အပိုင်း ၁၀၅
Viewers 18k

Chapter 105
ထမင်းဆမ်းဆော့စ်များ


နောက်တစ်နေ့တွင် ရှဲ့ရွှင်း ခါတိုင်းကဲ့သို့ သူ၏နေ့လည်စာဘူးကို ယူဆောင်သွားကာ နေ့လယ်စာစားချိန်ရောက်သောအခါတွင် စိတ်မငြိမ်မသက်စွာ စားသောက်ခဲ့သည်။

ယခုလို အသွင်အပြင်က လုပ်ဖော်ကိုင်ဖက်တွေကို ခဏတာနှစ်ထောင်းအားရဖြစ်စေခဲ့၏။ ယခင်က ရှဲ့ရွင်းက အလွန်စားချင်စိတ်ရှိ၍ စောင့်ကြည့်ရုံသာရှိသည်။ သို့ပေမဲ့ ယခု ပေကျင်းကနေ အလုပ်ကိစ္စနှင့်ထွက်သွားသည်အခါ အားလုံး အတူတူ မုန့်ပေါင်းပဲ စားကြရတော့မည်။

မနက်​ဖြန်​ထွက်မည်ဖြစ်၍ လူတိုင်းက အလုပ်​ကို ​စော​စောပြီး အပြီးသတ်နိုင်​သည်​။

ရှဲ့ရွှင်း ကျန်းရှုယောင်နှင့် ခဏလောက်နေချင်သော်လည်း ခြံထဲသို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် သင်းပျံ့သောရနံ့ကို ရှိုက်လိုက်မိသည်။

လင်းမိသားစု၏စျေးအတွက် အသစ်အဆန်းတစ်ခုခုကို ကြိုးစားနေသည်ဟု သူထင်လိုက်သည်။

ရှဲ့ရွင်း မီးဖိုချောင်ငယ်လေးထဲသို့ လှမ်းဝင်ကာ တံခါးဘေးတွင် ရပ်ပြီး သူမဟင်းချက်သည်ကို ကြည့်နေသည်။

ကျန်းရှုယောင် လှုပ်ရှားသံကိုကြားပြီး သူမ လှည့်ကြည့်လိုက်သောအထာ ရှဲ့ရွင်း ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ အနည်းငယ် အံ့သြသွားကာဆိုလိုက်၏။

"ဒီနေ့ စောစောပြန်လာတာလား"

"ဟုတ်​တယ်​...မနက်​ဖြန်​ထွက်​ဖို့ ငါ့ရဲ့အားအင်​ကို ထိန်းထားဖို့ ​စော​စောပြန်​လာရမယ်​"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး
"မနေ့က ရှင့်ကိုမေးဖို့ မေ့သွားလို့ ရှင်အဲဒီမှာ ဘာစားလေ့ရှိလဲ"

မြစ်ကြောင်းတာတမံများကို စစ်ဆေးခြင်းသည် အလုပ်ကိစ္စဖြစ်ပြီး ဤကိစ္စသည် အလွန်အရေးကြီးသည်။ အစားအသောက်ကို ဘယ်သူမှ ဂရုမစိုက်ပေ။ အများစုမှာ ရိက္ခာတစ်ခုမျှသာဖြစ်သည်။ အခြေအနေမကောင်းလျှင် တစ်နေ့လုံး အစားမစားရပေ။ အများအားဖြင့် သူတို့ကိုယ်တိုင်က မုန့်တချို့ သယ်လာကြသည်။ထိုသို့မဟုတ်လျှင် ဒေသဆိုင်ရာ အရာရှိတွေဆီ လာပို့မည့် မုန့်တောင်းကို စောင့်ဆိုင်းလေ့ရှိ၏။ တိုတိုပြောရလျှင်ဖြင့် ကောင်းကောင်းစားရန် မဖြစ်နိုင်ပါချေ။

"ပေါင်မုန့် ဒါမှမဟုတ် ဘန်းမုန့်ပေါင်း"

ကျန်းရှုယောင်က ခေါင်းညိတ်ကာပြုံးပြီးဆိုသည်။
"ကျွန်မထင်သားပဲ"

ရှဲ့ရွှင်း သူမဘာကြောင့် ပြုံးနေသည်ကို နားမလည်ဘဲ သူပဟေဠိဖြစ်သွား၏။

ကျန်းရှုယောင်က ရှင်းပြသည်။

"ရှင် ဟိုမှာ အစားအသောက်ကို ပေါ့ပေါ့ပါးပါးပဲ စားနိုင်မယ်ထင်တယ်... ရက်အနည်းငယ်ပဲကြာရင် အဆင်ပြေလိမ့်မယ်...ဒါပေမဲ့ ဆယ်ရက်နဲ့ တစ်လခွဲကြာရင် ခက်မှာကြောက်မိတယ်"

သူမ သူ့ကိုဂရုစိုက်သည်ကိုကြားသောအခါ ရှဲ့ရွှင်း ချက်ချင်းသက်သာရာရသွား၏။ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး ပြောလိုက်သည်။

"မဟုတ်ပါဘူး... နည်းနည်းပဲ အဆင်မပြေတာပါ... မင်းသားနဲ့ အလုပ်လုပ်ဖို့ ပေကျင်းကနေ ထွက်သွားခဲ့တုန်းက ပေါင်မုန့်ခြောက်စားရတာ တစ်လကျော်လောက်ရှိတယ်"

ကျန်းရှုယောင်က ပြုံးပြီး သူ့ကို လက်ညိုးလေးကွေးကာခေါ်သည်။ရှဲ့ရွှင်း နားမလည်ပေမဲ့ ရှေ့ကိုင်းလိုက်ဆဲပါပင်။

သူမ လက်မြှောက်ပြီး သူ့ပခုံးပေါ်ကိုပုတ်ကာဆိုသည်။

"ရှင်က ကျွန်မခင်ပွန်းပါ...ဘယ်လို ရှင်အစားအသောက် ဒုက္ခရောက်အောင်လုပ်နိုင်မှာလဲ"

သူမ၏စကားလုံးတွေက ရှဲ့ရွင်း၏နားတွေကို ပူလာစေပြီး သူ့နှလုံးသားကို နွေးထွေးစေပေမဲ့ သူမ၏ကြင်နာမှုကိုငြင်းဆန်လိုက်ဆဲပါပင်။

"ဒီခရီးအတွက် ပေါ့ပေါ့ပါးပါး ထုပ်ပိုးရမှာ... ပစ္စည်းတွေ အများကြီး ယူလာလို့ မရဘူး... ငါ စားစရာဘူးတွေ မလိုအပ်ဘူး...ဒါ့အပြင် အချိန်က ကြာတော့ မစားခင် ပုပ်သွားလိမ့်မယ်"

"ဟုတ်ပါတယ် နားလည်ပါတယ်...ဒါကြောင့် ရှင့်ကို အစားအသောက်ဘူးထဲ ထည့်ပေးဖို့ မစီစဉ်ထားဘူး"

ကျန်းရှုယောင်က စားပွဲပေါ်ရှိ *ပြွန်ငယ်များကို ညွှန်ပြသည်။ (ဝါးကျည်တောက်ဘူး)

"ထမင်းဆမ်းဆော့စ်က ခါတိုင်းစားနေကျ အစားအစာတွေနဲ့ ယှဉ်ရင် အရသာမရှိပေမဲ့ အနည်းဆုံးတော့ ယူသွားပြီး မုန့်ပေါင်းနဲ့ တွဲစားလို့ ရပါတယ်...ဆော့စ်ထည့်ထားတဲ့ ဝါးပြွန်အနည်းငယ်ကို ယူသွားလို့ရတယ်...ဘန်းမုန့်ပေါင်းတွေစားတဲ့အခါ ဆော့စ်ဆမ်းစားလို့ရတယ်"

ရှဲ့ရွှင်း ဤစကားလုံးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
"ထမင်းဆမ်း..."

ကျန်းရှုယောင်က ရှင်းပြသည်။
"ဒါက ထမင်းနဲ့ ခေါက်ဆွဲအတွက် သုံးလို့ရတဲ့ ဆော့စ်ပါ... ဒါက မရောနိစ်...ဒါကဂဏန်းဥဆော့စ်...ဒါကမှိုဆော့စ်...ကျွန်မတို့ အခု အသားနုတ်နုတ်စင်းဆော့စ်ကို ပြုတ်တော့မှာ"

သူမက စကားပြောနေရင်း နီညိုရောင်ဆော့စ်ပျစ်ပျစ်တွေနှင့် ပြည့်နေသည့် ဟင်းအိုးကို ဖွင့်လိုက်သည်။

ဆော့စ့် အနံ့ပြင်းပြင်း ထွက်လာ၏။ ကျန်းရှုယောင်က လတ်လတ်ဆတ်ဆတ် ကြော်ထားသော အသားများကို ဆော့စ်အိုးထဲသို့လောင်းထည့်ကာ ယောက်မဖြင့် အဆက်မပြတ် မွှေပေးသည်။

ဆော့စ်က အလွန်ပျစ်ပြီး ပြောင်လက်နေကာ အညီအမျှမွှေရန် အနည်းငယ် ကြိုးစားအားထုတ်မှု လိုအပ်သည်။ အိုးမကပ်စေရန်အတွက် သူမ အဆက်မပြတ်မွှေနေသည်။ ဆော့စ်က ပိုပိုပျစ်လာပြီး ပျစ်ခဲသည့်အသံထွက်လာသည်။

တစ်ခန်းလုံး လတ်ဆတ်ပြီး ငန်သည့်ဆော့စ် အနံ့ပြင်းပြင်း နှင့်ပြည့်နေသည်။ဆော့စ်ကျိုသည့် အခါ မြက်သီး၊  စမြိတ် ၊ ဂျင်း၊ သစ်ကြံပိုးခေါက် အစရှိသည့် ဟင်းခတ်အမွှေးအကြိုင်မှုန့်တွေကို ပေါင်းထည့်ထားသောကြောင့် ဆေးဖက်ဝင်ပြီး ဆေးဘက်ဝင် အနံ့လည်း ကြွယ်ဝ၏။

နောက်ဆုံးတွင် သူမ အနီရောင်ဆီလောင်းထည့်လိုက်သည်။ ပြောင်လက်နေသော အနီရောင်ဆီသည် တောက်ပသောအရောင်ရှိပြီး ဆော့စ်တွင် နီခြင်းအရိပ်အမြွက်ပေးရန်အတွက် နီညိုရောင် အသားနုတ်နုတ်စင်းဆော့စ်နှင့် ရောစပ်ထားသည်။

ကျန်းရှုယောင် ဇွန်းကိုယူပြီး ရှဲ့ရွှင်းကို မြည်းစမ်းကြည့်ရန် နည်းနည်း ပေးလိုက်၏။

ရှဲ့ရွှင်း ဇွန်းကိုယူကာ အသားနုတ်နုတ်စင်းဆော့စ်အနည်းငယ်ကို လျှာဖျားဖြင့် မြည်းကြည့်လိုက်သည်။

လုံးဝမငန်ပါချေ။ သူ၏ လျှာဖျားတွင် ပထမဆုံး အရသာက အရသာရှိမှုဖြစ်ပြီး ပြင်းထန်သော ဆော့စ်ရနံ့က သူ့ခံတွင်းသို့ ပျံ့နှံ့သွားသည်။ အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များသည် ပူပူစပ်စပ် အနံ့အရသာဖြင့် ဆော့စ်ကို ကြာရှည်စွဲကျန်ပြီး ကြွယ်ဝစေသည်။ထို့နောက် ဆော့စနှင့်ရောထားသည့် အချိုဓာတ်တွေပဲ ကျန်တော့၏။

ဇွန်းထဲက ဆော့စ်အားလုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။အသားနုတ်နုတ်စင်းဆော့စ်သည် ပူနေသေးပြီး မွှေးပြီး စပ်သောအရသာက ပို၍ပင် ကောင်းနေ၏။အသားနုတ်နုတ်စင်းကို ကောင်းစွာလှီးဖြတ်ထားပြီး အဆီများကာ ပါးလွှာသည်။ အဆီနည်းအသားနှင့်အတူ ပျော့ပျောင်းပြီး နူးညံ့သောအရသာရှိသည်။ ၎င်းသည် အမှန်တကယ် ဝါးရသောအနေအထားရှိသည်။ ထမင်းဆမ်းဆော့စ်ဟု ခေါ်သည်က မဆန်းပါချေ။ ထမင်းပူပူ ပန်းကန်သို့မဟုတ် ခေါက်ဆွဲနှင့်တွဲစားရပါလျှင် ပန်းကန်လုံးအကြီးကြီး စားရသည်ကို ပျင်းလိမ့်မည်မဟုတ်ပေ။

ရှဲ့ရွှင်း၏အကြည့်က စားပွဲပေါ်က ဝါးပြွန်တွေပေါ် ကျရောက်သွားပြီး ကျန်းရှုယောင်က၎င်းကို မြင်သောအခါ ပြောလိုက်သည်။

"စမ်းကြည့်ချင်လား"

ရှဲ့ရွင်းက ခေါင်းခါလိုက်ပြီး
"တော်ပြီ... မနက်ဖြန် ထပ်စားကြည့်မယ်"
အရာအားလုံးကို တကျိုက်တည်းစားလိုက်ပါက အံ့သြစရာ ရှိတော့မည်မဟုတ်ပေ။

ကျန်းရှုယောင် သန့်ရှင်းရေးလုပ်ပြီးနောက် သူမ၏သဲနာရီကိုကြည့်သောအခါ အချိန်က ကုန်လုနီးပါးဖြစ်နေလေပြီ။ သူမ မြေမီးဖိုထဲမှာ ဖုတ်ထားသော ပေါင်မုန့်ကို ထုတ်ယူရန် ခြံထဲသို့ သွားခဲ့သည်။

အပြင်ဘက် သစ်သားဘုတ်အဖုံးကို လှန်လိုက်သည်နှင့် တပြိုင်နက် နို့နံ့သင်းသင်းလေး ထွက်ပေါ်လာသည်။ ပေါင်မုန့်သည် စတုရန်းပုံဖြစ်ပြီး အပြင်ဘက်တွင် အညိုရောင်အသားဖြင့် ဖုတ်ထားကာ နူးညံ့ပြီး မွှေးပုံပေါ်၏။

ကျန်းရှုယောင် ရှဲ့ရွှင်းကိုပြောလိုက်သည်။

"ရှင့်အတွက် အသားညှပ်ပေါင်မုန့်တွေ ပြင်ထားပေးမယ်...လမ်းမှာစားလို့ရတယ်...မုန့်ပေါင်းတွေလောက် မခြောက်ဘူး... ဒါပေမဲ့ မြန်မြန်ခြောက်တတ်တယ်...ဒါကြောင့် မနက်ဖြန်မှ ပြီးအောင်လုပ်ရင် ပိုကောင်းမယ်."

ရှဲ့ရွင်းသည် သူမက သူ့အတွက် စားစရာ အများကြီး ပြင်ဆင်ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါပေ။ သူအနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်ပြီး ထွက်သွားရန် ပို၍ပင် ဝန်လေးနေသလို ခံစားရသည်။

နောက်တစ်နေ့အရုဏ်မတက်မီ ရှဲ့ရွင်းတစ်ယောက် ခရီးထွက်ရန် စောစောထလိုက်သည်

အဝတ်အစားလဲရန် ပေါ့ပေါ့ပါးပါး နိုးလာသည်။ ကျန်းရှုယောင်ပါ နိုးလာရန် သူ မမျှော်လင့်ထားပါချေ။ သူမက အပြင်ဘက် အမှောင်ထုကို လှမ်းကြည့်ရင်း သက်ပြင်းချကာဆို၏။

"စောစောထွက်မှာလား"

ရှဲ့ရွှင်း သူမနိုးလာသည်ကိုမြင်ပြီး အနည်းငယ် အပြစ်ရှိသလိုခံစားရသည်။

"ဟုတ်တယ်... ပြန်အိပ်တော့ ...အစောကြီးရှိသေးတယ်၊

ကျန်းရှုယောင်က သူ့ကို ဤအတိုင်း ကြည့်နေပြီး နောက်ဆုံးတွင် သူထွက်သွားခြင်းအတွက် အနည်းငယ် ဝန်လေးသွားသလို ခံစားလိုက်ရသည်။ သူမ ရင်ဘက်ထဲမှာအုံကြွလာ၏။သူမ စောင်ကို မပြီးပြောလိုက်သည်။

"အိပ်မပျော်တော့ဘူး...အိမ်အပြင်ဘက် လိုက်ပို့ပေးမယ်"

ရှဲ့ရွှင်းက သူမကို အိပ်ရန် ချော့ခဲ့ပေမဲ့ ကျန်းရှုယောင်က စိတ်မသက်မသာဖြစ်ပြီး ဖြီးလိမ်းပြီး ဝတ်စားပြင်ဆင်ရန် ထလိုက်သည်။

သူမ သူ့ကို အိမ်တော်အပြင်ဘက်လိုက်ပို့ရန် ရည်ရွယ်ထားပေမဲ့ ကျန်းရှုယောင် သူ့အိမ်တော်နေ ထွက်သွားပြီးနောက် နန်းတော်တံခါးဆီသွားမည်ကို လိုက်ပို့ရန် တွန့်ဆုတ်နေဆဲပင်။

ရှဲ့ရွှင်း ဘာမှပြန်မပြောနိုင်ဘဲ သူမဆန္ဒအတိုင်း လိုက်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာ သူဒီနေ့ စောစောထပြီး ရထားလုံးစီးရန် အချိန်အနည်းငယ်ရှိခဲ့၏။

သို့သော် ရထားလုံးက မြင်းထက် နှေးနေဆဲဖြစ်သည်။ နန်းတော်တံခါးကို ရောက်ပြီးနောက် သူ့လုပ်ဖော်ကိုင်ဖက်တွေက ဟိုတစ်စုသည်တစ်စု ဖြစ်နေကြလေပြီ။

ရှဲ့ရွှင်းက အထုပ်သေးသေးလေးဖြင့် ရထားပေါ်မှ မတ်မတ်ဆင်းလာသည်ကို မြင်လိုက်ရသောအခါ အားလုံးက နားမလည်နိုင်စွာ သက်သာရာရသွားသည်။ ရှဲ့ရွှင်း၏ဇနီးက ရှဲ့ရွှင်း၏အစားအသောက်ကို ဤအခြေအနေမျိုးတွင်ပင် ဂရုစိုက်နိုင်သည်ဟု သူတို့ခံစားနေကြရသည်။သို့ပေမဲ့ ကံကောင်းထောက်မစွာပဲ သူတို့က အတွေးလွန်နေခြင်းသာဖြစ်သည်။

ရထားလုံးထဲကို တသသ ကြည့်ရှုပြီးနောက် ရှဲ့ရွှင်း ရထားထိန်းအား အိမ်သို့ပြန်မောင်းခိုင်းပြီး ရထားပေါ်မှဆင်းရန် ပြင်ဆင်သည်။

ရထားထိန်း ကြာပွတ်ကို ယမ်းရန် စောင့်ဆိုင်းနေသော်လည်း ရုတ်တရက် ကန့်လန့်ကာမလာပြီး ကျန်းရှုယောင် သူမ၏ ခန္ဓာကိုယ်တစ်ဝက်ကို ဆန့်ထုတ်ကာ ရှဲ့ရွှင်းကို ဖမ်းဆုပ်လိုက်သည်။

အားလုံးက စပ်စပ်စုစုကြည့်နေကြ၏။

မနက်အစောကြီး ဘာဖြစ်နေတာလဲ... ချဉ်လွန်းလို့...

"ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကောင်းကောင်းစားဖို့ သတိရပါ... အလုပ်များပြီး ကိုယ့်ကိုကိုယ်အငတ်မခံနဲ့" ဟု သူမကတိုးတိုးလေးပြောသည်။

"သိပါတယ်...စိတ်မပူပါနဲ့"

ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး
"ငါ့အတွက် မင်းပြင်ဆင်ထားတဲ့ ထမင်းဆမ်းဆော့စ်တွေနဲ့ အသားညှပ်ပေါင်မုန့်တွေ ရှိတယ်"

လူတိုင်း: ...အခုနက မှတ်ချက်ချတာ စောလွန်းနေပုံရတယ် oooooo...

...


လူအုပ်စုသည် ပေါ့ပါးသော ရထားလုံးတစီးဖြင့် စတင်ထွက်ခွာပြီး လမ်းတွင် ခဏတဖြုတ်သာရပ်၍ နေ့လယ်နေ့ခင်းအထိတိုင်အောင်ခရီးဆက် ခဲ့ကြသည်။

ယနေ့က ပထမဆုံးနေ့။ လူတိုင်းက အစာခြောက်မစားဘဲ အသားကို တတ်နိုင်သမျှ စားကြ၏။ သူတို့အားလုံး အသားမုန့်တွေ သယ်သွားကြသည်။ ခဏအကြာ တရားဝင်လမ်းကိုရောက်သည့်အခါ အနီးအနားမှာ အနားယူစရာနေရာမရှိလျှင် အစာခြောက်ကိုပဲ စားနိုင်ကြသည်။

တစ်စုံတစ်ယောက်က ရေနွေးကျိုရန် အိုးတစ်လုံးကို တည်လိုက်ပြီး လင်းချန်က ရှဲ့ရွှင်း ၏နံဘေးသို့ ချဉ်းကပ်သွားသည်။ရှဲ့ရွှင်းက အသားညှပ်ပေါင်မုန့်ကို ထုတ်ယူသည်ကို မြင်သောအခါ သူက စပ်စုလိုစွာ မေးလိုက်သည်။
"ဒါ မင်းမိန်းမ မင်းအတွက် ပြင်ဆင်ထားတာလား"

ရှဲ့ရွင်းက ခေါင်းညိတ်လိုက်သည်။

လင်းချန် စကားဆက်မပြောတော့ပေ။ သူက လက်ဖက်ရည်ပူပူ နှစ်ခွက်ကို မှာပြီး ရှဲ့ရွှင်း၏ဘေးမှာ ပြန်ထိုင်လိုက်သည်။

လင်းချန်က သူယူလာသည့် ပန်ကိတ်ကို ကိုက်လိုက်၏။ မနက်စောစောက ဖုတ်ထားပေမဲ့ အနည်းငယ်ခြောက်သည်။ သူ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ကျိုက်သောက်ကာ သူ့ဘေးကို ကြည့်လိုက်ရာ ရှဲ့ရွှင်းက သူ့လက်ထဲက ဆီစိမ်စက္ကူကို ဖွင့်လိုက်သည်။

လင်းချန်က သူ့လက်ထဲက မုန့်ပေါင်းနှင့်တူသည့် အစားအစာတွေကို ကြည့်လိုက်၏။ အပြင်ဘက်အလွှာသည် ဖြူဖွေးပျော့ပျောင်းနေပြီး အတွင်းဘက်တွင် အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် ကြက်သွေးရောင်အသားများဖြင့် ပြုလုပ်ထားသောကြောင့် အလွန်ထူးဆန်းလှသည်။

သူ ရှဲ့ရွှင်း ကိုက်သည်ကို သေချာ ကြည့်လိုက်၏။သေချာသည်ပင်၊ အပြင်အလွှာက နူးညံ့ပြီး စိုစွတ်နေကာ သူ့မှာပါသည့် ပန်ကိတ်လို လုံးဝ မခြောက်သွေ့ပါချေ။

ဘန်းမုန့်လား...ဒါပေမဲ့ ဘန်းမုန့်ပေါင်း တွေလည်း ခြောက်သွားမှာပဲလေ...

ရှဲ့ရွှင်း အသားညှပ်ပေါင်မုန့် အနည်းငယ်ကို စားပြီး လင်းချန်၏ အကြည့်ကို ခံစားလိုက်ရသည်။ သူ့အကြည့်တွေက စုံချည်ဆန်ချည်ဖြစ်နေသဖြင့် သူ့မျက်နှာမှာ ယားယံနေသလို ခံစားရ၏။သူ မတတ်နိုင်စွာပြောလိုက်ရသည်။

"စားလေ... ငါ့ကိုဘာလို့ကြည့်နေတာလဲ...မြန်မြန်လုပ်"

လင်းချန် ခေါင်းညိတ်ပြပြီး ပန်ကိတ်ကို တစ်တိတိကိုက်ဝါးရင်း ဗလုံးထွေးဆိုသည်။

"စားတယ်...စားတယ်"

"ဂျွတ်" သူက မုန့်ကို ကိုက်လိုက်ပြီး ရှဲ့ရွှင်းလက်ထဲက အသားညှပ်ပေါင်မုန့်ကို တည့်တည့် စိုက်ကြည့်ကာ ရက်ရက်စက်စက် ဝါးလိုက်၏။ သူ့အမူအရာက အနည်းငယ် ကြောက်စရာကောင်းနေပုံရသည်။

သူ နောက်ထပ်တစ်ကိုက်စားလိုက်ပေမဲ့ ဤတစ်ကိုက်က ပို၍ပင် ခြောက်သွေ့နေသည်။ ဝါးရ ခက်၏၊သူ့မျက်ခုံးတွေကိုပင် သုံးပြီးပြတ်အောင်ကိုက်နေရသည်။ သူ့အမူအရာက နောက်တစက္ကန့်မှာပဲ လာကိုက်တော့မလိုမျိုး ပိုကြောက်စရာကောင်းနေ၏။

လင်းချန် သူ့ကို စိုက်ကြည့်နေသည့် အချိန်မှာ ဦးရေပြား ထုံနေသောရှဲ့ရွှင်း :  ...ဒီလိုစားနိုင်တဲ့လူရှိလား...

သူ ဘေးပတ်ဝန်းကျင်ကို ကူကယ်ရာမဲ့ လှည့်ကြည့်ကာ သူ့အိတ်ကို ခိုးကြောင်ခိုးဝှက် ဖွင့်လိုက်သည်။ အထဲက ဝါးဘူးတစ်ဘူးကို ထုတ်ယူပြီး တီးတိုးပြောလိုက်သည်။

"ဒီမှာ မဖြည်ရသေးတဲ့ ဟာတွေ ရှိတယ်...အလုံပိတ်ထားရင် ခြောက်မသွားဘူး... ကြာကြာ ထိန်းသိမ်းထားနိုင်မယ်လို့ငါ့မိန်းမကပြောတယ်"

နောက်ပိုင်းတွင် သိမ်းဆည်းရန် စီစဉ်ခဲ့သော်လည်း သူမတတ်နိုင်ခဲ့ပေ။

သူက ဝါးပုံးထဲမှာ ထုပ်ပိုးထားသည့် ဆီစိမ်စက္ကူကိုဖြည်ပြီး ပေါင်မုန့်နှစ်ချပ်ကို ထုတ်ယူပြီး လင်းချန်ထံ ပေးလိုက်သည်။ သူက တွန့်တိုနေခြင်းမဟုတ်ပေ။သို့ပေမဲ့ လူတွေ အများကြီးရှိ၏။တစ်​​ယောက်​တစ်​ခုဆိုလျှင်​ ​ သူ့​ဘူးက အလျင်အမြန်အလွတ်​ဖြစ်​​သွားပလိမ့်​မည်​။

လင်းချန် ခေါင်းညိတ်ပြပြီး လမ်းဘေးက ချုံပုတ်တွေထဲ ခိုးဝင်သွားသည်။

ပေါင်မုန့်ကို အညီအမျှ လှီးထာသည်။ လင်းချန် သူ့နှာခေါင်းဖျားမှာ တင်ထားလိုက်သည်နှင့် ပြင်းထန်သော နို့ရနံ့တစ်ခုရှိသည်။ ဖုတ်ထားသော မုန့်များ၏ အရသာက ပျော်ရွှင်သည့်ခံစားမှု ရှိသည်။ ချိုမြိန်ပြီး ကြာရှည်စွဲကျန်ကာ လူတွေကို နွေးထွေးမှုဟု ထင်ယောင်ထင်မှားဖြစ်စေ၏။

လင်းချန် တစ်ချက်ကိုက်လိုက်သည်နှင့် သေချာသည်မှာ ပေါင်မုန့်က နူးညံ့သည်၊ အတွင်းလွှာက နို့မွှေးရနံ့ဖြင့် စွတ်စိုနေပြီး လုံးဝမခြောက်ပါချေ။ လက်ဖက်ရည်ကို အတင်းမျိုချစရာ မလိုပေ။ သူ ဖြည်းညှင်းစွာ ဝါးလိုက်ပြီး သူ့လျှာဖျားတွင် နို့နှင့် ဂျုံရနံ့ကို ခံစားလိုက်ရသည်။ ရနံ့က စွဲလန်းစေသည်။ မျိုချပြီးနောက် သူ့ပါးစပ်ထဲမှာ မွှေးပြီး ချိုသည့် အရသာ ရှိနေတုန်းပါပင်။

လင်းချန်က တိတ်တိတ်လေး စားခဲ့သည်။ စားပြီးသည်နှင့် မြက်ခင်းပြင်မှာ ခဏထိုင်နေပြီး ပါးစပ်ထဲမှ မွှေးပျံ့သောရနံ့များ ပျောက်ကွယ်ရန် စောင့်ဆိုင်းနေခဲ့သည် သူများနှင့် စကားပြောသည့်အခါ ဖမ်းမိသွားပြီး ပေးခဲ့သော လျှို့ဝှက်အစားအစာကို လူတိုင်းနှင့် မျှဝေရမည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။

ညီအစ်ကိုတို့ စိတ်မကောင်းပါဘူး...အစားအသောက်ကလွဲလို့ ကောင်းချီမင်္ဂလာနဲ့ အခက်အခဲတွေကို မျှဝေနိုင်ပါတယ်ကွာ...

သူက မြက်ခင်းပြင်နောက်မှာ ထိုင်နေချိန် တစ်ယောက်ယောက်က ဖြတ်သွားလေသည်။ထိုလူက ထူးဆန်းစွာ ခံစားရပြီး အော်လိုက်သည်။

"လင်းချန်...မင်းဘာလုပ်နေတာလဲ...မြက်ခင်းပြင်မှာ အကြာကြီး ထိုင်နေတာလား"

တစ်စုံတစ်ယောက်က အော်နေသူကို အဝေးသို့ဆွဲခေါ်ပြီးဆိုသည်။

"ပြောမနေပါနဲ့... သူက သူ့ကိစ္စနဲ့သူ လုပ်နေတာဖြစ်မှာ... အော်ရတာ ဘယ်လောက်ရှက်စရာကောင်းလဲ"

လင်းချန်:...

တစ်လမ်းလုံး အပြေးအလွှားနှင့် သုံးရက်မြောက်နေ့မှာ ပေါင်မုန့်က လုံးလုံးကုန်သွားသည်။ရှဲ့ရွှင်းသိမ်းထားသည့် ဆော့စ်ပြွန်အနည်းငယ်သာ ကျန်တော့သည်။

အားလုံးက သုံးရက်လောက် ဒုန်းဆိုင်းပြီးနောက် ကောင်းကောင်းအိပ်ရန် တည်းခိုခန်းမှာ အနားယူရန် ဆုံးဖြတ်လိုက်၏။ တည်းခိုခန်းမှာ မုန့်ခြောက်တွေကို ကိုက်စရာမလိုပါချေ။ တည်းခိုခန်းတွင် လူတစ်စု ရေချိုးပြီးနောက် ဟင်းပွဲကြီးကြီးတစ်ခုအတွက် ပြင်ဆင်ရန်အတွက် ဟင်းကောင်းအချို့ကို တည်းခိုခန်းကိုလုပ်ခိုင်းလိုက်သည်။

လူတိုင်းက ထူးခြားသည့် နောက်ခံကနေ ပေါက်ဖွားလာပေမဲ့ ဇီဇာကြောင်သူတွေ မဟုတ်ပါချေ။ အစာခြောက်တွေကို သုံးရက်လောက်စားပြီးနောက် ပူပူနွေးနွေး အစားအစာတွေစားရသည့်အခါ အရာအားလုံးဟာ အလွန်အရသာရှိသလို ခံစားရကြသည်။

သို့သော် တည်းခိုခန်းရှိ စားဖိုမှူးများက အကန့်အသတ်ရှိသော အရည်အချင်းများရှိပြီး မွှေကြော်မရနိုင်ပါချေ။ သူတို့၏ချက်ပြုတ်နည်းက ပြုတ်ခြင်းကို အဓိကထားပြီး ပြုတ်ထားသည့်အသားနှင့်စွပ်ပြုတ်တွေ လုပ်သည်။ လူတိုင်း၏ဆာလောင်မှု မရှိတော့သည့်အခါ အစားအသောက်က တကယ်အရသာမရှိဘူးဟု တဖြည်းဖြည်း ခံစားလာရ၏။


Xxxx