အပိုင်း ၁၀၄
Viewers 18k

Chapter 104



ရှဲ့လန်က ကြောင်တက်တက်နှင့်ထောင့်မှာ ရပ်နေမျသည်။

ဒီလောက်ပြင်းထန်ပြီး တက်ကြွတဲ့ကျိုးရှီကို သူမတွေ့ ဘယ်လောက်ကြာပြီလဲ...တော်တော်ကြာနေပြီ...ဒီအသွင်အပြင်ကို သူ မေ့လုနီးပါးပါပဲ...

သူက လမ်းပေါ်တွင်ရပ်နေပြီး တစ်စုံတစ်ယောက်က ကမန်းကတန်းဖြတ်သွားကာ သူ့ပခုံးကို တိုက်မိလိုက်သည်။

ထိုလူက ပိန်ပြီးပုတုတုဖြစ်၏။သူ ခြေလှမ်းနှစ်လှမ်း ပြန်ဆုတ်သွားသည်။ သူက ရှဲ့လန်
ကို စိုက်ကြည့်ပြီး စကားအနည်းငယ် ကျိန်ဆဲချင်သည်။ သူ့ရုပ်ရည်နှင့် အထင်ကြီးလောက်သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ဒေါသကို ရုတ်တရက် ထိန်းလိုက်မိသည်။

ပုတုတုလူက သူ့ပခုံးကိုပွတ်ကာ စကားအနည်းငယ်ပြောပြီး မနက်စာဆိုင်ဆီသို့ လျှောက်သွားလေသည်။

ဤနားတဝိုက်မှာ နေထိုင်သူတွေက အချင်းချင်း သိကြသည်။ သူ လမ်းလျှောက်လာရင်း ဆိုင်ရှေ့မှာ မနက်စာစားသည့် စားသောက်သူတွေကို နှုတ်ဆက်၏။

"ဘာစားလိုက်တာလဲ ...ဘယ်လိုအရသာရှိလဲ"

လူတိုင်းက ရယ်မောပြီး ဆိုင်ထဲက မနက်စာ ကို ချီးကျူးကြသည်။

"စားလို့ကောင်းတယ်... အားလုံးအဆင်ပြေတယ်"

"မနက်စာက အရမ်းအရသာရှိနေတုန်းပဲ... အနာဂတ်မှာ စောစောထဖို့ စိတ်အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူး"

"ငါ တစ်ခုဝယ်ပြီး ယူသွားဖို့ပြင်လိုက်တယ်...ပြီးတော့ တစ်ကိုက်ကိုက်ပြီး ဒုတိယတစ်ခုဝယ်ဖို့ ပြန်လှည့်လိုက်တယ်... အရသာဘယ်လိုရှိမယ်ထင်လဲ"

"ဟေ့ လောင်တင်း... ပစ္စည်းတွေ ထပ်ကောက်ဖို့ အချိန်ရောက်နေပြီလား...ဒီနေ့ အရမ်း စောနေသလားလို့"

လောင်တင်းက ခေါင်းညိတ်ပြီး သူ့လက်မောင်းတွေကို ပွတ်သပ်ပြီး "ဟုတ်တယ်" ဟုပြောလိုက်သည်။ ကုန်သည်သင်္ဘောက မြို့တော်ကို ဖြတ်သွားကာ သူ၏ပစ္စည်းရောက်ရှိလာသည်။ မသယ်မီ သင်္ဘောကျင်းသို့ သွားရောက်စစ်ဆေးရန် လိုအပ်သည်။ သူက အခြားသူများ၏မျက်လုံးကို မယုံဘဲ အချိန်တိုင်း သူ့ဘာသာသူ သွားခဲ့သည်။ ဆိပ်ခံက နေရောင်အကြောင်းတွေပြီး ခပ်ပါးပါးလေး ၀တ်ထား၏။ မနက်ခင်းက အရမ်းအေးတယ်ဆိုတာ ဘယ်သူသိမှာလဲ...

သူက ဈေးထဲမှာ ပြည့်ကျပ်နေသည့် အစားအသောက်တွေကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။

"ပူပူနွေးနွေးတစ်ခုခု ရှိသလား...တစ်ခုပေးပါ"

"ကောင်းပြီ"

စားပွဲထိုးက ဝင်သွားပြီး ခဏအကြာတွင် ဟင်းရည်ပန်းကန်လုံးနှင့် မုန့်စိမ်းကြော်တစ်ပန်းကန်ကို ထုတ်ကာဆိုသည်။

"ပူစပ်ဟင်းရည်နဲ့ မုန့်စိမ်းကြော်... စမ်းကြည့်ပါ"

လောင်တင်း သူ့ရှေ့ကို ကြည့်လိုက်သောအခါ ပူစပ်ဟင်းရည်ဟုခေါ်သည့် နီညိုရောင် ဟင်းချိုတစ်ပန်းကန်ကို တွေ့လိုက်သည်။ အထဲမှာ ဘာတွေပါနေလဲ မမြင်ရပေ။ဟင်းရည်က စေးကပ်နေပြီး ပြင်းထန်သော်လည်း အစပ်အနံ့ကမွန်ထူမနေပေ။ မှိုအမည်းရောင်၊ စိမ်းညိုရောင်ပင်လယ်မှော်၊ ကြည်လင်တောက်ပသော မတ်ပဲခေါက်ဆွဲ၊ အဝါဖျော့တို့ဟူးအရေခွံနှင့် ဂလူတန် စသည်တို့ ပါဝင်ပါသည်။ အဖြူရောင်အခိုးအငွေ့၏ အပူရှိန်ဖြင့် ဖုံးလွှမ်းထားသောကြောင့် ၎င်းသည် အထူးဆွဲဆောင်မှုရှိသည်။

အရင်က ယခုလို မနက်စာမျိုး မစားဖူးပေ။ သူ တခဏတာ တုံ့ဆိုင်းသွားကာ ဇွန်းကိုယူပြီး ခပ်လိုက်သည်။ ဟင်းရည်က အလွန်ပျစ်ပြီး ပိုးချည်တစ်စကဲ့သို့ ဇွန်းပေါ်တွင် ချိတ်ဆွဲထားသည်။ ဟင်းရဘိက ဟင်းရည်ထဲသို့ အစက်ကျသွားပြီး အလွန်ပျစ်နေပုံရသည်။

ဟင်းရည်ကို ပျစ်စေရန် ကောက်ညှင်းရေနှင့် ရောစပ်ထားသောကြောင့် ဟင်းရည်၏ အရောင်က ပျစ်ပြီး တောက်ပနေမည်ဖြစ်သည်။ သူ၏ပထမဆုံးတုံ့ပြန်ချက်က ဟင်းရည်က အလွန်ပျစ်ပေမဲ့ အရသာက ကောင်း၏။ ထို့နောက် အရိုးစွပ်ပြုတ်၏ မွှေးရနံ့နှင့် ငရုတ်ကောင်း၏ ထုံကျဉ်မှုတို့သည် သူ့လျှာဖျားအထိ တဖြည်းဖြည်း ပြည့်လျှံလာသည်။ ပူနွေးပြီး စေးကပ်သော အရသာနှင့်အတူ ပြင်းထန်သော လတ်ဆတ်သော ထုံကျင်မှုက သူ့ပါးစပ်ထဲသို့ တိုးဝင်လာသည်။ သူ့ခံနိုင်ရည်အားကို ဖြည့်စွမ်းပေးပြီး အင်မတန်ပျော်စရာကောင်းသည်။ သူ့လျှာဖျားကနေ သူ့လည်ချောင်းအထိ အစာအိမ်တလျှောက် ပူနွေးနေခဲ့သည်။

ကော်ရည်က ပျော့ပျောင်းပြီးစေးကပ်သည်။ ဝါးလိုက်သည်နှင့် ပဲအနံ့သင်းသင်းလေးရှိ၏။ မှိုက ကြွပ်ပြီး ပင်လယ်မှော်က ခိုင်မာသည်၊ ခေါက်ဆွဲက ထုတ်ထုတ်လေးဖြစ်သည်။ ဝါးလိုက်သောအခါတွင် အရသာအမျိုးမျိုးဖြင့် အရသာအဆင့်အမျိုးမျိုးကို တိုက်ခိုက်ကြသည်။ အစပ်ဟင်းရည်တွင် "အစပ်" ဟူသော စကားလုံးရှိသော်လည်း ငရုတ်ကောင်း၏ အစပ်ကို နှိုးဆွပေးခြင်းနှင့် ကွဲပြားသည်။ အစပ်အရသာက အလွန်မွှေးပြီး နွေးသည့်အရသာရှိပြီး တစ်ပြိုင်နက် ပျံ့နှံ့သွား၏။

သူ ပျော်ပျော်ကြီး တရှူးရှူး စားသောက်နေပေမဲ့ ရုတ်တရက် သူနှင့်မျက်စောင်းထိုးမှာ တစ်ယောက်ယောက် လာထိုင်နေသည်။

ရှဲ့လန်က စားပွဲထိုးကို “သူနဲ့တူတူပဲ ငါ့ကို ပေးပါ” ဟုပြောလိုက်၏။

သူက ဒေသခံတစ်ဦးကဲ့သို့မဟုတ်သည်ကိုမြင်ရသောအခါ လောင်တင်း သူ့ကိုသိပ်မကြည့်ဘဲ ကိုယ့်အစားကိုယ်စားခဲ့သည်။

သူကြော်ထာသည့် မုန့်စိမ်းကို ကောက်ယူပြီး သူ့ပူစပ်ဟင်းရည်ထဲကို ဖိထည့်လိုက်၏။

ချွဲကျိကျိ ဟင်းရည်က ကြော်ထားသော မုန့်စိမ်းကို ဘက်ပေါင်းစုံမှ ချက်ခြင်း ထုပ်ပိုးလိုက်ပြီး ကောက်သိမ်းလိုက်သောအခါတွင် ကြော်ထားသော မုန့်စိမ်း၏အဆုံးတွင် ထူထဲသော တောက်တောက်တောက်တောက်ဟင်းရည်အလွှာကို ချိတ်ဆွဲထားသည်။ သူ့ပါးစပ်ထဲမှာ ထည့်လိုက်၏။ ဟင်းချိုက လုံလောက်အောင် ပျစ်ပြီး ကြော်ထားသညမုန့်စိမ်းကို ပျော့မသွားစေပါချေ။ ကြော်ထားသော မုန့်စိမ်းက ကြွပ်ရွပြီး ဆီများသော မွှေးရနံ့နှင့် ဟင်းရည်၏ အစပ်အရသာဖြင့် ဖုံးအုပ်ထားသည်။ ၎င်းသည် ကြွပ်ဆတ်ပြီး စေးကပ်၊ ထူထဲပြီး အဆာအပြည့်ရှိ၊ မွှေးပြီး ထုံနေကာ အလွန်ပျော်စရာကောင်းသည်။

ရှဲ့လန် လူများ အစားအသောက်ကို ဂရုမစိုက်ဘဲစားသည်ကိုမမြင်ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး သူ့ စားချင်စိတ်ကို ဖြစ်စေသည်။ စားပွဲထိုး လာချသောအခါ ချက်ချင်းပင် ကိုက်လိုက်သည်။

ပူစပ်ဟင်းရည်သည် ပြင်းထန်သော အရသာရှိပြီး မသိမသာထုံသော အရသာရှိသည်။ ဂျင်းခြောက်၊ ဂျင်း၊ ငရုတ်ကောင်း၊ ငရုတ်ကောင်းရှည်၊ သစ်ကြံပိုးခေါက်၊ ကောက်ညှင်းစသည့် အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆေးဖက်ဝင်အပင်များကို ပေါ့ပါးပြီး အရသာရှိသော ထူးထူးခြားခြား ရနံ့တစ်ခုအဖြစ် ပေါင်းစပ်ထားသည်။ ၎င်းသည်အဆုံးမရှိသော အရသာဖြင့် စပ်ပြီး နူးညံ့သိမ်မွေ့သည်။

ရှဲ့လန်က အစာအလွန်အမင်းမစားတတ်သော်လည်း ဤပူစပ်ဟင်းရည်ကို သည်းမခံနိုင်ပေ။ အကြောင်းမှာ ဤပူစပ်ဟင်းရည်က စပ်ပေမဲ့ လျှာကို မထိခိုက်စေဘဲ နွေးနွေးထွေးထွေးရှိသည့် အရသာတစ်မျိုးဖြစ်၏။ လန်းဆန်းမှုထဲ၌ ထုံကျင်ခြင်း ရှိနေသည်။ ၎င်းသည် ပျစ်ခဲ နူးညံ့ပြီး စေးကပ်သည်။ ကွဲပြားသော ပါဝင်ပစ္စည်းများ၏ အရသာနှင့် ၎င်းတို့၏ ရနံ့တို့ကို သောက်သုံးရင်း ဝါးစားနိုင်သည်။ တစ်ပန်းကန်စားပြီးရင် မဆိုင်းမတွ နောက်ထပ်တစ်ပန်းကန်စားလိမ့်မည်။

ဤတစ်ခါတွင် စားပွဲထိုးက အလွန်မြန်ပြီး ပူစပ်ဟင်းရည်ကို ချက်ချင်း ယူလာပေး၏။ ရှဲ့လန် ဂရုမစိုက်ဘဲ စားရန် မစောင့်နိုင်တော့...

"အဟွတ်"

မရင်းနှီးသော ပြင်းထန်သည့် အပူဓာတ်တစ်ခုက သူ့ကို ထိသွားသည်။ သီသွားကာ ချောင်းဆိုးနေသဖြင့် မျက်နှာကို ဝတ်ရုံလက်ဖြင့် အုပ်ထားသည်။ သူ့လည်ချောင်းနှင့် လျှာက ပူပြင်းပြီး နာကျင်နေသည်။

လင်းရှီက  လျှို့ဝှက်စွာ ခိုးကြည့်ပြီး ကျိုးရှီကိုဆို၏။

"အရမ်းစပ်ပုံရတယ်"

ကျိုးရှီက လက်ပိုက်ကာပြောသည်။

"ဟုတ်တယ်...ကျွန်မ သူ့ပန်းကန်ထဲမှာ ငရုတ်ဆီသုံးဇွန်းထည့်လိုက်တယ်"

လင်းရှီ  သူ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေသည်ကို မြင်လိုက်ရပြီး ကျိုးရှီက စားပွဲထိုးကို တားလိုက်ပရေသွားမပေးရန် သတိပေးလိုက်သည်။ သူမက တုံ့ဆိုင်းနေပြီးဆို၏။

"သူ ချောင်းတအားဆိုးနေပုံရတယ်"

"ကျွန်မလက်ထဲက အရသာမွန်ကို ငါသူ့ကို မခံစားစေချင်ဘူး"

ကျိုးရှီက လင်းရှီကို တစ်ချက်ကြည့်လိုက်ပြီး လင်းရှီက ချက်ချင်းသဘောပေါက်သွားသည်။ သခင်ရှန်းယန်သာ ဤနေရာတွင် ရှိနေခဲ့ပါက သူမသည် သူ့ကို ချောင်းဆိုးသေစေမည်ဖြစ်သည်။

နောက်ဆုံးတွင် ဆိုင်ရှင်က ရှဲ့လန် ရေတစ်ခွက်ယူလာပြီး သူ ချောင်းဆိုး ရပ်တန့်ရန် အမြန်သောက်လိုက်၏။

သူမသက်မသာ ချောင်းဆိုးနေသည်ကိုမြင်သောအခါ လောင်တင်းက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးသည်။

"အဆင်ပြေရဲ့လား... ဒီပန်းကန်က အရသာမကောင်းဘူးလား"

သို့ရာတွင် သူနှင့် ဆန့်ကျင်ဘက် အနှီချောမောသည့် ယောက်ျားရှေ့မှာ သူ မပြုံးချင်ပေ။ သူက မျက်လုံးလွှာချကာ ပြုံးပြီးဆို၏။

"အဆင်ပြေပါတယ်...ကျွန်တော့်မိန်းမက ကျွန်တော့်ကိုကျီစယ်နေတာပါ"

သူ့ကို အရက်ပြင်း သောက်ရန် နှိုးဆော်ခဲ့သောမော့ပေရှိ ကျိုးမိသားစုကဲ့သို့ပင် သူ့ကိုကြည့်ရုံသာဖြစ်သည်။ သူသီးသွားပြီးနောက် ကြောင်များကဲ့သို့ နူးညံ့သော မြို့တော်မှ မြင့်မြတ်သူကို မောက်မောက်မာမာ မျက်ခုံးပင့်ကာ ရယ်မောလိုက်ကြသည်။

၎င်းကိုတွေးပြီး ရှဲ့လန်၏မျက်နှာပေါ်က အပြုံးက မှိန်ဖျော့သွားကာ သူ့ပါးစပ်ထဲရှိ အစပ်ဓာတ်က ပျောက်ကွယ်သွားပြီး ခါးသီးမှုတွေပဲ ကျန်ပါတော့၏။

ရှဲ့ရှန့်က သူ့ကို ဘာကြောင့်လာကြည့်စေချင်လဲကို သူနားလည်သွားသည်။

ကျိုးရှီက  ပြောင်းလဲသွားခဲ့ပြီ။ သူမသည် မော့ပေမှ ရွှင်လန်းပြီး အထိန်းအချုပ်မရှိသော ကျိုးသခင်မလေးအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ သို့သော်၊ သူကား မော့ပေတွင်သူမကိုဆွဲဆောင်ခဲ့သောဒုတိယသခင်ရှဲ့မဟုတ်တော့ပါချေ။

မြို့တော်တွင် အိမ်ထောင်သက် ခုနစ်နှစ်တာကာလအတွင်း သူမ၏ စိတ်နေစိတ်ထားမှာ ပုံပျက်သွားပြီး သူမ၏ အနားများနှင့် ထောင့်များ ချောမွေ့သွားခဲ့သည်(သိမ်မွေ့)။ ယခု သူမက နဂိုသူမ ပြန်ဖြစ်လာခဲ့လေပြီ။ သူမ၏ အနားများနှင့် ထောင့်များ ပျောက်ကွယ်သွားပြီး သူ့အပေါ် ခံစားချက်များလည်း ပျောက်အကွယ်သွားခဲ့သည်။

ရှဲ့လန် ဆက်မထိုင်နိုင်တော့ဘဲ ချက်ချင်း ပိုက်ဆံရှင်းပြီးနောက် အမြန်ထွက်သွားသည်။

"ထူးဆန်းတယ်"

လောင်တင်း သူသွားသည်ကိုကြည့်လိုက်သည်။ ခေါင်းယမ်းကာ သူ့ရှေ့ရှိ အရသာရှိသော အစားအစာကို ဆက်လက် မြည်းစမ်းသည်။

စားသောက်ဆိုင်များက ပြည့်ကျပ် စည်ကားနေပြီး ပူနွေးသောရနံ့သည် နံနက်ခင်း၏ ငြိမ်သက်မှုကို ပြေပျောက်စေကာ မနက်စယစားသူများစွာက စကားပြောရယ်မောနေကြသည်။ ဤနေရာတွင် အကန့်အသတ်မရှိ ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှုသာ ရှိသင့်ပြီး ဝမ်းနည်းမှုအတွက် နေရာမရှိပါချေ။

[ET/N- ငရုတ်ကောင်းဟင်းရည် သို့မဟုတ် အစပ်ဟင်းရည်ဟုလည်း လူသိများသော Hulatang သည် Henan ပြည်နယ်တွင် ဖန်တီးထားသော တရုတ်ရိုးရာဟင်းချိုတစ်မျိုးဖြစ်ပြီး Shaanxi ပြည်နယ်၏ ဟင်းလျာတွင် လူကြိုက်များလာခဲ့သည်။ တရုတ်ရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းကို အမေရိကန်ပြည်ထောင်စုသို့ မိတ်ဆက်ပေးခဲ့ပြီး "အစပ်ဟင်းရည်" ဟုခေါ်ကြသည်။

......


မနက်စာဆိုင်ဖွင့်ကတည်းက ကျန်းရှုယောင် အလုပ်မအားတော့ပေ။ မကြာသေးမီက သူမ ချက်ပြုတ်နည်းများနှင့် အရသာကို ချိန်ညှိရန် အလုပ်များနေသောကြောင့် တစ်နေ့လုံး အလုပ်ရှုပ်နေသည်။ ယခု သူမ အားလပ်သွားပြီဖြစ်ပြီး ကျိုးရှီကို ညွှန်ကြားပေးရုံမှတပါး နေ့တိုင်း လုပ်စရာ များများစားစား မရှိပေ။

သူမအလုပ်များနေချိန်တွင် ရှဲ့ရွှင်းကို ဂရုမစိုက်မိခဲ့ပေ။ ယခု သူမအားလာသောအခါ ရှဲ့ရွှင်းတစ်ယောက် မူမမှန်ကြောင်း သူမသိလိုက်ရသည်။

ဥပမာ ညလယ်မှာ သူ အိပ်မရပေ။ နေ့တိုင်း သူမကို စောင့်ကြည့်နေပြီး စကားပြောရန် တုံ့ဆိုင်းနေသည်။အရင်ကလို အစာစားချင်စိတ်လည်း မရှိတော့ပေ။

အမှန်တွင် ကျန်းရှုယောင် သူတစ်ခုခုမှားနေသည်ကို သတိပြုမိရသည့် အဓိကအကြောင်းရင်းက နောက်ဆုံးအချက်ကြောင့်ပါပင်။

ယနေ့ သူမှုန်ကုပ်ကုပ်နှင့် ညစာစားပြီးသွားပြီး တူများချကာ ပန်းကန်လုံး အလွတ်ကို ကြောင်တက်တက်နှင့် စိုက်ကြည့်နေသည်။

ကျန်းရှုယောင် သူ့ကို ဤကဲ့သို့ ရက်အနည်းငယ်ကြာအောင် မြင်ခဲ့ရပြီး သူကအဆင်ပြေလာခြင်းမရှိပေ။ သူမကမေးလိုက်လေ၏။

"အခုတလော ဘာဖြစ်နေတာလဲ"

ရှဲ့ရွှင်း အလွန်စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ကာဆိုသည်။
"ဘာလို့လဲ"

ကျန်းရှုယောင် တခြား ဘာပြောနိုင်မည်နည်း။သူမ ယခုလိုပြော၍မရပေ။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရှင့်ရဲ့ အစားအသောက် စားသုံးမှု လျော့ကျသွားတယ်လို့ကျွန်မထင်တယ်... သာမာန်လူတွေထက် ပိုနေသေးပေမဲ့ အတော်လေး မမှန်ဘူးထင်တယ်"

ထို့ကြောင့် "ရှင်စိတ်ထဲ တစ်ခုခုတော့ ရှိတယ်လို့ ကျွန်မထင်တယ်" ဟု ပြောလိုက်ရ၏။

ရှဲ့ရွှင်း ခဏလောက် စဉ်းစားပြီး အနည်းငယ် ရှုပ်ထွေး သွားသည်။

"မဟုတ်ပါဘူး"

ဟုတ်ပြီ...ကျန်းရှုယောင် နှုတ်ပိတ်လိုက်သည်။ မကြာသေးမီက သူ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှု မရှိသေးသောကြောင့် သူ၏ အစာစားချင်စိတ်လည်း လျော့နည်းသွားခြင်းဖြစ်နိုင်သည်။

ညနေစောင်းတွင် နှစ်ယောက်သား မီးမှုတ်၊ ရေချိုး၊ အဝတ်အစားလဲပြီး အိပ်ယာဝင်ရန်အဆင်သင့်ဖြစ်နေကြ၏။

နှစ်ယောက်သား ကုတင်ပေါ်တွင် လှဲနေလိုက်သည်။ ရှဲ့ရွင်းက သူ့လက်ကို ဆန့်ကာ ခါတိုင်းကဲ့သို့ သူမလက်ကို ငြိမ်သက်စွာ ဆုပ်ကိုင်ထားသည်။

ကျန်းရှုယောင် သူ၏ အခုတလော စိတ်ဓာတ်ကျမှုကို တွေးတောရင်း သူ့ကို နှစ်သိမ့်ရန် သူ့လက်ချောင်းများကို ညင်သာစွာ ပြန်ညှစ်လိုက်သည်။

ဤလုပ်ရပ်က ရှဲ့ရွှင်းကို စိတ်မြန်လက်မြန် ဝမ်းနည်းလာစေ၏။

"ငါ မင်းနဲ့ မခွဲချင်ဘူး"

ကျန်းရှုယောင် မှိန်းနေရာ ရုတ်တရက် နိုးလာသည်။
"ဘာရယ်"

"ဧကရာဇ်မင်းမြတ်က အကျင့်ပျက်အရာရှိတွေကို သေချာစုံစမ်းစစ်ဆေးပြီး မြစ်တာတမံစစ်ကူတွေကို ထိန်းကျောင်းဖို့အတွက် မြို့တွင်းမှာနေဖို့အိမ်ရှေ့စံမင်းသားကို စေလွှတ်နေတယ်"

ရှဲ့ရွှင်းက ပြောသည်။

ကျန်းရှုယောင် မှင်တက်သွားသည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူက ဤကိစ္စအတွက် စိုးရိမ်နေပုံပေါ်သည်။ လုပ်ငန်းလုပ်ရန် ပေကျင်းကနေ ထွက်သွားခြင်းပဲ မဟုတ်ပေလော။ “ခွဲခွာခြင်း” ဟူသော စကားလုံးကြောင့် သူမ အံ့အားသင့်သွားသည်။

သူမ စိတ်ထဲမှာနူးညံ့သွားရပြီး ရှဲ့ရွှင်း၏ နောက်ကျောကို သူမ၏လက်ချောင်းများဖြင့် ညင်သာစွာပွတ်သပ်ပေးလိုက်သည်။

သူက အသက်ငယ်သော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက် အလေးထားသော ပညာရှင်တစ်ဦးဖြစ်နေပြီဖြစ်သည်။

"ရှင်ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်မယုံကြည်တယ်"

သူမက ဤအရာများကို နားမလည်လေရာ နှစ်သိမ့်စကားများပြောသောအခါတွင် သူမ ဖြူဖျော့နေမည်မှာ မလွဲဧကန်ပင်။ ထို့ကြောင့် သူမ၏ ရှဲ့ရွှင်းအပေါ် ထောက်ခံကြောင်းကို ဖော်ပြနေခြင်းသက်သက်ဖြစ်သည်။

ရှဲ့ရွှင်း၏လက်က အပွတ်ခံနေရပြီး လည်ပင်းအလျက်ခံနေရသည့် ကြောင်လို ကျေနပ်နှစ်သိမ့်စွာမျက်လုံးများမှေးစင်းနေခဲ့သည်။သူမစကားကြားကို ပြီးနောက်၊ "ဟမ်" ဟု တုံ့ပြန်ရန် အချိန်အတော်ကြာခဲ့သည်။ သူက ရှင်းပြလိုက်၏။

“ငါတို့ ဒီကိစ္စကို စုံစမ်းနေတာ တစ်လကျော်ရှိပြီ... သက်သေတွေ အားလုံးရပြီ...အကျင့်ပျက် အရာရှိတွေကို ချက်ခြင်း ထောင်ချဖို့ပဲ လိုတယ်... ပြီးတော့ မြစ်တာတမံ ဆောက်တာနဲ့စစ်ကူတွေကို ကြီးကြပ်ဖို့ "

ကျန်းရှုယောင် အံ့အားသင့်သွားပြီး
"ဒါဆို ဒီရက်အနည်းငယ်အတွင်း ရှင်ဘာလို့ ဒီလောက်စိုးရိမ်နေတာလဲ"

ဤအကြောင်းနဲ့ပတ်သတ်ပြီးပြောသည့်အခါ ရှဲ့ရွင်းက စိတ်ပူနေသည်။

"ဒီခရီးက ဘယ်လောက်ကြာမယ်ဆိုတာ ငါမသိဘူး...အကြမ်းဖျင်းတွက်ချက်မှုတွေအရ မင်းကို တစ်လခွဲလောက်မတွေ့ရတော့မှာကို ကြောက်မိတယ်... ဒီလိုမျိုးလုပ်ငန်းကိစ္စဖြေရှင်းရာမှ မိသားစုဝင်တွေကို ခေါ်သွားတာမသင့်တော်တဲ့အတွက် မင်းနဲ့ငါ ခွဲရလိမ့်မယ်"

ကျန်းရှုယောင် အနည်းငယ် ပြောစရာစကားမဲ့သွား၏။

"ဒီရက်ပိုင်း ရှင်စိုးရိမ်နေတာဒါလား"

ရှဲ့ရွှင်းကဆိုသည်။

"ဟုတ်တယ်"

သူ့အသံက အနည်းငယ်မတရားခံရဟန်ဖြစ်နေ၏။
"မင်းသားနဲ့ အလုပ်လုပ်ဖို့ ပေကျင်းကနေ ထွက်ခွာနေကျဖြစ်ပေမဲ့ သိပ်အဆင်မပြေဘူးလို့ မခံစားခဲ့ရပါဘူး... အခု ငါ့မှာ ဇနီးရှိတော့ စိတ်တွေ ပြောင်းသွားပြီ"

အရင်နေ့တွေအကြောင်း တွေးပြီး သက်ပြင်းချရင်းသူဆို၏။

“အခု နေ့တိုင်း အရသာရှိတဲ့ အစားအစာတွေ စားပြီးရတော့ ဟိုမှာ ကောင်းကောင်း မစားနိုင် မအိပ်နိုင်ရင် အဆင်မပြေဘူး”

ကျန်းရှုယောင် သူမ၏လက်ကို တိတ်တဆိတ်ပြန်ဆွဲထုတ်ပြီး စောင်ခြုံထဲသို့ ပြန်ထည့်လိုက်သည်။

ရှဲ့ရွှင်းက အိပ်ယာခင်းကို စိုက်ကြည့်ကာဆို၏။ "သဘက်ခါ ငါသွားမှာ"

ကျန်းရှုယောင်က "အမ်း" ဟု ပြောလိုက်သည်။

ရှဲ့ရွှင်းက အချစ်နှင့် ပတ်သက်၍ ဘာပြောရမည်ကို သိသောလူမဟုတ်ပေ။ သူ ကျန်းရှုယောင်ကို ဘာပြောရမှန်းမသိပါချေ။

ခဏအကြာတွင် ကျန်းရှုယောင် သူအိပ်ပျော်နေသည်ဟုထင်ချိန်မှာ "ငါအမြန်ဆုံးပြန်လာခဲ့မယ်" ဟုထပ်ပြောသည်။

"ကောင်းပြီ"

ခဏအကြာတွင် ရှဲ့ရွင်း ကျန်းရှုယောင်၏ ညင်သာသော အသက်ရှုသံကို ကြားလိုက်ရပြီး အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ခွဲခွာရန် ဆန္ဒမရှိသူက သူ တစ်ဦးတည်းသာ ဖြစ်သည်ကို တွေ့ရှိရပေသည်။ သူမ နှလုံးသားထဲ မထည့်ခဲ့ခြင်း ဖြစ်နိုင်၏။

သို့ပေမဲ့ သူ​သေချာ​တွေးကြည့်​သည့်အခါ သူသည်မှာရှိ​နေသည်​ဖြစ်​​စေ မရှိသည်​ဖြစ်​​စေ သူမကိုမထိခိုက်​​ပေ။ သူမနှင့် ဒုတိယမရီးတို့သည် နေ့တိုင်း အစားအသောက်အကြောင်း တွေးပြီး ၎င်းနောက် သူမက သူမအမေနှင့် ဆွေးနွေးသည်။ သူနှင့် အတူဆိုလျှင် နေ့လယ်စာနှင့်ညစာ အပိုတစ်ခုပဲ လုပ်ရသည်။

ယခုလိုတွေးလိုက်သည့်အခါ ရှဲ့ရွင်း ပို၍ပင် စိတ်မကောင်းဖြစ်သွား၏။

ကုတင်ကန့်လန့်ကာပေါ်တွင် ချိတ်ဆွဲထားသော ဆွဲသီးကို ပုတ်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး နှုတ်ခမ်းထောင့်များ မဲ့သွားသည်။ သူ တော်တော် စိတ်မသက်မသာ ခံစားရ၏။



Xxxxx