အပိုင်း ၁၁၂
Viewers 18k

Chapter 112


လျန်လျှို လုံးဝ အံ့အားသင့်သွားသည်။ ဒါ... အခုပဲ ဝင်လာတုန်းက တချို့က "အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတယ်" လို့ပြောကြတယ်...ဒါမျိုးရိုးနာမည်လင်းရဲ့ အကြံအစည်ဖြစ်ရမယ်...ဒီလိုအရသာရှိတဲ့ အစားအသောက်တွေက ဘယ်လိုလုပ်စျေးသက်သာနိုင်မလဲ...

သို့ပေမဲ့ သူ့စိတ်ကူးကို ချက်ချင်းဖယ်လိုက်၏၊ အရသာက အရေးကြီးဆုံးပါပင်။

ငါးအသားလုံးများသည် ထုတ်ထုတ်လေးနှင့် အူမားမီ အရသာအပြည့်ရှိသည်။ အသားအူများသည် ကြွပ်၊ ပျော့ပျောင်းပြီး အတွင်းတွင် ဖယောင်းကဲ့သို့ဖြစ်ကာ ခေါက်ဆွဲများသည်် စိတ်ဝိညာဉ်ဖြစ်သည်။ နူးညံ့သိမ်မွေ့သောအရသာနှင့်အသားအရသာနှင့်ပြည့်စုံသည်။ကျယ်ပြန့်ပြီး ဝါးရကာ နူးညံ့ချောမွေ့၏။ ဆော့စ်နှင့် ပြည့်နှက်နေပြီး သွားနှင့်လျှာဖျားမှာ ခုန်နေပြီး ဝါးရသည်မှာ စွဲလမ်းစေ လွန်းသည်။

ပန်းကန်လုံးကြီးကြီးကို ဖြည်းညှင်းစွာစားပြီး အများစုကို အရသာမြည်းကြည့်ရန်အလုပ်များရင်း စားသုံးကြသည်။ ပန်းကန်အောက်ခြေရှိ နှမ်းဆော့စ်နှင့် ခေါက်ဆွဲလက်ကျန်များက ရော၍လုံးထွေးကာ ပိုပျစ်လာစေသည်။

ယခုအချိန်မှာ ခေါက်ဆွဲတွေ စိမ်ထားပြီး ဆော့စ်များ ပြည့်နေကာအနည်းငယ် နူးအိနေပြီဖြစ်သည်။ တူဖြင့် မွှေသောအခါ စေးကပ်သော အသံထွက်သည်။ ပန်းကန်လုံးအောက်ခြေတွင်ကျန်နေသော နှမ်းဆော့စ် များအားလုံးကို ထုပ်ထားသည့် ခေါက်ဆွဲအအထွေးကြီး ညှပ်ယူလိုက်ကြသည်။

လက်ရှိအချိန်မှာ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ပြီး ပါးစပ်ထဲထည့်ကာ ဖောင်းနေသည့်ပါးတွေနှင့် ဖြည်းညှင်းစွာ ဝါးရသည်။အဆုံးသတ်ရလဒ်က ၎င်းသည် ခေါက်ဆွဲမဟုတ်ဘဲ ဆော့စ်စစ်စစ်ကဲ့သို့ အပြင်းထန်ဆုံးနှမ်းဆော့စ်အရသာကို ဖြစ်ပေါ်စေခဲ့သည်။ ကိုက်လိုက်တိုင်း ပါးစပ်ထဲမှာ မွှေးပျံ့ သင်းပျံ့သည့်ရနံ့ကို ခံစားလိုက်ရ၏။ ခေါက်ဆွဲပျော့တွေက ဝါးရလွယ်ကူပေမဲ့ သိပ်မပျော့ပါချေ။ နှမ်းဆော့နှင့် တွဲစားရင်း ကျေနပ်စရာကောင်းသည့် ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။

လျန်လျှို နှင့် သူ့အဖွဲ့သည် ပန်းကန်အောက်ခြေရှိ ခေါက်ဆွဲကို သန့်ရှင်းသပ်ရပ်စွာစားပြီး နှမ်းဆော့စ်အစက်တိုင်းပြောင်သွားကြောင်း သေချာစေရန် ပန်းကန်အောက်ခြေတွင် ၎င်းတို့၏ တူများကို သုတ်နေဆဲဖြစ်သည်။

စားသောက်ပြီးသောအခါတွင်
ကျေနပ်အားရစွာ မော့ကြည့်လိုက်ရာ သူတို့ရှေ့တွင် ရပ်နေသော အမျိုးသမီးတစ်ဦးက သူတို့ကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

သူမ၏ မျက်ခုံးနှင့် မျက်လုံးများသည် သူရဲကောင်းဆန်ပြီး သပ်ရပ်စွာ ၀တ်ဆင်ထားသည်။ မြို့တော်ရှိ လှပသောအမျိုးသမီးများနှင့်မတူဘဲ သူမ၏ရုပ်သွင်သည် ဖြောင့်စင်းပြီး ယုံကြည်ချက်ရှိသည်။

လျန်လျှို အစာစားခြင်းကို နှစ်သက်သော်လည်း သူ့စိုးရိမ်မှုကို လက်မလွှတ်နိုင်ပေ။ ဆိုင်ရှင်က သူ့ပိုက်ဆံတွေကို ဖြုန်းတီးပစ်မှာကို သူကြောက်မိသည်။(ပိုတောင်းမှာကြောက်)

သူတံတွေးမြိုချလိုက်ပြီး မြို့ထဲကိုဝင်လာသည် တောင်ပေါ်သားတစ်ယောက်မဟုတ်သလိုမျိုး ပြုမူလိုက်၏။

"အင်း...ဘဏ္ဍာရေးမှူး ငွေရှင်းမယ်"

အမျိုးသမီးက သူ့စကားကြားသောအခါ သူ့မျက်ခုံးတွေ အနည်းငယ်ကျုံ့သွားကာဆိုသည်။

"ရှင့်ရဲ့ လေယူလေသိမ်းကို နားထောင်ရတာ ပေကျင်းက လူနဲ့မတူဘူး"

လျန်လျှို ချက်ချင်း မပျော်မရွှင်ဖြစ်သွား၏။ သူ့လေယူလေသိမ်းက လေးနေသလား...

"ဘာဖြစ်လဲ...ကျုပ်...ကျုပ်တို့မှာလည်း အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်... ဥပမာ၊ အိုး... ဘာလဲ၊ သိုးသားစွပ်ပြုတ်က အရသာရှိတယ်၊ တောဝက်ကင်....."

အမျိုးသမီးက သူ့ကိုဝင်ဖြတ်ပြောသည်။
“ရှင်က မြောက်ပိုင်းကလား”

သူ အနည်းငယ် အံ့သြသွား၏။
"ကြားနိုင်သေးတယ်လား"

အမျိုးသမီးက ပြုံးပြီး ဆိုသည်။

"ဟုတ်တယ်...ကျွန်မက မြောက်အရပ်ကဆိုတော့" ဤအချိန်မှာ သူမက အနည်းငယ် မျက်လွှာချလိုက်သည်။ လွမ်းဆွတ်မှုတဝက် အထီးကျန်မှုတစ်ဝက်ဖြင့်ရေရွတ်၏။

"သိုးသားစွတ်ပြုတ်နဲ့တောဝက်ကင်က ဘယ်လိုအရသာရှိတဲ့အရာမျိုးလဲ"

လျန်လျှို သူမစကားနားမထောင်ချင်ပေမဲ့ ဤအမျိုးသမီးရှေ့မှာ ကြွားလုံးထုတ်ဝံ့ခြင်းမရှိပေ။

ကျိုးရှီက သူမ၏ ခေါင်းကိုမော့လိုက်ပြီး နက်မှောင်သော အသားအရည်နှင့် တောက်ပသော မျက်လုံးများဖြင့် သူတို့ကို မြင်လိုက်သည်နှင့် မော့ပေကို လွမ်းဆွတ်မှုအားခံစားလိုက်ရသည်။

"ရှင် စစ်မြေပြင်ရောက်ဖူးလား"

လျန်လျှိုက ဂုဏ်ယူစွာနှင့်"ဟုတ်တယ်" ဟု မသိစိတ်ဖြင့် ပြန်ဖြေလိုက်မိသည်။

ကျိုးရှီ၏ မျက်နှာ ပေါ်တွင် ဖော်ရွေသော အပြုံးတစ်ခု ရှိနေသည်။သူမ ဘာတွေတွေးနေလဲဆိုသည်ကို မည်သူသိနိုင်မည်နည်း၊ သို့ပေမဲ့ သူမမျက်လုံးတွေက သက်သာရာရစေသည့်အရိပ်အမြွက်နှင့်သူတို့ကိုကြည့်ပြီးဆိုသည်။

"စားပွဲထိုး... ဒီမောင်ငယ်တွေကို အစပ်အစုံ ပန်းကန်လုံးလေးတွေနဲ့ ဘေးဆိုင်က ထမင်းလိပ်နည်းနည်းလောက် ပေးလိုက်ပါ...ပန်ကိတ်နဲ့တခြားတစ်ခုခုလည်းယူခဲ့လိုက်... ငါ့ထဲမှာ မှတ်လိုက်ပါ"

လျန်လျှို စိတ်ရှုပ်ထွေးပြီး ဘာတွေဖြစ်နေလဲ နားမလည်ဘူပေ။ ကျိုးရှီက ထွက်သွားတော့မည်။ လမ်းတစ်ဝက်တွင် သူမက ခေါင်းကိုလှည့်ကာ လျန်လျှိုကို လက်ညှိုးထိုးပြပြီးပြော၏။

"သူက ဒဏ်ရာရနေတာ ...အစပ်စာ မစားရဘူး"

စားပွဲထိုးက အောက်ထပ်ဆင်းသွားသည်ကိုကြည်ွပြီးနောက် လျန်လျှိုတုံ့ပြန်လာပြီး ကျိုးရှီကို ဆောလျင်စွာ တားလိုက်သည်။

"အဲ ဒီအမျိုးသမီး...ခင်ဗျားစာရင်းထဲကိုထည့်လိုက်ဆိုတာ​ ဘာကိုဆိုလိုတာလဲ"

ကျိုးရှီက သူမခေါင်းကို လှည့်ကာ ဘာမှမထူးခြားဟန် ပြုံးပြီးဆိုသည်။
"မြောက်ပိုင်းကလူငယ်တွေကို တွေ့ရခဲပါတယ်... ကျေးဇူးပြုပြီး ထမင်းတစ်နပ်ကျွေးပါရစေ"

“မြောက်ကိုပြန်ရောက်ရင် ဒါတွေစားနိုင်မှာမဟုတ်ဘူး” ဟု သူမက ဆက်ပြောသည်။ သူမထွက်သွားသည်နှင့်တပြိုင်နက် လျန်လျှို အံ့အားသင့်သွားသည်။

လျန်လျှို၏ နောက်မှ အော်ခေါ်သံများကိုလျစ်လျူရှုကာ သူမ အောက်ထပ်သို့ သပ်ရပ်စွာ ဆင်းသွားခဲ့သည်။

ဆိုင်အပြင်ဘက်၌...
ကျိုးရှီ လမ်းဘေးမှာ ငြိမ်သက်စွာ ရပ်နေပြီး လမ်းဘေးအစားအစာဈေးမှာ လူတွေ သွားလာနေသည်ကို စောင့်ကြည့်နေ၏။ စားသောက်သူအားလုံးက ပြုံးရွှင်ကာ ကျေနပ်ကြသည်။ အလုပ်များသည့်နေ့တွေမှာ သူတို့ကိုယ်သူတို့ အစားအသောက်နှင့်ပြုစုရန် လာကြသော စီးပွားရေး လုပ်ငန်းရှင်တွေ ရှိသလို အစားကြီးရာတွင်မွေ့လျော်နေကြ ကျွမ်းကျင်သူအိုကြီးများ လည်း ရှိကြပြီး မိသားစုကို လည်ပတ် နှုတ်ဆက်ရန်ခေါ်လာသည့် ခင်ပွန်း တစ်ချို့ လည်းရှိသည်... သူတို့ပုံရိပ်များက သူမ၏မှတ်ဉာဏ်ထဲတွင် မှုန်ဝါးဝါးဖြစ်နေသော မော့ပေမှာရှိသည့်လူများ၏ပုံရိပ်များနှင့် တဖြည်းဖြည်း ထပ်လာ၏။

သူမ စိတ်ထဲတွင် တုန်ယင်သွားပြီး သူမ၏ နှလုံးသားထဲတွင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ မြောက်ဘက်သို့ လှမ်းကြည့်ကာ တိုးတိုးလေး တီးတိုးပြောလိုက်၏။

"မြောက်ပိုင်းသို့ အပြန်..."

*

ရှဲ့ရွှင်း၏ အဖျားက ဆုတ်သွားပေမဲ့ သူ့ရင်ဘတ်မှာ ဓားဒဏ်ရာက မသက်သာသေးပါချေ။ဆေးရည်တစ်ခါသောက်စာသောက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ဒဏ်ရာက တဖြည်းဖြည်း သက်သာလာခဲ့သည်။

ကျန်းရှုယောင် လုပ်ငန်းကိစ္စအားလုံးကို ကျိုးရှီထံ အပ်နှင်းခဲ့ပြီး အစားအသောက်ကို မစဉ်းစားတော့ပါချေ။ သူမ ရှဲ့ရွှင်း ၏ဒဏ်ရာများကို နေ့တိုင်း ပြုစုစောင့်ရှောက်ခဲ့သည်။

ရှဲ့ရွှင်းက ၎င်းကို အတော်လေး စိတ်မသက်မသာခံစားပြီး သူမကိုဖြောင့်ဖြလိုက်၏။

"ငါမှာ ဒဏ်ရာသေးသေးလေးပဲ ရှိတာ... အဲဒါက ကြီးကြီးမားမား ပြဿနာမဟုတ်ဘူး... ကိုယ့်ကိုကိုယ် ဒုက္ခပေးစရာ မလိုဘူး"

ကျန်းရှုယောင်က ခေါင်းခါလိုက်ပြီး
"မဟုတ်ဘူး...ကျွန်မရှင့်ကို စိတ်ပူတယ်...ကျွန်မနေတာပိုကောင်းမယ်"

ရှဲ့ရွီင်းအလိုလို ယဉ်ကျေးသမှုအရတစ်ခုခု ပြောလိုသော်လည်း အကြောင်းပြချက်ဖြင့် သူ့ကိုယ်သူ အမြန်ထိန်းလိုက်သည်။ သူ့နှုတ်​ခမ်းကို ကိုက်​လိုက်​ပြီး သူ့ကိုယ်သူ စကားပြောခွင့်မပေး။

မုန်းစရာဟုထင်ရပေမဲ့ ကျန်းရှုယောင်ကို သူနှင့်ပိုအတူရှိနေစေချင်သည်။

ကျန်းရှုယောင်က သူ့အောက်နှုတ်ခမ်းကို ကိုက်ထားသည်ကိုမြင်ပြီး သူ့ဒဏ်ရာက နာကျင်နေသည်ထင်ကာ "ဘာဖြစ်နေတာလဲ...အဆင်မပြေဘူးလား" ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

သူမပြောရင်းဖြင့် သူ့ဆီကိုင်းညွှတ်လာတော့မည်ပြုသည်။ ရှဲ့ရွှင်း သူက တစ်နေ့တာ အိပ်ယာပေါ်တွင် လဲလျောင်းနေခဲ့ပြီး ပင်ပန်းကာ ချွေးထွက်များနေသည်ဟု ထင်ခဲ့သည်။ သူ့ကိုယ်သူ မသန့်ရှင်းရသေးပေ။ သူ့မှာ အနံ့ရှိမှာကို ကြောက်ပြီး အမြန်ရှောင်ကာပြောလိုက်သည်။

"မလာနဲ့"

ကျန်းရှုယောင်က ဤအရာသည် သူ၏ သန့်ရှင်းမှု ပြဿနာဖြစ်သည်ကို သိသည်။ သူမ ယခင်က အစေခံငယ်တစ်ဦးကို ဝင်လာပြီး သူ့ခန္ဓာကိုယ်ကို သုတ်ပေးရန် အကြိမ်ပေါင်းများစွာ ခိုင်းခဲ့ရှိသော်လည်း ယနေ့တွင် သူမ ၎င်းကို အသုံးမချရန် ဆုံးဖြတ်ခဲ့သည်။

"ရှင်က ကုတင်ပေါ်မှာ လဲလျောင်းနေရတာ... တစ်နေ့ကို နှစ်ကြိမ် ဘယ်လိုလုပ်ဆေးကြောရမှာလဲ... အအေးပတ်တာ ဒါမှမဟုတ် ဒဏ်ရာကို ထိခိုက်စေနိုင်တယ်...အဲဒါက မတန်ဘူး"

ရှဲ့ရွှင်းက သန့်ရှင်းမှုကို နှစ်သက်သော်လည်း ယခုအချိန်တွင် သန့်ရှင်းရေးလုပ်ရခြင်း၏ အကြီးမားဆုံးအကြောင်းရင်းမှာ သူအဆင်မပြေသောကြောင့်မဟုတ်ဘဲ ကျန်းရှုယောင် သူ့ဘေးတွင်ရှိနေသောကြောင့်ဖြစ်သည်။သူက မဖြစ်မနေ သန့်ရှင်းသပ်ရပ်နေရမည်။

ဤအတွေးက ရှင်းပြ၍မရပေ။ သူက ကျန်းရှုယောင်ကိုကြည့်ရန် သူ့မျက်လုံးတွေကို ပင့်လိုက်ပြီး အမြန်အကြည့်လွှဲလိုက်သည်။

ကျန်းရှုယောင်က သူ၏သေးငယ်သော လှုပ်ရှားမှုတွေကို ဂရုမစိုက်ဘဲ ကုတင်စောင်းမှာ ထိုင်ချလိုက်သည်။

"သည်းခံလိုက်ပါ...ညဘက် အိပ်ရာမဝင်ခင် တစ်ကိုယ်လုံးကို သုတ်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်...အခု ဆေးအရင်သောက်လိုက်ပါ"

ရှဲ့ရွှင်းက သူ့နှုတ်ခမ်းတွေကို မကျေမနပ် မဲ့လိုက်ပြီး ချေပရန် ကြိုးစားပေမဲ့ ကျန်းရှုယောင် စိတ်မချမ်းသာမှာ ကြောက်နေခဲ့သည်။

ကျန်းရှုယောင်က သူ့ကို ဆေးတိုက်ရန် ငုံ့မိုးလာတော့မှာကို မြင်လိုက်ရသောအခါ သူ၏ အဆင်မပြေမှုတွေနှင့်သတိထားတွေးတောမှုတွေ ပေါ်လာပြန်၏။ သူက လက်ကို အလျင်အမြန် မြှောက်ပြီးပြောလိုက်သည်။

“ငါ့ဘာငါသောက်မယ်"

ဤတစ်ခါတွင် သူ့လက်ကို ပြင်းပြင်းထန်ထန် မြှောက်လိုက်မိသည်။ သူ သူ၏ဒဏ်ရာကို ရွှေ့လိုက်ရာ ကျန်းရှုယောင်၏လက်ကောက်ဝတ်ကို ထိတော့မည့် သူ့လက်က တွန့်ကွေးသွားကာ ဆေးပန်းကန်လုံး ရုတ်တရက် မှောက်သွားခဲ့သည်။

ပူပူနွေးနွေး ဟင်းရည်က သူ့ရင်ဘတ်ပေါ် ဖိတ်ကျကာ ညည်းတွားမိသွားသည်။

"ရှင်ဘာဖြစ်နေတာလဲ"

၎င်းကိုမြင်သောအခါ ကျန်းရှုယောင် တခြားအရာတွေကို ဂရုမစိုက်ဘဲ သူ့ရင်ဘတ်ပေါ်က ပတ်တီးကို စစ်ဆေးရန် အမြန်ထလိုက်၏။

သူက ရင်ဘတ်တွင် ဒဏ်ရာများရရှိခဲ့ပြီး ၀တ်ရုံများကို ဖြည်းညှင်းစွာ ချည်နှောင်ထားသည်။ ကော်လာကို ဆွဲထုတ်ပြီးနောက် အတွင်းဘက်ပတ်တီးကို ပေါ်လွင်စေခဲ့သည်။

ထိုအချိန်တွင် အဝတ်ဖြူက အညိုရောင်ဟင်းရည်များဖြင့် စွန်းထင်းနေပြီး ကျန်းရှုယောင်
အလွန်ကြောက်သွားသဖြင့် "ပူနေသလား" ဟု အမြန်မေးလိုက်သည်။

သူမက အလွန်နီးကပ်နေပြီး ရှဲ့ရွှင်း အသက်မရှူဝံ့တော့သောကြောင့် အဖြေက မဖြစ်နိုင်ပေ။

ကျန်းရှုယောင် သူစကားရပ်သွားသည်ကို တွေ့လိုက်ရပြီး အဝတ်အစားကိုဖွင့်ရန် ကတ်ကြေးကို အမြန်ယူလိုက်သည်။ စိုသွားလျှင် ဒဏ်ရာက ပြည်တည်သွားနိုင်၏။

ရှဲ့ရွှင်းက သူမကို ဆွဲချကာဆိုသည်။
"မလှုပ်နဲ့"

အဝတ်အစားများတစ်လျှောက်တွင် သူမ၏လက်ဖဝါးများမှာ နွေးထွေးနူးညံ့မှုကို ခံစားလိုက်ရပြီး ရှဲ့ရွှင်း မလှုပ်ရှားဝံ့တော့ပေ။

အထည်ကို ဖြတ်သည့်အခါ သူမ အတော်လေး သတိထားပေမဲ့ ရှဲ့ရွှင်းကို ထိခိုက်မှာစိုးသောကြောင့် သူမ အနားတိုး အတော်များများ ကပ်သွားခဲ့ပြီး နီးကပ်လွန်း၍ ရှဲ့ရွှင်း သူမ နှာခေါင်းကနေ အသက်ရှူထုတ်လိုက်သည့်လေကိုပင် ခံစားရနိုင်၏။

သူမ မျက်လွှာချလိုက်သောအခါ မျက်တောင်တွေ တုန်သွားပြီး သူမက အတော်ပင် အာရုံ စူးစိုက်နေသည် ။

ရှဲ့ရွှင်း သူမကို တိတ်တဆိတ် ခိုးကြည့်လိုက်ပြီး အပူ သူ့လည်ပင်းမှ နားခြေအထိ တိုးလာသည်။ သူ့မျက်နှာက တဖြည်းဖြည်း နီရဲလာပြီး အပူဒဏ်ကြောင့် မျက်လုံးများပင် စိုစွတ်တောက်ပလာသည်။

သို့သော် သူမက အလွန်ဂရုတစိုက် လှုပ်ရှားနေသည်။ သူမက ပတ်တီးကိုဖြတ်ကာ တစ်ချက်ကြည့်လိုက်ပြီး အမှားတစ်ခုက သူ့ဒဏ်ရာကို မတော်တဆထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ၎င်းကိုထိလိုက်သည်။

ဤသည်က ရှဲ့ရွှင်း အတွက် အလွန်အမင်းနှိပ်စက်နေခြင်း ပါပင်။ သူမကို အလျင်အမြန် ထွက်သွားစေချင်ပေမဲ့ သူ့ကို မထားခဲ့စေချင်ပြန်ပေ။

သူ တဖြည်းဖြည်း စိတ်တွေ ဟိုလွင့်သည်လွင့်ဖြစ်သွားသည်။ယခု​လိုဖြစ်လာမည်ဆိုသည်ကို သူသိခဲ့လျှင် သူမသူ့အတွက် ဆေးကျိုနေစဥ့် သူ့ခန္ဓာကိုယ်ကို သုတ်ပေးပြီး ဆံပင်ဖြီးရန် ကူညီပေးမည့်သူတစ်ယောက်ခေါ်ခဲ့လိမ့်မည်။

ထိုအချိန်တွင် ကျန်းရှုယောင် အတွင်းလွှာကို စတင်ဖြတ်တောက်လိုက်သည်။

သူမ၏လက်ချောင်းများက အထည်၏အစွန်းကိုချိတ်ကာ သူမ၏လက်ချောင်းထိပ်များက သူ့အရေပြားအနှံ့ လျှောဆင်းလာပြီး ရှဲ့ရွှင်းကို အနည်းငယ်ထုံကျဉ်ယားယံမှုနှင့်အတူ တောင့်တင်း သွားစေသည်။

ကျန်းရှုယောင် သူ၏တင်းမာမှုကို ခံစားလိုက်ရပြီး ရှဲ့ရွှင်း ဆေးရည်ကိုမှောက်ချပစ်ခြင်းထံမှ ဒေါသများက ပျောက်ကွယ်သွားခဲ့သည်။ သူမ လေသံကို ပျော့ပြောင်းပြီး "နာကျင်နေလား" ဟု မေးလိုက်သည်။

သူမ ခေါင်းကို မြှောက်လိုက်သောအခါ သူမ၏ အကြည့်များသည် ရှဲ့ရွှင်း၏ မျက်လုံးများထဲသို့ ကျရောက်သွားသည်။

သူမက သူ့ကိုကြည့်ရန် မျက်လွှာချလိုက်၏။ သူ့မျက်လုံးများ၏ အစွန်းများသည် အနည်းငယ် ချွန်သွားသည်။ အကွေ့အဝိုက်များက လှပနေသည်။ မျက်တောင်များက စိုရွှဲတောက်ပြောင်နေသည့် သူ၏ကြည်လင်သောမျက်လုံးများကို ပိတ်ဆို့ထားသည်။ သူက အနည်းငယ် မတရားခံနေရသလိုပါပင်။

ကျန်းရှုယောင် သူ၏ အလှကြောင့် စွဲလမ်းသွားပြီး မေးပင့်ကာ သူ့ကိုနမ်းလိုက်သည်။ သူမက ချော့ပြောလိုက်၏။

"တောင်းပန်ပါတယ်... ရှင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်"

ရှဲ့ရွှင်း အစပိုင်းတွင် စိတ်ရှုပ်ထွေးသွားသည်။ သူဘာမှမပြော ဘာမှမလုပ်ဘဲ သူမထံမှ အနမ်းခံလိုက်ရပြန်သည်။ ရုတ်​တရက်​ပင်​ မူး​ဝေလာ၏။ သူ့စိတ်တွေ ထုံကျင်နေပြီး ဘာဖြစ်သွားလဲ မသိပေ။


ကျန်းရှုယောင်က တတွတ်တွတ် ရှင်းပြသည်။

"တော်ဝင်သမားတော်ကလည်း ရှင့်ရဲ့ ဒဏ်ရာတွေပျောက်အောင် လှုပ်လှုပ်ရှားရှားမနေဖို့ပြောတယ်...ရှင့်ရဲ့ ခန္ဓာကိုယ်ကို တစ်နေ့ နှစ်ကြိမ် သုတ်ရင် ဒဏ်ရာကို လှုပ်မိလိမ့်မယ်...ရှင်ဟိုလုပ်သည်လုပ် လှုပ်နေရင် ဘယ်တော့မှပျောက်မှာလဲ"

သူမ ပတ်တီးကိုဖြတ်ပြီးသွားသည်နှင့် ပတ်တီးကို ညင်သာစွာ ဆွဲထုတ်ကာ သူ့ကိုရစ်ပတ်ထားသော ပတ်တီးဖြူကြိုးများကို ဖယ်လိုက်သည်။

သို့ပေမဲ့ သူမ ရှဲ့ရွှင်းကို မလှုပ်ရဲခိုင်းတော့ဘဲ ကုတင်ပေါ်တက်ပြီး ရှဲ့ရွှင်းကိုခွ၍ သူ့နောက်ကျာ စလွယ်သိုင်းထားသည့်အဝတ်စများကို ဆွဲယူရုံသာတတ်နိုင်သည်။ မထင်မှတ်ပဲ ရှဲ့ရွှင်းက သူ့ခြေထောက်ကို ကွေးလိုက်၏။ သူမ သတိမထားမိဘဲ ရုတ်တရက် ခလုတ်တိုက်ကာ စောင်ပေါ် လဲကျသွားသည်။

သူမ ကမန်းကတန်းထလိုက်ပြီး
"ရှင့်ဒဏ်ရာကို ဖိမိလိုက်လား"

သူမစကားမဆုံးခင်မှာ လုံးပတ်တစ်ခုကိုခံစားလိုက်ရပြီး ဒေါသထွက်သွား၏။

"ဒီလောက်ဂရုမစိုက်ဘာမစိုက်နဲ့ ဘယ်သူက ဓားမြှောင်ကိုကုတင်ပေါ်တင်ထားလဲ"

ပြောရင်းနှင့် သူမက လက်လှမ်းကာ ...တစ်ခုခုကိုထိလိုက်သည်။

"ဟာ့"

ခြေထောက်တွေကို အကာအကွယ်တစ်ခုလို ကွေးထားသည့် ရှဲ့ရွှင်းက နာကျင်စွာ အင့်ခနဲညည်းလိုက်ပြီး ကျန်းရှုယောင် ထိတ်လန့်တကြား ချက်ချင်းရပ်လိုက်၏။(u know 😁😁)

သူမ လန့်သွားပြီး တုံ့ပြန်ခြင်းမပြုသော်လည်း ယခု ရှဲ့ရွှင်း၏မျက်နှာမှာ နီမြန်းပြီး ရှက်ရွံ့နေသည်ကိုတွေ့လိုက်ရသဖြင့် သူမ နားမလည်နိုင်စရာအကြောင်းမရှိပေ။ သူမ ပတ်တီးကို အမြန်ဆက်ချွတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် ရှောင်ထွက်ပြီးပြောလိုက်၏။

"တစ်ယောက်ယောက်ကို ဝင်လာဖို့ ခေါ်ပြီး ရှင့်ကိုပတ်တီးလဲခိုင်းလိုက်မယ်"

သူမထွက်သွားပြီးချင်း ရှဲ့ရွှင်းကဆွဲဆွဲငင်ငင်မြည်တမ်းပြီး ကုတင်ပေါ်သို့ လဲကျသွားသည်။ ဒဏ်ရာကို အုပ်ကိုင်ပြီး နာကျင်မှုကြောင့် အံကြိတ်လိုက်၏။


Xxxxx