Chapter 109
အသားနှင့်ထမင်း
လျန်လျှို သူ့လက်ထဲက မုန့်ခြောက်ကို ကြည့်လိုက်၏။ သူ သက်ပြင်းချလိုက်ပြီး ယနေ့ နေ့လည်စာကို တိတ်တဆိတ်အဆုံးသတ်လိုက်သည်။
ရှဲ့ရွှင်းသည် အိုးထဲကဝက်ပေါင်ခြောက် နှစ်တုံး သုံးတုံးကို မညှာမတာစားလိုက်သည်။ တစ်စုံတစ်ယောက်က လက်ဖက်ရည်တစ်ခွက် ယူလာကာ သူတစ်ငုံသောက်လိုက်ပြီး တစ်ကိုယ်လုံးကို ဆန့်ထုတ်လိုက်သည်။
သူက စာကိုထုတ်ပြီး စာတစ်ကြောင်းကို လက်ညှိုးထိုးပြကာ ဖတ်လိုက်သည်။
"လမ်းမှာ အနားယူနေတဲ့အချိန် လမ်းဘေးမှာ တောရိုင်းဟင်းသီးဟင်းရွက်တွေရှိရင် ဝက်ပေါင်ခြောက်နဲ့ ကြော်ဖို့ ခူးလို့ရတယ်နော်"
ရှဲ့ရွှင်းက အတိတ်ကို လျစ်လျူရှုနိုင်သည်မှာ ကောင်း၏။ လူတစ်စုသည် အသီးအနှံများ ရှာဖွေရန် တောထဲသို့ ပြေးဝင်ကာ စမ်းရေဖြင့် ဆေးကြောပြီး ပြန်လာခဲ့ကြသည်။ ရှဲ့ရွှင်း၏ အမိန့်အရ တောရိုင်းဟင်းသီးဟင်းရွက်များကို အိုးထဲသို့ ထည့်ကြသည်။
တောရိုင်းဟင်းသီးဟင်းရွက်များက နူးညံ့ပြီး ကြည်လင်ချိုမြသော စမ်းရေဖြင့် ဆေးကြောထား၏။ အိုးထဲထည့်လိုက်သည်နှင့် ချက်ချင်းပင် ရေငွေ့များထွက်လာသည်။ဝက်ပေါင်ခြောက် ၏အဆီက အိုး၏အောက်ခြေတွင် ထူထဲသောအလွှာအဖြစ်ကျန်ခဲ့သည်။ ဆီပူလာသောအခါ တောရိုင်းဟင်းသီးဟင်းရွက်များနှင့် ထိမိပြီး ရုတ်တရက် အသံမြည်လာသည်။
တောရိုင်းဟင်းသီးဟင်းရွက်များကို ပျော့သွားသည်အထိ ကြော်ပြီးနေုက် ဘေကွန်မှ ဆီနှင့် ရောထားသော အရည်များ ရောကာ အလွန်ဆွဲဆောင်မှုရှိသော ရနံ့ကို ထုတ်ပေးသည်။ တောရိုင်းဟင်းသီးဟင်းရွက်များ ကျက်ပြီနောက်် အိုးကိုဖွင့သည့်အခါ ဆီနှင့်ရေ အလွှာတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ တောရိုင်းဟင်းသီးဟင်းရွက်များမှ အချိုရည်ကို ဝက်ပေါင်ခြောက်ဆီနှင့် ရောစပ်ထားပြီး အူမားမီ၊ အချိုနှင့် အငန်တို့ကို စုံလင်စွာ ရောစပ်ထားသည်။
တောရိုင်း ဟင်းသီး ဟင်းရွက် တစ်ဖက်ကို ကောက်ယူ သောအခါတွင် အစိမ်းရောင် အစိမ်းရင့်ရောင် ဟင်းရွက်များက အဆီပြန်သော အရောင်ဖြင့် ထုပ်ပိုးထားသည်။ ခံတွင်းထဲထည့်လိုက်သည်နှင့် ကြည်လင်လန်းဆန်းပြီး ဆီရနံ့တွေ ပြည့်လျှံနေ၏။ဝက်ပေါင်ခြောက်၏ အရသာက အလွန်လွှမ်းမိုးနိုင်သည်။ ၎င်းသည် ၎င်း၏ပြင်းထန်သော မီးခိုးနံ့နှင့် အငန်ဓာတ်က အသီးအရွက်များအတွင်းသို့ စိမ့်ဝင်သွားကာ တောရိုင်းဟင်းသီးဟင်းရွက်များကို မည်သည့်ဟင်းခတ်အမွှေးအကြိုင်မှမပါဘဲ ဆွဲဆောင်မှုရှိဘဲပြီး အရသာရှိစေသည်။
အသီးအရွက်ရိုင်းများကို အမြန်လုပြီးနောက် အိုးအောက်ခြေတွင် ဟင်းရည်ကျန်သေးသည်။
သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြကာ တစ်စုံတစ်ယောက်က မုန့်ခြောက်တွေကို ချိုးပြီး အိုးထဲမှာ ထည့်စိမ်လိုက်၏။ တောရိုင်း ဟင်းသီးဟင်းရွက်တွေက အများကြီးရှိသည်။ ပိုနေသည့်အဆီတွေကို တောရိုင်းဟင်းသီးဟင်းရွက်တွေထဲကို စုပ်ယူထားပြီးသားဖြစ်သည်။ ကျန်ဟင်းရည်က ဝက်ပေါင်ခြောက်အနည်းငယ်နှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်အချိုရည်များဖြစ်သည်။ ဘန်းမုန့်ခြောက်ကို ထည့်ပြီးနောက် ဘန်းမုန့်ခြောက်က အစိုဓာတ်အားလုံးကို စုပ်ယူပြီး ဟင်းရည်ကြောင့် ပျော့သွားသည်။ဝက်ပေါင်ခြောက်၏မွတ်ပြီး လတ်ဆတ်သောရနံ့၊ တောရိုင်းဟင်းသီးဟင်းရွက်များ၏ ချိုမြမှုနှင့် လန်းဆန်းမှု၊ နှင့်ဘန်းမုန့်၏အနံ့သင်းသင်းတို့နှင့်အတူ နူးညံ့ပြီး ဖောင်းကားလာသည်။
အချိန်မနှောင်းမီ လူတိုင်းက မုန့်ကို အငမ်းမရစားကြသည်။ ပါးစပ်ထဲ မျိုချလိုက်သည့်အခါ သူတို့ ဖြည်းဖြည်းချင်ဝါးပြီး အရသာရှိသည့် အစားအစာကို အရသာမခံလိုက်ရဘူးဆိုသည်ကို သတိရလိုက်ကြသည်။
သူတို့ ပါးပြင်တွေကိုထိပြီး လောလောလတ်လတ်က အရသာကို စားမြုံ့ပြန်ရုံသာတတ်နိုင်၏။
ထိုအချိန်တွင် သူတို့ မြွေများနှင့် ကင်းမြီးကောက်များကဲ့သို့ ရှောင်ရှားကြသော မိန်းမပျိုလေးက ရောက်လာသည်။ သူမက ရွှန်းစိုနေသော မျက်လုံးဝိုင်းကြီးများကို ပေကလက်ပေကလက်လုပ်ပြီး "လူကြီးမင်းတို့ ဘာစားနေတာလဲ …” ဟု တိုးတိုးလေး မေးလိုက်သည်။သူမသည် သူတို့က အလှတရားကိုသနားပြီးကျောက်စိမ်းကို မြတ်နိုးကြလိမ့်မည်ဟုတွေးပြီး ယုံကြည်မှုအပြည့်ရှိနေသည်။
သူမစကားမဆုံးခင်မှာ အနှီနှစ်လိုဖွယ်ကောင်းသော လူငယ်လေးတွေက ခေါင်းကိုလှည့်ပြီး သူတို့၏အစားအစာကို ကာကွယ်နေသည့် ဝံပုလွေခွေးလေးတွေလို သူမကို ကြည့်နေကြသည်ကို တွေ့လိုက်၏။ သူမက မိန်းကလေး မဟုတ်ဘဲ ၎င်းတို့ကို အစာအတွက် တိုက်ခိုက်မည့် အခြားဝံပုလွေသကဲ့သို့ဖြစ်နေသည်။
သူမ ကြောင်အသွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားလောက်အောင်အထိ ထိတ်လန့်သွားသည်။ အခြေအနေကို နားမလည်နိင်စွာ ရထားလုံးပေါ်ကိုသာ အသဲအသန်ပြန်လာခဲ့ရသည်။
နေ့လယ်စာစားပြီးနောက် လူတိုင်းသည် ခရီးဆက်ကြသည်။
ညဘက်ရောက်လျှင် တည်းခိုခန်းကိုရောက်ပြီး အားလုံးက အနားယူကြ၏။
ရှဲ့ရွှင်းက သန့်ရှင်းမှုကို နှစ်သက်သည်။ နားရပ်ကိုရောက်သည်နှင့် ရေချိုးရန် တစ်စုံတစ်ယောက်ကို ရေနွေးတချို့ယူလာခိုင်းသည်။ သူ ရေချိုးကန်ထဲသို့ လှမ်းဝင်ကာ ရေဆေးရန် အဆင်သင့်ဖြစ်နေသော်လည်း ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသည်။ဘာလို့ သူ့အခန်းအပြင်ကို တစ်စုံတစ်ယောက် ခိုးကြောင်ခိုးဝှက် လာနေတယ်လို့ ယောင်ဝါးဝါး ခံစားလိုက်ရပါလိမ့်...
ဤနေရာက အစေခံငယ်တစ်ဦး ရေချိုးနေစဉ် တံခါးကိုစောင့်လေ့ရှိသည့် ရှဲ့အိမ်တော်နှင့်မတူပေ။ယခု သူတို့က အပြင်မှာရောက်နေပြီး တံခါးကို စောင့်သောသူမရှိ။ ဘယ်သူမဆို ဝင်လာနိုင်၏။
ယခုလိုအတွေးမျိုးက အလွန် ထူးဆန်းပေမဲ့ ရှဲ့ရွှင်း ကျန်းရှုယောင်ကလွဲ၍ တခြားအမျိုးသမီးကို သူ့ခန္ဓာကိုယ်ကို ကြည့်ခွင့်မပေးဘဲ ပိုသတိထားသင့်သည်ဟု ခံစားနေရတုန်းပါပင်။
တံခါးအပြင်ဘက်က လှုပ်ရှားမှုတွေကို သေချာနားထောင်လိုက်သည်။
“ဒေါက် ဒေါက်"
အပြင်ကလူက တံခါးကို အသာအယာခေါက်ပြီး ခဏရပ်လိုက်၏။ အခန်းတွင်းရှိ ရေသံကျဲကျဲကို ကို သူတို့ ကြားသင့်သည်။
ဤလုပ်ဆောင်ချက်ကြောင့် တံခါးအပြင်ဘက်က ဘယ်သူလဲဆိုသည်ကို ခန့်မှန်းနိုင်၏။
ရှဲ့ရွှင်း မတ်တပ်ထရပ်ပြီး သူ့အဝတ်အစားတွေကို ကိုင်ရန် လက်ကိုဆန့်လိုက်သည်။ သို့သော် ထိုအချိန်တွင် အခန်းအပြင်ဘက်တွင် လှုပ်ရှားမှုများ ရှိနေသည်။
"အား..."
ကျယ်လောင်သော အမျိုးသမီးအော်သံက ကောင်းကင်ယံကို ဖြတ်သွားသည်။
အခန်းအပြင်ဘက်တွင် မိန်းမပျိုက လှည့်လိုက်ရာ သူမနောက်တွင် တိတ်တဆိတ်ရပ်နေသော လင်းချန်နှင့်တိုက်မိလုနီးပါးဖြစ်သည်။
ဖယောင်းတိုင်မီးသည် မှိန်ဖျော့နေပြီး လင်းချန်၏ မျက်နှာတစ်ဝက်က တုန်ခါနေသောအရိပ်ထဲတွင် တစ်ဝက်ကွယ်နေကာ ယင်းကကြောက်မက်ဖွယ်ကောင်း၏။
မိန်းမပျို ကြောက်ရွံ့ထိတ်လန့်ကာ မျက်နှာဖြူဖျော့သွားပြီးမေးလိုက်သည်။
"ဒီကဆရာ...ဘာကိစ္စရှိလို့ပါလဲ"
လင်းချန်က စိတ်ထားကောင်းသော်လည်း ခြွင်းချက်မရှိ စိတ်ထားကောင်းသည်ကား မဟုတ်ပါချေ။
သူက မျက်မှောင်ကြုတ်ပြီး ရှဲ့ရွှင်း၏အခန်းအနီးမှာ ရပ်နေသည့် မိန်းမပျိုကို ကြည့်လိုက်၏။ သူ့အမူအရာက သိပ်မကောင်းချေ။
"မင်းဒီမှာဘာလာရပ်နေတာလဲ"
သူက ရှဲ့ရွှင်းတံခါးကိုကြည့်ပြီးနောက် သူမကိုကြည့်သည်။ သူ သူမ၏ ရည်ရွယ်ချက်များကို ခန့်မှန်းမိပြီး သူ့မျက်နှာတွင် ရွံရှာသောပုံစံဖြင့်ဆိုလိုက်၏။
"မိန်းကလေး...ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို လေးစားပါ"
မိန်းမပျိုက ကျန်းရှုယောင် နှင့် ရှဲ့ရွှင်း ၏အိမ်ထောင်ရေးအကြောင်းကို ကျင်းလီတွင်သူမ၏အကြီးအကဲများပြောသည်ကို မတော်တဆကြားလိုက်ရပြီး နောက်ခံဇာတ်လမ်းကို သူမသိလိုက်ရသည်။ သူမ၏အမြင်အရ ရှဲ့ရွှင်းက စိတ်ထားကောင်းပြီး မိသားစုနောက်ခံရှိသော ကျောက်စိမ်းမျက်နှာရှိသူဖြစ်သည်။ သူ့မှာ အလားအလာကောင်းသည့် အနာဂတ်ရှိပြီး မြို့တော်၏ အကောင်းဆုံး မြင့်မြတ်သားတော်လည်း ဖြစ်၏။ သူမကိုယ်သူမပြသနေသမျှကာလပတ်လုံး အဘယ်သူသိနိုင်မည်နည်း၊ သူမအနေဖြင့် ကောင်းမွန်သောအိမ်ထောင်ရေးကိုရရှိနိုင်လောက်သည်။
သူမမျက်နှာက မှုန်ကုပ်ကုပ်ဖြစ်သွားပြီး တင်းမာသည့် အမူအရာဖြင့်ဆိုလိုက်၏။
"ဒီကဆရာ... ကျေးဇူးပြုပြီး သတိထားပါ... လူတွေကို အကြောင်းပြချက်မရှိဘဲ ဆဲဆိုနေတာက ယဉ်ကျေးသိမ်မွေ့တာ မဟုတ်ပါဘူး"
သူမ ယုံကြည်မှုအပြည့်နှင့်ပြောပြီးသည့် နောက်မှာတော့ သူမရှဲ့ရွှင်းနှင့် ဘာမှလုပ်မရတော့ဟု ခံစားမိသောကြောင့် သူမအခန်းကို ပြန်မည်ပြင်လိုက်သည်။ သူမ လှည့်လိုက်သောအခါ သူမနောက်မှာ ရပ်နေသည့် လူအုပ်ကြီး ရှိနေသည်။
သူတို့သည် အမှောင်ထောင့်တစ်ခုတွင် အတူတူရပ်ပြီး သူမကို အတူတူကြည့်နေကြသည်။
"အား..."
သူမ ထအော်ပြန်သည်။ဤလူများကို နေ့ခင်းဘက်တုန်းက တွေ့သည့် အရာရှိတွေဟု သူမ မမှတ်မိသလောက်ပါပင်။
ဒါပေမဲ့ သူတို့မျက်လုံးတွေက ဘာကြောင့် အရမ်းကြောက်စရာကောင်းနေကြတာလဲ...
သူတို့သည် ရိုးရာပုံပြင်ထဲက ညနက်မှ ထွက်လာသော မျက်လုံးထဲတွင် အစိမ်းရောင်အလင်းဖျော့ဖျော့နှင် ဝံပုလွေများကဲ့သို့ပင်။
သူမ အလွန်ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ လင်းချန်နှင့်တိုက်လုနီးပါးဖြစ်ခဲ့သည်။
သူမ ငြိမ်သက်သွားသည်။ သူမမှာ ယုံကြည်မှုမရှိတော့ပေ။ သူမ ဤလူများရှေ့တွင် လမ်းမလျှောက်ဝံ့သောကြောင့် လင်းချန်ကိုကွေ့ပြီး သူမအခန်းသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။
"အား..."
သူမ ခေါင်းကို လှည့်လိုက်သည်နှင့် လင်းချန် ရပ်နေသည့် စင်္ကြံ၏ရှေ့တွင် နောက်ထပ် လူအနည်းငယ် ရှိနေသည်။ မျက်စိတစ်မှိတ်အတွင်း လူတစ်စုက သူမကို ဝိုင်းထားကြသည်။
အများအားဖြင့် သူတို့သည် ချောမောပြီး ယဉ်ကျေးသိမ်မွေ့သော မြင့်မြတ်သားတော် ဖြစ်သည်။ ယခုမူ တစ်စုံတစ်ခု ဖြစ်ပျက်သွားသလိုမျိုး သူတို့၏ မျက်လုံးများတွင် အကြည့်များ ပြောင်းလဲသွားသည်။
သူမ တံတွေး မျိုချလိုက်ပြီး တိုးတိုးလေးဆိုလိုက်၏။
"တဆိတ်လောက်...ကျွန်မကို လမ်းဖယ်ပေးနိုင်မလား"
ကွမ်ယင်းက သူမကို လှမ်းကြည့်သည်။ ဤနေရာတွင် လူတိုင်းက လူကြီးလူကောင်းပုံစံဖြင့် ကြီးပြင်းလာခဲ့ကြသော မြင့်မြတ်သားတော်များ ဖြစ်ကြသည်။
သို့ရာတွင် ဤအချိန်မှာ သူကစကားပြောလာ၏။
မည်သို့ပင်ဖြစ်စေ ဤညက လူခြေတိတ်နေသောညဖြစ်သည်။ ဤနေရာတွင် ၎င်းတို့သာရှိသောကြောင့် လူကြီးလူကောင်းဟုတ်မဟုတ်ကို မည်သူကဂရုစိုက်မည်နည်း။ ထို့အပြင် နေ့ခင်းတုန်းက သူတို့ နိုးကြားလာကြသည်။ ဘာပဲဖြစ်ပါစေ သူတို့ ကျန်းသခင်မလေးကိုအသိအမှတ်ပြုပြီး သူမ၏အကျိုးစီးပွားကို အကာအကွယ်ပေးရမည်။
"သခင်ရှဲ့မှာ ဇနီးရှိပြီးသားပါ...မင်းဘာလို့ ညဉ့်နက်သန်းခေါင် ဒီကို လာတာလဲ"
"ငါတို့က မင်းကို ကုသိုလ်ကောင်းမှုလုပ်ဖို့ ပေကျင်းကို ငါတို့နဲ့လိုက်လာခွင့်ပေးတာ... မင်းကို အချိန်မရွေး ထားခဲ့လို့ရတယ်"
"နားလည်လား ...သခင်ရှဲ့က မင်းစဥ်းစားနိုင်တဲ့လူမဟုတ်ဘူး...မင်းသူ့ကိုအနှောက်အယှက်ပေးချင်ရင် ငါတို့ကိုအရင်ဖြတ်ရမယ်"
မိန်းမပျိုသည် သူတို့၏စကားကြောင့် မျက်နှာနီမြန်းသွားပြီး သူမ နားကို မယုံနိုင်ဖြစ်သွားသည်။
"ရှင်... ရှင်တို့"
သူတို့ ဘာဖြစ်သွားတာလဲ...သူတို့က ရှဲ့ရွှင်းရဲ့ ၏ယောက္ခမလား...
လင်းချန်က စိတ်မရှည်စွာဖြင့်လမ်းဖယ်ပေးလိုက်၏။
"ထွက်သွား"
မိန်းမပျိုက ရှက်ပြီး ဒေါသထွက်သွားသည်။ သူမ ချေပချင်သော်လည်း ထိုလူများကို ကြောက်သည်။မည်သို့ပင်ဖြစ်စေ သူတို့အားလုံးဟာ ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူကောင်းဆန်သည့်ပုံစံနှင့်ပြောဆိုလေ့ရှိကြ၏။ယခု သူတို့မျက်နှာဖုံးတွေ ခွာချလိုက်သည့်အခါ သူမမှာ အားထားစရာ မရှိတော့ပေ။
သူမက "ဝါးးးး--" ခနဲ အော်ဟစ်ငိုယိုပြီး ယိုင်တိယိုင်တိုင် လျှောက်သွားသည်။
သူမအခန်းထဲသို့ ပြန်သွားသည်ကိုမြင်ပြီးနောက် အရှေ့နန်းဆောင်အုပ်စုသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်ခဲ့သည်။
သူကကိုယ့်ကိုကြည့် ကိုယ်ကသူ့ကိုကြည့်ပြီး အချင်းချင်း မပြောဘဲနားလည်စွာ နှုတ်ဆက်ကြ၏။
"အိပ်မရဘူးလား"
"ဟုတ်တယ် ...အပြင်ထွက်ပြီး လမ်းလျှောက်မယ်"
"ဒီည လရောင်က အရမ်းကောင်းတယ်"
"တိုက်ဆိုင်လိုက်တာ"
သူတို့ဘာကြောင့်ဒီကိုရောက်နေလဲဆိုသည်ကို လူတိုင်းသိကြသည်။
သူတို့ ရှဲ့ရွှင်း၏တံခါးဝတွင်ခဏရပ်နေပြီးနောက် ရှဲ့ရွှင်း၏တံခါးသည်နောက်ဆုံးတွင်ပွင့်လာခဲ့သည်။
သူ့နားထင်စပ်များ အနည်းငယ် စိုစွတ်နေပြီး ရေချိုးပြီးခါစမှန်း သိသာထင်ရှားသည်။
အားလုံးက ချက်ချင်းသတိကပ်သွားကြ၏။ ကံကောင်းထောက်မစွာ၊ ကံကောင်းစွာနှင့် သူတို့ ယနေ့ည အစာရှာရန် ထွက်လာခဲ့သည်။ မဟုတ်လျှင် ရှဲ့ပေါယွမ် သူ၏ဖြူစင်မှုကို ဆုံးရှုံးသွားလိမ့်မည်။ ကျန်းရှုယောင်ကို မည်သို့ရှင်းပြမည်နည်း။
ရှဲ့ရွှင်း သူတို့၏မျက်လုံးတွေကို မြင်ပြီးသည်နှင့် သူတို့ဘာကြောင့် ဒီကိုလာကြတာလဲဆိုသည်ကို သိပေမဲ့ သူတို့က ယနေ့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်လိုက်သည့်အတွက် ရှဲ့ရွှင်း သူတို့၏ လောဘဇောကို ဂရုမစိုက်ချင်တော့ဘဲပြောလိုက်သည်။
“လာဝင်ခဲ့...ဝက်ပေါင်ခြောက် သွားယူလိုက်ဦးမယ်...နွှေးရအောင်"
ရှဲ့ရွှင်း နှင့် အဖွဲ့သည် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ မီးဖိုချောင်မှာ ထမင်းရှိ၏။ရှဲ့ရွှင်းက ကျန်းရှုယောင်၏စာမှာပါသည့် ဟင်းချက်နည်းကို တွေးပြီးပြောလိုက်သည်။
"ညလယ်စာအတွက် ဗိုက်ကို အာဟာရဖြစ်စေမဲ့ တစ်ခုခုကို စားရအောင်...အသားဆန်ပြုတ် လုပ်လိုက်ရလား"
ထမင်းချက်တွေက မည်သို့ သူတို့ကိုယ်တိုင် လုပ်ခွင့်ပေးနိုင်မည်နည်း။လှုပ်ရှားသံကိုကြားသောအခါ သူတို့အဝတ်အစားတွေဝတ်ပြီး မီးဖိုချောင်ထဲရောက်လာကြသည်။ ရှဲ့ရွှင်း ၏စကားကိုကြားသောအခါ ဟင်းချက်ခြင်းအလုပ်များကို အမြန်ဆွဲယူလိုက်ကြသည်။
ရှဲ့ရွှင်း က မငြင်းဘဲ ကျန်းရှုယောင်၏ ဟင်းချက်နည်းတွေကို ပြောပြ၏။
ရိုးရှင်းလွန်းသည်ဟု ခံစားရပေမဲ့ ထမင်းချက်တွေက ခေါင်းညိတ်ပြီး ကျန်းရှုယောင်၏နည်းလမ်းအတိုင်း လုပ်နေတုန်းပါပင်။
ဆန်ကို ရေဆေးပြီး အိုးထဲမှာ ပြုတ်ပါ။မွှေးပြီး သန့်စင်သော ဆန်အနံ့များ ပြည့်လာပြီးနောက် တုံးထားသော ဝက်ပေါင်ခြောက်ကို ထည့်ကာ ဆက်လက်ပြုတ်ပါ။ ဝက်ပေါင်ခြောက်၏အငန်အရသာက နူးညံ့သိမ်မွေ့သော ဆန်ရနံ့နှင့် တဖြည်းဖြည်း ပေါင်းစပ်သွားသည်။အဆီက ဆန်ထဲသို့ စိမ့်ဝင်သွားပြီး ဆန်ပြုတ်၏မျက်နှာပြင်က အဆီပြန်နေပါသည်။အသားကို ပြုတ်ပြီး အဖြူရောင်ပျစ်ခဲသော ဆန်ပြုတ်ထဲတွင် ဝှက်ထားသည်။
တည်းခိုခန်းက မကြီးပေ၊ မျိုးရိုးမြင့်များအတွက် အခန်းတွေကို သီးသန့်ထားသည်။တပ်သားတွေ ဧည့်ခန်းထဲမှာ ပေါ့ပေါ့ပါးပါး တိုးဝှေ့ နေကြ၏။ ညဘက်လေက သာယာပြီး ညင်သာစွာတိုက်ခတ်နေကာ မီးဖိုချောင်ထဲက လတ်ဆတ်သည့်ရနံ့က ဧည့်ခန်းထဲကို တဖြည်းဖြည်း ပျံ့သွားသည်။ မွေ့ယာခင်းပြီးသော တပ်သားများသည် ရနံ့ကို အနံ့ရပြီး လှုပ်ရှားမှုများကို ရပ်တန့်ကာ ရနံ့ကို ဆက်လက်ရှူရှိုက်ကြသည်။ သူတို့၏ ဝမ်းဗိုက်သည် ဒရမ်ကဲ့သို့ ဆူညံနေသည်။
လျန်လျှို နေထိုင်သည့်အခန်းသည် မိန်းမပျိုနှင့် နီးကပ်သည်။ သူမက အခန်းထဲ ဝင်သွားသည်နှင့် တပြိုင်နက် ငိုယိုကာ သူ၏ အိပ်ငိုက်မှုကိုလန့်ပြေးအောင်လုပ်လေတော့သည်။
သူ ထ၍ အ၀တ်အစားဝတ်ကာ အပြင်ထွက်ပြီး ဘေးဥပဒ်ကို ရှောင်ရန် လှည့်ပတ်သွားဖို့ရာ အဆင်သင့်ဖြစ်လေသည်။ သို့ပေမဲ့ သူတံခါးဖွင့်လိုက်သည်နှင့် လတ်ဆတ်ပြီး နူးညံ့သည့်ရနံ့က သူ့နှာခေါင်းထဲကို ချက်ချင်းစိမ့်ဝင်သွား၏။
"ဂွီ ဂွီ"
သူ့ဗိုက်က ထအော်လာလေသည်။ အနံ့နောက်ကနေ ရှူရှိုက်ပြီးလိုက်သွားရာ မီးဖိုချောင်ကို တွေ့သည်။
ဧည့်ခန်းမှာက စစ်သည်တွေအိပ်သည့် နေရာဖြစ်သဖြင့် ညလယ်စာစားရန် ဧည့်ခန်းကို သွားမည်ဆိုပါက တကယ်ကို အဆင်မပြေသည့်အတွက် အားလုံးက မီးဖိုချောင်မှာ စားရန်စီစဉ်ထား၏။ မည်သို့ပင်ဖြစ်စေ သူတို့ကသိမ်မွေ့နုနယ်သော လူတွေ မဟုတ်ပါချေ။
ထမင်းချက်များက ဆန်ပြုတ်ချက်ပြီးနောက် အနားယူရန် အခန်းသို့ ပြန်သွားခဲ့ကြသည်။ရှဲ့ရွှင်းက ဆန်ပြုတ်တည်းခင်း အစပြုခဲ့သည်။
ပွက်ပွက်ဆူနေသော အပူမရှိတော့သော်လည်း ဆန်ကို မီးအေးအေးဖြင့် ကျိုထားသည်။ အဆီများသောအသားများ၏ကစီဓာတ်ကို ဆန်ပြုတ်တွင် ပေါင်းထည့်ထားသောကြောင့်ဖြစ်မည်၊ ဆန်ပြုတ်က အနံ့အရသာစူးရှပြိး စေးကပ်နေပုံရသည်။ ဆန်ပြုတ်ကို ပန်းခရမ်းရောင်အသားတုံးများနှင့် အဆီများဖြင့် ထုပ်ထားပြီး ပျော့ပျောင်းနူးညံ့သော အရောင်တောက်တောက်ဖြင့် တောက်ပနေသည်။
စိမ်းမြသောနွေကြက်သွန်က ၎င်းကို အလှဆင်ထားပြီး အဖြူရေုက် ပျစ်ခဲသောဆန်ပြုတ်ထဲတွင် လတ်ဆတ်တောက်ပသော အရောင်ကို ပေါင်းထည့်သည်။ ရိုးရိုးဆန်ပြုန် ပန်းကန်နှင့် တူပေမဲ့ ဘယ်လောက်အရသာ ရှိမည်ဆိုသည်ကို လူတိုင်းသိကြ၏။
လျန်လျှို မီးဖိုချောင်သို့ ရောက်ရှိလာပြီး မီးဖိုချောင်ထဲတွင် လူများစုဝေးနေသည်ကို တွေ့သောအခါ ယနေ့နေ့လည်ခင်းတွင် ရှဲ့ရွှင်း ကြော်ထားသော အသားကို သတိရမိသည်။ အနံ့က ဘယ်ကလာသည်ကို ရုတ်တရက် သဘောပေါက်သွား၏။
သူ လှည့်ထွက်ခါနီးတွင် သန်းဝေနေသော အိမ်ရှေ့စံက အဝေးက မြင်လိုက်ရသည်။
အိမ်ရှေ့စံမင်းသားက မနိုးသေးဘူးထင်ရပေမဲ့ အလိုလို လမ်းလျှောက်ပြီး အနံ့နောက်ကို လိုက်လာ၏။လျန်လျှိုနားကို သူ ရောက်လာသောအခါဂါရဝပြုတော့မည်ဖြစ်သော်လည်း သူက မျှော်ကြည့်ကာ မေးမော့၍အနံခံနေသည်။ သူ့ပခုံးက လျန်လျှို၏ပခုံးကို တိုက်ရိုက်ပွတ်သပ်လိုက်သည်။
တိတ်ဆိတ်သောညတွင် လျန်လျှို မင်းသား၏ ရှူရှိုက်သံကို ကြားလိုက်ပုံရသည်။
အရှေ့နန်းဆောင် အဖွဲ့ဝင်များ ယနေ့ညတွင် အကုန် မပါဝင်ခဲ့ကြဘဲ ဤနေရာရှိသူများက မပြောဘဲနားလည်မှုဖြင့် အခြားသူများကို ခေါ်ရန် မသွားခဲ့ကြပေ။စင်စစ်အားဖြင့် ရှိနေသူ နည်းလေလေ ဝေစု များများရလေပါပင်။
ရှဲ့ရွှင်း ဆန်ပြုတ်ကို ခွဲလိုက်ပြီး အိုးအောက်ခြေရှိ အပျစ်ဆုံး ဆန်ပြုတ်ကို ခြစ်ထုတ်ကာ သူ့ပန်းကန်ထဲသို့ ထည့်မည်ပြုလိုက်၏။ သို့သော် အိမ်ရှေ့စံမင်းသား ရောက်လာလေသည်။
မင်းသားက လူတိုင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ သူ အံ့အားသင့်သွားပြီး စားပွဲဆီသို့ လာကာ အသက်ပြင်းပြင်းရှူလိုက်သည်။ မွှေးပျံ့သောအပူရှိန်က အရသာရှိသောရနံ့ကို ထုပ်ပိုးပြီး သူ၏နှာခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ နောက်ဆုံးတွင် မင်းသား အိပ်ပျော်တစ်ဝက်မှ နိုးလာသည်။
"ဒါက ညလယ်စာလား"
Xxxxx