Chapter 108
: ဝက်ပေါင်ခြောက်
လျန်လျှို ဤကိစ္စက သံသယဖြစ်စရာကောင်းသည်ဟု ခံစားရ၏။ သူ့မိသားစုထဲက စစ်သူကြီး မျိုးဆက်ပေါင်းများစွ အရပ်ဘက်အမှုထမ်းများနှင့် ပေါင်းသင်းရန် ကြိုးစားရင်း ဦးနှောက်ခြောက်ခဲ့ရသည်။ ငယ်စဉ်ကတည်းက မိသားစုရှိ အကြီးအကဲများသည် ဤလူများနှင့်ဆက်ဆံရာတွင် သတိထားရန် သင်ပေးခဲ့သည်။ထိုသို့ဖြင့် သူ့ရှေ့က စတူးကို ကြည့်ပြီး သူ့တူတွေကို မလှုပ်ရဲတော့ပေ။
လူတိုင်းက ဘန်းမုန့်းစားနေကြပြီး သူကအသားစားသည်။ နှိုင်းယှဥ်ကြည့်လျှင် ညစ်ပတ်သောရေကို သူ့အပေါ်လောင်းပြီး သူ့အား မင်းသားကို မထီမဲ့မြင်ပြုသည်ဟု ဆိုခြင်းပေမဟုတ်ပါလော။
သူ တွေးနေချိန်တွင် အိမ်ရှေစံက အပေါ်ထပ်မှ အောက်ထပ်ကို စိုက်ကြည့်နေသည်။
သူက ရေချိုးပြီး ဆံပင်ကို ရိုးရိုးလေး ချည်ကာ ရွှင်မြူးစွာ ထမင်းစားစားပွဲဆီသို့ အပြေးအလွှားရောက်လာပြီး လျန်လျှို စိတ်ကူးထားသည့် မြင့်မြတ်သော အသွင်အပြင်မျိုး လုံးဝမဟုတ်ပဲ အနည်းငယ် မြူးထူးစွာပင် ပြေးလာလေသည်။
အိမ်ရှေ့စံက ဆော့စ်ပုလင်းကိုကြည့်လိုက်ပြီး သူ့အပြုံးက ပို၍ကြီးမားလာသည်။
သူက ပင်မထိုင်ခုံပေါ်တွင် ထိုင်ကာ ဝတ်ရုံကိုမ၍ဆိုသည်။
"မင်းတို့ စောင့်နေတာ ကြာပြီပဲ...စားရအောင်... ငါတို့ ညီအကိုတွေချည်းပဲ... အားလုံး သတိထားမနေကြနဲ့"
စကားပြောပြီးနောက် သူက စားပွဲတွင်ထိုင်နေသော လျန်လျှိုကို တစ်ချက်ကြည့်လိုက်သည်။
မင်းသားက ဗိုက်ဆာနေပြီး စားရန်မစောင့်နိုင်အောင်ဖြစ်နေပေမဲ့ မင်းသားတစ်ယောက်အနေဖြင့် သူ့အမူအကျင့်ကို မှတ်မိနေဆဲပါပင်။သူက ခေါင်းညိတ်ပြကာဆိုလိုက်၏။
"စစ်သူကြီးလျန်"
လျန်လျှိုက "အရှင်မင်းသား"ဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် အလေးပြုသည်။
ယေဘုယျအားဖြင့် ဤအချိန်တွင် လူတိုင်းက တစ်နေ့တာ ခရီးစဉ်ကို ရှင်းပြခြင်း၊ယဉ်ကျေးသိမ်မွေ့မှုကိုပြခြင်းကဲ့သို့သော နှုတ်ခွန်းဆက်စကား အချို့ကို ပြောလေ့ရှိကြသော်လည်း အိမ်ရှေ့စံက ဘုံသဘောကို မလိုက်နာဘဲ ဝတ်ကျေတမ်းကျေ နှုတ်ဆက်ခြင်းသာပြုသည်။
"ကောင်းပြီ...အားလုံး မောင်မင်းတို့ရဲ့ တူတွေကို ရွှေ့လိုက်"
သူက ဆော့စ်အိုးကိုကြည့်ကာ ပေကျင်းသို့ပြန်ရန် ရက်မည်မျှလိုအပ်သည်ကို တွက်ချက်သည်။
အလျင်စလိုမလုပ်ဘဲ တစ်နေ့သုံးနပ် အချိန်မှန်စားပြီး နောက်ညလည်စာထပ်ထည့်ရင် လုံလောက်မှာလား...
အရင်တစ်ခေါက် ဆော့စ်ပြွန်ကို ပေါ့ပေါ့ဆဆ ဆုံးရှုံးရသည့် သင်ခန်းစာကို သတိရပြီး သူပြောလိုက်သည်။
"စည်းကမ်းကို လိုက်နာပြီး ဖြုန်းတီးမပစ်ဘဲနေကြစို့"
လျန်လျှို သူ့နားကိုလက်ညှိုးထိုးမိသည်။ ဖြုန်းတီတာလား... ရွှေငွေ လက်ဝတ်ရတနာတွေလို ဖြန်းတီးပစ်တာမျိုးလား... မယုံနိုင်စရာ တစ်ခုခုကို ကြားလိုက်ရတယ်လို့ ခံစားရတယ်...
ဆော့စ်အိုးကို သူ့ရှေ့တွင် ချထားလိုက်ပြီး အိမ်ရှေ့စံက အနည်းငယ်ပြုံးကာဆိုလေသည်။
"ဝေမျှသင့်တယ်"
သန့်ရှင်းသော ဇွန်းကို ကောက်ယူပြီး တစ်ဇွန်းစာယူကာ စတူးထဲတွင် ဆမ်းလိုက်သည်။ ထို့နောက် သူက ၎င်းကို အများသုံး တူများဖြင့် မွှေလိုက်ရာ အဖြူဖျော့ဖျော့ စတူးက ရုတ်တရက် နီညိုရောင် ဖြစ်သွားသည်။
လူတွေက အမြဲတမ်း လောဘကြီးကြရာ အိမ်ရှေ့စံသက်ပြင်းချလိုက်၏။
"ဟင်းရည်ထဲမှာပဲ မြည်းစမ်းရတာ စိတ်မကောင်းစရာပဲ...ရှိသင့်သလောက် အရသာ မရှိဘူး"
ရှဲ့ရွှင်းက စာကိုထုတ်ပြီး ကျန်းရှုယောင်ပေးခဲ့သော ချက်ပြုတ်နည်းလမ်းညွှန်ကို ဖတ်ပြသည်။
"ငါ့မိန်းမက ထမင်းကြော်ရာမှာသုံးလို့ရတယ်လို့ပြောပါတယ်... အရမ်းရိုးရှင်းတယ်... ခေါက်ဆွဲနဲ့မွှေပြီး အရသာကောင်းအောင်လည်း သုံးလို့ရတယ်...အသားနဲ့ ရောကြော်ပြီး အရသာအတွက် တစ်ဇွန်းထည့်ပြီးပိုကောင်းအောင်လုပ်လို့ရတယ်... ဟင်းချက်နည်းကို မသိတာ စိတ်မကောင်းစရာကောင်းလိုက်တာ"
မင်းသားက စိတ်ဝင်တစား နားထောင်ပြီး ရိုးရိုးခေါက်ဆွဲ ပန်းကန်လုံးကြီးကို ပြင်ဆင်ပေးရန် စားဖိုမှူးကို တောင်းဆိုလိုက်သည်။ ထို့နောက်သူက မှိုနှင့် အသားနုတ်နုတ်စင်းဆော့စ်ကို ထည့်ပြီး ရောမွှေလိုက်သည်။ခေါက်ဆွဲကို မှိုကြော်နှင့်အသားနုတ်နုတ်စင်းများဖြင့် ထုပ်ပိုးထားသည်။ ၎င်းသည် နူးညံ့ပြီး ပျော့အိသည်။ တစ်ခါတစ်ရံ ကြေမွနေသော မြေပဲအနည်းငယ်နှင့် ရောစပ်နေသည်။ အရသာက အလွန်ကြွယ်ဝ၏။
ထိုသို့ဖြင့် လူတိုင်းက ခေါက်ဆွဲနှင့်ဆော့စ်ကို ခွဲဝေလိုက်ကြသည်။ ခေါက်ဆွဲကို တရှူးရှူးစားပြီးနောက် ဘန်းမုန့်များကိုအပြီးသတ်ကြပြီး နောက်ဆုံးတွင် မှိုဆော့စ်နှင့် ငန်စပ်စပ် ဟင်းရည်ကို သောက်ကြသည်။ အင်မတန် ကျေနပ်စရာကောင်း၏။
လျန်လျှိုပင် သံသယဖြစ်မိသည်။ဘန်းမုန့်အကြီးကြီးနှင့် ရိုးရိုးခေါက်ဆွဲကို စားရင်း အားလုံး ပျော်ရွှင်နေကြသည်ကို မြင်လိုက်ရသဖြင့် ဤကိစ္စကို ပူးပေါင်းကြံစည်မှုဟု သံသယမ၀င်ဘဲ မနေနိုင်ပေ။
ဆော့စ် တစ်ဇွန်းပဲ မဟုတ်လား...ဘာများမလို့လဲ...
သူ့မိသားစုက အစားအသောက်ကို သိပ်ဂရုမစိုက်ပေမဲ့ သူလည်း ချက်ပြုတ်နည်းကို သိသည့်စားဖိုမှူးကို ငှားရမ်းခဲ့၏။ ဆီ ၊ ဆား ၊ ပဲငံပြာရည် ၊ ရှာလကာရည် တို့ကို ထည့် ပြီးလျှင် ဒါက ဒါပဲဖြစ်သည်။စတူးမှာ ပျော်စရာ အသစ်အဆန်း မရှိပါချေ။
သူစားရင်း ဖြည်းညှင်းစွာ စုပ်သောက်လိုက်သည်။ အရှေ့နန်းဆောင်သားများ စားသောက်ပြီးနောက် ဗိုက်ကိုကိုင်ကာ အနားယူရန် အပေါ်ထပ်သို့ တက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ စတူးပန်းကန်ကို သူ့ထံသို့ ဆွဲယူဝံ့သည်။
မွှေးလိုက်တာ...စတူးက အရမ်းမွှေးတယ်...
သူ အသားဖတ်သေးသေးလေး သုံးဖတ်ကို ကောက်ယူလိုက်ပြီးနောက် စတူးထဲမှ ကျန်အရည်ထဲသို့ သူ့မျက်လုံးများ ကျသွားသည်။
စတူးပန်းကန်၏အောက်ခြေသာ ကျန်ခဲ့သည်။ ဟင်းရည်က ပျစ်ပြီး အနီရောင်ဆီက ပေါလောပေါ်နေကာ ပန်းကန်လုံး၏ အောက်ခြေတွင် အသားအနည်းငယ် ရှိနေသည်။ အသားက နူးညံ့ပြီး စေးကပ်သည့်ဟင်းရည်ထဲကို အဆီတွေ အရည်ပျော်သွားပုံရ၏။
သူ တုံ့ဆိုင်းမနေတော့ဘဲ တစ်ကိုက်စားရန် ဆွဲယူလိုက်သည်။
ဆော့စ်ထည့်ထားသော စွပ်ပြုတ်က အလွန်ငန်လောက်သည်ဟု သူထင်ခဲ့သည်၊ သို့သော် သူတစ်ငုံသောက်လိုက်သောအခါ ထိုကဲ့သို့မဟုတ်ကြောင်း သူသဘောပေါက်ခဲ့သည်။ ပထမဆုံးမှာ ကြက်သွန်ဖြူအနံ့မဟုတ်သော အစပ်အရသာက လျှာဖျားတွင် ပွင့်လန်းလာ၏။စပ်ခြင်းထဲတွင် လတ်ဆတ်မှု၊ လတ်ဆတ်မှုထဲ၌ ထုံကျင်ခြင်းရှိသော်လည်း ယားယံခြင်းမရှိပါချေ။ မျိုချပြီးနောက် လျှာပေါ်စွဲကျန်သည့် အရသာနှင့် အသားနိုင်းချင်းအရသာတို့သာ ပါးစပ်ထဲတွင် ကျန်ရစ်သည်။
ဤသည်က တကယ့်ကို ထူးဆန်း၏။ မစားဘူးဟု ကျိန်ဆိုထားသည့်အဖြူရောင် ဘန်းမုန့်ကြီးကို တိတ်တဆိတ် ကောက်ယူပြီး ပန်းကန်အောက်ခြေမှာ စက်ဝိုင်းဝိုင်းကာ ပျော်ပျော်ရွှင်ရွှင် စားပါတော့သည်။
*
နောက်တစ်နေ့တွင် အဖွဲ့က တရားဝင်ထွက်ခွါသည်။
လျန်လျှိုက စစ်ချီတက်ခြင်းကဲ့သို့ပင် ဟိုးရှေးရှေးကတည်းက မင်းသားကို ပို့ဆောင်ရန် လမ်းကြောင်းကို စီစဉ်ခဲ့သည်။ ဘယ်အချိန် ရပ်ရမည်ဆိုသည်ကို သူစီစဉ်ထားပြီးပြီဖြစ်၏။ ဤနည်းအားဖြင့် ပေကျင်းမှထွက်ခွာသည့်လမ်းကဲ့သို့ အပြေးအလွှားသွားခြင်းထက် စွမ်းအင်ပိုမိုသက်သာစေသော်လည်း အချိန်ပိုကြာသည်။
လူအုပ်စုက ရပ်ပြီး ဆက်သွားကြသည်။ သူတို့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ပြဿနာတစ်ခုနှင့်ကြုံလာရ၏။
တကယ်တမ်းတွင် ဤသည်က အသေးအဖွဲ ကိစ္စဖြစ်သည်။ သူတို့နှင့် သွားချင်သည့် အရာရှိတစ်ယောက်၏ သမီးကလွဲ၍ ဘာမှ မဟုတ်ပါချေ။
လျန်လျှိုကိုတားလိုက်ပြီး သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့သည် စစ်တိုက်ရန် ချီတက်နေခြင်းမဟုတ်သောကြောင့် လျန်လျှိုပင်လျှင် ကူညီရန်ကသာမန်ဖြစ်သည်ဟု ခံစားမိသည်။
သို့သော် အိမ်ရှေ့စံကအမြင် ထင်မြင်ချက်အချို့ကို ဦးစွာဆိုခဲ့သူဖြစ်သည်။ သူတို့က စားသောက်ခြင်း၊ ပျော်ပွဲစားခြင်း မပြုကြ။ ပေကျင်းကို အပြေးအလွှား သွားနေကြ၏။ အနှီမိန်းမလှလေးက သည်းခံနိုင်ပါ့မည်လော။
ထိုအခါ အဖြေက သဘာဝအတိုင်း "သူ(မ) သည်းခံနိုင်တယ်"ဟူဖြစ်လေသည်။
ဤကိစ္စမှာ လူတိုင်းမှာ သဘောမတူမှုတို့မရှိပေ။
သို့ပေမဲ့ အနှီအမျိုးသမီးက ရထားလုံးပေါ်မှာ ကောင်းကောင်းမနေဘူးဆိုသည်ကို မည်သူသိပါမည်နည်း။ အထူးသဖြင့် အဖွဲ့က တည်းခိုခန်းမှာ နားနေချိန်တွင် သူမက နေ့တိုင်း အပြင်ထွက်ပြီး လှည့်ပတ်နေတတ်သည်။ သူမက ကျေးဇူးတင်စကားပြောရန် မကြာခဏလာရောက်လေ့ရှိပြီး သူမ၏မျက်လုံးများသည် ရှဲ့ရွှင်းကို အမြဲကြည့်နေသည်။
သူမက သြဇာအရှိဆုံး အိမ်ရှေ့မင်းသား၊ အချမ်းသာဆုံး ကွမ်ယင်း၏နောက်ကို မဟုတ်ဘဲ အချောဆုံး ရှဲ့ရွှင်း၏နောက်ကိုလိုက်နေသည်က ဝမ်းနည်းဖွယ်ကောင်းသည်။
ဒါနဲ့ ဟိုတုန်းက ကျန်းသခင်မလေးလည်း သေရမယ်ဆိုရင်တောင် ရှဲ့ရွှင်း နဲ့ လက်ထပ်ရမှဖြစ်မယ်ဖြစ်ခဲ့တာလေ... သူ့အသွင်အပြင်ကိုပဲ သူမက သဘောကျခဲ့တာမဟုတ်လား...
ဆော့စ်ထဲမှာ မုန့်တွေနှစ်ရင်း လူတိုင်း တိတ်တိတ်လေး ငိုနေကြသည်။
ရှဲ့ရွှင်းက ဤလူအုပ်စုတွင် အကဲဆတ်ဆုံးဖြစ်သည်။ အမျိုးသမီး၏သေးငယ်သည့် လှုပ်ရှားမှုတွေကို သူက အတော်လေးဆတ်ဆတ်ထိမခံဖြစ်၏။ သို့သော်လည်း အရှေ့နန်းဆောင်မှ လူတိုင်းက ရှဲ့ရွှင်း တုံ့ပြန်မှုလွန်ကဲနေသည်ဟု ထင်ကြသည်။ ချစ်ခင်မှုကိုပြသနေတဲ့ အမျိုးသမီးတစ်ဦးလေးပဲမဟုတ်ဘူးလား... အဲဒါကို ဒီအတိုင်းလျစ်လျူရှုလိုက်စမ်းပါ...
သို့သော် ရှဲ့ရွှင်းအတွက် သူမအား လျစ်လျူရှုရန် ခက်ခဲသည်။ သူ ညဘက်အိပ်ရာပေါ်လှဲပြီး ကျန်းရှုယောင်၏စာတွေကို ထုတ်ကာ တသသပြန်လည်ခံစားချိန်တွင် သူ့အခန်းတံခါးကို ခေါက်သည်။ လမ်းမှာလူတိုင်းရပ်ချိန် တသသပြန်လည်ခံစားရန် သူစာတွေကိုထုတ်သည့်အခါ သူမက စကားလာပြော၏။ အပြင်မှာ စခန်းချပြီး အနားယူချိန် ရထားလုံးပေါ်ကို မှီကာ တောက်ပသည့် လရောင်ကို ကြည့်ရင်း ဇနီးသည်ကို လွမ်းဆွတ်နေစဥ်မှာ အမှတ်တမဲ့ ရောက်လာပြန်သည်...
ရှဲ့ရွှင်း အတော်လေးစိတ်တိုပြီး အေးစက်စက် မျက်နှာပေးပေးပေမဲ့ သူမကစိတ်မပျက်ပါချေ။
ရှဲ့ရွှင်း နောက်ဆုံးတွင် သူမအား အလေးအနက်ထား၍ပြောလိုက်၏။
"မိန်းကလေး... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပါ...ငါ့မှာ မိန်းမရှိနေပြီ"
၎င်းကိုပြောပြီးသည်နှင့် မိန်းမငယ်လေးက ချက်ချင်းငိုတော့သည်။ သူမအစေခံများကလွဲလျှင် အဖွဲ့ထဲမှာ ယောက်ျားတွေချည်း ပြည့်နေသည်။ အမျိုးသမီးတစ်ဦး၏ အော်ဟစ်ငိုယိုသံကို ကြားသောအခါတွင် စကားမပြောဝံ့ဘဲ ရှဲ့ရွှင်းကို ဆက်ကြည့်နေလေသည်။
အလှအပကို သနားပြီး ကျောက်စိမ်းကို မြတ်နိုးသည့် တပ်သားတွေကကပင် ရှဲ့ရွှင်းအကြောင်းကို သူ့မှာ အရမ်းများနေလို့ဒါမှမဟုတ် သူ့အိမ်မှာကြွက်စုတ်ရှိနေလို့ဟု ကွယ်ရာမှာ
တီးတိုးပြောကြလိမ့်မည်။
ခရီးသွားသည့်နှစ်ရက်အတွင်း လျန်လျှိုနှင့် ရှဲ့ရွှင်းသည် အကြိမ်အနည်းငယ်သာ စကားပြောခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေမဲ့ လျန်လျှို သူ့ပါးစပ်ကို မထိန်းနိုင်တော့ပေ။ သူက ပါးစပ်ထဲမှာ မြက်တွေကို မြုံ့ရင်းရောက်လာပြီးဆိုသည်။
"တစ်ခါတလေ နောက်ထပ် ရင်ခုန်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကလည်း ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ"
ရှဲ့ရွှင်းက နှာမှုတ်လိုက်သည်။ အရှေ့နန်းဆောင်ရှိ လူများက ထိုမိန်းကလေးကို မြွေနှင့်ကင်းမြီးကောက်ကဲ့သို့ ရှောင်နေကြ သော်လည်း သူ့ကို ကူခုခံရန် မည်သူမျှ ရှေ့မတိုးဝံ့သည့်ကို ကြည့်ပြီး နောက်ဆုံးတွင် သူ၏ "သေနတ်ကြီး" ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။
ညဘက်တွင် ရှဲ့ရွှင်းတစ်ယောက် သစ်သားသေတ္တာကိုဖွင့်ပြီး ဝက်ပေါင်ခြောက်ကို ထုတ်ယူလိုက်သည်။
တောက်ပသော လရောင်က သူ့မျက်ခုံးမွှေးများကို တောက်ပစေသည်။ သူက လှောင်ပြုံးပြုံးလိုက်ပြီး သူအနိုင်ရရန်သေချာသည်ကို သူသိသည်။ အေးစက်နေပြီသားဖြစ်သော သူ့မျက်နှာက ပိုအေးစက်လာသည်။
မကောင်းဆိုးဝါးဝံပုလွေကို ဖြေရှင်းချင်လျှင် မကောင်းဆိုးဝါးဝံပုလွေတစ်အုပ်ကို လွှတ်ပေးရပါမည်။
နောက်တစ်နေ့ နေ့လည်တွင် လူတစ်စုသည် လမ်းပေါ်တွင် နေ့လည်စာစားရန် အနားယူကြသည်။ အရင်ရက်အနည်းငယ်တုန်းကအတိုင်း အိုးတစ်လုံးထဲမှာ ရေကျိုပြီး မုန့်ခြောက်ကို ဆော့စ်နှင့်တို့စား၏။
ထိုမိန်းကလေးက သူနှင့်စကားပြောရန် ထပ်လာတော့မှာဖြစ်သဖြင့် ရှဲ့ရွှင်း သူ့အစီအစဉ်ကို စတင်လိုက်သည်။
ကျန်းရှုယောင်၏စာအရ သူဖြတ်ထားသည့် ဝက်ပေါင်ခြောက်ကို သံအိုးတစ်လုံးထဲကို ပစ်ချလိုက်၏။ အိုးအောက်ခြေက ပူနေသည်၏ ခဏအကြာတွင် ဆီပွက်သံတရှဲရှဲကို သူကြားလိုက်ရသည်။
ဝက်ပေါင်ခြောက်၏ အပြင်ဘက်အလွှာသည် ခရမ်းရောင် အနက်ရောင်ရှိပြီး ခြောက်သွေ့သော်လည်း အတွင်းပိုင်းသည် နီရဲပြီး နူးညံ့ပြီး ကျက်တိုက်ထားသော အစားအစာများ၏ ထူးခြားသော မီးသွေးရနံ့ရှိလေသည်။အိုးထဲသို့ ရောက်သောအခါတွင် ကောင်းကင်ဘုံ၏ ရနံ့သည် ချက်ချင်း ထွက်ပေါ်လာသည်။
ရှဲ့ရွှင်း အိုးထဲတွင် တူချောင်းများဖြင့် နှစ်ခါ မွှေပြီး ဝက်ပေါင်ခြောက်ကို လှန်လိုက်သည်။ထိုအချိန်မှာ အနံ့က ပိုပြင်းလာသည်။ အဖြူရောင် နူးညံ့သည့် အဆီများသော အသားများသည် အပူပေးသောအခါတွင် တဖြည်းဖြည်း ကြည်လင်သော အရောင်သို့ ပြောင်းလဲသွားသည်။ နူးညံ့ ပျော့ပျောင်းသောကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပပြီး အဆီပြန်ကာ ဆားငန်သောဆီနှင့် ရေတို့တစ်စက်စက်ထွက်လာသည်။
ကျန်းရှုယောင်က သူမ၏စာထဲမှာ ဝက်ပေါင်ခြောက်ကို သေသေချာချာ စီမံထားသည်ဟု ဆို၏။ အခြောက်ကြော်သည်ဖြစ်စေ၊နွေကြက်သွန်နှင့် နှပ်သည်ပဲဖြစ်စေ ၊ မျှစ်၊ ဟင်းသီးဟင်းရွက်စိမ်းတို့နှင့်တွဲ၍ဖြစ်စေ၊ ခေါက်ဆွဲပြုတ်နှင့်ဖြစ်စေ အရသာရှိမည်ပင်။
ငိုယိုနေသော အမျိုးသမီးကို ကြောက်သောကြောင့် ရှဲ့ရွှင်းနှင့် ခပ်လှမ်းလှမ်းမှာနေကြသော အရှေ့နန်းဆောင်မှ လူများသည် “ဖြောင့်မတ်ခြင်း” ဟူသည်ကို ရုတ်တရက် သတိရသွားသည်။ ငန်သောအသား၏ အရသာရှိသော အနံ့ပြင်းပြင်းက အရသာရှိသော လမ်းဘေးအစားအစာဈေးကို အမှတ်တမဲ့သတိရစေပြီး ကျန်းရှုယောင်ကို တွေးတောမိကြသည်။
ညီအစ်ကိုများသည် ကောင်းချီးမင်္ဂလာအားလုံးကို မျှဝေကြပြီး အခက်အခဲအားလုံးကို အတူတကွ ရှောင်ရှားခဲ့ကြသော်လည်း ရှဲ့ရွှင်းက မတူပါချေ။
သူက ရိုးရိုးညီအစ်ကိုပဲလား...
နံပါတ်တစ်၊သူက ကျန်းရှုယောင်၏ခင်ပွန်းဖြစ်သည်။
ယင်းယင်း နှင့် ယန်ယန်က ရှဲ့ရွှင်း၏ရှေ့တွင် ခုန်ပေါက်ခဲ့သော်လည်း သူတို့သည် အိမ်ထောင်မပြုမီ အလေ့အထကိုလိုက်နာကာ တတ်နိုင်သမျှ ရှောင်ရှားကာ ပုန်းအောင်းနေကြဆဲဖြစ်သည်။
ယခုမူကား သူတို့ နိုးကြားလာလေပြီ။
ရှဲ့ရွှင်းက အိမ်ထောင်သည်ဖြစ်သည်။ သူ့ဇနီးက ကျန်းရှုယောင်ဖြစ်၏။
ယင်းယင်း နဲ့ ယန်ယန်က ရှဲ့ရွှင်းကို ရန်ပြုပေမဲ့ သူတို့က ထွက်ပြေးရင် ဒါက ကျန်းရှုယောင်အပေါ်ထားတဲ့ သူတို့ရဲ့ သစ္စာစောင့်သိမှုနဲ့ ထိုက်တန်ပါ့မလား...
[ET/N- ယင်းယင်း နှင့် ယန်ယန် သည် စာသားအရ "ပျံလွှားများနှင့်စာဝါငှက်များ" ကို ဆိုလိုသည်။ ဆိုလိုသည်မှာ အများအားဖြင့် ကိုယ်လုပ်တော်များ သို့မဟုတ် ပြည့်တန်ဆာမိန်းမ အများအပြားကို ဆိုလိုသည်။ သို့သော် ဤကိစ္စတွင် ကြုံရာကျပန်းအမျိုးသမီးကို ဆိုလိုသည်။]
ထို့ကြောင့် သူတို့ ရှဲ့ရွှင်း ထံသို့ ပြင်းပြင်းထန်ထန် လျှောက်သွားပြီး သူတို့၏အမှားများကို ရိုးရိုးသားသား ဝန်ခံခဲ့သည်။
ရှဲ့ရွှင်းက စိတ်ထဲမှာလှောင်ရယ်နေပေမဲ့ သူ့မျက်နှာပေါ်မှာမူ ဘာမှမဖြစ်သလိုပါပင်။
"မတောင်းပန်ပါနဲ့... မင်းတို့ကဘာလို့မှားရမှာလဲ...ဘယ်လိုပဲဖြစ်ဖြစ် ငါက တခြားသူတွေထောင်ချောက်ထဲရောက်ပြီး အကြံသမားနဲ့လက်ထပ်လုနီးပါးဖြစ်နေသလိုမျိုးမှမဟုတ်တာ"
လူတိုင်း ရှက်ရွံ့သွားကြသည်။
ရှဲ့ရွှင်း မီးဖိုပေါ်မှာ အိုးကိုယူ၍ ရွှံ့ပေါ်တင်ကာ ပဘန်းမုန့်တစ်လုံးကို ကောက်ယူပြီး ဝက်ပေါင်ခြောက် အနည်းငယ်ထည့်လိုက်သည်။
ကြော်ပြီးနောက် ဝက်ပေါင်ခြောက်က အနည်းငယ်ကျုံ့သွားကာ အဆီများသောအပိုင်းက ပိုမိုပါးလွှာသွားပုံရပြီး နူးညံ့ပြီး အဆီနည်းသောအပိုင်းကိုမူ ဆီအရောင်တောက်တောက်ဖြင့် ဖုံးအုပ်ထားသည်။ အသားထောင့်များက အနည်းငယ်လောင်ကျွမ်းပြီး ကြွပ်အောင် ကြော်ထားသည်။
လူတစ်စု၏အကြည့်အောက်တွင် ရှဲ့ရွှင်း အိမ်လုပ်ဝက်ပေါင်ခြောက်ကို သူ့ပါးစပ်ထဲသို့ထည့်လိုက်သည်။
ပထမအကိုက်တွင် အငန်အရသာက ပါးစပ်၏ အစိတ်အပိုင်းအားလုံးကို လျင်မြန်စွာ သိမ်းပိုက်သွားသည်။ အရသာစိမ်၊ကျက်တိုက်ကာ ကင်ထားသော ဝက်ပေါင်ခြောက်က အဆီများသော အသားများကို လုံးဝ ဆုံးရှုံးစေသည်။ အဆီက မွှေးပြီး နူးညံ့လာကာ အငန်ဓာတ်က မုန့်ဖြင့် ရောနှောကာ ရှုပ်ထွေးသောအူမားမီအရသာကို ချန်ထားခဲ့သည်။
ငရုတ်ကောင်း၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ ဖာလာစေ့ ၊ အခြားဆေးဖက်ဝင်အပင်များ၊ ချိုမြိန်သောဟွိုင်ဆင်ဆော့စ်၏ရနံ့၊ ပဲငံပြာရည်၊ အနက်ရောင်ဆော့စ်များနှင့် အခြားငံပြာရည်များ၏ ရှုပ်ထွေးသောအမွှေးအကြိုင်များရှိပြီး ထို့နောက် ကျပ်တင်သည့်ဖြစ်စဉ်မှ သစ်သီး၏မွှေးရနံ့၊ မီးသွေးမီးကင် အရသာဖြင့် စတင်ပြီး အဆုံးမရှိ လတ်ဆတ်မှုဖြင့် အဆုံးသတ်သည်။ ရက်ပေါင်းများစွာ ခရီးထွက်ရခြင်း၏ ပင်ပန်းနွမ်းနယ်မှုက အနှီအဆီပေမဲ့မအီ၊ဆီများ၊ဆားငန်သည့် ဝက်ပေါင်ခြောက်ထဲတွင် ပျောက်ကွယ်သွားရသည်။
အိုးကို မီးဖိုမှဖယ်ထားသော်လည်း ပြင်းထန်ပြီး ငန်သောရနံ့သည် အနီးနားရှိ ကောင်းကင်ပေါ်တွင် ဝဲပျံနေသေးသည်။ အနီးနားတွင် အနားယူနေကြသော တပ်သားများမှာ နှာတရှုံ့ရှုံဖြင့် ရှူရှိုက်နေကြဆဲဖြစ်သည်။
"အရမ်းမွှေးတယ်"
"အသားက ဘယ်လိုလုပ် ဒီလောက် မွှေးတာလဲ... ပုံမှန်အသားနဲ့ မတူဘူး"
"ဒါက ငါတို့ မမြင်ဖူးလို့ပဲ...အကြီးအကဲက ဒီလိုအသားမျိုးကို သေချာပေါက်စားဖူးရမယ်"
လျန်လျှို သူ့ကိုယ်ပိုင် ပေါင်မုန့်ခြောက်များကို တစ်တိတိစားနေသည်။ သူ အံကြိတ်လေလေ၊ သူတို့၏ ဆွေးနွေးမှုကို ပို၍ စိတ်အနှောက်အယှက်ဖြစ်လေလေဖြစ်သည်။ သူ စွဲမက်ဖွယ်ကောင်းသော ရနံ့နှင့် ခပ်ဝေးဝေးသို့ ရွေ့သွားသည်။
သိုပေမဲ့ လေက အနံ့ကို မှုတ်ထုတ်နေပြီး ရှောင်လွှဲ၍ မရပေ။ ရထားလုံးပေါ်မှာ ၀တ်စားပြင်ဆင်နေသည့် မိန်းမပျိုကပင် ရထားလုံး ကန့်လန့်ကာကို ဖွင့်လိုက်ပြီး ရနံ့ထွက်လာရာဘက်ကို ရှုရှိုက်လိုက်သည်။
Xxxxx