Chapter 135 (Extra]
- ကိုယ်ဝန်နှင့်ပတ်သက်သည့်အရာအချို့
ယခုနှစ် ပွဲတော်က အရင်နှစ်တွေထက် အများကြီး ပိုတက်ကြွပြီး စိုးထိတ်စရာကောင်းသည်။ စိတ်လှုပ်ရှားခြင်းသည် ကျန်းရှုယောင် ကိုယ်ဝန်ရှိနေသည့် ပျော်ရွှင်ဖွယ်ဖြစ်ရပ်ကြောင့်ဖြစ်ပြီး စိုးထိတ်မှုဖြစ်ရခြင်းမှာ လင်းရှီမွေးဖွားခါနီးဖြစ်သောကြောင့် ဖြစ်သည်။
ကျန်းရှုယောင် ကိုယ်ဝန်ရှိလာပြီးနောက် ရှဲ့ရွှင်းက သူမမီးဖိုချောင်သို့မသွားအောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ ကိုယ်ဝန်ပထမသုံးလမှာ အရာရာကို သတိထားရမည်။ကျန်းရှုယောင် သူက အတော်လေးအကဲပိုနေသလို ခံစားရသည်။ သူမခန္ဓာကိုယ်ကိုသူမ သိသည်။ အခြားအရာများကိုအသာထား၊ ပင်မမီးဖိုချောင်တွင်ပြုလုပ်သော အစားအစာများသည် အမြဲတမ်းအရသာမရှိသည့်အပြင် သူမကိုယ်တိုင်ချက်ပြုတ်၍လည်း မရပါချေ။ထို့အပြင် တစ်နေ့တာလုံး ဘာမှလုပ်စရာမရှိသူတစ်ယောက်က အသက်ရှူကြပ်ပြီး အထိတ်တလန့်ခံစားရ၏။
ရှဲ့ရွှင်းက စာဖတ်နေစဉ် သို့မဟုတ် အိမ်ပတ်လမ်းလျှောက်သွားသောအခါတွင် သူမ၏မျက်လုံးများကို ထိခိုက်မည်ကို ကြောက်ရွံ့ခဲ့သည်။ရှဲ့ရွှင်းက သူမ ကိစ္စများကို တွေးနေမည်ကိုပင် စိုးရိမ်နေခဲ့သည်။
ကျန်းရှုယောင်တွင် ရှဲ့ရွှင်း သူမကိုယ်ဝန်ရှိမှန်းသိသွားချိန်နှင့်ပတ်သတ်၍ မကောင်းသော နိမိတ်လက္ခဏာများအမြဲရှိနေခဲ့သည်။
သို့ပေမဲ့ ဤကိစ္စက သူမထင်ထားသည်ထက် အများကြီး ပိုလေးနက်၏။
အခုတလော အရှေ့နန်းဆောင် အပေါ်တွင် တိမ်မည်းများ ရှိနေပုံရပြီး ထိုနေရာရှိ လေထုသည် လေးတွဲ့ နေသည်။
လီဖူတစ်ယောက် အရှေ့နန်းဆောင်သို့ ဆေးစာအုပ်တစ်ထပ်ကို ခိုးယူလာပြီး စားပွဲပေါ်တင်လိုက်သည်။ အားလုံးကို သူ့စားပွဲဆီသို့သယ်လာကြ၏။
"ဒါအကုန်ပဲ"
သူ၏မိခင်ဘက်မှအဖိုးသည် နန်းတော်တွင် တော်ဝင်သမားတော်ဖြစ်ခဲ့ဖူးပြီး တော်ဝင်ကိုယ်လုပ်တော်များအတွက် မီးယပ်နှင့်သွေးခုန်နှုန်းရောဂါရှာဖွေရေးတွင် အထူးပြုခဲ့သည်။
ရှဲ့ရွင်းက ကျေးဇူးတင်ကြောင်းပြောပြီး ဆေးစာအုပ်များကို လက်ခံခဲ့သည်။
ကျန်းရှုယောင်၏ကိုယ်ဝန်အကြောင်းကို သူတို့သိရသောအခါ အရှေ့နန်းဆောင်ရှိလူတိုင်း အလွန်ပျော်ရွှင်ခဲ့ကြသည်။ သူတို့ လေနှင့်အတူ လမ်းလျှောက်ခဲ့ကြသည်(မြောက်ကြွကြွ)။ မသိသူတွေက မကြာခင် အိမ်ရှေ့စံ နန်းတက်တော့မည်ဟုပင်ထင်ကြပေလိမ့်မည်။
“မီးဖွားချိန်က အမျိုးသမီးတွေအတွက် တစ္ဆေတံခါးကို ဖြတ်သွားသလိုပါပဲ”ဟုမည်သူကပြောသည်ကို မည်သူသိပါမည်နည်း။ အားလုံးက တုန်လှုပ်သွားပြီး ချက်ချင်းပင် စိုးရိမ်စပြုလာသည်။ သူတို့မျက်နှာအကုန်လုံး မည်းမှောင်နေကြသည်။
နောက်နှစ်ရက်လောက်အကြာတွင် လူတိုင်းက အမျိုးသမီးများ၏ ကလေးမီးဖွားမှုအကြောင်း အိမ်ပြန်မေးကြည့်သည့်အခါ သူတို့လူကြီးတွေက သူတို့ကိုရယ်စရာဟုထင်သူကထင်၊တချို့ မိန်းကလေးများကို ဗိုက်ကြီးအောင်လုပ်မိသည်ဟု ထင်သူကထင်ကြသည်။
တချို့က ကံကောင်းသည်။ သူတို့အမေက သူတို့၏ရှင်းပြချက်ကို ယုံကြည်ပြီး ကိုယ်ဝန်နှင့် မီးဖွားခြင်းအတွက် ကုစားနည်းတချို့ကို ပြောပြခဲ့သည်။
လင်းချန်ကဲ့သို့သော ကံမကောင်းသူများသည် လင်းမိသားစု၏ အိမ်တစ်ဝက်ကျော်ကို တုတ်ဖြင့် အလိုက်ခံရကာ အော်အဟစ်ခံခဲ့ရသည်။
"မင်းက သားရဲကောင်ပဲ... လူကြီးလူကောင်းက သူလုပ်ရဲတာကို ဝန်ခံရဲလိမ့်မယ်... မိန်းကလေးက ကိုယ်ဝန်ရှိနေပြီ...မင်း သူ့ကို လက်ထပ်ယူဖို့ အောင်သွယ်ရှာမဲ့အစား လိမ်ညာခဲ့တယ်... ရှဲ့ရဲ့ ဇနီးအတွက် မင်းက စိတ်ပူနေတယ်ပေါ့လေ... မင်းအဖေက ငတုံးလို့ ထင်နေတာလား”
နံရံကိုကျော်လွန်၍ လင်းချန်တစ်ယောက် တစ်ဖက်အိမ်မှ ကြေကွဲစွာအော်ဟစ်သံကို သင်ကြားနိုင်သည်။
"ကျွန်တော် မတရားခံရတာပါဗျာ"
အဘိုးကြီးလင်းက သူ့ကိုယ်သူတရားသည်ဟု ထင်သည်။
"သားရဲကောင်လေး မင်းမျက်မှောင်ကြုတ်နေတာ ဆယ်ရက်ကျော်နေပြီဆိုတာ ငါမြင်တယ်...မင်းကိုယ်မင်း မှားမှန်းသိသားနဲ့ ရှဲ့မိသားစုရဲ့ ကောင်လေးကို မြှားကာဖို့ သုံးရဲတယ်ပေါ့လေ..."
တခြားသူရဲ့ဇနီးကြောင့်နဲ့ ဘယ်သူက ဆယ်ရက်ကျော်ကြာအောင် သက်ပြင်းချ နေမှာလဲ...
လင်းချန်:"ကျွန်တော်က သားရဲတစ်ကောင်ဆိုရင် အဖေကရော"
"..."
"အားးး..."
နောက်တစ်နေ့တွင် လင်းချန် ပတ်တီးပတ်ကာ အရှေ့နန်းဆောင်သို့ ရောက်လာပြီး လူတိုင်းအတွက် ရေပန်းစားသော ကိုးကားချက်ကို လေးနက်စွာ မျှဝေခဲ့သည်။
“ငါ့အဖွားနဲ့ အမေကတော့ တချို့အမျိုးသမီးတွေက ကလေးမွေးရတာ လွယ်တယ်၊ တချို့က ကလေးမွေးရခက်တယ်လို့ ပြောတယ်... အမျိုးသမီးတွေက ကလေးပျိူးထောင်ဖို့၊ လမ်းလျှောက်ဖို့နဲ့ ခန္ဓာကိုယ်ကို ထိန်းထားဖို့ကို အာရုံစိုက်ဖို့ လိုတယ်တဲ့"
တုန်ရီနေသောလက်များ (အရိုက်ခံရပြီးနောက်) သည် သူ့လက်မောင်းမှ မှတ်စုလေးတစ်ခု ထုတ်လိုက်သည်။သူ့မျက်လုံးတွေက ရှဲ့ရွှင်းကို မျက်ရည်လည်ရွဲနှင့်ပြော၏။
"ပေါယွမ်... ငါအချည်းနှီးအရိုက်မခံရအောင် မင်းမိန်းမကို ဂရုစိုက်ရမယ်"
ရှဲ့ရွှင်း ရင်ထဲထိသွားသော်လည်း သူအမြဲတမ်း ထူးဆန်းနေသလို ခံစားရသည်။ကိုယ်ဝန်ရှိနေတာက သူ့မိန်းမလေ...ဝိုင်းပျော်ပေးကြတဲ့ ဒီလူအုပ်စုက ဘာဖြစ်သွားကြတာတုန်း...
လင်းရှီမွေးမည့်ရက်သည် ကျရောက်တော့မည် ဖြစ်ပြီး အစားအသောက် လုပ်ငန်းက အလုံးစုံ ကျန်းရှုယောင်ပေါ်တွင် ရှိနေသည်။ သို့သော်လည်း လင်းရှီက လုပ်ငန်းကို အမြဲ စနစ်တကျ စီစဉ်ပေးခဲ့ပြီး သူမ အလွန်အမင်း စိတ်ပူနေရန် မလိုအပ်ပေ။ကျန်းရှုယောင်အနေဖြင့် အဓိကကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်များချရန်သာ လိုအပ်သည်။
ပြင်ဆင်မှုများပြီးခါနီးတွင် သူမ မြို့အရှေ့ဘက်ခြမ်းတွင် နေ့ကောင်းရက်သာ၌ သရေစာဆိုင်နှင့် မနက်စာဆိုင်ဖွင့်ရန် ခြေလှမ်းပြင်လိုက်သည်။
အရှေ့နန်းဆောင်က သတင်းကြားသောအခါ အားလုံးမျက်ရည်ကျသွား၏။
“ငါ့ရဲ့ခယ်မက ခက်ခဲတဲ့ကိုယ်ဝန်ရှိနေပေမဲ့ လူတိုင်းရဲ့ ပါးစပ်နဲ့ ဗိုက်ကို မှတ်မိနေတုန်းပဲ... တကယ့်ကို ရင်ထဲထိရပါတယ်
"မှန်ပါတယ်"
"ကဗျာတစ်ပုဒ်လောက် ရေးချင်မိသွားတယ်"
ရှဲ့ရွှင်း မျက်နှာအမူအရာမဲ့စွာ လျှောက်သွားကာ စာအုပ်တစ်ထပ်ကိုချလိုက်သည်။
"ရှီးချန်က စင်မြင့်ကို ပြင်ပြီးပြီ... သီချင်းဆိုချင်ရင် အဲဒီကို သွားလို့ရတယ်"
ထိုစကားကိုကြားသည့်အခါ အနှီလူအုပ်စုက အခြေအနေမကောင်းတော့ပေ။
အားလုံးက ကမန်းကတန်း ပြုံးပြီး နောက်ပြောင်ကြသည်။
ရှဲ့ရွှင်းက နောက်ဆက်တွဲအစိုးရ၏ အရေးကိစ္စများကို ရှင်းပြပြီးနောက် ပြောလိုက်သည်။
"ကျန်တာအားလုံးကို မင်းတို့နဲ့ ထားခဲ့မယ်...ငါ သူငါမပါဘဲထပ်ပြီးခိုးချက်ပြုတ်မှာစိုးလို့ အိမ်ပြန်မယ်"
သူက လူတိုင်းကို ခွေးစာနှင့် ဖြန်းလိုက်ပြန်သည်။စင်ဂယ်ခွေးလေးများသည် မျက်ရည်ဝဲရင်း လက်ကိုင်ပုဝါသေးသေးလေးများ ဝှေ့ယမ်းကာ ရှဲ့ရွှင်းကိုနှုတ်ဆက်လိုက်ကြ၏။
မြို့စားရှဲ့အိမ်တော်သို့ရောက်သောအခါ ကျန်းရှုယောင်က မီးဖိုချောင်ငယ်လေးထဲတွင် အမှန်ပင်ရှိနေသည်။ သူမကိုယ်တိုင် ချက်ပြုတ်ခြင်းမပြုသော်လည်း အစေခံများကို ချက်ပြုတ်နေသည်ကို ညွှန်ကြားခဲ့သည်။
သို့သော်လည်း ယင်းက ရှဲ့ရွှင်းကို စိုးရိမ်စေတုန်းပါပင်။
"မီးဖိုချောင်က မီးခိုးတွေအရမ်းထွက်ပြီး ယားယံတယ်... မီးဖိုချောင်ထဲ အများကြီးမဝင်ပါနဲ့"
ကျန်းရှုယောင် အကူအညီမဲ့နေခဲ့သည်။ ရှဲ့ရွှင်းက သတိထားလွန်းနေ၏။
နောက်ပိုင်းတွင် ရှဲ့ရွှင်းက နည်းလမ်းတစ်ခုစဉ်းစားပြီး တစ်နေ့လုံးလုပ်စရာမရှိသော ရှဲ့ဖေးကို တတိယအိမ်တော်ခွဲသို့ ခေါ်ခဲ့သည်။ ကျန်းရှုယောင်ကို မျက်စိထောက်ထောက်ကြည့်ရင်း ပျင်းရိငြီးငွေ့မှုကို သက်သာအောင်လုပ်ပေးရန် သူမတွင် တာဝန်ရှိသည်။
ရှဲ့ဖေးက ဤအစီအစဉ်ကို သူမ မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
"အစ်ကို...ငါက တစ်နေကုန်လုပ်စရာမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ"
သူမက ရင်ဘတ်ကို ပုတ်ပြီးဆို၏။
"လင်းမိသားစုရဲ့ အချိုသောက်ဖွယ်ဆိုင်က ပြင်ဆင်နေပြီ... အမျိုးသမီးတွေကို ကြော်ငြာဖို့က ငါ့မှာ တာဝန်ရှိတယ်"
ဆောင်းရာသီရောက်ပြီဖြစ်ကာ နို့လက်ဖက်ရည်ပူပူက အရသာကောင်းပြီး ဆောင်းရာသီအတွက် သင့်တော်၏။အထက်တန်းလွှာ မျိုးရိုးမြင့်များက နွားနို့ကို အမြဲတမ်း သုံးစွဲခွင့်ရှိသော်လည်း ယခင်က မှားယွင်းစွာ ကိုင်တွယ်ခဲ့ပြီး အနံ့ပြင်းလွန်းသည်။ အားနည်းသောကလေးများအတွက် ၎င်းတို့ခန္ဓာကိုယ်အား ပြန်လည်ဖြည့်တင်းရန် ၎င်းကိုဝယ်ပေးရုံမှတစ်ပါး မျိုးရိုးမြင့်များသည် ၎င်းကို သောက်သုံးခဲသည်။သို့ပေမဲ့ နို့လက်ဖက်ရည်က မတူပါချေ။ကိတ်မုန့်များ၊ ဥအနှစ်မုန့်များနှင့် အခြားအချိုပွဲများနှင့်အတူ ရောင်းချလျက်ရှိပြီး ပေကျင်းရှိ အမျိုးသမီးများကြားတွင် ဝုန်းခနဲပေါက်မှာ သေချာသည်။
ရှဲ့ရွှင်း ခေါင်းကိုက်နေ၏။
"ဒါဆို မင်းတစ်နေ့ကုန် အပြင်ကို ထွက်မပြေးရဘူး... ကိုယ့်ကိုကိုယ် ဘယ်လိုပုံဖြစ်နေပြီလဲကြည့်"
ရှဲ့ဖေးက ဤအေးစက်စက်မျက်နှာနှင့်အစ်ကိုကို အနည်းငယ်ကြောက်သောကြောင့် စကားပြန်မပြောရဲပေ။
"ငါ့အတွက် သူ့ကို ဂရုစိုက်ပါ"
ရှဲ့ဖေး သူ့ကို မချေပနိုင်သောကြောင့် သူမ သွားရပေမည်။
ရှဲ့ဖေ ကျန်းရှုယောင်ကို မျက်စိထောက်ထောက်ကြည့်ရန် တတိယအိမ်တော်ခွဲကို နာခံပြီး သွားခဲ့၏။
သို့သော် သူမ၏ "မျက်စိထောက်ထောက်ကြည့်ခြင်း" သည် အမှန်တကယ် ကြည့်နေရုံသာဖြစ်သည်။
ကျန်းရှုယောင်က စားပွဲမှာထိုင်ပြီး စာရင်းစာအုပ်တွေကို လှန်လှောကြည့်နေကာ ရှဲ့ဖေးက နို့လက်ဖက်ရည်ပူပူတစ်ခွက်နှင့် သူမဘေးမှာ ထိုင်နေသည်။
"ဂလု ဂလု ဂလု"
ကျန်းရှုယောင် ခေါင်းကို မော့လိုက်ရာ ရှဲ့ဖေးမျက်နှာက ရှက်နေသည့် အပြုံးနှင့်ဆိုသညိ။
"တောင်းပန်ပါတယ် တတိယယောက်မ ... ဆက်လုပ်ပါ... ငါ တိတ်တိတ်နေမယ်"
ကျန်းရှုယောင် ခေါင်းညိတ်ပြီး စာရင်းစာအုပ်ကို ဆက်ဖတ်သည်။
"စွစ် စွစ် စွစ်"
(အရည်ကိုစုပ်သောက်သံ)
ကျန်းရှုယောင်က သူမခေါင်းကို တစ်ဖန်မော့လိုက်ရာ ရှဲ့ဖေး နဖူးကို ကုတ်ကာဆိုသည်။
"တောင်းပန်ပါတယ်...ဆက်ဖတ်ပါ... ဆက်ဖတ်ပါ"
ကျန်းရှုယောင်က ခေါင်းငုံ့သွားပြီး ရှဲ့ဖေးလည်း မျိုချသည့်အသံမျိုး မထွက်တော့ပေ။ခဏအကြာတွင် ပိန်းဥလုံးကို ဝါးလိုက်သံကို သူမကြားလိုက်ရသည်။
သူမ မော့ကြည့်လိုက်သည့်အခါ ရှဲ့ဖေး၏ မျက်လုံးများက ဗလာဖြစ်နေသည်။ သိသိသာသာပင် သူမ အာရုံပျံ့လွင့်သွားသည်အထိ ငြီးငွေ့လာခဲ့သည်။
ကျန်းရှုယောင်က စာရင်းစာအုပ်ကို ပိတ်လိုက်ပြီးမေးသည်။
"ပျင်းလို့လား"
ရှဲ့ဖေးက သတိပြန်ဝင်လာပြီး ခေါင်းကို အမြန်ခါလိုက်ကာဆိုသည်။
"မဟုတ်ပါဘူး"
မည်သို့ပင်ဖြစ်စေ သူမက တစ်နေ့တာလုံး သူမ၏အိပ်ခန်းတွင် စာအုပ်များကိုပဲ ဖတ်နေခဲ့ပြီး အချိန်ကုန်လွန်သွားစေရန် အမြဲတမ်း စိတ်ကူးယဉ်နေခဲ့သည်။
"မင်း အချိုပွဲကြိုက်တာ ငါတွေ့တယ်..
မဟုတ်ရင် အချိန်ကုန်သွားအောင် မုန့်ဖုတ်သင်ကြည့်ပါလား"
ချက်ပြုတ်ခြင်းနှင့် မုန့်ဖုတ်ခြင်းတို့သည် တူညီသောအရာမဟုတ်ပါချေ။ တစ်ချို့ မိန်းကလေးတွေက မုန့်ဖုတ်ရသည်ကို ကြိုက်၏။ ချစ်စရာကောင်းသော အချိုပွဲတွေကို ဖန်တီးခြင်းက လူတွေအား ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ခံစားရစေပါလိမ့်မည်။
ရှဲ့ဖေးက ပိန်းဥတွေကို မျိုချရင်း ခေါင်းယမ်းလိုက်ပြီးဆိုသည်။
"ငါ မသင်ဘူး...မီးခိုးတွေ အရမ်းထွက်တယ် ...ဘယ်သူမှ ကိုယ့်ဘာသာ လုပ်ရတာ အဆင်ပြေမယ် မထင်ဘူး"
...
ရှဲ့ဖေးက ဤရက်အနည်းငယ်တွင် ထိုနေရာတွင် ရှိနေသောကြောင့် ရှဲ့ရွှင်း သူ့ဇနီးအတွက် စိတ်ပူစရာမလိုဟု ခံစားခဲ့ရသည်။ အနည်းဆုံး နေ့တိုင်း အိမ်ပြန်စရာ မလိုတော့ပေ။
ရလဒ်အနေဖြင့် ယနေ့ ဝင်းတံခါးဆီသို့ လျှောက်လာသောအခါတွင် ရှဲ့ဖေး ၏ အော်သံကို ကြားလိုက်ရသည်။
ရှဲ့ရွှင်း လန့်သွားသည်။ကျန်းရှုယောင် ဒုက္ခရောက်နေမှာကို စိုးရိမ်သည့်အတွက် သူပြေးဝင်သွားချိန်တွင် ရှဲ့ဖေးက ပေါင်မုန့်တစ်လုံးကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ သူမက ခြံတစ်ဝန်းလုံးကို ခုန်ပေါက်ပြီးအော်ဟစ်နေသည်။
"ငါအောင်မြင်ပြီ...တတိယယောက်မ ဒီတစ်ခုက မတူဘူး"
ရှဲ့ရွှင်း:...
တခြားသူတွေထက် ကိုယ့်ကိုယ်ကို အားကိုးသည်က ပိုကောင်းပါ၏။ရှဲ့ရွှင်း ကျန်းရှုယာင်ကို သူ့ဘာသာသူ ပြုစုစောင့်ရှောက်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ကျန်းရှုယောင် ကိုယ်ဝန်နှစ်လကြာပြီးနောက် နုံးခွေပြီးမလှုပ်ချင်မရှားချင်ဖြစ်လာသောကြောင့် ဤတစ်ကြိမ်မှာ ကြာရှည်မခံခဲ့ပေ။
သူမက ရိုးရိုးသားသားဖြစ်သော်လည်း ရှဲ့ရွှင်းက ယနေ့တိုင်း လေ့ကျင့်ခန်းမလုပ်ခြင်းအတွက် တစ်ခုခုမှားနေသလားဟု တွေးပူလာခဲ့သည်။ ဆေးစာအုပ်တွေကို လှန်လှောဖတ်ပြီး သမားတော်တွေကို မေးကြည့်သည်အခါ “သူ အဆင်ပြေပါတယ်” ဟူသော အဖြေများကိုရပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွား၏။
နှစ်သစ်ကူးအကြိုရက်အနည်းငယ်အလိုတွင် မြို့တော်တွင် နှင်းများထူထပ်စွာကျဆင်းခဲ့သည်။
ပထမဆုံးနှင်းကျသော နံနက်ခင်းသည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် ဆီးနှင်းများကျသံ တရွှမ်းရွှမ်းသာရှိသည်။ တံခါးကိုဖွင့်ပြီးသောအခါ မြေပြင်ပေါ်တွင် ပြိုးပြိုးပြက်ပြက်နှင့် ဖြူဖွေးသန့်စင်သောနှင်းများ ပေါ်လာသည်။ မြေပြင်ပေါ်တွင် ထူထပ်သောနှင်းထုအလွှာရှိသော်လည်း နှင်းများ ပိတ်ပိတ်ပိန်းအောင် ကျဆင်းနေဆဲဖြစ်သည်။ နှင်းတွေကို ကော်ထုတ်ရန် မဖြစ်နိုင်သလို သွားလာရလည်း ခက်ခဲ၏။
ရှဲ့ရွှင်းက တံခါးကိုပိတ်ပြီး ကုတင်ပေါ်ကို တိတ်တိတ်လေး ပြန်သွားလိုက်သည်။
ကျန်းရှုယောင် အိပ်ချင်မူးတူးနိုးလာပြီး ကုတင်ဘေးတွင်သပ်သပ်ရပ်ရပ်ထိုင်နေသော ရှဲ့ရွှင်းကိုမြင်လိုက်ရသည်။
"ဘာဖြစ်နေတာလဲ"
ရှဲ့ရွှင်း အိပ်ယာဘေးကနေ အိပ်ပျော်နေသော မျက်နှာကို အကြာကြီး ကြည့်နေခဲ့ပြီး ယခု သူမက နိုးလာကာ အိပ်ချင်မူးတူးဖြင့် ချစ်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။သူ မနေနိုင်ဘဲ ရယ်မိကာ နူးညံ့စွာပြောလိုက်၏။
"နှင်းတွေကျနေတယ်"
အကြောင်းတစ်ခုခုကြောင့် ကျန်းရှုယောင် နှင်းအတွက် အမြဲ မျှော်လင့်ထားမှုများရှိခဲ့သည်။
အိပ်ချင်မှုးတူးဖြင့် နိုးလာချိန်မှာ နှင်းတွေကျနေတယ်ဟု တစ်စုံတစ်ယောက်က သင့်ကို တိတ်တဆိတ်ပြောလာသည်။ ဤခံစားချက်က တကယ့်ကို ရင်ခုန်စရာပါပင်။
သူမ မျက်လုံးတွေကို ပွတ်သပ်ပြီး ထထိုင်လိုက်သည်။ ခဏအကြာတွင် သူမတုံ့ပြန်လိုက်၏။
"နှင်းတွေကျနေတယ်..."
"ဟုတ်တယ်"
ရှဲ့ရွှင်းက ခေါင်းညိတ်လိုက်သည်။
သူစကားမဆုံးခင် ကျန်းရှုယောင်က စောင်ကို မလိုက်ပြီးအော်သည်။
"နှင်းတွေကျနေတယ်!"
ရှဲ့ရွှင်း သူမကို အမြန်ဆွဲထားလိုက်ပြီး ကုတင်ဘေးက ဖိနပ်ကို ကောက်ဝတ်ပေးလိုက်ကာ ခြုံထည်ယူ၍ သူမကို ပတ်ပေးပြီးမှလွှတ်ပေးလိုက်သည်။
ကျန်းရှုယောင်ကို လွှတ်ပြီးသည်နှင့် ကျန်းရှုယောင်က နှင်းတွေ ကြည့်ရန် ပြတင်းပေါက်ဆီကို ပြေးသွား၏။
သူမ၏ဆံပင်က ကလေးမလေးကဲ့သို့ ထူထဲသောခြုံထည်ဖြင့် ပတ်ထားသည်။သူမက ပြတင်းပေါက်မှာ မှီရင်း သက်ပြင်းချကာဆို၏။
"အိုး...ကောင်းကင်မှာ အုန်းသီးခြစ်ဆံ တွေ လွင့်နေပုံပဲ"
ရှဲ့ရွှင်း အုန်းသီးခြစ်ကြောင်းကို မသိသော်လည်း ၎င်းသည် အစာဖြစ်နိုင်သည်။
သူက တုံ့ဆိုင်းစွာ လျှောက်သွားပြီး သူမကို ဖျောင်းဖျလိုက်သည်။
"အရင်မျက်နှာသစ်ပါ... ပြီးရင် မနက်စာစားပြီး ပျော်ပျော်ပါးပါးနှင်းကြည့်ကြမယ်"
ကျန်းရှုယောင်က တုံ့ပြန်ခဲ့ပြီး မနက်စာစားပြီးနောက် သူမခန္ဓာကိုယ် နွေးထွေးလာသည်။ သူမ နှင်းထဲတွင် ဆော့ကစားရန် ကြိုးစားချင်စိတ်ပြင်းပြလာခဲ့သည်။
ရှဲ့ရွှင်းက သဘောမတူပါချေ။
"သာမန်နေ့တွေမှာဆိုရင် အဆင်ပြေလိမ့်မယ်... ဒါပေမဲ့ အခုက ကိုယ်ဝန်ရှိနေတာ... အအေးမိရင် ဒုက္ခဖြစ်လိမ့်မယ်"
ကျန်းရှုယောင်က သူ့ဆီ ပြေးသွားပြီး သူ့လက်ထဲက စာအုပ်ကလေးကို လုယူလိုက်ကာဆိုသည်။
"အပြင်ထွက်ရအောင် ... လမ်းလျှောက်ရုံတင်ဆို အဆင်ပြေလား"
ရှဲ့ရွှင်းက အေးစက်စွာငြင်းလိုက်၏။
"မရဘူး"
ကျန်းရှုယောင်က သူ့လက်မောင်းကို လှုပ်ယမ်းလိုက်ပြီး မေးစေ့ကို သူ့ပခုံးပေါ်တင်ကာ တိုးတိုးလေးပြောသည်။
"လမ်းလျှောက်ရုံလေးပါနော်... နှင်းတွေက အနှံ့ရှိနေတာ... ဆံပင်ဖြူတဲ့အထိ ကျွန်မတို့အတူတူရှိနေတယ်လို့သတ်မှတ်လို့ရတယ်"
ရှဲ့ရွှင်း သူမ၏ အချစ်စကားဖြင့်ထိုးစစ်ဆင်ခြင်းကို မခံနိုင်ပေ။ သူ့မျက်တောင်တွေ တဆတ်ဆတ်တုန်နေပြီး ရင်ခုန်နေမှန်းသိသာ၏။
ကျန်းရှုယောင် သူ့လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည် ။
ရှဲ့ရွှင်းက သူ့ခေါင်းကို လှည့်ကြည့်လိုက်သည်။သူ့မျက်နှာက အေးစက်နေပေမဲ့ သူ့မျက်လုံးတွေက အရှုပ်အထွေးများပြည့်နှက်နေသည်။ ရှက်ရွံခြင်း၊ အကူအညီမဲ့ခြင်းတချို့နှင့် ပူပန်ခြင်းများ ရှိနေ၏။
နောက်ဆုံးမှာ သူက အံကြိတ်ပြီး ငြင်းလိုက်သည်။
“မရဘူး...အခုက လေနဲ့ နှင်းတွေ တအားထန်နေတယ်... အအေးမမိရင်တောင် ခေါင်းကိုက်လိမ့်မယ်”
ကျန်းရှုယောင် လက်လျှော့လိုက်သည်။ သူမလက်ကို သူ့လက်ထဲက ဖယ်ထုတ်လိုက်ပြီး သူ့ပုခုံးပေါ်မှီနေသည့် မေးစေ့ကိုလည်း ဖယ်လိုက်ကာ ရက်စက်သော အမူအရာအဖြစ်သို့ ပြောင်းလဲသွားသည်။
"ကောင်းပြီ"
ရှဲ့ရွှင်းက သူမကို ပြတင်းပေါက်အောက်ရွှေ့ခိုင်းပြီး မီးသွေးမီးကို ပြင်းပြင်းထန်ထန် လောင်ကျွမ်းစေကာ အထူဆုံးခြုံထည်ကို ယူ၍ သူမအား ပြောလိုက်သည်။
"နှင်းတွေ ရပ်သွားတဲ့အခါ စင်္ကြံလမ်းအတိုင်း လျှောက်သွားကြရအောင်...အခုတော့ ဒီမှာပဲ နှင်းကြည့်လိုက်နော်"
ကျန်းရှုယောင်က မှင်တက်နေလျက် တွန့်ဆုတ်စွာ ဝင်ထိုင်လိုက်သည်။
၎င်းကိုမြင်ရာတွင် ရှဲ့ရွှင်း သူ့လက်တွေကို ဘေးမှာချထားပြီး ပြတင်းပေါက်အောက်မှာ သူမနှင့် ထိုင်နေလိုက်၏။
ကျန်းရှုယောင်က သူ့ကို လျစ်လျူရှုထားသဖြင့် သူ သူမကို သူ့ရင်ခွင်ထဲ ဆွဲထည့်ပြီး သက်ပြင်းချကာပြောလိုက်သည်။
"ဒီနှစ်တော့ သည်းခံပေးပါလား...ငါတို့ အနာဂတ်မှာ နှင်းထဲမှာ ဆော့ကစားကြမယ်"
သူမ မကျေမနပ် အသံပြုသည်။
ရှဲ့ရွှင်း သူမဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ရင်း ဆိုလိုက်၏။
"လာမဲ့နှစ်မှာ ကလေးမွေးပြီးရင် နှင်းထဲမှာ ဆော့ကစားလို့ရတယ်...ကလေးကြီးလာတဲ့အခါ နှင်းထဲမှာ ဆော့ကစားဖို့ ကလေးကို ခေါ်သွားလို့ရတယ်...ယောက်ျားလေးဆိုရင် သူကြိုက်သလို နှင်းထဲမှာ ဆော့ကစားလို့ ရတယ်...အကုန် ကောင်းပါတယ်...မိန်းကလေးဆိုရင်တော့ ကိုယ် ဂရုစိုက်ရဦးမယ်...သမီးလေးက နုနယ်တယ်...ဂရုမစိုက်ဘဲ ထားရင် မကောင်းဘူး...အအေးမိသွားလိမ့်မယ်..."
"နှင်းကြိုက်ရင် ပေကျင်းကနေထွက်ပြီး မြောက်ပိုင်းကို သွားကြမယ်... ဒါပေမဲ့ မြောက်ပိုင်းက တော်တော် အေးတယ်... မင်း ဒုက္ခရောက်လိမ့်မယ်"
ကျန်းရှုယောင်ကဆိုသည်။
"မြောက်ပိုင်းကို ကြိုက်တယ်... နှင်းတွေကို ကြိုက်တယ်"
ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး
"မြောက်ပိုင်းက ကြမ်းတမ်းပြီး အေးပေမဲ့ လူတွေက ရိုးစင်းပြီး နွေးထွေးတဲ့အတွက် သိပ်ခက်ခဲမှာ မဟုတ်ပါဘူး"
"ကောင်းပြီ...မော့ပေနဲ့နီးရင် ကျွန်မ ဒုတိယယောက်မကို သွားတွေ့လို့ရတယ်"
မီးသွေးမီးက တဖျစ်ဖျစ်မြည်နေသည်။ အခန်းသည် ပျင်းရိပြီး နွေးထွေးမှုအပြည့်ရှိသည်။ အပြင်မှာ လေနှင့် နှင်းတွေ တဖွဲဖွဲကျနေပြီး ကောင်းကင်မှာ နှင်းပွင့်တွေ ပြည့်နေ၏။
ရှဲ့ရွှင်းက အနာဂတ်အတွက် သူ့မျှော်လင့်ချက်တွေကို ဖြည်းညှင်းစွာပြောပြနေပြီး တိတ်ဆိတ်သည့်မနက်ခင်းမှာ သူအေးစက်စက်အသံက နွေးထွေးမှုကို ယူဆောင်လာသည်။ နှင်းထဲမှာ ဆံပင်ဖြူရန် သူမနှင့် အဖော်မပြုနိုင်သောကြောင့် နှင်းမြင်ကွင်းကို ကြည့်ရင်း အနာဂတ်မှာ ဆံပင်ဖြူလာမည့်အကြောင်း သူမကို ဖြည်းညှင်းစွာ ပြောပြခဲ့သည်။
အနာဂတ်တွင် ၎င်းတို့၏ သားသမီးများ မွေးရာကနေ ပေကျင်းမှ ထွက်ခွာသည်အထိ။ မြို့တော်မှာပဲဖြစ်စေ၊ မြောက်ပိုင်းပဲဖြစ်စေ၊ တောင်ပိုင်းမှာပဲဖြစ်စေ၊ အောင်မြင်မှုကနေ ကျော်ကြားမှုနှင့်တရားဝင်ခရီးထွက်သည်အထိ။ နှစ်စဉ်နှစ်တိုင်း နှင်းကျသည့်ပထမဆုံးနေ့မှာ အတူတူ တိုးဝှေ့ပူးကပ်ပြီး နှင်းတွေကို ပျော်ပျော်ပါးပါး ရှုစားကြမည်။ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါချေ။
Xxxxx