အပိုင်း ၁၃၀
Viewers 18k

Chapter 130
လမုန့်


ကျိုးရှီသူမလက်ဆေးပြီးနောက် ပြန်လာသောအခါ ကျန်းရှုယောင်က ရှဲ့ရွှင်းကို သကြားလုံးခွံ့ကျွေးသည်ကို သူမတွေ့လိုက်ရသည်။ ရှဲ့ရွှင်း၏ အစားမင်နေသောအမူအရာကို ကြည့်ပြီး ဤသူက သူမ၏အေးစက်စက်မျက်နှာနှင့် မတ်တော်မောင်ဖြစ်သည်ကို သူမ မယုံနိုင်ပေ။

သူမထောင့်မှာရပ်ပြီး ရယ်လိုက်သည်။ သူမ ပါးစပ်ကို အုပ်ထားပြီး ဤနေရာမှာ ခဏရပ်ကာ လူငယ်ဇနီးမောင်နှံနှစ်ယောက်ကို ပိုမိုချိုမြိန်သည့် အချိန်တွေ ပိုင်ဆိုင်ခွင့်ပေးလိုက်ရန်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျိူးရှီ၏အဒေါ်ကြီးအပြုံးက သူမနောက်မှ အသံကြောင့် နှောင့်ယှက်ခံလိုက်ရသည်မှာ စိတ်မကောင်းစရာပင်။

"ဒုတိယယောက်မ နောက်ဆုံးတော့ မင်းကိုတွေ့ပြီ"

ရှုရှီက အပြင်မှာ စုန်ချည်ဆန်ချည် လျှောက်သွားနေသည်မှာ သူမအတွက် အထူးအဆန်းပင်။

သူမနောက်တွင် မီးခိုးရောင်ဦးခေါင်း ရှဲ့ရယ် နှင့် ရှဲ့ဟောင် ၊ ရှဲ့လီတို့က သူမအား သတိကြီးစွာထားပြီး ဖြောင့်ဖြနေကြပြီး ခြေတံတိုတိုလေးများဖြင့် အမြွှာများက သူမ၏အမြီးကို တန်ဆာဆင်ထားသည်။

"ယောက်မ"

ကျိုးရှီ အနည်းငယ်အံ့သြသွားပြီး
"နင်ဘာဖြစ်နေတာလဲ"

ရှုရှီ ယနေ့ တကယ်ကို ဒေါသထွက်နေခဲ့သည်။ယခုပင် ရှဲ့ရယ်နှင့် ရှဲ့ဟောင်တို့က ပွန်းပဲ့နေသော မျက်နှာများဖြင့် ပြန်ရောက်လာသည်။ သူမ စိုးရိမ်လွန်း၍ ကြွေခွက်ကို ခွဲမိလုမတတ် ဖြစ်သွား၏။ နောက်ထပ်မေးခွန်းတွေမမေးခင်မှာ သခင်မကြီးဘေးနားက နို့ထိန်းဆီကနေ သူတို့ဒဏ်ရာရသည့်အကြောင်းရင်းကို နားလည်သွားခဲ့၏။ နို့ထိန်းက ရယ်မောဖွယ်ကောင်းလောက်အောင် ပြောခဲ့သော်လည်း ရှုရှီ စကားလုံးအနည်းငယ်ဖြင့် သူမ၏အဓိပ္ပါယ်ကို နားလည်ခဲ့သည်။

သူမသားနှစ်ယောက်က မြစ်ထဲသွားကာရန်ဖြစ်ခဲ့ကြသည်။ရန်ပွဲအပြီးတွင် ချန်မိသားစု၏သားကို ကောလိပ်ကျောင်းဖော်များနှင့်အတူ အနိုင်ကျင့်ပြီး လမ်းဘေးအစားအစာဈေးသို့ သွားကာ ၎င်းတို့အတွက် အစားအစာဝယ်ကျွေးခိုင်းခဲ့သည်။

ရှုရှီက အလွန်အရည်အချင်းရှိသော မိခင်တစ်ဦးဖြစ်ပြီး အကယ်ဒမီတွင် အငြင်းပွားမှုများအကြောင်း တစ်စုံတစ်ခုကို သိရှိခဲ့သည်။ချန်မိသားစု၏သားသည် အကယ်ဒမီတွင် ထိပ်ဆုံးအဆင့်ဖြစ်သည်ကို သူမသိသည်၊ ထို့ကြောင့် သူက မိမိကိုယ်ကို လေးစားမှုမြင့်မားပြီး ရှဲ့ရယ်နှင့် အခြားသူများကို အဆင်ပြေအောင် မဆက်ဆံနိုင်ပေ။သို့ပေမဲ့ ရှုရှီ သူတို့ကို ငယ်ငယ်လေးကတည်းက လူကြီးလူကောင်းတွေက ဘယ်လိုပြုမူရမည်ဆိုသည်ကို သင်ပေးပြီး စာသင်ရန် အကောင်းဆုံးကောလိပ်ကို ပို့လိုက်သည်။ တစ်ခုခု မှားသွားသောအခါတွင် ၎င်းတို့သည် အမှန်ပင် ရန်ဖြစ်ပြီးဖြေရှင်းရန် ရွေးချယ်ခဲ့ပြီး သူမကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်။

သို့သော်လည်း ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့က သူတို့မတရားခံရသည်ဟု ခံစားကြရသည်။

"အမေ ကျွန်တော်တို့ကို အမှားလုပ်မိသွားပြီ... အလောင်းအစားက ချန်ရှုကျူးကြောင့်...ချန်ရှုကျူးက အဆိုပြုခဲ့တာပဲ...အရှုံးသမားက အောင်နိုင်သူရဲ့ တောင်းဆိုချက်ကို သဘောတူရမယ်လို့ပြောတဲ့သူကလည်း သူပဲ... သူ လောင်းချင်လို့ သူ့ရှုံးတယ်...ကျွန်တော်တို့က သူ့ကို ဒကာခံခိုင်းတဲ့အခါကျမှ ကျွန်တော်တို့က သူ့ကို အနိုင်ကျင့်တယ်လို့ အမေ ဘာလို့ ပြောတာလဲ"

ရှုရှီ သူမသားတွေ အမှားလုပ်ခဲ့သည်ကို လက်ခံနိုင်ပေမဲ့ သူမသားတွေက အမှားကို ဝန်မခံဘဲ သူတို့ကိုယ်သူတို့ ခုခံကာကွယ်သည်ကို သူမလက်မခံနိုင်ပေ။

သူမက အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာရှိသော်လည်း ယခုတစ်ကြိမ်တွင် သူမ ဒေါသအလွန်ထွက်ကာ အရေးယူခဲ့သည်။ ရှဲ့လီက အဖြစ်အပျက်ကို ကြားသောအခါ အမြန်ပြေးသွားပြီး များစွာသော ဖျောင်းဖျမှု များလုပ်ကာ သူမအား တားခဲ့သည်။

ရှုရှီ ဒေါသအပြင်းအထန်ထွက်နေသည်ကိုမြင်သောအခါ ရှဲ့ရယ်နှင့်ရှဲ့ဟောင် သူတို့ကိုယ်သူတို့ မတရားခံရသလို ခံစားလိုက်ရ၏။

"အမေ...အမေက အမှားအမှန်ကိုမသိဘူး...ကျွန်တော်တို့မလိမ်ဘူး...မယုံရင် ဒုတိယအဒေါ်ကိုမေးကြည့်

ရှုရှီ"ဒုတိယအဒေါ်" ဟူသော စကားကိုကြားပြီး မျက်စိတစ်မှိတ်အတွင်း သဘောပေါက်သွားသည်။ကျိုးရှီက လမ်းဘေးအစားအစာဈေးတွင် အလုပ်များနေခဲ့သည်။ သူမ၏ သွန်သင်မှုညံ့ဖျင်းသော သားတွေက ရန်ဖြစ်တတ်၊သူများကိုအနိုင်ကျင့်တတ်နေသည့်အပြင် ကျိုးရှီရှေ့မှာပါ သူမကို အရှက်ခွဲနေကြသည်လော။

သူမ ဒေါသမထွက်တော့ဘဲ
"ဟုတ်ပြီ အခုမေးလိုက်မယ်...ဟမ့် မင်းအဖေလို မင်းတို့ကို ကာကွယ်ပေးမယ်လို့ ထင်နေလား...မင်းတို့ဒုတိယအဒေါ်က မင်းတို့လိမ်နေတယ်လို့ ပြောရင် မင်းတို့ ငါ့အတွက် ဒီလ ဘိုးဘွားခန်းမမှာ ဒူးထောက်ပေးရမယ်

ထို့ကြောင့် ရှုရှီ သူမ၏ မိသားစုဝင်အားလုံးကို တတိယအိမ်တော်ခွဲသို့ ဆွဲထုတ်လာပြီး ခုနက မြင်ကွင်းကို ဖန်တီးခဲ့သည်။

ရှုရှီ၏ ဒေါသမျက်နှာက ဒေါသထွက်နေသောမျက်နှာနှင့်တူသည်ကို မြင်သောအခါ ကျိုးရှီအံ့အားသင့်စွာဖြင့်မေးလိုက်သည်။

"နင်ဘာဖြစ်နေတာလဲ...ဒေါသအရမ်းထွက်နေတာ ထူးဆန်းလိုက်တာ...ငါလက်ထပ်ပြီးကတည်းက နင်မျက်နှာနီတာကို မမြင်ဖူးဘူး"

နှစ်ယောက်သား အချင်းချင်း တိုက်ခိုက်နေကြသည်မှာ နှစ်အတော်ကြာလေပြီ။ သူမ ရှုရှီကို လှောင်ပြောင်ရန် မရည်ရွယ်ခဲ့သော်လည်း ရွဲ့စောင်းတတ်သော အလေ့အထကို မပြောင်းလဲနိုင်ခဲ့ပေ။

ရှဲ့ရယ် နှင့် ရှဲ့ဟောင် ငြင်းခုံချိန်က ရှုရှီ သူမ၏ဒေါသမီးကိုမငြိမ်းနိုင်ပေ။ရှဲ့လီ သူမကို ဖြောင့်ဖြသည့်အခါတွင်လည်း သူမ၏ဒေါသမီးကို မငြိမ်းနိုင်ခဲ့ပေ။ဤမျှကြာကြာ လမ်းလျှောက်ပြီးသည့်တိုင် ရှုရှီ ဒေါသဖြစ်ဆဲပင်။သို့ပေမဲ့ ရှုရှီက ယခုလိုပြောသည့်အခါ သူမ၏ဒေါသတွေ ရပ်တန့်သွားသည်။

"ငါ မင်းကို တစ်ခုလောက်မေးချင်တယ်" ဟု သူမချောမောစွာ ပြောလိုက်သည်။

အဆိုပါလှုပ်ရှားမှု ကျန်းရှုယောင် နှင့် ရှဲ့ရွှင်းတို့၏အာရုံကိုဆွဲဆောင်ခဲ့သည်။ ကျန်းရှုယောင် ပထမအိမ်တော်ခွဲကမိသားစုကိုတွေ့သောအခါ အလွန်အံ့အားသင့်သွား၏။

"အကြီးဆုံးယောက်မ ဘာလို့ ဒီကိုရောက်နေတာလဲ... မြန်မြန်လာ...အပြင်မှာဘာတွေ ပြောနေတာလဲ"

တက်ကြွနေရန် အချိန်ကောင်းနှင့် ကြုံကြိုက်နေပေသည်။

ကျိုးရှီက ကျန်းရှုယောင် ပြောသည်ကိုကြားရာတွင် နောက်ကလိုက်ပြော၏။

"နင့်မှာ မေးစရာရှိရင် ဝင်လာပြီး ပြောလှဲ့"

ရှုရှီ တတိယအိမ်တော်ခွဲ၏ အတွင်းခြံဝင်းထဲသို့ တုံ့ဆိုင်းစွာ ဝင်ရောက်လာခဲ့သည်။

ခြံထဲသို့ ဝင်လိုက်သည်နှင့် သူမ စိတ်ရှုပ်ထွေးသွားသည်။ ခြံဝင်းတစ်ဝိုက်မှာ စားပွဲတွေ၊ ပန်းကန်တွေနဲ့ ဘာတွေလဲ...

"ယောက်မရောက်လာတာနဲ့အတော်ပဲ... ဒုတိယယောက်မနဲ့ လမုန့်လုပ်တော့မလို့"

သူမက အမြွှာများကို ကြည့်ပြီး လက်ပြလိုက်သည်။

"မင်းတို့လည်း ပါလာတာပဲ... ပြီးရင် မင်းတို့ဆီ ပို့ပေးမယ်လို့ ငါတွေးခဲ့တာ... ကိုယ်တိုင်လုပ်ရင် ပိုအရသာရှိတာပေါ့"

ရှုရှီ ဒေါသထွက်နေမှန်း အမြွှာနှစ်ယောက်က သိထားသောကြောင့် ကျန်းရှုယောင် သူတို့ကို လှမ်းခေါ်သော်လည်း သိပ်မခုန်ပေါက် ဝံ့ကြပေ။ သူတို့က ရှုရှီ ၏မျက်နှာကို ကြည့်ကာ သွားရန် တုံ့ဆိုင်းနေကြသည်။

ရှုရှီ ဒေါသတွေ ပြေပျောက်ပြီး သူမ ငြိမ်သက်သွားသည်။ အမြွှာလေးတွေ၏ ယခုလိုပုံစံကိုမြင်ရသောအခါ ရယ်စရာကောင်းသလိုခံစားပြီးပြောလိုက်သည်။

"တတိယအဒေါ်က ခေါ်နေတယ်မလား... သွားလိုက်လေ"

အမြွှာနှစ်ယောက်သည် ကျန်းရှုယောင် ဆီသို့ လျင်မြန်စွာ ခုန်စွစွ ပြေးလွှားသွားကြသည်။

ရှုရှီက ခေါင်းလှည့်ပြီး ကျိုးရှီကိုမေးသည်။

"ဒုတိယယောက်မ.. ငါ့သားတွေက လမ်းဘေးအစားအစာဈေးမှာ သူ့အတန်းဖော်တွေကို အနိုင်ကျင့်နေတာ မင်းသိလား"

ကျိုးရှီသည် ရှုရှီက သူတို့နှစ်ယောက်ကို လွှတ်မပေးဘူးဆိုသည်ကို သိသည်။ မူလက သူမ ရှုရှီကိုတွေ့ရန် စီစဉ်ခဲ့သော်လည်း သူ သခင်မကြီးနှင့်တိုးသွားပြီးနောက် အိမ်တော်သို့ ပြန်သွားသောအခါတွင် သူမစိတ်လွတ်သွားခဲ့သည်။

"အင်းပေါ့... ငါသူတို့ နှစ်ယောက်လုံးကို စျေးထဲကခေါ်လာခဲ့တာ"

ရှုရှီ အနည်းငယ်ရှက်သွားသည်။ငတုံးသားနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးသူမ မေးလိုက်သည်။

"ဒါဆို ကိစ္စကိုခရေစေ့တွင်းကျ သိလား "

ကျိုးရှီ ပြန်ဖြေခါနီးတွင် ကျန်းရှုယောင်က ဝင်ဖြတ်ပြောပြန်၏။

"ဒုတိယယောက်မ အဲမှာ ဘာတွေ ပြောနေတာလဲ...မုန့်စိမ်းအဆင်သင့်ဖြစ်ပြီ... လမုန့်လာလုပ်...အကြီးဆုံးယောက်မ ရောပဲ

ကျိုးရှီ ခေါင်းလှည့်ပြီး "အေးအေး" ဟု အော်သည်။သူမ ရှေ့ကိုလျှောက်ရင်း ရှုရှီကိုပြောလိုက်သည်။

"အသေးစိတ်မသိခဲ့ပါဘူး...ဒါပေမဲ့ လူတွေကိုမေးပြီးတဲ့နောက် ဖြစ်ကြောင်းကုန်စင် သိခဲ့တယ်"

သူမက ကျန်းရှုယောင်ဆီသို့ လျှောက်သွားပြီး ရှုရှီက သူမနောက်ကို လိုက်သွားခဲ့သည်။

"စာမေးပွဲဖြေတုန်းက သူတို့ယူလာတဲ့ အစားအစာတွေက အရမ်းမွှေးတယ်လို့ ငါကြားတယ်...ချန်မိသားစုရဲ့ ကောင်လေးက ကောင်းကောင်းမဖြေနိုင်ခဲ့တဲ့အတွက် သူ့အခွင့်အရေးကို ဆုံးရှုံးသွားနိုင်တယ်...ချန်ကောင်လေးက အဆင်မပြေတဲ့အချိန်တွေရှိခဲ့ပြီး လောင်းကြေးရှုံးသွားတယ်...လမ်းဘေးအစားအစာဈေးကို သွားပြီးတော့ သူတို့ကို လမ်းတစ်လမ်းလုံးက အစားအသောက်တွေဝယ်ကျွေးတယ်"

ရှဲ့ဟောင်က သူမကို အမှန်ပြင်ပေးသည်။
"လမ်းတစ်ဝက်...ကျွန်တော် မစားရသေး....."

ရှုရှီက သူ့ကို ဓားကဲ့သို့သော အကြည့်တစ်ချက်ပေးလိုက်ပြီး သူ ပါးစပ်ပိတ်သွားသည်။

ရှဲ့ရယ်ကဆို၏။
"အမေ အခုသိပြီလား...ဒုတိယညီနဲ့ကျွန်တော် မလိမ်ဘူး"

ရှုရှီက နှာမှုတ်ပြီး
"အဲတော့?... ဒီကိစ္စကို အေးအေးဆေးဆေး ဖြေရှင်းနိုင်ပေမဲ့ မင်း သူ့တောင်းဆိုချက်ကို သဘောတူရမယ်....လူရှုပ်လူပေ ပုံစံကနေ သင်ယူရတာ ကျိုးကြောင်းဆီလျော်သလား"

သူတို့ နှစ်ယောက် တစ်ခုခု မှားခဲ့သည်က အမှန်ပါပင်။သူတို့ စကားအနည်းငယ်ရေရွတ်ပြီး ခေါင်းငုံ့ထားကြသည်။

ကျိုးရှီ စကားပြောပြီးသောအခါ သူမ လမုန့်ပြင်ဆင်ရန် ကျန်းရှုယောင်ဆီသို့သွားခဲ့သည်။

ကျန်းရှုယောင် ဓားကိုယူကာ အခွံမာသီးငါးမျိုးကို ခုတ်ထစ်ရန် ပြင်ဆင်သည်။ သူတို့ စကားတွေ ပြီးသွားသည်ကို မြင်ရာတွင် လမုန့် ဌာပနာထည့်ရန် အတူတူ လာစေချင်ခဲ့၏။ ထိုမှပင် တူလေးနှစ်ယောက်၏ ဒဏ်ရာများနှင့် ဖုန်မှုန့်များလူးနေသော အ၀တ်အစားများကို သူမမြင်လိုက်ရသည်။

ကျိုးရှီကို သူမ အသံနှိမ့်မေးလိုက်၏။ "သူတို့ ဘာဖြစ်ထားတာလဲ"

ကျိုးရှီကဆိုသည်။

"ရန်ပွဲ"

ကျန်းရှုယောင် ဤကိစ္စက အလွန်ကြီးလေးနက်သည်ဟု မထင်ခဲ့ပါချေ။ သူတို့နှစ်ဦးသည် တော်ဝင်စာမေးပွဲဖြေဆိုသည့် အရွယ်သို့ ရောက်ရှိခဲ့သော်လည်း အခြေခံအားဖြင့် အရွယ်မရောက်သေးသော ဆယ်ကျော်သက်များဖြစ်သည်။ သူမအတွက်က ယောက်ျားလေးတွေ ရန်ဖြစ်ပြီး ပြဿနာရှာသည်က ပုံမှန်ပါပင်။

သို့ပေမဲ့ ရှုရှီကမူ သိသိသာသာကို ထိုသို့မထင်ပါချေ။ သူမက တစ်ခုခုကို ပြင်းပြင်းထန်ထန် ပြောလိုက်ပြီး ရှဲ့ရယ်နှင့် ရှဲ့ဟောင်တို့က အံ့အားသင့်စွာဖြင့် ခေါင်းကိုမော့လိုက်ပြီး မကျေမနပ်ဖြင့် ခေါင်းငုံ့လိုက်ကြသည်။

"လူတိုင်း အဆင်ပြေတယ်" "မလွယ်ဘူး" "အားလပ်ရက်ပါ" "သူတို့က ငယ်သေးတယ်" ဟူသော တရုတ်ပုံစံ သည်းခံခြင်း စကားလုံးလေးမျိုးရှိသည်။

ထို့ကြောင့် ကျန်းရှုယောင် သဘာဝအတိုင်း သူမကို နားချချင်သည်။ သူမလက်ထဲက ပစ္စည်းတွေကို ဖယ်လိုက်ပြီးပြောလိုက်သည်။

"ယောင်းမ ဘာလို့ဒေါသ အဖြစ်ခံနေရတာလဲ"

မနက်ဖြန်သည် ဆောင်းဦးလယ်ပွဲတော်ဖြစ်သော်လည်း ယနေ့သည် အားလပ်ရက်မျှသာဖြစ်သည်။

ရှုရှီ၏ နှလုံးသားကလည်း စိတ်ဓာတ်ကျနေ၏။
"ဘယ်သူက သူတို့ကို ဒေါသထွက်ချင်မှာလဲ...ဒါပေမဲ့ သူတို့က..."

ကျန်းရှုယောင် ရှဲ့ရယ် နှင့် ရှဲ့ဟောင် ကို ကြည့်လိုက်သည်။ နီးကပ်လာသည်နှင့်အမျှ သူတို့၏ ဒဏ်ရာများကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူမ အံ့သြတကြီးပြောလိုက်၏။

"သူတို့ ဒီလို ဒဏ်ရာတွေ ဘယ်လိုရလာတာလဲ"

တစ်ယောက်၏ မျက်လုံးတစ်ဖက်က ညိုမည်းနေပြီး ကျန်တစ်ယောက်က ပါးစပ်ထောင့်မှာ စုတ်ပြဲနေသည်။သူတို့မျက်နှာက ညစ်ပတ်နေပြီး ဆေးတို့ထားခြင်းလည်းမရှိပေ။

သူမ အကြောင်းအရင်း မေးရန်မေ့သွားပြီး ရှဲ့ရွှင်းကိုပြောလိုက်သည်။

"ပေါယွမ်... အခန်းထဲက ဆေးသေတ္တာကို သွားယူလိုက်ပါ...ကုတင်စွန်းက ဗီရိုပေါ်မှာ ရှိတယ်"

ထို့နောက် သူမက ခေါင်းကို လှည့်ပြီးဆိုလိုက်သည်။
"ယောက်မ ...နှစ်ယောက်လုံး ဒီလို ဒဏ်ရာတွေ ရနေတော့ ဆေးအရင်ထည့်ရအောင်...အဝတ်တွေလည်း ညစ်ပတ်စုတ်ပြတ်နေတယ်...အရင်လဲသင့်တယ်"

ရှုရှီက ယခုလိုသာဆိုသည်။
"ကောင်းတယ်...ဒါမှ ဒဏ်ရာ ရရင် နာကျင်မှာကို မှတ်မိကြလိမ့်မယ်"

ကျန်းရှုယောင် ရှုရှီ၏ပုံစံက နူးညံ့သိမ်မွေ့သော်လည်း သူမသည် အတွင်းပိုင်းတွင် မာကျောသောလူတစ်ယောက်ဖြစ်သည်ကိုသိသောကြောင့် သူမအား နားမချတော့ဘဲ ရှဲ့ရယ် နှင့် ရှဲ့ဟောင် တို့ကို အရှေ့တောင်ပံအခန်းသို့ ခေါ်သွားလိုက်သည်။

"သွားစို့...မျက်နှာပေါ်က ဒဏ်ရာတွေကို အရင်ဂရုစိုက်ကြရအောင်...နာနေသလား"

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့က ကြွက်သားများကို ညှစ်နေကြဆဲဖြစ်သည်။ ဒဏ်ရာတွေက နာကျင်ပေမဲ့ ငြိမ်နေခဲ့ကြသည်။ ကျန်းရှုယောင်က မေးလိုက်သည့်အခါ သူတို့၏ နှာခေါင်းတွေ ရုတ်တရက် စူးလာသည်။

"မနာပါဘူး...အများဆုံး ပွန်းပဲ့နေရုံပဲကို"

ကျန်းရှုယောင်က ရယ်စရာလုပ်လိုက်သည်။

"လူတွေကို သူတို့မျက်နှာပေါ်မှာ ရိုက်တာက တကယ်ကို ရက်စက်တယ်"

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့ ကျန်းရှုယောင် ၏ သဘောထားကြောင့် အနည်းငယ် အံ့သြသွားသည်။ သူတို့ အသက်အောင့်ပြီး ရှုရှီငြင်းခုံနေကြပေမဲ့ သူတို့မှာ အပြစ်ရှိသည်ဟု မခံစားရပါချေ။သို့ပေမဲ့ ကျန်းရှုယောင်က သူတို့ဘာကြောင့် ရန်ဖြစ်တာလဲဟု မမေးခဲ့ပါချေ။ ပထမဦးစွာ သူမက သူတို့၏ဒဏ်ရာများကို ဂရုစိုက်ပြီးနောက် ၎င်းအကြောင်းကို ရယ်မောပြောဆိုခဲ့သည်။ တစ်နည်းနည်းနှင့် သူတို့စိတ်တွေ ငြိမ်သွားပြီး သူတို့၏အမှားတွေကို ပြန်စဉ်းစားမိလာသည်။

ရှဲ့ရယ်က ရေရွတ်သည်။
"သူတို့က မပျော်ဘူး...ဒါပေမဲ့ သူတို့က အဲလောက် ရက်ရက်စက်စက်စလုပ်မယ်ဆိုတာ ဘယ်သူသိမှာလဲ...သူတို့က မြစ်ကမ်းဘေးမှာ တိုက်ခိုက်ကြမယ်လို့ပြောတယ်...ကျွန်တော့် သူငယ်ချင်းတွေနဲ့ကျွန်တော်တို့က သူတို့လျှောက်စနေတယ် ထင်ခဲ့ကြပေမဲ့ ကျွန်တော်တို့သွားတဲ့အခါကျတော့ အရိုက်ခံရတယ် "

ထို့ကြောင့် သူတို့ ပြန်မလုပ်၍မရတော့ဘဲ မိမိတို့ ရန်ပွဲကိုအနိုင်ရသည့်အခါမှာ သူတို့ကိုပြန်ပေးဆပ်ရပေမည်။ ထို့ကြောင့် ချန်ရှုကျူးကို အပြစ်ပေးရန်အတွက် လမ်းဘေးအစားအစာဈေးသို့ ခေါ်သွားကြသည်။

ရှဲ့ရွှင်းက ဆေးသေတ္တာကို တွေ့ရှိခဲ့သည်။ သူတို့မျက်နှာပေါ်က ဒဏ်ရာတွေကို မြင်လိုက်ရသောအခါ သူအတော်လေး အံ့သြသွား၏။ ဆေးသေတ္တာကိုဖွင့်ပြီး "ဘာဖြစ်တာလဲ" ဟုမေးလိုက်သည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့က ရှဲ့ရွှင်းကို အလွန်ကြောက်သောကြောင့် ရှုရှီ ရှေ့တုန်းကလို ပုန်ကန်ရန် မဝံ့ရဲကြပ။ သူတို လိမ်လိမ်မာမာဖြင့် ခေါင်းငုံ့ပြီး ဇာတ်ကြောင်းကိုပြောပြလိုက်ကြသည်။

စကားပြောပြီးနောက် ရှဲ့ရွှင်းကို တိတ်တဆိတ် ကြည့်လိုက်ရာ သူ့မျက်နှာ ရေပြင်ကဲ့သို့တည်တင်းနေသည်ကို တွေ့လိုက်သောအခါ ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ ရှုရှီ၏ ဒေါသကို ရင်ဆိုင်ရသည်ထက် သူတို့ ပိုထိတ်လန့်သွားသည်။

ရှဲ့ရွှင်းက သူတို့နှင့် မျက်နှာချင်းဆိုတွင် ထိုင်ကာ အေးစက်သော လေသံဖြင့်ဆိုသည်။

"မင်းတို့ရဲ့ အရည်အချင်းက ဘာလို့ ဒီလောက်တောင် ညံ့ရတာလဲ"

ရှဲ့ရယ် နှင့် ရှဲ့ဟောင် နှစ်ဦးစလုံး အပြစ်တင် ဝေဖန်ခံရရန် အဆင်သင့်ဖြစ်နေကြသော်လည်း ထိုကဲ့သို့သော စကားလုံးများကို ကြားရမည်ကို မမျှော်လင့်ခဲ့ကြပေ။ သူတို့က ပြူးကျယ်သော မျက်လုံးများဖြင့် ရှဲ့ရွှင်းကို စိုက်ကြည့်နေကြသည်။

ရှဲ့ရွှင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အမူအရာက ပိုပိုအေးစက်လာကာဆို၏။

"ဘာလို့လဲ... မကျေနပ်ဘူးလား... ဆရာ့ဆီက သိုင်းပညာ သင်ယူဖို့ အစ်ကိုကြီးက မခိုင်းခဲ့ရင်တောင် သိုင်းပညာ နည်းနည်းလောက် တတ်သင့်တယ်..ဒါပေမဲ့ မင်းတို့က အခုလို အရိုက်ခံရတယ်"

သူတို့က ကြောင်အနေကြပြီး ဤဩထိတ်လန့်လွန်း၍ ဘာပြန်ပြောရမှန်းကို မသိတော့ပေ။

ကျန်းရှုယောင်က ရေအင်တုံတစ်ခုနှင့် ပြန်လာခဲ့ပြီး ဤမြင်ကွင်းကို သူမမြင်သည်နှင့် အဖြစ်အပျက်ကို မှန်းဆမိခဲ့သည်။ရှဲ့ရွှင်း၏ အေးစက်သော မျက်နှာကြောင့် ထိုနှစ်ယောက် ရှုပ်ထွေး နေကြသည်ဟု သူမ ခန့်မှန်းမိသည်။ သူမက ပြုံးကာ လက်ကိုင်ပုဝါကို ထုတ်ပြီးပြောလိုက်သည်။

"အရင်ဆုံး သူ့မျက်နှာပေါ်က ဖုန်မှုန့်တွေကို သုတ်ပေးလိုက်ပါဦး"

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့က ၎င်းကို အလျင်အမြန်ယူကာ နာကျင်စွာ ပြုံးဖြီးဖြီးလုပ်ရင်း သူတို့၏မျက်နှာများကို သိမ်းကြုံး ပွတ်သပ်လိုက်သည်။

ထိုအချိန်မှာ ရှုရှီ ဝင်လာပြီး ၎င်းကိုသူမမြင်လိုက်သည့်အခါ ဒေါသမထွက်ပေ။ သူမ သက်ပြင်းချကာ အကူအညီမဲ့နေသည်။

ကျန်းရှုယောင် သူမကို နားချရန် အချိန်တန်ပြီဆိုသည်ကို သိလိုက်သည်။သူမက လမ်းလျှောက်သွားပြီးပြောလိုက်သည်။

"ယောက်မ သူတို့မှားပေမဲ့ အသေးအမွှားကိစ္စပါ"

ရှုရှီက စကားမပြောပေ။

ကျန်းရှုယောင် ရှုရှီကို ရှဲ့ရယ်ပြောခဲ့သည့် စကားတစ်ခွန်းကို ထပ်ပြန်လိုက်သည်။

"ဒီအရွယ်တွေက သူတို့ရဲ့ ဒေါသကို မထိန်းနိုင်ကြဘူး...ပြီးတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်...သည်းခံနိုင်ရင်...အင်း နောက်ထပ်နှစ်အနည်းငယ်အတွက် ..." သူမကမေးစေ့ကို မတူညီသောအနေအထားသို့ပြောင်းလိုက်ပြီး ရှဲ့ရယ်ကို ဆေးတို့ပေးနေသည့် ရှဲ့ရွှင်းကဆိုသည်။

"နောက်နှစ်အနည်းငယ်ကြာရင် ဒီလိုဖြစ်လာလိမ့်မယ်"

ယခုလိုပြောသည့်အချိန်မှာ ရှဲ့ရွှင်းက ဖိအားကိုတိုးလိုက်ပြီး ရှဲ့ရယ်သက်ပြင်း ရှိုက်မိသွားပေမဲ့ သူ မအော်ဝံ့ပါချေ။ သူ့လည်ချောင်းထဲက အသံကိုထိန်းပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။


Xxxxx