အပိုင်း ၁၃၃
Viewers 18k

Chapter 133
ပေကျင်းမှထွက်ခွာ



လမုန့်များသည် ပုံစံအမျိုးမျိုးဖြင့် ပန်းကန်ပြားပေါ်တွင် သေသေသပ်သပ်စီထားသည်။ အချို့မှာ ရွှေအိုရောင်၊ အချို့မှာ နီညိုရောင်ရှိပြီး လှပသောပုံစံများဖြင့် မီးဖိုမှထွက်လာခါစ နွေးထွေးမှုနှင့်အတူ မွှေးရနံ့များ ထွက်နေသည်။ အနံ့က ကြာရှည်ပြီး သင်း၏။

လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော အချိုပွဲများသည် အရသာအရှိဆုံးဖြစ်သည်။ကျန်းရှုယောင် အားလုံးကို မြည်းစမ်းကြည့်ရန် တိုက်တွန်းပြီး ပြောလိုက်သည်။

"သတိထားပါ"

ထို့ကြောင့် လူတိုင်းက ဗန်းကို ဝိုင်းပြီး ပုံစံဖော်ထားသည့် လမုန့်တွေကို ကောက်ယူကြသည်။

ရှဲ့ရွှင်း၏လမုန့်က သဘာဝအတိုင်းသူ၏လက်ရေးဖြင့် ရိုက်နှိပ်ထားသော အစေ့အဆန်ငါးမျိုးလမုန့်ဖြစ်သည်။

ကျန်းရှုယောင်က သူမခေါင်းကို မော့လိုက်ပြီး သူ့ကိုမျှော်လင့်တကြီးကြည့်သည်။
"စားကြည့်"

လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော လမုန့်ကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားပြီး ကျန်အနွေးဓာတ်က သူ့ထဲတွင် ရှိနေသေးသည်။ ကိုက်လိုက်သည်နှင့် ထူထဲသည့် မွှေးရနံ့တွေက သူ့ပါးစပ်ထဲကို ချက်ချင်း ပျံ့နှံ့သွား၏။ သူ့နှုတ်ခမ်းများနှင့် ပါးများကို စိမ့်ဝင်သည်အထိ ထူထပ်နေသည်။ နွေးသည်၊ ပူသည် မခွဲခြားနိုင်သော်လည်း ၎င်းသည် သူ့အား ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ဖြစ်စေသည်။

လမုန့်များသည် အပြင်ဘက်တွင် အနည်းငယ် ကြွပ်ရွသော အရေ ရှိသော်လည်း အတွင်းပိုင်းတွင် နူးညံ့ပြီး မွှေးကြိုင်သည်။ ဌာပနာများက ခိုင်မာသည်။ သစ်ကြားစေ့များနှင့် ဖရဲစေ့များကို လှီးဖြတ်ပြီး ဌာပနာအတွက် ကျောက်သကြားနှင့် ရောမွှေထားသည်။ အချိုက လုံလောက်ပြီး အခွံမာသီး အနံ့ရှိသည်။ယင်းကတကယ် အံဩဖွယ်ကောင်း၏။

ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး ဆိုလိုက်သည်။
"အရသာရှိတယ် "

ကျန်းရှုယောင် သူ့ကို ကျင့်သားရနေပြီဖြစ်သည်။သူ့အတွက် အရာအားလုံးက အရသာရှိ၏။

သို့ပေမဲ့ သူမသည်လည်း သူဤသို့ဖြစ်နေသည်ကို ကြိုက်သည်။

"ပဲနီလေးအနှစ်လည်း ရှိတယ်...စားကြည့်... ဒီအရသာကို ကျွန်မအကြိုက်ဆုံးပဲ"

သူမက လမုန့်များကို သူမလက်နှင့်ခွံ့ပေးလိုက်ကာ ရှဲ့ရွှင်းက ထုံးစံအတိုင်း သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး အမြွှာများကို မျက်တောင်ခတ်စေခဲ့သည်။

ရှဲ့ရွှင်း ပဲနီလေးအနှစ် လမုန့်ကို ကိုက်လိုက်သည်။ ထို့နောက် ကျန်းရှုယောင်က သူမလက်ကိုပြန်ဆွဲကာ သူမလည်း တစ်ကိုက်ကိုက်လိုက်သည်။ နှစ်ယောက်သား အပြုံးကိုယ်စီနှင့်တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝါးစားလိုက်ကြ၏။

ကျန်းရှုယောင်က ပဲနီလေးအနှစ်ကို နှစ်သက်သော်လည်း ချိုမြိန်သော ပဲနီလေးအနှစ်ကို မကြိုက်သောကြောင့် သကြားလျှော့ထည့်ထားသည်။ ပဲနီလေးအနှစ်သည် ပဲနီလေး၏အရသာကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ အပြင်ဘက် အရေသည် ပါးလွှာပြီး စိုစွတ်နေသည်။ ကိုက်လိုက်သည့်အခါ အပေါ်ယံလွှာရွရွနှင့် သိပ်သည်းနေသည်ပဲနှီလေးအနှစ်ကို ခံစားရနိုင်သည်။ အရသာက ချိုသည်၊ ပေါ့ပါးသည်၊ ဝါးရသည်။ ပဲနီလေး အရသာနှင့် အခွံမာသီးအရသာတို့ကို ရောစပ်ပြီး နူးညံ့နွေးထွေးစေသည်။

"ငါ လည်း ဒါကို ကြိုက်တယ်"

ရှဲ့ရွှင်း လမုန့်များကို မျိုချလိုက်ပြီး မွှေးကြိုင်သောရနံ့ကို ခံစားလိုက်သည်။

ကျန်းရှုယောင်က ပြုံးပြီး ဆို၏။
"အကုန်လုံးပြီးတဲ့အထိစောင့်ပြီး မကြိုက်တဲ့ဟာကို ကြည့်ကြည့်"

လမုန့်များကို မြည်းစမ်းပြီးနောက် လူတိုင်းသည် ၎င်းတို့၏အခန်းများသို့ မပြန်မီ ခြံဝင်းထဲတွင် ခဏလောက်နေခဲ့ကြသည်။

ရှုရှီ နှင့် ကျိုးရှီတို့ လမ်းဆုံလမ်းခွတွင် နှုတ်ဆက်ပြီးနောက် သူမကျိုးရှီ၏ နောက်ကျောကို ကြည့်ကာ ခဏမျှ မငြိမ်သက်နေခဲ့သည်။

ရှဲ့လီက လမ်းလျှောက်လာပြီး သတိပေးလိုက်သည်။

"ရှင်မ ဒုတိယခယ်မသွားပြီ"

ရှုရှီက မလှုပ်ဘဲ သက်ပြင်းချရင်းဆို၏။
"နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်"

ရှဲ့လီကလည်းပြောလိုက်သည်။

"ဟုတ်တယ်...အချစ်နဲ့ ပတ်သက်ရင် ဘယ်သူမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး"

သူက သူမကိုနှစ်သိမ့်၏။

"ဒါပေမဲ့ ဒုတိယခယ်မအတွက်ကတော့ ခုနစ်နှစ်တာကအလဟဿမဖြစ်နိုင်လောက်ပါဘူး...ဘဝက မကြာခဏ မအောင်မြင် အထမမြောက်တတ်ပေမဲ့ ပိုဆိုးတာက အများစုက ဘဝက ထူးမခြားနားဖြစ်နေတာပဲ... ဒီလို အပြင်ပန်းအားဖြင့် မထင်ရှားတဲ့ အသေးအဖွဲနေ့တွေမှာ ဒုက္ခတွေ ပြည့်နှက်နေတာပဲဖြစ်ဖြစ်၊လှပမှုတွေပြည့်နှက်နေတာပဲဖြစ်ဖြစ်... အနာဂတ်မှာ အောက်မေ့မိနိုင်တယ်"

ရှုရှီက ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးမှာ ရှေ့ကို ဆက်သွားခဲ့သည်။

ရှဲ့ရယ် နှင့် ရှဲ့ဟောင်တို့က ရှေ့မှာ လျှောက်နေကြပြီး အမွှာနှစ်ယောက်က ရှဲ့လီ၏ ၀တ်ရုံကို ဆွဲကာလိုက်ကြသည်။လရောင်သည် သူတို့၏ အရိပ်များကို ရှည်လျားစွာ ဖြန့်ကျက်ထားသည်။

ရှုရှီ သူတို့နောက် ခြေတစ်လှမ်း အကွာမှာရှိပြီး သူမ၏ စိတ်ထဲတွင် ရောထွေးနေသော အတွေးများဖြင့် နောက်ကနေ နှေးကွေးစွာလိုက်ပါနေသည်။

ဤညက သာယာနေ၍ဖြစ်မည်၊ ရှုရှီ အတော်လေး စိတ်ပြေလျှော့သွားပြီး ရုတ်တရက် ပြေးကာ ရှဲ့လီကို အမီလိုက် လိုက်သည်။

"ယောကျာ်း ရှင့်ကို မေးစရာရှိတယ်"

ရှဲ့လီက သူ့ဝတ်ရုံကိုဆွဲကာ အိပ်ငိုက်နေသော အမြွှာနှစ်ကောင်နှင့်အတူ ရှေ့သို့ လျှောက်နေသည်။ သူက ခေါင်းကိုလှည့်ပြီး "ဘာကိစ္စလဲ" ဟုမေး၏။

ရှုရှီ ခဏတုံ့ဆိုင်းနေပြီး သူမအိမ်ထောင်ရေးမှာ နှစ်ပေါင်းများစွာ ရှုပ်ထွေးနေခဲ့ရဆုံးမေးခွန်းကိုမေးလိုက်သည်။

"ကျွန်မတို့လက်ထပ်ပြီးတဲ့နောက် ရှင်ဘာလို့ ကိုယ်လုပ်တော်မယူခဲ့တာလဲ"

သူမလက်ထပ်ပြီးခါစမှာ မျက်နှာမည်းကြီးနှင့် ခင်ပွန်းသည်ကို ခဏလောက်ကြည့်ပြီး စိတ်ပူနေခဲ့သည်။ သူက ဇနီးသည်အား မည်ကဲ့သို့ ငဲ့ညှာရမည်ကို မသိသော တင်းမာပြီး တင်းကြပ်သောသူတစ်ယောက်ဖြစ်သည်။ သူမတွင် ထိပ်တန်းရုပ်ရည် အသွင်အပြင်မရှိသည်ကိုသူမသိပြီး သူမ၏ စိတ်နေစိတ်ထားမှာလည်း သာမန်ဖြစ်သည်။ လူတွေက အဆိုသည် သို့မဟုတ် ကချေသည်ကို လွှတ်လိုက်တိုင်း သူမ စိတ်ပူနေရသည်။ ဇနီးသည်အဖြစ် ရပ်တည်နိုင်ရန် သူမ၏မိဘအိမ်တွင် သင်ယူခဲ့သော နည်းလမ်းများကို ချက်ချင်းထုတ်သုံးရန် သူမ မစောင့်နိုင်တော့ပေ။

မမျှော်လင့်ဘဲ နှစ်ပေါင်းများစွာကြာသည့်တိုင် ရှဲ့လီက ထောက်ထားစာနာရုံသာမက ယင်းယင်း နှင့် ယန်ယန် အားလုံးကို ငြင်းပယ်ခဲ့သည်။သူက သူမဆယ်ကျော်သက်အရွယ်မှာ မမျှော်လင့်ရဲခဲ့သည့် အိမ်ထောင်ရှင်ဘဝကို ပေးခဲ့၏။ သူမမှာ သံသယတွေ ၊ ပြသနာတွေ ရှိခဲ့ပေမဲ့ ယခုချိန်ထိ နားမလည်သေးပါချေ။

ရှဲ့လီက ငိုက်မြည်းနေသော ရှဲ့ယောင်ကို ချော့မြူပေးနေပြီး သူမစကားကြားသောအခါ တိုးတိုးလေး ရယ်လိုက်သည်။

"မင်္ဂလာဦးညမှာ မင်းပြောခဲ့တာကို မှတ်မိလားရှင်မ"

ဆယ်နှစ်ကျော်ကြာပြီးနောက်၊ ရှုရှီ သူမ၏မင်္ဂလာပွဲကို မေ့သွားခဲ့သည်။ ထိုစဥ်တုန်းက သူမပြောခဲ့သည့်စကားကို မည်သို့မှတ်မိနေသေးဦးမည်နည်း။

သူမ သေသေချာချာ ပြန်စဥ်းစားလိုကခသည်။မင်္ဂလာစကားတချို့ထက် ဘာမှ မပိုပါချေ။ တခြားဘာဖြစ်နိုင်မလဲ...

ရှဲ့လီက သူမကိုကြည့်ရင်း သူမမေ့သွားမှန်းသိလိုက်သည်။

"အဲဒီညက ငါအနေရခက်ခက်နဲ့အိပ်ပျော်နေတုန်း...မင်းက ခေါင်းထောင်ပြီး ငါ့ကို တိုးတိုးလေးပြောတယ် 'ယောကျာ်း ကျေးဇူးပြုပြီး ကျွန်မကို သည်းခံပေးပါ...တစ်လင်တစ်ယားဖြစ်ရမယ်လို့ ကျွန်မ မတောင်းဆိုပါဘူး... ဧည့်သည်တွေလို တစ်ယောက်နဲ့တစ်ယောက် လေးစားပြီး ကျွန်မကို ဇနီးသည်နေရာမှာတည်မြဲအောင် လုပ်ပေးပါလို့ပဲ မေတ္တာရပ်ခံပါတယ်...ရှင် မလုပ်နိုင်ရင် ကျွန်မ ရှင့်ကို တစ်သက်လုံး အနှောင့်အယှက်ပေးမယ်' ဒီလို ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုကို မင်းက ဘယ်လိုလုပ် မေ့နိုင်ရတာလဲ"

စကားပြောပြီးနောက် ရှဲ့ယောင်က မတ်တပ်ရပ်ရင်း အတော်ကို အိပ်ငိုက်နေပြီဖြစ်သည်။ ရှဲ့လီက ထိုင်ချလိုက်ပြီး သူ့ကို ကောက်ချီကာ အခုလေးတင် သူပြောသည့်စကားက သာမန်စကားစမြည်ဖြစ်သကဲ့သို့ ပထမအိမ်တော်ခွဲဆီသို့ ဆက်လျှောက်သွားခဲ့သည်။

သူ့တုံ့ပြန်မှုက ငြီးငွေ့ဖွယ်ကောင်း သော်လည်း ရှုရှီ မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်တင်းနေသည်။

သူမ ရှဲ့လီ၏ ကျောပြင်ကို ကြောင်တက်တက်နှင့် စိုက်ကြည့်ရင်း သူမကြားလိုက်သမျှကို မယုံနိုင်ဖြစ်နေသည်။

နှစ်အတော်ကြာအောင် သူမ မင်္ဂလာဆောင်ညတွင် သူအိပ်ပျော်သွားသည်ဟု ထင်၍သာပြောခဲ့သော်လည်း သူက ရှင်းရှင်းလင်းလင်း ကြားခဲ့ရပြီး ဆယ်နှစ်ကျော် မှတ်မိနေခဲ့သည်။

အံ့သြစွာဖြင့် သူ့နောက်ကျောကို စိုက်ကြည့်မိသည်။ ဒါဆို ရှဲ့လီက သူမက အဲလောက် နူးညံ့သိမ်မွေ့ပြီး သီလရှိတဲ့လူမဟုတ်တာကို အစကတည်းက နားလည်ခဲ့တာလား...နှစ်အတော်ကြာအောင် သူမမျက်နှာဖုံးအကြောင်း အကုန်သိနေသလား...

ရှဲ့လီက ခေါင်းလှည့်ကာ မတ်တပ်ရပ်ကျန်နေသော သူမကိုကြည့်ပြီး ရယ်သည်။

သူ့အပြုံးကို ဝန်လေးစွာရပ်ပြီးနောက် ပြောလိုက်သည်။

"ရှင်မ လာလေ... ကလေးတွေက အရမ်းအိပ်ချင်နေပြီ"

ရှုရှီက သစ်သားတုံးကြီးလို ခေါင်းညိတ်လိုက်ပြီး သူမ၏ စကတ်ကို လက်ထဲတွင် မကာ သူ့ဆီ ပြေးသွားလိုက်သည်။

.......

လူတိုင်းလူစုခွဲပြီးနောက် တတိယအိမ်တော်ခွဲဝင်းသည် ၎င်း၏ပုံမှန်အတိုင်း ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ရှဲ့ရွှင်းနှင့် ကျန်းရှုယောင် ရေချိုးပြီးပြီးချင်း အိပ်ရာမဝင်ချင်ကြသောကြောင့် တံခါးရှေ့မှာ ခွေးခြေနိမ့်လေးတစ်လုံးချကာ ကြားလေမသွေးအောင်ပူးကပ်၍ လကို ရှုစားကြသည်။

"ကံကောင်းလို့ ပိုင်ကျီက အိမ်ပြန်သွားတာ...သူရှိနေရင် လကိုကြည့်ရင်း အအေးမမိအောင် သတိထားရမယ်ဆိုပြီး ကျွန်မအခန်းပြန်သွားခိုင်းမှာ သေချာတယ်"

ရှဲ့ရွှင်းက ကျန်းရှုယောင်ကို သူ့ခြံထည်နှင့် တင်းတင်းကြပ်ကြပ် ထွေးဖက်ထားပြီးဆိုသည်။

"ဒီနည်းနဲ့ဆို မင်း အအေးမိမှာ မဟုတ်ဘူး"

ကျန်းရှုယောင် ရှဲ့ရွှင်း၏ ရင်ခွင်ထဲတွင် ခေါင်းမှီကာ သက်တောင့်သက်သာ အနေအထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ဒီည လမင်းက အရမ်းလှတယ်...လကို မြင်ရဖို့ ဆယ့်ငါးရက်အထိ စောင့်စရာ မလိုဘူး"

ရှဲ့ရွှင်းကလည်း သူမကို ဖက်ထားရင်း လကို မော့ကြည့်ကာဆို၏။

"ဟုတ်တယ်"

သူက ကျန်းရှုယောင်၏လက်ကို ဘယ်လက်ဖြင့်ထိလိုက်ပြီး သူမ၏လက်ဆယ်ချောင်းလုံးကိုကို ဆုပ်ညစ်သည်။

"ဒါဆို နောင်မှာ လကို ငါတို့ လကိုမကြာမကြာရှုစားကြရင်ရော...ဆယ့်ငါးရက်အထိ၊လပြည့်တဲ့အထိ စောင့်စရာ မလိုဘူး...မင်းနဲ့ငါ အချင်းချင်း ကဗျာရွတ်ပြတာ၊ ဝိုင်သောက်ပြီး ပျော်ရွှင်မှုအကြောင်း ပြောပြတာ...."

ကျန်းရှုယောင်က သူ့ကိုဖြတ်ပြောလိုက်သည်။

"ကျွန်မကို အရှက်မခွဲနဲ့...ကျွန်မကဘယ်လိုကဗျာတွေရွတ်ရမှာလဲ"

ရှဲ့ရွှင်း သူမ၏စကားလုံးတွေက အဓိပ္ပ်ရှိသည်ဟု ခံစားရပြီး ခေါင်းညိတ်သဘောတူလိုက်သည်။

"ကဗျာတွေရွတ်ပြဖို့ ကိုယ်တာဝန်ယူမယ်...ဝိုင်နဲ့ စကားပြောဖို့အတွက်က မင်းတာဝန်ယူ"

ကျန်းရှုယောင် ကျေနပ်သွားသည်။

ရှဲ့ရွှင်း ဒုတိယအိမ်တော်ခွဲအကြောင်းကို တွေးပြီးသူအကြာကြီး တွေးထားခဲ့သည့် မေးခွန်းကို မေးလိုက်၏။

"ပေကျင်းနဲ့ ဝေးရာမှာ နေချင်လား"

ကျန်းရှုယောင် ပဟေဠိဖြစ်သွားသည်။

"ပေကျင်းကနေ ထွက်ဖို့လား... ဘယ်ကိုလဲ"

"အရင်က ခရီးသွားတုန်းက ပျက်စီးခြောက်ကပ်နေတဲ့ ပြည်နယ်မြို့တော်တွေ တော်တော်များများကို ရောက်ဖူးပြီး လူတွေ ဒုက္ခရောက်တာကို တွေ့ခဲ့ရတယ်...အမြဲလိုလို အဲဒီနေရာတွေကို တရားဝင် သွားပြီး ပြည်သူတွေအတွက် အစွမ်းကုန် ကြိုးစားပေးချင်ခဲ့တာ...အိမ်ရှေ့စံကို ကူညီဖို့ ပေကျင်းကို ပြန်လာခဲ့ရတယ်...ဒါပေမဲ့ ပေကျင်းမှာ အချိန်ကြာကြာနေထိုင်ရင် ငါ့ရဲ့စိတ်နှလုံးဆုံးရှုံးသွားမှာကို ငါကြောက်တယ်"

သူက ကျန်းရှုယောင်၏ လက်ကို ညှစ်လိုက်ပြီး စကားဆက်သည်။

"ဒါပေမဲ့ ငါမင်းကိုလက်ထပ်ပြီးတဲ့အခါ မင်းပါငါ့အတွက်နဲ့ ဒုက္ခခံနေရမှာစိုးလို့ စိတ်လျှော့လိုက်တာ"

ကျန်းရှုယောင် ချက်ချင်း သဘောပေါက်သွားသည်။ချင်ကျိုးသို့ ပြောင်းရွှေ့ရန် ရှဲ့လန်၏ တောင်းဆိုမှုသည် ရှဲ့ရွှင်း၏ရင်ကို ထိသွားဟန်ရှိသည်။သူမက ပြောလိုက်၏။

"ရှင်ကဘာဒုက္ခခံခိုင်းမှာမလို့လဲ...ကျွန်မအပေါ်ကိုအမှားလုပ်မှာလား"

ရှဲ့ရွှင်းက အမြန်ဆိုသည်။
"ဘယ်လုပ်မလဲ"

"ဒါဆိုလည်း ဒါပဲပေါ့..ကျွန်မတို့ ကောင်းကောင်းနေရသရွေ့တော့ ညည်းနေစရာ မလိုပါဘူး... မြောက်ဘက်သွားရင် တောင်ပေါ်ရတနာစစ်စစ်ကို မြည်းစမ်းကြည့်လို့ရတယ်... အရှေ့တောင်ဘက်သွားရင်တော့ ငါး၊ ပုစွန်၊ ပင်လယ်စာတွေ အများကြီးစားလို့ရတယ်... အနောက်တောင်ဘက်သွားရင်တော့ ဟိုမှာ အသီးအနှံတွေက အရသာရှိတယ်"

ရှဲ့ရွှင်း၏ အတွင်းစိတ်ပူပန်မှုများ ချက်ခြင်း ပျောက်ကွယ်သွားသည်။ သူက ခေါင်းယမ်းကာ သဘောတကျရယ်လိုက်၏။

"မင်းဘာလို့ချက်ချင်းစားဖို့ စဉ်းစားနေတာလဲ"

"ဘဝက ဒီလိုမဟုတ်ဘူးလား... အစားအသောက်က ကျွန်မအတွက် ပျော်ရွှင်စရာ မဟုတ်ဘူးလား...ရှင် ကျွန်မကို စိတ်ပူနေစရာ မလိုဘူး...ရှင့်နောက်က လိုက်နေရသရွေ့ ဘယ်ကိုမဆို သွားဖို့ဆန္ဒရှိပါတယ်နော်"

ရှဲ့ရွှင်းက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။နောက်ဆုံးတွင် သူက ကျန်းရှုယောင်၏ ခေါင်းကို မေးနှင့် ပွတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်" ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်းရှုယောင်က ခေါင်းမော့ပြီး သူ့မေးစေ့ကို နမ်းလိုက်ကာ ပြုံးပြီးဆို၏။ "ရပါတယ်"

သူမက သူ့ရင်ခွင်ထဲတွင် ကျုံ့ဝင်ပြီး တောက်ပစွာ ပြုံးနေသည်။သူမမျက်လုံးတွေက သူနှင့်ပြည့်နေ၏။ရှဲရွှင်း၏ နှလုံးသား ပျော့ပျောင်းလာပြီး သူမနှုတ်ခမ်းများကို ခေါင်းငုံ့ကာ နမ်းလိုက်သည်။

နွေးထွေးပြီး ချိုမြိန်၏။၎င်းထိတွေ့ပြီးသည့်နောက် သူမခွာချင်တော့ပေ။

ရှဲ့ရွှင်းက ထိုကဲ့သို့ တွေးလိုက် နမ်းလိုက်နှင့် သူမနှုတ်ခမ်းပေါ်တွင် တဝဲလည်လည် လုပ်နေသဖြင့် သူမ အနည်းငယ် အသက်ရှူမဝဖြစ်လာသည်။

ရှဲ့ရွှင်းတစ်ယောက် နောက်ဆုံးတွင် သူမနှုတ်ခမ်းနီရဲရဲများ၏ ချိုမြိန်မှုကို နားလည်ပြီး ညင်သာစွာ ကပ်တွယ်ထားသည်။ ဤသွေးဆောင်မှုသည် ကြီးမားလွန်းသောကြောင့် သူ သူမနှင့် အဖန်တလဲလဲခွာခဲ့ရ၏။သူ့နှလုံးသားထိပ်ဖျားက လိပ်ပြာတစ်ကောင်ပျံနေသလို တဖျပ်ဖျပ်တုန်ခါနေပြီး ယားယံမှုများ ပြည့်လျှမ်းနေသည်။

ကျန်းရှုယောင် သူ့ကို တွန်းထုတ်ချင်ပေမဲ့ သူမက သူခြံထည်ထဲမှာ ထွေးဖက်ခံထားရသည်ကို မေ့သွားခဲ့၏။ သူမ လက်လှမ်းမမီနိုင်ဘဲ သူ့အနမ်းများကိုသာ ကြံကြံခံနေရတော့သည်။

သူ ရပ်တန့်လိုက်သောအခါတွင် သူမ၏ ခွန်အားများ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရှဲ့ရွှင်းက လည်ချောင်းရှင်းလိုက်ပြီး သူ့အောက်ပိုင်းမှာ ထူးဆန်းနေသည်ကို ဖုံးကွယ်ရန် သူ့ခြေတံရှည်များကို ရွှေ့လိုက်သည်။ သူက အကြောင်းအရာပြောင်းလိုက်သည်။

"အင်း ညနက်နေပြီ...အိပ်ရာဝင်ချိန်ရောက်ပြီ"

ကျန်းရှုယောင် ခေါင်းညိတ်လိုက်သည်။ ရှဲ့ရွှင်း မတ်တပ်ထရပ်ချင်ပေမဲ့ ကျန်းရှုယောင်က သူ့ကိုဆွဲထား၏။

"အားမရှိတော့ဘူး...ရှင် ကျွန်မကို သယ်သွားပေး"

ရှဲ့ရွှင်း ခဏတာ အံ့အားသင့်သွားသည်။သူ ခေါင်းကို လှည့်လိုက်သည်နှင့် သူ့အကြည့်က မျက်ရည်တို့ဝေ့သီနေသော မျက်လုံးများနှင့် ဆုံသွားသည်။

သူ၏ မကောင်းဆိုးဝါး အတွေးများကို မဖိနှိပ်နိုင်တော့မည်ကို စိုးရိမ်သဖြင့် သူမကို အလွန်အကျွံ မကြည့်ဝံ့ပေ။ သူ ကျန်းရှုယောင်ကို ကောက်ပွေ့ပြီး အထဲကို လျှောက်သွားလိုက်၏။

ကျန်းရှုယောင်ကို ကုတင်ပေါ်တင်ပြီးနောက် သူလှည့်ပြီး မီးမှုတ်ချင်ပေမဲ့ သူ့အကြည့်တွေက ကျန်းရှုယောင်၏ အရည်လဲ့နေသောမျက်လုံးများထဲကို ရောက်သွားချိန်မှာ ခြေမရွေ့နိုင်တော့ပေ။

သူ ထိန်းချုပ်မှုလွတ်သွားသလို ခံစားရ၏။ ကုတင်အစွန်းမှာ ထိုင်ပြီး သူမနှုတ်ခမ်းတွေကို ဖိကပ်ထားပြန်သည်။

ဤတစ်ကြိမ်မှာ ကျန်းရှုယောင် လုံးဝ အသက်မရှူနိုင်ပေ။သူ့ကို တွန်းထုတ်ချင်ပေမဲ့ ခွန်အားမရှိခဲ့ချေ။သူမ၏ လက်ဖဝါးများက သူ့ရင်ဘတ်ကို ထိလိုက်ကာ သူ့အား ထုံကျင်သွားစေသည်။ သူက သူမကို ရိုးရှင်းစွာ ဖိထားပြီး သူမ၏လက်ကို ဆုပ်ကိုင်ကာ သူမ၏ ဦးခေါင်းထိပ်သို့ တွန်းတင်လိုက်သည်။

သူမ၏ဆံထုံး ကြေမွသွားပြီး သူမ၏အနက်ရောင်ဆံနွယ်များကို ပေါ့ပေါ့ပါးပါး ထိန်းထားသော သစ်သားဆံထိုးက တုန်ယင်နေသည်။

"ရမလား"

ရှဲ့ရွှင်းက မေးသည်။

သူ့မျက်လုံးများက အရင်ကလို အေးစက်စက်နှင့် စိမ်းကားမနေတော့ပေ။ ဖိနှိပ်မှုတွေ ပြည့်နှက်နေသော မှုန်ဝါးဝါး ခံစားချက်တွေ ကူးစက်ခံရသည်မှာ ကြာလေပြီ။

ကျန်းရှုယောင် ခေါင်းလှည့်ကာ သူ့အကြည့်မှရှောင်လွဲဲပြီး ခေါင်းညိတ်လိုက်သည်။

ရှဲ့ရွှင်း၏ လက်ချောင်းထိပ်များ တုန်ရီသွားသည်။ သူမဆံပင်ထဲက သစ်သားဆံထိုးကို ညင်သာစွာ ဆွဲထုတ်လိုက်၏။ နက်မှောင်နေသော ဆံနွယ်များက ပြန့်ကျဲနေပြီး သူ့လက်ဖမိုးတလျှောက် ညင်သာစွာ လျှောကျသွားသည်။ယင်းတို့က ဖဲသားကဲ့သို့ အေးမြသည်။

သူတို့အဝတ်အစားတွေက ပြန့်ကျဲနေပြီး အခန်းက နွေဦးရှုခင်းတွေနှင့် ပြည့်နေသည်။
(မထင်ရဘူး... အူယားလိုက်တာ)


Xxxxxx