အပိုင်း ၁၂၁
Viewers 18k

Chapter 121
ကောက်ညှင်းအစာသွပ် ကြက်တောင်ပံ (၁)



လူတစ်စုက ဗိုက်ပြည့်သွားပြီးနောက် ဝမ်းသာအားရ လမ်းလျှောက် ပြန်ကြသည်။

အစားအသောက်ဝိုင်းတော်သားများက သူမ၏သေတ္တာကို ကူသယ်ကာ သူမနားမှာ လှည့်ပတ်သွားခဲ့သည်။သူမ လဲမှာစိုးရိမ်သည့်အတွက် သူတစ်ခုပြော၊ကိုယ်တစ်ခုပြောလုပ်နေကြသည်။

"မရီး သတိထား...ရှေ့မှာ တွင်းတစ်ခုရှိတယ်"

"ဟေ့ သစ်ကိုင်းရှိတယ် သတိထား"

ရှဲ့ရွှင်းသည် ကျန်းရှုယောင်၏ဝတ်ရုံလက်များကို ဆွဲရုံမှတပါး ရွေးချယ်စရာမရှိတော့၊ ကျန်းရှုယောင်က သူ့ကို ပြန်ကြည့်လိုက်သည်။

"သူတို့ကို ဂရုမစိုက်နဲ့"
သူက ဆို၏။
“သူတို့က ဆက်စားချင်နေကြလို့သာ"

ကျန်းရှုယောင် ရယ်ရမလို ငိုရမလိုဖြစ်သွားရသည်။

"ရပါတယ်...ကျွန်မသိပါတယ်...စိတ်မဆိုးပါဘူး"

ရှဲ့ရွှင်း ရင်တွင်းမှ ဟစ်အော်လိုက်သည်။ ဇနီးသည်၏ စိတ်နေစိတ်ထားသည် အရသာရှိသော အစားအစာများကို မျှဝေရသည်ကို နှစ်သက်ပြီး၊ ပျော်ရွှင်မှုက နှစ်သက်ဖွယ်ကောင်းသော်လည်း သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေသည်။

သူက ကျန်းရှုယောင်၏လက်မောင်းကို ကိုင်ထားပြီး သူမတောင်လမ်းပေါ်တွင် ခြေချော်မည်ကို စိုးရိမ်သဖြင့် သူမ၏ခြေထောက်များကို ကြည့်ကာသွားနေသည်။

ကျန်းရှုယောင် သူမလက်ကိုတွဲထားသည့် သူ့လက်က သန်မာတောင့်တင်းသည်ဟု ခံစားရပေမဲ့ သူမက စိတ်ပူပြီးပြောလိုက်၏။

"ရှင့်ဒဏ်ရာက မသက်သာသေးဘူး... ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ပါ"

"ငါအဆင်ပြေပါတယ်"

ရှဲ့ရွှင်း ထိုသည်က ဘာမှကြီးကြီးမားမား မဟုတ်ဟု ထင်သည်။ ထို့အပြင် သူက ဂရုတစိုက်ရှိ၏။

"ဒဏ်ရာကွဲပြီး သွေးပြန်ထွက်လာရင် ဘယ်လိုလုပ်မလဲ"

ကျန်းရှုယောင်က ဆိုသည်။
"အဲဒီနေ့–"

"အဲဒီနေ့က မတော်တဆမှုပဲ"

ရှဲ့ရွှင်းကို အမြန်ဖြတ်ပြောလိုက်ရာ လျှို့ဝှက်ချက်တစ်ခုဟု သွယ်ဝိုက်ညွှန်းဆိုသယောင်ဖြစ်ပြီး ရှေ့ကဦးဆောင်သွားနေသော ဆာလောင်နေသည့် မျောက်တွေကို သူ့အား ပြန်ကြည့်လာစေခဲ့သည်။

"ပေါယွမ်... မင်းဘာလို့ ဒီလောက်ကြာတာတောင် မသက်သာသေးတာလဲ...မင်းရဲ့ဒဏ်ရာက အမြဲတမ်း ပြန်ကောင်းတာမြန်ပါတယ်"

တစ်ယောက်ယောက်က စိတ်ပူပြီးပြော၏။

"မင်းအိမ်မှာ အကြာကြီး အနားယူပြီး တစ်နေကုန် ဖူးဖူးမှုတ်အထားခံရလို့များလား"

ရှဲ့ရွှင်း၏မျက်နှာက မည်းမှောင်သွားပြီး သူတို့ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။

သူတို့မျက်လုံးတွေက ကျန်းရှုယောင်ကို စိုက်ကြည့်ရင်း ထိုသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရပေမဲ့ မပြောနိုင်ဘူးဟု ခံစားလိုက်ရ၏။ ကျန်းရှုယောင်၏ စိတ်နေစိတ်ထားဖြင့်ဆိုလျှင် ဒဏ်ရာရနေသူကို ဖူးဖူးမှုတ်အလိုလိုက်ကာ ကောင်းမွန်ပြီး အရသာရှိသောအရာရာတိုင်းကို ဖြည့်ဆည်းရန် မည်သို့ခက်ခဲနိုင်မည်နည်း။

ရှဲ့ရွှင်းသည် ဤလူအုပ်စုက အလွန်ကြောက်စရာကောင်းသည်ဟု ခံစားရသည်။သူတို့က ကျန်းရှုယောင်ကို သူက ပိုးမွေးသလိုမွေးခံထားရသည်ဟု ထင်အောင်လုပ်မှာ သူကြောက်သည့်အတွက် သူ့ဒဏ်ရာတွေအကုန်အဆင်ပြေကြောင်း သက်သေပြရန် လမ်းမှာ ငှက်နှစ်ကောင်ကို ပစ်ခဲ့သည်။

ရှဲ့မိသားစုနေထိုင်ရာနေရာကို လူများရောက်လာပြီးနောက် ရှဲ့ရွှင်းက သူတို့ကို နှင်ထုတ်ခဲ့သည်။လက်လျော့ရန် တွန့်ဆုတ်နေကြသော်လည်း ဆက်လက်စားသောက်ရန်လည်း ရှက်ရွံ့ခဲ့ကြသည်။နောက်တစ်ခါ ကျန်းရှုယောင်ကို ဖားရန်ပဲ တွေးနိုင်ကြလေသည်။

ရှဲ့ရွှင်း မြှားနှစ်ချောင်းကို ပစ်ရန် လေးဆွဲပြီးနောက် ကျန်းရှုယောင် သူ့ဒဏ်ရာပွင့်သွားမည်ကို စိုးရိမ်ခဲ့သည်။ ရှဲ့ရွှင်းက ထပ်ခါတလဲလဲ အာမခံသည်ကိုပင် သူမက ခဏတာ အနားယူရန် အိပ်ရာပေါ်သို့ တွန်းပို့လိုက်သေးသည်။

ရှဲ့ရွှင်း ထွက်သွားပြီးနောက် ကျန်းရှုယောင် သူဖမ်းမိသော ငှက်နှစ်ကောင်ကို စိုက်ကြည့်နေမိသည်။ နောက်ဆုံးတွင် သူမ ဗိုက်ဆာလာသဖြင့် နန်းတွင်းအမှုထမ်းများကို ကြက်တောင်ပံနှင့် ကောက်ညှင်းယူလာခိုင်းလိုက်၏။

သူမက ကြက်တောင်ပံများ အရသာမနှပ်ခင် ကောက်ညှင်းကို ပေါင်းလိုက်ပြီး အအေးခံပြီးနောက် ကြော်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ အရိုးများကို ကတ်ကြေးဖြင့် ဖယ်ရှားပြီးနောက် ကြက်တောင်ပံများကို ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားလိုက်သည်။ ထိုအချိန်တွင် ကောက်ညှင်းပေါင်းကို ပဲစိမ်းလုံးနှင့် ရောမွှေလိုက်သည်။ကောက်ညှင်းကြော်ပြီးသည်နှင့် ကြက်တောင်ပံများကလည်း အရသာနှပ်ပြီးလုနီးပါးဖြစ်ကာ နောက်တစ်ဆင့်ကို ဆက်သွားနိုင်လေသည်။

ကြက်တောင်ပံများထဲသို့ ကောက်ညှင်းထည့်ခါနီးတွင် ရှဲ့ရွှင်းက တံခါးဘောင်ကြားတွင် ခေါင်းပြူလာ၏။

"ရှင့်ကိုခဏလောက် အနားယူခိုင်းထားတယ် မဟုတ်ဘူးလား"

သူမ မေးရင်း ကြက်တောင်ပံတွေထဲကို ကောက်ညှင်းပေါင်း မြန်မြန်လေး ကော်ထည့်လိုက်သည်။

ရှဲ့ရွှင်းကဆို၏။

"အနားယူပါတယ်"

အမှန်တွင် သူက အဝတ်အစားလဲပြီး လှဲချကာ ဘယ်ညာလှည့်ရုံလုပ်ခဲ့ခြင်းဖြစ်သည်။သူ အိပ်မပျော်သောကြောင့် ကျန်းရှုယောင်ကိုရှာရန် အပြင်ကို မထွက်ဘဲမနေနိုင်ပါချေ။

သူ မနားချင်သည်ကို မြင်ရာတွင် ကျန်းရှုယောင် သူ့ကို မစည်းရုံးဘဲ သူမလုပ်နေသည်များကို ဆက်လုပ်နေသည်။

"မင်းဘာလုပ်နေတာလဲ"

ရှဲ့ရွှင်းသည် ကျန်းရှုယောင်ကို သူမဘယ်မှာရောက်ရောက် အစားအသောက်ကို ဦးစားပေးထားသည့်အတွက်လည်း အလွန်လေးစားမိသည်။သူတို့ ဤဆောင်းဦးရာသီ အမဲလိုက်နေစဉ် မီးဖိုချောင်ကိုထားခဲ့ပြီး သူမက တောထဲသို့ သွားကစားသည်ဖြစ်စေ အိမ်ထဲတွင် သူနှင့်အတူနေသည်ဖြစ်စေ ပြုလုပ်လိမ့်မည်ဟု သူထင်ခဲ့သော်လည်း သူမက အစားအသောက်နှင့်ပျော်မွေ့ရန် နန်းတွင်းသားတစ်ဦးထံမှ ပါဝင်ပစ္စည်းများကိုပင် တောင်းခံခဲ့သည်။

"ကောက်ညှင်းအစာသွပ်ကြက်တောင်ပံ"

ကောက်ညှင်းကြော်ကို ကြက်တောင်ပံအစိမ်းထဲ ထည့်ထားသည်ကို မြင်ပြီး ရှဲ့ရွှင်းက ပဟေဠိဖြစ်သွား၏။

"ဘယ်လိုလုပ်တာလဲ...ဘာလို့ ကြက်တောင်ပံတွေက အစိမ်းလိုက်ဖြစ်ပြီး ကောက်ညှင်းပေါင်းက တကယ်အကျက်ဖြစ်နေရတာလဲ"

"မီးဖိုထဲထည့်ပြီး ဖုတ်လိုက်ရုံပါပဲ... အထဲက ကောက်ညှင်းတွေ ကျက်နေပြီသားလေ... ကြက်တောင်ပံမကျက်မှာကို စိတ်မပူပါနဲ့.... ကြက်တောင်ပံကအရည်နဲ့ ဆီတွေက ကောက်ညှင်းဆန် ထဲအရည်ပျော်သွားမှာ..."

သူမကထိုသို့ပြောရင်း ကြောင်သွားသည်။မဟုတ်ဘူး...မီးဖိုမပါဘဲ ဘယ်လိုလုပ်ဖုတ်ရမှာလဲ...

သူမက စိတ်လှုပ်ရှားစွာစားရန် စိတ်ဝင်စားစရာတစ်ခုခုကို ပြုလုပ်ချင်သော်လည်း ၎င်းသည် မြို့စားရှဲ့အိမ်တော်မှာမဟုတ်သည့်အပြင် မုန့်ဖုတ်ဖိုလည်းမရှိသည်ကို မေ့သွားခဲ့သည်။

ကြက်တောင်ပံကို ဘယ်လိုကိုင်တွယ်ရမလဲဆိုသည်ကို တုံ့ဆိုင်းနေချိန်မှာပဲ မိန်းမစိုးတစ်ယောက်က ကိုယ်လုပ်တော်လင်း၏ ညွှန်ကြားချက်များကို လာအကြောင်းကြားသည်။သူမက ကျန်းရှုယောင်ကို သူမကိုလာတွေ့ ခိုင်းလိုက်သည်။

ကျန်းရှုယောင် တခဏမျှ တုံ့ဆိုင်းသွားပြီး ကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို တိုက်ရိုက် ယူလာခဲ့သည်။ သူမမှာ အသုံးအဆောင်တွေ အကုန်မရှိပေမဲ့ တော်ဝင်ကိုယ်လုပ်တော်လင်း၏ နံဘေးမှာရှိသည့် နန်းတော်ကလူတွေက မီးဖိုသေးသေးလေးမှာ ဖုတ်ရမည်ဆိုလျှင်ပင် အစားထိုးစရာကို အမြဲရှာတွေ့နိုင်၏။ကိုယ်လုပ်တော်လင်း၏နေရာသို့ သွားနေခြင်းမဟုတ်ဘဲ မိဖုရားကြီးထံ သွားနေခြင်းဖြစ်ကြောင်း ရောက်သွားသည့်အချိန်မှပင် သူမ သိလိုက်ရသည်။

ကျန်းရှုယောင် ရောက်ရှိလာသောအခါတွင် မိဖုရားနှင့် မျိုးရိုးမြင့်သခင်မလေးများစွာတို့က ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြသည်။ ကြက်တောင်ပံအိုးကိုကိုင်ထားသည့် ကျန်းရှုယောင်က အတော်လေး အံ့သြသွားပုံပါပင်။

ကိုယ်လုပ်တော်လင်းနှင့် မိဖုရားတို့က တစ်ခုခုကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုအပြီးတွင် ၎င်းတို့သည် စကားစမြည်ပြောဆိုရန် ဤနေရာတွင်ဆက်နေခဲ့ကြသည်။ထိုအချိန်မှာ မိဖုရား၏တူမက သူမကိုတွေ့ရန်ရောက်လာသည်။အခြားအမျိုးသမီးများကလည်း တော်ဝင်မျိုးနွယ်များရှေ့တွင် ၎င်းတို့၏မျက်နှာကိုပြကာ ပျော်ပျော်ရွှင်ရွှင်နေလိုသောကြောင့် အားလုံးလာရောက်နှုတ်ဆက်ကြသည်။ ဧည့်ခန်းထဲတွင် လူတစ်စု စုဝေးနေခဲ့ကြ၏။သူက ကိုယ့်ကို နှိပ်ကွပ်၊ ကိုယ်ကသူ့ကို နှိပ်ကွပ်နှင့် အင်မတန် အသက်ဝင်နေသည်။အိမ်ရှေ့စံက ထိမ်းမြားလက်ထပ်နိုင်သည့် အရွယ်သို့ရောက်ပြီဖြစ်၍ လူတိုင်းသည် မင်းမျိုးမင်းနွယ်များရှေ့တွင် ကောင်းမွန်စွာ လုပ်ဆောင်ပြချင်ကြသည်။

မိဖုရားက ကြင်နာတတ်ပြီး နူးညံ့သိမ်မွေ့ကာ ငယ်ငယ်ရွယ်ရွယ်များကို အလွန်နှစ်သက်သည်။ ပန်းတွေလို လှပသည့် မိန်းကလေးတစ်စုကို ကြည့်ပြီး သူမ သူတို့ကို လုံးဝစိတ်မညိုညင်သကဲ့သို့ တစ်ချိန်လုံး ပြုံးနေ၏။

မိဖုရားက ငယ်စဉ်ကတည်းက ပင်ကိုအားဖြင့် မြင့်မြတ်သော၊ ဂုဏ်သိက္ခာရှိပြီး ရက်ရောသော စိတ်ထားပျိုးထောင်လာခဲ့သည်။ကိုယ်လုပ်တော်လင်းက မတူပေ။ သူမက နန်းတော်သို့မဝင်မီ အမျိုးသားများကြားတွင် ရောနှောနေခဲ့ရသည်။ ဒေါသအလွန် ထွက်သည့်အခါ တိုက်ရိုက်ပြောချင်းမျိုး လက်အောက်ငယ်သားတွေ ရိုက်ခိုင်းခြင်းမျိုးသာလုပ်ခဲ့သည်။ယခု အနှီမိန်းမပျိုလေးတွေ တစ်ယောက်ကို တစ်ယောက် စကားများနှင့် ထိုးစိုက်ကြသည်ကို မြင်သောအခါ သူတို့ တကျွိကျွိနှင့် တွန့်လိမ်နေသည်ကို မြင်ရသည်က ခေါင်းကိုက်သလို ခံစားရ၏။

"ဝမ်သခင်မလေးရဲ့ ခေါင်းပေါ်က ပုတီးစေ့တွေက အရမ်းလှတာပဲ... ဆောင်းဦးပေါက်ဆိုပေမယ့်လည်း နွေဦးလို တောက်ပပြီး လှုပ်ရှားနေတာ..."

"တတိယလီသခင်မလေးက ချီးကျူးထိုက်ပါတယ် ...ဆံထိုးလည်းမဝတ်မိတ်ကပ်လည်းမလူးထားဘူး...ရေကြာပန်းလေးလို့ခေါ်လို့ရတယ်... သဘာဝအတိုင်း လှပပြီး အလှဆင်ထားတာ...အဲဒါက တို့ရဲ့ ရွှေနဲ့ ပုလဲဆံညှပ်တွေကို အရမ်းတောက်ပြောင်လွန်းရာကျစေတယ်"

တတိယလီသခင်မလေး၏ နှလုံးသား တင်းမာလာပြီး ကိုယ်လုပ်တော်လင်းကို တိတ်တဆိတ် ခိုးကြည့်မိသည်။ကိုယ်လုပ်တော်လင်းက ရွှေလက်ဝတ်ရတနာကို အနှစ်သက်ဆုံးဖြစ်သည်ကို မည်သူမသိဘဲနေသနည်း။

"ကလေးမတို့... မင်းတို့အားလုံးက အရမ်းနှိမ့်ချနေကြတာပဲ... မင်းတို့အားလုံး ရုပ်ရည်ချောမောပြီး တစ်ယောက်နဲ့တစ်ယောက် အလှကိုယ်စီရှိကြတယ်လို့ပဲ ဒီပန်ကုန်းကပြောမယ်" မိဖုရားက ရွှင်မြူးစွာပြောသည်။


ကိုယ်လုပ်တော်လင်းက ပြုံးပြီး ဘာမှပြန်မပြောသော်လည်း သူမ အလွန်စိတ်ဆိုးသွားသည်။ ဒီစကားဝိုင်းက သူ့ဆီ ဘယ်လိုလုပ်ရောက်လာတာလဲ...မောင်းမဆောင်မှာ သူ လေနဲ့မိုးရွာအောင် မွှေတုန်းကတောင် သူတို့မွေးသေးတာမဟုတ်ဘူး...

မိဖုရား၏ စိတ်နေစိတ်ထားသည် လူတိုင်းကို အကုန်လုံးက မျက်စိစုံမှိတ်ချစ်မြတ်နိုးသော ညီအစ်မများဟု ထင်မြင်စေကာ မောင်းမဆောင်တွင် နေထိုင်သူအားလုံးကို သူမဆီက ရိုက်နှက်ထိုးကြိတ်ထားခံရသည့်လူများအစား ခိုးယူခြင်းမပြု ခိုက်ရန်ဖြစ်ပွားခြင်းမရှိသော စိတ်ထားကောင်းသည့် အမျိုးသမီးများဖြစ်ကြောင်း လူတွေက်ု ယုံကြည်စေသည်။

လက်ဖက်ရည်ခွက်ထဲရှိ ရွှေဇွန်းပေါ်က သူမ၏ရောင်ပြန်ဟပ်မှုကို ကြည့်လိုက်၏။ နောက်ပြီး အလှအပနဲ့ ပတ်သက်ရင် ဒီအဘွားကြီးထက် ဘယ်သူက ပိုလှမှာလဲ...

သူတို့၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ဆက်လက်ရှင်သန်နေကြပြီး သူတို့၏ ပင်ကိုယ်စွမ်းရည်များကို ပြသရန် ကဗျာများ ရွတ်ဆိုကြတော့မည်ကို မြင်လိုက်ရသဖြင့် ကိုယ်လုပ်တော်လင်း သည်းမခံနိုင်ဘဲ တစ်စုံတစ်ဦးကို ကျန်းရှုယောင်ကိုခေါ်ခိုင်းခဲ့သည်။

အခြားအရာများကို မေ့လိုက်ပါ၊
ကျန်းရှုယောင် ဤနေရာတွင် သူမ၏မျက်နှာကိုလာပြသည်နှင့် တစ်ယောက်ကိုတစ်ယောက် ချီးကျူးပြောဆိုသူများ အရှက်ရပြီး နီရဲနေလောက်မည်။

ရှဲ့ကောကုန်း၏အိမ်တော်မှယူဆောင်လာသောသေတ္တာကြီးအား ကိုယ်လုပ်တော်လင်း မြင်ခဲ့ရပြီး ပြပွဲကောင်းကိုကြည့်ချင်သည့် သူမ၏အတွေးများ ပိုမိုအားကောင်းလာသည်။ သူမတူမလေးကလည်း သူမလိုပင်၊ အဝတ်အစားနှင့်လက်ဝတ်ရတနာတွေအပြည့်ပါသည့် သေတ္တာကြီးတစ်လုံး ယူလာနိုင်လောက်သည်။ ယနေ့ မည်သို့ ၀တ်စားထားသည်ကို မည်သူသိပါမည်နည်း။ သူမက သေချာပေါက် ဆံထိုးများ ပိုမိုဝတ်ဆင်ကာကာ ယိမ်းထိုးလှုပ်ရမ်း၍ သူတို့၏ ထွန်းတောက်နေမှုများကိုဖိနှိပ်လိမ့်မည်။ ခေါင်ရမ်းပန်းနှင့်ကြာပန်းတို့နှယ်ပွင့်လန်းကာ သူမကသာ ပျိုးနီပန်း၏အရောင်ဖြင့်ထိုက်တန်သည့် တစ်ဦးတည်းသောအမျိုးသမီးဖြစ်သည်။

ထို့နောက်တွင် ကျန်းရှုယောင်က ရိုးရိုးရှင်းရှင်း ဝတ်ကောင်းစားလှ ၀တ်ထားသည်ကို သူမတွေ့လိုက်ရသည်။ သူမ၏ဆံပင်ကို သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး သူမလက်ထဲတွင် ဇလုံတစ်ခုနှင့် ရောက်လာသည်။

ကိုယ်လုပ်တော်လင်း ကြောင်အသွားသလို ကဗျာဂိမ်းကစားနေသောသခင်မလေးများနှင့် ပြုံးနေသော မိဖုရားလည်းအတူတူပင်ဖြစ်၏။

ကျန်းရှုယောင်က ဇလုံကို သူ့နောက်မှ နန်းတွင်းသူတစ်ဦးထံ အမြန်လွှဲပေးပြီး မိဖုရားနှင့် ကိုယ်လုပ်တော်လင်းကို လေးစားစွာ အရိုအသေပြုသည်။

မိဖုရားက စကားမပြောမီတွင် ကိုယ်လုပ်တော်လင်းက လက်ဖက်ရည်ခွက်ကိုချကာ မယုံကြည်နိုင်စွာဆိုလိုက်၏။

"ဘယ်လိုလုပ် ဒီအဝတ်အစားတွေနဲ့ ထွက်လာတာလဲ"

ကျန်းရှုယောင်က ပဟေဋ္ဌိဖြစ်နေဟန်ဖြင့်ပြောသည်။

"နျန်နျန်းကို ဖြေကြားပါတယ်...ကျွန်တော်မျိုးမ အခုပဲ ပါဝင်ပစ္စည်းတွေကို ထုပ်ပိုးနေတာပါ... ဒီအဝတ်အစားတွေကို ဝတ်ရတာက လှုပ်ရှားရလွယ်တယ်...ညစ်ပတ်လာရင် ပြောင်းလျှော်ရလည်း လွယ်ပါတယ်"

ကိုယ်လုပ်တော်လင်းက အံကြိတ်ကာဆို၏။
"... မသပ်မရပ်နဲ့ မင်းက ဘယ်လိုလုပ်ထွက်လာရတာလဲ"

ကျန်းရှုယောင် သူတို့ဘေးတွင် ထိုင်နေသော သခင်မလေးများကို ကြည့်လိုက်သည်။ သူတို့က လှပတင့်တယ်ကြပြီး အရောင်ဖျော့ဖျော့အဝတ်အစားများကို ၀တ်ဆင်ထားကာ ယင်းကသူတို့အား ဆောင်ဦးအမဲလိုက်ထွက်လာသည်နှင့်တူစေသည်။

သူမ ယခုလိုမျိုး ၀တ်ဆင်သည်က တစ်ခုခု မှားနေသလားဟု တွေးမိပေမဲ့ အိမ်မှာ အမြဲ ယခုလိုပဲဝတ်ခဲ့ခြင်းဖြစ်သည်။ ရှဲ့ရွှင်းက ဘာမှမပြောဘဲ သူမကို နေ့တိုင်း စိတ်အားထက်သန်စွာ စောင့်မျှော်၍ပင်နေသေးသည်။

မိဖုရားက ဇာတ်ခုံကို အမြန်လှည့်ပြီး သူမကိုခေါ်လိုက်၏။

"ဒီပန်ကုန်းကြည့်ပါရစေဦး... ဒီကလေးကို ကြည့်...မြင်လိုက်တာနဲ့ သူက သီလရှိပြီး နူးညံ့မှန်းသိရတယ်"

ဒေါသထွက်လွန်း၍ ပါးပြင်များ ငါးပူတင်းကဲ့သို့ ဖောင်းကားနေသော ကိုယ်လုပ်တော်လင်းက ကျန်းရှုယောင်၏ လှပပြီး မက်မွန်ရောင်သန်းနေသာမျက်နှာကို ကြည့်လိုက်သည်။မိဖုရားကြီး၏ မျက်လုံးဖွင့်ပြီး လိမ်ညာပြောဆိုနိုင်စွမ်းကိုပဲ သူမ လေးစားရမိသည်။

ကိုယ်လုပ်တော်လင်းက သူမရှေ့မှာ ခရုတွေကို စုပ်ပြီးကတည်းက ကျန်းရှုယောင် သူမကို မကြောက်တော့ပေ။သူမက တိုက်ရိုက်မေးလိုက်သည်။

"နျန်နျန်း...ကျွန်တော်မျိုးမကို တစ်ခုခုရှိလို့ခေါ်တာပါလား"

ကိုယ်လုပ်တော်လင်းက ပျင်းရိငြီးငွေစွာဆိုသည်။

"ဘာမှ မဟုတ်ဘူး ...မင်းကို ဝင်ပျော်စေချင်လို့ခေါ်လိုက်တာ... အတူတူပျော်ရအောင်"

ကျန်းရှုယောင်က ဆက်လက်ဖြေဆိုတော့မည်ဖြစ်သော်လည်း မိဖုရားကြီး၏အကြည့်များက သူမအပေါ် ဆက်လက်ကျဆင်းနေကာ အဝေးသို့မရွေ့သွားသည်ကို သူမခံစားခဲ့ရသည်။

ယင်းက မိဖုရားက ကျန်းရှုယောင်အကြောင်းကို အလွန်အမင်း သိချင်နေသောကြောင့်ဖြစ်သည်။ အစပိုင်းတွင် ရှန်းယန်အိမ်တော်က ကျန်းရှုယောင်ကို ရှဲ့ရွှင်း နှင့်လက်ထပ်စေချင်သောကြောင့် ကိုယ်လုပ်တော်လင်းက သူမကို ငိုယိုတောင်းပန်ကာ အိမ်ထောင်ရေးအကြောင်း ကိုယ်တိုင်မိန့်ရန် မရမကတောင်းဆိုခဲ့သည်။ သူမ မလိုလားသော်လည်း ကိုယ်လုပ်တော်လင်း နှင့် သူမက တစ်ယောက်ကိုတစ်ယောက် ကူညီကာ တစ်ယောက်ကိုတစ်ယောက် မကောင်းမှုမှ နှစ်ပေါင်းများစွာ ထပ်ခါတလဲလဲ ကယ်တင်ခဲ့ကြသည်။သူမ၏ သားတော် ဤမျှထိအောင်မြင်ပြီး အိမ်ရှေ့စံမင်းသားဖြစ်လာသည်အထိ ကြီးထွားလာရန် ကိုယ်လုပ်တော်လင်းအပေါ်မှာ များစွာအကြွေးတင်ခဲ့သည်။ထိုသည်က ကိုယ်လုပ်တော်လင်း သူမကို တောင်းဆိုသည့် တစ်ခုတည်းသော အကြိမ်ဖြစ်သည်။ သူမ ဘယ်လိုမှ မငြင်းနိုင်ခဲ့ပါချေ။

အတင်းခူးသောဖရဲသီးက မချိုဟုရှေးရိုးစကားကို မကြာခဏ ပြောလေ့ရှိသည်။ ဤအိမ်ထောင်ရေးက ဖြစ်​မြောက်သွားလျှင်ပင် ကျန်းရှုယောင်တစ်ယောက် မြို့စားရှဲ့အိမ်တော်မှာ ကောင်းကောင်းနေနိုင်မည်မဟုတ်ပေ။

မထင်မှတ်ပဲ အရာအားလုံးက သူမ စိတ်ကူးထားသလို မဟုတ်ခဲ့ပါချေ။ ကျန်းရှုယောင်က လက်ထပ်ပြီးနောက် အခြားလူတစ်ဦးဖြစ်သွားပုံရသည်။ အိမ်ရှေ့စံမင်းသားက ကျန်းရှုယောင် အကြောင်းကို မကြာခဏပြောပြီးချီးကျူးစကားဆိုသည်ကို သူမကြားရသည်။

မကြာသေးမီက အဂတိလိုက်စားမှုကိစ္စမှ ပြန်လာသောအခါ သူ သူမနန်းဆောင်၌ ပွဲတော်တည်ခဲ့သည်။ ဘန်းမုန့်ပေါင်း နှင့်ဆော့စ် တို့ကို စားသုံးရန် ခေါင်းမာနေပြီး ပေါင်းထားသော ဘန်းမုန့်ကြီးများကိုလည်း မှာယူခဲ့သည်။တော်ဝင်ထမင်းစားခန်းက ရှုပ်ထွေးသွားခဲ့၏။

သူမ ကျန်းရှုယောင်ကို သူမဘေးနားတွင် ထိုင်ခုံတစ်ခုပေးကာ သူမကို စကားများများပြောပြီး စိတ်ထဲမှာ သံသယများကို ဖြေရှင်းချင်ခဲ့သည်။

ယင်းက သူတို့ဘေးနားက ကောင်မလေးတွေကို မနာလိုဖြစ်စေမည်ကို မည်သူသိပါမည်နည်း။



Xxxxx