အပိုင်း ၁၂၈
Viewers 20k

Chapter 128
ဖက်ထုပ်အိုးကပ်


ကောင်းကင်တွင် တောက်ပနေသော လသည် တဖြည်းဖြည်း ဝိုင်းလာကာ ဆောင်းဦးလယ်ပွဲတော် နီးကပ်လာပြီ ဖြစ်သည်။ လက တောက်ပကြည်လင်ပြီး တိမ်များကင်းစင်နေသည်။ ပိတ်ကျဲစနှင့်မြူမှုန်များကဲ့သို့သော လရောင်က ကမ္ဘာပေါ်ကို ပက်ဖြန်းနေသည်။၎င်းက လမ်းရှည်ကြီးပေါ်ရှိ မီးအိမ်များ၏ နွေးထွေးသောအလင်းရောင်နှင့် ရောနှောနေသကဲ့သို့ မီးနဂါးတစ်ကောင်သဖွယ် တောက်ပနေသည်။

လင်းရှီ၏ ကိုယ်ဝန်က ရင့်လာကာ ဗိုက်က ဖောင်းလာသည်။ သက်တောင့်သက်သာ လမ်းလျှောက်နိုင်ရန် ကျောအောက်ကို ထောက်ထားရ၏။ သို့သော် သူမက လေကဲ့သို့ လမ်းလျှောက်နေဆဲဖြစ်ပြီး လူအုပ်ကြားတွင် လိုက်လျောညီထွေစွာ ရွေ့လျားနေသည်။

ကျိုးရှီက သူမနောက်သို့ လိုက်သွားပြီး လူအုပ်ကြားထဲတွင် သူမအတွက် လမ်းဖွင့်ပေးရန် တာဝန်ယူထားသည်။

လမ်းဘေး အစားအစာဈေးက လူတွေက ၎င်းကိုမမြင်ဖူးသည်မဟုတ်ပေ။လင်းရှီလာသောအခါ သူတို့က အလိုအလျောက် လမ်းဖယ်ပေးကြပြီး သူမကို ရွှင်ပြစွာနှုတ်ဆက်ကြ၏။

"ငွေတိုက်စိုးလင်းက စစ်ဆေးဖို့ထပ်ရောက်လာပြန်ပြီ"

ဤမြင်ကွင်းကြောင့် လူသစ်တစ်ယောက် အံ့ဩသွားသည်။ လင်းရှီ၏ပုံစံကိုကြည့်ပြီး သူကဆိုသည်။

"ဒါက ဘာကိုဆိုလိုတာလဲ...သခင်မလင်းကလည်း မျိုးရိုးမြင့်တစ်ယောက်ပါ...ကိုယ်ဝန်ရှိနေချိန်မှာ ဒီမှာတွဲလွဲဆွဲနေတယ်... တစ်ယောက်ယောက်က သူ့ကို ဒုက္ခပေးပြီး နာကျင်စေချင်ရင် ဘယ်လိုလုပ်မလဲ"

"မင်း အတွေးလွန်နေပြီ"

စားသုံးသူတစ်ဦးက လင်းရှီ၏ ဘေးရှိ အေးစက်နေသောမျက်နှာဖြင့် ကျိုးရှီကို မေးငေါ့ပြသည်။

"အဲဒီအမျိုးသမီးကို တွေ့ဖူးလား...သူက စစ်သူကြီးမိသားစုရဲ့ သမီးလို့ ငါကြားတယ်...လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်ယောက်ယောက်က ပြဿနာရှာခဲ့တယ်...သူ(မ)က ဝါးရင်တုတ်နဲ့ရန်ပွဲစပြီး လူပေါင်း ဒါဇင်နဲ့ချီပြီး ဆေးရုံတက်လိုက်ရတယ်"

စားသုံးသူအသစ်က စိတ်အေးသွားပြီး သက်ပြင်းတစ်ချက်ချကာ မှေးမှိန်ပျောက်ကွယ်သွားသော ကျိုးရှီ နှင့် လင်းရှီတို့၏ ကျောပြင်များ စိတ်ရှုပ်ထွေးစွာကြည့်ရင်းခေါင်းကုတ်လိုက်သည်။

“ဘယ်လိုတွေဖြစ်ကုန်တာလဲ...ကျွန်တော် မြို့တော်ကို မရောက်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်... အရာအားလုံး ပြောင်းလဲသွားပြီ”

ကျိုးရှီ၏ မျက်နှာမှာ စကားတစ်ခွန်းမှမပြောဘဲ အေးစက်နေမြဲဖြစ်သည်။

လင်းရှီက အနည်းငယ် နူးညံ့နေပြီး ဖျော့တော့စွာပြောလိုက်သည်။

"ဒီနေ့က နောက်ဆုံးအကြိမ်ပဲ...မကြာခင် ဆောင်းဦးလယ်ပွဲတော် မဟုတ်ဘူးလား...တစ်ချက်ကြည့်ဖို့ ထွက်လာတော့ အိမ်မှာ ကလေးကိုပျိုးထောင်ရတာ စိတ်သက်သာရာရသွားမယ်“

ကျိုးရှီက နှာမှုတ်သည်။
"လူတစ်ယောက်က ပြဿနာရှာပြီး ရှင့်ကို နာကျင်အောင်လုပ်လုနီးပါးဖြစ်ခဲ့တာကို ရှင်ကဒီလိုပဲပြောတယ်"

လင်းရှီက အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး အကြောင်းအရာကို မြန်မြန်ပြောင်း၏။

"ဒါဆို ဆောင်းဦးလယ်ပွဲတော်အတွက် မင်းဘာလုပ်မယ်လို့ပြောခဲ့တာလဲ"

"လမုန့်"

ကျိုးရှီက လျင်မြန်စွာ အာရုံပြောင်းသွားပြီး လက်ဖြင့် အမူအရာလုပ်ကာ သူမအား ရှင်းပြသည်။

"အဲဒါက ဝိုင်းပြီး အပေါ်မှာ ဖောင်းကြွနေတဲ့ ပန်းတွေပါတယ်...ဆိုလိုတာက ဆောင်းဦးနှောင်းပိုင်း ပြန်လည်ဆုံဆည်းခြင်းကို ဆိုလိုတယ်"

လင်းရှီက ဂရုတစိုက် နားထောင်ဟန်ဆောင်ကာ လမုန့်လုပ်ရန် တွေးပြီး သူမ၏ ဦးနှောက်က လျင်မြန်စွာ လည်ပတ်သွားခဲ့သည်။

လမ်းဟောင်းသည် မီးရောင်များဖြင့် စည်ကားနေပြီး လမ်းသစ်မှာလည်း ထိုအတိုင်းပင်။

ဈေးသစ်ကို မပြုပြင်ရသေးသော်လည်း အစားအသောက်ဆိုင်များကို တစ်စုတစ်စည်းတည်း စုစည်းထားသည်။ ဆိုင်ပိုင်ရှင်များ လေတိုက်ခြင်း သို့မဟုတ် နေပူခြင်းမှ ပုန်းရန် နေရာမရှိခြင်းမျိုးမဖြစ်စေရန်အတွက် တဲများ ဆင်ထားသည်။

နက်နဲသောလမ်းကြားသည် ဝိုင်၏ရနံ့ကို ဖုံးကွယ်ထားမည်မဟုတ်ပေ။ စားသောက်ဆိုင်တစ်ခုအတွက် အရေးကြီးဆုံးအချက်မှာ အရသာဖြစ်သည်။ ကြက်စွပ်ပြုတ်နှင့်တို့ဟူးတုတ်ထိုးဆိုင်က တဖြည်းဖြည်း နာမည်ကြီးလာပြီး သူတို့၏ အစားအသောက်ဆိုင်က ခုံအလွတ်မရှိတော့ပါချေ။

ခုံတန်းလျားပေါ်၌ ရပ်နေသော ရှောင်ဟွားက ကြက်စွပ်ပြုတ်တစ်ပန်းကန်ကို ကျွမ်းကျင်စွာ ခပ်လိုက်ပြီး ကြက်သွန်ဖြူဆော့စ်ကို လောင်းချ၊နွေ ကြက်သွန်ကို ဖြူူကာ အမြန်သယ်သွားလိုက်သည်။

လာလည်ကြသော စားသုံးသူများသည် ဤအချက်ကို မအံ့သြဘဲ သူမ၏ ငယ်ရွယ်မှုကြောင့် ကြက်သားတို့ဟူးတုတ်ထိုးများ၏ အရသာကို သံသယဖြစ်မည်မဟုတ်ပေ။

တစ်စုံတစ်ယောက်က စားပွဲမှာထိုင်ပြီး "ရှောင်ဟွား...ဒေါ် လေးဟူ ဘယ်မှာလဲ" ဟု စိုးရိမ်စိတ်ဖြင့် မေးသည်။

သူမလက်ထဲတွင် ပန်းကန်လုံးကြီးတစ်လုံးနှင့် ရှောင်ဟွားက ကြက်စွပ်ပြုတ်နှင့် တိုဟူးတုတ်ထိုးများကို စားပွဲပေါ်တင်ကာ အလုပ်ရှုပ်နေရင်းဖြေသည်။

"ဒီရက်ပိုင်း ရာသီဥတုက အပြောင်းအလဲမြန်နေတော့ အဖွားက အအေးမိသွားတယ်...ညဘက် ဆိုင်ခင်းဖို့ထွက်လာမှာမဟုတ်ဘူး"

ထိုနေရာအရောက်တွင် သူမက အသံကိုမြင့်ကာဆိုသည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့ အကုန်လုံး... အဖွားက ဒီကြက်စွပ်ပြုတ်နဲ့ တို့ဟူးတုတ်ထိုးတွေကို လုပ်ထားတာပါ... အရသာက မဆိုးပါဘူး"

သူမ လှည့်လိုက်ရာ တစ်စုံတစ်ယောက်နှင့် တိုက်မိလုနီးပါးဖြစ်သွားသည်။ သူမ မည်သူဖြစ်သည်ကို မမြင်ဘဲ တောင်းပန်ရန် မသိစိတ်က အောက်ကိုငုံ့ထားမိသည်။

ထိုလူက သူမကို မြှောက်လိုက်ပြီး သူမမော့ကြည့်လိုက်သည်။ သူမရှေ့က လူတစ်ယောက်၏အသွင်အပြင်ကို မြင်လိုက်ရသောအခါ သူမ အနည်းငယ် အံ့သြသွားသည်။

ဤသည်မှာ ကြက်စွပ်ပြုတ်နှင့် တို့ဟူးတုတ်ထိုးစားရန် လွန်ခဲ့သည့် ရက်အနည်းငယ်က ဤနေရာကို ရောက်လာသော မြင့်မြတ်သောအမျိုးသမီး မဟုတ်ပါလော။

သခင်မကြီးက အသက်ကြီးလာသဖြင့် လူစုလူဝေးရှိသည့် နေရာတွေကို မကြိုက်သလို လမ်းလျှောက်ရသည်ကိုလည်း မကြိုက်ပေ။ရှို့နင်ခန်းမဆောင် တွင် နေ့တိုင်း တရားဓမ္မရွတ်ဆိုလေ့ရှိပြီး ခြံဝင်းထဲတွင် လမ်းမလျှောက်ချင်ပေ။

သို့သော် ဆောင်းဦးလယ်ပွဲတော် နီးလာသည်ကိုတွေ့သောအခါတွင် သူမ ရှို့နင်ခန်းမဆောင်တွင် ထိုင်နေရင်း ခန်းမကြီးက အနည်းငယ် ခြောက်သွေ့နေသလို ရုတ်တရက် ခံစားလိုက်ရသည်။

ရှုရှီ၏ဒူးအောက်တွင် သားလေးယောက်ရှိသည်။အကြီးနှစ်ယောက်က အကယ်ဒမီတွင် ကျောင်းတက်နေကြပြီး အငယ် နှစ်ယောက်မှာ တစ်နေ့လုံး ဆရာ့နောက်သို့ လိုက်နေကြပြီး သူမဆီလာရသည်ကို မကြိုက်ကြပေ။ ဒုတိယအိမ်တော်ခွဲတွင် ကလေးများစွာရှိသော်လည်း ရှဲ့ရှန့်ကတိတ်ဆိတ်ပြီး တည်ငြိမ်သည်။ နေ့တိုင်း မနက်တိုင်း ဂါရဝပြုပြီးလျှင် အေးအေးဆေးဆေး စာဖတ်ရန် နေရာရှာ၏။ကိုယ်လုပ်တော်များ၏ သားသမီးတွေအားလုံးက ရှက်ကြောက်တတ်ပြီး စိတ်တိုစရာကောင်းသည်။ ရှဲ့လီ၊ရှဲ့လန် နှင့် ရှဲ့ရွှင်း တို့က အရာရှိများအဖြစ် အလုပ်များနေကြသည်။ မနက်ခင်းဂါရဝပြုခြင်းပင်မရှိကြတော့ပေ။ထို့ကြောင့် သူမသည် ရှို့နင်ခန်းမဆောင်တွင် တစ်ယောက်တည်း နေထိုင်ပြီး ရှုရှီ ကသာ သူမကို နေ့တိုင်း လာရောက် အဖော်ပြုပေးခဲ့သည်။

သူမ ဤအထီးကျန်မှုကို ကျင့်သားရသော်လည်း ယနေ့ ပြတင်းပေါက်အပြင်ဘက်တွင် တောက်ပနေသော လကို မြင်လိုက်ရသောအခါတွင် ထိုနေ့ လမ်းဘေးအစားအစားဈေးတန်း၏ စိတ်လှုပ်ရှားမှုကို ရုတ်တရက် သတိရမိသည်။

ရှည်လျားသောလမ်းသည် မီးထွန်းထားပြီး ဆောင်းဦးညက ပူနွေးကာ မြူမှိုင်းများရှိသည်။တောက်ပသောလကိုကြည့်ရင်း နောက်ဆုံးတွင် သူမနှင့် အိမ်အပြင်သို့လိုက်ရန် သူမ၏အစေခံကို ခေါ်ခဲ့သည်။

ရှောင်ဟွားက အလွန်ငယ်သေးသော်လည်း သူမက ရွယ်တူများထက် များစွာစော၍ရင်ကျက်သည်။ အိမ်တော်ထဲက ကိုယ်လုပ်တော်များ၏သမီးလေးက ပန်းပုတီးကုံးတွေအကြောင်း ငြင်းခုံပြီး ငိုယိုနေချိန်မှာ သူမက အစားအသောက်ဆိုင်ကောင်းတစ်ခု ဘယ်လိုလည်ပတ်ရမလဲဆိုသည်ကို သိနှင့်နေပြီးလေပြီ။

သူမက ပခုံးပေါ်မှ အဝတ်စကို ယူပြီး သန့်ရှင်းပြီးသား စားပွဲကို အမြန်သုတ်ကာဆိုသည်။

"ထိုင်ပါနော်... ဘာလိုချင်လဲရှင့်"

ယနေ့ ညစာစားသူတွေ အများကြီးရှိသဖြင့် သခင်မကြီးက စိတ်မသက်မသာဖြစ်ပြီး သူမနောက်က နို့ထိန်းကို ကြည့်လိုက်၏။

နို့ထိန်းက သူမအစားပြောလိုက်သည်။

"အစပ်မပါ၊ ကြက်သွန်ဖြူဆော့စ်နည်းနည်းနဲ့ ကြက်စွပ်ပြုတ်နဲ့တို့ဟူးတုတ်ထိုးနှစ်ပွဲ"

ထိုအချိန်တွင် စားသုံးသူတစ်ဖွဲ့က သူတို့စားသောက်ပြီး၍ ထွက်သွားကာ သခင်မကြီး ရုတ်တရက် စိတ်အေးလက်အေး ဖြစ်သွားသည်။

ရှောင်ဟွားက ပန်းကန်တွေကို ယူလာပြီး သခင်မကြီးက မေးရန် အခွင့်ရေးယူလိုက်သည်။

"မင်းအဖွားရဲ့ ရောဂါက ပြင်းထန်လား"

ရှောင်ဟွားက ခေါင်းခါလိုက်ပြီး "သမားတော်က မစိုးရိမ်ရဘူးလို့ ပြောတယ်"

သခင်မကြီးက ခေါင်းညိတ်သည်။ သူမမှာ တခြားပြောစရာမရှိပါချေ။

မျိုးရိုးမြင့်အမျိုးသမီးမှာ မေးစရာတွေမရှိတော့သည်ကို မြင်လိုက်ရာတွင် ရှောင်ဟွားက ပန်းကန်တွေကို ရှင်းလင်းရေးလုပ်ရန် တခြားစားပွဲဆီ လှည့်သွားသည်။

သခင်မကြီး ဆက်တိုက် အလုပ်ရှုပ်နေသည့် သူမ၏ ခန္ဓာကိုယ်သေးသေးလေးကို ကြည့်လိုက်သည်။

"ပိုက်ဆံယူလာလား"
သူမဘေးနားက နို့ထိန်းကို မေးလိုက်၏။

နို့ထိန်းက သူမအတွေးကို ချက်ချင်းသဘောပေါက်ပြီး သက်ပြင်းချကာဆိုသည်။

"သခင်မကြီး...သခင်မကြီးက ကြင်နာတတ်တာပေမဲ့..."

လူတွေမှာ လက်ခြေတွေ ရှိသည်။ ငွေအနည်းငယ်ပေးခြင်းသည် မိမိတို့၏မျက်လုံးထဲတွင် ကောင်းချီးတစ်ခုဖြစ်သော်လည်း အခြားသူများက ၎င်းတို့အား မိမိတို့က နှိမ့်ချသည်ဟု ထင်ကြမည်လားမသိ။

သခင်မကြီးက သူမ၏အဓိပ္ပာယ်ကို နားလည်ပြီးကိုးရိုးကားယားနိုင်စွာ ခေါင်းညိတ်ပြသည်။

"ငါက အမြဲတမ်း ရှုပ်ထွေးနေတယ်"

မြို့စားရှဲ့အိမ်တော်က ဆောင်းရာသီတိုင်း ဆင်းရဲသားများအတွက် ယာဂုကျွေးလေ့ရှိသည်။ သူမအတွက် ကုသိုလ်ကောင်းမှုလုပ်သည်က ပိုက်ဆံကုန်သည်ထက် ဘာမှ မပိုပါချေ။သို့ပေမဲ့ နှစ်အတော်ကြာအောင် ထိုသို့လုပ်ပြီးသည့်​နောက်မှာ သူမ တစ်စုံတစ်ယောက်ကို တကယ်ကူညီချင်သည့်အခါ မှန်ကန်သည့်နည်းလမ်းကိုပင် မတွေးနိုင်ခဲ့ပါချေ။

သူမ၏ စိတ်မသက်မသာ အမူအရာတွေကို မြင်လိုက်ရသည့်အခါ နို့ထိန်းက
သူမကိုနှစ်သိမ့်ရန် ပြောလိုက်သည်။

“သခင်မကြီးက ဒီအရာတွေကို ကြုံဖူးနေကျပါ... ခဏလောက် ကျင့်သားမရတာ ပုံမှန်ပါပဲ...ရှောင်ဟွားက သူ့အဖွားဖြစ်သူ အအေးမိနေတာလို့ပြောတယ်လေ... ဆေးဖိုးပိုက်ဆံ ပြတ်နေနိုင်တယ်... ငွေနည်းနည်းလောက်ပေးပြီး သွားရအောင်ပါ "

သခင်မကြီးက ခေါင်းယမ်းကာ အောက်ကိုငုံ့ကြည့်၍ဆိုသည်။

"သူတို့ ငွေလိုရင် ကမ္ဘာပေါ်မှာ လင်းမိသားစုနဲ့ ယှဉ်နိုင်တဲ့မိသားစု ခပ်များများပဲရှိတာလေ"

နို့ထိန်းက စကားဝိုင်းကို ဘယ်လိုဖြေရမှန်း မသိသောကြောင့် ယခုလိုသာ ပြောနိုင်၏။

"သခင်မကြီး...တူတွေကို ရွှေ့လိုက်ပါ...စားစရာတွေ အေးသွားနိုင်တယ်"

သူမ အသံမဆုံးခင်မှာ လမ်းပေါ်ကနေ ရုတ်တရက် အသံထွက်လာသည်။

"ဖွီ..."

ကောင်လေး၏အသံက ရေရွတ်သည်။ "မင်းမှာ ဒီလိုအရည်အချင်းရှိလား ငါကြည့်ချင်တယ်"

"လူကြီးလူကောင်းတွေက ရှုံးနိမ့်တာကို လက်ခံလိမ့်မယ်...ချန်ရှုကျူး မင်း လှည့်စားချင်တာလား"

ဒီအသံက ဘာကြောင့် ဒီလောက်ရင်းနှီးရတာလဲ...

သူမနှင့်နို့ထိန်းက လမ်းကို အတူတူပြန်ကြည့်သည်။

ဘရိုကိတ်အ၀တ်အစားဝတ်ထားသည့် လူငယ်တော်တော်များများကို အဖွဲ့နှစ်ဖွဲ့ခွဲထားပြီး သူတို့တင်ပါးမှာ ခါးထောက်ပြီး ကျိန်ဆဲနေကြသည်။ဒါက ပေကျင်းမှာအဖြစ်အများဆုံး လူရှုပ်ကလေးတွေရဲ့ ပုံစံ မဟုတ်ဘူးလား...

ဒါပေမဲ့ သူမမြေးအလိမ္မာ ရှဲ့ရယ် နဲ့ ရှဲ့ဟောင်က ဘယ်လိုရောက်လာတာလဲ...

ရှဲ့ဟောင် ၏ညာဘက်မျက်လုံးသည် ညိုမဲနေပြီး ရှဲ့ရယ်၏ပါးစပ်ထောင့်တွင် ဒဏ်ရာရထားသည်။ နှစ်ယောက်သား စကားပြောကြသည့်အခါ ဒဏ်ရာတွေကိုဆွဲဆန့်မိပြီး နာကျင်မှုကြောင့် သွားဖြီးထားကြသည်။

"ဒီအကြောင်းကို ပြောလည်းအလကားပဲ..မင်းက ဒီလောင်းကြေးကို ရှုံးရင် ပိုက်ဆံပေးပြီး ငါတို့ ညီအစ်ကိုတွေကို တစ်လမ်းလုံး ဒကာခံရမယ်... အဲဒါ ငါတို့ စားနိုင်သည်ဖြစ်စေ မစားသည်ဖြစ်စေ ငါတို့ရဲ့ကိစ္စပဲ...မင်းက ပေးရုံပေးချေရမှာ"

သူနှင့် မျက်နှာချင်းဆိုင်မှာရပ်နေသည့် ဆယ်ကျော်သက်က သူ့ကို စိုက်ကြည့်ရင်းဆို၏။

"ဟမ့်...ကောင်းပြီ...ငါ ပေးမယ်...ငါ ပေးမယ်"

ရှဲ့ရယ်က သူ့မျက်နှာပေါ်ရှိ အနက်ရောင်ဖုန်မှုန့်တွေကို ဝတ်ရုံလက်နှင့်သုတ်လိုက်ပြီးပြောသည်။

"ကောင်းပြီ မင်းမှတ်မိတယ်...ငါတို့စားတဲ့အခါ မင်းကြည့်လို့ရတယ်"

တစ်ဖက်ခြမ်းရှိ ဆယ်ကျော်သက်က ထူးဆန်းသော အရှက်တရားများကို ခံစားခဲ့ရပုံရသည်။ သူက ဒေါသတကြီးဆို၏။

"ငါချန်ရှုကျူး ဒီနေ့ ဒီခေါင်မိုးပေါ်ကနေ ခုန်ချပြီး ရထားလုံးတိုက်ခံရရင်တောင်... ငါ ဒီလမ်းပေါ်က စားစရာတွေကို ဘယ်တော့မှ ကိုက်မှာ မဟုတ်ဘူး"

ရှဲ့ဟောင်ဘက်ရှိ ဆယ်ကျော်သက်များက အောင်ပွဲရသွားသောကြက်ဖအုပ်စုကဲ့သို့ လမ်းဆီသို့ တရွေ့ရွေ့ ရယ်မောရင်း သွားနေကြသည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင် အကြောက်ဆုံးအရာကို သင်မေးပါက၊ ဤအချိန်တွင် ၎င်းတို့၏မိဘများနှင့် တွေ့ဆုံရမည်ကိုဖြစ်သော်လည်း ယင်းက လုံးဝမဖြစ်နိုင်ပါချေ။ သခင်မကြီးနဲ့တွေ့ဖို့လား...မနောက်ပါနဲ့... အိပ်မက်ဆိုးတွေတောင် ဒီလောက်ကြောက်စရာကောင်းမှာမဟုတ်ဘူး...

လက်ရှိအချိန်မှာ သခင်မကြီး အကြောက်ဆုံးအရာက ဘာလဲဟုမေးလျှင် ရှဲ့ရယ်နှင့် ရှဲ့ဟောင်တို့ သူမကို တွေ့သွားမည်ကိုဖြစ်၏။သူမရဲ့ မြေးဖြစ်သူက သူမ ညဘက် အဆာပြေစားဖို့ လမ်းပေါ်ပြေးလာတာတွေ့ရင် မျက်နှာအိုကြီးကို ဘယ်မှာသွားထားမရလဲ...နောက်ပြီး မြို့တော်က အဲဒီအရိုးအိုတွေက သူမကို ရယ်ကြမှာမဟုတ်ဘူးလား...

သူမ အမြန်ထကာ နို့ထိန်းနောက် လိုက်ပြီး အစားအသောက်ဆိုင်နောက်တွင် ပုန်းနေလိုက်သည်။

ဤတွင် ရှဲ့ဟောင် နှင့် ရှဲ့ရယ်တို့သည် ညီအစ်ကိုများကို အစားအသောက်ဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားပြီးပျော်ရွှင်စွာပြောလိုက်သည်။

"ဒါ ဆယ်ပွဲလောက်ပေးပါဗျ"

ချန်ရှုကျူးက သူ့နောက်မှာ ညည်းနေသည်။

"ကျူးမင်ရဲ့ ဝိုင်နဲ့ အသားတွေက နံစော်နေပြီး လမ်းပေါ်မှာ အေးခဲနေတဲ့ အရိုးတွေရှိတယ်... သန့်ရှင်းသပ်ရပ်စွာ မစားဘဲနေရင် လူကြီးလူကောင်းဖြစ်ဖို့ မထိုက်တန်ဘူး"

[ET/N- ဤသည်မှာ ထန်မင်းဆက်ရှိ တုဖူမှ ကဗျာတစ်ပုဒ်ဖြစ်ပြီး သာမန်လူများ လမ်းပေါ်၌ ဒုက္ခရောက်နေချိန်တွင် ချမ်းသာသောသူများက ဖောဖောသီသီ စားသောက်ခြင်းအလေ့အထကို သရော်သော ကဗျာတစ်ပုဒ်ဖြစ်သည်။]

"ကောင်းပြီ...မင်းဆက်နေပြီး သရော်နေလိုက်... ငါတို့မနေတော့ဘူး"

အစားအသောက်ဆိုင်ပိုင်ရှင်က ငွေလက်ခံရရှိပြီး ဖက်ထုပ်အိုးကပ်များကို ချောချောမွေ့မွေ့ ကော်လိုက်သည်။

ဖက်ထုပ်အိုးကပ်များသည် သေးသွယ်ပြီး ဖက်ထုပ်များနှင့်တူသော်လည်း အောက်ခြေတွင် ကြော်ထားပြီး အရောင်က အညိုရောင်ရှိပြီး တောက်ပသည်။

သူတို့လည်း ထွက်မသွားပါချေ။ဆိုင်ရှေ့တွင် ထိုင်ကာ အတူတူစားရန် ပြင်ဆင်ကြသည်။

အဝါရောင်နှင့် အဖြူရောင် ဖက်ထုပ်အိုးကပ်ကပ်များသည် အောက်ခြေတွင်ကြွပ်ရွပြီး ဆွဲဆောင်မှုရှိသော်လည်း မကြော်ရသေးသော အဖြူရောင် မုန့်စိမ်းသည် အလွန်နူးညံ့ပြီး နုသည်။ ကြမ်းတမ်းပြီး ကြွပ်ဆတ်သော အရေပြားကို ကိုက်ပြီးနောက် အတွင်းမှ ဟင်းရည်များ ချက်ချင်း ထွက်လာသည်။

အိုးထဲက ထွက်လာခါစ ဖက်ထုပ်အိုးကပ်တွေက ပူနေပြီး အရသာရှိသည့်က ဟင်းရည်က မထင်မှတ်ပဲ ထွက်လာ၏။ ဆယ်ကျော်သက်များ လည်ပင်းကျုံ့ အသက်မြန်မြန်ရှူ ကြသည်။

ဖက်ထုပ်အိုးကပ်များတွင် အသားအနည်းငယ်သာပါသော်လည်း ဟင်းရည်၏ ချိုမြိန်ပြီး ထူးကဲသော အရသာကို စုပ်ယူနိုင်သေးသည်။ သက်သတ်လွတ်အကြော်က နူးညံ့ပြီး မွှေး၏။ အဆီပြန်သောရနံ့၊ ကြွပ်ဆတ်သောအရေဖြင့် ဝါးရသည်။စူးရှသောရနံ့က ဟင်းရည်ကို ချေဖျက်ပေးပြီး အဆုံးမရှိသောအရသာကို ရရှိစေသည်။

သူတို့သည် ဖက်ထုပ်အိုးကပ်များကို အလောတကြီးစားပြီး နောက်တစ်ဆိုင်သို့ ထွက်ခဲ့ကြသည်။

"ဟေး...ကျွန်တော်တို့ကို ဆယ်ခုပေး...
ချန်ရှုကျူး ငွေပေးလိုက်"

သူတို့၏ကြွစောင်းစောင်းအမူအရာသည် အလွန်စိတ်တိုစရာကောင်းပုံရပြီး အထူးသဖြင့် ၎င်းတို့နောက်မှ ငွေရှင်းသည့် ဆယ်ကျော်သက်များကလည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။သူ့အဝတ်အစားတချို့လည်း စုတ်ပြဲနေပြီး သူတို့ သူ့ရှေ့မှာ စားနေသည်ကိုပဲ ကြည့်နေရသည်။

"ဒါ ဘယ်ကလေကချေတွေရဲ့သားတွေ လည်းမသိဘူး"

ဆိုင်နားက ဖြတ်သွားသောစားသုံးသူတစ်ယောက်က ရေရွတ်သည်။

ရှဲ့ဟောင် နှင့် သူ့အဖွဲ့သည် တစ်လမ်းဝင်တစ်လမ်းထွက် စားသောက်ကြသည်။ နောက်ဆုံးမှာ သူတို့ ဗိုက်ကို ကိုင်ထားရင်း ပျင်းရိစွာဆိုကြသည်။

"ငါဗိုက်ပြည့်ပြီ...ငါတို့ ဆက်မသွားခင် အနားယူကြရအောင်"

တစ်ဖက်ခြမ်းမှ ဆယ်ကျော်သက် လူငယ်သည် ပထမစကားနှစ်ခွန်းကို ကြားလိုက်ရသောအခါ အနည်းငယ် ဝမ်းသာသွားသည်။ ​နောက်​ဆုံးစကား​တွေကြား​သောအခါ သူချက်​ချင်းခုန်ထပြီးဆို၏။

"​မေ့ထားလိုက်​"

"ငါအရမ်းဗိုက်​ပြည့်နေတယ်...ဘာဖြစ်လို့ လူတွေကို ကျိန်ဆဲနိုင်ရတာလဲ...ကြီးမြတ်လှစွာသောပါရမီရှင်ကြီးရဲ့အမူအကျင့်တွေရော"

"ကြီးမြတ်လှစွာသောပါရမီရှင်ကြီး" ဟူသော စကားလုံးက တစ်ဖက်လူကို နာကျင်စေကာ သူက စားပွဲကို ရိုက်ပြီးအော်သည်။

"မင်းများနေပြီနော်"

သူမတ်တပ်ထရပ်ပြီးသည်နှင့် သူ့နောက်က ဆယ်ကျော်သက်တွေကလည်း မတ်တပ်ထရပ်ပြီး ပြန်လုပ်တော့မည်ပုံပေါက်နေသည်။ အနီးနားရှိ အစားအသောက်ဆိုင်ပိုင်ရှင်က ဘဏ္ဍာထိန်းထံ အမြန်အကြောင်းကြားပြီး ဘဏ္ဍာထိန်းက ကျိုးရှီကို သတင်းပို့ခဲ့သည်။ကျိုးရှီ ပြဿနာကောင်များရှိနေကြောင်းကြားသောအခါ သူမ ပြေးသွားခဲ့သည်။

သူမ ထိုကိုရောက်သည့်အခါမှာ ပွဲ​ကြည့်ရန်ရောက်လာသော တက်ကြွသည့်လူအုပ်ဆီကနေ တွန်းဖယ်ခံလိုက်ရသည်။သူမရောက်မသွားခင်မှာ လူတွေ ငိုနေသံကို ကြားလိုက်ရ၏။

ကျိုးရှီ၏ နှလုံးသား တုန်လှုပ်သွားသည်။ပြဿနာကောင်များ အပြင်းအထန် ထိခိုက်သွားပုံရ၏။

အရှိန်တင်ပြီး သွက်သွက်လက်လက်တိုးဝင်သွားချိန်မှာ အလယ်ကိုရောက်သည်နှင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၏ ငိုသံကြားလိုက်ရသည်။



Xxxxxx