Chapter 113
ဘဲသားယာဂု(ဆန်ပြုတ်)
ရှဲ့ရွှင်း၏ နောက်ဆုံးအကြိမ် ထိန်းမနိုင်သိမ်းမရ တုံ့ပြန်မှုနှင့်ပတ်သက်၍ နှစ်ဦးစလုံးက ထိုသို့မဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့ကြသည်။ နောက်ရက်အနည်းငယ်တွင် ကျန်းရှုယောင်က ရှဲ့ရွှင်း အနားယူရာတွင် ကြိုကြားကြိုကြား အဖော်ပြုပေးကာ ညနေပိုင်းတွင် ရှဲ့ရွှင်းကိုအရှက်မရစေရန်အတွက် သူမ ပိုင်ကျီအိပ်လေ့ရှိသည့် အပြင်ဘက်ခန်းတွင် တိုက်ရိုက်အိပ်စက်ခဲ့သည်။
သူမက ရှဲ့ရွှင်းအတွက် ယခုလိုလုပ်ခဲ့ပေဲ့ သူ့အတွက်က အပြစ်ပေးမှုတစ်ခုပါပင်။သူ သူမကို ကျူးလွန်မိသည့်အတွက် အခန်းထဲမှာ သူ့ကို အဖော်မပြုချင်တော့ဟုထင်နေ၏။
ရှဲ့ရွှင်း ဤရက်ပိုင်းတွင် ပြန်လည်သက်သာလာအောင်လုပ်နေသောကြောင့် အိပ်ရာထဲမှ ထမရသည့်အတွက် စာဖတ်ရုံသာ အချိန်ဖြုန်းနိုင်ခဲ့သည်။သို့ပေမဲ့ "အဲဒါ" ပြီးသွားကတည်းက သူ စာအုပ်ကို လုံးဝဖတ်၍မရတော့ပေ။
ကျန်းရှုယောင် ဝင်လာချိန်မှာ သူက စာအုပ်ကို ကိုင်ထားရင်း ငေးမောနေသည်ကိုတွေ့လိုက်ရ၏။
အမှန်တွင် ရှဲ့ရွှင်းက ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းသူဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည်က ပုံမှန်ပါပင်။ ကျန်းရှုယောင် ရှက်နေသော်လည်း သူမစိတ်ထဲမထားမိပေ။
“ရှင့်စာအုပ်ဇောက်ထိုးဖြစ်နေတယ်"
သူမက ပြောလိုက်သည်။
ရှဲ့ရွှင်း အသိစိတ်ပြန်ဝင်လာပြီး စာအုပ်ကို ဇောက်ထိုးလှန်လိုက်သည်။ ပြန်ကြည့်လိုက်သောအခါ စာလုံးတွေက တကယ်ကို ဇောက်ထိုးဖြစ်နေ၏။
ကျန်းရှုယောင်း ရယ်မောရင်း သူ့ဘေးနားကို လျှောက်လာပြီး ဝင်ထိုင်လိုက်သည်။
"အခန်းထဲမှာနေတာ ရက်အတော်ကြာနေပြီ...ပျင်းနေပြီလား"
ရှဲ့ရွှင်းက စာအုပ်ကို ခေါင်းအုံးဘေးမှာ ထားလိုက်ပြီး တည်ငြိမ်ယောင်ဆောင်၏။
"အင်း...ဒါပေမဲ့ ငါ့ဒဏ်ရာက ပိုကောင်းလာတယ်...ရက်ပိုင်းအတွင်း အိပ်ရာက ထနိုင်မယ်ထင်တယ်"
"ဒီလောက်မြန်မြန်ကြီး ဘယ်လိုဖြစ်ရတာလဲ...အရင်က ယောက်မ ခြေထောက်ဒဏ်ရာရတော့ သူက နောက်နေ့ အိပ်ယာကထွက်ဖို့ ပြဿနာရှာနေတာလေ... လှဲရင် တစ်လကျော်လောက်မှာ ဒဏ်ရာက သက်သာလာရမှာ... ဒါပေမဲ့ သူချိုင်းထောက်ပေါ်မှာ နှစ်လကျော်ကြာအောင် နေခဲ့ရတာနဲ့အဆုံးသတ်သွားတယ်”
ရှဲ့ရွှင်း သူ့အမူအကျင့်ကို ထိန်းသိမ်းရန်အတွက် ကျိုးရှီကဲ့သို့ ချိုင်းထောက်များကို ဘယ်တော့မှ ခွင့်မပြုနိုင်သောကြောင့် "ဒါဆို ငါကောင်းကောင်းအနားယူမယ်" ဟုသာ ပြောနိုင်ခဲ့သည်။
ကျန်းရှုယောင် သူ့ကို အနည်းငယ် အအေးခံထားတဲ့ ဆေးဖက်ဝင်ဟင်းရည်ကို ပေးလိုက်၏။
"ဆေးသောက်"
နေ့တိုင်း ဆေးသောက်ချိန်ရောက်လျှင် ရှဲ့ရွှင်းက ရရှက်နေပေမဲ့ ကျန်းရှုယောင်က အဆင်ပြေနေပုံပါပင်။
ဆေးတိုက်ပြီးနောက် ကျန်းရှုယောင် သူ့ပါးစပ်ကို ဆေးကြောရန် ရေသန့်ပေးလိုက်သည်။
"နေ့လည်မှာ မုန်လာဥချဉ်နဲ့ဆန်ပြုတ်ဖြူ သောက်ရင်ရော"
ကျန်းရှုယောင်၏လက်ရာက အလွန်ကောင်းသည်။ မုန်လာဥချဉ်ကိုပင် အရသာရှိအောင် လုပ်နိုင်၏။၎င်းသည် ကြွပ်ဆတ်ပြီး အရသာရှိသည်။ ငန်ပြီး လတ်ဆတ်သော ချဉ်ဖတ်များသည် အချို နှင့် အခါးသောရောစပ်ထားသော အရသာစွဲကျန်စေသည်။ မနက်စာ (သို့) ညစာအတွက် စားလျှင် ပေါ့ပါးပြီး ဆန်ပြုတ်နှင့်ကွက်တိဖြစ်သည်။သို့ပေမဲ့ ရှဲ့ရွှင်းတစ်ယောက် တစ်နေ့ သုံးနပ်ကို မစားနိုင်ခဲ့ပါချေ။
"ဝက်ပေါင်ခြောက် စားချင်တယ်" ဟု သူက တိတ်တိတ်လေး ပြောလိုက်သည်။
ကျန်းရှုယောင်က ဤတောင်းဆိုမှုကို ငြင်းဆိုခဲ့ပြီး
သူမစာများကိုလှန်လောရင်း စားပွဲဆီကို ပြန်လှည့်လာကာပြောလိုက်၏။
"ဘယ်လိုလူနာမျိုးက ဝက်ပေါင်ခြောက်စားလို့လဲ...ဗိုက်ကိုအာဟာရဖြစ်အောင် ပေါ့ပေါ့ပါးပါး စားရမယ်"
ပုံမှန်ဆိုလျှင် ရှဲ့ရွှင်းက စကားပြောလိမ့်မည်မဟုတ်သော်လည်း လွန်ခဲ့သည့်တစ်ရက်က "အဖြစ်အပျက်" ကို တွေ့ကြုံပြီးနောက် ရှဲ့ရွှင်း အရှုံးမပေးချင်သလို ခံစားခဲ့ရသည်။
"ဒါပေမဲ့...ဝက်ပေါင်ခြောက် စားချင်တယ်"ဟု အသံတိုးတိုးနှင့် ဆန္ဒပြလိုက်၏။
ကျန်းရှုယောင်က သူ့ကို ပြန်ကြည့်၏။ သူ့ဒဏ်ရာတွေကုပေးနေတုန်း ဘယ်လိုလုပ် ကလေးစိတ်ဖြစ်သွားတာလဲ...
“မရဘူး” ဟု သူမက ပြတ်ပြတ်သားသားပြောသည်။
ရှဲ့ရွှင်းက ဘာမှပြန်မပြောဘဲ စာအုပ်ကို စိတ်အားငယ်စွာကိုင်ကာ ဆက်ဖတ်သည်။
ဤသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဖြစ်ခဲ့သည်။ ရှဲ့ရွှင်းကအိပ်ယာပေါ်တွင် စာဖတ်နေပြီး ကျန်းရှုယောင်က စီးပွားရေးစာများဖြေရှင်းရင်း စားပွဲဝိုင်းတွင် ရှိနေသည်။
ပြတင်းပေါက်အပြင်ဘက်မှာ ငှက်ကလေးတွေ တေးဆိုသံ၊ သစ်ရွက်တွေ တလှုပ်လှုပ်သံများနှင့် အခန်းက အလွန် တိတ်ဆိတ်နေ၏။
ကျန်းရှုယောင် အရေးကြီးသောအရာများကို ကိုင်တွယ်ပြီးနောက် အကျော ဆန့်လိုက်သည်။ မီးသွေးခဲတံကို မကိုင်ခင်မှာ အနောက်ကနေ တိုးညှင်းသည့်အသံကို ကြားလိုက်ရ၏။
"ဝက်ပေါင်ခြောက် စားချင်တယ်"
သူမ ခေါင်းကို လှည့်ပြီး ရှဲ့ရွှင်းကို ပြောစရာစကားမဲ့စွာ ကြည့်နေလိုက်သည်။
ရှဲ့ရွှင်း၏ မျက်လုံးများက တောင်းခံမှုတစ်ခု ထုတ်ဖော်ပြသနေသည်။
"အသားနည်းနည်းစားတာ ရပါတယ်"
သူဗိုက်ဆာနေပြီး စားချင်စိတ်က နွားတစ်ကောင်ထက် ပိုကြီး၏။အလုပ်ခရီးပြီး တစ်လအတွင်း အစားကောင်းကောင်းမစားရဘဲ ပြန်လာသောအခါ နေ့တိုင်း ဆန်ပြုတ်ပဲသောက်နိုင်ခဲ့သည်။ သူသည်းခံနိုင်ပါ့မည့်လော။သူက အစားကြူးနေခြင်း မဟုတ်ပေ။ သူသာ လင်းချန်ဆိုလျှင် မြေကြီးပေါ်တွင် လှဲနေမှာဖြစ်ပြီး နောက်နေ့တွင် အသားတောင်းရန် လူးလှိမ့်နေပေလိမ့်မည်။
ကျန်းရှုယောင် အကူအညီမဲ့နေသည်။ သူမ ခဏလောက်စဉ်းစားပြီး ညှိနှိုင်းလိုက်၏။
"အင်း...ကျွန်မရှင့်အတွက် ဘဲသားယာဂုလုပ်ပေးမယ်"
......
ကျိုးရှီ တတိယအိမ်တော်ခွဲ၏ ခြံဝင်းသို့ ရောက်သောအခါ ကျန်းရှုယောင် ဘဲသားအချို့ကို ကြော်ကာ မီးနည်းနည်းဖြင့် ဆီများကို ဖြည်းညှင်းစွာ ကြော်လိုက်သည်။ တစ်ခန်းလုံး မွှေးကြိုင်သော အနံ့များ ပြည့်နှက်နေပြီး ဘေးတွင် ဘဲပြုတ်ရည်ကလည်း မွှေးပျံ့နေကာ လူကိုတံတွေး မျိုချမိသွားစေသည်။
"ဟင်"
ကျိုးရှီက ဝင်လာပြီးသည်နှင့် စပ်စပ်စုစုမေးလိုက်သည်။
"ဘဲစွပ်ပြုတ် ဘာလို့ ပြုတ်နေတာလဲ... ဘဲသားဟင်းရည်ကို ရိုးရိုး ယာဂုနဲ့ စားလို့ရလို့လား"
ကျန်းရှုယောင်က ပြုံးပြီးဆို၏။
"ဘယ်လိုလုပ်ဖြစ်မှာလဲ...ဘဲသားဟင်းရည်နဲ့ ဘဲသားဆန်ပြုတ် လုပ်ရတာ"
"ဘဲသားဆန်ပြုတ်"
သူမ ကုန်းကာ ဘဲစွပ်ပြုတ်၏ အရသာကို ရှူရှိုက်လိုက်သည်။
"အဆင်သင့်ဖြစ်ရင် ပေးမြည်းပါဦး... အရသာကောင်းရင် အားရှန့်အတွက် လုပ်နည်းကို ငါလသင်မယ်"
ကျိုးရှီ နှင့် ရှဲ့ရှန့် တို့သည် ပို၍ လိုက်ဖက်ညီစွာ ပေါင်းသင်းလာကြသည်။ တစ်ယောက်က သတိလက်လွတ်ဖြစ်ပြီး နောက်တစ်ယောက်က တိတ်ဆိတ်ပြီး ဟန်ဆောင်မှုကင်း၏။ နှစ်ယောက်သား တိတ်တဆိတ် ပေါင်းသင်းရန် အသင့်တော်ဆုံးနည်းလမ်းကို သူတို့နှစ်ယောက် ရှာတွေ့ခဲ့သည်။ သာမန်အမေနှင့်သမီးလောက် မရင်းနှီးပေမဲ့ နေ့တိုင်း နာရီအနည်းငယ်ကြာအောင် အေးအေးဆေးဆေး အတူအချိန်ဖြုန်း နိုင်သည့်အတွက် သူတို့ အလွန် ကျေနပ်ကြသည်။
"ကောင်းပြီ... ဒီယာဂုက ပေါ့ပါးပြီး မွှေးပျံ့တယ်... ကလေးတွေသောက်ဖို့ အရမ်းသင့်တော်တယ်"
ကျန်းရှုယောင် အတိတ်ကို တဖြည်းဖြည်း ထားရစ်ခဲ့သော ကျိုးရှီကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"ယောက်မ...ယောက်မက အားရှန့်အတွက် နေ့တိုင်း ဟင်းပွဲတွေ လုပ်နေတာ... ဒီလို ဂရုစိုက်မှုနဲ့ သားအမိနှစ်ယောက် ပိုပိုအဆင်ပြေလာမယ်လို့ကျွန်မယုံကြည်တယ်"
ကျိုးရှီ ခဏလောက် အေးခဲသွားပြီး ရှက်ရွံ့စွာ ပြုံးကာဆိုလိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ငါ ပေါ့ပေါ့ပါးပါးပဲ လုပ်လိုက်တာ.. ငါ့လက်ရာက မကောင်းဘူး...နည်းလမ်းတွေ အများကြီး ငါမသိဘူး"
ဤအကြောင်းကိုပြောရင်း သူမ သည်ကိုစီးပွားရေးလုပ်ရန်လာသည်ကိုသတိရပြီး သူမလက်ထဲက ပုလင်းကို ကျန်းရှုယောင်ကိုပြလိုက်သည်။
"ငါကြိတ်ထားတဲ့ ဟင်းခတ်မှုန့်ကို မြည်းကြည့်ပါဦး... အချိုးအစားက သင့်တော်ပါ့မလား"
ကျိုးရှီက အစားအသောက်၊ ဟင်းခတ်အမွှေးအကြိုင် အစရှိသည်တို့ကို မကြာခဏ တွေးတောတတ်သည်။ အချိန်တိုင်း သူမက ကျန်းရှုယောင်ကို ပထမဆုံးမြည်းစမ်းကြည့်စေ ချင်သည်။ ဤက သူမ"ဆရာသခင်" အပေါ်မှာ သူမ၏ယုံကြည်မှုပါပင်။
ကျန်းရှုယောင် တူတစ်ချောင်းကိုယူ၍ ဟင်းခတ်မှုန့်ထဲသို့ နှစ်သည်။
ဟင်းခတ်မှုန့်က ငန်ပေမဲ့ အငန်အရသာက အစပ်ကို မထိန်းနိုင်ပေ၏။ အစပ်က လတ်ဆတ်ပြီး ချိုကာ အတော်လေး ပြင်းပြီး စပ်သည်။ အတော့လေး အောင်မြင်သည်။
ကျိုးရှီက ကျန်းရှုယောင် ကြုံဖူးသမျှထဲတွင် အစပ်စားနိုင်ဆုံးသူဖြစ်သည်။ သူမ ပထမဆုံး မြည်းစမ်းပြီးကတည်းက အစပ်အရသာကို လုံးဝ စွဲလန်းသွားခဲ့သည်။ သူမ၏ အစပ်ခံနိုင်ရည်က ပို၍ကောင်းလာသည်။ ကျန်းရှုယောင်ကို အကြံဥာဏ်နှင့် ချက်ပြုတ်နည်းများ သင်ယူရန် တောင်းဆိုသောအခါတွင် သူမ၏စိတ်ဝင်စားမှု အများစုမှာ စီချွမ် ဟင်းလျာများဖြစ်ပြီး သူမ၏ စကားအရ "အလွန်စပ်သော" ဖြစ်သည်။
ထို့ကြောင့် အနှီအစပ်ဟင်းခတ်အမွှေးအကြိုင်က အဓိကပါပင်။ကျန်းရှုယောင် ဟင်းခတ်မှုန့်ကို မြည်းစမ်းကြည့်ရင်း ရုတ်တရက် သူမစိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာသည်။
"ဒုတိယအစ်မ...ဒီဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အစပ်ချောင်းတချို့ လုပ်ကြည့်လို့ ရတယ်"
"အစပ်ချောင်း"
ကျိုးရှီ နာမည်ကိုကြားသည်နှင့် အတော်လေး စိတ်ဝင်စားသွား၏။
"ငါတို့ဘယ်လိုလုပ်ရမလဲ"
ကျန်းရှုယောင် ရှဲ့ရွှင်းအတွက် ယာဂုလုပ်ရန် အလုပ်များနေသည်။ သူမကို လက်နှင့်သင်ပေး၍ မရသည့်အတွက် နည်းစနစ်ကို ပြောပြရုံပဲရှိသည်။
အစပ်ချောင်း ပြုလုပ်ရန်အတွက် ၎င်းတို့သည် ချက်ရန် အလွန်အချိန်ကုန်သော ဂလူတန် သို့မဟုတ် ပဲပိစပ်လိပ်များ လိုအပ်ပြီး ယခုအချိန်တွင် ၎င်းအတွက် စိတ်ပူစရာ မလိုပါချေ။
ကျိုးရှီနည်းလမ်းကို ချရေးရန် စာရွက်နှင့် စုတ်တံ ယူလာကာ စမ်းကြည့်ရန် သူမ၏ အိမ်ဝင်းသို့ ပြန်သွားရန် ပြင်ဆင်သည်။
လမ်းတစ်ဝက်မှာ သူမကို ကျန်းရှုယောင်က တားလိုက်သည်။
"ဟေ့ ဘဲသားယာဂုလုပ်နည်းကို မလေ့လာချင်ဘူးလား"
ကျိုးရှီက ကမန်းကတန်း ပြန်ဖြေသည်။
"အာ့... ငါ့မှတ်ဉာဏ်ကို ကြည့်စမ်း"
ဘဲသားကို အရည်ပျော်နေသည့် ဘဲဆီအလွှာပါးပါးလေးဖြင့် အိုးတစ်လုံးထဲမှာ ဖြည်းဖြည်းချင်း ကျိုထားသည်။ ကြည်လင်ပြီး မွှေးကြိုင်သော ဘဲသားဟင်းရည်၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်တောက်တောက်အဆီလွှာက လွင့်မျောနေသည်။ ထိုအချိန်တွင် ဆန်ကိုထည့်ကာ ဟင်းရည်ထဲတွင် ဖြည်းဖြည်းချင်ဆန်သားတက်ကာ ဘဲဟင်းရည်၏ အရသာနှင့် ချိုမြိန်မှုကို အပြည့်အဝ စုပ်ယူနိုင်အောင် ဆန်ကို ဆူအောင်ပြုတ်ရန် မီးအေးအေးကို အသုံးပြုသည်။ထို့ကြောင့် လူတွေက ဆန်ပြုတ်ကိုပဲစားနေပေမဲ့ မူရင်းဘဲသားအရသာကို မြည်းစမ်းနိုင်ဆဲဖြစ်သည်။
ဘဲသားက ဝက်သားလောက် မလေးပေမဲ့ အူမားမီ အရသာက ပျောက်မသွားပါချေ။ ချိုပြီး အဆီများသော်လည်း မအီပေ။ပေါ့ပေါ့ပါးပါး စားပြီး အသားကို အကြာကြီးမစားရသေးသော ရှဲ့ရွှင်း အတွက် သူ့စားချင်စိတ်ကို သက်သာရာရစေသည်။
ဘဲသားယာဂုပြုတ်ရန် အပူကို ထိန်းရပါမည်။ ပုံမှန်ဆန်ပြုတ်လောက်မပျစ်ရဘဲ ယင်းအစား ဆန်၏ပျော့ပျောင်းမှုနှင့် နူးညံ့မှုကို ထိန်းသိမ်းထားသင့်သည်။ ဆန်လုံးကွဲနေပြီး မမာလွန်းသင့်ပါချေ။ အရသာက ချောမွတ်ပြီး ချိုသည်။ ဟင်းရည်၏အရသာက အရသာရှိ၏။
ယာဂုလုပ်ပြီးနောက် ကျန်းရှုယောင် အီခြင်းကို ဖယ်ရှားပြီး လတ်ဆတ်မှုကို ဖြည့်တင်းရန်အတွက် ဂျင်းနှင့်နွေကြက်သွန်ကို ပါးပါးလှီးထည့်လိုက်သည်။နောက်ဆုံးတွင် ဘဲသားစတူးကို ယာဂု၏အပေါ်တွင် တင်လိုက်သည်။
နည်းလမ်းက မရှုပ်ထွေးပါချေ။ ကျိုးရှီ ချရေးထားလိုက်၏။ ဇွန်းတစ်ချောင်းယူပြီး မြည်းစမ်းကြည့်သည့်အခါ “ဆီပြန်ပေမဲ့ မအီဘူး... ချိုတယ်၊ နူးညံ့တယ်... ဘဲသားယာဂုကို လမ်းဘေးအစားအစာဈေးမှာ ရောင်းလို့ရတဲ့အပြင် မနက်စာဆိုင်အတွက်လည်း ကောင်းတယ်...လူတွေကို လက်ညိုးလှုပ်ချင်လာလိမ့်မယ်"
ကျန်းရှုယောင်က ပြုံးပြီးဆို၏။
"စီးပွားရေးကို ဘယ်လိုလုပ်စဉ်းစားနိုင်မှာလဲ... လမ်းဘေးအစားအစာဈေးက ချဲ့မရတော့ဘူး... အမေက လမ်းထပ်ချဲဖို့ ဆိုင်တစ်ဆိုင်ကို ရှာနေတုန်းပဲ"
ကျိုးရှီက ဟာသလုပ်လေသည်။
"နင် မြန်မြန်လုပ်ပြီး နင့်ယောကျာ်းနဲ့ သွားနေချေပါ... အဒေါ်နဲ့ ငါက စီးပွားရေးကိစ္စတွေကို စဉ်းစားမယ်"
ကျန်းရှုယောင်က ခေါင်းယမ်းကာရယ်မောလိုက်ပြီး ယာဂုနှင့်အတူ အရှေ့တောင်ပံသို့ ပြန်သွားခဲ့သည်။
သူမအခန်းထဲဝင်လာပြီးချင်းမှာပဲ ရှဲ့ရွှင်း ရနံ့တွေရခဲ့ပြီး သူ့မှာ ဒဏ်ရာတွေရှိနေသေးသည်ကို မေ့လုနီးပါးပင်။ သူထထိုင်လိုက်သည်။
"မင်းဘာလုပ်ခဲ့တာလဲ"
"ဘဲသားယာဂု"
ကျန်းရှုယောင် ရှဲ့ရွှင်း၏လက်များကို ပြင်းပြင်းထန်ထန် လှုပ်ရှားခွင့်မပြုသောကြောင့် ဤရက်အနည်းငယ်အတွင်း သူမ သူ့ကိုယာဂုခွံ့ကျွေးခဲ့သော်လည်း ယခု ရှဲ့ရွှင်း အနံ့ရသွားသဖြင့် ကျန်းရှုယောင် သူ့ကို မထိန်းနိုင်တော့ပေ။သူက ယာဂုပန်းကန်ကို လက်ဆန့်ယူလိုက်သည်။
ကျန်းရှုယောင် သူ့ကို ဘာအကျိုးမှ မရှိဘဲ တားမနေပါချေ။သူမက ပန်းကန်ကိုကိုင်စရာမလိုအောင် စားပွဲနိမ့်လေး တစ်လုံးကို သူ့ရှေ့မှာ တင်ထားရုံသာတတ်နိုင်သည်။
ဘဲသားယာဂုက ကြည်လင်ပြီး ဆန်စေ့တွေက ဝိုင်းပြီးပြည့်နေ၏။ ရွှေရောင် ဘဲသားအဆီက ပန်းကန်လုံးနားတွက်ကပ်ကာ ပေါလော ပေါ်နေပြီး မများသော်လည်း အရသာရှိသော ဘဲဟင်းရည်အတွက် ဆီနှင့် ရနံ့ကို အရိပ်အမြွက်ထည့်ကာ ယာဂုထဲတွင် အရည်ပျော်သွားသည်။
ရှဲ့ရွှင်း သူ့ပါးစပ်ထဲကို တစ်ဇွန်းထည့်ရန် မစောင့်နိုင်တော့ပေ။ ချိုမြိန်ပြီး အရသာရှိသော ဘဲသားဟင်းရည်နှင့် မွှေးကြိုင်သောဆန်တို့ ကောင်းမွန်စွာ ရောစပ်ထားသည်။ အရသာက ဆိမ့်ပေမဲ့ မငန်ပါချေ။ဆန်က ဘဲသားဟင်းရည်တွင် အရည်ပျော်ပြီး ဘဲသားဟင်းရည်က နူးညံ့သောဆန်မွှေးရနံ့ရှိသည်။ ဘဲသားကို ပြုတ်ပြီး ကြိတ်ချေထားသဖြင အသားက ဖောင်းကားနေသော်လည်း မအီပါချေ။ မျိုချပြီးနောက် နွေးထွေးမှုက သူ့ဗိုက်ထဲရောက်သွားပြီး သူ့နှုတ်ခမ်းနှင့်ပါးကြားက ချိုမြိန်မှုက အချိန်အတော်ကြာအောင် စွဲကျန်နေသည်။
တစ်ဖက်မှ ကျန်းရှုယောင်ကပြောလိုက်၏။
"မုန့်စိမ်းကြော်အချောင်းအချို့ကို အပိုင်းပိုင်းဖြတ်ပြီး စိမ်ထားရင်လည်း အရသာ ကောင်းတယ်...မုန့်စိမ်းကြော်ချောင်းတွေက စွပ်ပြုတ်ကို အလွယ်တကူ စုပ်ယူနိုင်ပေမဲ့ မုန့်သားကတော့ နူးညံ့သွားမှာ မဟုတ်ဘူး...ဘဲစွပ်ပြုတ်ရဲ့ လတ်ဆတ်မှုက ဆီပြန်သွားတတ်ပြီး ဆီပြန်တဲ့ ရနံ့တွေ ပါပေမဲ့ အရမ်းကြီးတော့ မဟုတ်ဘူး... အရမ်းစားလို့ကောင်းတယ်"
ရှဲ့ရွှင်း အစားစားတိုင်း သူမက အနီးနားကနေ အစားအသောက်နှငွ ပတ်သက်သည့် အကြောင်းအရာတချို့ကိုပြောလေ့ရှိသည်။ သူမက ဟင်းအမယ်များစွာကို မြည်းစမ်းခဲ့ပြီး မုန်လာဥနီအကြောင်း ပုံပြင်ကောင်းတစ်ခုကိုပင် ပြောပြနိုင်ခဲ့သည်၊ ၎င်းသည် လွန်ခဲ့သော ရက်အနည်းငယ်က ရှဲ့ရွှင်း မုန်လာဥချဉ်ကို မျိုချရသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ယာဂုတစ်ပန်းကန်စားပြီးနောက် ရှဲ့ရွှင်းက သူ၏ဒဏ်ရာက အလွန်တန်ဖိုးရှိကြောင်း ခံစားခဲ့ရသည်။ ဘာမှလုပ်စရာမလိုပေမဲ့ အိုးထဲကထွက်လာခါစ မွှေးကြိုင်သည့် ပူပူနွေးနွေးယာဂုကို သောက်နိုင်ပါသေး၏။ လင်းမိသားစု၏ မနက်စာဆိုင်တွင် ဤမျှ ကောင်းမွန်သော လုပ်ငန်းတစ်ခု ရှိနေသည်မှာ အံ့သြစရာမဟုတ်ပေ။ မြို့အရှေ့ဘက်တွင် ထင်ရှားစွာဖွင့်ထားသော်လည်း မြို့အနောက်ဘက်ရှိ အဆင့်မြင့်အရာရှိများနှင့် မျိုးရိုးမြင့်များကလည်း ယင်းအကြောင်းကို ကြားနေရသည်။ တခါတည်း မြည်းစမ်းရန် အပြေးအလွှားသွားပြီး ပြန်လာသည့်အခါ အရသာအကြောင်း ပြောလေ့ရှိ၏။
ရုံးတော် ထဲဝင်ကတည်းက ဖြောင့်မတ်သောအရာရှိဖြစ်လာသည့် ရှဲ့ရွှင်းတစ်ယောက် ရုတ်တရက် နေမကောင်းဟန်ဆောင်ရန် အတွေးဝင်လာခဲ့သည်။ ဒဏ်ရာသက်သာလုနီးပါးအထိ စောင့်ပြီး ဒဏ်ရာပြန်ပွင့်လာအောင်လုပ်ကာ ရက်အနည်းငယ်ကြာအောင် အနားယူရန် စီစဉ်ခဲ့၏။
သို့သော် ကျန်းရှုယောင်က ရှဲ့ရွှင်းကို အဆီများသော အစားအစာ မပေးဝံ့ပေ။ နေ့လယ်ခင်းမှာ ဘဲသား ယာဂုစားရပေမဲ့ ညဘက်မှာ ရိုးရိုးခေါက်ဆွဲကို စားရသည်။
ရက်အနည်းငယ်ကြာပြီးနောက် ကျိုးရှီ ကျန်းရှုယောင်ကိုလာတွေ့သောအခါ သူမ အစပ်ချောင်းလုပ်ရဦးမည်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
သူမက ကျိုးရှီကို အစပ်ချောင်းပြုလုပ်ရန် ဂလူတန် သို့မဟုတ် ပဲပိစပ်လိပ်များကို အသုံးပြုရန် ပြောခဲ့သည်။ ကျိုးရှီပြန်သွားပြီး အခွင့်အရေးကို ကြိုးစားလိုက်၏။ နောက်ဆုံးတွင် ပဲပိစပ်အလိပ်များအပြင် ကျန်းရှုယောင် ၏နည်းလမ်းအတိုင်း ပန်းကန်သေးသေးတစ်ခုကို သူမလုပ်ခဲ့သည်။ သူမမြည်းစမ်းပြီးမှသာ ကျန်းရှုယောင်မြည်းစမ်းရန် သတ္တိရှိရှိ သယ်ဆောင်လာခဲ့သည်။
ကျန်းရှုယောင် သူမရှေ့ရှိ အနီရောင် ဆီတရွှဲရွှဲ အချောင်းများကို ကြည့်ပြီး တိတ်တဆိတ် တံတွေး မျိုချလိုက်သည်။
အစပ်ချောင်းများသည် စွဲဆောင်မှုအရှိဆုံး သရေစာများထဲမှ တစ်ခုဖြစ်သည်။ ရှေးခေတ်က လက်လုပ်အစပ်ချောင်းများကို တစ်နေ့မှာ စားသုံးနိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
သူမ ပဲပိစပ်လိပ်ကို တူဖြင့် ကောက်ယူလိုက်ပြီး ကျိုးရှီ၏မျှော်လင့်နေသော အကြည့် အောက်တွင် သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။
ပဲပိစပ်လိပ် အစပ်ချောင်းများက ပြင်း၏။ စပ်သောဟင်းခတ်အမွှေးအကြိုင်များနှင့် အနီရောင်ဆီက သူမ၏လျှာဖျားမှာ စူးရှသည်။ အရသာရှိပြီး အစပ်အရသာက ပါးစပ်တစ်ခုလုံးကို ချက်ချင်းရောက်သွား၏။ သူမသည် အနည်းငယ် ကိုက်ရုံမျှသာ ဖြစ်သော်လည်း ထူထဲပြီး အရသာရှိသော ဟင်းခတ်အမွှေးအကြိုင် အရသာက ပူစပ်စပ်နှင့် တည်ရှိနေသည်။ဤသည်က လုံးဝပျော်စရာပါပင်။
"နင့်လုပ်နည်းအတိုင်း ပဲပိစပ်လိပ်ကို လှိမ့်လိုက်တာ... ပါးပါးလှီးထားတဲ့ တို့ဟူးက လိပ်လိုက်ရင် ဒီလောက် အရသာရှိမယ်လို့ မမျှော်လင့်ထားဘူး"
ထိုသို့ကိုပြောပြီး သူမက သူတို့ဘေးက တိုဟူးပန်းကန်ကို လက်ညှိုးထိုးပြကာဆိုသည်။
"တိုဟူးအချပ်ပါးပါး သုံးချပ်ကို ခေါက်ပြီး ဒီနည်းအတိုင်းလုပ်လိုက်တာ...မြည်းကြည့်ပါလား"
ကျန်းရှုယောင် တစ်ချက်ကြည့်လိုက်သည်။ ဒါက ရှေးခေတ်အစပ်ပြား မဟုတ်ဘူးလား...
"ဒုတိယယောက်မ... ယောက်မက အရမ်း ဉာဏ်ကောင်းတာပဲ...ကိုယ့်ဘာကိုယ် ထုတ်ကုန်တစ်ခု ပြီးအောင်လုပ်ဖို့ ရက်အနည်းငယ်ပဲ လိုတယ်"
သူမကချီးကျူးလိုက်သည်။
ကျိုးရှီ မျက်လုံးပြူးသွားကာ ပြောစရာစကားမဲ့သည့်ပုံစံနှင့် သူမကဆို၏။
"နင်ဘာတွေပြောနေတာလဲ...နင် ငါ့ကိုပေးခဲ့တဲ့နည်းလမ်းပဲမဟုတ်လား"
ကျန်းရှုယောင်က သူမ၏တူများကို ချလိုက်ပြီး လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
"ဒုတိယယောက်မ...ယောက်မက ဟင်းချက်ရာမှာ အရမ်း ထက်မြက်တယ်...အခက်အခဲတွေကို ကြံ့ကြံ့ခံ ခံနိုင်ရည် ရှိတယ်.... ဒီအချက် နှစ်ချက်က စျေးထဲမှာ တစ်ယောက်တည်း စီးပွားရေး လုပ်ဖို့ လုံလောက်တယ်"
ကျန်းရှုယောင် သူမက ဆရာကို သာလွန်နေပြီဖြစ်ကြောင်း ပြသရန် ရည်ရွယ်ခဲ့သော်လည်း "တစ်ယောက်တည်း" ဟူသော စကားလုံးသည် ကျိုးရှီ၏ ရင်ဘတ်ထဲကို ထိသွားကာ ခဏတာ အေးခဲသွားပြီး တိတ်ဆိတ်သွားခဲ့သည်။
*
Xxxxx