အပိုင်း ၁၀၃
Viewers 16k

Chapter 103
ငရုတ်ကောင်းဟင်းချို


နံနက်ခင်းတွင် ရိုးရိုးယာဂုနှင့် ဟင်းသီးဟင်းရွက်ဟင်းလျာများကို စားသုံးခြင်းသည် ဗိုက်အောင့်ခြင်းကို သက်သာစေသော်လည်း ပန်ကိတ်နှင့် ရှုမိုင်ကို စားသုံးခြင်းသည် အစာအိမ်နှင့် ခံတွင်းကို ကျေနပ်စေသည်။ ပန်ကိတ်နှင့်ထုပ်ထားသော ရှုမိုင်က အကိုက်ကြီးကြီးတစ်ကိုက်ပြီး ပန်ကိတ်၏ရနံ့နှင့် ရှုမိုင်၏ကြွယ်ဝသောအရသာတို့ကို ရောနှောရန် လိုအပ်သည်။ယင်းက ကျေနပ်ပျော်ရွှင်စရာပါပင်။

"မနက်စာဆိုင်မှာရောင်းလို့ရတယ်ထင်လား"

ကျန်းရှုယောင်က နောက်ထပ် ပန်ကိတ်ကို ကြော်နေရင်း မေးလိုက်သည်။

ရှဲ့ရွင်းက "ကောင်းလင် ပန်းပွင့်" အရေပြားရှိ ဟမ်စတားကဲ့သို့ ဖောင်းကားနေသော ပါးစုံများနှင့် ပါးစပ်ထဲတွင် ကြီးမားသော အလုတ်ကြီး ရှိနေဆဲဲဖြစ်သည်။ သူက ခေါင်းညိတ်ပြပြီး "အင်း"ဟု ပြော၏။

[ET/N- "ကောင်းလင်ပန်းပွင့်" သည် အဝေးမှသာ မြင်နိုင်ပြီး ထိတွေ့၍မရသော လှပသောအရာများအတွက် အလင်္ကာတစ်ခုဖြစ်သည်။ကြာရှည်သော်လည်း လက်လှမ်းမမီနိုင်သော လှပသောအရာများ။]

ကျန်းရှုယောင် နောက်ထပ် ပန်ကိတ်ကို ရှုမိန်ဖြည့်ကာ သူမဘာသာ စားရန် စီစဉ်လိုက်သည်။

ရှဲ့ရွှင်းကဆို၏။
"တစ်ခုနဲ့ဝပေမဲ့ နောက်တစ်ခုလုပ်ပေးတာ ကျေးဇူးတင်ပါတယ်"

ကျန်းရှုယောင် :...

ရှင်းပြရန် ရှက်လွန်း၍ သူမ ရှဲ့ရွှင်းကို စောစောစားပြီး နောက်အတွက် သိမ်းမထားရန်ပဲ သတိပေးလိုက်သည်။ ထို့နောက် သူမ ရှုမိုင်အစာသွပ်ပန်ကိတ် သူ့ကိုပေးလိုက်ရသည်။

ရှဲ့ရွှင်းက ဝမ်းသာအားရ လက်တစ်ဖက်နှင့်ကိုင်ကာ မြင်းစီး၍ နန်းတော်ဆီသို့ ဦးတည်သွားလေသည်။

လမ်း၌ ... ကျိုးစစ်လမ်းကြားတွင် ဘန်းမုန့်များဝယ်သည့် လီဖူနှင့် ကွမ်ယင်း၊ ချန်ကျဲခိုတွင် ဘဲသားမုန့်များဝယ်သည့် လင်းချန်တို့နှင့်လည်း ဆုံခဲ့သည်။ လေးယောက်သား စုဝေး၍ မြင်းများကို နန်းတော်သို့ နှင်ကြလေသည်။

လက်တစ်ဖက်တွင် ဖောင်းကြွနေသော ရှုမိုင်အစာသွပ်ပန်ကိတ်ကိုကိုင်ဆောင်ထားသူတစ်ဦးအနေဖြင့် ရှဲ့ရွှင်းက လူလေးယောက်တွင် အထူးထင်ရှားနေ၏။

အဓိကအချက်က သူတို့ဗိုက်ပြည့်ဖြစ်နေလျှင်ပင် ယင်းက အရသာရှိပုံပေါ်၍ဖြစ်၏။

ပန်ကိတ်က တဂျွတ်ဂျွတ်အသံမြည်နေပေမဲ့ ဘာလဲဆိုသည်ကို ဘယ်သူမှ မသိပါချေ။ ပန်ကိတ်အတွင်း၌ ဟင်းရည်အချို့ကို ညပ်ထားပုံရသည်။သူတို့ အဝေးကနေ ရှဲ့ရွှင်းဝါးနေသည်ကို ကြားနေရသည်။ အသံထွက်များအရ စေးကပ်ပြီး နူးညံ့သော်လည်း ကြွပ်ရွသည်။

အရှေ့နန်းဆောင်၏ အရာရှိတစ်ဦးအနေဖြင့် လမ်းပေါ်၌ အစာတောင်းခြင်းသည် အမြင်မတော်လှ...
လင်းချန် ဘဲသားမုန့်ကို ကိုက်ယူလိုက်ပြီး မနာလိုသောမျက်ရည်များ သူ့မျက်လုံးထောင့်မှ စီးကျလာသည်။

လင်းမိသားစုရဲ့သမီးကို လက်ထပ်ဖို့ စိတ်ကူးထားတာကို အမေ့ကို စကားပြောဖို့ အချိန်ရောက်ပြီမဟုတ်လား...

ကွမ်ယင်း ပေါင်မုန့်ကို ကိုက်လိုက်သည်။
ဟေး ဘယ်လိုဖြစ်လို့ ဒီလောက်ပျော့အိနေတာလဲ...

ရှလူး...ရှလူး...ရှလူး
လီဖူက ဘာမှမစဉ်းစားနိုင်ဘဲ အစားလောဘကြီးနေသည်။

ဟိုဟို... လင်းမိသားစုရဲ့ မနက်စာဆိုင်ဖွင့်တဲ့နေ့အထိ ငါက အရှေ့နန်းဆောင် တစ်ခုလုံးမှာ အတောက်ပဆုံးဖြစ်မှာပဲ...

ရှဲ့ရွှင်းက ပန်ကိတ်ကိုသူ့ပါးစပ်ထဲသို့ ဘဝင်ခိုက်စွာ ထိုးထည့်လိုက်သည်... အနည်းငယ် စိတ်ကြီးဝင် နေသလိုပါပင်။

.......


ရှဲ့လန် ကျိုးရှီနှင့်စကားမပြောသည်မှာ ဘယ်လောက်ကြာပြီလဲ မမှတ်မိတော့ပါချေ။ သူ့ကိုမြင်တိုင်း သူမက အဝေးက တစ်ချက် လှမ်းကြည့်ပြီး အမူအရာမဲ့စွာ ထွက်သွားတတ်သည်။ အစတွင် ရှဲ့လန် သူမ ဒေါသဖြစ်နေသည်ဟုသာ တွေးပြီး ဒေါသများပြေသွားသောအခါတွင် သူ သူမကို ပြန်ချော့နိုင်လိမ့်မည်ဟုထင်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမက ဒေါသထွက်နေခြင်းမဟုတ်ဘဲ ဂရုမစိုက်တော့ခြင်းဖြစ်ကြောင်း သိလာရ၏။

ဤရက်ပိုင်း ရှဲ့လန် ပြဿနာကဘာလဲဆိုသည်ကိုတွေးနေမိသည်။ တစ်ခါက ပထမဆုံးအကြိမ် ကိုယ်လုပ်တော်ယူတုန်းက ကျိုးရှီ  ဒေါသထွက်သွား၏။ သို့သော် ရက်အနည်းငယ်အတွင်း သူမက ၎င်းကိုအနည်းငယ်မျှပဲ ဂရုစိုက်ပြီး သူချော့စရာ မလိုအပ်သလိုမျိုး ဘာမှမဖြစ်ခဲ့သကဲ့သို့ သူ့ထံ ပြန်လာခဲ့သည်။ သူမကို ပြုံးပြီး စကားအနည်းငယ်ပြောနေသမျှ သူမက ပြုံးပြီး စိတ်ညစ်စရာတွေကို မေ့သွားလိမ့်မည်။

တစ်ခါတစ်ရံ လွန်ခဲ့သည့် နှစ်အနည်းငယ်ကို ပြန်တွေးကြည့်သောအခါ အချိန်အတော်ကြာသွားပြီဟု ခံစားမိသည်။အတော်ကိုမှ ကြာလှသဖြင့်
ကျိုးရှီနှင့် တွေ့တုန်းက မြင်ကွင်းကို သူ မေ့ပျောက်တော့မတတ်ပင်။သူမ၏မြင်းကြာပွတ်ကို ပြုံးပြုံးလေး ဝှေ့ယမ်းနေသည့် မြင်းပေါ်က မိန်းမငယ်လေးကို သူ ယောင်ဝါးဝါး မှတ်မိနေခဲ့၏။ နယ်လှည့်ပညာတော်သင်များဖြစ်သည့် သူတို့ကို မြင်လျှင် သူမက စူးစမ်းလိုစိတ်ဖြင့် ရဲရင့်စွာ မေးခွန်းများမေးခဲ့သည်။

သူမဒေါသထွက်မနေကြောင်း ရှဲ့လန် သိလိုက်သောအခါ ရုတ်တရက် ထိတ်လန့်စပြုလာသည်။

အချိန်ကြာလာသည်နှင့်အမျှ သူ့စိတ်တွေ ရှုပ်ထွေးလာခဲ့သည်။ စစ်တုရင်ကစားခြင်းဖြစ်စေ ၊ကဗျာရွတ်ဆိုခြင်းအပေါ်ဖြစ်စေ သူစိတ်ဝင်စားမှု ပျောက်ကွယ်သွားခဲ့သည်။ တစ်နေ့လုံး သူ မျက်မှောင်ကြုတ်ပြီး စိုးရိမ်စိတ်တွေနှင့် သောက်စားပြီး ရှဲ့လီကို ညည်းညူနေခဲ့၏။

ပထမတုန်းက ရှဲ့လီက သူ့ကိုအဖော်ပြုခဲ့သေးသည်။ရှုရှီ တစ်ခုခုပြောပြီးနောက် ရှဲ့လီ မလာတော့ပေ။

ထိုသို့ဖြင့် မဏ္ဍပ်ထဲမှာ တစ်ယောက်တည်း သောက်နေခဲ့သည်။

သူ့ကိုယ်လုပ်တော်ငယ်လေး သည်ကိုရောက်ပြီးပြီ၊ အကြီးဆုံးအစ်ကိုနှင့်တတိယညီတို့လည်း သည်ကိုရောက်ပြီးပြီ၊ မဖြစ်သင့်ဘူးဆိုသည့် အတွေးတွေနှင့် စိတ်ဆင်းရဲနေသောအမူအရာဖြင့် သူ့ကိုကြည့်နေသည့် အစေခံများပင် သည်ကို ရောက်ဖူးကြသည်။ရှဲ့လန် သူတို့အားလုံးကို စိတ်တိုသွားခဲ့သည်။

စိတ်ပျက်ငြီးငွေ့ခြင်း။ ရှဲ့လန် ဤခံစားချက်ကို ပထမဆုံးအကြိမ် ခံစားခဲ့ရသည်။

ကျိုးရှီလည်း ငြီးငွေ့နေပြီ ဖြစ်နိုင်သည်။ သူမ၏ နှလုံးသားထဲတွင် ရောထွေးနေသော ခံစားချက်များကို ယခုတွင် သူနားလည်သွားခဲ့လေပြီ။

သူ့လက်ထဲက ကြွေပုလင်းကို လှုပ်ခါလိုက်၏။ ဝိုင်က အနည်းငယ်သာ ကျန်တော့သည်။ သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်သောအခါတွင် အသံတိုးတိုးလေး ရုတ်တရက်ထွက်ပေါ်လာသည်။

"အဖေ"

ရှဲ့လန် လန့်သွား၏။ အရက်အလွန်အကျွံသောက်ထားသော်လည်း သူမမူးဘဲ အနည်းငယ်ပဲရီဝေဝေဖြစ်နေသည်။ ရှဲ့ရှန့်၏အသံကိုကြားလိုက်သောအခါတွင် သူ ချက်ချင်းပင်အမူးပြေသွားခဲ့သည်။

သူ့သမီးကို သူ၏ အရက်သမားပုံစံကို မမြင်စေချင်သောကြောင့် ပုလင်းကို ဖုံးကွယ်ရန် သူ့ဝတ်ရုံအောက်ကို အလျင်အမြန်ထည့်ကာ ရှဲ့ရှန့်ကို ပြန်လှည့်ကြည့်လိုက်၏။

ရှဲ့ရှန့်က သူမအစေခံကို အဝေးက စောင့်နေခိုင်းခဲ့သည့်အတွက် သူမ ဒီကို တစ်ယောက်တည်းရောက်လာသည်။

သူမ ရှဲ့လန် ရှေ့မှာသွားထိုင်ပြီးပြောလိုက်၏။
"အဖေ နွေရာသီကုန်ပြီ... ညဘက်အေးလာပြီ...အဖေက ဒီမှာ အမြဲသောက်နေတယ်... ​​အအေးမိဦးမယ်လေ"

ရှဲ့လန် ရှဲ့ရှန့်ကို ညင်သာစွာ ကြည့်လိုက်သည်။ သူမက သူနှင့် ကျိုးရှီ ၏သမီးဖြစ်သည်။

"ဘာမှမဖြစ်ဘူး...အဖေ မမူးပါဘူး...ညဘက်ဆို ကောင်းကောင်းအိပ်ပျော်အောင်လို့ နည်းနည်းပဲသောက်တာပါ"

ရှဲ့ရှန့်က ခေါင်းညိတ်ပြီး ဘာမှမပြော။ခုနက ရှည်လျားသော ဂရုစိုက်စကားသည် သူမ၏ ကန့်သတ်ချက်ဖြစ်သည်။

ရှဲ့ရှန့်က ကဗျာစာပေမှာ တော်ပြီး ရှဲ့လန်လို အလွန်အရည်အချင်းရှိသည်။ သူမက အကြံဉာဏ်တောင်းရန် မကြာခဏလာသောကြောင့် ရှဲ့ရှန့် နှင့် ရှဲ့လန်က ပို၍ရင်းနှီးသည်။ ရှဲ့လန် ဤသမီးကို အင်မတန် ချစ်သော်လည်း သူမကို မည်သို့ဆက်ဆံရမည်ကို မသိပေ။ ဤအခိုက်အတန့်တွင် သူမက ခေါင်းငုံ့ထားကာ လေထုက အနည်းငယ် တင်းမာနေသဖြင့် သူပြောလိုက်သည်။

“မင်းဘာလို့ ဒီကို ရောက်နေတာလဲ”

"အဆင်မပြေလို့ လမ်းလျှောက်ထွက်တာ"
ရှဲ့ရှန့်က တုံးတိတိဆိုသည်။

ရှဲ့လန် ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားကာမေးလိုက်သည်။

"ဘယ်နေရာမှာ အဆင်မပြေတာလဲ... တစ်ယောက်ယောက်ကို သမားတော်ခေါ်စေချင်သလား...အဆင်မပြေရင် လမ်းလျှောက်ဘာလို့ ထွက်လာတာလဲ"

ရှဲ့လန်က မျက်လုံးပင့်ပြီး သူ့ကို စိုက်ကြည့်သည်။သူမက ပြောလိုက်၏။

"ဗိုက်ထဲမှာအဆင်မပြေဖြစ်တာ... အမေက သမီးကိုဖြတ်ခေါက်ဆွဲနဲ့ ဟင်းအမယ်အများကြီး ည တုန်းက ပေးတယ်...သမီးအများကြီးစားမိလိုက်လို့"

ရှဲ့လန်၏အမူအရာ အေးခဲသွားပြီး ရှဲ့ရှန့်ဆီသို့ ညွှတ်နေသော သူ့ခန္ဓာကိုယ်က တင်းမာမှုကြောင့် နောက်သို့ ဖြည်းညှင်းစွာ ဆုတ်သွားသည်။ နောက်ဆုံးမှာ သူ မတ်မတ်ထိုင်ပြီး ခက်ခက်ခဲခဲပြောလိုက်၏။

"လက်စသတ်တော့ ဒီလိုဖြစ်သွားတာကိုး... ကောင်းပါတယ်...အမေနဲ့ သမီးနဲ့ ရင်းရင်းနှီးနှီးနေတာက သမီးအတွက်ကောင်းပေမဲ့ နောင်မှာအများကြီးမစားနဲ့...ခန္ဓာကိုယ်အတွက် မကောင်းဘူး"

ရှဲ့ရှန်းက ခေါင်းညိတ်သည်။
"အမေကလည်း ဒီလိုပဲ ပြောတာ...သမီး ဘယ်လောက်စားလဲဆိုတာကိုကြည့်ပြီး အရမ်းပျော်တယ်လို့ ပြောခဲ့တယ်...ဒါပေမဲ့ သမီးပိုစားပြန်တော့ သူထပ်ပြီး မပျော်မရွှင်ဖြစ်လာပြီး ဟော်သွန်းရေ အမြန်ကျိုတယ်လေ"

ရှဲ့လန် ကျိုးရှီ၏ ထိတ်လန့်မှုအကြောင်းကို ကြားလိုက်ရပြီး သူမ၏ ပုံရိပ်က သူ့စိတ်ထဲတွင် ချက်ချင်းပေါ်လာသည်။ သူ မသိစိတ်က ရယ်မောလိုက်သော်လည်း ထို့နောက်တွင် သူ့အပြုံးက ရပ်တန့်သွားပြီး ခါးသီးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

မှုန်ဝါးဝါးညလေသည် ရှဲ့လန်၏ ဆံပင်များကို မှုတ်ထုတ်လိုက်သည်။

သူမ သူမအဖေကို စည်းကမ်းများအတိုင်း ဂါရဝပြုကာ လာနှုတ်ဆက်ရန်ရှိသောကြောင့်သာ သူမဤနေရာကိုလာခဲ့သည်။ ယခု သူမ ဂရုစိုက်မှုပြသပြီး သူနှင့်စကားပြောဆိုခဲ့ပြီးဖြစ်ကာ သွားရန် အချိန်တန်ပြီဖြစ်သည်။

သူမက မတ်တပ်ထရပ်ပြီး ဂါရဝပြုကာ ဆုတ်ခွာရန် ပြင်ဆင်ထားပေမဲ့ ရှဲ့လန်က ရုတ်တရက်ဆို၏။
"မင်းအမေက အခုတလောဘာများဖြစ်နေတာလဲ"

ဤမေးခွန်းက ရှဲ့ရှန့်ကို အနည်းငယ် ရှုပ်ထွေးသွားစေသည်။သူမ ခေါင်းလေးစောင်းကာ မေးလိုက်သည်။

"အဖေမသိဘူးလား"

ရှဲ့လန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ခါးသီးနေသော်လည်း သူ့သမီးရှေ့တွင် သူ၏ စိတ်ဓာတ်ကျနေသည့် ဘက်ခြမ်းကို မပြခဲ့ပေ။ "မသိဘူး" ဟု ရိုးရိုးလေသံဖြင့် ပြောရန်ကြိုးစားလိုက်သည်။ကျိုးရှီက သူ့ကိုသူမခြံဝင်းထဲကို ၀င်ခွင့်မပေးပေ။ သူမအစေခံတွေကလည်း သူ့ကို ရှောင်ကြသည်၊ ပါးစပ်ကို တင်းတင်းကြပ်ကြပ် ထိန်းထားပြီး စကားများများ မပြောရဲကြပေ။

ရှဲ့ရှန့် ပဟေဠိဖြစ်နေသော်လည်း သူမနာခံမှုရှိရှိ ပြန်ပြောလိုက်ဆဲပါပင်။

"သူအကြိုက်ဆုံးအရာတွေနဲ့ အလုပ်ရှုပ်နေတယ်"

ရှဲ့လန် ဤအဖြေကို မမျှော်လင့်ခဲ့ပေ။ သူက ကြောင်တောင်တောင်ပြောလိုက်သည်။

"ဓားထပ်ပြီး ကောက်ကိုင်ပြန်တာလား"

ဤစကားများကြောင့် ရှဲ့ရှန့်ကြောင်အသွားခဲ့သည်။ သူမ အံ့သြတကြီးဆိုလိုက်၏။
"ဓား..."

သူမ အတော်လေးကို အံ့သြသွားသည်။ ရှဲ့လန်က တုံ့ပြန်ပြီး ပို၍ပင်နားမလည်နိုင်ဖြစ်နေသည်။ "တခြားဘာဖြစ်နိုင်မှာလဲ"

"မီးဖိုချောင်သွားပြီး အစားအသောက်အကြောင်း စဉ်းစားတာ"

ရှဲ့ရှန့်၏ လေသံမှာ အထူးအဆန်းဖြစ်ပြီး သူမက ကျောက်ခုံတန်းလျားပေါ်တွင် ပြန်ထိုင်ကာဆိုသည်။

"ဓားလား... အမေက ဓားနဲ့ သိုင်းပညာကို လေ့ကျင့်ဖူးသလား"

ကျိုးရှီ  မြို့တော်တွင် လက်ထပ်ပြီးကတည်းက သူမ၏အတိတ်ကို ရှောင်ရှားရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ရှဲ့လန်က သူတို့သမီးကို ယခုလိုပြောပြမည်ဟု သူမ မျှော်လင့်ထားလိမ့်မည်မဟုတ်ပေ။ ရှဲ့လန် တုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်လိုက်သည်။

မမျှော်လင့်ဘဲ ရှဲ့ရှန့်က စက်ဆုပ်သည့် အမူအရာကို မပြခဲ့ပေ။ သူမက မျက်တောင်ခတ်လိုက်သည်၊ သူမ၏ မျက်တောင်များက တဖျပ်ဖျပ်ခတ်ကာ နောက်ဆုံးတွင် သူမ၏ မျက်နှာသည် ကွက်ကွက်ကွင်းကွင်း ကလေးဆန်သော အသွင်အပြင်ကို ယူဆောင်လာခဲ့သည်။

သူမ ဤအချက်ကို ဖြည်းညှင်းစွာစဥ်းစားခဲ့ပြီး ခဏအကြာတွင်မေးလိုက်သည်။

"ဒါဆို အမေက ဘာကြောင့် သိုင်းပညာအပေါ်စိတ်ဝင်စားမှုကို လက်လျော့ခဲ့တာလဲ"

ရှဲ့လန်၏ နားထဲတွင် ထိုစကားများကို ကြားလိုက်ရသည်မှာ ကြည်လင်သော ကောင်းကင်ထဲမှ မိုးကြိုးသွားကဲ့သို့ ဖြစ်ပြီး ရုတ်တရက် ကြီးမားသော အလင်းတန်းများ လင်းထိန်သွားကာ သူ့ကို အမူးပြေသွားစေ၏။ သူ့စိတ်ထဲတွင် နားမလည်မှုနှင့် ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားသည်။ရှဲ့လန် သူ့စိတ်ထဲတွင် အနည်းငယ် ထုံသွားသလို ခံစားလိုက်ရပြီး ရှဲ့ရှန့်၏ မေးခွန်းကို ထပ်ခါတလဲလဲ ပြောနေခဲ့သည်။

ဘာကြောင့်လဲ...


"...ငါ့ကြောင့်"

ဤစကားတွေပြောရန် ဤမျှလောက်ကြိုးစားရလိမ့်မည်ဟု တစ်ခါမှ မခံစားဖူးဘူးပေ။စကားပြောပြီးနောက် သူ လုံးဝ စိတ်ဓာတ်ကျသွားသည်။

ဟုတ်တယ်၊ သူ့ကြောင့်...

သူ့အတွက်သာမဟုတ်ရင် ကျိုးရှီက ပြောင်မြောက်သည့်သဘာဝရှိသော မိန်းကလေးကနေ သူ့အိမ်မှာနေထိုင်ပြီး ထူးဆန်းသော စိတ်ထားရှိသည့် အမျိုးသမီးတစ်ယောက်အဖြစ် မည်သို့ပြောင်းလဲသွားမည်နည်း။ ဤအစွန်းရောက်ပြောင်းလဲမှုသည် နှစ်အနည်းငယ်သာကြာသည်။

ရှဲ့ရှန့် သူ့ကို နားမလည်နိုင်ပေမဲ့ သူ့ခံစားချက်တွေကို ခံစားရ၏။

သူမ ကြောင်သွားသော်လည်း သူမအဖေကို နှစ်သိမ့်ပေးချင်စိတ် မရှိခဲ့ပါချေ။ ကလေးများသည် အချို့အရာများကို နားမလည်နိုင်ဘဲ တစ်ခု၊ နှစ်ခုသို့မဟုတ် သုံးခုကို မပြောနိုင်သော်လည်း နှလုံးသားထဲတွင် ခံစားချက်အချို့ ရှိနေသေးသည်။

သူမက ထပ်ပြီ ဂါရဝပြုပြီး ခြေလှမ်းအနည်းငယ် လှမ်းကာ သူမအခန်းဆီကို မကျေမနပ် ပြန်လာခဲ့သည်။

ရှဲ့လန်၏ နောက်ကျောသည် ဖြောင့်ဖြောင့်မဟုတ်တော့ဘဲ သူ့ကိုယ်ဟန်အနေအထား အနည်းငယ် ယိုယွင်းနေပုံရသည်။

ဤအသွင်အပြင်က ရှဲ့ရှန့်ကို အနည်းငယ် အကူအညီမဲ့သွားစေသည်။ သူမ အဆင်မပြေမှုကို သည်းခံရှိပြီးပြောလိုက်၏။

"၁၅ရက်နေ့မှာ လင်းမိသားစုရဲ့ မနက်စာဆိုင်က မြို့အရှေ့ဘက်မှာ ဖွင့်မယ်...အမေက အဲဒီကို သွားမှာ"

သူမဘာကြောင့်ယခုလိုပြောမိလဲမသိပါချေ။ ပြောရလျှင် ရှဲ့လန် သွားကြည့်သင့်သည်ဆိုသည့်သူမ၏ ပင်ကိုယ်စိတ် သက်သက်ပါပင်။ သူမအမေ၏ အပြောင်းအလဲကို သူမမြင်နေရပေမဲ့ သူ့အဖေက အတိတ်မှာ နှစ်မြုပ်နေပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်သေးပါချေ။

ရှဲ့လန် စကားပြောဖို့ အချိန်မရခင် ရှဲ့ရှန့်က ထွက်သွားခဲ့သည်။

ဆယ့်ငါးရက်နေ့တွင် ရှဲ့လန် အထူးတလည်အနားယူပြီး နံနက်စောစောတွင် မြို့အရှေ့ဘက်ရှိ စျေးသို့ ပြေးသွားခဲ့သည်။

လမ်းသွားလမ်းလာများစွာကို လမ်းမေးပေမဲ့ လင်းမိသားစု၏ ဈေးကို ရှာမတွေ့ခဲ့ပါချေ။ လမ်းထဲမှာ လမ်းလျှောက်လာရင်း ရုတ်တရက် အရသာရှိပြီး မွှေးကြိုင်သည့် ရနံ့ကို ရလိုက်သည်။ မွှေးရနံ့ကို လိုက်ရှာရင်း နောက်ဆုံးမှာ ဆိုင်ကို တွေ့လိုက်ရသည်။

ဤဆိုင်သည် အလွန်သေးငယ်ပြီး လင်း၏ ချမ်းသာသော မိသားစုပုံစံနှင့် လုံးဝ မလိုက်ဖက်သောကြောင့် သူ ဂရုမစိုက်ဘဲ ကျော်သွားခဲ့သည်။

အခု သူက အနားတဝိုက်တွင် ခဏလောက် လှည့်ပတ်နေတာကြောင့် ဧည့်သည်တွေကို ကြိုဆိုရန် လမ်းဖွင့်ထား၏။

ယခုက နွေရာသီနှောင်းပိုင်းနှင့် ဆောင်းဦးပေါက်ရာသီအစောပိုင်းဖြစ်သည်၊ နေ့နှင့်ညအကြား အပူချိန်ကွာခြားချက်မှာ ကြီးမားပြီး နံနက်စောစောတွင် အနည်းငယ် အေးမြသည်။ အငွေ့ပျံနေတဲ့ အဖြူရောင် အခိုးအငွေ့တွေက ဈေးထဲက လွင့်ထွက်ပြီး ထမင်းစားသူ အများအပြားကို ဆွဲဆောင်နေသည်။

ဤ​ရပ်ကွက်မှာ နေထိုင်သူများက လက်ထဲမှာ ပိုက်ဆံအပိုရှိသည့်သာမာန်လူတွေဖြစ်၏။ လှေသွားဖမ်းရန် မနက်အစောကြီးနိုးသည့် ကုန်သည်တွေ၊ ပိုးထည်နှင့်ဖဲဆိုင်တွေဆီ အပြေးအလွှား သွားလာကြသည့် ဈေးသည်တချို့၊ အချို့က မနေ့ကမိဘကိုတွေ့ရန် အိမ်ပြန်ကြသည်၊ အချို့က ဆရာတွေကို မြို့ပြင်ကို အပြေးအလွှား သွားတွေ့ကြသည် စသဖြင့် တွေ့ရသည်။ ဆိုင်နားကဖြတ်သွားသောအခါ မွှေးရနံ့တွေရပြီး စောနေသေးသည်ကိုတွေ့သောအခါ တုံ့ဆိုင်းသွားပြီး ဆိုင်ရှေ့မှာ ရပ်လိုက်ဓ။

လူများစုဝေးနေကြသောကြောင့် စားပွဲထိုးတစ်ဦးရောက်လာပြီး သူတို့ကို နှုတ်ဆက်လေသည်။ စားသူံးသူများ တစ်ယောက်ပြီး တစ်ယောက် ထိုင်ကြပြီး ဆိုင်သည် တဖြည်းဖြည်း အသက်ဝင်လာသည်။

ထိုအချိန်တွင် မဝေးလှသည့်နေရာမှ ရထားလုံးတစ်စင်း မောင်းနှင်လာသည်

ရထားလုံးကန့်လန့်ကာကို မလိုက်သည်နှင့် သပ်ရပ်သော ချည်ထည်ဝတ်ထားသည့် ကျိုးရှီက ခုန်ဆင်းလာ၏။ ထို့နောက် သူမက လှည့်ကြည့်ကာ လင်းရှီကို  ရထားလုံးပေါ်မှ ဆင်းစေပြီး "သတိထားပါ" ဟု စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။

"ငါကအရမ်းတည်ငြိမ်ပါတယ်"
လင်းရှီက  ရထားလုံးပေါ်မှဆင်းလိုက်သည်။

"ရှင်ဒီကို မလာသင့်ဘူး... ကျွန်မယောက်မလေး သိရင် ဒေါသဖြစ်လိမ့်မယ်"

လင်းရှီက  ရုတ်တရက်ကိုယ်ကျုံ့သွားပြီး
"ငါလာရမယ်"
သူမက ကျိုးရှီကို လှည့်ကြည့်လိုက်ကာ
"မင်းလည်း ဒီကိုလာရမှာ...ငါ့အတွေးတွေကို မင်းနားလည်သင့်တယ်"

ဤအကြောင်းနှင့်ပတ်သက်ပြီး ကျိုးရှီက တိုးတိုးတိတ်တိတ် အသံနှင့်ဆိုသည်။

"ကျွန်မညှိထားတဲ့ အရသာက စားသုံးသူတွေအတွက် သင့်တော်ရဲ့လားဆိုတာ ကြည့်ချင်တယ်"

ကျိုးရှီ၏လျှာက ရှေးခတ်လူတစ်ဦး၏လျှာစစ်စစ်ဖြစ်သည်။ ကျန်းရှုယောင် အရာအားလုံးနှင့် ပတ်သက်၍ သူမ၏ ထင်မြင်ချက်ကို မေးမြန်းခဲ့ပြီး နှစ်ယောက်သား အရသာများကို ပြုပြင်ရန် စဉ်းစားခဲ့ကြသည်။ သူမက လုံ့လဝီရိယရှိပြီး အခက်အခဲများကို မကြောက်ပေ။ ယခု သူမကိုယ်တိုင် ဂလူတန်ကို မည်သို့ ခေါက်ရမလဲကို သိနေလေပြီ။ သူမ အနားယူခြင်းမရှိဘဲ တစ်နေကုန် အလုပ်များနေပြီး မနက်စာဆိုင်ကို အမြန်ဖွင့်ခြင်းအတွက် သူမကောင်းမှု များစွာရှိသည်။

"ဟုတ်တယ်...ဖွင့်ပွဲနေ့ကတော့ အမျှော်လင့်ဆုံးပါပဲ"  

လင်းရှီက သူမနှင့်အတူ နောက်ဖေးတံခါးဆီသို့ လျှောက်သွားရင်းဆိုသည်။

"ဒီထူးဆန်းတဲ့ အစားအသောက်တွေကြောင့်ရပ်သွားပြီး ... မြိန်ရေရှက်ရေ မြည်းစမ်းပြီး စိတ်ကျေနပ်စွာထွက်သွားတဲ့စားသုံးသူတွေကိုကြည့်ပြီး စိတ်ထဲ အရမ်းသက်သာသွားလိမ့်မယ်"

ကျိုးရှီက အလွန်ကို  သဘောတူပြီး သူမလက်တွေကို ပွတ်သပ်ရင်းပြော၏။

"မသင့်တော်တာမဟုတ်ရင် ဒီမှာ ကျွန်မလက်ရာကို တကယ်စမ်းကြည့်ချင်တယ်...ကျွန်မယောက်မလေးက ကျွန်မကို အရမ်းတော်တယ်လို့ ပြောတယ်"

လင်းရှီက  အကူအညီမဲ့သွားရပြီး သူမကို တွန်းထုတ်လိုက်သည်။


Xxxx