အပိုင်း ၁၂၅
Viewers 18k

Chapter 125
ထမင်းကျည်တောက်



ရှဲ့ရွှင်း ယခုလိုဖြစ်လာမည်ဟု မမျှော်လင့်ထားပါချေ။ကျန်းရှုယောင်က​ ကြက်တောင်ပံတစ်ဇလုံယူပြီး ဆုလာဘ်များစွာဖြင့် ပြန်လာခဲ့သည်။

သူက ကျန်းရှုယောင်၏ နှိမ့်ချသောပုံစံကို ကြည့်ပြီး ခဏလောက်စဉ်းစားလိုက်၏။

"မင်းဧကရာဇ်ကို ဟင်းချက်နည်းဆက်သခဲ့တာလား"

ကျန်းရှုယောင်က သူမ၏သေတ္တာများနှင့် ဗီဒိုများအတွင်း တစ်ခုခုကို ရှာဖွေနေသော်လည်း ၎င်းကိုကြားသောအခါ ခေါင်းမော့၍ဖြေသည်။

"မဟုတ်ဘူး...ကျွန်မ ဧကရာဇ်အတွက် တစ်နပ်ပဲ ချက်ပေးခဲ့တာ...ဧကရာဇ်က စိတ်ကောင်းဝင်နေတဲ့အတွက် တော်ဝင် ကိုယ်လုပ်တော်လင်းက ကျွန်မအတွက် ဆုလာဘ်တချို့ပေးခဲ့တယ်"

ရှဲ့ရွှင်းသည် ကျန်းရှုယောင်၏ ဟင်းချက်နည်းများကို အနာဂတ်တွင် အိမ်ရှေ့စံအား ပေးသင့်သည်ဟု မူလက ထင်ခဲ့သော်လည်း ထိုအကြောင်းကို တွေးသောအခါ မင်းသားက နန်းမတက်မီ အချိန်အနည်းငယ်ကြာဦးမည်။ ထို့အပြင် အိမ်ရှေ့စံက ဟင်းချက်နည်းများ ပေးဆောင်ရန် မလိုအပ်ဘဲ သူမကို ပံ့ပိုးပေးမည်ဖြစ်သည်။ သံပူနေချိန်တွင် ချက်ပြုတ်နည်းများကို ဧကရာဇ်ထံ တင်ပြသင့်သည်။

"ဧကရာဇ်ကို ဟင်းချက်နည်းတွေ ဆက်သဖို့ စဉ်းစားဖူးလား"

ရှဲ့ရွှင်းက မေးသည်။

ကျန်းရှုယောင် သူမ၏ဟင်းချက်နည်းတွေကို အလွန် ကောင်းသည်ဟုမထင်ခဲ့ပါချေ။ သံနှင့်သံမဏိပြုလုပ်နည်းများမဟုတ်ဘဲ အစားအသောက်ချက်ပြုတ်နည်းများသာဖြစ်သည်။ ဧကရာဇ်က ဘယ်မှာ လိုအပ်မလဲ...

ရှဲ့ရွှင်း သူမ၏အတွေးအမြင်ကို နားလည်ပြီး သူမအားသေချာရှင်းပြလိုက်၏။

"တခြားဘာမှ မပြောနဲ့...ထမင်းဆမ်းဆော့စ်ကိုပဲပြောရအောင်... ထမင်းနဲ့ တွဲစားရင် အသီးအရွက်ဖြစ်ဖြစ် အသားဟင်းနဲ့ဖြစ်ဖြစ် စားလို့ကောင်းတယ်...တပ်သားတွေက စစ်ချီတဲ့အခါ ခက်ခဲကြမ်းတမ်းတယ်... ဆော့စ်တစ်ပုလင်းနဲ့ အစာခြောက်တွေရရင် အရမ်းပျော်သွားလိမ့်မယ်...ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ခေါက်က မင်းလုပ်ခဲ့တဲ့ အသားညှပ်ပေါင်မုန့်ကို သေသေချာချာ အလုံပိတ်ထားရင် သုံးရက်လောက်ကြာတဲ့အထိ နူးညံ့ပြီး မွှေးနေဦးမယ်လို့ အာမခံနိုင်တယ်...အဲဒါတွေအကုန်လုံးက မုန့်ခြောက်တွေထက် မျိုချရတာ ပိုလွယ်တယ်...အသင့်စားခေါက်ဆွဲခြောက်တွေဆို မပြောနဲ့တော့... ဒီဟာသာ တနိုင်ငံလုံးမှာ ပြန့်နှံ့နေနိုင်ရင် စစ်ချီတက်တာပဲဖြစ်ဖြစ်၊ ဆွေမျိုးတွေဆီ လာလည်တာပဲဖြစ်ဖြစ် စီးပွားရေးလုပ်နေရင်ဖြစ်ဖြစ် အခုကနေစပြီး လမ်းမှာ အစားအသောက် ပူပူနွေးနွေးစားနိုင်လိမ့်မယ်"

ရှဲ့ရွှင်းကဆိုသည်။

"စိတ်မပူပါနဲ့ ...ဧကရာဇ်က ဟင်းချက်နည်းတွေရပြီးရင် သိပ်အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး...လင်းမိသားစုကို ဒီအစားအစာတွေ ရောင်းခွင့်ပေးမှာ သေချာတယ်... အဲဒီအစားအစာသုံးမျိုးကနေ မင်း ဧကရာဇ်ကို အမြတ်နည်းနည်းလေး အာမခံပေးရလိမ့်မယ်... သိပ်များများစားစား မဟုတ်ဘူး... သေးငယ်တဲ့ အမြတ်က ဧကရာဇ်ရဲ့ ကျောထောက်နောက်ခံနဲ့ လဲလှယ်ပေးလိမ့်မယ်... လင်းမိသားစုက တော်ဝင်မိသားစုက ခန့်အပ်ထားတဲ့ ကုန်သည်ဖြစ်လာရင် မင်းကို ဘယ်သူက ပြိုင်ဝံ့မှာလဲ"

ကျန်းရှုယောင် အံ့အားသင့်သွားပြီး "တကယ် အဆင်ပြေရဲ့လား...ဒါပဲလား"

သူမ သူမလက်ထဲက ပစ္စည်းတွေကို ချကာပြောလိုက်သည်။

“အမြတ်က သေးမသေး အရေးမကြီးပါဘူး...လင်းမိသားစုက ဒီလုပ်ငန်းကနေ ပိုက်ဆံရှာဖို့ မလိုအပ်ပါဘူး”

ရှဲ့ရွှင်းက သူမဆီသို့ လျှောက်လာသည်။သူက သူမကို ငုံ့မိုးကြည့်ကာ ပြုံး၍ ဆို၏။

"မင်းရဲ့ လက်ရာ ဘယ်လောက်တန်ဖိုးကြီးတယ်ဆိုတာ မင်းမသိဘူးလား"

သူက သူမခေါင်းကို ပွတ်သပ်လိုက်သည်။

"ပြီးတော့ ဒါကရောင်းတာမဟုတ်ဘူး.
...နောင်မှာ အသင့်စားခေါက်ဆွဲခြောက်လို အစားအသောက်မျိုးရှိရင် ဧကရာဇ်ဆီ အရင်ဆုံးဆက်သရမယ်"

ကျန်းရှုယောင်က ဤနိုင်ငံရေးအကျိုးစီးပွားကို နားမလည်သောကြောင့် ရှဲ့ရွှင်းပြောသမျှမှန်၏။ သူမက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

သူမ၏အဖြေကိုတွေ့သောအခါ ရှဲ့ရွှင်းက ပြောပြန်၏။

"အသင့်စားခေါက်ဆွဲခြောက်လုပ်နည်းအတွက် စိတ်မပူပါနဲ့...အရင်ဆုံး ဆော့စ်နဲ့ ပေါင်မုန့်အတွက် ချက်ပြုတ်နည်းတွေကို ပေးလိုက်ပါ"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး
"ဒါဆို အခုသွားရမလား"

"မဟုတ်ဘူး...ငါ့တာဝန်ပဲထားလိုက်"

သူက အပြင်ဘက်ဆီလျှောက်သွားရင်းဆိုသည်။
"အိမ်ရှေ့စံနဲ့ အရင်ဆွေးနွေးလိုက်မယ်”

သူထွက်သွားပြီးနောက် ကျန်းရှုယောင် တုံ့ပြန်ခဲ့သည်။ အိမ်ရှေ့စံနဲ့ ဆွေးနွေးတာလား...အိမ်ရှေ့စံက သူတို့အထဲက တစ်ဦးဖြစ်လာတာ ဘယ်အချိန်ကတည်းကလဲ...

အိမ်ရှေ့စံနှင့် ရှဲ့ရွှင်းတို့ ထိုအရာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးနေကြချိန်တွင် ကျိုးရှီက တောအုပ်ထဲတွင် ရှိနေသည်။

ယုန်တစ်ကောင်ကို မြှားဖြင့်ပစ်ပြီးနောက် ကျိုးရှီ သူမ၏လေးနှင့်မြှားကိုချကာ သွေးစွန်းမနေသော ယုန်ကို ကောက်ယူရန် ရှေ့သို့ လှမ်းတက်သွားသည်။

သူမ ကောင်းကင်ကို မော့ကြည့်လိုက်ရာ သူမ အမဲလိုက်ရန် ဒုန်းဆိုင်းလွန်းနေသည်ကို သိလိုက်ရသည်။သူမ စားရန် မေ့သွားသည်။

မနက်ခင်း သူမထွက်လာသောအခါ ကျန်းရှုယောင်က သူမလေးတစ်လက်နှင့် ဓားမြှောင်တစ်ချောင်းသာ ယူဆောင်သွားသည်ကို တွေ့ပြီး သူမကို တားလိုက်သည်။ အထုပ်သေးသေးလေးများ ပေး၍ စားဖို့ မမေ့ရန် ပြောခဲ့သည်။

ကျိုးရှီ တောထဲသို့ ရောက်သည်နှင့်ပင် ၎င်းကို မေ့သွားသည်။ ယခု သူမ သတိရပြီး အထုပ်များကို မြင်းပေါ်မှ ချလိုက်သည်။

ရှည်လျားသော ဝါးကျည်တောက်တစ်ခုကို အိတ်အတွင်း၌ တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားပြီးထိပ်ကို သစ်သားအဆို့ဖြင့် တင်းကျပ်စွာ ပိတ်ထားသည်။

မနက်ခင်းက ကျန်းရှုယောင် ၏ရှင်းပြချက်ကို တွေးတောရင်း ကျိုးရှီသိချင်နေသော်လည်း သစ်သားအဆို့ကို သူမ မဖွင့်ခဲ့ပေ။ထိုအစား သူမ မြေစာတစ်စကို ရှာ၊ထင်းခြောက်တချို့ကို ကောက်ယူကာ မီးအမြန်မွှေးပြီး ဝါးကျည်တောက်ကို ထိုပေါ်မှာ တင်လိုက်၏။

ကျန်းရှုယောင် အသင့်စားခေါက်ဆွဲကို ရှာဖွေတွေ့ရှိပြီးနောက် အိမ်တော်က သယ်ယူရလွယ်ကူသော စားသောက်မှုအကြောင်း ဆက်လက်စဉ်းစားနိုင်စေရန် ဝါးကျည်တောက် အများအပြားကို ဝယ်ယူခဲ့သည်။ ကျိုးရှီက ဝါးရွက်ထက် ပိုမွှေးသည့် ဝါးကျည်တောက် ဖြင့် ဇုံဇီ လုပ်နည်းကို ကျန်းရှုယောင်ထံမှ သင်ယူခဲ့သည်။အစာကြေရန်ခက်သည့် ကောက်ညှင်းဆန်ကြောင့်သာမဟုတ်ပါက သူမ တစ်ခါတည်းနှင့် အများကြီးစားနိုင်၏။

ထို့ကြောင့် ဝါးကျည်တောက်က ကောက်ညှင်းပေါင်းနှင့် ပြည့်နေသည်ဟု သူမထင်ခဲ့သော်လည်း ဝါးကျည်တောက်ပူလာသောအခါတွင် ငန်သောမွှေးရနံ့များ တစ်စတစ်စ ထွက်ပေါ်လာသည်။

မနီးမဝေးမှ အသံတစ်ခု ချဥ်းကပ်လာသည်ကို ရုတ်တရက်ကြားလိုက်သောအခါတွင် သူမ လျင်မြန်စွာ သတိရှိလာသည်။

အမဲလိုက်မြေ၏ အပြင်ဘက်အဝိုင်းတွင် တိရစ္ဆာန်များ ရှိမည်မဟုတ်ပေ။ဤဒေသကို လူတွေပဲလာကြလိမ့်မည်

သူမ လေးရှည်ကြီး ကို ကိုင်လိုက်ပြီး အသံလာရာကို စိုက်ကြည့်နေလိုက်သည်။

အသားအရည် ညိုမည်းသော လူငယ်တစ်ယောက်က သူ့မျက်နှာကို ဦးစွာပြသလာသည်။ သူ့စိတ်က တစ်ဝက်ဗလာဖြစ်ပြီး သူ့နှာခေါင်းတစ်ဝိုက်မှာ အနံ့တစ်ခုရနေ၏။ကျိုးရှီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံး ထိတ်လန့်သွားပြီး သူ့ကို မြှားနှင့်မပစ်ရန်အတွက် အချက်ပြရန် သူ့လက်ကို အမြန်မြှောက်လိုက်သည်။

ကျိုးရှီ သူမ၏လေးနှင့်မြှားကိုချလိုက်ပြီး ထိုလူက တောထဲမှထွက်လာကာ အသားရောင်တူညီသော အမျိုးသားအများအပြားလိုက်ပါလာသည်။

"သူဌေးမ"

ကျိုးရှီကို မြင်သောအခါ လျန်လျှို အံ့ဩသွားသည်။

ကျိုးရှီက နောက်ဆုံးသတိထားရမည့်အလွှာကို ချလိုက်ပြီး သူ့ကို ခေါင်းညိတ်ပြ လိုက်သည်။

လူများစွာသည် ရနံ့ကို အနံ့ခံရင်း လာရင်း ကျိုးရှီ ဟင်းချက်နေသည်ကို မြင်သောအခါ ရှေ့သို့ လှမ်းတက်ရန် ရှက်သွားကြသည်။

ထွက်သွားရန် ခေါင်းကို ကုတ်ရင်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမဲ့ ကျိုးရှီက သူတို့ကို တားလိုက်သည်။

"ကျွန်မ ရှင်တို့ကို နည်းနည်းလောက် ပေးနိုင်တယ်"

ဘာပဲဖြစ်ဖြစ် ဝါးကျည်တောက် အလွန် ရှည်၏။ သူမတစ်ယောက်တည်း မကုန်နိုင်ပေ။

ခဏတာ တုံ့ဆိုင်းသွားသော်လည်း ရောက်လာကြသည်။ တစ်ယောက်ချင်းစီတိုင်းက အလွန် ဣန္ဒြေရဟန်ရှိနေ၏။

"ကျေးဇူးတင်ပါတယ် သခင်မ"

ထုံးစံအတိုင်း သူမက တော်ဝင်အမဲလိုက်ကွင်းသို့ လာနိုင်လျှင် သာမန်စီးပွားရေးသမားမဖြစ်နိုင်ပေ။

သူတို့က ကျိုးရှီနှင့် ဆန့်ကျင်ဘက် ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်နေကြ၏။သက်တောင့်သက်သာမရှိစွာ ပြွတ်သိပ်နေကြရသော်လည်း အလွန်စားချင်နေသည်ဖြစ်၍ ထွက်ခွာရန် တွန့်ဆုတ်နေကြ၏။

"သခင်မ ဘာချက်နေတာလဲ"

သူတို့၏ မန်ဒရင်းဘာသာစကားသည် အဆင့်မမီသော်လည်း ကျိုးရှီအတွက် အတွက် အလွန်ကြင်နာပုံရသည်။

ကျိုးရှီ သူတို့ကိုမြင်သောအခါ သူမနှင့်အတူ မြင်းစီးဖူးသော မော့ပေ ရှိ သူမ၏သူငယ်ချင်းများအကြောင်း တွေးလိုက်မိသည်။ သူမက မသိစိတ်က ပြုံးပြီးပြောလိုက်၏။

"မသိဘူး...ဒါက ကျွန်မယောက်မလေး ပေးလိုက်တဲ့ဟာ"

သူမ၏အဖြေက သဲလွန်စမရှိသော ကြောင့် လူတွေက ပါးစပ်ပိတ်နေကြသည်။

သစ်သားဆို့အစွန်းတွင် အရည်အိတ် သေးသေးလေးများကို မြင်လိုက်ရသဖြင့် ကျိုးရှီ စားစရာကျက်ခါနီးပြီဟု ခန့်မှန်းမိလိုက်သည်။သူမသည် ဝါးကျည်တောက်ကို မီးထဲမှထုတ်ကာ ကျောက်တုံးပေါ်တင်ပြီး ဓားမြှောင်ကို ထုတ်၍ ပြင်းပြင်းထန်ထန် ရိုက်ခွဲလိုက်သည်။

ဝါးကျည်တောက်တစ်ခြမ်းကွဲသွားသည်၊ ငွေ့ငွေ့ဖြူဖြူများ ပြည့်လျှံလာပြီး ဆားငန်သောဖယောင်းနံ့က ချက်ချင်း ထွက်လာသည်။

လူတိုင်းက ဝါးကျည်တောက်ထဲကို လှမ်းကြည့်ကြ၏။ မြရောင်ပဲစိမ်းလုံးများ၊အဆီအသားမျှတစွာပါသည့် ဝက်အူချောင်းများနှင့်ရောစပ်ထားသည့် ထမင်းဖြူဖြူနှင့်ပြည့်နေသည်ကိုတွေ့လိုက်ရသည်။

အနီရောင်နှင့်အစိမ်းရောင် တွဲစပ်ထားသည်က တကယ်ကို ဆွဲဆောင်မှုရှိ၏။

ဝက်အူချောင်းကို အပူပေးသောအခါ အဆီများသော အစိတ်အပိုင်းသည် ဆီအဖြစ်သို့ ပြောင်းသွားပြီး ဝါးကျည်တောက်အတွင်းက ဆန်ကို ပြောင်လက်တောက်ပစေသည်။ ဝက်အူချောင်းအတုံးများကို ပါးပါးလှီးထားကာ အဆီနည်းအသားက နီညိုရောင်ရှိပြီး အဆီက ကြည်လင်ကာ ကျောက်စိမ်းကဲ့သို့ နူးညံ့သည်။

ထမင်းဖြူ နှင့် ဝက်အူချောင်းက မဖြစ်မနေ ​မြည်စမ်းကြည့်သင့်သောအရာဖြစ်သည်။အပူပေးပြီးနောက်ထွက်လာသည့် မွှေးထုံကြိုင်လှိုင်သောအငန်ရနံ့နှင့် ပျော့ပျောင်းသော ဝါးရနံ့ တို့ကို ထည့်ပြောစရာပင်မလိုချေ။

သူတို့အားလုံးက အသားအရေ ကြမ်းတမ်းသော စစ်သည်များ ဖြစ်ကြသည်။ ဝါးကျည်တောက် အနည်းငယ် အေးလာသည်အထိပဲ သူတို့ ခဏစောင့်ပြီး စစားကြသည်။

ကျိုးရှီက သူတို့ကို တစ်ဝက် ပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူမဘာသာယူကာ ဘေးနားတွင် ထိုင်ချလိုက်ပြီး အကုန်လုံးကို စားလိုက်သည်။

"အဲဒါ...သခင်မ...မင်း ငါတို့ကို တူ ပေးလို့ရမလား"

လျန်လျှိုက နီမြန်းသောမျက်နှာဖြင့် ပြောသော်လည်း ကံမကောင်းစွာပဲ သူ့အသားအရေက မည်းမှောင်လွန်းနေသည်။(မဲတော့ နီတာကိုမမြင်ရဘူး)

ကျိုးရှီက မြောက်အရပ်မှ အပေါင်းအသင်းနှင့်ဆိုလျှင် ပို၍ စိတ်ရှည်သည်။ သူမအတွက် ကျန်းရှုယောင် ပြင်ဆင်ပေးလိုက်သည့် တူအပိုတွေကို ထုတ်ပြီး သူတို့လက်ထဲကို ထည့်ပေးလိုက်သည်။

လျန်လျှို နှင့် အခြားသူများသည် တူများကို အပိုင်းများစွာ ချိုးကြသည်။ ဤကံမကောင်းသောအလေ့အကျင့်ကို သူတို့စိတ်ထဲမထားပါချေ။ အလွန်တိုသော ဝါးတူတစ်စုံကို ခွဲ၍ ထမင်းကျည်တောက်ကို ခေါင်းချင်းဆိုင် စားကြလေသည်။

ဝက်အူချောင်းနှင့်ထမင်းက အနံ့ကောင်းပြီး အနံ့ကောင်းပြီး အရသာက ပိုအရသာရှိ၏။

ထမင်းတူတစ်ညှပ်စာကို ပါးစပ်ထဲသို့ ထည့်ပြီးသောအခါ ဆီစိမ်ထားသော ထမင်းက ဖယောင်းအရသာ ပါးပါးပါသည်။ အသားနိုင်းချင်ဆိုပေမဲ့ မညှီပေ။ချိုမြသော ထမင်းရနံ့က လတ်ဆတ်သော ဝါးရနံ့ဖြင့် အရသာကို အနည်းငယ် ပိုချိုစေသည်။ပြည့်ဖောင်းသော်လည်း သော်လည်း မအီ၊ လတ်ဆတ်ပြီး အရသာရှိသော်လည်း အရောင်အဆင်းကင်းမဲ့ခြင်းမရှိပေ။

ဝက်အူချောင်း၏ပထမဆုံး အထင်အမြင်ကတော့ ငန်၏။ အငန်များ ကင်းစင်သွားပြီးနောက် နူးအိသော အရသာကို ခံစားရရှိနိုင်သည်။ အငန်သည် အရသာအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်အရသာများ ထွက်ပေါ်လာသည်အထိဖြစ်သည်။ အဆီနည်းအသားက အလွန်ဝါးရပေမဲ့ လုံးဝ စိတ်အနှောက်အယှက်မဖြစ်စေပါချေ။အင်မတန် အရသာရှိသည်။ အဆီများသော အသားက နူးညံ့ပြီး ဝါးရန် မလိုအပ်ပါချေ။ ပေါ့ပါးသော အထိအတွေ့ဖြင့် အရည်ပျော်စေပြီး အဆီနည်းအသားကို နူးညံ့ချောမွေ့သော အရသာကိုပေးသည်။ ထမင်းထဲမှာ ရောထားသည့် ပဲစိမ်းလုံးက အရသာကို ကြွယ်ဝစေ၏။ ရံဖန်ရံခါ အနည်းငယ်စားမိသောအခါ လန်းဆန်းပြီး အီခြင်းကို သက်သာစေသည်၊ သာမန်အဆန်ဆုံး ပဲစေ့များသသည်ပင် အလွန်မွှေးကြိုင်နေသည်။

မြောက်ပိုင်းသားများသည် ဆောင်းရာသီတွင် အသားများကို နှပ်ထားသော်လည်း ၎င်းတို့၏ နှပ်ထားသောအသားသည် အလွန်မွှေးကြိုင်ခြင်း မရှိပေ။

လူအနည်းစုက ငြီးငွေ့းရာကောင်းပြီး တိတ်ဆိတ်နေကြသည်။တစ်ယောက်စီတွင် ပန်းကန်လုံးတစ်လုံးစာစီရှိပြီး ဝါးကျည်တောက်ပေါ်တွင် ဆန်တစ်စေ့မျှပင် မကျန်တော့သည်အထိ အမြန်ပြီးသတ်ကြသည်။

ဝက်အူချောင်းပေါ်တွင် အသားအနည်းငယ်သာ ရှိနေသည်မှာ ထင်ရှားသော်လည်း အစာစားပြီးနောက် သူတို့၏ခံတွင်းသည် အရသာရှိသော အသားအရသာနှင့် ပြည့်နေပြီး အရသာမှာ အဆုံးမရှိပေ။

ခြောက်ကြိမ်ဆက်တိုက် ရိုက်ခွဲ(ဝေမျှ)ပြီးနောက် ညီအစ်ကိုများသည် ကျိုးရှီအား ကျေးဇူးတင်စကား ပြန်လည်ပြောဆိုကြသည်။

သူမက သူတို့ကို ကျွေးမွေးသည်အထိ ကြင်နာတတ်ပြီး အစာစားပြီးနောက် ကြာကြာနေရန် ရှက်လွန်းလှသည်။ သူမကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောပြီးနောက် လျန်လျှိုက မထွက်ခင်မှာမေးသည်။

“သခင်မ... ဒီဝက်အူချောင်းကို ဘယ်လို လုပ်တာလဲ.. တကယ်ကို မွှေးနေတာပဲ၊ အကုန်လုံးက လုံးဝန်းတယ်... သေးသေးလေးနဲ့ ကြည့်လို့ကောင်းတယ်”

ကျိုးရှီက ပြန်ဖြေလိုက်သည်။

"ဝက်သားကို အဆီအသားပါးပါးလေးတွေလှီးပြီး ဟင်းခတ်အမွှေးအကြိုင်ထည့်ပြီး ဘူးခွံတွေထဲထည့်လို့ လေခြောက်အောင် ချိတ်ထားတယ်...ဒီဝက်အူချောင်းတွေက အကြာကြီးမချိတ်ထားရသေးဘူး... အရသာက မလုံလောက်ဘူး၊ အစိုဓာတ်လည်း မကုန်ဘူး၊ စားဖို့အကောင်းဆုံးအချိန်မဟုတ်ဘူး"

"ဒါက ကောင်းကောင်း အရသာရှိနေပါပြီ... ကျုပ်တို့က မြောက်ပိုင်းမှာ မကြာခဏ အသာဆားနယ်လုပ်ကြပေမဲ့ အရသာက လုံးဝမယှဉ်နိုင်ဘူးလေ... ဆောင်းရာသီမှာ ဒီဝက်ပေါင်ခြောက် ဒါမှမဟုတ် ဝက်အူချောင်းတွေ ရနိုင်ရင် ပိုအရသာရှိလိမ့်မယ်..."

သူစကားမဆုံးခင် ကျိုးရှီက သူမ၏တူများကို ရပ်တန့်ထားသည်ကို တွေ့လိုက်ရပြီး သူမ၏အမူအရာမှာမကောင်းဖြစ်လာသည်။

လျန်လျှို သေသေချာချာ ပြန်တွေးပြီး တစ်ခုခုမှားပြောမိသလား မမှတ်မိချေ။ သူဘာမှထပ်မပြောရဲတော့ဘဲ မြန်မြန်တောင်းပန်လိုက်သည်။

"သခင်မ တောင်းပန်ပါတယ်"

ကျိုးရှီ သူဘာကြောင့် တောင်းပန်သည်ကို မသိသော်လည်း သူမ အစာစားချင်စိတ် ပျောက်သွားသည်။ဝါးကျည်တောက် ဘေးဖယ်ထားပြီး အောက်ကိုငုံ့ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်တယ်...မြောက်ဘက်က ဆောင်းရာသီက အရမ်းခက်ခဲတယ်"

လျန်လျှို နှင့် ကျန်လူများသည် စကားဝိုင်းကို မည်သို့ဆက်ရမည်ကို မသိဘဲ ကြောင်တောင်တောင်ဖြစ်သွားကြသည်။ စကားပြောရန် ခေါင်းကုတ်နေကြချိန်တွင် လျန်လျှို ကျိုးရှီ ဘေးနားမှာ ချထားသည့် ဓားမြှောင် တွေ့လိုက်သည်။

"ကျိုး..."

လျန်လျှိုက စိုက်ကြည့်ရင်း
"မင်းက မော့ပေမှာရှိတဲ့ စစ်သူကြီးကျိုးအိမ်က သမီးလား"

ကျိုးရှီ၏ ဓားမြှောင်က ဆီတွေနှင့် စွန်းထင်းနေပြီး ပြီးမှ မြက်ပင်တစ်ချောင်းနှင့် သုတ်ပစ်ရန် ကြံစည်ထားသောကြောင့် ချက်ချင်း ပြန်မထည့်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် လျန်လျှိုက ဓားမြှောင်ကို မှတ်မိခဲ့ပြီး သူမငြင်းခဲ့ပေ။သူမက ခေါင်းညိတ်ပြီး "ဟုတ်တယ်" ဟုပြန်ဖြေလိုက်၏။

လျန်လျှိုက အတော်လေး စိတ်လှုပ်ရှားသွားပြီးဆိုသည်။

"ဒါဆို ကျိုးမိသားစုရဲ့ လက်ပြန်ဓားကို ပြပေးလို့ရမလား...ကျုပ်အဖိုးက စစ်သူကြီးကျိုးနဲ့ တိုက်ခိုက်ပြီး သူ့လက်ပြန်ဓားအောက်မှာ ရှုံးသွားခဲ့တယ်...သူ ဒီအကြောင်းပြောနေတာ ဆယ်စုနှစ်နဲ့ချီနေပြီ...ကျုပ်ဘ၀မှာ ကျိူးမိသားစုရဲ့ လက်ပြန်ဓားကို အကြည့်ချင်ဆုံးပါ"

ထိူအချိန်မှာ သူ ရုတ်တရက် တန့်သွား၏။

သူတို့ရှေ့မှ အမျိုးသမီးသည် အိမ်ထောင်သည်အမျိုးသမီးတစ်ဦး၏ ဆံထုံးကို ဆင်မြန်းထားပြီး သူမ၏ လေယူလေသိမ်းသည် ဒေသလေယူလေသိမ်းနှင့် ဆင်တူသည်။ သူမသည် ကျောက်တုံးပေါ်တွင် ထိုင်နေသော်လည်း ပေကျင်းအမျိုးသမီးတစ်ဦး၏ သဘောထားရှိနေဆဲဖြစ်သည်။ တွေးကြည့်လျှင် သူမက အိမ်ထောင်ကျပြီး မြို့တော်တွင် နှစ်ပေါင်းများစွာ နေခဲ့ရပေမည်။ မြောက်ပိုင်းမှာရှိသည့် အရာတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့သည် ဖြစ်ကောင်းဖြစ်နိုင်၏။

သူ ထိုသို့တွေးနေစဥ်၌ ကျိုးရှီ က "ဒါပေါ့"ဟုပြောသည်ကို ရုတ်တရက်ကြားလိုက်ရသည်။

သူမက ခေါင်းကို မော့လိုက်ပြီး သူမ၏မျက်လုံးများက အလွန်ကွဲပြားသွားကာ လျန်လျှို၏ စိတ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ထွင်းဖောက်မြင်နေရသကဲ့သို့ရှိသဖြင့် သူ့ကို အပြစ်ရှိစိတ်အနည်းငယ်ဖြစ်​စေသည်။

"ကိုယ့်ကိုယ်ကို မေ့သွားပြီလို့ ထင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ့ဓားကို ကောက်ကိုင်ခဲ့ပြီး လှုပ်ရှားမှုတိုင်း ငါ့အရိုးထဲမှာ ရေးထွင်းထားတာကို တွေ့ခဲ့တယ်"

သူမက ထ၍မြက်ပင်တစ်ချောင်းကို ဆွဲထုတ်ကာ ဓားမြှောင်ကို သုတ်ရင်းဆို၏။

"တချို့အရာတွေက ဒီဘဝမှာ မေ့ပျောက်ဖို့ ရည်မှန်းထားပေမဲ့ တချို့အရာတွေက ဘယ်တော့မှ ဆုံးရှုံးမှာမဟုတ်ဘူး...စွဲလမ်းမှု မုန်းတီးမှုတွေ ပျောက်ကွယ်သွားပေမဲ့ ငယ်ငယ်တုန်းသင်ယူခဲ့တဲ့​သိုင်းပညာက တစ်သက်လုံး လိုက်ပါသွားနိုင်တယ်"

သူမ၏ လေသံက အလွန်ရိုးစင်းသော်လည်း တစ်ဖက်မှလူများမှာ သူမအတွက် နားမလည်နိုင်စွာ ဝမ်းနည်းနေကြသည်။

သူမကို နှစ်သိမ့်ရန် အချိန်မှန်ကို စောင့်မျှော်နေကြသော်လည်း ကျိုးရှီက ရုတ်တရက် လှည့်လာပြီးဆို၏။

"ထွက်လာခဲ့...ရှင် ကျွန်နောက်ကို တစ်လမ်းလုံးလိုက်လာတာ... အခု ဘာပြောချင်လဲ မနေနိုင်တော့ဘူးလား"

သူတို့ မျှော်ကြည့်လိုက်သည့်အခါ တောထဲက လူတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူ့မျက်နှာက ချောမောပြီး မျက်ခုံးမွှေးကလည်း လွန်စွာမျက်စိပသာဒဖြစ်သည်။သူ့အသွင်သဏ္ဍာန်က ရှည်လျားပြီး မှောင်ရိပ်ကွယ်နေပေမဲ့ ကျောက်စိမ်းနှင့် လေပြည်လို ကျက်သရေရှိသည့် ခံစားမှုမျိုးရှိ၏။

သူတို့ ကျိုးရှီဆီကို အကြည့်တို့ပို့ပြီးနောက် သူ့အထောက်အထားကို နားလည်ခဲ့​ကြသည်။ကျိုးရှီကို နှုတ်ဆက်ပြီးနောက် တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။

ကျိုးရှီ မီးငြိမ်းပြီး သူမအိတ်ထဲမှ ရေအိတ်ကိုထုတ်ကာ ပါးစပ်ထဲကိုအနည်းငယ်လောင်းထည့်လိုက်သည်။ ဤကြာရှည်သော ဆက်တိုက်လုပ်ဆောင်မှုပြီးသည့်နောက်ထိ ရှဲ့လန်က တိတ်ဆိတ်နေခဲ့သည်။

သူမက တက်တက်ကြွကြွ မမေးဘဲ ရေအိတ်ကို မြင်းပေါ်တင်ကာ လှည့်ထွက်ရန် ပြင်ဆင်နေသည်။

ထိုအချိန်မှာ ရှဲ့လန်စကားပြောလာပြီးသူ့အသံက ခါတိုင်းလို တည်ငြိမ်ပြီး နူးညံ့နေသည်။

"မင်းပြန်ချင်လား"

ကျိုးရှီက စူးစူးရဲရဲနှင့် ပြန်ပြော၏။

"အင်းပေါ့... မှောင်နေပြီလေ... တောထဲမှာ တစ်ညအိပ်ရမှာလား"

"ကိုယ်ဆိုလိုတာက မော့ပေ"



Xxxxxx