Chapter 122
ကောက်ညှင်းအစာသွပ်ကြက်တောင်ပံ (၂)
ကျန်းသခင်မလေးက ရှဲ့သခင်လေးကို လုယူခဲ့ပြီး ယနေ့တွင် သူမတို့၏ ထွန်းတောက််မှုကို ထပ်မံဖမ်းဆုပ်ရန် ရောက်ရှိလာခဲ့သည်။ဤသည်က သည်းမခံနိုင်စရာပင်။
မိဖုရားကြီး၏တူမက အရင်ဆုံး စပြောသည်။
"ရှဲ့သခင်မက ဒီကိုဘာလာယူလာတာလဲ မသိဘူး... သွေးထွက်နေပုံပဲ... နည်းနည်းကြောက်စရာကောင်းတယ်"
ကျန်းရှုယောင်က အခုမှ ထိုင်ခါစဖြစ်ပြီး သူမအလုပ်ကို သတိရသွားကာ ကိုယ်လုပ်တော်လင်းကိုပြောလိုက်သည်။
"စကားမစပ်...နျန်နျန်း ကျွန်တော်မျိုးမကို ပြောစရာမရှိရင် နျန်နျန်းရဲ့မီးဖိုချောင်ကို ငှားလို့ရမလား"
ကိုယ်လုပ်တော်လင်း ဒေါသအတော်လေးထွက်သွားသည်။သူမလို အကြံသမား ကိုယ်လုပ်တော်တစ်ယောက်မှာ ဒီလို မိုက်မဲတဲ့ တူမလေး ဘယ်လိုလုပ်ရှိနိုင်မလဲ...
သို့ပေမဲ့ သူမ ကျန်းရှုယောင်၏ လက်ရာကို တွေးမိသောအခါ ခေါင်းညိတ်လိုက်သည်။
"ရတာပေါ့... ဒါပေမဲ့ မင်း ငါ့နေရာကို သွားစရာ မလိုပါဘူး... ဒီမှာပဲ နေပြီးတော့ မိဖုရားရဲ့မီးဖိုချောင်ကို သုံးပါ... မမ ဘယ်လိုထင်လဲ"
အနှီကောင်မလေးများကို ချိုးနှိမ်ရန်အလှအပကို အသုံးမချနိုင်ပါက မိဖုရားကြီး၏ မျက်လုံးတွေကို အနိုင်ယူရန် ဟင်းချက်ကျွမ်းကျင်မှုကို အသုံးပြုသည်က ကောင်း၏။
မိဖုရားကြီးက သဘာဝအတိုင်း ခေါင်းညိတ်လိုက်သည်။
ကျန်းရှုယောင်က မိဖုရားကြီး၏တူမ မေးသည့်မေးခွန်းကိုဖြေလိုက်သည်။
"ဒါက သွေးမဟုတ်ဘူး...ကျွန်မလုပ်ထားတဲ့အရသာအနှစ်ပဲ"
စကားပြောပြီးနောက် မိဖုရားကြီး နှင့် ကိုယ်လုပ်တော်လင်းကို ဦးညွှတ်ပြီး ပြန်ထွက်လာခဲ့သည်။ သူမ ကြက်တောင်ပံများကို ကိုင်တွယ်ရန် အနောက်ဘက်သို့ သွားခဲ့သည်။
မိဖုရားကြီးက ပြုံးပြီးပြော၏။
"ဒီကလေးက ဖြူစင်တဲ့စိတ်ရှိတယ်... အစာစားချင်စိတ်အရမ်းပြင်းတဲ့ မိန်းကလေးကို ဒါပထမဆုံးတွေ့ဖူးတာဘဲ"
လေထုက ပြန်လည်အသက်ဝင်လာပြန်သည်။
မိဖုရားကြီးက တစ်နေ့လုံး ဆေးဝါးဓာတ်စာစားရသောကြောင့် သူမနေထိုင်သည့်နေရာတွင် ထမင်းစားခန်းငယ်တစ်ခုရှိသည်။ ဧကရာဇ်မင်းက အမဲလိုက်ကွင်းတွင် နှစ်တိုင်း အမဲလိုက်လာသောကြောင့် ဧကရာဇ်မီးဖိုချောင်တွင် ရနိုင်သော အရာအားလုံးကို ဤနေရာတွင် ရနိုင်သည်။
ကျန်းရှုယောင်က မုန့်ဖိုမပါပဲ ဖုတ်ရန်အတွက် မီးဖိုသေးသေးလေးထဲတွင် ကောက်ညှင်း ကြက်တောင်ပံများကို ထည့်ထားရသည်။ ကြက်တောင်ပံများဆီရွှဲလာပြီးနောက် ကြက်တောင်ပံများ၏ အရေခွံကို ပျားရည်ဖြင့် သုတ်ကာ သံဘောင်နှစ်ချောင်းကို တပ်ဆင်ကာ မီးဖိုပေါ်၌ ကင်ထားလေသည်။
မီးတောက်က ကြက်တောင်ပံများကို ထိလိုက်ရာ အပြင်အလွှာရှိ ပျားရည်က တဖြည်းဖြည်း တောက်ပလာပြီး ဆီများ ယိုဖိတ်ထွက်လာကာ ပူပြင်းသော မီးအပူချိန်နှင့် ဆုံ၍ တရှဲရှဲ အသံထွက်လာသည်။ အဆီပိုထွက်လာသည်နှင့်အမျှ ကြက်တောင်ပံများ၏ အရေခွံသည် တဖြည်းဖြည်း ညိုလာကာ တောင်ပံကင်၏ အမွှေးရနံ့များ ပိုမိုပြင်းထန်လာသည်။ ဆီများတစ်စက်စက်ကျနေသဖြင့် ထင်းများသည် တောက်ပသော အနီရောင်အလင်းတန်းများဖြင့် ထထတောက်နေလေသည အနည်းငယ်ကျွမ်းသောရနံ့နှင့် လတ်ဆတ်မွှေးမြသော ကြက်သားရနံ့က ထမင်းစားခန်းမှ ပျံ့သွားပြီး တဖြည်းဖြည်း လွင့်ထွက်သွားသည်။
ထမင်းစားခန်းရှိအစေခံများနှင့် မိန်းမစိုးများသည် ၎င်းတို့၏တံတွေးကို မျိုချလိုက်ပြီး မီးဖိုချောင်အတွင်းသို့ စူးစူးစိုက်စိုက်ကြည့်နေကြသည်။ အရင်တုန်းက အသားကင်သည့်အခါ ယခုလိုအနံ့မျိုး မရှိပေ။ဤတစ်ခေါက် ဘယ်နည်းလမ်းကို သုံးခဲ့သနည်း။
ကျန်းရှုယောင်သည် သူမယူလာခဲ့သော ကောက်ညှင်းအစာသွပ်ကြက်တောင်ပံအားလုံးကို ကင်ပြီး ပန်းကန်ထဲသို့ ထည့်လိုက်သည်။ သူမလာစဥ်က ကြက်တောင်ပံတစ်ဝက်ကို တော်ဝင်ကိုယ်လုပ်တော်အား ပေးကာ ကျန်တစ်ဝက်ကို ယူပြနွမည်ဟု သူမတွေးခဲ့သည်။သို့ပေမဲ့ ယခု သူတို့က အချိန်ကောင်းတစ်ခုရှိနေကြသည်။မမျှဝေလျှင် သူမအလွန်ဖြစ်သွားပေလိမ့်မည်။
သူမတွေးနေတုန်းမှာ မိန်းမစိုးတစ်ယောက် ရောက်လာပြီးဆိုသည်။
"ရှဲ့သခင်မ...ကိုယ်လုပ်တော်လင်းက ပြီးပြီလားလို့ မေးဖို့ ဒီအစေခံကို စေလွှတ်လိုက်ပါတယ်... ပြီးရင် မြန်မြန်လာပါ"
ကျန်းရှုယောင် သူနှင့်အတူ ထွက်လာသည်။
သူမ ရောက်မလာသေးသော်လည်း ရနံ့က အတူတူ စကားပြောနေကြသူများ၏ နှာခေါင်းထဲကို စိမ့်ဝင်သွားသည် ။
မွှေးရနံ့ကြောင့် သူတို့၏ အသံများ တဖြည်းဖြည်း ရပ်တန့်သွားသည်။ အံ့သြစရာကောင်းသည့် အနံ့တစ်ခုပါပင်။ လတ်ဆတ်သောအသားက မီးသွေးအနံ့နှင့် ခွဲခြားမရနိုင်သော ဟင်းခတ်အမွှေးအကြိုင်များစွာဖြင့် မွှေးပြီး ချိုသည်။ အနံ့က ကြိုင်လှိုင်ပြီး နောက်ထပ် အနည်းငယ် ရှူမိပြီးနောက် အနံ့၏ ဆွဲဆောင်မှုကို မခံရဘဲမနေကြပါချေ။
သူတို့ဘာတွေလဲဆိုသည်ကို စဉ်းစားနေချိန်မှာပဲ ကျန်းရှုယောင်က ပန်းကန်ပြားကိုင်ထားသည့် မိန်းမစိုးတစ်ယောက်နှင့် ဝင်လာသည်။
ကြက်တောင်ပံကင်က အနံ့ပြင်းပြီး ကြက်တောင်ပံက အတော်ကြီးဆိုသည်ကိုကား ထည့်ပြောစရာပင်မလိုပါချေ။ အနည်းငယ်ကြမ်းတမ်းပုံရသော်လည်း သေချာကြည့်သောအခါ ကြက်တောင်ပံများက ဆီများဖြင့် တုန်ခါနေဆဲဖြစ်ပြီး ထောင့်များက ကျုံ့သွားပြီး တောက်ပနေသည်။အရောင်က ရွှေအိုရောင်သန်းနေပြီး မျက်နှာပြင်ပေါ်ရှိ ကြည်လင်တောက်ပေနေသောဆီများက ပျားရည်ရောင်အရည်ခွံကို ပိုမိုအရသာရှိပြီး ဆွဲဆောင်မှုရှိစေသည်။
"ဒါက ကြက်တောင်ပံလား"
မိဖုရား အံ့ဩသွားသည်။ဤမျှလောက်ကြီးသည့် ကြက်တောင်ပံကြီးကို တစ်ခါမှမစားဖူးပေ။ ကြက်သားစားသည့်အခါ မီးဖိုချောင်က ကြက်သားအသားလွှာ သို့မဟုတ် တုံးတစ်ထားသောကြက်သားကို ပြင်ဆင်ပေး၏။ မီးဖိုချောင်က ကြက်တောင်ပံကြီးကို သူမကိုက်ဖို့ ဘယ်လို သတ္တိရှိရှိ ထားနိုင်တာလဲ...
"မှန်ပါတယ်"
မိဖုရား ရှိနေကတည်းက ကိုယ်လုပ်တော်လင်း တစ်ယောက်တည်း အရသာခံ၍မရပါချေ။
ကျန်းရှုယောင်က ပန်းကန်ပြားကို မိဖုရားထံ ယူဆောင်သွားရန် မိန်းမစိုးကို အမူအရာပြလိုက်သည်။
"မိဖုရားကြီး မကြိုက်ဖြစ် မဖြစ် ဒီကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို မြည်းစမ်းကြည့်ပါ"
မိဖုရားက ဂုဏ်သိက္ခာရှိပြီး မာနမကြီးသော်လည်း ကြက်တောင်ပံတစ်ခုလုံးကို ကြည့်သောအခါတွင် သူမစိုးရိမ်နေဆဲဖြစ်သည်။
ကိုယ်လုပ်တော်လင်း ၎င်းကိုမြင်သောအခါ ပြောမပြနိုင်အောင် နင်သွားသော်လည်း သူမက ခရုများကို စုပ်ထားသည်။တခြားအရာတွေစားရသည်ကို သူမဂရုမစိုက်ပေ။ ကြက်တောင်ပံတွေကို ကိုက်ရုံပဲ မဟုတ်လား...ရိုးရှင်းလိုက်တဲ့ကိစ္စ...
ကျန်းရှုယောင်က မိဖုရားကြီး၏စိတ်ကို သတိပြုမိပြီးပြောလိုက်သည်။
"ဒီကြက်တောင်ပံက အရိုးထုတ်ထားပြီး အရေနဲ့အသားပဲကျန်တော့ပါတယ်... အတွင်းပိုင်းမှာ ပဲစိမ်းကြော်နဲ့ ကောက်ညှင်းပေါင်း အစာသွပ်ထားပါတယ်...အဲဒါကို တူနဲ့စားလို့ရတယ်... အတွင်းထဲက ကြက်သားက နူးညံ့ပြီး အရည်ရွှမ်းတယ်... အတွင်းဆုံးအလွှာမှာရှိတဲ့ ကောက်ညှင်းက နူးညံ့ပြီး မွှေးကြိုင်ပါတယ်... တစ်ကိုက်မှာ အသားရော ကောက်ညှင်း ပါပါတယ်... လုံးဝကို ပျော်ဖို့ကောင်းပါတယ်"
မိဖုရားကြီးကို မဆိုနှင့်၊ နှာကစ်နေသော အနီးနားရှိ အမျိုးသမီးငယ်များပင် ဤစကားကို ပြောလိုက်သောအခါ ရုတ်တရက် ဗိုက်ဆာသလို ခံစားလိုက်ရသည်။
ကိုယ်လုပ်တော်လင်းက သူမ၏ တူများကို ဦးစွာ ရွှေ့လိုက်သည်။ သူမက တူများကို မတော်တရော်အသုံးပြုကာကြက်တောင်ပံကို ထိုးစိုက်ပြီး ကြက်တောင်ပံထိပ်ဖျားကို ကိုက်ခဲ့သည်။ သူမက မွေးကတည်းက လှပသူဖြစ်၏။ဤမျှလောက် မတော်တရော် စားသောက်နေသော်ငြားလည်း သူမကို ကြည့်ရသည်မှာ အလွန်မျက်စိပသာဒဖြစ်စရာ ကောင်းလှသည်။
၎င်းကို မိဖုရားမြင်သည့်အခါ တံတွေးများ လျှာရင်းမှာ ရုတ်တရက် ပေါ်လာ၏။ သူမက ဆီများသောအသားကို ဘယ်တုန်းကမှ မကြိုက်ခဲ့သော်လည်း ယခုအချိန်တွင် သူမ လှုပ်ရှားရန် အနည်းငယ် စိတ်အားထက်သန်နေသည်။
ကိုယ်လုပ်တော်လင်းက ကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို အကိုက်သေးသေးလေး ကိုက်လိုက်သည်။ ကြက်တောင်ပံအရေခွံကို ပျားရည်နှင့် သုတ်ပြီး သေချာကင်ထားသည်။ အစွန်းများက အနည်းငယ် ကြွပ်ရွနေသည်။ အရေပြားကို ကိုက်ပြီးနောက် မွှေးကြိုင်သော အသားရနံ့က ချက်ချင်း ထွက်ပေါ်လာသည်။ ကြက်တောင်ပံများ၏ အဆီအနှစ်နှင့် အဆီရည်များကို အကုန်ပျော်အောင် ကင်ထားသော်လည်း ၎င်းတို့သည် အရေပြားထဲတွင် တင်းတင်းကျပ်ကျပ် မြုပ်နေပါသည်။ ယခုအချိန်မှာ အရည်ရွှမ်းသည့် ကြက်သားက အလွန် နူးညံ့ပြီး ဝါးစရာမလိုဘဲ ပါးစပ်ထဲမှာ အရည်ပျော်သွားသည်။
ကောက်ညှင်းက မာခဲ၊ပြည့်ဖောင်းကာ သွားများကြားတွင်အိအိလေးဖြစ်နေသည်။ ကြက်သား၏အချိုရည်နှင့် ဆီက ကောက်ညှင်းထဲသို့ စိမ့်ဝင်သွားသည်။ ပဲစိမ်းလုံး၏လတ်ဆတ်သောအရသာ၊ ကောက်ညှင်း၏မွှေးရနံ့နှင့် ထူထဲသန့်စင်သောအသားအရသာတို့ရှိသည်။ ၎င်းသည် သေးငယ်သောအကိုက်မျှသာဖြစ်သော်လည်း လူအများကို ကျေနပ်မှုနှင့် ပျော်ရွှင်မှုတစ်မျိုးကို ခံစားစေသည်။
ကောက်ညှင်းအစာသွပ်ကြက်တောင်ပံများကို ချထားကာ ခံတွင်းထဲက အသားရနံ့ကို ဂရုတစိုက် မြည်းစမ်းပြီး နူးညံ့သော အသားနှင့် ကောက်ညှင်းများကိုပေါင်းဝါးလိုက်သည်။ဤနေရာမှာ တစ်ယောက်မှမရှိလျှင် သူမ ကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို လက်နှင့် ယူစားမိမှာဖြစ်သည်။
"မိဖုရား...မမရေ...မြန်မြန် စားကြည့်"
ကိုယ်လုပ်တော်လင်း ရုတ်တရက် ကျွဲမြီးတိုလာသည်။ သူမတူမလေးက ချောမောလှပရုံသာမက ဟင်းချက်ကျွမ်းကျင်မှုကလည်း ထိပ်တန်းပါပင်။ သူမကို ဘယ်သူ ယှဉ်နိုင်မလဲ...ဘယ်သူ...
မိဖုရားကြီးက တုံ့ဆိုင်းနေသော်လည်း ကိုယ်လုပ်တော်လင်းက သူမအား ဆွဲဆောင်ရန် ကြိုးစားသည်နှင့် စကားဆက်မပြောတော့ပေ။
သူမက ကိုယ်လုပ်တော်လင်းထက် များစွာနူးညံ့သိမ်မွေ့သော်လည်း စားကောင်းသောက်ဖွယ်ကြောင့် သူမ တုန်လှုပ်နေဆဲဖြစ်သည်။ ပျားရည်နှင့်အတူ ကြွပ်ရွနေသော အလွှာက လတ်ဆတ်ပြီး ချိုမြိန်ကာ အစပ်အရသာအနည်းငယ်ကိုပေါ်လွင်စေသည်။ ရှုပ်ထွေးသော အရသာရှိသော်လည်း ၎င်းသည် ကောင်းမွန်စွာရောစပ်ထားသည်။သို့ပေမဲ့ ကိုက်ပြီးလျှင် အတွင်းထဲက အဆီအနှစ်တွေက ထွက်လာရန် မစောင့်နိုင်တော့ပေ။ အလွန်ချိုမြိန်ပြီး ကြက်သား၏ အနှစ်သာရအားလုံးကို လှုံ့ဆော်ပေးသည်။ အညှီအနံ့မရှိပါဘဲ မူရင်းကြက်သားအရသာတစ်ခုတည်းရှိ၏။
အရေက ကြွပ်သည်၊ ကြက်သားက နူးညံ့သည်၊ ကောက်ညှင်းက ဝါးရသည်။ အကိုက်အသေးလေးသာရှိပေမဲ့ အရသာက အလွန်ကြွယ်ဝ၏။
သူမ ကျန်းရှုယောင်ကို ခေါင်းလှည့် ကြည့်လိုက်သည်။သူမ၏မျက်လုံးထဲတွင် အံ့သြမှုကို ဖုံးကွယ်ထား၍မရပေ။
အိမ်ရှေ့စံမင်းသားက ပြန်ယူလာသည့် မြက်ဂျယ်လီဖျော်ရည်ကို အရင်တစ်ခေါက်က သူမ သောက်ခဲ့ရသည်။ ကလေးမလေးက အချိုကြိုက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းအနည်းငယ်ရှိသည်ဟုသာ သူမတွေးခဲ့သည်။ သူမက လိမ္မာပါးနပ်ပြီး ကြံရည်ဖန်ရည်ရှိရုံသာမက လက်တွေ့ကျသော အရည်အချင်းများပါရှိမည်ဟု သူမ မမျှော်လင့်ထားပေ။
သူမ အံ့သြနေစဥ်တွင် အပြင်ဘက်မှ မိန်းမစိုးတစ်ယောက်၏ အော်သံထွက်လာလေသည်။
"အရှင်မင်းသား ကြွချီလာပါတယ်–"
အိမ်ရှေ့စံမင်းသား ဝင်လာသည်နှင့် အမျိုးသမီးများ အားလုံးက သူ့ကို ရှက်ရွံ့စွာ ကြည့်နေကြသည်။
သူက ကြည်လင်တောက်ပသော လမင်းကဲ့သို့ ချောမောလှသည်။ မင်းသမီးတစ်ပါးအဖြစ် သူနှင့် ထိမ်းမြားလက်ထပ်နိုင်လျှင် ယခင်ဘဝက ရရှိခဲ့သော ကုသိုလ်ကောင်းမှုအားလုံးကိုသုံးရန် ထိုက်တန်ပါသည်။
ယနေ့မှာ အိမ်ရှေ့စံမင်းသားက သူ့မယ်တော်ကို လာနှုတ်ဆက်မည်ကို မျှော်လင့်ပြီး မိဖုရားကြီးကို သခင်မလေးများ အားလုံး စုရုံးလာတွေ့ကြပေမဲ့ သူ အခုလို စောစောလာရန် မမျှော်လင့်ထားပါချေ။
ဧကရာဇ်နှင့် နိုင်ငံရေးကိစ္စများ ဆွေးနွေးပြီးနောက် အိမ်ရှေ့စံ မယ်တော်ထံသို့ မသွားမီ မိမိနေရာသို့ ပြန်သွားပြီး အဝတ်အစားလဲရန် ဆန္ဒရှိခဲ့သည်။မိဖုရားကြီး၏ နေရာကို ဖြတ်သွားသည့်အခါ မမျှော်လင့်ဘဲ မွှေးရနံ့များရသဖြင့် ကွေ့ပြီး မိဖုရားကြီးဆီ အပြုံးတစ်ခုနှင့် လျှောက်သွားခဲ့သည်။
သူ မိဖုရားကြီးနှင့် ကိုယ်လုပ်တော် လင်းကို အရိုအသေပြုလိုက်ပြီး အရိုသေပြုပြီးနောက် စားပွဲဆီသို့ လျှောက်ရန် မစောင့်နိုင်တော့ပေ။
မိဖုရားကြီး၏ မျက်လုံးများက နူးညံ့နေပြီး သူ့အားဆူလိုက်သည်။
"မင်းရဲ့ဝမ်းကွဲလည်း ဒီကို ရောက်နေတယ်... ဘာလို့ မနှုတ်ဆက်တာလဲ"
ဘေးတွင်ထိုင်ကာ အသက်အောင့်ထားသော မိဖုရားကြီး၏တူမက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုငုံ့ထားကြီး သူမဘေးနားရှိ အမျိုးသမီးများကို မနာလိုဖြစ်စေခဲ့သည်။
ရုတ်တရက် အိမ်ရှေ့စံမင်းသား ရှက်သွားသည်။
"ဝမ်းကွဲ"
သူကနွေးထွေးစွာ နှုတ်ဆက်သည်။
“ဝမ်းကွဲ…”
မိဖုရားကြီး၏ တူမက မျက်လွှာ အနည်းငယ်ပင့်ကာသူမ၏မက်မုံပွင့်မျက်လုံးများက လှိုင်းများဖြင့် ပြည့်နေသည်။သူမက ခပ်ဖွဖွ ပြုံးလိုက်ပြီး ၎င်းနောက် အေးခဲသွားသည်။
"ဝမ်းကွဲ မတွေ့တာကြာပြီ"
အိမ်ရှေ့စံက ကျန်းရှုယောင်အား ပြောလိုက်သည်။
သခင်မလေးများ ကြောင်သွားသည်၊ မိဖုရားကြီးလည်း ကြောင်သွားသည်၊ ကိုယ်လုပ်တော်လင်းလည်း ကြောင်သွားသည်။ကျန်းရှုယောင်နှင့် အိမ်ရှေ့စံတို့ကသာ ကြောင်မသွားသူများဖြစ်၏။
အိမ်ရှေ့စံမင်းသားက ရှဲ့ရွှင်းစာကိုကြားဖြတ်ဝင်ပြီး ဆော့စ်တောင်းစဥ်က ကျန်းရှုယောင်ကို "ဝမ်းကွဲ"ဟု ခေါ်ခဲ့သည်။ထို့ကြောင့် ကျန်းရှုယောင်က သိပ်မအံ့သြပေ။ သူမပြန်ဖြေခါနီးတွင် မိဖုရားကြီးက ဆိုလေသည်။
"ဝမ်းကွဲလား..."
အိမ်ရှေ့စံက စားပွဲပေါ်ရှိ ပျားရည်ရောင်ပြောင်လက်နေသော ကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို ကြည့်လိုက်ရာ မျက်လုံးများ တောက်ပလာသည်။သူခြေလှမ်းများတွင် အနည်းငယ်သောနူးညံ့မှုများဖြင့် မိဖုရားဘေးတွင် ပေါ့ပေါ့ပါးပါးဝင်ထိုင်ကာပြန်ဖြေသည်။
"မှန်ပါတယ်...မိဖုရားနဲ့တော်ဝင်ကိုယ်လုပ်တော်လင်းတို့က ညီအစ်မတွေ ဆိုတော့ ----"
စကားပြောပြီးနောက် နောက်ဆုံးတွင် သူတို့ဘေးတွင် ထိုင်နေသော သခင်မလေးများအားလုံးကို မြင်လိုက်ရသဖြင့် လန့်သွားသည်။
အိုး...လူတွေအများကြီးပဲ...
သူ့နှလုံးသားထဲတွင် တင်းမာမှုအနည်းငယ်ရှိနေသည်။
အိမ်ရှေ့စံ၏အကြည့်များ သူတို့အပေါ်ရောက်လာသည်ကို မြင်လိုက်ရသောအခါ သခင်မလေးများ သူတို့၏ပဟေဠိဖြစ်၊မုန်းတီး၊လေးစားသဘောကျနေသောမျက်လုံးများကိုရုတ်သိမ်းလိုက်ကြသည်။ သူတို့ ရှက်သွေးဖြာပြီး ခေါင်းငုံ့ထားကြသည်။
အိမ်ရှေ့စံက အကြာကြီး အကြည့်မလွှဲဘဲနေသည်ကို သူတို့ခံစားလိုက်ရပြီး ဣန္ဒြေသိက္ခာမဲ့သော အပြုအမူမျိုး လုပ်မိမှာကို စိုးရိမ်သဖြင့် သူတို့ အသက်ပင်ပြင်းပြင်းမရှူရဲကြပေ။
အရှင်မင်းသား၏ အကြည့်များက အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။ အရှင်မင်းသားကတစ်ယောက်ယောက်ကို သဘောကျလို့ များ ဖြစ်လိမ့်မလား...
သူတို့ လက်ကိုင်ပုဝါကို ထိတ်လန့်တကြား ဆုပ်လိုက်ကြသည်။
အိမ်ရှေ့စံ ခေါင်းများကို ရေတွက်ပြီးသွားပြီး အနည်းငယ် စိတ်လေးသွားသည်။(🤣🤣မရီပဲမနေနိင်တော့လို့) လူတွေအများကြီးရှိ၏။ကောက်ညှင်းအစာသွပ် ကြက်တောင်ပံပန်းကန်ကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားမိသည်။ ဒီကြက်တောင်ပံတွေက သူတို့အတွက် မဖြစ်လောက်ဘူးဆိုတော့ သူပျော်ပျော်ပါးပါးစားရင် အဆင်ပြေမှာလား...
မိဖုရားကြီး သူ့မျက်လုံးတွေက ပြန်ဆုတ်ပြီး ကောက်ညှင်းအစာသွပ် ကြက်တောင်ပံတွေဆီ ကပ်နေသည်ကို မြင်သည့်အခါ တိတ်တဆိတ်သတိပေးလိုက်သည်။
“ဘာလို့ မနှုတ်ဆက်တာလဲ...မင်း သူ့ကို မတွေ့ရတာ နှစ်အနည်းငယ်ပဲရှိသေးတာကို ကိုယ့်ဝမ်းကွဲကို မမှတ်မိတော့ဘူးလား"
အိမ်ရှေ့စံက ငေးကြောင်နေရာမှ အသိပြန်ဝင်လာကာ သခင်မလေးများကို သေချာကြည့်နေပြန်သည်။ နောက်ဆုံးတွင် အတော်လေး လေးနက်ပုံပေါက်သည့် သူ့ဝမ်းကွဲကို ရှာတွေ့သွား၏။
သူက ပြုံးပြီး နှုတ်ဆက်လိုက်သည်။ နှစ်အတော်ကြာ မတွေ့မမြင်ရသော ဝမ်းကွဲကို ကြည့်နေသော သူ့မျက်လုံးများက အနည်းငယ် ငေးငိုင်နေ၏။
အိမ်ရှေ့စံ၏ဝမ်းကွဲ တုန်ရီသွားကာ အိမ်ရှေ့စံ၏ မက်မွန်သီးရောင်မျက်လုံးများ၏ ကျက်သရေကို မခုခံနိုင်ဘဲ သူမ၏မျက်နှာက နီမြန်းနေသည်။
အိမ်ရှေ့စံမင်းသားက အဝေးကို လှမ်းကြည့်လိုက်ကာ သူမစိတ်တွေ တည်ငြိမ်သွားသည်။
အိမ်ရှေ့စံမင်းသားကမူ ပို၍သောကရောက်သွားသည်။ သူ မှန်ကန်စွာမှတ်မိပါလျှင် ဤဝမ်းကွဲသည် လွန်ခဲ့သော နှစ်အနည်းငယ်က နန်းတော်သို့ ရောက်လာသောအချိန်တွင် ကလေးမငယ်လေးသာ ဖြစ်သည်။ ရောင်ရင်းကောင်းသူမက အသားစွပ်ပြုတ် သုံးပန်းကန်ကို တစ်ခါတည်း သောက်ခဲ့၏။
ဒီအမျိုးသမီးကလည်း အန္တရာယ်ရှိတယ်...
Xxxx