အပိုင်း ၁၀၆
Viewers 16k

Chapter 106
# ဂဏန်းဥဆော့စ်


ရှဲ့ရွှင်း အတော်လေး ရုန်းကန်ပြီးမှ ဆော့စ်ကို ထုတ်ကာ ဆားမပါသော ရိုးရိုးခေါက်ဆွဲတစ်ပန်းကန် ထမင်းချက်ကိုချက်ခိုင်းလိုက်သည်။

လူတိုင်းက ဘန်းမုန့်ပေါင်းနှင့်စွပ်ပြုတ်ကို စားနေကြတုန်းဖြစ်သည်။ သူပြောသည်ကိုကြားသောအခါ သူတို့ စပ်စုမိသွားသည်က မလွဲမသွေပါပင်။ သူတို့အားလုံး ရှဲ့ရွှင်းကို မျက်လုံးလှည့်ကြည့်ကြသည်။

ခဏအကြာမှာ ရိုးရိုးခေါက်ဆွဲတွေ ပေါ်လာသည်။ ရှဲ့ရွှင်းက ဂဏန်းဆော့စ်ပါရှိသော ဝါးပြွန်ကိုဖွင့်ကာ တူများနှင့် တစ်ဇွန်းစာကော်လိုက်၏။
ရိုးရိုးသားသား ပြောရလျှင် ဝါးပြွန်သေးသေးလေး ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသောအခါ အားလုံးက စိတ်ပျက်သွားကြသည်။သူတို့အနေဖြင့် ရှဲ့ရွှင်းက နေ့တိုင်း မတူညီသော အစားအသောက်ဘူးကို ယူဆောင်လာသည်ကိုတွေ့ဖူးခဲ့ကာ သူ့အိမ်သို့သွားကာဟော့ပေါ့ကိုဂုန်းဆင်းခဲ့ဖူးသလို သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စားရန် လမ်းဘေးအစားအစာဈေးသို့ သွားဖူးခဲ့ကြသည်။ သို့သော် ယခု ရှဲ့ရွှင်းက သေးငယ်သော ဝါးပြွန်တစ်ခုကိုသာ ထုတ်လိုက်သည်။

၎င်းကို သူတို့တွေးနေချိန်မှာ ရှဲ့ရွှင်းက သူ့တူချောင်းတွေသုံးပြီး လိမ္မော်ဝါရောင် ဆီပြန်ဂဏန်းဥဆော့စ် အပိုင်းအစကြီးကို ညှပ်ယူနေသည်ကို တွေ့လိုက်ရ၏။

ဂဏန်းဥဆော့စ်သည် အနုစိတ်လှပြီး လိမ္မော်ရောင် အပြည့်ရှိစေကာမူ အသားမပါဟု ထင်ရသည်။ ခေါက်ဆွဲပေါ်မှာ ကဏန်းဆီထည့်လိုက်ချိန်တွင် ဂဏန်းဆီကခေါက်ဆွဲထဲကို နစ်မြုပ်သွား၏။ အဖြူရောင် ပေါ့ပါးသော မျက်နှာပြင်ကို အဝါဖျော့ရောင်ဖြင့် ဆိုးထားသည်။

ဂဏန်းဥဆော့စ်၏ အဓိကပါဝင်ပစ္စည်းမှာ လတ်ဆတ်သောဂဏန်းဖြစ်သည်။ အိုးထဲကထွက်လာခါစ ခေါက်ဆွဲပူပူနှင့် ရောစပ်လိုက်သည့်အခါ ကြွယ်ဝပြီး မွှေးပျံ့တဲ့ရနံ့နှင့် ရောစပ်ထားသည့် ဂဏန်းဥ၏ အဆိမ့်အရသာက သူတို့မျက်နှာဆီ ရုတ်တရက် ပြေးဝင်လာပြီး ယင်းက အလွန်ဆွဲဆောင်မှုရှိလေသည်။

ခေါက်ဆွဲကို ဂဏန်းဆော့စ်အလွှာပါးပါးဖြင့် ဖုံးအုပ်ထားသည်။ မြည်းစမ်းကြည့်လိုက်သည်နှင့် ဂဏန်းရနံ့လှိုင်လှိုင်က သူ့နှုတ်ခမ်းနှင့်ပါးတွေကို ချက်ချင်း အရောင်ဆိုးသွား၏။ ရိုးရိုးခေါက်ဆွဲနှင့်သာ ရောစပ်ထားသောကြောင့် ကဏန်းရနံ့က သန့်စင်သည်။ ၎င်းသည် နူးညံ့ပြီးပျော့ပျောင်း၏။ များများဝါးလေလေ မွှေးလေလေပါပင်။ မျိုချရန် မစောင့်နိုင်တော့ပေ။

အသွင်အပြင်ကိုပြရုံဖြင့် လူအများကို သွားရည်ကျစေနိုင်ပြီး ရှဲ့ရွင်း၏ဘေးတွင်ထိုင်နေသော လုပ်ဖော်ကိုင်ဖက်များမှာ ၎င်းတို့၏လက်ထဲတွင်ရှိသော အသားများသည် အရသာမရှိဟု ရုတ်တရက် ခံစားလိုက်ရသည်။

အများအားဖြင့် သူနေ့လည်စာစားသည့်အခါ လူတိုင်းက တစ်ကိုက်ကျွေးခိုင်းရန် ရှက်ကြ၏။ ယခုတွင် အစားအသောက်ကမကောင်းသည့်အပြင် ရှဲ့ရွှင်းက သူ့မိန်းမလုပ်ထားသည့် ဆော့စ်ပြွန်သေးသေးလေးကိုပဲ ယူလာသည့်အခါ တစ်ဇွန်းစာပေးရန် တောင်းဆိုရမည်ကို ပိုရှက်သွားကြသည်။

အားလုံးက ရှဲ့ရွင်း၏ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်ရင်း ပါးစပ်ထဲမှာ ငါးအရသာစတူးကို ဝါးပြီး သူ ခေါက်ဆွဲမွှေနေသည်ကိုကြည့်၊ ခေါက်ဆွဲက ပါးစပ်ထဲဝင်သွားသည်ကို ကြည့်၊ ဝါးနေသည်ကို ကြည့်နေကြသည်...

ရှဲ့ရွင်း သည်းမခံနိုင်တော့ပေ။ သူ မော့ကြည့်လိုက်သောအခါ အားလုံးက အဝေးကို မျှော်ကြည့်နေဟန်ဆောင်ကြ၏။

ချက်ပြုတ်နည်းကို သူမသိသော်လည်း ကျန်းရှုယောင်၏ ညွှန်ကြားချက်များကို တွေးတောကြည့်ရာတွင် ဆော့စ်ကို ထမင်း သို့မဟုတ် ခေါက်ဆွဲများထက် ဆမ်းကာအသုံးပြုနိုင်ပြီး ဟင်းပွဲကို အရသာပြုပြင်ရန် အဆင်ပြေသင့်သည်။

သူက ခဏလောက်စဉ်းစားပြီး မှိုဆော့စ်ကိုထုတ်ကာပြောလိုက်၏။

"ဒီဆော့စ်က အငန်ဆုံးလို့ ငါ့မိန်းမကပြောတယ်... မင်းတို့စိတ်မရှိရင် ဒီစတူးပန်းကန်နဲ့ ရောမွှေလို့ရမလား"

ထမင်းဆမ်းဆော့စ်၏ မှော်ကို လူတိုင်းနားမလည်ကြသော်လည်း ကျန်းရှုယောင်၏လက်ရာကို ထူးထူးခြားခြား ယုံကြည်ကြသည်။ ခပ်မြန်မြန် ခေါင်းညိတ်လိုက်ကြ၏။

ရှဲ့ရွှင်း မှိုအနှစ်အချို့ကို ထုတ်ယူရန်အတွက် တူချောင်းများကို အသုံးပြုခဲ့သည်။ နည်းနည်းမွှေပြီး စတူးနှင့် သေချာရောမွှေလိုက်၏။ ဟင်းရည်ကလည်း ပျစ်သော အသွင်အပြင်ရှိသည်။ မှိုအနှစ်ကို ရောမွှေပြီးသောအခါ ဟင်းရည်ပျစ်ပျစ်က နီညိုရောင် ချက်ချင်း စွန်းထင်းသွားသည်။ မွှေပြီးနောက် မူရင်းပေါ့ရွတ်သောစတူးက ရုတ်တရက် အငန် နှင့် လတ်ဆတ်သော အရသာ အသစ်ကို ရရှိလာသည်။

ရှဲ့ရွင်း သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် တပြိုင်နက် မစောင့်နိုင်တော့သော တူတစ်စုံက စတူးအပေါ်သို့ ရောက်ရှိလာသည်။ယင်း အမဲသားတစ်ဖတ်ကို ပြင်းပြင်းထန်ထန် ညှပ်ပြီး ယူသွားသည်။

စတူးက နူးညံ့ပြီး ပါးစပ်ထဲမှာ အရည်ပျော်သွား၏။ မှိုဆော့စ်၏ ပြင်းထန်သည့် အူမားမီအရသာက အသား၏အညှီအနံ့ကို ဖယ်ရှားပေးပြီး အသားအရသာကိုသာ ချန်ထားပေးသည်။ ခုတ်ထစ်ထားသောမှိုများက ကြည်လင်သောအရသာရှိပြီးမာထုတ်ထုတ်လေးဖြစ်သည်။ ၎င်းတို့သည် စတူးနှင့် ရောစပ်ပြီး ဆားနှင့် ပြည့်နေသည်။ လတ်ဆတ်သောမှိုအပိုင်းများက အသားအရသာဖြင့် စွန်းထင်းနေသည်။ များများဝါးလေလေ ပိုပျော်လေလေပါပင်။

ဟင်းလျာက ချက်​ချင်းလက်ငင်း အရသာ​ရှိလာသည်။ အသား၊အသီးအရွက်၊ ခေါက်ဆွဲ၊ ထမင်းတို့နှင့်ရောထားလျှင်ပင်မဆိုထားနှင့် ပေါင်းထားသည့်ဘန်းမုန့်တွေနှင့် နှပ်ထားလျှင်ပင် စားကောင်းလေသည်။

မည်သည့်လက်ရာမြောက်သော ပါဝင်ပစ္စည်းများကိုမျှ မလိုအပ်ကြောင်း ထွက်ပေါ်စေသည်။ ဆော့စ်တစ်ပြွန်ပဲလိုအပ်၏။

ရှဲ့ရွှင်းသည် လွန်ခဲ့သော ရက်အနည်းငယ်က ညှိုးနွမ်းနေသော ခရမ်းသီးများကဲ့သို့သော လူတစ်စုကို ကြည့်လိုက်သည်။ သူ့မှာ တစ်ကိုယ်ကောင်းဆန်သည့် အတွေးတွေ မရှိပေ။နေ့တိုင်း အသီးအရွက်စားကြပြီး ဆော့စ်တစ်ပြွန်ကိုယူကာ ဇွန်းရေ အနည်းငယ် ကော်ပြီး ဆမ်းကြသည်။ လူတိုင်းက ထမင်း သို့မဟုတ် ခေါက်ဆွဲမစားတော့ဘဲ ဘန်းမုန့်ပေါင်းကို တိုက်ရိုက်တောင်း၏။ဘန်းမုန်းကိုဆော့စ်နှင့်တို့စားသည်က လိုက်ဖက်လေသည်။

ခရီးဆုံးကိုရောက်သည့်အခါ အားလုံးက ရှဲ့ရွှင်း၏ ဆော့စ်ကို တောက်လျှောက်စားကြသည်။ ယင်းက အတော်လေး မသင့်တော်ပေမဲ့ သူတို့လျှာကို မထိန်းနိုင်ဘဲ ထိန်းမရကြပါချေ။

မြစ်ကြောင်းတာတမံ အလွဲသုံးစားလုပ်မှုမှာ အလွန်ပြင်းထန်သည်။ ဧကရာဇ်မင်းက အိမ်ရှေ့စံကို လေ့ကျင့်ရန် စေလွှတ်ခဲ့သည်။ ဒေသခံအာဏာပိုင်များက မင်းသားကို ဖားချင်သော်လည်း မကြိုက်မှာကို ကြောက်ကြသည်။ သူတို့ မြစ်ကမ်းပါးကို လှည့်ပတ်ကြည့်သည့်အခါ သာမာန်လူတွေက သူတို့ဘာတွေလုပ်နေကြလဲဆိုသည်ကို တွေ့ကြမည်ပင်။ သူတို့၏အခြေအနေက ပိုခက်ခဲလေလေ ပြည်သူတွေအတွက် သူတို့၏ စိုးရိမ်ပူပန်မှုတွေကို ရောင်ပြန်ဟပ်လာလေပါပင်။သူတို့က ရည်ရွယ်ချက်ရှိရှိ ညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်နေလျှင်ပင် ဧကရာဇ်၏ စိုးရိမ်စိတ်ပူပန်နေသည့်စိတ်နှလုံးကို ပြသရမည်။

ဒေသခံအရာရှိများသည် မင်းသားအား အဝေးမှ နှုတ်ဆက်ပြီး မင်းသားနှင့် သူ့အဖွဲ့ကို မြင်သော်လည်း သူတို့ကထင်သလောက် မပင်ပန်းကြပေ။ မင်းသားဝူက ကျိုင်းကောင်ပလိပ်ဒေသသို့ အပြေးအလွှားသွားရောက်သည့်အခါ ဘာမှမစားနိုင် မမျိုချနိုင်ဟု ၎င်းတို့ကြားသိရသည်။ တစ်လအတွင်းမှာပဲ လူတိုင်း ကိုယ်အလေးချိန်ကျသွားကြ၏။ယင်းက ရှိုးတစ်ခုအတွက်သက်သက်ပဲ မဟုတ်ပေဘူးလော။

သို့ပေမဲ့ အိမ်ရှေ့စံမင်းသား ရောက်လာသည့်အခါ ပုံမှန်လမ်းတစ်လျှောက်မှာ အရသာရှိသည့် အစားအသောက်တွေ စားသောက်နေပုံရသည်။ ထို့ကြောင့် သူတို့ ထိုအရာများကို အာရုံစိုက်ရန် မလိုအပ်တော့ဟု ထင်ရသည်။

သို့သော် မင်းသားက သူတို့ထင်သလောက် မကြီးကျယ်ပေ။သူက သူတို့လုပ်ခဲ့သည်ထက် ပိုခက်ခဲသည့်အရာတွေကို လုပ်ခဲ့၏။ တာတမံအား စစ်ဆေးကြည့်သောအခါ လူအုပ်စုသည် ဘောင်းဘီရှည်များကို ကိုင်ကာ ခြေဖဝါးတွင် ရွှံ့နွံများဖြင့် ပြည့်နေသည်။ သူတို့က လုံးဝစိတ်မကွက်ဘဲ လုပ်ငန်းကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေကြသည်။

လူငယ်များက ဤကဲ့သို့ ရှင်သန်နေထိုင်နိုင်သော်လည်း လူကြီးများက မလုပ်နိုင်ကြပေ။ မင်းသားရောက်လာသောအခါ အနားယူနိုင်မည်ဟု ထင်ခဲ့ကြသော်လည်း ပိုပင်ပန်းမည်ဟု မမျှော်လင့်ခဲ့ကြပေ။

မြစ်တာတမံကို ပြုပြင်ကြသူတွေက အိမ်ရှေ့စံမင်းသားနှင့်သူ့အရာရှိတွေက သူတို့၏တာဝန်တွေကို အားသွန်ခွန်စိုက် ထမ်းဆောင်နေကြသည်ကို မြင်ကြရပြီး မြစ်တာတမံကို စောင့်ရှောက်ရန် ညဘက်မှာပင် သူတို့နောက်ကို လိုက်ခဲ့ကြသည်။ သူတို့ အင်မတန် စိတ်လှုပ်ရှားပြီး ပို၍ပင်တက်ကြွလာခဲ့၏။ လူတိုင်းသည် မြစ်ရှည် တာတမံအား ခိုင်ခံ့အောင် ဖြည်းဖြည်းချင်း အတူတကွ ကြိုးပမ်းခဲ့ကြပြီး တိုးတက်မှုမှာ မမျှော်လင့်ဘဲ မြန်ဆန်ခဲ့သည်။

ပျင်းရိပြီး ဝတ်ကျေတမ်းကျေလုပ်လိုသော *အကြော်ဟောင်း*အရာရှိများသည် မင်းသားနှင့် သူ့လူစုအတွက်နှင့် ဒုက္ခရောက်ရုံသာတတ်နိုင်သည်။ နေ့စဥ် ပင်ပန်းနွမ်းနယ်မှု လုံလုံလောက်လောက်ရှိကာ ဘန်းမုန့်ကိုသာ စားနိုင်ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက် သူတို့သည် အလွန်ဆာလောင်လာသဖြင့် ခြေထောက်များ ပျော့ခွေယိုင်သွားကြသည်။

[T/N-"အကြော်ဟောင်းများ" သည် အလှည့်ကောင်းပြီး လိမ္မာပါးနပ်သောသူများအတွက် မလေးစားသော အသုံးအနှုန်းဖြစ်သည်။ လော့ဂျစ်မှာ အဟောင်း (သို့)ဆီဂျေးစော်နံသော အကြော်များသည် လတ်လတ်ဆတ်ဆတ် ချက်ထားသော ဟင်းထက် ပိုဆီများသည်။]

ဆန့်ကျင်ဘက်အနေဖြင့် မင်းသား၏ဘက်ခြမ်းမှ အရာရှိများသည် စွမ်းအင်ပြည့်ဝဆဲဖြစ်သည်။ သူတို့ခန္ဓာကိုယ်မှာ အညစ်အကြေးတွေ ရှိနေပေဲ့ လက်လျော့မည့် အရိပ်အယောင်ကား မရှိပါချေ။

မွန်းတည့်ချိန်တွင် စားသောက်ဆိုင်သို့ ရောက်သောအခါ ဒေသဆိုင်ရာ တာဝန်ရှိသူများက ဘန်းမုန့်များ ပြည့်နေသော ဝါးလှောင်အိမ်ကြီးအား လှမ်းကြည့်ပြီး မျက်ဖြူလန်ကာ အသက်ရှူမဝလုနီးပါး ဖြစ်နေသည်။

သို့သော်လည်း မင်းသားနှင့် သူ့လူများက ညည်းညူခြင်းမရှိပေ။ သူတို့က လက်ဆေးရန် နာခံမှုရှိရှိဖြင့်တန်းစီပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ဘန်းမုန့်ကြီးနှစ်ခုကို ယူကာ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။

ရှဲ့ရွှင်းက ဝါးပြွန်ကို ထုတ်လိုက်ပြီးလေးနက်စွာ ပြောလိုက်၏။

"အများကြီး မကျန်တော့ဘူး"

အိမ်ရှေ့စံကဆိုသည်။

"ဒီအချိန်မှာ လူတိုင်း နည်းနည်းစီလျော့ရမယ်... ဒီနေ့ အများဆုံး လုပ်တဲ့သူက တစ်ဇွန်း ပိုစားနိုင်တယ်"

တခြားသူတွေက ခေါင်းညိတ်ပြပြီး လေးလေးနက်နက် ကြည့်နေကြသည်။

"ပမာဏကို လျှော့ချပါ... ငါတို့မှာ အပြန် ခရီးရှည်ကျန်နေသေးတယ်"

"ဟုတ်တယ်...လောဘမကြီးပါနဲ့"

သာမန်လူများ အဝေးက လှမ်းကြည့်သည့်အခါ အနှီမျိုးရိုးမြင့်တွေ အားလုံးက ညစ်ပတ်နေပြီး လက်ထဲက မုန့်လုံးဖြူတွေ စားရင်းတစ်ခုခုကို လေးလေးနက်နက် ဆွေးနွေးနေကြသည်ကို မြင်လိုက်ရ၏။ ကြည့်လိုက်သည်နှင့် သူတို့က မြစ်ကမ်းပါးပြိုကျမှာကို စိုးရိမ်နေကြမှန်းသိသာသည်။ အိမ်ရှေ့စံ ရောက်ရှိလာသောအခါတွင် အကျင့်ပျက်ခြစားသော အရာရှိများကို ပြည်သူများက မုန်းတီးကြသည်။ သူတို့က လောဘကြီးသူများမဟုတ်သော်လည်း မည်သည့်အရာရှိကမျှ သာမန်လူများကို လူသားအဖြစ် မမှတ်ယူပါချေ။ လူတိုင်းက ပြဿနာရှာပြီး အမျိုးမျိုးအော်ငေါက်ကြသည်။ ယခုမူ အရှင်မင်းသားနှင့်ညီလာခံ၏အနာဂတ်အဖွဲ့ဝင်လောင်းများကို တွေ့မြင်ကြရသည်။ လူချင်းမတူဘူးဆိုသည်ကို သူတို့ သိလာရ၏။ အရာရှိတိုင်းတွင် အသိတရားမရှိသည် မဟုတ်ပေ။

မနေ့ညက ရေကြီးပြီး မြစ်တာတမံကျိုးသွားသည်ကိုမှတ်မိသည်။ မြစ်တာတမံကို ခိုင်ခံ့အောင် လုပ်နေကြသည့်လူတွေ မျောပါသွားတော့မလိုဖြစ်ခဲ့ရသည်။ သို့သော်လည်း သိုင်းပညာတတ်သော အရာရှိနှစ်ဦးက ၎င်းတို့ကို အမြန်ကယ်ဆယ်နိုင်ခဲ့သည်။ နောင်တွင် သူတို့သာ ညီလာခံအဖွဲ့ဝင်ဖြစ်လာပါက အံ့သြဖွယ်ကောင်းသောနေ့တစ်နေ့အတွက် မျှော်လင့်ချက်ရှိမည်ဟု လူအများက ယူဆခဲ့ကြသည်။

အိမ်ရှေ့စံနှင့် သူ့အဖွဲ့က လူတွေ၏အတွေးတွေကို မသိကြပေ။

ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်အနေဖြင့် အိမ်ရှေ့စံက ဆော့စ်ကို ခွဲဝေရန်တာဝန်ယူခဲ့သည်။

"မနေ့က ပေါယွမ်နဲ့လင်းချန်က လူငါးယောက်ကို ကယ်ဆယ်ခဲ့တယ်... သူတို့က ဂဏန်းဥဆောစ့် နှစ်ဇွန်း ရဖို့ ထိုက်တန်တယ်...တရားဝင် ကန့်ကွက်စရာရှိလား"

“မရှိပါဘူး” ဟု လူတိုင်းက တညီတညွတ်တည်း ပြန်ပြောကြသည်။

လင်းချန် မနေ့က သူ့လက်ကောက်ဝတ်လည်ထားပေမဲ့ သူ့ဘန့်မုန့်တွေကို ဆန့်ထုတ်သည့် လုပ်ဆောင်ချက်က ရပ်တန့်မသွားပါချေ။

"ဟုတ်"

ဖောင်းကားနေသော လိမ္မော်ဝါရောင် ဂဏန်းဥဆော့စ် တစ်ဇွန်းကို အဖြူရောင် ပေါင်းထားသော ဘန်းမုန့်ကြီးပေါ်တွင် သုတ်လိမ်းလိုက်ပြီး လင်းချန် ပါးစပ်ထဲသို့ ထည့်ရန် မစောင့်နိုင်တော့ပေ။ အရသာလွန်ကဲသော ဂဏန်းရနံ့က သူ့ကို စိတ်ကျေနပ်မှုပေးသည်။ လတ်ဆတ်ပြီး မွှေးရလွန်း၍ မဝါးဘဲမနေနိုင်ပေ။ ကဏန်းအနှစ်က သူ့ပါးစပ်ထဲ ဖြည်းညှင်းစွာ ပျော်သွားသောအခါ အံ့သြစရာကောင်းသည်။

နောက်ကွယ်မှ ခိုးကြောင်ခိုးဝှက်ကြည့်နေကြသေည ဒေသခံအရာရှိများသည် လင်းချန်၏အမူအရာကိုကြည့်ကာ သူတို့လက်ထဲတွင်ရှိသော ဘနိမုန့်များကို ကြည့်ကြသည်။

အဲ့လောက်ကြီးလား...
လင်းမိသားစုသည် ချမ်းသာပြီး ဤအရှေ့နန်းဆောင်က ဗျူရိုကရက်အရာရှိများသည် အနာဂတ်ဧကရာဇ်မင်းမြတ်၏ အနီးကပ်ဝန်ကြီးများဖြစ်သည်။ အရင်က မစားဖူးသေးတဲ့ စားကောင်းသောက်ဖွယ်ဘာရှိလို့လဲ... ပေါင်းထားတဲ့ ဘန်းမုန့်ကို စားတဲ့အခါ အဲဒီပုံစံကို တကယ်ကြီး ပြနေတယ်ပေါ့... အဲဒါက ပေါင်းထားတဲ့ ဘန်းမုန့်လေးပဲ မဟုတ်ဘူးလား...

မင်းသားက ဆော့စ်ကို ခွဲပြီးသည်နှင့် လူတွေက စက်ဝိုင်းကြီးတစ်ခု ဖွဲ့ပြီး မုန့်တွေကို ကိုက်လိုက်ကြသည်။

ရုတ်တရက် မထင်မှတ်သည့်ဖြစ်ရပ်တစ်ခု ဖြစ်သွားလေသည်။

မည်သည့်နေရာကမှန်းမသိ လုပ်ကြံသတ်ဖြတ်သူများက သာမန်လူ ဟန်ဆောင်ကာ သူတို့ကို ကျေးဇူးတင်ရန် ရောက်ရှိလာသည်။ ဦးခေါင်းကို မြေပြင်ပေါ်သို့တိုက်လိုက်ချိန်တွင် လက်ကောက်ဝတ်မှ ဓားတစ်ချောင်းကို ရုတ်တရက် ထုတ်ယူကာ မင်းသားထံသို့ ဓားဖြင့်ထိုးလိုက်သည်။ အစောင့်များက ခပ်ဝေးဝေးတွင် ရပ်နေသဖြင့် ပြေးရန် အချိန်မရှိပေ။ ပထမဆုံးတုံ့ပြန်သူမှာ အရှေ့နန်းဆောင်မှ အရာရှိများဖြစ်သည်။

ဤလူများ အားလုံးသည် ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြား ပေးခံခဲ့ရသော မြင့်မြတ်သားတော်များ ဖြစ်ကြသည်။ သူတို့သည် လျင်မြန်စွာ တုံ့ပြန်ကြပြီး လှည့်ကာ လုပ်ကြံသတ်ဖြတ်သူများကို ကိုင်တွယ်ဖြေရှင်းကြသည်။

သူတို့က ဘယ်သူမှ လက်နက်ကြီးများကို မသယ်ဆောင်ခဲ့ကြပေ။ ကံကောင်းထောက်မစွာ တစ်စုံတစ်ယောက်တွင် ဓားတစ်ချောင်းရှိသည်။ အခြေအနေက ပြောင်းပြန်ဖြစ်ပြီး လူသတ်သမားတွေ တယောက်ပြီး တယောက် ကျသွားသည်။

သိုင်းပညာရှင်တစ်ဦးက ရှေ့သို့ ပြေးသွားကာ ငယ်စဉ်ကတည်းက သိုင်းပညာကို မလေ့ကျင့်ဖူးသော ၎င်း၏အဖော်က မင်းသားနှင့်အတူ ရပ်နေခဲ့သည်။ အခြားလူသတ်သမားများကို ဖြေရှင်းခါနီး အနောက်မှ ဓားတစ်ချောင်း ရုတ်တရက် တိုးဝင်လာသည်။ ပျော့ညံ့သောအဖော်က အံ့သြသွားသည်။သူ အသက်အောင့်ထားပြီးသောအခါတွင် ဓားက အိမ်ရှေ့စံကို တိုက်ရိုက်ထိုးလိုက်သည်ကို တွေ့လိုက်ရသည်။

သူ ထိတ်လန့်သွားပြီး သူ့လက်ထဲက အရာတွေကို မသိစိတ်က လွှင့်ပစ်လိုက်မိ၏။

အသားနုတ်နုတ်းစင်ဆော့စ်ပြွန်က လေထဲတွင် လှပသော မျဥ်းကွေးပုံဖြစ်အောင် ပြုလုပ်လိုက်သည်ကို မြင်လိုက်ရပြီး အစပ်ဆီက နေရာတိုင်းတွင် ပြန့်ကျဲသွားကာ လုပ်ကြံသူ၏ မျက်နှာကို ဆိုင်းမဆင့်ဗုံမဆင့်ဖြန်းမိလိုက်သည်။

မျက်လုံးထဲမှာ အစပ်ဆီဝင်သွားခြင်း၏နာကျင်မှုက မျက်လုံးကို နှုတ်လိုက်သလိုပါပင်။ လုပ်ကြံသတ်ဖြတ်သူသည် နာကျင်စွာ အော်ဟစ်ကာ သူ့မျက်လုံးများကို အလိုလိုဖုံးကွယ်၍ ငုံ့ပြီး ငိုကြွေးနေခဲ့သည်။

ရှဲ့ရွှင်း နှင့် အခြားသူများသည် လုပ်ကြံသတ်ဖြတ်သူကို နှိမ်နင်းရန် အမြန်ပြေးလာကြသည်။

ပျော့ညံ့သောအဖော်က အော်လိုက်၏။
"ကုန်ပြီ..."

အားလုံးက သူ့အကြည့်နောက်ကို လိုက်ကြသည်။ ဝါးပြွန် အလွတ်က မြေပြင်ပေါ် သနားစရာကောင်းလောက်အောင် ပြုတ်ကျကာ အသားနုတ်နုတ်စင်းဆော့စ်က မြေကြီးပေါ်မှာ လုံးလုံးလျားလျားပြန့်ကျဲနေသည်။

လူတိုင်း တုန်လှုပ်သွားကြသည်။

"ငါတို့ ဒီဆော့စ်ကို တစ်လခွဲလောက် အားကိုးရမှာ... မင်း ဘယ်လိုလုပ် အဆုံးရှုံးခံရတာလဲ"

"ဘယ်ဟာ ဆုံးသွားတာလဲ... ဂဏန်းဥဆော့စ်လား"

"ကြည့်လိုက်မယ်... ဂဏန်းဥဆော့စ် မဟုတ်ဘူး"

"မင်းဘာဖြစ်နေတာလဲ...ဆော့စ်က ဘယ်လိုလုပ် ကျသွားတာလဲ...မင်းလက်ကို လွှဲပေးတုန်းက ကောင်းကောင်းမကိုင်ထားဘူးလား"

ဆော့စ်ပြွန်ကို ပစ်ချသူ: "အူးးး"

လုပ်ကြံသူက နောက်ကျောကိုအနင်းခံထားရပြီး မျက်လုံးတွေ ကိုက်ခဲနာကျင်နေ၏။ သူ့ကို မျက်လုံးထဲ မထည့်ထားသော စကားဝိုင်းကို သူကြားလိုက်သည့်အခါ နှလုံးသွေးကြော ဖောက်ပြန်သွားသလို ခံစားရသည်။

လုပ်ကြံသူတစ်ယောက်ကို လိုအပ်တဲ့ လေးစားမှုလေးပေးနိုင်မလား... ဒါက ကြောက်စရာကောင်းပြီး အန္တရာယ်ရှိတဲ့ အလုပ်အကိုင်တစ်ခုပါ...


Xxxxxx