အပိုင်း ၁၂၄
Viewers 16k

Chapter 124
ထမင်းပေါ်က တယ်ရီရာကီ ကြက်ပေါင်



နန်းတော်ထဲဝင်ပြီးနောက် ကိုယ်လုပ်တော်လင်းသည် မည်သည့်အခါမျှ စီးပွားရေးကိစ္စများကို ဂရုမစိုက်တော့ဟု ဆိုကြသည်။သူတို့ မည်သို့ကြုံတွေ့နေရသည်ဖြစ်စေ လင်းမိသားစု၏ လုပ်ငန်းကိစ္စများတွင်ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း သူမက ပြောခဲ့သည်။

ကိုယ်လုပ်တော်လင်း ကျန်းရှုယောင်၏ မျက်လုံးများကို အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

သူမကပြောလိုက်၏။

"မင်းမှာ အရည်အချင်းရှိတယ်လို့ ငါထင်တယ်...ငါက ငါ့ရဲ့ အားသာချက်တချို့ကို ပြဖို့ ခက်တယ်... မင်းက ဒီလုပ်ငန်းမှာ ကောင်းကောင်းလုပ်နိုင်တယ်... ဒါကြောင့် မင်းကို ပေါ့ပေါ့ပါးပါး ကူညီချင်တယ်...နောက်ပြီး ငါ့လူတွေကို ပတ်စုံစမ်းခိုင်းခဲ့တယ်...မင်းက ဒီလိုင်းမှာ တကယ်ကို အရည်အချင်းရှိသူပါ...ဒါပေါ့ ငွေရှာတာမဟုတ်ဘဲ စားရေးကိစ္စကိုပြောတာ"

သူမက ကျန်းရှုယောင်၏လက်ထဲသို့ စာအုပ်ငယ်ကိုထည့်ကာဆက်သည်။

"ငါက အဒေါ်တစ်ယောက်ပါ... မင်းအတွက် ဘာမဆိုလုပ်ပေးရမှာပေါ့"

ကျန်းရှုယောင်က စာအုပ်ငယ်ကို ယူပြီးပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒေါ်လေး"

ကိုယ်လုပ်တော်လင်းက သူမနဖူးကို ပုတ်ပြီးဆို၏။
"မင်း အခု ငါ့ကို နျန်နျန်းလို့ မခေါ်တော့ဘူးလား"

ကျန်းရှုယောင်က ရယ်ပြီး တစ်ခုခုပြောရန် လုပ်ပေမဲ့ ကိုယ်လုပ်တော်လင်းက သူမကို ထမင်းစားခန်းဆီ တွန်းပို့လိုက်ပြီးပြောသည်။

"သူတို့ကို တစ်ခုခုပြပြီး ကြည့်ခွင့်ပေးလိုက်ပါ...ဧကရာဇ်က မင်းကိုတန်ဖိုးထားရင် မြို့တော် မပြောနဲ့...အခု ဘယ်သွားသွား နေရာတိုင်းမှာ ရွှေဆိုင်းဘုတ်တွေ ရှိမယ်... တနိုင်ငံလုံး လျှောက်သွားလို့ရတယ်"

အချိန်အတော်ကြာပြီးနောက် ကျန်းရှုယောင် ထိုအကြောင်းကို တွေးနေမိသည်။ လမ်းလျှောက်ရင်း ကိုယ်လုပ်တော်လင်းပေးသော စာအုပ်ငယ်ကို ဖွင့်ကြည့်လိုက်သည်။ လက်ရေးက တသမတ်တည်းဖြစ်မနေ၊ အချို့က သပ်သပ်ရပ်ရပ်နှင့် တစ်ချို့ကရှုပ်ထွေးနေသည်၊ အချို့စာပိုဒ်များသည် မျဉ်းကြောင်းများကြားတွင် ရုတ်တရက် ညှပ်သွားပြီး နောက်ပိုင်းတွင် ထပ်ထည့်လိုက်ပုံရသည်။

"ပေါ့ပေါ့ပါးပါး" ရေးခဲ့သည့် တစ်စုံတစ်ခုအတွက် သူမ အများကြီး စဉ်းစားခဲ့သည်။

သူမ စာအုပ်ကလေးကို ဝတ်ရုံလက်ထဲထည့်ကာ ထမင်းစားခန်းဆီသို့ မိန်းမစိုးတစ်ယောက်နောက် လိုက်သွားခဲ့သည်။

ဧကရာဇ်က အမဲလိုက်ခရီးထွက်သောအခါ အသားကို တစ်ချိန်လုံး စားလိမ့်မည်မဟုတ်ချေ။ လတ်ဆတ်သော ပါဝင်ပစ္စည်းများ အမျိုးအစားအားလုံးကို ထမင်းစားခန်းတွင် ရနိုင်သည်။

ကျန်းရှုယောင် လှည့်ပတ်ကြည့်ရှုပြီး ကြက်ပေါင်အိုးကို ညွှန်ပြပြီးပြောလိုက်၏။

"ဒါကို တစ်နပ်စာချက်ဖို့ သုံးမယ်"

မိန်းမစိုးက ကိုယ်လုပ်တော်လင်း၏ လူယုံဖြစ်သည်။ကိုယ်လုပ်တော်လင်း၏ အစီအစဉ်ကို သူသိသဖြင့် ကျန်းရှုယောင်က တောင်များနှင့် ပင်လယ်မှ ရတနာမျိုးစုံကို အသုံးပြုလိမ့်မည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် ကြက်ကိုသာရွေးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကြက်တောင်ပံကိုယူပြီးနောက် ဤကြက်ပေါင်တံသည်လည်း စားကြွင်းစားကျန်များဖြစ်သည်။ပေါ့ပေါ့ပါးပါးဆန်လွန်း၏။

မိန်းမစိုးက သူမကိုမလုပ်ရန် ဆွဲဆောင်တော့မှာ ဖြစ်ပေမဲ့ ကျန်းရှုယောင်က အိုးကို ကောက်ကိုင်လိုက်ပြီး ရေရွတ်နေပြီဖြစ်သည်။

"ငါ ကြက်တောင်ပံနဲ့ ခြေထောက်တွေ အကုန်သုံးပြီးပြီ... ကျန်တဲ့ အပိုင်းတွေကို မဖြုန်းတီးတော့ဘူး... ကြက်သားနည်းနည်း၊ထမင်းနဲ့ ကြက်သားတုံးတွေကို ဆီပူကြော်ရအောင်"

မိန်းမစိုးက သူမ၏ ပါဝင်ပစ္စည်းတွေကိုအပြောင်ရှင်းပြီး အစားအသောက် မဖြုန်းတီးဘူးဆိုသည့်လေသံကို နားထောင်ရင်း သက်ပြင်းချလိုက်သည်။သူမက ကြက်တောင်ပံတွေ အများကြီးယူပြီး ကျန်သည့်အကျန်တွေကို မဖြုန်းတီးချင်သည့်အတွက် ကြက်ခြေထောက်တွေကို ရွေးခဲ့ခြင်း ဖြစ်နိုင်၏။

ကျန်းရှုယောင် သူမ၏လက်များကို သန့်စင်ကာ ဝတ်ရုံလက်များကို ချည်နှောင်ပြီး ကတ်ကြေးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ လှုပ်ရှားမှုများ ဆက်တိုက် ချောမွေ့စွာ စီးဆင်းသွားပြီး ကြက်သားကို လျင်မြန်စွာအရိုးထုတ်ပြီး ပန်းကန်လုံးထဲသို့ထည့်လိုက်သည်။ ကိုယ်လုပ်တော်လင်း ဟင်းခတ်အမွှေးအကြိုင်ဘူးများယူရန် တစ်စုံတစ်ဦးကို သူမထံသို့ စေလွှတ်ထားပြီးဖြစ်ပြီး ကျန်းရှုယောင်အနေဖြင့် အရသာနှပ်ရန် ပါဝင်ပစ္စည်းများမပြည့်စုံမည်ကို စိတ်ပူစရာမလိုပေ။

ယနေ့တော့ တယ်ရီရာကီကြက်ပေါင်ပေါင်နှင့်ထမင်းချက်ရန် ပြင်ဆင်နေသည်။ မီရင်မရှိသဖြင့် တယ်ရီရာကီ ဆော့စ်ကို စစ်မှန်အောင် လုပ်လို့မရပေမဲ့ အငန်အချိုအရသာက သိပ်မကွာခြားပါချေ။

ကြက်ခြေထောက်များကို ခဏမျှ ပြုတ်ပြီး ထမင်းကို စတင်ပေါင်းသည်။ မီးဖိုချောင်ကလူတွေက ဤအလုပ်ကို ကူလုပ်ရန် အပြေးအလွှားဖြစ်နေကြသည်။

ကြက်ပေါင်များကို ရေဆေးပြီးပါက အိုးထဲတွင် ဆီထည့်ကာအပူပေးပြီး ကြက်ပေါင်သားအရေခွံကို အပေါ်မှ ထားထည့်​ပေးရသည်။

တရှဲရှဲအသံ ပျော့သွားသည်နှင့် ချိုငန်ငန်အရသာက ချက်ချင်း ပျံ့နှံ့သွားသည်။ ဆီပွက်သံနှင့်အတူ ကြက်ပေါင်သားက နှစ်ဖက်လုံးတွင် ရွှေရောင်ပြောင်းသွားသည်။အရသာနှပ်သည့်ထဲတွင် ပျားရည်လည်းပါသောကြောင့် အချို့နေရာများတွင် ကြည်လင်ပြတ်သားသောနီညိုရောင်ကိုလည်း ထုတ်ဖော်ပြသနေသည်။

ကြက်ပေါင်သား၏ အထူသည် လုံလောက်ပြီး အတွင်းကြက်သား အပြည့်အဝ ကျက်သွားသောအခါ အပြင်ဘက်အရေပြားက အညိုရောင်ပြောင်လက်ကာ ကြွပ်ရွသော အခွံအဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးမှာ ကြက်သားထဲကို ဆော့စ် ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်အထိ အပူကို လျှော့လိုက်ရ၏။တဖြည်းတဖြည်းနှင့် ကြက်ပေါင်ကို တောက်ပပြီး ငန်သော အခွံထူထူဖြင့်သာ ဖုံးထားသကဲ့သို့ ဆော့စ်က အလွန်ထူလာသည်။

သူမ ကြက်ပေါင်တုံးများကို အမြှောင်းများဖြစ်အောင် လှီးဖြတ်သည်။ အပြင်ဘက်အရေခွံက အတွင်းဘက်အရည်များကို လုံး၀ပိတ်ထားသောကြောင့် လှီးဖြတ်သောအခါတွင် ကြက်သားအချိုရည်ကို အဆက်မပြတ်သွန်ထုတ်လာသည်။ပန်းမုံလာစိမ်းနှင့် မုန်လာဥနီမပါဘဲ ကျန်းရှုယောင် အစိမ်းရောင် ဟင်းသီးဟင်းရွက် နှစ်မျိုးကို ရေနွေးဖျောပြီး ၎င်းပေါ်တင်ကာ တယ်ရီရာကီ ကြက်ပေါင်သားထမင်းကို အရောင်အသွေး တိုးစေသည်။

ပန်းကန်လေးခုကို ဆက်တိုက်ပြင်ဆင်ပြီး ပို့လိုက်၏။

သူမက မီးဖိုချောင်တွင် အလုပ်များနေချိန်တွင် အိမ်ရှေ့စံမင်းသားက အိမ်ထောင်ရေးမှလွတ်မြောက်ရန် မိဖုရားနှင့် မိုက်မဲစွာ ပြောဆိုနေဆဲဖြစ်သည်။မိဖုရားက ကူကယ်ရာမဲ့မှုကို ဖော်ပြပြီး ဧကရာဇ်က သူ့ကို ကန်ချင်သည်ဟု ပြောခဲ့သည်။

လူသုံးယောက်၏ ရှေ့မတိုး နောက်မဆုတ်သာအ​ခြေအနေကြားတွင် ကိုယ်လုပ်တော်လင်းက ဝင်လာပြီး ဗန်းကို ကိုင်ထားသော မိန်းမစိုးလေးများကအတူ လိုက်လာခဲ့သည်။

"ညစာစားချိန်ရောက်ပြီမို့ ရိုးစင်းတဲ့ အစားအစာတွေ ချက်ထားပါတယ်... ဧကရာဇ်မင်းမြတ် မကြိုက်မဖြစ်ရင် ကျွန်မတို့ကို မျက်နှာပေးပြီးတော့ မြည်းစမ်းမှာပါလား"

ဧကရာဇ်က သဘာဝအတိုင်း မကြိုက်မဖြစ်သည့်အပြင် အိမ်ရှေ့စံမင်းသားက ပို၍ပင် မကြိုက်မဖြစ်သေး၏။ ဤညစာစားပွဲကို အလွတ်ခံမည့်အစား သူ့မယ်တော်နှင့် ဆက်ပြီး ဗရုတ်ကျနေလိုက်မည်။

ခုနက ကောက်ညှင်းအစာသွပ်ကြက်တောင်ပံက သူတို့ကို စားချင်စိတ် အပြည့်ဖြစ်စေပြီး အိမ်ရှေ့စံနှင့် ဧကရာဇ် နှစ်ယောက်လုံး ဗိုက်ဆာနေကြသည်။

တယ်ရီရာကီ ကြက်ပေါင်များ ပေါ်လာသည့်အခါ မျက်လုံးတွေ တောက်ပလာကြသည်။

ထမင်းဖြူဖြူ၏ ထိပ်ပေါ်တွင် လှီးထားသော ကြက်ပေါင်တုံးများ တင်ထားသည်။ အရောင်မှာ ရွှေဝါရောင်နှင့် နီညိုရောင် ဖြစ်၏။ ဆီရွဲပြီး စိုစွတ်နေပုံရသည်။ နှမ်းဖြူစေ့များကို မျက်နှာပြင်ပေါ်တွင် ဖြူပေးခြင်းဖြင့် ဆော့စ်ကို ပိုထူပြီး တောက်ပစေသည်။ အတွင်းထဲကကြက်သားက ဖြူဖွေးနူးညံ့ပြီး အပြင်ဘက်ရှိ ကြွပ်ရွသော အရေခွံများနှင့် လုံးဝမတူပါချေ။

ထမင်းက အိုးထဲက ထွက်လာခါစဖြစ်ပြီး မွှေး၊ ငန်ပြီး အရသာရှိသည့် ကြက်ပေါင်နံ့နှင့်အတူ အဖြူရောင်အငွေ့များ တထောင်းထောင်းထနေသည်။၎င်းသည် မွှေးပြီး နွေးထွေးကာ လူတို့၏ လျှာများကို အရည်များ ယိုစိမ့်စေသည်။

ကြက်သားပေါ်မှာ ဆမ်းထားသော ဆော့စ်ကို ကြည့်လိုက်ပါ။ ၎င်းသည် ပျစ်ပြီးမွတ်ညက်ကာ တောက်ပနေပြီး ဆန်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်ထားသဖြင့် ဖြူဖွေးနေသော ဆန်ကို အညိုရောင် တောက်သွားစေသည်။

ထင်ရှားသည်မှာ ထမင်းပေါ်တွင် အရံဟင်းအချို့သာရှိသည်။ အလွန် ရိုးရှင်းပုံပေါက်ပေမဲ့ အသားနိုင်းချင်းစားသောက်ပွဲထက် ပိုဆွဲဆောင်မှုရှိနေပုံပါပင်။

ဧကရာဇ်၏ ထမင်းစားချိန်က သာမန်လူများနှင့်မတူသည်မှာ သဘာဝအတိုင်းဖြစ်သည်။ မိန်းမစိုးက အဆိပ်အတွက် ဦးစွာ မြည်းစမ်းရမည်။

ထိုအချိန်မှာ အိမ်ရှေ့စံမင်းသားက မစောင့်နိုင်တော့ပေ။ သူက တယ်ရီရာကီ ကြက်ပေါင်ထမင်းကို ကြည့်ပြီး သွားရည်ယိုနေကာ သူ့လည်ဇလုတ်က အပေါ်အောက်လှုပ်ရှားသွားပြီး ဗိုက်က တဂွီဂွီအသံ ခပ်တိုးတိုး ထွက်လာသည်။

မိဖုရားက သံသယဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ အဲဒီအသံက ဘာလဲ...

မိန်းမစိုးက ပန်းကန်တစ်လုံးကို စစ်ဆေးပြီးနောက် ကြက်သားကို စစ်ဆေးကြည့်သည်။

တယ်ရီရာကီ ဆော့စ်၏အနံ့က ပိုပြင်းလာပြီး အိမ်ရှေ့စံမင်းသားက တံတွေး မျိုချလိုက်ပြန်၏။

"ဂွီ ဂွီ"

မိဖုရားက ခေါင်းကို လှည့်လိုက်သည်။ သူမ ဘယ်လိုလုပ် အသံတွေကို ကြားနေရတာလဲ...

သူမကိုယ်သူ မသံသယဖြစ်နေချိန်မှာ ဗိုက်သံ"ဂွီ ဂွီ"ကို ဖျတ်ခနဲ ကြားလိုက်ရသည်။

သူမ မော့ကြည်လိုက်သည်နှင့် ဧကရာဇ်က ရုတ်တရတ် ပြောသည်ကို ကြားလိုက်ရသည်။

"အိမ်ရှေ့စံ ဗိုက်တအားဆာနေတာ ဟုတ်တယ်မလား"

မင်းသား: ? ? ? မဟုတ်ဘူး... ကျွန်တော် မလုပ်ဘူး...ခုဏက ခမည်းတော်ဗိုက်က မြည်နေတာမဟုတ်ဘူးလား...

အိမ်ရှေ့စံအနေဖြင့် ဧကရာဇ်ကို မျက်နှာပျက်အောင် မပြုလုပ်နိုင်သော်လည်း သူ၏ကိုယ်ပိုင်ပုံရိပ်ကို မထိခိုက်စေရန် ဤညစ်ပေသော အိုးမည်းကို မထမ်းထားချင်ပေ။

ထို့ကြောင့် သူက အဆိပ်စမ်းသပ်နေသည့် မိန်းမစိုးကိုပြောလိုက်သည်။

"ချွန်းကွေ့က ဗိုက်အရမ်းဆာနေတာဟုတ်တယ်မလား"

အံ့သြစရာကောင်းသည့် ဖြတ်သန်းမှုပါပင်။အပြစ်တင်ခံရသော မိန်းမစိုးလေးက ကြောင်တောင်တောင်ဖြစ်သွားပုံရသည်။

အဆိပ်စမ်းသပ်ပြီးနောက် အိမ်ရှေ့စံ သူ၏တူများကို ရွှေ့ရန် မစောင့်နိုင်တော့ပေ။

ဧကရာဇ်က သူ့ကို အလွန်အမင်း ကြည့်နေ၏။ မင်းသားတစ်ယောက်အနေဖြင့် ရှက်စရာကောင်းလောက်အောင် ပြုမူခဲ့သည်။သို့ပေမဲ့ ထိုအကြောင်းတွေးနေရင်းနှင့် သူ့သားနှင့်တထပ်တည်းလှုပ်ရှားခြင်းမှကာကွယ်ရန် စိတ်အားထက်သန်နေသည့် သူ့လက်မောင်းကို ကိုင်ထားလိုက်၏။

ဧကရာဇ်အတွက် ဤချိုငန်ငန် အရသာသည် အလွန်ဆန်းသစ်ပြီး ထမင်းအပေါ်မှာ အရံဟင်းကို တိုက်ရိုက်ထည့်သည့်နည်းလမ်းသည် ပို၍ပင်ထူးခြားပသည်။

သို့ပေမဲ့ ဤချဉ်းကပ်မှု၏အလှတရားကို သူ ခပ်မြန်မြန်သိ၏။

ကြက်ပေါင်သားကို ကိုက်လိုက်သည့်အခါ ဆိမ့်နေသောဆော့စ်က နှုတ်ခမ်းနှင့် ပါးတို့ကို ချက်ချင်းလွှမ်းသွားသည်။ ငန်ပေမဲ့ လူတွေကို အဆင်မပြေမဖြစ်စေပါချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် အလွန်မွှေးကြိုင်သောရနံ့တစ်မျိုးဖြစ်သည်။ချိုမြိန်မှု၊ လတ်ဆတ်မှုနှင့် ဆော့စ်တို့ကို ရောစပ်ပြီး အရသာခံဖုများကို ချက်ချင်းနိုးထစေသည်။

ကြက်အရေခွံက ကြွပ်ရွပြီး ဆော့စ်ထဲတွင် စိမ်ထားသောကြောင့် ကြွပ်ဆတ်သော ခံစားချက်ကို ထိန်းထားကာ ဆော့စ်ကို ဖြည့်စွက်ခြင်းကြောင့် ပြောင်းလွယ်ပြင်လွယ်ရှိသည်။ ကြက်အရေခွံကို ကိုက်လိုက်သောအခါတွင် ကြက်သားအချိုရည်များ ထွက်လာပြီး ကြွယ်ဝသော အဆီအနှစ်က ဆော့စ်၏အရသာကို ချက်ချင်းဖုံးကွယ်သွားကာ လတ်ဆတ်ပြီး ကြွပ်လေသည်။

ထိုအချိန်တွင် သူ နူးညံ့ပွရွနေသော ထမင်းကို တစ်ကိုက်ယူပြီး ကြက်သားနှင့် ဝါးစားလိုက်သည်။ ချက်ချင်းပင် ကျေနပ်အားရမှု အပြည့်ရှိခဲ့သည်။

ထို့နောက် တူကိုသုံး၍ ကြက်သားမြှောင်းများနှင့် ထမင်းအမြောက်အမြားကို ညှပ်ယူခဲ့သည်။ သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်သည်။ ထမင်းဖြူပူပူက ချိုမြိန်၏။ ကြက်ပေါင်သားက မငန်တော့ဘဲ အချိုဓာတ်အပြည့်ရှိသည်။သူက ဂရုတစိုက်နှင့် ဖြည်းညှင်းစွာဝါး၏။ အရသာကောင်းပြီး ပျော်ရွှင်မှုတစ်မျိုးရှိလေသည်။

သားအဖနှစ်ယောက်က အတိအကျကို အထေရာတည်းဖြစ်ကာ ထမင်းကို အလုတ်ကြီးကြီးစားနေကြသည်။

ကြက်ပေါင်သားအချိုရည်နှင့် တယ်ရီရာကီဆော့စ်ကို ထမင်းထဲတွင် နှစ်မြှုပ်ထားသည်။ ကြက်သားစားပြီးပါက လက်ကျန်ထမင်းကို ဆော့စ်ဖြင့် အကြမ်းဖျင်း ရောမွှေလိုက်၏။ထမင်းက အချိုရည်နှင့် စေးကပ်နေသည်။ အနည်းငယ် စိုသော်လည်း အလွန်အကျွံ မဟုတ်ပါချေ။၎င်းသည် ပျော့ပျောင်းမှု အပြည့်ရှိသော်လည်းအရသာသည် အံ့သြဖွယ်ဖြစ်သည်။ တယ်ရီရာကီဆော့စ်၏အငန်က လွန်ကဲနေပြီး ကြက်သားအချိုရည်၏ လတ်ဆတ်မှုက ပိုရှိလာ၏။သူတို့ ဤထမင်းမျိုးကို စွပ်ပြုတ်နှင့်ရောစားနိုင်သည်။

အိမ်ရှေ့စံက ပန်းကန်လုံးထဲရှိ နောက်ဆုံးထမင်းစေ့ကို အပြောင်ရှင်းပြီးနောက် နှုတ်ခမ်းကိုစုပ်ကာ သက်ပြင်းချလိုက်သည်။

ဧကရာဇ်သည် တည်ငြိမ်ဟန်ဆောင်ကာ ဝန်လေးစွာ အနည်းငယ် ငြိမ်သက်နေခဲ့သည်။သူ ကိုယ်လုပ်တော်လင်းကို ကြည့်လိုက်ရာ ကျန်းရှုယောင်က ညစာကိုချက်ထားကြောင်း ရုတ်တရက် သတိရသွားသည်။ သူမကို အလျင်အမြန် ချီးကျူးလိုက်သည်။

"ဒီဟင်းက ရိုးရှင်းပေမဲ့ အရသာရှိပုံရတယ်...သေချာပေါက် အလုပ်အများကြီးလုပ်ခဲ့ရပြီး ဆုလာဘ်နဲ့ထိုက်တန်တယ်"

ကိုယ်လုပ်တော်လင်းက ထိုစကားများကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး ကျန်းရှုယောင်အတွက် ဆုလာဘ်ကို အမြန်တောင်းခဲ့သည်။

ဧကရာဇ်က စိတ်ကောင်းဝင်နေသည်။

"ဒီလိုရှားပါးတဲ့ ဟင်းချက်နည်းကို ရှာတွေ့ပြီးနောက် သူမက ဒီကိုယ်လုပ်တော်အတွက် ချက်ပြုတ်ဖို့ တမင်တကာ လာခဲ့တယ်... သူမက တကယ်ကို ဝတ်ကြီးဝတ်ငယ်ပြုတတ်တဲ့သူပါ"

အိမ်ရှေ့စံက ဝအောင် စားသောက်ပြီး ဗိုက်ကိုကိုင်ကာ သူ့ဘေးတွင် ထိုင်နေ၏။ ထိုစကားကိုကြားသောအခါ ကျန်းရှုယောင်၏ အရှေ့နန်းဆောင် ပံ့ပိုးကူညီရေးအဖွဲ့အနေဖြင့်ပြောလိုက်သည်။

"ခမည်းတော် ကျွန်တော့် ဝမ်းကွဲကို လျှော့တွက်လို့မရဘူး...သူက ဒီဟင်းချက်တာထက် အများကြီး ပိုဖန်တီးခဲ့တာ"

လမ်းဘေးအစားအစာဈေးသို့ ခိုးထွက်စဥ်က ပျော်ရွှင်ဖွယ်အချိန်များကို တွေးတောရင်း သက်ပြင်းချကာပြောလိုက်သည်။

"လမ်းဘေးအစားအစာဈေးအကြောင်း ပြောကြည့်...အိုး ခမည်းတော် မသိဘူး... ဘာပဲဖြစ်ဖြစ် အစားအသောက်တွေ ပြည့်နှက်နေတဲ့လမ်းပဲ... ခုနစ်ရက်ပတ်လုံး စားနိုင်လောက်တဲ့ အစားအသောက်တွေ အစုံရှိတယ်”

ဧကရာဇ် နန်းတော်အတွင်း၌ အကြာကြီးရှိနေပြီးနောက် တစ်စုံတစ်ခုကို လွဲချော်သွားသည်ဟု ခံစားရသည်။ခေါင်းကို လှည့်၍ ကြွားနေသော အိမ်ရှေ့စံကို ကြည့်ကာပြောလိုက်၏။

"မင်းသွားစားပြီးပြီလား"

"ဒါပေါ့"

အိမ်ရှေ့စံကပြောလိုက်ပြီး ပိုပိုဂုဏ်ဆာလာသည်။

"ဒါတင်မကဘူး...ပေါယွမ်က သူ့ဇနီးလုပ်ထားတဲ့ နေ့လည်စာစားတဲ့အခါ နည်းနည်းလေး မျှစားလို့ ရတယ်... သူမလို ဇနီးသည်ကို ရထားတာ တကယ်ကောင်းပါတယ်"

ဧကရာဇ်ဆီက အဖြေမလာသဖြင့် အိမ်ရှေ့စံမင်းသားက ဗိုက်ကိုထိန်းကာ မတ်တပ်ထရပ်လိုက်၏။

"မနက်စာဆိုင်လည်း ရှိသေးတယ်... အရင်တစ်ခေါက်တုန်း လင်းချန်က မနက်ခင်းမှာ တန်းစီပြီး တစ်ဒါဇင်လောက်ဝယ်ပြီး အရှေ့နန်းဆောင်ယူလာသေးတယ်...ကျွန်တော်တို့ အတူတူစားကြတာ... တို့ဟူးပူတင်း၊ တိုဟူးကြော်၊ ဆန်ခေါက်ဆွဲ၊ ပန်ကိတ်၊ အစပ်ဟင်းရည်​...."

နေ့ခင်းဘက်တွင် ကောက်ညှင်းအစာသွပ်ကြက်တောင်ပံသုံးခုနှင့် တယ်ရီရာကီ ကြက်ပေါင်ထမင်း တစ်ပန်းကန် စားခဲ့သည်။ သူ့ခါးကို ကိုင်ပြီး ဗိုက်ကို ထိထားရကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်လိုပါပင်။

ဧကရာဇ်က ဝအောင်စားထားပြီးသော်လည်း အိမ်ရှေ့စံ ထိုသည်ကိုပြောသောအခါတွင် သူ့ဗိုက်ကပြန်ဆာလာသလိုခံစားရသည်။

ဂုဏ်ဆာနေသောမင်းသားကို ကြည့်ပြီး ဘာကြောင့် ဤမျှ ဂုဏ်ယူနေမှန်းသူနားမလည်ပေ။သူက ဟန်လုပ် ပြုံးပြီးပြော
လိုက်၏။

"ဒီရက်ပိုင်း မင်းအများကြီးပိုကောင်းလာတာကို ငါမြင်တာ အံ့သြစရာမဟုတ်ဘူးပဲ... မင်း က ဒီအရွယ်လေးနဲ့ ကောင်းချီးအပေးခံနေရတာကိုး"

မင်းသား: ဟား

သူ့ဗိုက်ကို ကိုင်၊ ခါးကိုထောက်ပြီး ထွက်သွားခဲ့သည်။

မိဖုရား၏ မျက်ခုံးများ ခုန်သွားသည်။ အိမ်ရှေ့စံ၏အမူအရာကို သူမ ထူးထူးခြားခြား ရင်းနှီးနေသည်။ သူ့မိဘမိသားစုက မျက်နှာသာပေးခံရတဲ့အတွက် နန်းတော်မှာ တအား ဗိုလ်ကျနေတဲ့ကိုယ်လုပ်တော်လင်းနဲ့ဘာလို့တူနေတာလဲ...

---

Xxxxx