော်သည့် ကိုယ်ဟန်အနေအထားကို ရှာမတွေ့သလို နီးကပ်လွန်းလျှင်လည်း သူ သည်းမခံနိုင်မှာကို ကြောက်မိသည်။

သူမနှာခေါင်းက သူ့နှာခေါင်းကို ထိသွားသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် ချိုမြိန်ပြီး နူးညံ့ကာ သူ့နှာခေါင်းဖျားတွင် ရစ်ပတ်ထားပြီး သူ့အား လေထဲမှာ လွင့်မျောနေသကဲ့သို့ ခံစားရစေသည်။

သူ လုံလုံလောက်လောက် နီးသွားသည်နှင့် သူတို့၏ နှာတံများ ပွတ်တိုက်လိုက်သည်။နောက်ဆုံးတွင် လုံလောက်သော သတ္တိကို စုဆောင်းပြီး သူ့နှုတ်ခမ်းများကို အစမ်းသဘောဖြင့် ဖိလိုက်သည်။ဤတစ်ကြိမ်က အရင်အကြိမ်ထက် ပိုပြင်းပြသလို ခံစားရသည်။ သူမ၏ နှုတ်ခမ်းများက အလွန်နူးညံ့ပြီး အပူချိန်က သူ့ကို အနည်းငယ် အံ့သြသွားစေခဲ့သည်။ ထုံကျင်နေသော လျှပ်စစ်စီးကြောင်းတစ်ခုက သူတို့ထိကပ်ရာနေရာမှ ထွက်လာပြီး ဦးရေပြားဆီသို့ ချက်ခြင်းရောက်သွားကာ သူ့ခြေလက်တွေဆီ အပူတွေ စီးဆင်းသွားသည်။

သူ့အမူအရာက အနည်းငယ် ဖိနှိပ်ထားသလိုဖြစ်၍ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ကျန်းရှုယောင် သည် အကြောင်းပြချက်မရှိဘဲ တုန်ရီသွားပြီး သူမ၏ အသက်ရှုသံကို မထိန်းနိုင်တော့ပေ။ သူမ ခပ်တိုးတိုး မောဟိုက်နေသည်။

ဖရိုဖရဲနှင့် လျင်မြန်သော အပူက သူ့နှာခေါင်းဖျားတွင် ပျံ့နှံ့သွားပြီး ရှဲ့ရွှင်း နွေးထွေးသောရနံ့ထဲတွင် ချက်ချင်းနှစ်မျောသွားရ၏။ သူလည်း အနည်းငယ် မောဟိုက်နေပြီး အလိုလို သူမအောက်နှုတ်ခမ်းကို ညင်သာစွာ ဖိကပ်ထားမိပြန်သည်။

သူမ၏ အောက်နှုတ်ခမ်းမှ ထူးဆန်းသော ခံစားမှုတစ်ခု ထွက်ပေါ်လာပြီး ကျန်းရှုယောင် သူမ၏ တစ်ကိုယ်လုံး တုန်ခါနေချိန်တွင် ရှက်ဖွယ် "အမ်း" ဟူသော အသံကို ထုတ်လွှတ်လိုက်သည်။ သူမ ရှဲ့ရွင်းကို နူးညံ့သောလက်ဖြင့် အလျင်အမြန် တွန်းထုတ်လိုက်သည်။

သူမ၏အင်အားက အလွန်နည်းသည်။ ရှဲ့ရွင်းကို မည်သို့တွန်းထုတ်နိုင်မည်နည်း။

သို့သော် ရှဲ့ရွှင်း သူမ၏လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ သူ အမြန်ထရပ်ပြီး သူမကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ကျန်းရှုယောင်က ဘာမှ မပြောပေမဲ့ ရှဲ့ရွှင်းက အရင် ထိတ်လန့်သွားသည်။

"တောင်းပန်ပါတယ်" ဟု အလျင်အမြန်ပြောပြီး သူ့ဘက်ခြမ်း အမြန်ပြန်ကာ တောင့်တောင့်ကြီး လှဲချလိုက်၏။

ကျန်းရှုယောင် ရှက်သွေးဖြန်းသည်မှာ သွေးထွက်သကဲ့သို့အထိ နီရဲသွားသည်။ သူမကိုယ်သူမ စောင်နှင့်ပတ်ပြီး စကားမပြောဘဲ နံရံဘက်ကို လှည့်လိုက်၏။

ရှဲ့ရွင်း သူမ၏ ဒေါသကို ကြောက်ပြီး မမေးဝံ့သောကြောင့် တိတ်တဆိတ်သာ စောင့်ဆိုင်းနေခဲ့သည်။ တစ်ညလုံး ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများဖြင့် ရုန်းကန်ခဲ့ရပြီး နောက်ဆုံး သူ အိပ်ပျော်သွားသောအခါတွင် သူ၏ အိပ်မက်ထဲတွင် နူးညံ့သော ချိုမြိန်မှုတစ်ခုသာ ရှိခဲ့သည်။

နောက်တစ်နေ့တွင် ရှဲ့ရွှင်း နိုးလာသောအခါတွင် မှောင်နေဆဲဖြစ်၏။ သူ မသိစိတ်က ခေါင်းကို ကုတင်တစ်ဖက်ခြမ်းသို့ လှည့်လိုက်သော်လည်း ကျန်းရှုယောင်၏ အိပ်ငိုက်နေသော မျက်လုံးများကို သူ မတွေ့လိုက်ရပေ။ဗလာဖြစ်နေမှုမှလွဲ၍ သူ ဘာမှမမြင်။

သူ ချက်ချင်း နိုးလာသည်။ ကုတင်ပေါ်မှထကာ စောင်ကိုဖွင့်၊ ဖိနပ်နှင့်ဝတ်ရုံကိုဝတ်ပြီး အလျင်အမြန်ထွက်လာခဲ့သည်။

သူက အတော်လေး အထိတ်တလန့် ဖြစ်နေသဖြင့်အပြင်မှာ သန့်ရှင်းရေးလုပ်နေသည့်ပိုင်ကျီလည်း ထိတ်လန့်သွား၏။ သူမက "တတိယသခင်" ဟု အလျင်အမြန် နှုတ်ဆက်လိုက်သည်။

"သခင်မ ဘယ်မှာလဲ"
ရှဲ့ရွင်းက မေးသည်။

"သခင်မက စောစောနိုးပြီး အိပ်မပျော်လို့ မနက်စာပြင်ဖို့ ထလိုက်ပါတယ်"

ရှဲ့ရွှင်း တခဏမျှကြောင်အသွားပြီး သူ လုံးဝ အတွေးလွန်သွားသည်ကို တွေ့လိုက်ရသည်။ သူ့အားအင်တွေ ကုန်ဆုံးသွား၏။ အတွင်းခန်းဆီသို့ ပြန်သွားကာ ဆံပင်ကို အဝတ်အစား ၀တ်ဆင်ကာ ဆံပင်ဖြီးလိုက်သည်။

မနက်အစောကြီးမှာ နှစ်ယောက်လုံး ထူးဆန်းနေခဲ့၏။ ပိုင်ကျီ အကြောင်းပြချက်ကို မစဉ်းစားနိုင်သောကြောင့် ဘာမှ မပြောလိုခဲ့ပါချေ။ သူမ စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ဆက်လက်သုတ်လိုက်သည်။

ကျန်းရှုယောင် ယနေ့ အစောကြီး နိုးလာပြီး ရှဲ့ရွှင်းကို ကြည့်လိုက်သည်အခါ မနေ့ညက အဖြစ်အပျက်ကို တွေးမိ၏။ သူမ အိပ်ငိုက်ခြင်း တို့ ချက်ချင်း ပျောက်ကွယ်သွားပြီး ထကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။

ကျန်းရှုယောင် နှင့် လင်းရှီ တို့သည်  တက်ကြွပြီး အချိန်ဆွဲမနေသူများဖြစ်သည်။ မနက်စာဆိုင်ကို စိတ်ကူးပေါက်လာကတည်းက သူတို့ဖွင့်ရန့် နေ့ကောင်းနေ့မြတ်ကို သတ်မှတ်လိုက်ကြသည်။ တစ်ယောက်က ဂျုံမှုန့်တွေဝယ်ပြီး ထမင်းချက်ရွေးရန် အလုပ်ရှုပ်နေပြီး နောက်တစ်ယောက်က အစားအသောက်အကြောင်း စဉ်းစားရင်း အလုပ်ရှုပ်နေကာ တစ်ဖက်သား၏တိုးတက်မှုကို မနှောင့်နှေးစေကြပါချေ။

မနက်စာအတွက် ယာဂုနှင့် မုန့်များအပြင် ကျန်းရှုယောင် စန်းရှန်းတို့ဟူး၊ ရယ်ကန်းမြန့် နှင့်ရှုမိုင်အစာသွပ်ပန်ကိတ်တို့ရှိသည့် ဝူဟန်ရှိ "မနက်စာမြို့တော်" ကို တွေးတောနေသည်။

ယနေ့ စောစောထပြီး မနက်ခင်းမှာ လုပ်ရမည့် ပန်ကိတ်နှင့်ရှုမိုင်ကို စလုပ်သည်။

ရှုမိုင်အစာသွပ်ပန်ကိတ်သည် အံ့သြဖွယ်ပေါင်းစပ်မှုတစ်ခုဖြစ်သည်။ ပန်ကိတ်က ကြွပ်ရွပြီး အနံ့မွှေးကာအတွင်းမှာရှိသည့်ရှုမိုင်က နူးညံ့ပြီး ချို၏။ တစ်ကိုက်တည်းနှင့် ကျေနပ်မှုအပြည့်ရှိသည်။ ပန်ကိတ်တစ်လုံးမှာ ရှုမိုင်လေးခုထည့်နိုင်သည်။ ကယ်လိုရီမြင့်မားပြီး လုံလောက်သောပါဝင်ပစ္စည်းများရှိသည်။နံနက်စာအတွက်လုံလောက်ပြီး အလွန်ပြည့်ဝသည်။

အသားတုံးများနှင့် ရှီတာကီမှိုများကို ဆီဖြင့် မွှေးလာသည်အထိ မွှေကြော်ပြီးနောက် လတ်ဆတ်သော ပဲပိစပ်အနည်းငယ်ကို ထည့်ပြီး ကောက်ညှင်းပေါင်းနှင့် ရောမွှေလိုက်ရသည်။ ကြည်လင်ပြီး တချို့တဝက်ခရင်မ်ကဲ့သို့ဖြစ်နေသောဟင်းရည်ထဲသို့ လောင်းထည့်ပြီး နောက်ဆုံးတွင် ငရုတ်ကောင်းနှင့် လှီးထားသော နွေကြက်သွန် ဖြူးပေးလိုက်၏။ ရှုမိုင်အတွက် ဌာပနာ အဆင်သင့်ဖြစ်ပါပြီ။ရှုမိုင်၏အရေခွံကို အလွန်ပါးလွှာအောင်လှိမ့်ပြီး ဌာပနာဇွန်းကြီးတစ်ဇွန်းထည့်ကာ အောက်ခြေမှညှစ်ထုတ်လိုက်သဘ်။ အိတ်ငယ်ပုံသဏ္ဍာန်ရှိပြီး ဝန်းဝိုင်းကာ အပေါ်ပိုင်းက ပွင့်နေသောပန်းပွင့်ကဲ့သို့ပွင့်လာသည်။

သူမ တစ်ညလုံး အချဉ်ဖောက်ထားသော မုန့်စိမ်းကို ထုတ်ကာ အဝိုင်းပုံသဏ္ဍာန် လှိမ့်ပြီး အိုးကို စတင်ဆီအပူပေးလိုက်သည်။ ဆီပူလာလျှင် မုန့်စိမ်းထည့်၍ ကြော်ရသည်။

ပေါက်ကွဲသံနှင့်အတူ မုန့်စိမ်းတစ်ဝိုက်တွင် ဆီ ပူဖောင်းများ ပေါ်လာသည်။ သူမဆီ လောင်းထည့်လိုက်သည်နှင့် လေထိုးလိုက်သကဲ့သို့ မုန့်စိမ်းက တဖြည်းဖြည်း ဖောင်းလာပြီး တင်းကားလာကာ နောက်ဆုံးတွင် ကြီးမားပြီး လုံးဝိုင်းနေသော ရွှေရောင် ဆီကြော်မုန့်ဖြစ်လာသည်။

ထိုအချိန်တွင် ရှဲ့ရွှင်းဝင်လာသည်။ ဆီရနံ့ကို အနံ့ခံပြီး သူသိချင်သွား၏။

"ဒါက မနက်စာလား...မနက်စောစောမှာ အဆီများများစားရင် သိပ်အဆင်မပြေဘူး"

ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုလိုက်သည်။ ယခုအချိန်တွင် သူမ ကြော်ထားသော ပန်ကိတ်ထဲကို ဌာပနာ ဖြည့်သွင်းရသဖြင့် ဖြည်းဖြည်းချင်း မလှုပ်ရှာ၍မရတော့ပေ။ ပန်ကိတ်အေးသွားလျှင် ထိလိုက်သည့်အခါ ကွဲသွားတတ်ပြီး ဖြတ်ရခက်ပါလိမ့်မည်။

ဖောင်းကားနေသော ပန်ကိတ်ကို လှီးဖြတ်ပြီးနောက်၊ ကြွပ်ရွနေသော အပေါ်ယံလွှာအတွင်း၌ လုံလောက်အောင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ သူမ ရှုမိုင်ကို အမြန်ကောက်ယူပြီး မုန့်ထဲသို့ ထည့်လိုက်သည်။ တစ်၊ နှစ်၊ သုံး၊ လေး။ လေးခုလုံး ပြည့်သွားသောအခါ ရှဲ့ရွှင်းကို ဖြေဆိုရမည့်အချိန်ဖြစ်သည်။


"ဘဲသားက ဆီများတယ် မဟုတ်ဘူးလား"
သူမက မေးသည်။
"ပန်ကိတ်ထဲကရှုမိုင်က ဆီသုံးရုံသုံးထားတာ... အရသာက ဆီမများဘူး...ဒါပေမဲ့ အဆာကအရမ်းများတယ်...နေ့လည်စာမစားခင် ဗိုက်ဆာမှာကို စိတ်မပူပါနဲ့"

ဆီစိမ်စက္ကူနှင့်ထုပ်ပြီးနောက် သူမက ရှဲ့ရွှင်းဆီကို လွှဲပေးလိုက်သည်။

"အရသာနဲ့ ပါဝင်ပစ္စည်းတွေက သင့်တော်ရင် ရောင်းလို့ရတယ်...အဆင်မပြေရင် ပြောင်းပေးပါ့မယ်...ဒီမနက်က စမ်းသပ်မှုတစ်ခုအနေနဲ့လုပ်ခဲ့တာ"

ရှဲ့ရွှင်း "စမ်းသပ်မှု" ဟူသော စကားလုံးကို အလိုအလျောက် လျစ်လျူရှုခဲ့ပြီး ပန်ကိတ်ဖြင့်ထုပ်ထားသော ရှုမိုင်ကို လက်ခံရရှိခဲ့သည်။ သူ့မျက်လုံးများက စူးရှတောက်ပနေသည်။ ယခုလိုနေ့မျိုး၊ ပျော်ရွှင်စရာကောင်းသည့် မနက်စာကနောက်ဆုံးမှာ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။

ရွှေရောင်ပန်ကိတ်က ကြီးပြီး ရှုမိုင်နှင့် အဆာသွပ်ထားသည်။ ရှုမိုင်က အဖြူရောင်၊ နူးညံ့ချောမွေ့ပြီး အကာက အလွန်ပါးလွှာကြည်လင်သည်။ဖောင်းကား နေသောပန်ကိတ်က ၎င်း၏ပုံသဏ္ဍာန်ကို မထိန်းနိုင်ပုံရသည်။ အကာမှတဆင့် အတွင်းပိုင်းကို မြင်နိုင်သည်။ရံဖန်ရံခါ ရှုမိုင်၏ ချိုမြိန်သော အမွှေးအကြိုင်များနှင့် သူ့နှာခေါင်းပေါက်ထဲသို့ စိမ့်ဝင်သွားသော ဆီမွှေးရနံ့က နွေးထွေးသည်။ ရနံ့ကို အနံ့ခံလိုက်သည်နှင့် ဆီများလွန်းသည်ဟူသော အတွေးကို ချက်ချင်း မေ့သွားသည်။

ပါးစပ်ကိုဖွင့်ပြီး ကိုက်လိုက်၏။ "ခရက်"ခနဲ ဖြင့် အပေါ်ယံလွှာ ကွဲသွားသည်။တဂျွတ်ဂျွတ်အသံ အဆက်မပြတ် နှင့်အတူ ကောက်ညှင်းရှုမိုင်ကို ကိုက်လိုက်သည်။ ချိုမြိန်သောဟင်းရည်က ပြည့်လျှံနေပြီး ပူနွေးသောရနံ့က သူ့လျှာဖျားတွင် စွဲနေသည်။ နောက်ပိုင်းတွင် သူသည် ဟင်းရည်နှင့်ရှုမိုင်ကို မသိစိတ်မှ ပါးစပ်ထဲသို့ စုပ်ယူကာ ကွဲသွားသော မုန့်အလွှာက ကြေသွားပြီး ပါးစုံများဖောင်းလျက် ဝါးလိုက်သည်။ ဂရုမစိုက်လျှင် အရာအားလုံးက သူ့ပါးစပ်ထဲက ထွက်ကျလိမ့်မည်ဟု ခံစားရ၏။

ရှုမိုင်က အလွန်နုနယ်ပြီး အရေပြားက ပါးလွှာသည်။ ကောက်ညှင်းဆန်က နူးအိနေပြီး ဟင်းရည်လည်း ပြည့်နေသည်။ အတုံးလိုက်အသား၏ မွှေးပျံ့သောရနံ့နှင့် ငရုတ်ကောင်းအရသာတို့ ရောစပ်ထားသောကြောင့် စေးကပ်ကာ ပြောင်လက်မှုကို ရရှိစေသည်။ ဟင်းရည်ကလတ်ဆတ်ပြီး ချိုမြိန်လျှံပယ်သော အချိုရည်များစွာကို အရိပ်အမြွက်ဖော်ပြရန် လုံလောက်သည်။ ပန်ကိတ်၏ အဆီအနှစ်ကို ဖျောက်ဖျက်ရန် ငရုတ်ကောင်းဖြင့် အရသာခံပြီးသွားကာ ဆီများသော ရနံ့အနည်းငယ်သာ ကျန်ရစ်သည်။

ပန်ကိတ်က ကြွပ်ပြီး ဆီများ၏၊ ကောက်ညှင်းက နူးညံ့သည်၊ အတုံးလိုက်အသားက အရသာကြွယ်ဝကာ ဟင်းရည်က ချိုပြီးမွတ်သည် နွေးထွေးမှုတွေအားလုံး စုစည်းပြီး မနက်ခင်းအတွက် သူ့ကိုချက်ချင်း လှုပ်နှိုး၏။

ဆီကြော်ပန်ကိတ်၏ အပြင်ဘက် အရေပြားက ကြွပ်ဆတ်သည်။ရှုမိန်ကို ကိုက်ပြီးနောက် ဟင်းရည်က ပြည့်လျှံလာပြီး ပန်ကိတ်၏အတွင်းလွှာကို ပျော့ပျောင်းစေသည့်အတွက် အရသာက အနည်းငယ်ပျဥ်းတွဲ၏။ ဖယောင်းဆန်၊ နူးညံ့၊ ကြွပ်ရွသော အသွင်အပြင်သုံးမျိုးသည် စုံလင်စွာ ပေါင်းစပ်ထားသည်။

......


[ET/N: Btw... ဒီနေ့ မနက်စာအတွက် cerealပဲ စားခဲ့တယ် (အရှေ့နန်းဆောင်ရဲ့ မနာလိုအားကျနေတဲ့ အတန်းထဲ ဝင်ဂျွိုင်းလိုက်ပါပြီ) ToT]

ဝူဟန်မှနာမည်ကြီးအစားအစာ စန်းရှန်းတို့ဟူးသည် ဝူဟန်တွင်နာမည်ကြီးသောသရေစာဖြစ်ပြီး ဝူဟန် အတွက်အဓိကနံနက်စာများထဲမှတစ်ခုဖြစ်သည်။ မူလက ဝူဟန်မြို့က နှစ်သစ်ကူးနှင့် နှစ်သစ်ကူးအကြိုအတွက် အထူးအားလပ်ရက်စားဖွယ်အဖြစ် ပြုလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပုံမှန်မနက်စာဖြစ်လာခဲ့သည်။ အပြင်ဘက်အလွှာကို ကောက်ညှင်းဆန်နှင့်တိုဟူးတို့ဖြင့် ပြုလုပ်ထား၏။ အရောင်က ရွှေအိုရောင်ဖြစ်ပြီး ကြည်လင်တောက်ပပြီး ဆွဲဆောင်မှုရှိသည့် အကာက ပါးလွှာပြီး နူးညံ့သည်။ တိုဟူးကြော် အရေခွံက အပြင်မှာ ကြွပ်ပြီး အတွင်းထဲမှာ နူးညံ့ပါသည်။ အဆာများကို ဥ၊ ပုစွန်၊ မျှစ်၊ မှိုနှင့် အသားတို့မှ ပြုလုပ်နိုင်သည်။ ၎င်း၏ထူးခြားသောအရသာကြောင့်ကျော်ကြားသည်။ 

ပုံမှန် ရှူမိုင် (သို့မဟုတ် Shao Mai သို့မဟုတ် Siu Mai သို့မဟုတ် Siomay)က ဒင်ဆမ်း စားသောက်ဆိုင်တွင် တည်ခင်းလေ့ရှိသည်။ ဤအခန်းတွင် သူတို့သည် ပန်ကိတ်တစ်ခုတွင် ရှုမိုင်လေးခုကို ဌာပနာထားသည်။ ဝူဟန်မှာရှိသည့် လျန့်ဒေါင်လမ်းမှာ အလွန်နာမည်ကြီးသည့် မနက်စာဆိုင်တစ်ခုဖြစ်၏။