အပိုင်း ၁၂၃
Viewers 18k

Chapter 123
ကောက်ညှင်းအစာသွပ်ကြက်တောင်ပံ (၃)


မိဖုရားကလည်း ထူးဆန်းသောအငွေ့အသက်ကို သတိပြုမိပြီး ကိုယ်လုပ်တော်လင်းအား သံသယဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ကိုယ်လုပ်တော်လင်း ကြက်တောင်ပံကို စားပြီးနောက် အနည်းငယ် ဂူဏ်ယူသွားသည်။ သူမမှာ ပြပွဲကောင်းတစ်ခုကို ကြည့်ရှုနေသော စိတ်မျိုးရှိသည်။ သူမ ပါးစပ်ကို သုတ်ရင်း မိဖုရားက သူမကို ကြည့်နေသည်ကို တွေ့လိုက်ပေမဲ့ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

မိဖုရားက သူမအတွေးလွန်နေသည်ခြင်းဖြစ်မည်ထင်ကာ ပြောလိုက်၏။

"နေ့တွေက အရမ်းမြန်တယ်...မျက်စိတစ်မှိတ်အတွင်းမှာ မင်းက ကြင်ယာတော်ရွေးရမဲ့ အရွယ်ရောက်နေပြီ"

အိမ်ရှေ့စံမင်းသားက ဟန်ဆောင်ကောင်းနေတုန်းဖြစ်၏။ကောက်ညှင်းအစာသွပ်ကြက်တောင်ပံတွေကို စိတ်ပူနေသော်ငြား သူက လေးနက်ပြီး ကျိုးနွံသည့် လူကြီးလူကောင်းတစ်ယောက်ဖြစ်နေဆဲပါပင်။ သူက အကူအညီမဲ့စွာ သက်ပြင်းပြီးဆိုသည်။

"...မယ်တော်မိဖုရား"

မိဖုရားကြီးက ရပ်လိုက်ပြီး ကြင်ယာတော် ရွေးချယ်မည့်အကြောင်း စဉ်းစားလိုက်သည်။

အိမ်ရှေ့စံမင်းသား သူ “စားချင်တယ်”ဟု သည်အတိုင်း တိုက်ရိုက်ပြော၍မဖြစ်ဟု သူ့ကိုယ်သူ တွေးခဲ့သည်။သူ့အနေဖြင့် ခေါင်းစဥ်တစ်ခုကိုအစပျိုးပြီး အရှိန်ယူရဦးမည်။

ထိုသို့ဖြင့် သူ ကျန်းရှုယောင်ကိုပြောလိုက်ရ၏။
"ကိုယ်တော့်ဝမ်းကွဲက ဘာလို့ ဒီနေ့ဒီကိုလာတာလဲ...ပေါယွမ်ရော"

ကျန်းရှုယောင်ကဆိုသည်။

"တော်ဝင်ကိုယ်လုပ်တော်က ကျွန်တော်မျိုးမကို လာခိုင်းခဲ့တာပါ...တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်မျိုးမကတစ်ခုခုလုပ်နေတော့ ဒီမှာ မိဖုရားကြီးရဲ့ ထမင်းစားခန်းကို ငှားခဲ့ပါတယ်"

အိမ်ရှေ့စံ မျက်ခုံးပင့်လိုက်သည်။ အဟ...ဒီတစ်ခါတော့ သူချက်ချင်းစားဖို့ အကြောင်းအရာကို ဦးတည်နိုင်ခဲ့တယ်...

မထင်မှတ်ပဲ သူအသက်ရှုမဝခင် ကျန်းရှုယောင်ပြောသည်ကို ​ကြားလိုက်ရသည်။

"ကျွန်တော်မျိုးမရဲ့ ခင်ပွန်းက...သူ အနားယူနေပြီထင်ပါတယ်...မနက်ချိန်ခါက အားလုံးအတူတူ အပြင်ထွက် စားကြ သောက်ကြတာ... ဒဏ်ရာတွေ ရထားတော့ နည်းနည်း ပင်ပန်းနေလောက်တယ်"

အိမ်ရှေ့စံမင်းသားက သူ့လက်ဖက်ရည်ခွက်ကို ခဏလောက် တင်းတင်းဆုပ်ထားသည်။

"...မနက်ခင်းတုန်းက စားကြသောက်ကြတယ်"

သူက ခက်ခက်ခဲခဲဆက်ပြောလိုက်၏။

“အရှေ့နန်းဆောင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့လား”

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်"

လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် အိမ်ရှေ့စံ၏လက်က တုန်သွားသည်။

"ဘာစားခဲ့ကြတာလဲ"

ကျန်းရှုယောင်က ပြုံးပြီး
"ဘာမှမဟုတ်ပါဘူး...ကျွန်တော်မျိုးမ
ကိုယ်တိုင်လုပ်ထားတဲ့ ဝက်အူချောင်းနဲ့ ငါးကင်တချို့တင်ပါ"

အိမ်ရှေ့စံ၏လက်သည် ရုတ်တရက် တင်းကျပ်လာသည်။ လက်ဖက်ရည်ခွက်ကို ကျစ်ကျစ်ပါအောင် ကိုင်ထားပြီး ဝမ်းနည်းစွာ ငုံ့ကြည့်လိုက်သည်။

အလို... အလို...

ဒီလူအုပ်စုက မနေ့က သူနဲ့အတူ ကြယ်တွေ၊ လတွေကို ကြည့်နေတုန်းပဲ... ကဗျာတွေရွတ်တာ၊ အရက်သောက်တာ၊ စကားစမြည်ပြောတာ၊ ကဗျာတွေ သီချင်းတွေကနေ နိုင်ငံရေး ရည်မှန်းချက်တွေအထိ ပြောခဲ့ပေမဲ့ ဒီနေ့တော့ သူ့ကိုချန်ထားခဲ့ကြပြီး အတူတူသွားစားကြတယ်...

အိုး ညီအကိုဘဝ... အဲဒါထက် ဘာမှ မပိုပါလား...

သူက ကြက်တောင်ပံတွေကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ဒီပန်းကန်ကို ငါဒီနေ့ယူကိုယူရမယ်...ဟမ့်...

မိဖုရားကြီးက သူကြက်တောင်ပံတွေကို စိုက်ကြည့်နေသည်ကိုမြင်ရာတွင် လိုက်ပါပေးလိုက်သည်။

"မင်း အချိန်ကိုက် ရောက်လာတာပဲ... သူက ကောက်ညှင်းအစာသွပ် ကြက်တောင်ပံကို လုပ်ထားတာ...အရမ်းအရသာရှိတယ်... စားကြည့်လို့ရတယ်"

အိမ်ရှေ့စံ၏အတွင်းစိတ်ထဲမှ ကောင်လေးတစ်ယောက်သည် သူ့လက်များကို အရူးအမူးပွတ်သပ်ရင်း ထိုစကားများကို စောင့်ဆိုင်းနေခဲ့လေသည်။

ကြက်တောင်ပံတွေကို ကိုက်ရန် သူ မစောင့်နိုင်တော့ပေ။

ကြွပ်ရွ၊ ချိုမြိန်ပြီး ငန်သော ကြက်အရေ၊ နူးညံ့ပြီး အရည်ရွှမ်းသော ကြက်သား၊ ပြည့်ဖောင်းပြီး ပျော့ပျောင်းသော ကောက်ညှင်းဆန်၊ ကြွယ်ဝသော ဆန်၏မွှေးရနံ့နှင့် ရောစပ်ထားသော အူမားမီအရသာက ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည်။ အငွေ့လွှမ်းနေသော ကြက်သားက မျက်နှာပြင်ပေါ်တွင် ပျားရည်နှင့်ရောထားသော အချိုရည်များစွာရှိသည်။ ချိုပြီး လတ်ဆတ်သော်လည်း အနည်းငယ် စပ်သည်။ အရိုး သို့မဟုတ် အရံဟင်းအတွက် စိတ်ပူစရာမလိုပါချေ။တစ်ကိုက်တည်းမှာ အသားနှင့်ကောက်ညှင်အကုန်ပါသည်။ အရသာရှိရုံသာမက စိတ်ကျေနပ်မှုလည်းရရှိစေသည်။

အိမ်ရှေ့စံက ကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို ဝါးနေသည်။ အချစ်၊ မုန်းတီးမှု၊ စိတ်ပျက်မှုနှင့် နာကျည်းမှုများ စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားပုံရသည်။

သူ ကြက်တောင်ပံကို မျိုချလိုက်သည်။ ကြက်တောင်ပံတွေက အလွန် အရသာရှိသည့်အတွက် ငါးနှင့်ဝက်အူချောင်းကလည်း ဘယ်လိုအရသာရှိလဲ သူ သိချင်နေခဲ့၏။

အိမ်ရှေ့စံ ရှိနေသောအခါတွင် လေထုက အနည်းငယ် ကိုးရိုးကားယားနိုင်လာသည်။

မူလက သူ ခဏထိုင်ပြီး ထွက်သွားချင်ခဲ့ပေမဲ့ အခု ကြက်တောင်ပံတွေပြည့်နေသည့် ပန်းကန်ပြားကို စိုက်ကြည့်ရင်း သူ့ရွှေတင်ပါးတွေက ထိုင်ခုံမှာ ကပ်ထားသလိုမျိုး မလှုပ်မယှက် ဖြစ်နေလေသည်။

ကြက်တောင်ပံနှင့်ကောက်ညှင်းပန်းကန်ကို သယ်သွား၍မရပေမဲ့ ဖြစ်နိုင်ခြေရှိမရှိ သူ့ကိုယ်သူ တွေးမိ၏။

ကောက်ညှင်းအစာသွပ်ကြက်တောင်ပံတုံးကြီးတစ်တုံးကို သူစားပြီးသွားသည်ကို မြင်လိုက်ရာတွင် မိဖုရားကြီးက သူမဆိုစရာရှိသည်ကိုဆိုရမည့်အချိန် ရောက်နေပြီဟု ခံစားရပေမဲ့ အိမ်ရှေ့စံ၏ တူများက နောက်တစ်ခုဆီကို ဆန့်တန်းသွားသည်။

"အဟွတ်"

မိဖုရားကြီးက အနည်းငယ် ချောင်းဆိုးပြီး အိမ်ရှေ့စံမင်းသားကို အာရုံစိုက်ရန် အချက်ပြလိုက်၏။

အိမ်ရှေ့စံက မော့ကြည့်ကာ ပဟေဠိဖြစ်သွားပြီးနောက် သူ့ဘေးတွင် ထိုင်နေသော အမျိုးသမီးများကို ရုတ်တရက် တွေးလိုက်မိသည်။ သူ့တူများ၏အရှိန်က ရုတ်တရက်မြန်လာပြီး ကောက်ညှင်းအစာသွပ်ကြက်တောင်ပံနှစ်ချောင်းကို ညှပ်ယူကာ သူ့ပန်းကန်းထဲထည့်လိုက်သည်မှာ လေထဲမှာ နောက်ဆက်တွဲပုံရိပ် ဆွဲလုနီးပါးပါပင်။

မိဖုရားကြီး:...

သူမက အတင်းပြုံးပြီး ပြောလိုက်သည်။

"ကောင်းပြီ... အရသာရှိတဲ့ အစားအစာလုပ်ထားမှတော့ ဒီပန်ကုန်း ၊ တော်ဝင် ကိုယ်လုပ်တော် နဲ့ မင်းသားတို့ပဲ စားလို့ မရဘူးလေ.. ခွဲလိုက်တာ ပိုကောင်းတယ်...အဲလိုဆိုလူတိုင်း မြည်းစမ်း လို့ ရတယ် “

မိဖုရားက လက်ယပ်ခေါ်လိုက်သည်။ မိန်းမစိုးတစ်ယောက်က ရှေ့ကိုဦးညွှတ်ပြီး ကြက်တောင်ပံပန်းကန်ပြားကို ယူသွား၏။ မိန်းမစိုးငယ်လေးက ပန်းကန်ကိုယူကာ ဓားတစ်ချောင်းယူပြီး ကျန်ကြက်တောင်ပံနှစ်ခြမ်းကို အတုံးသေးသေးလေးများဖြစ်အောင် လှီးဖြတ်လိုက်သည်။

ဓားနှင့်ခုတ်လိုက်ရုံနှင့် ကောက်ညှင်းအစာသွပ် ကြက်တောင်ပံတွေ၏ ကြွပ်ရွသောအရေခွံကို သူခံစားနိုင်လေသည်။ကျွမ်းနေပြီးထောပတ်ကဲ့သို့ဖြစ်နေသောအရေခွံကို လှီးဖြတ်လိုက်သောအခါ အတွင်းမှ ကြက်သားအရည်များ အဆက်မပြတ် ထွက်လာသည်။ ကြက်သားက အလွန်နူးညံ့ပြီး ဓားဖျားတွင် အရည်ပျော်ကာ ကြည်လင်ပြတ်သားသော ကောက်ညှင်းဆန်နှင့် လတ်ဆတ်သော ပဲစိမ်းလုံးတို့ကို ထင်ရှားစေသည်။

အနီးနားရှိ မိန်းမပျိုများက မသိမသာ တံတွေး မျိုချလိုက်သည်။

မိန်းမစိုးက ဆက်ခုတ်နေ၏။ ကောက်ညှင်းပေါင်းကို ကြက်သားအချိုရည်တွင် စိမ်ထားပြီး တင်းတင်းကျပ်ကျပ် ကပ်နေကာ အရောင်စိုစိုနှင့် ပြောင်လက်တောက်ပနေသည်။ ပန်းကန်ပြားပေါ်တွင် ကြက်သားအချို​ရည်များက တစ်စက်စက်ကျနေကာ လတ်ဆတ်ပြီး ဆီရွှဲသောအနံ့ကို ရောစပ်ထားသောကြောင့် အလွန်ဆွဲဆောင်မှုရှိသည်။

နန်းတွင်းသူတစ်ဦးက တူအချို့ယူကာ အမျိုးသမီးများအား ဝေငှပေးလေသည်။

သူတို့ အိမ်ရှေ့စံကို စေ့စေ့ကြည့်လိုက်ကြသောအခါ သူက သူတို့ကိုကြည့်မနေပေ။သူတို့ အနည်းငယ်စိတ်ပျက်သွားပြီး ကြက်တောင်ပံတစ်တုံးကို ပျင်းရိစွာ ကောက်ယူလိုက်ကြသည်။

ပါးစပ်ထဲထည့်လိုက်သည်နှင့် မျက်လုံးတွေ ပြူးကျယ်သွား၏။

ဘယ်လိုများ ဒီလောက်လန်းဆန်းနိုင်ရတာလဲ...
လတ်ဆတ်ပြီး နူးညံ့သော ကြက်သားအချိုရည်က ကောက်ညှင်းစေ့တိုင်းတွင် စိမ့်ဝင်နေပုံရသည်။ ဝါးလိုက်တိုင်း ကြက်ပြုတ်ရည်များ တဟုန်ထိုးတက်လာသည်ကို ခံစားရ၏။ အရသာရှိသည့် ဟင်းလျာတွေကို စားဖူးသူများပင် ကျန်းရှုယောင်၏ အစားအစာက တကယ်ကောင်းသည်ကို ဝန်ခံရမည်။ယင်းက တကယ်ကို ကောင်း၏။

ကောက်ညှင်းနှင့်ကြက်သားမျှသာဖြစ်ပြီး ဂဏန်းအသားနှင့်သမင်သားမဟုတ်ပေမဲ့ အရသာက အကောင်းဆုံးပါဝင်ပစ္စည်းတွေနှင့် လုပ်ထားသည့် အစားအစာထက် မလျော့ပါချေ။

သူတို့ ၎င်းတို့၏ တူများကို ချ၍ ပါးစပ်ထောင့်များကို ကွယ်ကာသုတ်လိုက်ကြသည်။

ခံတွင်းထဲက မွှေးရနံ့က မပျောက်သေးဘဲ သူတို့လုံးဝဗိုက်ဆာမနေမှန်းသိသာပေမဲ့ တစ်ကိုက်စားပြီးသည်နှင့် စားချင်စိတ်ဖြစ်လာ၏။

သူတို့မျက်လုံးထဲရှိ အံ့သြမှုကိုဖိနှိပ်ပြီး သူတို့၏အမူအရာတွေကို ပုံမှန်ဖြစ်အောင် အစွမ်းကုန် ကြိုးစားနေကြရသည်။

မိဖုရားကြီးသည် အခြားသူများနှင့် အစားအသောက်ဝေမျှခြင်း၏ "သဟဇာတ" အငွေ့အသက်ကို သဘောကျပြီး ပြုံးကာဆိုလိုက်၏။

"အရသာက ဘယ်လိုလဲ"

ကိုယ်လုပ်တော်လင်းသည် သခင်မလေးများ၏ အပြုအမူကို မြင်သည်နှင့် သူတို့ မည်သို့ ပြန်ပြောမည်ကို သိလိုက်သည်။ စကားမပြောဘဲ ပြုံးကာ မျက်ခုံးပင့်၍ စောင့်နေသည်။

သေချာသည်ပင်၊ မိဖုရားကြီး၏တူမက
အရင်ဆိုလေ၏။

"ရှဲ့သခင်မ တကယ့်ကို တီထွင်ဉာဏ်ရှိပါတယ်...ဒီအစားအစာက အရမ်းအရသာရှိတယ်...ဒါပေမဲ့ ကျွန်တော်မျိုးမ ကျင့်သားမရပါဘူး"


"ဟုတ်တယ်... အရသာပေါ့ပါးတာကို ပိုကြိုက်တယ်"

"အရသာကောင်းတယ်...ဒါပေမဲ့ သက်သတ်လွတ်စားနေကျဆိုတော့... ကြက်သား ဒါမှမဟုတ် တခြားအသားတွေနဲ့ နည်းနည်းအဆင်မပြေဖြစ်နေတုန်းပဲ"

အံကြိတ်ကာ မုသားပြောနေကြ သော်လည်း မသက်မသာ ဗိုက်ဆာနေကြသည်။

ကိုယ်လုပ်တော်လင်းက စကားတခွန်းမှ မပြောဘဲ ပြုံးကာ ခပ်တိုးတိုးနှာမှုတ်လိုက်၏။

မိန်းကလေးငယ်တစ်စုက အနှီအရည်အချင်းပဲ ရှိကြသည်။ သူမက ကြီးထွားလာနေသော အိမ်ရှေ့စံကို တစ်ချက်ကြည့်လိုက်သည်။ကံဆိုးမှုက ပါးစပ်က ထွက်လာတယ်ဆိုတာ မသိဘူးလား...

အိမ်ရှေ့စံက ဘာမှပြန်မပြောခင် အပြင်မှ မိန်းမစိုးတစ်ယောက်၏အော်သံကို ရုတ်တရက် ကြားလိုက်ရ၏။

"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ"

နူးညံ့သိမ်မွေ့ပြီး သီလရှိသော မိဖုရားကြီး၊ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော ကိုယ်လုပ်တော်လင်းနှင့် သခင်မလေးမျာ၏ ဇီဇာကြောင်သောစကားများကြောင့် မပျော်မရွင်ဖြစ်နေသော အိမ်ရှေ့စံတသည် ဤအသံကိုကြား၍ ပန်းကန်ပြားကို သပ်သပ်ရပ်ရပ်နှင့် သတိရှိစွာ ကြည့်လိုက်သည်။

ပန်းကန်ပေါ်မှာ ကြက်တောင်ပံတစ်ချောင်းပဲ ကျန်တော့တယ်...

ဧကရာဇ်မင်းရောက်လာသည်နှင့် "မိဖုရား... မင်းဒီမှာ ဘယ်လိုအစားအစာမျိုး လုပ်ထားတာလဲ...ကျန်း အဝေးကြီးကနေ အနံ့ရတယ်"

ကျန်းရှုယောင်၏ လက်ရာကို နှိမ့်ချရန် ရည်ရွယ်သော သခင်မလေးများ တောင့်တင်းသွားသည်။

ဧကရာဇ်မင်း ဝင်လာသည်နှင့် ထိုကဲ့သို့သော လူအုပ်ကြီးကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ အိမ်ရှေ့စံလည်း ထိုနေရာ၌ ရှိနေသည်ကို မြင်သောအခါတွင် ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားသည်။

သခင်မလေးတွေက တစ်ယောက်ပြီး တစ်ယောက် အရိုအသေပြု၏။ ဧကရာဇ်မင်း ကြွလာသဖြင့် အရိုအသေပြုပြီး ဆုတ်ခွာသွားကြသည်။ကျန်းရှုယောင် ထွက်ခွာခါနီးတွင် မိဖုရားကြီးက ဆွဲထားခဲ့သည်။

ဧကရာဇ်က "အရိုအသေပေးစရာမလိုဘူး" ဟုမိန့်ပြီး မိဖုရားဆီ လျှောက်သွား၏။

သူ သည်မှာရှိနေသည့်အတွက် ကျန်ကြက်တောင်ပံတွေက သူ့အတွက်ပဲဖြစ်နိုင်လေသည်။

မိဖုရားက ၎င်းကို မိတ်ဆက်ပေးပြီး ဧကရာဇ်ကို မြည်းစမ်းရန် တောင်းဆိုသည်။ ဧကရာဇ်က မငြင်းဘဲ ကောက်ညှင်းအစာသွပ်ကြက်တောင်ပံကို ကောက်ကိုင်လိုက်ပြီး အရသာကို မြည်းစမ်းရင်းပြောလေသည်။

"အဆီပေမဲ့ မအီဘူး... နူးညံ့ပြီး ချောမွေ့တယ်...အရသာကထိပ်တန်းပဲ"

သခင်မလေးများက တစ်ဝက်တစ်ပျက်သာ ဆုတ်ခွာရသေးပြီး ယင်းမှတ်ချက်ကို ကြားလိုက်သောအခါတွင် ၎င်းတို့၏ မျက်နှာများ ရုတ်တရက် ပူလောင်သွားသလို ခံစားလိုက်ရသည်။

တောင်တန်းများနှင့် ပင်လယ်ပြင်၏ အရသာများကို ခံစားလေ့ရှိသော ဧကရာဇ်မင်းက ချီးမွမ်းခြင်း အပြည့်ရှိနေဆဲဖြစ်သည်။ ဒီမှာ ဘယ်သူတွေက ရွှေးနေချယ်နေကြတာလဲ...

သို့သော် ဧကရာဇ်၏ အသံက ဆက်လက် တည်ရှိနေ၏။ အမြဲတစေ ခပ်တန်းတန်းနေတတ်သော ဧကရာဇ်က ကျန်းရှုယောင်ကိုကြင်နာစွာပြောသည်ကို သူတို့ကြားလိုက်ရပြီး တိုက်ရိုက်မကြည့်ဝံ့ကြတော့ပေ။

"မင်း ဒီပညာကို ဘယ်ကနေ သင်ယူခဲ့တာလဲ...ကိုယ်တိုင်ပဲ ရှာတွေ့ခဲ့တာလား...မင်းက မင်းတို့မျိုးဆက်ထဲမှာ တကယ့်ကို အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ"

ပါးရိုက်ခံရသလိုမျိုး သူတို့မျက်နှာတွေက ပိုနာကျင်သွားသည်။အရှိန်တင်ကာခပ်သုတ်သုတ် ပြေးကြလေ၏။

သူတို့ထွက်ခွာသွားပြီးနောက် ဧကရာဇ်က ကြက်တောင်ပံများကို အပြီးသတ်ကာ ထွက်ခွာမသွားပေ။

ကိုယ်လုပ်တော်လင်းက သူဘာကိုဆိုလိုသည်ကို နားလည်ပြီး ထလိုက်သည်။ သူမက ကျန်းရှုယောင်ကို ခေါ်သွားကာပြောလိုက်သည်။

"မတွေ့တာကြာပြီ... ငါမင်းကို သီးသန့်စကားပြောမယ်"

ကျန်းရှုယောင် ထွက်ခွာသွားပြီးနောက်တွင် အစားများများစားမိသည်ကို ရှက်ရွံ့နေသော ဧကရာဇ်၏စိတ်က နောက်ဆုံးတွင် ပိုအဆင်ပြေလာသည်။ အနည်းဆုံး ကျန်းရှုယောင် သည်မှာရှိနေလျှင် သူအချိန်အကြာကြီး မထိုင်နိုင်ပါချေ။ ကံကောင်းထောက်မစွာ ကိုယ်လုပ်တော်လင်းက သူမအား ပြောစရာတစ်ခုရှိ၍ ခေါ်ထုတ်သွားခဲ့သည်။


မိဖုရားနှင့် အိမ်ရှေ့မင်းသာ ကျန်တော့သဖြင့် စကားစမြည်ပြောရန် မခဲယဉ်းပါချေ။

ဧကရာဇ်ကမေးလိုက်သည်။
“ခုနက အဲဒီသခင်မလေးတွေက အိမ်ရှေစံမင်းသမီးနေရာအတွက် ရွေးကောက်ခံ တွေလား”

မိဖုရားကဆိုသည်။
"မှန်ပါတယ်"

သူမက ခေါင်းကိုလှည့်ပြီး အိမ်ရှေ့စံကိုမေး၏။
"သူတို့ထဲက သဘောကျတဲ့လူရှိလား"

အိမ်ရှေ့စံက သက်ပြင်းချပြီး ပြောသည်။

"မယ်တော် သူတို့ ဘယ်သူလဲဆိုတာတောင် သားတော်မပြောနိုင်ဘူး...သူတို့ကို ဘယ်လိုလုပ် ကြိုက်မှာလဲ”

မိဖုရားကြီးက သူ့ကိုမိတ်ဆက်ရန်တိုက်တွန်း၏။
"ဝန်ကြီးလင်းရဲ့ မိသားစုက အကြီးဆုံးသခင်မလေး...သူက အသက်ဆယ့်ငါးနှစ်ရှိပြီ... ထူးချွန်ပြီး လှပလွန်းတယ်... မင်းဘယ်လိုထင်လဲ"

အိမ်ရှေ့စံ:"ကောက်ညှင်းအစာသွပ်ကြက်တောင်ပံက အရသာမရှိဘူးလို့ သူကထင်နေတာ...မကြိုက်ဘူး"

မိဖုရားကြီး : အိုး... ခုချိန်ကျ ဘယ်သူက ဘယ်သူလဲဆိုတာ မင်းပြောနိုင်ပြီပေါ့...

သူမ စိတ်ရှည်သည်းခံပြီး
"ဝန်ကြီးလီမိသားစုရဲ့ တတိယသခင်မလေးကရော ဘယ်လိုလဲ...နူးညံ့သိမ်မွေ့ပြီး သီလရှိတယ်... ထူးချွန်ပြီး လိမ္မာတယ်"

စကားမဆုံးခင်မှာ အိမ်ရှေ့စံမင်းသားက သူမကိုဖြတ်ပြောလိုက်ပြန်၏။

"ပြောမနေနဲ့...သူက အသားမစားဘူးလို့ ပြောတယ်"

မိဖုရားကြီးက ရင်ခံသွားပြီးပြောလိုက်သည်။
"ဝန်ကြီးကျိုးတို့ မိသားစုက ပဉ္စမသခင်မလေးက အဆင်ပြေတယ်...သူ ဘာမှ မပြောခဲ့ဘူး"

အိမ်ရှေ့စံမင်းသားက သူမကိုလည်း မကြိုက်ပေ။
"သူက မဖြစ်ပါဘူး...တစ်လုတ်တည်း သုံးတုံးစားပစ်တာ... ကျန်တဲ့လူတိုင်းက တစ်တုံးစီပဲစားတယ်"🤣

မိဖုရားကြီး:...

သူမ အပြုံးကို ထိန်းမထားနိုင်တော့ဘဲ "တစ်တုံးပဲစားပြီး စကားမပြောတဲ့သခင်မလေးကရော ဘယ်လိုလဲ"

အိမ်ရှေ့စံမင်းသားက လက်ကို ဝှေ့ယမ်းပြီးဆိုသည်။

"တော်ပါ...တော်ပါ... အစားအသောက်ကောင်းကို ဘယ်လိုအရသာခံရမလဲ မသိသလိုပဲ... ပျင်းစရာကောင်းလိုက်တာ"

မိဖုရားကြီးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ နန်းတော်ထဲတွင် နှစ်အတော်ကြာနေခဲ့ရပြီးနောက် ဘယ်သောအခါမှ ဒေါသမထိန်းနိုင်မဖြစ်ခဲ့ဖူးပေ။ သူမ ဤသို့ထူးချွန်ကောင်းမွန်သော ဧကရာဇ်လောင်းအတွက် အလွန်ကျေနပ်အားရနေသော်လည်း ယခုအချိန်တွင် သူမ ရုတ်တရက် ထအော်ချင်စိတ်ပေါက်နေသည်။

သူမ အသံကို နိမ့်ပြီးပြောလိုက်၏။
“ဒါဆို မင်း…”

သူမ စခါစရှိသေး "ဟစ်...ဟစ်" ဟူသော အသံကြောင့် ရပ်တန့်သွားသည်။

အိမ်ရှေ့စံက သူ့နှလုံးကို အုပ်ကာ ရုတ်တရက် ရင်ဘတ်ကို ထုပြီး လည်ချောင်းထဲသို့ လက်ဖက်ရည်ကို အမြန်လောင်းချလိုက်သည်။

ခုနက သူ့ခမည်းတော်က ရုတ်တရက်ရောက်လာသဖြင့် ကြက်တောင်ပံနှစ်တုံးကို သူ့ပါးစပ်ထဲကို ပစ်ထည့်ခဲ့သည်၊ ဝါးရန်အချိန်မရခင်မှာ သူနင်သွားခဲ့၏။

---

[ET/N: မင်းတို့ ဗိုက်က တဂွီဂွီအော်နေတာကို ဒီကနေ ငါကြားတယ်... ဒီမှာ လာပြီဟေ့]
........


တရုတ်နိုင်ငံတွင် နှစ်ပေါင်းငါးထောင်တိုင်တိုင် လက်ထပ်ထိမ်းမြားခြင်းမှာ ထာဝရဖြစ်သည်။

အိမ်ရှေ့စံကို မိဖုရားကြီးက လက်ထပ်ရန် သိမ်းသွင်းနေချိန်မှာ ကျန်းရှုယောင်ကို ကိုယ်လုပ်တော်လင်းက အနောက်ကနေ ဆွဲခေါ်သွားပြီး တီးတိုးပြောသည်။

"နျန်နျန်း"

ကျန်းရှုယောင် အံ့ဩသွားသည်။

ကိုယ်လုပ်တော်လင်းက နန်းတွင်းသူများကို ဆုတ်ခွာခိုင်းပြီး အနီးနားတွင် မည်သူမျှမရှိတော့သည့်အခါ မေးလာ၏။

“တခြားဘာထူးခြားတဲ့ဟာတွေ လုပ်နိုင်သေးလဲ"

ကျန်းရှုယောင် စိတ်ရှုပ်ထွေးသွားပြီး "ဘာကိုလဲ"

"အစားအသောက်"

ကိုယ်လုပ်တော်လင်းကဆိုသည်။
"ပြီးခဲ့တဲ့ခရုကြော်နဲ့တူတူ အရသာရှိတဲ့တစ်ခုခု"

"အဲဒါက ထူးခြားတဲ့ဟာမဟုတ်ပါဘူး"

ကိုယ်လုပ်တော်လင်း သူမနှင့် စကားဖလှယ်ရန် အချိန် မည်သို့ရနိုင်မည်နည်း။

“အခု ဧကရာဇ်ရောက်နေတယ်... မင်းမျက်နှာကို ပြဖို့ အခွင့်အရေးလည်း ရောက်လာပြီ၊ ဟုတ်ပြီလား...မင်း ဒီနေ့ နန်းတော်အပြင်က ကောလာဟလ အမျိုးမျိုးကို သိသလား...မင်းက စည်းမျဥ်းတွေကို နားမလည်ဘူး၊ကြေးနီနဲ့ဖုံးနေတယ်နဲ့ ပြောနေကြတာ... လူတွေက မင်းကိုမျက်စိထောက်ထောက်ကြည့်နေပြီး ငါတို့ရဲ့လုပ်ငန်းကိုလုဖို့အဆင်သင့်ဖြစ်နေကြတာ... လင်းမိသားစုက အမှားလုပ်မိဖို့ အချိန်မရွေးစောင့်နေကြတယ်... မင်း ဧကရာဇ်ကိုနှုတ်ကမိန့်အောင်လုပ်နိုင်သရွေ့ ဒီစိုးရိမ်မှုတွေပျောက်ကွယ်သွားလိမ့်မယ် နားလည်လား"

ကျန်းရှုယောင် အတန်ကြာ ဘာပြောရမှန်းမသိဖြစ်သွားသည်။

ကိုယ်လုပ်တော်လင်းက သူမဝတ်ရုံလက်ထဲမှ စာအုပ်ထူထူတစ်အုပ်ကို ထုတ်ကာ လှန်ပြီး သူမကို သေသေချာချာ ပြ၏။

"ဒါတွေက ငါကြားဖူးတဲ့ ရန်ဘက်တွေပဲ... ဒါတွေက လျှာရှည်ပြီး အတင်းအဖျင်းတွေ လျှာတွေ ဝါးနေတဲ့ မိန်းမတွေပဲ...ဒါက ငါ့ရဲ့...အင်း ဟိုးအရင်တုန်းက ရေးခဲ့ဖူးတဲ့ လုပ်ငန်းအစီအစဉ်တစ်ခုပဲ"

သူမက ကျန်းရှုယောင်ကို ပေးကာပြောသည်။

"ငါ အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းအကြောင်း သိပ်မသိဘူး...လင်းမိသားစုရဲ့ လုပ်ငန်းကို ဂရုစိုက်ထားတာကြောင့် အပေါ်ယံ ထင်မြင်ယူဆချက်တချို့ကို မရေးတတ်ဘူး...သိပ်မများပါဘူး...ပေါ့ပေါ့ပါးပါးပဲ ရေးကြည့်တာပါ... မင်းကိုနည်းနည်းလောက် ကူညီနိုင်မလားကြည့်ကြည့်"

ကျန်းရှုယောင် စာအုပ်ငယ်ကိုယူ၍ ကိုယ်လုပ်တော်လင်းကို အံ့သြစွာကြည့်လိုက်သည်။


Xxxxxx