Chapter 111
မာလာအစုံ
ကျန်းရှုယောင်၏ သူမ၏ ကြမ်းတမ်းသောပုံစံကို မြင်ရသည်မှား ရှားပါးသည်။ သူမ ရှုရှီ၏ပုံစံကို ဟာသလုပ်ရန်ပြင်နေချိန်မှာ ရှုရှီက အသံတုန်တုန်ယင်ယင်ဖြင့်ဆို၏။
"အရှင်မင်းသား မတော်တဆမှုဖြစ်သွားတယ်"
ကျန်းရှုယောင်၏ နှလုံးသားထဲက တင်းမာမှုတွေ ရုတ်တရတ်ပြိုကွဲသွားသည်။ သူမစိတ်တွေ လွတ်ထွတ်သွားကာ မသိစိတ်ကမေးလိုက်မိသည်။
"သူကော ဘယ်လိုနေလဲ"
နာမည်နှင့်မျိုးရိုးနာမည် ထည့်စရာ မလိုပါချေ။ ရှုရှီလည်း သူမပြောနေသည်ကို သိ၏။ သူမက ပင့်သက်ရှိုက်ပြီးပြောသည်။
"သူ အခု အိမ်ပြန်လာနေတဲ့လမ်းမှာ...သူတို့ပြောတာက ဒဏ်ရာရထားတယ်တဲ့... ဧကရာဇ်မင်းမြတ်က သမားတော် လွှတ်လိုက်တယ်..."
သူမစကားမဆုံးခင် ကျန်းရှုယောင် သူမ၏စကတ်ကို ကောက်မကာ ပြေးထွက်လာခဲ့သည်။
ဤအဖြစ်အပျက်သည် သခင်မကြီးကို မလွဲမသွေ ထိတ်လန့်စေမည်ဖြစ်သည်။ ကျန်းရှုယောင် အိမ်တော် တံခါးဝသို့ ပြေးသွားသောအခါ သခင်မကြီး၊ ရှဲ့လန် နှင့်ရှဲလီတို့က စောင့်နေပြီဖြစ်သည်။
အိမ်တော်တံခါးပွင့်လာပြီး စစ်သည်နှစ်ယောက်က ရှဲ့ရွှင်းကို သယ်ဆောင်လာခဲ့သည်။ သူ့မျက်နှာက ဖြူဖျော့နေကာ တစ်ကိုယ်လုံးကို ပတ်တီးစည်းထားပြီး မျက်လုံးများမှိတ်ထားကာ သတိလစ်နေပုံရသည်။
သခင်မကြီး ချက်ချင်းပင် မူးလဲသွားရာ လူတစ်စုက သူ့မကို ကမန်းကတန်းလှမ်းတွဲလိုက်ကြရသည်။
သူတို့အားလုံးက သခင်မကြီးကို ပြုစုနေကြသည်။ ကျန်းရှုယောင် သာလျှင် ရှဲ့ရွှင်းကို စောင့်ရှောက်ရန် စိတ်အားထက်သန်ပြီး စစ်သည်များကို တတိယအိမ်တော်ခွဲဝင်းဆီသို့ အလျင်အမြန်ပို့ဆောင်စေခဲ့သည်။
"သူ ဆိုးဆိုးရွားရွားထိခိုက်ထားတာလား"
စစ်သည်က ဦးညွတ်ပြီး "မဆိုးရွားပါဘူး...ဒါပေမဲ့ မိုးရွာတော့ အခု ကိုယ်ပူတက်လာပါတယ် " ဟု ပြန်ပြောသည်။
ကျန်းရှုယောင် တုန်ရီသွားသည်။ ရှေးခေတ်က အဖျားက ကြောက်စရာကောင်း၏။
သူမ၏စိတ်ထဲရှိ ထိတ်လန့်ကြောက်ရွံ့မှုကို ဖိနှိမ့်ကာ အစေခံများကို အိပ်ယာသန့်ရှင်းရေးလုပ်ရန် ဆင်ခြင်တုံတရားဖြင့် စီစဉ်ပေးပြီး ရှဲ့ရွှင်းကို အရှေ့တောင်ပံတွင်ထားလိုက်သည်။
မကြာခင်မှာ တော်ဝင်သမားတော်ရောက်လာ၏။ ပထမဦးစွာ သူက အဖျားပျောက်ဆေးကို ညွှန်ကြားပြီးနောက် ရှဲ့ရွှင်း၏ဒဏ်ရာကို ပြန်လည်ပတ်တီးစည်းခဲ့သည်။ အဖျားပျောက်ဆေး ဟင်းရည်ပြုတ်ပြီးနောက် ကျန်းရှုယောင် သူ့ကိုတိုက်ကျွေးလိုပ်သည်။
ရှဲ့ရွှင်း လွန်စွာ စိတ်ရှုပ်ထွေး နေသော်လည်း သူမျိုချလိုက်ပြီး ပန်းကန်လုံးကို ခက်ခက်ခဲခဲအပြောင်ရှင်းလိုက်၏။
နာရီအနည်းငယ်ကြာပြီးနောက် သူ၏နဖူးမှ အပူများ ငြိမ်သက်သွားသည်။ကျန်းရှုယောင် သက်ပြင်းတစ်ချက်ချလိုက်ခါရှိသေး ညသန်းခေါင်မှာ သူက အပူပြန်တက်လာ၏။
အံ့သြစရာကောင်းသည်က ရှဲ့ရွှင်းအဖျားက ဒုတိယညမှာ လုံးဝပျောက်သွားသည်။
တော်ဝင်သမားတော်က အသက်ကြီးလာသည်နှင့်အမျှ စွမ်းအင်ချို့တဲ့လာသည်။ ရှဲ့ရွှင်း အဖျားပျောက်သည်ကိုမြင်သောအခါ အိမ်အပြင်ကိုထွက်ရန်ပြင်ပြီးဆို၏။
"အဖျားပျောက်ပြီးရင် ကြီးကြီးမားမားပြဿနာမရှိတော့ဘူး...အနားယူပြီးကုသပေးရင် သူ့အတွက် ကောင်းတယ်... မနက်ဖြန်မှ ဆေးလဲဖို့ ပြန်လာခဲ့မယ်... "
ကျန်းရှုယောင် သူ့ကို အမြန်ကျေးဇူးတင်လိုက်ပြီး သမားတော်ကို ငွေအနည်းငယ်ပေးလိုက်သည်။
ရှဲ့ရွှင်း အဆင်ပြေသည်ဟု သမားတော်က ပြောပေမဲ့ ကျန်းရှုယောင်က စိုးရိမ်နေတုန်းပါပင်။သူမ
ရှဲ့ရွှင်း၏ကုတင်ရှေ့တွင်ထိုင်ကာ သူ့နဖူးကအပူချိန်ကို လက်ဖမိုးဖြင့် အဆက်မပြတ်စစ်ဆေးသည်။
ပိုင်ကျီက သူမကို အကြိမ်အနည်းငယ် စည်းရုံးခဲ့ပေမဲ့ ကျန်းရှုယောင်က မသွားသဖြင့် သူမ တိတ်တိတ်လေး ထွက်သွားခဲ့၏။
ည၏ဒုတိယတစ်ဝက် ကျန်းရှုယောင် အိပ်ပျော်ခါနီးတွင် ရှဲ့ရွှင်း နိုးလာသည်။
သူလှုပ်ရှားသွားသောအခါ ကျန်းရှုယောင် ချက်ချင်းနိုးလာသည်။ တစ်ယောက်ယောက်ကို ခေါ်ခါနီးမှာ သူ့မျက်လုံးတွေက ရှုပ်ထွေးနေသည်ကိုတွေ့လိုက်ရ၏။
"မင်းဘာလို့ငါ့အိမ်မက်ထဲဝင်နေပြန်တာလဲ"
ကျန်းရှုယောင်၏ ကြောက်ရွံ့မှုသည် ရုတ်တရက် မြေကြီးပေါ် ကျသွားပြီးပြုံးပြုံးလေး ပြောလိုက်သည်။
"ဘာအိပ်မက်လဲ... အိပ်တော့"
ရှဲ့ရွှင်းက တစ်စုံတစ်ခုကို ရေရွတ်ကာ အိပ်ပျော်သွားပြန်သည်။
နောက်တစ်နေ့ ရှဲ့ရွှင်းနိုးလာသောအခါ ကျန်းရှုယောင်က ကုတင်စောင်းတွင် အိပ်ပျော်နေပြီဖြစ်သည်။
မျက်တောင်ခတ်ပြီး အိပ်ယာခင်းကိုကြည့်ကာ သူဘယ်ရောက်နေမှန်းမသိပေ။ သူ့ရင်ဘတ်ထဲက စာတစ်စောင်ကို ထိရန် မသိစိတ်က လက်လှမ်းမိသည်။
လက်ကို မြှောက်လိုက်သည်နှင့် ဒဏ်ရာကို ထိသွားပြီး နာကျင်မှုကြောင့်ပင့်သက်ရှိုက်မိသွားသည်။
ကျန်းရှုယောင် လန့်နိုးလာသည်။ သူမ မော့ကြည့်လိုက်သောအခါ ရှဲ့ရွှင်းက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီး အနည်းငယ်မှင်သက်သွားသည်။
"ဘယ်လိုနေလဲ... အဆင်မပြေဘူးလား"
ကျန်းရှုယောင် ရှဲ့ရွှင်း၏နဖူးကိုထိရန် လက်လှမ်းလိုက်သော်လည်း သူက သူမကိုရှောင်ရန် သူ့ခေါင်းကိုလှည့်လိုက်သည်။
သူမ ထိတ်လန့်သွားသော်လည်း သူမ မတုံ့ပြန်နိုင်ခင်မှာရှဲ့ရွှင်း၏စကားကို ကြားလိုက်ရ၏။
"မင်းအရင်ထွက်သွားပြီး ငါ့အစေခံကောင်လေးကို ဝင်ခိုင်းလိုက်"
အချိန်အတော်ကြာ ဝေးကွာနေခဲ့ပြီး သူ့ကို ပြန်တွေ့ပြီးနောက် သူ နိုးလာပြီး ပထမပြောလာသည့်စကား ယခုလိုဖြစ်လိမ့်မည်ဟု ကျန်းရှုယောင်မမျှော်လင့်ထားခဲ့ပါချေ။
"ဘာဖြစ်လို့လဲ"
ရှဲ့ရွှင်းက သူ့ခေါင်းကို ပို၍ပင်လှည့်လိုက်သည်။
ကျန်းရှုယောင် စိတ်ရှုပ်ထွေးသွားသည်။ သူမ နားမလည်သော်လည်း ရှဲ့ရွှင်း၏ဆန္ဒအတိုင်း လိုက်ပေးဆဲပါပင်။
ရှဲ့ရွှင်းက နှစ်ရက်လောက် အိပ်ခဲ့သည်။ ဆေးကလွဲပြီး ဘာမှမစားခဲ့ပေ။ကျန်းရှုယောင် ထွက်လာပြီး ညွှန်ကြားချက်ပေးပြီးနောက် သူ့အတွက် ယာဂုလုပ်ရန် မီးဖိုချောင်သို့ သွားခဲ့သည်။
ယာဂုပြုတ်ပြီးနောက် အခန်းထဲပြန်ဝင်ချိန်တွင် ရှဲ့ရွှင်းက ကိုယ်တစ်ဝက်ထထိုင်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူက လန်းဆန်းနေသည်။ သူ၏ မှင်နှင့်တူသော ဆံပင်ကို တစ်ဝက်စည်းထားပြီး ကော်လာပင် သပ်ရပ်နေပြီး အခုမှကိုယ်လက်သန့်စင်ပြီး ဖြီးလိမ်းပြင်ဆင်ထားပုံရသည်။
ကျန်းရှုယောင်က မေးခွန်းထုတ်ရင်း လမ်းလျှောက်လာပြီး ပန်းကန်ကို ချလိုက်သည်။
ရှဲ့ရွှင်းက အရင်စကားဆိုလာသည်။
"မတွေ့တာကြာပြီ"
"ရှင် အစေခံကိုဝင်လာခိုင်းတာက...ရှင့်ကိုကူပြီး ဖြီးလိမ်းပြင်ဆင်ခိုင်းဖို့လား"
ရှဲ့ရွှင်း၏ အပြုံးက သူ့မျက်နှာပေါ်တွင် အေးခဲသွားပြီး သူ့နားရွက်ခြေများ တဖြည်းဖြည်း နီရဲလာသည်။သူ၏ ရှက်စရာကောင်းသော အသွင်အပြင်ကို ကျန်းရှုယောင်မြင်သွားသည်ကိုတွေးကာ ဓားကို ပြန်သယ်ပြီး ထိုလုပ်ကြံသူများကို သတ်ပစ်ချင်သည်။
"ဘာကြီးလဲ...ရှင်က ထိခိုက်ထားတာကို မေ့သွားပြီလား"
သူမ ဒေါသထွက်နေသည်ကိုမြင်သောအခါ ရှဲ့ရွှင်းက "ဒါက ဒဏ်ရာလေးတစ်ခုပါပဲ" ဟု ကမန်းကတန်းပြောလိုက်သည်။ စိတ်လှုပ်ရှားပြီး ဒဏ်ရာများကို လှုပ်ရှားမိသည့်အခါ သူ့မျက်နှာ က ဖြူဖျော့သွား၏။
သူ့ကို ထိုသို့မြင်သောအခါ ကျန်းရှုယောင် ဒေါသမထွက်တော့ပေ။လက်ထဲမှာ ပန်းကန်တစ်လုံးကိုင်ပြီး အိပ်ယာဘေးမှာ ထိုင်ချလိုက်ကာပြောလိုက်သည်။
"ရှင် မစားရတာ နှစ်ရက်ရှိပြီ...ဗိုက်ထဲအစာရှိအောင် ယာဂုနည်းနည်းသောက်ပါ"
သူမပြောသည်က အမှားအယွင်းမရှိသော်လည်း ရှဲ့ရွှင်း၏နားထဲတွင် ရုတ်တရက် ပဲ့တင့်သံလို ခံစားလိုက်ရသည်။
အပြင်မှာ အကြာကြီးစားပြီးနောက် နောက်ဆုံးမှာ အိမ်ပြန်ပြီး စားကောင်းသောက်ဖွယ်တွေ ရနိုင်ခဲ့သည်။သို့ပေမဲ့ အဆုံးမှာ ဒဏ်ရာရပြီး ရိုးရိုးယာဂုပဲ သောက်နိုင်ခဲ့၏။
ရှဲ့ရွှင်း ရိုးရိုးဂယာဂုပန်းကန်ကို ကြည့်ပြီး အနည်းငယ် မတရားခံရသလို ခံစားလိုက်ရသည်။
ကျန်းရှုယောင်က သူဘာတွေတွေးနေမှန်းမသိပေ။ ယာဂုကို ခပ်ယူပြီး မှုတ်ပြီးနောက် ဇွန်းကို ဆီပါးစပ်သို့တေ့ပေးလိုက်သည်။
ရှဲ့ရွှင်း ပါးစပ်ကို နာခံစွာဖွင့်လိုက်သည်။ ယာဂုဖြူဖြူက ဆန်၏ သန့်စင်သောရနံ့ဖြင့် အလွန်ပျော့ပျောင်းနေသည်။သူ၏လည်ချောင်းမှလျှောဆင်းသွားကာ ဗိုက်ကိုနွေးထွေးစေသည်။
“အရသာမရှိဘူး” ဟု သူညည်းညူလိုက်သည်။
ကျန်းရှုယောင်က မျက်လုံးများပင့်ကာ သူ့ကို စိုက်ကြည့်နေသည်။ ရှဲ့ရွှင်း သူ့စိတ်ထဲတွင် တစ်စုံတစ်ရာကို ခံစားလိုက်ရပြီး သူ၏ ဖရိုဖရဲစိတ်သည် တည်ငြိမ်လာသည်။
ကလေးဆန်သဖြင့် သူ့ကိုယ်သူ တိတ်တဆိတ် ကြိမ်းမောင်းမိ၏။ သူမကိုတောက်တီးတောက်တဲ့ ပြောရသည်က တကယ်ရှက်စရာကောင်းသည်။
သူရှင်းပြခါနီးတွင် ကျန်းရှုယောင်က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူ့မျက်လုံးများရှေ့တွင် သူမမျက်နှာက ပုံကြီးချဲ့လာသည်ကို မြင်နေရပြီး သူ့စိတ်ထဲတွင် ဖရိုဖရဲ ဖြစ်သွားပြန်သည်။ သူ့နှုတ်ခမ်းပေါ်ရှိ ဖျတ်ခနဲ နူးညံ့မှုကိုသာ ခံစားလိုက်ရသည်။
ကျန်းရှုယောင်က နောက်တစ်ကြိမ်ပြန်ထိုင်လိုက်ပြီး ဘာမှမဖြစ်သလိုပဲ ယာဂုတစ်ဇွန်းကို ထပ်ခပ်ကာ သူ့ပါးစပ်နားကို ကမ်းပေးလိုက်သည်။
ရှဲ့ရွှင်းက ပါးစပ်ကိုဖွင့်ပြီး သောက်လိုက်သည်။
"အခုကော"
ရှဲ့ရွှင်းက ခဏအကြာ ကြောင်အနေပြီးမှဆိုသည်။
"ချိုတယ်"
"ထပ်သောက်ချင်လား"
"အင်း"
ရှဲ့ရွှင်းက မဆိုင်းမတွ ပြန်ဖြေလေသည်။
.............
လျန်လျှိုနှင့် သူ၏ညီအစ်ကိုများသည် လမ်းဘေးအစားအစာဈေးအ၀င်ဝတွင် ရန်သူနှင့်ရင်ဆိုင်နေသကဲ့သို့ တင်းမာစွာရပ်နေခဲ့သည်။
သူ့လက်မောင်းမှာ ဒဏ်ရာရသွားပြီး သူရဲကောင်းပီသသည့် အသွင်အပြင်နှင့်မလိုက်ဖက်သော အဖြူရောင်အ၀တ်စက သူ့လည်ပင်းမှာ တွဲလောင်းကျနေ၏။ သူက ထိုနေရာတွင် လေးလေးနက်နက်ရပ်နေသည်မှာ အနည်းငယ်ရယ်စရာကောင်းနေပုံရသည်။
"ဒါလား"
ဗိုလ်ကြီးတစ်ယောက်က သံသယနှင့်လှမ်းကြည့်
ကာ လျန်လျှို ခေါင်းညိတ်လိုက်သည်။ သူ ပဟေဠိဖြစ်ပေမဲ့ အထင်အမြင်သေးမှုပြသရန် အတတ်နိုင်ဆုံးကြိုးစားပြီးပြောလိုက်၏။
"ဒါက မျိုးရိုးကလင်းက ပြောတဲ့ဟာပဲ...ဟမ့်...အဲဒါက ဘယ်လို စားသောက်ဆိုင်မျိုးဖြစ်မလဲ သိချင်နေခဲ့တာ"
လမ်းတစ်ဖက်တစ်ချက်စီကို လှမ်းကြည့်လိုက်သည့်အခါ လမ်း၏တစ်ဖက်တစ်ချက်စီမှာ ရိုးရှင်းသည့်ဆိုင်တွေကို တွေ့လိုက်ရသည်။
"ငါတို့မြို့ရဲ့ စားသောက်ဆိုင်တွေက ဒီနေရာထက် အများကြီး ပိုမိုက်တယ်"
"ဟုတ်တယ်"
လျန်လျှို၏ဒဏ်ရာများက မစိုးရိမ်ရသော်လည်း ဧကရာဇ်မင်းမြတ်က သူ့တာဝန်ကျရာသို့မပြန်မီ မြိုတော်တွင် သူ၏ဒဏ်ရာများပြန်လည်ကောင်းမွန်လာသည်အထိနေရန် အထူးပြောခဲ့သည်။လျန်မိသားစုသည် ပေကျင်းတွင် အိမ်တစ်လုံးရှိသည်။ လျန်လျှို ပြန်လည်သက်သာလာရန်အတွက် ပိတ်ထားသောတံခါးနောက်တွင်နေသင့်သည်ဟု ပြောခြင်းသည် ကျိုးကြောင်းဆီလျော်သော်လည်း သူက အိမ်အတွင်း၌ ပိတ်လှောင်မွန်းကြပ်မနေချင်ပေ။
ထို့အပြင် သူ လင်းချန်ကြောင့်အဆွခံထားရသည့်အတွက် လင်းချန်ဂုဏ်ယူနေသည့် လမ်းဘေးအစားအစာဈေးကို အပြေးသွားခဲ့၏။
စျေးကို လာလည်သူတွေ အားလုံးက သာမန်လူတွေဖြစ်ပြီး လူတိုင်းက အလွန် အေးအေးလူလူရှိကြသည်။စားသုံးသူ အနည်းငယ်က သူတို့ကို မြင်ပြီး ကျောကို တည့်တည့်မတ်မတ်ထားကာ ထိတ်လန့်စွာ ကြည့်နေကြသည် ။
သူတို့၏ အသားအရောင်က တစ်နှစ်ပတ်လုံး နေရောင်နှင့် ထိတွေ့နေရသော ဂျုံရောင်ဖြစ်ပြီး ၎င်းတို့၏ မျက်နှာများက အေးစက်နေသည်။ လျန်လျှိာ နှင့် သူ၏လူများက ကြည့်လိုက်သည်နှင့် သာမန်လူမဟုတ်မှန်းသိသာ၏။ စားသုံးသူများသည် မသိစိတ်က သူတို့အား လမ်းပေးကြသည်။
လျန်လျှို၏နောက်လိုက်တပ်သားများသည် လူများက သူတို့ကိုကြည့်နေသည်ကိုမြင်သောအခါ အနည်းငယ်စိုးရိမ်သွားကာမေးလိုက်၏။
"စစ်သူကြီး...ကျုပ်တို့ကိုဘာလို့ဒီလိုကြည့်နေတာလဲ"
လျန်လျှိူလည်း တဖြည်းဖြည်း တောင့်တင်းလာပြီးဆိုလိုက်သည်။.
"ဝင်လာပြီး အရင်ငွေပေးရမှာတော့ မဟုတ်ဘူးမလား"
သူ လေထဲရှိ ကျက်သရေရှိသော အစားအစာ၏ ရနံ့ကို ရှူရှိုက်ကာ ပို၍လိပ်ပြာမလုံဖြစ်လာသည်။
"မဟုတ်ဘူး... သူတို့က အကျင့်ပျက်တဲ့သူတွေမဟုတ်ဘူးမလား...သူတို့က ဘဝင်မကျ မကြင်နာတတ်ဘဲ ငါ့ကို လှည့်စားဖို့နည်းလမ်းတွေ တွေးနေတာဖြစ်ရမယ်"
သူပြောသည့်စကားက သူ့ဘေးနားရှိ စားသုံးသူများ၏ နားထဲသို့ တိုးဝင်လာပြီး သူ့ကို ထူးထူးခြားခြား ကြည့်နေသည်။ ဒီလူက ရည်မွန်တဲ့လူနဲ့တူတယ်....ဒီလိုမကောင်းတဲ့စကားတွေကို သူဘယ်လိုလုပ်ပြောနိုင်ရတာလဲ...
"ဒီကဆရာရဲ့ မှတ်ချက်က မှားပါတယ်...ပေကျင်းကိုလာလည်ရင် ဒီလမ်းဘေးဈေးအကြောင်း သိနိုင်ပါတယ်... အရည်အသွေးမြင့်ပြီး ဈေးနှုန်းချိုသာတာကြောင့် နာမည်ကြီးပါတယ်"
လျန်လျှို သူ့ကိုယ်သူ တောပေါ်သားတစ်ယောက်နှင့်မတူအောင် ကြိုးစားပြီး "အင်း...ငါက ဒီအတိုင်း ပြောနေတာပါ" ဟု ဟန်ဆောင် ခေါင်းညိတ်လိုက်သည်။
သူ သူ့လူများကို လမ်းဘေးအစားအစာဈေးသို့ အမြန်ခေါ်သွားကာ ခုနက သူနှင့်စကားပြောနေသောလူကို လက်ဆွဲနှုတ်ဆက်ပြီးနောက် စိတ်သက်သာရာရသွားသည်။
လမ်းဘေးအစားအစာ စျေးထဲကို ဝင်လိုက်သည်နှင့် အထဲမှာ စားသောက်သူတွေ ပိုများလာပြီး အစားအသောက်၏ အနံ့ကလည်း ပိုပိုကြိုင်လှိုင်လာခဲ့၏။လျန်လျှိာ နှင့် သူ၏လူများသည် တစ်ချိန်တည်းတွင် တံတွေး မျိုချလိုက်သည်။
သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အဆုံးမှာ လျန်လျှိုက ဆုံးဖြတ်ချက် ချလိုက်သည်။ သူ့လက်ကို မြှောက်ပြီး သူ့ရှေ့က ဆိုင်ကို လက်ညှိုးထိုးပြလိုက်၏။
"ဒီတစ်ခု"
ယခုအချိန်တွင် ဆိုင်ထဲမှာ ဖောက်သည်များစွာမရှိသောကြောင့် စားပွဲအလွတ်များရှိနေသေးသည်။ လျန်လျှို နှင့် သူ့အဖွဲ့သည် ထိုင်ရန် စားပွဲတစ်ခုကို ရွေးချယ်လိုက်သည်။ သူတို့ထိုင်ပြီးသည်နှင့် စားပွဲထိုးတစ်ယောက်က မီးသွေးချောင်းနှင့်စာရွက်တို့နှင့်အတူ ရောက်လသည်။
"ဒီဧည့်သည်တွေက ဘာလိုချင်တာပါလဲ"
လျန်လျှို ယခင်က မြို့တော်မှ မြင့်မြတ်သားတော်တစ်ယောက်၏ အသွင်အပြင်ကို လေ့လာခဲ့သည်။ သူက အလွန်ကျွမ်းကျင်သည့်လေသံဖြင့် ဟန်ဆောင်ကာ ဆိုလိုက်၏။
"မင်းတို့မှာ ကိုယိပိုင်ဟင်းပွဲတွေရှိလား"
စားပွဲထိုးက မျက်လုံးပြူသွားပြီး
"ဧည့်သည်... ငါတို့ ဒီမှာ မာလာအစုံရောင်းတယ်... ဟင်းပွဲအတွက် မင်းထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေပေါ် မူတည်တယ်"
သူက မီနူးကို လျန်လျှိုကို ပေးလိုက်သည်။
"အသားလုံး၊ ဂဏန်းချောင်းတွေ ထည့်လို့ရတယ်.
... ခေါက်ဆွဲလည်း ထည့်လို့ရတယ်"
လျန့်လျှို မီနူးကို ကြည့်လိုက်သည်။ ငယ်ငယ်ကတည်းက စာဖတ်သည်ကို မကြိုက်သလို အက္ခရာတွေကို ဘယ်လိုဖတ်ရမှန်းလည်း မသိပါချေ။ နောက်ဆုံးတွင် သူ မီနူးရှိ စကားလုံးများအားလုံးကို ဖတ်နိုင်ခဲ့သော်လည်း ၎င်းတို့ကို ပေါင်းစပ်လိုက်သောအခါတွင် ၎င်းတို့က မည်သည်ဟူသည်ကို နားမလည်ခဲ့ပေ။
[ET/N- ဤသည်မှာ တရုတ်စာရေးနည်းဖြစ်သည်၊ စကားလုံးတစ်လုံးသည် တစ်စုံတစ်ရာကိုဆိုလိုသော်လည်း အခြားစကားလုံးများနှင့် ပေါင်းလိုက်သောအခါ အဓိပ္ပါယ်မှာ ကွဲပြားသည်။ ဥပမာအားဖြင့်၊ 猪下水 (ဖျင်ရင်း၊ Zhū xiàshuǐ)စကားလုံးတစ်လုံးစီသည် ဝက် (猪),အထဲမှာ(下), ရေ (水) ဟု အဓိပ္ပာယ်ရသည်။ သို့သော် ဤစကားလုံးသုံးလုံးသည် အတူတကွဆိုပါလျှင် "ဝက်ဝမ်းတွင်းသား" ဟု အဓိပ္ပါယ်ရသည်။ "ဝက်" (下水 ) ဟူသော စကားလုံးကို ထုတ်ယူပါက "ပစ်လွှတ်ခြင်း" ဟု အဓိပ္ပာယ်ရသည်။]
"အစပ်ဆော့စ်ဆိုတာ ဘာလဲ"
သူက တိုးတိုးလေးဆိုသည်။
"ကျွန်တော်မသိဘူး"
သူက မသိနားမလည်ဟန်ပေါက်မည်ကို ကြောက်သောကြောင့် မီနူးကို လက်ညှိုးထိုးပြကာ အနည်းငယ်ကို ကျပန်းအမိန့်ပေးကာ "အင်း ဒါပဲ"ဟုပြောလိုက်သည်။
စားပွဲထိုးက မှတ်စုတွေယူပြီး မေးသည်၏
"လေးပွဲလား"
"မှန်တယ်"
"ဘယ်လိုအရသာမျိုးလဲ...ကျွန်တော်တို့မှာ နည်းနည်းစပ်တာ၊အစပ်၊ ချဥ်စပ်၊ ချိုစပ်၊ ချဉ်၊ ချို၊ စပ်..."
သူ "အစပ်" ဟူသော စကားလုံးကို သတိမထားမိဘဲ အမှတ်တမဲ့ ကြံရာတစ်ခုကို ထပ်ညွှန်ပြပြန်သည်။
စားပွဲထိုးက ခေါင်းညိတ်ပြပြီး နောက်ပြန်ဆုတ်ပြီး အော်ဒါမှာလိုက်၏။
ခဏအကြာတွင် ပူပူစပ်စပ် အငွေ့တထောင်းထောင်းနှင့် ပန်းကန်လုံးလေးလုံးကို စားပွဲပေါ်တင်လိုက်သည်။
"ဒါကဘာလဲ"
မီနူးကို မဖတ်နိုင်သည့်အခါ ဤလူတွေ၏အသုံးအနှုန်းတွေက ပိုခက်ခဲနေသည်။
မာလာအစုံ သို့မဟုတ် အစပ်အစုံသည် မာလာထန့် နှင့် အနည်းငယ် ဆင်တူသည်။ မာလာအစုံတွင် ဟင်းရည်မရှိခြင်းမှလွဲ၍ အမျိုးမျိုးသောပါဝင်ပစ္စည်းများပါဝင်ပြီး အဓိက ဟင်းခတ်အနှစ့မှာ နှမ်းဆော့စ်ဖြစ်သည်။ စားသုံးသူများ၏ရွေးချယ်မှုအရ အချို၊ အချဉ်၊ အစပ်အရသာတို့ကို ရွေးချယ်နိုင်သည်။ ၎င်းတွင် အသား၊ ဟင်းသီးဟင်းရွက်နှင့် ခေါက်ဆွဲများ ပါဝင်သည်။ ပါဝင်ပစ္စည်းများ ကြွယ်ဝပြီး အရောင်အသွေးစုံလင်ကာ နှမ်းဆော့ပျစ်ပျစ်က ပါဝင်ပစ္စည်းများကို အညီအမျှ ထုပ်ပိုးထားသည်။ အနီရောင်ဆီအနည်းငယ်နှင့်တောက်ပနေပုံရပြီး အရသာက မာလာထန့်ထက် ပိုပြင်းသည်။
ထိုကဲ့သို့ ပန်းကန်လုံးကြီးကြီးတစ်လုံးသည် ကြည့်ရသည်မှာအထူးအဆန်းဖြစ်ကာ အနံ့လည်းရနေသည်။ လျန်လျှို နှင့် သူ၏လူများသည် အလွန်စျေးကြီးမည်ကို မစိုးရိမ်ဘဲမနေနိုင်ပေ။
စားပွဲထိုးထွက်သွားပြီးနောက် သူတို့သည် သူတို့၏ တူများကို ရွှေ့ရန် တုံ့ဆိုင်းသွားကြသည်။
အစပ်ထဲမှာ ရောမွှေပြီး နှမ်းအနှစ်ကမွှေးပြီး စပ်သည့်အနံ့ကို ထုတ်ပေ။ ချိုချဉ်အရသာက မျက်နှာဆီ ပြေးတက်လာသောအခါ တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းလှ၏။
ဟင်းပွဲတစ်ခုတွင် ပါဝင်ပစ္စည်းများများစွာကို အသုံးပြုခြင်းအကြောင်းမှာ ပါဝင်ပစ္စည်းတစ်ခုစီသည် အခြားပါဝင်ပစ္စည်းများမှ အချိူရည်ကို စုပ်ယူနိုင်ပြီး အရသာပိုပြင်းသည်။ထို့အပြင် အသွင်အပြင်ကို ပိုကောင်းအောင်လုပ်ရန် အရောင်အလွှာကိုလည်း ထည့်သွင်းထား၏။ ဥပမာအားဖြင့် အစိမ်းရောင်ပင်လယ်မှော်ကိည နှမ်းစေ့ဖြင့် အစက်အစက်ချကာ အနီရောင်ဆီအနည်းငယ်ဖြင့် တောက်ပနေသည်။ အလွန်ဆွဲဆောင်မှုရှိပုံရသည်။
လျန်လျှိုက မြောက်ပိုင်းတွင် ကြီးပြင်းခဲ့သည်။ ကလီစာမပြောနှင့်၊ ပင်လယ်စာပင် မစားဖူးပေ။
ပင်လယ်မှော်၏ အရေပြားက အနည်းငယ် ကြွပ်ရွပြီး ချောမွတ်ပြီး အသားက အလွန်ခိုင်မာသည်။ ပင်လယ်အရသာရှိသော်လည်း အနည်းငယ် ထူးဆန်းသော ငါးအနံ့ကို စပ်ပြီး ချိုသောအရသာဖြင့် ထိန်းထားပြီး ပြင်းထန်သော အူမားမီအရသာကိုသာ ချန်ထားသည်။
ဟင်းရည်ကို ပင်လယ်မှာ်ထက် စုပ်ယူထားသော အခြားအသီးအရွက်တစ်ခုကို ကောက်ယူခဲ့သည်။ ဟင်းရွက်အရွက်များကို အရသာစိမ် စိမ်ထားပြီး အရသာက လေးလံနေသည်။ သူ့ပထမဆုံးကိုက်သည်က နှမ်အရသာနှင့်ပြည့်နှက်ပြီး ကြွပ်ကြွပ်လေးနှင့်ဝါးရသည်။နှမ်းဆော့စ်က နူးညံ့ပေမဲ့ လွှမ်းမိုး၏။ မွှေးကြိုင်သောရနံ့သည် သူ့နှုတ်ခမ်းများနှင့် ပါးပြင်နေရာတိုင်းကို လွှမ်းခြုံထားသည်။ သူ့လျှာဖျားက အနည်းငယ်ထုံပြီး စပ်သလိုခံစားရသော်လည်း အရသာပိုကောင်းစေသော ချိုချဉ်အရသာကြောင့် အစပ်အရသာက လှုံ့ဆော်မှုကို မသိစိတ်က လျစ်လျူရှုလိုက်သည်။ စွဲလမ်းခြင်းသာ ကျန်တော့သည်။ အဆုံးအထိ အသီးအရွက်တွေ၏ လတ်ဆတ်မှုကို အရသာခံပြီးရင်း အရသာခံနိုင်၏။
Xxxx