အပိုင်း ၁၂၀
Viewers 18k

Chapter 120
ဝက်အူချောင်းကင်နှင့် ငါးကင်



လင်းချန်က "တိုက်ဆိုင်လိုက်တာ"ဟု ပြောခဲ့ပေမဲ့ တကယ်တမ်းတွင် အရာအားလုံးကို ကြိုတင်ကြံစည်ထားခဲ့ခြင်းဖြစ်သည်။

ရှဲ့ရွှင်းက ရင်ဘတ်မှာ ဒဏ်ရာတစ်ခုရထားပြီး သူတို့နှင့်အမဲမလိုက်နိုင်သောကြောင့် အပြင်ထွက်ပြီး မျက်နှာပြရုံပြကာ ဇနီးဖြစ်သူနှင့်အတူအဖော်ပြုရန် ပြန်သွားမည်ဟုတွေးခဲ့သည်။ အမဲလိုက်ခြင်းသည် ပျော်စရာကောင်းသည်၊ မြင်းစီးရသည်မှာ ပျော်စရာဖြစ်သည်၊

သို့သော် ကျန်းရှုယောင်နှင့် နေရသည်လောက် ပျော်စရာမကောင်းပေ။

သို့သော် အရှေ့နန်းဆောင်မှ အရာရှိများသည် မိုက်မဲသော လူတစ်စုဖြစ်သည်။ရှဲ့ရွှင်းက အရသာရှိသော အစားအစာကို စားရန် ပြန်သွားမည်ဟု တညီတညွတ်တည်း တွေးခဲ့ကြသည်။

သူတို့က ကျန်းရှုယောင်အကြောင်းကို သိ၏။ ဆောင်းဦးအမဲလိုက်ပွဲအတွင်းတွင် မည်သို့ သူမက အရသာရှိသော အစားအစာအချို့ကို လှန်လှော၍ မချက်နိုင်ဘဲနေမည်နည်း။ နှစ်ပေါင်းများစွာကြာအောင် ဆောင်းဦးအမဲလိုက်စဉ်မှာ နန်းတော်ကလူတွေ ချက်ပြုတ်ထားသည့် အစားအစာကို သူတို့တကယ်ငြီးငွေ့လာခဲ့သည်။

ထို့ကြောင့် လူအနည်းငယ်သည် ရှဲ့ရွှင်းနှင့် ရှဲ့မိသားစုနေထိုင်ရာ အရပ်သို့ ဒဏ်ရာရသူများကို ပြန်ပို့ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် လိုက်သွားကြသည်။ သို့သော် နေ့လည်စာစားချိန်ရောက်လာတော့မည်ဖြစ်သော်လည်း ကျန်းရှုယောင်က ပြန်မလာသေး။သူမ၏ ခေါင်းမာသော စိတ်ကြောင့် အပြင်ထွက်ပျော်ခြင်း ဖြစ်လောက်သည်ဟု ရှဲ့ရွှင်း ခန့်မှန်းခဲ့သည်။ထိုကြောင့် ပေါ့ပေါ့ပါးပါး စားပြီး ခဏလောက် အနားယူရန် စီစဉ်ခဲ့ပေမဲ့ လူတစ်စုက သူ့မိန်းမကို ရှာရန် အတင်းဆွဲခေါ်ခဲ့၏။

"တောအုပ်က အန္တရာယ်များတယ်...ပေါယွမ် ငါတို့ သွားကြည့်သင့်တယ်"

“အတိအကျပဲ ခယ်မလေးက အစေခံနှစ်ယောက်ပဲ ခေါ်သွားတာ... အန္တရာယ်ရှိလာရင် ဘယ်လိုလုပ်မလဲ”

ရှဲ့ရွှင်း သူတို့နှစ်ယောက် ငြင်းခုန်နေကြသည်ကို ကြည့်ပြီး နဖူးကို အကူအညီမဲ့စွာ ပွတ်လိုက်ကာ စိတ်ပူနေသည့် မျက်နှာပေးနှင့်ရှိနေသောလင်းချန်ကို ကြည့်လိုက်၏။

"သူအန္တရာယ်ဖြစ်မှာကို စိတ်ပူနေတာဆိုရင် မင်းက တူတွေနဲ့ ဘာလုပ်နေတာလဲ"

"..."

နောက်ပိုင်းတွင် ရှဲ့ရွှင်း သူတို့ကြောင့် အမှန်တကယ် စိတ်ရှုပ်သွားသဖြင့် ကျန်းရှုယောင်ကို သူတို့နှင့်အတူ ရှာရန် အစေခံ၏လမ်းပြမှုအတိုင်း လိုက်သွားရုံသာတတ်နိုင်ခဲ့သည်။

ထို့ကြောင့် အရှေ့နန်းဆောင်မှလူများ ကျန်းရှုယောင်ကိုတွေ့ရှိသောအခါတွင် သူမက ချက်ပြုတ်စားရန် ကျောက်တုံးတစ်တုံးကို တပ်ဆင်ထားသည်ကို တွေ့လိုက်ရသည်။အမှန်တွင် သူတို့ အနည်းငယ် စိတ်ပျက်သွားသည်။စင်စစ်အားဖြင့် သူတို့ စိတ်ထဲမှာ မျှော်လင့်နေသည်က အရင်က ဟော့ပေါ့ဖြစ်သည်။ အိပ်မက်ထဲမှာ မြင်ခဲ့ကြပေမဲ့ ခွဲခွာရသည့်အခါ ခေါင်းအုံးမှာ ရွှဲနေသော မျက်ရည်(?)များနှင့်အတူ နိုးလာကြ၏။

မြေပြင်ပေါ်သို့ တွန်းချခံရသော
လင်းချန်ကို လူတိုင်း ဆွဲထူလိုက်ကြသည်။လင်းချန် သူ့အဝတ်အစားတွေပေါ်က ဖုန်မှုန့်တွေကို လက်တစ်ဖက်နှင့် ပွတ်သပ်ပြီး အနားရောက်လာကာမေးသည်။

"မရီး...ကျွန်တော်တို့က ဒီမှာ နေ့လည်စာ စားကြမှာလား... ပြန်မစားဘူးလား"

ကျန်းရှုယောင် သူတို့ ပေါ်လာပြီးကတည်းက အံသြသွားသည်။ ဘာကို "နေ့လည်စာ"လဲ... "ကျွန်တော်တို့" ဆိုတာဘာလဲ...

လင်းချန် နီးကပ်လာသည်နှင့်အမျှ ကျောက်ပြားပေါ်ရှိ ဝက်အူချောင်းကို ပိုမိုရှင်းလင်းစွာ မြင်ရသည်။

ဝက်အူချောင်းကင်များက ဖောင်းကားနေပြီး အခွံကွဲသွားကာ အဆီနှင့် ဆီများ ထွက်လာသည်။ ချောမွေ့သော ကျောက်ပြားချပ်ကြီးသည် တောက်ပသော ဆီအလွှာဖြင့် စွန်းထင်းနေပြီး အနံ့က လေထဲတွင် ပျံ့လွင့်နေ၏။

သူဘယ်ညာ ကြည့်လိုက်ရာ ထိုင်စရာနေရာတစ်ခုတွေ့သွားသည်။

"မရီးက ဒါကိုနေ့လည်စာစားမှာလား...ဝပါ့မလား"

ကျန်းရှုယောင် အနောက်မှ မျက်နှာအုပ်ထားသော ရှဲ့ရွှင်းကို ကြည့်ပြီး မျက်လုံးစိမ်း ဝံပုလွေ တစ်အုပ်ကို ကြည့်ကာတိတ်တဆိတ် ပြောလိုက်သည်။

"ကျွန်မက အနားယူဖို့ပဲ ရပ်လိုက်တာ... ဗိုက်ဖြည့်ရအောင် ကြုံသလို စားလိုက်ရုံ"

အရှေ့နန်းဆောင်က လူတွေ၏မျက်နှာတွေက ချက်ချင်း နောင်တရနေဟန်ဖြစ်သွားသည်။ သူ့ကို ကိုယ်ကြည့်၊ကိုယ့်ကို သူကြည့်နှင့် နောက်ဆုံးမှာ သူတို့က သူတို့၏ "စစ်အကြံပေး" လင်းချန်ကို အရိပ်အမြွက်ပြလိုက်သည်။ တစ်နပ်လောက် ဂုန်းဆင်းရလားလို့ သွားမေးချေ...

လင်းချန် အနည်းငယ်မျှ စဉ်းစားပြီး "မရီး... ဘာစားစရာ ယူလာသေးလဲ" ဟု မေးလိုက်သည်။

သူတို့ ဘယ်လောက်ဗိုက်ဆာနေလဲကိုကြည့်ပြီး ကျန်းရှုယောင် နေ့လည်စာစားချိန်လည်း တကယ်ရောက်နေပြီပဲဟုတွေးကာပြောလိုက်သည်။

"ဒီမှာ တောရိုင်းအသီးအနှံတွေ လာဆွတ်တာ...ရှင်တို့ ငါးသွားဖမ်းချေ... အတူတူလုပ်ရအောင်"

အရှေ့နန်းဆောင်အဖွဲ့မှ လူတိုင်း ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။

ရှဲ့ရွှင်းက တိတ်ဆိတ်စွာ ချဉ်းကပ်လာပြီး သက်ပြင်းချရင်းဆိုသည်။

"သူတို့က အမြဲ ဒီလိုမျိုးပဲ... မင်း ကျင့်သားရသွားပါသွားလိမ့်မယ်... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့"

ကျန်းရှုယောင်က ပြုံးပြီးပြောလိုက်၏။

"ကံကောင်းစွာနဲ့ပဲ ကျွန်မ အဲဒါကို စပြီး ကျင့်သားရလာပြီ"

ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်ပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။ကျန်းရှုယောင်က သေတ္တာဖွင့်ပြီး သူ့ကို​ကိတ်မုန့်စားခိုင်း၏။ ရှဲ့ရွှင်း အနည်းငယ်မျှပင် မစားရသေးမီ အရှေ့နန်းဆောင်ဂုန်းဆင်းရေးအဖွဲ့ ပြန်ရောက်လာလေသည်။

ရေက ကြည်လင်နေသည့်အခါ ငါးမရှိပါချေ။ဤချောင်းက ကြည်လွန်းနေ၍ ငါးဖမ်းရန် တခြားနေရာကို သွားခဲ့ကြသည်။

ရေစိုနေသောအဝတ်အစားများနှင့် စိုရွှဲနေသော ဖိနပ်များနှင့်အတူ သစ်ကိုင်းငယ်တစ်ခုကို ကိုင်ဆောင်ထားသည့် လူတစ်ဦးစီသည် နွေဦးရာသီအတွက် အလံများကိုင်ဆောင်ထားသကဲ့သို့ ပျော်ရွှင်စွာ ပြန်လာခဲ့ကြသည်။

"ကျွန်မကိုငါးပေး...ကျွန်မခုတ်လိုက်မယ်"
ကျန်းရှုယောင်က ပြောသည်။

အရှေ့နန်းဆောင်ရှိလူတိုင်းက “မလိုပါဘူး...ငါတို့ကိုယ်တိုင်လုပ်လို့ရတယ်”ဟု ငြင်းဆိုခဲ့၏။မည်သို့ပင်ဖြစ်စေ သူတို့က ဂုန်ဆင်းနေခြင်းဖြစ်ကာ ငါးကူကင်ပေးရန် ကျန်းရှုယောင်ကို လိုအပ်သည်။ အသုံးမကျသည့်လူတစ်ယောက်လို သူမကို မည်သို့ ဒုက္ခပေးဝံ့ကြမည်နည်း။

ကျန်းရှုယောင်က သူတို့ဆန္ဒအတိုင်း လုပ်ခွင့်ပေးလိုက်၏။

လူအုပ်စုသည် စမ်းချောင်းဘေးတွင် ငုတ်တုတ်ထိုင်ပြီး သစ်ကိုင်းပေါ်ရှိ ငါးများကို ကြည့်ကာ ဘယ်လိုစရမှန်းမသိ။ နောက်ဆုံးမှာ ဘယ်သူကမှန်းမသိ ငါးခေါင်းကို အရင်စခုတ်လိုက်ပြီး အားလုံးက နောက်ကနေ လိုက်သင်ကြသည်။ သူတို့သည် မြစ်ကမ်းပါးကို သွေးများဖြင့် စွန်းထင်းစေကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

ကျန်းရှုယောင် သည်းမခံနိုင်တော့ဘဲ သူမအစေခံများကို သွားကူခိုင်းလိုက်ပြီး သန့်စင်ထားသည့် အရွက်တွေပေါ် ဝက်အူချောင်းကို တင်ကာပြောလိုက်သည်။

"လာလာ ဝက်အူချောင်းစားကြစို့...ငါးတွေ သတ်နေတဲ့ လူတွေ ဆက်လုပ်ပါစေ"

အရှေ့နန်းဆောင်က လူများ နည်းနည်းလေးမှ မစဥ်းစားကြပေ။လက်ဆေးပြီး သူမဘေး ဝိုင်းထိုင်လိုက်ကြသည်။

ကံကောင်းထောက်မစွာ လင်းချန်က တူတစ်ဘူးကို ယူဆောင်လာခဲ့သည်။ မဟုတ်လျှင် ကျန်းရှုယောင်၏ ပန်းကန်ခွက်ယောက်က မလုံလောက်ပါချေ။ သူတို့လက်ထဲမှာ တူများကိုကိုင်ထားရသည်ကို အတော်လေး ရှက်သွားကြသည်။မည်သို့ပင်ဖြစ်စေ သူများ၏ အစားအသောက်ကို ဂုန်းဆင်းရန် ပြင်ဆင်လာသည်က အနည်းငယ် လွန်လွန်းသည်လေ။

ဝက်အူချောင်းကင်က သိပ်မများသဖြင့် လူတိုင်း တစ်ယောက်တစ်ခုပဲ ရနိုင်၏။၎င်းတို့ကကျောက်ပြားပေါ်က ဆယ်ကာစဖြစ်သဖြင့် ပူပြီး ဆီရွှဲနေသည်။တူများဖြင့် အတွင်းပိုင်း နူးညံ့နူးအိပြီး ပျော့ပျောင်းမှုအပြည့်ရှိသော အသားများကို ခံစားရနိုင်သည်။ ဆီနှင့် အချိုရည်များက တူများတစ်လျှောက် တည့်တည့် စီးကျလာသည်။

လူတစ်အုပ်က ကျန်းရှုယောင်အား တစ်ခဲနက် ကျေးဇူးတင်စကားဆိုကြပြီး ဝက်အူချောင်းကို မျက်နှာဆီမြှောက်လိုက်သည်။ ဆီတရွှဲရွှဲရနံ့က သူတို့၏နှာခေါင်းအတွင်းသို့ ချက်ခြင်းဝင်ရောက်လာသည်။ အပြင်ဘက်ရှိ ဖောက်ထွင်းမြင်ရသော အခွံက အဆီများ ပြောင်လက်နေသည်။ အတွင်းမှ တိုးထွက်ထားသော အသားများက နီရဲ နူးညံ့ပြီး အဆီများသောအသားများသည် အဖြူကွက်များ ကြိုကြားကြိုကြား မကျန်သည်အထိ ကြာရှည်စွာ ကင်ထားသည်။

တစ်ချက်ကိုက်လိုက်သည်နှင့် အခွံထဲမှာပိတ်မိနေသော အပူသည် မွှေးကြိုင်သော အသားအရသာနှင့် အချိုရည်များနှင့်အတူ ပွင့်ထွက်သွားသည်။ပူလွန်း၍ ဝက်အူချောင်းကို ပါးစပ်ကနေ အမြန်ဖယ်လိုက်ကြရသည်။

အပူပျောက်သွားသည့်အခါ ပါးစပ်ထဲ ပြန် ထည့်ပြန်၏။ အဆီပေမဲ့ မအီသည့်အချိုရည်က အရသာခံဖုတွေကို နိုးထစေပြီး လတ်ဆတ်သောရနံ့က လျှာဖျားကနေ ပွင့်လန်းလာသည်။အခွံက မာကျောပြီး ခပ်ထုတ်ထုတ်ဖြစ်နေပေမယ့် အတွင်းပိုင်းက အလွန် နူးညံ့သည်။ အသားက အလွန်နူးညံ့သောကြောင့် စေးကပ်သောခံစားချက် ရှိသော်လည်း အသားအရသာကို ထိန်းသိမ်းထားသည်။ အရည်ပျော်နေသော အဆီများက အသားထဲသို့ စိမ့်ဝင်ထားပြီး ဝက်အူချောင်းအတွက် အနံ့အရသာကို ပေါင်းထည့်ပေးနေသည်။

နုတ်နုတ်စင်းထားသောဝက်အူချောင်းအသားထဲသို့ မည်သည့်ဟင်းခတ်အမွှေးအကြိုင်များထည့်ထားသည်ကို မည်သူသိမည်နည်း။ အရသာက လွှမ်းမိုးမှုမရှိဘဲ တိုးမြင့်လာသည်။ စားသောအခါတွင် ချိုသော်လည်း အချိုရည်နှင့် ဆီတို့ကို ရောစပ်၍ အရသာနှစ်ဆတိုးစေသည်။

ဝက်အူချောင်းကင်ကို ကိုင်ပြီး ကုန်အောင်စားရန် တွန့်ဆုတ်နေကြ၏။ သူတို့သည် အံသွားများကို အသုံးပြု၍ အခွံကို ဖြည်းဖြည်းချင်း ခွာပြီးနောက် မှုတ်နေစဉ် သူတို့၏ ရှေ့သွားများနှင့် အသားကို ကိုက်သည်။ သူတို့၏ လုပ်ဆောင်ချက်က သူတို့ကို မူလတန်းကျောင်းဝင်ပေါက်မှာ ဝက်အူချောင်းကင်ဝယ်ရန် ချွေတာသုံးစွဲခဲ့သည့် မူလတန်းကျောင်းသားတွေလို ဖြစ်လာစေခဲ့သည်။

ဝက်အူချောင်းကင်များကို စားပြီးနောက် နှုတ်ခမ်းကိုအသံမြည်အောင်စုပ်ကာ ပါးစပ်ထောင့်ရှိ ဆီများကို လျှာဖြင့်လျက်လိုက်ကြပြီး ၎င်းတို့၏ "အစာကျွေးသူ" ကျန်းရှုယောင်ကို ကြည့်သည့်ပုံစံမှာ ထူးဆန်းသော ... လေးစားမှုအပြည့်ရှိဟန်အဖြစ်သို့ ပြောင်းလဲသွားသည်။

ကျန်းရှုယောင် သေတ္တာကိုဖွင့်လိုက်ပြီး "တချို့ရှိသေးတယ်... နောက်ထပ်စားချင်သေးလား"

"စားမယ်... စားမယ်"

"တစ်​ခု​ဆိုဝလား"

"ဝတယ်...ဝပါတယ်...ကျေးဇူးတင်ပါတယ် မရီး...မရီးက အရမ်းကြင်နာတာပဲ"

ကျန်းရှုယောင် ဝက်အူချောင်းကင်ကို ကျောက်ပြားပေါ်တွင် တင်ပြီးနောက် သူမ လက်ခုပ်တီးလိုက်သည်။အစေခံ၏ ငါးကိုင်နည်းစနစ်ကို သူမ စိတ်ပူနေသောကြောင့် ပြောလိုက်၏။

"ကိုယ့်ဘာကိုယ် လှန်လို့ရပြီ...ငါ ငါးကိုင်လိုက်မယ်"

သူမပြောပြီးသည့်နောက်တွင် အရှေ့နန်းဆောင်မှလူတိုင်းက သူတို့ကိုင်ဆောင်လာသော ဓားမြှောင်တစ်ချောင်းကို လှမ်းပေမည်ပြင်နေကြသော်လည်း သူမကသေတ္တာကိုဖွင့်ကာ အောက်ခြေမှ နောက်ထပ်သေတ္တာငယ်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဖွင့်လိုက်သည်နှင့် နေရောင်အောက်တွင် တလက်လက်တောက်ပနေပြီး အရှေ့နန်းဆောင်မှ လူတိုင်းနီးပါး မျက်စိကန်းလုနီးပါးဖြစ်စေသည်။

အနီးကပ်ကြည့်လိုက်သောအခါ ဗူးထဲမှာ တောက်ပနေသောအထပ်လိုက်... ပုံသဏ္ဍာန်အမျိုးမျိုး၊ အထူ အလျားအမျိုးမျိုးရှိသည့် မီးဖိုချောင်သုံးဓားများကို တွေ့လိုက်ရ၏။

ကျန်းရှုယောင်၏ဘေးနားက သေတ္တာကို တွေ့လိုက်စဥ်က သူတို့ညီမတွေ ခရီးသွားသည့်အခါ ပန်းလေးတွေထည့်ရန် ဆောင်သွားတတ်သည့် သေတ္တာမျိုးဟု ထင်ခဲ့ကြသည်။အလွန်ကြော့ရှင်းပြီး အရိုင်းဆန်သည့် မီးဖိုချောင်သုံး ဓားတွေနှင့် ပြည့်နေသည့် သေတ္တာတစ်လုံးဆိုသည်ကို မည်သူသိပါမည်နည်း။

အားပါးပါး...

ဘုရားသခင်... ဘယ်လောက်ထူးဆန်းတဲအမျိုးသမီးလဲ...

သူတို့၏မျက်လုံးများသည် ရှဲ့ရွှင်း ၏မျက်နှာဆီသို့ ရွေ့သွားကာ ခဏတာ ရှုပ်ထွေးစွာကြည့်မိကြသည

ရှဲ့ရွှင်း မျက်လုံးပင့်ကြည့်လိုက်ရာ လူတစ်စုက လျင်မြန်စွာ မျက်လွှာချသွားကြသည်။ သူတို့ ဘာမှမဖြစ်ခဲ့ ဟန်ဆောင်ကာ ပါးနပ်စွာ လက်နှစ်ဖက်ကို ဒူးပေါ်တင်လိုက်ကြ၏။

ကျန်းရှုယောင် ငါးများကို အမြန်ကိုင်ခဲ့သည်။ သုံးပိုင်းပိုင်းပြီးနောက် ငါးကို ဆေးကြောလိုက်သည်။ သူမယူသွားပြီး ကျောက်ပြားပေါ်မှာ တင်လိုက်သည်။ ကျောက်ပြားမျက်နှာပြင်ပေါ်တွင် အဆီလွှာအလွှာတစ်ခု ရှိနေလေရာ ငါးကင်ရန်အတွက်ကွက်တိဖြစ်၏။

ဤနေရာကို ဘယ်သူမှ ခြေမချဖူးကြပေ။ချောင်းရေက ကြည်လင်ပြီး ငါးကြီးတွေက ငါးသေးသေးလေးတွေနှင့် ပုစွန်တွေကို စားကြသည်။ အသားက အလွန်နူးညံ့ပြီး မြေနံ့မရှိပါချေ။ ကျောက်ပြားပေါ်မှာ ပစ်ချလိုက်ပြီးနောက် ခဏအကြာတွင် အနံ့တွေထွက်လာလိမ့်မည်။။

ကျန်းရှုယောင် သေတ္တာထဲမှ ကြိုတင်ထုပ်ပိုးထားသော ဟင်းခတ်အမွှေးအကြိုင်များကို ထုတ်လိုက်သည် တစ်ခုကို ဖြူးကာ တခြားဟင်းခတ်အမွှေးအကြိုင်များ တစ်ခုပြီးတစ်ခု ထည့်သည်။ သမရိုးကျငါးချက်နည်းကဲ့သို့ အရသာမနှပ်ထားသောကြောင့် ဟင်းခတ်အမွှေးအကြိုင်များ လွန်ကဲမည်မဟုတ်ဘဲ ငါး၏မူလချိုမြိန်မှုကိုလည်း ပိုမိုကောင်းမွန်စေသည်။

သူမ နူးညံ့ပြီး ဖြူဖွေးသော တိုဟူးကဲ့သို့ ငါးအသားပေါ်တွင် ဆားကောင်းများ ဖြူးလိုက်သည်။ ငါးအသားများ မီးလောင်ကျွမ်းပြီး ကြွပ်လာသောအခါတွင် ချိုချဉ်ဆော့စ်အလွှာကို လောင်းချကာ ငါး၏အရသာကို မပျက်စီးစေဘဲ အရသာနှင့် လတ်ဆတ်မှု အနည်းငယ်တိုးလာစေရန် ဂျင်းနုတ်နုတ်စင်း ဖြူးလိုက်သည်။

သူမ အစပ်ဆော့စ် ပြုလုပ်ရန် ကျောက်တုံး၏ ထောင့်တွင် ငရုတ်သီး၊ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ ဇီယာ၊ ဆီ စသည်တို့ကို အသုံးပြုခဲ့သည်။ ငါးအရသာက လုံလောက်အောင် မပြင်းဘူးဆိုလျှင် ဆော့စ်နှင့်လူး၍ရလေသည်။

ကျောက်တုံးက ပိုပိုပူလာသည်။ တရှဲရဲဲမြည်လာပြီး ငါး၏ အရေခွံက အဆက်မပြတ် တုန်ခါနေသဖြင့် ၎င်းပတ်ပတ်လည်ရှိ အဖြူရောင် ငါးအသားတို့ကို အလွန်အမင်း နူးညံ့စေသည်။

သူမ တူနှင့် တစ်ချက်ရိုက်လိုက်ပြီး ငါးက ကောင်းကောင်းကျက်သွားသည်ကို ခံစားလိုက်ရသည်။ ငါးအရေခွံကို လတ်ဆတ်သောရနံ့နှင့် ပြည့်စုံသော ရွှေဝါရောင်အဖြစ်သို့ ကင်ထားသည်။ သူမ မီးကိုဆွဲထုတ်လိုက်ပြီး ကျန်နေသော အပူချိန်က ငါးကို ဆူစေသည်။

“တူတွေကို ရွှေ့လို့ရပြီ"(စားလို့ရပြီ)

သူမက ပြောလိုက်သည်။

ဤလူအနည်းငယ်က တောထဲမှာ တစ်ခါမှမစားဖူးသည်မျိုးမဟုတ်ပေမဲ့ ကျောက်တုံးပေါ်မှာ ငါးကင်သည်က ပထမဆုံးအကြိမ်ဖြစ်သည်။ သူတို့သည် လတ်ဆတ်သောရနံ့ကို အနံ့ခံကာ ဆီပြန်နေသောငါးများကို ကြည့်လိုက်ကြသည်။ဘယ်သူက ကိုယ့်မျက်နှာကိုယ် ဂရုစိုက်ဦးမှာလဲ...

သူမကို တစ်ခဲနက် ကျေးဇူးတင်စကား ပြောပြီးနောက်တွင် သူတို့သည် ငါးကင်ဆီသို့ ၎င်းတို့၏ တူများကို ဆန့်တန်းလိုက်ကြသည်။

ငါးက အဆီပါပြီး အရသာရှိကာ အရိုးအနည်းငယ်သာရှိသည့်အပြင် အလွန်နူးညံ့သည်။နူးညံ့သောငါးများကို ကြိတ်ချေမိမှာစိုးသဖြင့် ယူသည့်အခါ အင်အားမသုံးဝံ့ကြပေ။ အသက်အနည်းငယ်ရှူပြီး ပါးစပ်ထဲထည့်လိုက်ပြီးနောက် မွှေးကြိုင်နူးညံ့သောအရသာကြောင့် ချက်ချင်းဖမ်းစားခံလိုက်ရကြသည်။ ဤစိမ်းလန်းသောတောင်တွင် ကြီးပြင်းလာသော ငါးများသည် ရေ၏ချိုမြိန်ပြီး လန်းဆန်းစေသော အနှစ်သာရကို စုပ်ယူထားပုံရသည်။ ကြည်လင်ပေမဲ့ ချိုမြိန်မှုအပြည့်ရှိနေ၏။

ငါး၏မျက်နှာပြင်က ကြွပ်ရွနေကာ ဆော့စ်ပျစ်ပျစ်ဖြင့်ထုပ်ပိုထားပြီး ဆွဲလိုက်သောအခါ နူးညံ့ဖြူဖွေးသောငါးနှင့် ကွဲထွက်သွားသည်။ ပါးစပ်ထဲတွင် ကြွပ်ရွမွှေးကြိုင်ပြီး ဝက်အူချောင်း၏ အနံ့အနည်းငယ်နှင့် ချိုချဉ်ဆော့စ်တို့ဖြင့် စွန်းထင်းနေသည်။ အရသာပေါင်းစပ်ထားမှုက ပိုအရသာရှိစေသည်။

လူအုပ်စုသည် ရှူးခနဲ ရှူရှိုက်ပြီး တူကောက်ကိုင်ရန် မစောင့်နိုင်တော့ပေ။

အဆီအများဆုံးငါးအတွက်တိုက်ပွဲဝင်ရန် တူများ အချင်းချင်း တိုက်ခိုက်ကြသည်။ ငါးကင်များများစားရန်အတွက်နှင့် သူ့ကို ကိုယ်တိုက်၊ကိုယ့်ကို သူတိုက်လုပ်နေကြသည်။တစ်ယောက်ချင်းစီက စားရန် ဒုန်းဆိုင်းနေသည့် ဝံပုလွေတွေချည်းပါပင်။

"ပြဿနာရှာနေတာ ရပ်လိုက်"

ကျန်းရှုယောင်က ပြောလိုက်သည်။

လူတစ်စုက ခေါင်းညိတ်ပြီး လိမ်လိမ်မာမာဖြင့် တန်းစီနေကြသည်။အလှည့်ကျ ငါးဆယ်ရန် တူကိုယ်စီဖြင့် တန်းစီပြီး ရပ်နေကြသည်။

ဤအခိုက်အတန့်တွင် ရှဲ့ရွှင်းက သူ၏ ဘာကိုမှ ဂရုမစိုက်သော အမူအရာဖြင့်တူချောင်းများကို အဆီအထူဆုံး ငါးတစ်ပိုင်းဆီသို့ ဆန့်ထုတ်လိုက်သည်။

လူတိုင်း၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ အဆီအထူဆုံးငါးကို ရွေးထုတ်ကာ သူ့ပါးစပ်ထဲ သပ်သပ်ရပ်ရပ် ထည့်လိုက်သည်ကို ကြည့်နေကြရသည်။

လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ငါးက နူးညံ့ပြီး အကြမ်းခံကာ အပူရှိန်ကြောင့် ငါးကို ပိုမိုချိုမြိန်စေပြီး နူးညံစေသည်။ ချိုချဉ်ဆော့စ်က ငါးကို သင်းပျံ့သောရနံ့ကို ပေးစွမ်းပြီး အရသာက အဆုံးမရှိ၊ပြည့်ဖောင်းပြီး ချိုမြိန်သည်။

"အချဉ်ရည်ရှိတယ်"

ကျန်းရှုယောင် သတိပေးလိုက်သည်။

မိသားစုဝင်တွေလို ဆက်ဆံခံရသည်က အလွန် ကောင်း၏။ သူမက စားရန် တိုက်တွန်းနေသေးသည်။

လူတစ်စု သက်ပြင်းမချမီတွင် ရှဲ့ရွှင်း၏ တူများက အခြားငါးများ၏ အဆီအထူဆုံးအပိုင်းသို့ ဖြန့်နေသည်ကို တွေ့လိုက်ရသည်။ ဘယ်လောက်ကောင်းလိုက်တဲ့ ရောင်းရင်းလဲ... တူတစ်စုံက တူသုံးညှပ်စာအသားကို ထုတ်ယူလိုက်တယ်...

အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကာ ရှဲ့ရွှင်းကို မယုံကြည်နိုင်စွာ ကြည့်နေပြန်သည်။

သူတို့သည် စိုက်ကြည့်ရင်း အံကြိတ်ကာ ရှဲ့ရွှင်း ငါးကို ဖြည်းညှင်းစွာအရသာခံသည်ကို ကြည့်ပြီး တံတွေး မျိုချလိုက်သည်။သို့ပေမဲ့ ကျန်းရှုယောင် ရှိနေသဖြင့် ဘယ်သူမှ ဘာမှ မပြောရဲကြပေ။

အရင်တုန်းက စားစရာတွေအတွက်တိုက်ခိုက်သည့်အခါ အိမ်ရှေ့စံမင်းသားက အဆိုးဆုံးဖြစ်ပေမဲ့ သူ့ဆီကနေ အစာကို ဘယ်သူမှ မလုနိုင်ကြပါချေ။ယနေ့တွင် အိမ်ရှေ့စံ ဤနေရာသို့ ရောက်မလာသော်လည်း အရက်စက်ဆုံးသူက နောက်ဆုံးမှာ ထွက်ပေါ်လာခဲ့သည်။

အိမ်ရှေ့စံမင်းသားက အစားအသောက်လုပြီးလျှင် သူ့မျက်နှာမှာ အသေးအဖွဲလေးပါဟုဆိုနေသယောင် အပြုံးတစ်ခု ပြသတတ်၏။ သူတို့ ဒေါသထွက်လွန်း၍ အံကြိတ်မိကြသည်။ သို့သော် ယခု သူက တိုက်ခိုက်နေခြင်း သို့မဟုတ် ခိုးယူနေခြင်းမဟုတ်သကဲ့သို့ အစားအစာကို လုယူပြီးနောက် ဘာမှမဂရုမစိုက်ဟန် "ဝေးကွာသောတောင်ပေါ်မှပန်း" ၏သဘောထားသည် အရက်စက်ဆုံးဖြစ်သည်ကို သူတို့သဘောပေါက်လာခဲ့သည်။

ယနေ့ အိမ်ရှေ့စံ မရှိသဖြင့် သူတို့ စိတ်ကြီးဝင်နိုင်ပြီဟု ထင်ခဲ့ကြပေမဲ့ ...

အိုး ရှဲ့ပေါယွမ်... လွန်ခဲ့သော နှစ်အနည်းငယ်၏ ချစ်ခြင်းမေတ္တာနှင့် အချိန်များက လွဲမှားစွာ ကုန်ဆုံးခဲ့သည် တကား။

---

[ET/N: အထက်ဖော်ပြပါများသည် နာမည်ကျော် တီဗီစီးရီးတစ်ခုဖြစ်သည့် "Legend of Zhen Huan"(Netflix, Empresses in the Palace) မှကိုးကားချက်ဖြစ်သည်။ဧကရာဇ်မင်းမြတ်က သူမအား သူ၏ သွားလေသူဇနီးအဖြစ် အစားထိုးခဲ့ကြောင်း ကျန်းဟွမ်သိသွားသောအခါ သုံးခဲ့သည်။ ]


Xxx