အပိုင်း ၁၃၆
Viewers 18k

Chapter 136 [Extra]
ကြေးနီဟော့ပေါ့


နှစ်သစ်ကူးအကြိုနေ့တွင် မိသားစုညစာစားပွဲသည် နှစ်တိုင်းနီးပါးအတူတူဖြစ်သည်။မြို့စားရှဲ့အိမ်တော်လို မိသားစုကြီးမှာ အစားအသောက်က စိတ်လှုပ်ရှားစရာ မရှိပါချေ။နှစ်သစ်ကူးအကြိုည၌ပင် ညစာစားပွဲမှာ စည်းကမ်းရှိရသည်။

သို့ပေမဲ့ ဤနှစ်က မတူပေ။မြို့တော်ကနေ ထွက်ခွာရန် ဆုံးဖြတ်ထားသည့် ကျိုးရှီပဲဖြစ်စေ၊ ဘယ်လိုစိတ်ဖြေလျှော့ရမလဲ မသိသည့်ရှုရှီပဲဖြစ်စေ အားလုံးက အနည်းငယ် ပြောင်းလဲသွားလေပြီ။ ယခင်နှစ်ကနှစ်သစ်အကြိုညစာစားပွဲကို မည်သူမျှ ထပ်မပြောချင်ကြပါချေ။

ကျန်းရှုယောင်က ကိုယ်ဝန်ရှိနေပြီဖြစ်သောကြောင့် ချက်ပြုတ်ခြင်းမပြုနိုင်သေးလေရာ သူမညွှန်ကြားချက်အတိုင်း ရိုးရှင်းသော နှစ်သစ်ကူးညစာစားပွဲများကို ပြင်ဆင်ပေးရန် စားဖိုမှူးအားခိုင်းခဲ့ရသည်။

၎င်းကို တွေးပြီးသည့်အခါ သူမကြေးနီဟော့ပေါ့ အိုး(၃)အိုးလုပ်ခိုင်းလိုက်သည်။

ကြေးနီဟော့ပေါ့သည် ရိုးရာဟော့ပေါ့နှင့်မတူပါချေ။ အရသာက မပြင်းပေ။ သိုးသားပေါင်းဖြစ်ပါစေ၊ ချဉ်ဖတ်နှင့်အဖြူရောင်အသားဖြစ်ပါစေ ​ပေါ့ပါးပြီး အသက်အရွယ်အားလုံးအတွက် သင့်လျော်သည်။

အိုးလုပ်ပြီးသည်နှင့် ပုံတွေကို ယူပြီး အလုပ်ပြီးသည်နှင့် သွားယူလိုက်၏။ကျန်းရှုယောင် မသွားနိုင်ခဲ့သောကြောင့် ကုန်ပစ္စည်းစစ်ဆေးရန် သူ့ကိုသာ အားကိုးနိုင်ခဲ့သည်။ ကံကောင်းစွာနှင့်ပဲ လင်မိသားစု၏ လက်သမားဆရာက အလွန်တော်သည်၊ ဘာအမှားအယွင်းမှ မရှိပါချေ။ မှန်ကန်ကြောင်း သူသေချာသိပြီးနောက် အိုးကိုရှဲ့အိမ်တော်ပြန်ယူခဲ့သည်။ တူညီသောလမ်းပေါ်တွင်လျှောက်နေသော လင်းချန်က မလွှဲဧကန် စပ်စုနေလေသည်။

သူ ဟော့ပေါ့အကြောင်း တွေးနေသည်ကကြာပြီဖြစ်သည်။ သို့ပေမဲ့ သူတို့ နောက်ဆုံးစားခဲ့သည့် ဟော့ပေါ့က အဝဖွင့်အိုးအကြီးကြီးကို သုံးခဲ့သည်။ ဤကြေးနီအိုးသည် ပိုမိုအနုစိတ်ပြီး အလယ်တည့်တည့်တွင် ဒေါင်လိုက်ပြွန်နှင့်၎င်းပတ်လည်မှာ အဝိုင်းတစ်ခုပါရှိကာ အသားပြုတ်သည့်နေရာ ဖြစ်နိုင်သည်။

သူက လူပါးဝပြီး ကြေးနီဟော့ပေါ့အတွက် ဒီဇိုင်းကို ရှဲ့ရွှင်း ဆီက တောင်းခဲ့သည်။ရှဲ့ရွှင်းအိမ်ပြန်ရောက်သောအခါ ကျန်းရှုယောင်ကိုမေးလိုက်သည်။ကျန်းရှုယောင်က ၎င်းကို ဖုံးကွယ်ရန် အစီအစဉ်မရှိခဲ့ဘဲ လင်းချန်ကို ရေးဆွဲပေးခဲ့သည်။ရှဲ့ရွှင်းသည် သူ့မိန်းမနှင့် ကိုယ်လုပ်တော်လင်းကြားက ဆက်ဆံရေးအကြောင်းကိုလည်း တွေးတောကာ နောက်ထပ်အနည်းငယ်ကို မှာကာ သခင်ရှန်းယန်အိမ်တော်၊ ကိုယ်လုပ်တော်လင်းနှင့် အရှေ့နန်းဆောင်သို့ ပို့လိုက်သည်။

ဟော့ပေါ့ကို ပြင်ဆင်ရန်အတွက် အသီးအရွက်တွေကို လှီးဖြတ်ပြီး အသားတွေကို လွှာရန်ပဲ လိုအပ်သည်။ ကောင်းကင်ကြီး မှောင်စပြုလာသည်ကို မြင်ရချိန်တွင် မိသားစုညစာစားပွဲစတင်လေ၏။

ရှဲ့ရယ် နှင့် ရှဲ့ဟောင် ညီငယ်နှစ်ယောက်နှင့်အတူ လမ်းပေါ်မှ ပြန်ရောက်လာသည်။ သူတို့ဗိုက်တွေ ဗလာကျင်းနေပြီဖြစ်သည်။သူတို့သည် ပင်မမီးဖိုချောင်သို့သွားကာ ညီငယ်များနှင့် မျှဝေရန် ဘန်းမုန့်ပေါင်းနှစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် သူတို့ မီးဖိုထဲတွင် ကြက်ကင်ရှာကြည့်လိုက်ကြသည်။

ယခင်နှစ်များက နှစ်သစ်ကူးအကြိုနေ့တွင် ဟင်းပွဲများစွာရှိသော်လည်း ဆောင်းရာသီဖြစ်၍ ဟင်းပွဲများမှာ ခဏအကြာတွင် အေးသွားသည်။ အစားအသောက်နှင့်နီးသည့်သူတွေက စားချင်စိတ်မရှိကြသလို အဝေးကသူတွေကလည်း မစားနိုင်ကြပါချေ။ နွေးထွေးမှု မရှိပါဘဲ လူတိုင်းက ဗိုက်ဆာလျက်အတိုင်း ကိုယ့်ခြံဝင်းကို ပြန်သွားပြီး တိတ်တိတ်လေး စားရန် တစ်ခုခု ရှာကြ၏။

နောက်ပိုင်းတွင် ရှဲ့ရယ် နှင့် ရှဲ့ဟောင် တို့သည် လိမ္မာပါးနပ်ရန် သင်ယူခဲ့ကြသည်။ ပထမဦးစွာ သူတို့သည် ပင်မမီးဖိုချောင်သို့သွားကာ ဗိုက်ဖြည့်ရန် တစ်ခုခုရှာပြီးနောက် ညစာအတွက် ပေါ့ပေါ့ပါးပါး တစ်ခုခုစားကြသည်။ ခြံဝင်းထဲကို ပြန်ရောက်ပြီးလျှင် ရှုရှီနှင့်တခြား တစ်ခုခု စားကြသည်။အနှီတစ်ညသုံးနပ်စားပြီးမှသာ နှစ်သစ်ကူးအကြိုကာလတွင် ဗိုက်မဆာတော့ခြင်းဖြစ်သည်။

ထို့ကြောင့် သူတို့ ပင်မမီးဖိုချောင်တွင် လှည့်ပတ်ကြည့်သော်လည်း သာမာန်ဟင်းလျာများကို မတွေ့ခဲ့ရပေ။ မီးဖိုချောင်သည် ယခင်နှစ်များကဲ့သို့ အလုပ်များခြင်းမရှိသဖြင့် အစားအစာခိုးယူရန် အခွင့်အလမ်းရှာမတွေ့ပါချေ။

သူက စားဖိုမှူးတစ်ယောက်ကို လှမ်းဆွဲပြီးမေးလိုက်သည်။

"ဒီနှစ် ဟင်းပွဲတွေ ပြောင်းသွားပြီလား"

စားဖိုမှူးက ခေါင်းညိတ်ကာ ဖြေ၏။

"သခင်ငယ်ကို ပြန်ကြားပါတယ်... အကြီးဆုံးသခင်မက တတိယသခင်မရဲ့ အစီအစဉ်အတိုင်း လိုက်နာဖို့ အမိန့်ပေးခဲ့ပါတယ်... ဒီနှစ်တော့ အဓိက ဟင်းပွဲတွေပဲ တည်ခင်းပါလိမ့်မယ်...ကျန်တဲ့ ဟင်းပွဲတွေ ဖယ်ရှားလိုက်ပါပြီ"

ရှဲ့ရယ်က ခေါင်းညိတ်ပြပြီး သူ့ညီတွေကို မုန့်ပေါင်းများနှင့်အတူခေါ်သွားခဲ့သည်။

"ငါတို့ ညစာ ဘာစားမယ်ထင်လဲ" “အဓိက ဟင်းလျာတွေပဲ ချက်ပြီး ကျန်တဲ့ ဟင်းလျာတွေကို ဖယ်မယ်ဆိုတော့ ဖက်ထုပ် စားမှာလား”

ရှဲ့ဟောင်က ခေါင်းခါပြပြီး
"မဖြစ်နိုင်ဘူး...တတိယအဒေါ်က တာဝန်ယူတယ်ဆိုကတည်းက အရသာရှိတဲ့ တစ်ခုခုစားဖို့ စောင့်လိုက်တော့" သူက ရှဲ့ရယ်၏လက်ကိုဆွဲလိုက်ပြီးဆိုသည်။

"မင်းကငတုံးလား...ဘန်းမုန့်စားနေတယ်"

ပင်မမီးဖိုချောင်မှ ခြေလှမ်းအနည်းငယ်အကြာတွင် ရှုရှီ ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

"ဒီမှာဘာလုပ်နေတာလဲ"

ရှုရှီက ရှဲ့ရယ်ကို စိုက်ကြည့်ကာ အနီးကပ်ကြည့်လိုက်သည်။

ရှဲ့ရယ်က မုန့်ထုပ်ကို သူ့နောက်မှာ ဝှက်ထား၏။

"ဘာမှမဟုတ်ပါဘူး...ဗိုက်ဆာလို့ စားစရာအဆင်သင့်ဖြစ်မဖြစ် လာကြည့်ဖို့ ဒီကိုလာခဲ့တာ"

ရှုရှီက သံသယစိတ်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

"လာလေ...ငါတို့ မင်းတို့ကို နေရာတိုင်းလိုက်ရှာနေတာ...ထိုင်ပြီး စားဖို့ပြင်"

သူတို့ ကောင်းကင်ကို မော့ကြည့်ရင်း ထူးဆန်းသလို ခံစားလိုက်ရပြီး မေးလိုက်ကြသည်။

"ဒီနှစ် ညစာက အရမ်းစောနေသလားလို့"

ပင်မမီးဖိုချောင်၏ အခြေအနေကို သတိရမိသည့်အခါ ဤနှစ်သစ်ကူးညစာက အလွန် ပေါ့ပေါ့ပါးပါးဖြစ်လိမ့်မည်ဟု သူတို့ အဘယ်ကြောင့်ခံစားရပါသနည်း။

မဟုတ်ပေ။ပေါ့ပေါ့ပါးပါး မဟုတ်ပါချေ။

သခင်မကြီးနှင့် မြို့စားကြီးတို့ ထိုင်ပြီး ခါတိုင်းလို စကားရှည်ကြီး ပြောကြပြီးနောက် အစေခံများက စတင် တည်ခင်းကြသည်။

ပထမဦးစွာ ကြေးအိုးသုံးအိုးကို စားပွဲပေါ်တွင် တင်ထားသည်။

ရှဲ့ရယ်နှင့် ရှဲ့ဟောင် အံသြရန်အချိန်မရမီတွင် အသားစိမ်းနှင့် အသီးအရွက်စိမ်းပန်းကန်ကြီးတစ်ချပ်ကို ဆက်၍ချသည်။

ရှဲ့ရွှင်းနှင့်ကျန်းရှုယောင်ကလဲ၍ ကျန်သည့်သူတွေက ဟော့ပေါ့ဆိုသည်က ဘာမှန်းမသိကြပေ။ အစိမ်းလိုက်စားစရာ စားပွဲကို ကြည့်လိုက်ကာ သူတို့ အံ့အားသင့်သွားပြီး ရှုရှီကို စိုက်ကြည့်နေကြသည်။

"တတိယယောက်မက ဒီနှစ်ပွဲအတွက် စီစဉ်ပေးတာပါ... ချက်ပြုတ်ဖို့ စားဖိုမှုးတွေ မလိုပါဘူး...ကိုယ်တိုင်ချက်ရအောင်"

ရိုးသားလွန်းဟန်ရှိသည့်အသံ။နှစ်သစ်ကူးညစာအတွက် မျိုးရိုးမြင့်တွေက ကိုယ်တိုင် အစားအသောက် ဘယ်လိုလုပ်ချက်ပြုတ်နိုင်မှာလဲ...

ကျန်းရှုယောင်က ရှင်းပြချင်သော်လည်း ရှဲ့ရွှင်းက တားလိုက်သည်။ ကြေးနီဟော့ပေါ့စားနည်းကို ဦးစွာရှင်းပြသည်။ စကားပြီးသွားသည့်အခါ သူကဆို၏။

“ဒီဟင်းကို စားရတာကျင့်သားမရရင် အရင်နှစ်တုန်းကလို ဟင်းလျာတွေကို မီးဖိုချောင်မှာ နွေးနေပါတယ်...ဆိုတော့ အစေခံတွေကို တည်ခင်းခိုင်းလိုက်ပါ"

ထိုအချိန်တွင် ကြေးနီဟော့ပေါ့အိုးထဲရှိ ဟင်းရည်က ပွက်ပွက်ဆူလာသည်။ ပေကျင်းမှာ ဆောင်းရာသီက အလွန် အေး၏။ ဟင်းရည်တွေ ပွက်ပွက်ဆူလာသည့်အခါ နို့ဖြူရောင်မြူခိုးများ အငွေ့ပျံလာပြီး မြူတိမ်တွေ တွဲလဲခိုသွားချိန်မှာ အခန်းက အင်မတန်တိုတောင်းလှသည့်အချိန်ကာလအတွင်း ပူနွေးလာသည်။

ရှဲ့ရွှင်းက သခင်မကြီးကို တစ်ချက်ကြည့်လိုက်သည်။ ယခုနှစ် နှစ်သစ်ကူးညစာစားပွဲအတွက် ကြိုးနီစနစ်ကို ဖယ်ထားပြီး သွက်လက်တက်ကြွစွာ ညစာစားချင်သော်လည်း စည်းမျဉ်းအချို့ကို လိုက်နာရန် လိုအပ်နေသေးသည်။

များစွာသော အရာများကို တွေ့ကြုံပြီးနောက် သခင်မကြီးသည်လည်း သည်းခံနိုင်ခြင်းတရားကို အနည်းငယ် နားလည်လာခဲ့သည်။

အကယ်၍ လွန်ခဲ့သောလအနည်းငယ်ကဆိုလျှင်၊ သူမသည် အေးစက်သောမျက်နှာဖြင့် ဒေါသအပြင်းအထန်ထွက်ပြီး နှစ်သစ်ကူးညစာစားပွဲကို မနှစ်မြို့ဖွယ်ဖြစ်စေလိမ့်မည်။သို့ပေမဲ့ ယခုချိန်မှာ အရေးမကြီးသည့် အရာတွေအတွက် စိတ်ပူမနေချင်တော့ပေ။မည်သို့ပင်ဖြစ်စေ သူမက လမ်းဘေးအစားအစာဈေးကိုသွားပြီး ထိုနေရာမှာ အစားအသောက်စားခဲ့၏။ ဘယ်လို ဟိတ်ဟန်များမှုမျိုးကို သူမ အာရုံစိုက်နေရဦးမှာလဲ...

သူမက မြို့စားနှင့် အတူ သူမ၏ တူများကို စတိသဘော ရွှေ့ထားသောကြောင့် ငယ်ရွယ်သူများသည် တူများကို ရွှေ့နိုင်သည်။

သူတို့ အများဆုံးတည်ခင်းသော အစားအစာမှာ သဘာဝအတိုင်း သိုးသားလွှာတွေပင်။ သိုးသားလွှာများက စက္ကူကဲ့သို့ ပါးလွှာသည်။ အသားလွှာများသည် စကျင်ကျောက်ပုံစံများကဲ့သို့ အနီရောင်နှင့် အဖြူရောင်များဖြစ်ကာ ဖောက်ထွင်းမြင်ရသည်။ ၎င်းတို့ကို အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသည်။ အသားတွေက အစိမ်းတွေဖြစ်ပေမဲ့ မျက်စိပသာဒဖြစ်စေ၏။

ထိုကဲ့သို့ ပါးပါးလှီးထားသော သိုးသားသည် တူချောင်းကြားတွင် ညှပ်ထားသောအခါ ဆုတ်ပြဲသွားမည်မဟုတ်ပါချေ။ ပွက်ပွက်ဆူနေသော ဟင်းရည်ထဲတွင် ထည့်ပြီး အနည်းငယ်လှုပ်လိုက်ပါက အရောင်ပြောင်းသွားပါလိမ့်မည်။

ကျန်းရှုယောင်က တိတ်တိတ်ဆိတ်ဆိတ်မနေနိုင်ဘူးဟုပြောလျှင် ကျိုးကြောင်းဆီလျော်သည်။ယခုအချိန်မှာ ကျန်းရှုယောင်အတွက် စကားပြောရန် တကယ် မသင့်လျော်ပေမဲ့ အနှီစည်းမျဉ်းတွေရှိသည်ဆိုခြင်းကို သူမမသိခဲ့ပါချေ။

"ဟင်းရည်ပူပူထဲမှာ နည်းနည်း'ဆေး'လိုက်ရင် သိုးသားက ပိုကောင်းလိမ့်မယ်... အကြာကြီးထားရင် မာလိမ့်မယ်"

တခြားသူတွေက ပြန်တုံ့ပြန်ပြီး သိုးသားကို တူနှင့် လှမ်းယူလိုက်ကြသည်။

သိုးသားအတွက် အချည်ရည်က နှမ်းဆော့စ်ဖြစ်၏။ လူများသည် အကြိုက် အလိုက် တိုဟူးချဉ် သို့မဟုတ် ကြက်သွန်မြိတ်အချို့ကိုလည်း ထည့်နိုင်သည်။ လှီးထားသော နွေ ကြက်သွန်နှင့် ကြက်သွန်ဖြူတို့အပြင် နံနံပင် နှင့် မြေပဲအချို့လည်း မရှိမဖြစ် လိုအပ်သည်။နူးညံ့ပျစ်နှစ်သောနှမ်းဆော့စ်က အစိမ်းရင့်ရောင်တောက်တောက်နှင့်တွဲဖက်ထားပြီး အလွန်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ လေးလွန်းလျှင့် နှမ်းဆော့နှင့်ပဲ စားရုံပါပင်။ အပိုဟင်းခတ်အမွှေးအကြိုင်မရှိလျှင်ပင် သိုးသားက အရသာရှိပြီး ချိုမြိန်သည်။

သိုးသားအရောင်ပြောင်းသွားပါက ၎င်းကိုထုတ်ကာ နှမ်းဆော့စ်ထဲနှစ်လိုက်ရသည်။ပါးပါးလှီးထားသော အသားလွှာများကို နှမ်းဆော့စ်အလွှာထူထူဖြင့် ဖုံးအုပ်ထားသည်။ ပါးစပ်ထဲထည့်လိုက်သည်နှင့် ရနံ့က ခေါင်းထဲမှာ ချက်ချင်း လင်းလက်လာလိမ့်မည်။

နှမ်းဆော့စ်က ပူနေပြီး သိုးသားအလွှာလေးတွေက အငွေ့တထောင်းထောင်းထနေသည်။နှစ်ခုကို ပေါင်းလိုက်သည့်အခါ နှမ်းရနံ့မွှေးမွှေးက အဆီပေမဲ့ မအီပါချေ။လတ်ဆတ်သောအသားက အတော်လေူ နူးညံ့ပြီး ဝါးစရာမလိုဘဲ နှမ်းဆော့စ်တွင် အရည်ပျော်သွားသည်။ အလယ်တွင် ၎င်းသည် အဆုံးမရှိသောအရသာရှိပြီး ကြာရှည်စွဲကျန်ပြီး စားချင်ဖွယ်ကောင်းသော နို့ရည်နှင့် ခရင်မ်ရနံ့အဖြစ်သို့ ပြောင်းလဲသွားသည်။

ရှဲ့ကျောက် မျိုချလိုက်ပြီးသည်နှင့် သူသက်ပြင်းကို မချဘဲမနေနိုင်ပေ။

"အရသာရှိလိုက်တာ"

ညစာစားပွဲက သိပ်အသက်မဝင်ပေ။ သူ့အော်သံက ဟင်းရည်ကိုအားရပါးရလွေးရန် အာရုံစိုက်နေသည့် လူတွေ၏အာရုံကို ပျက်ပြားသွားစေပြီး လေထုဟာ ရုတ်တရက် အနည်းငယ် ထူးဆန်းသွားသည်။

ရှဲ့ရယ် သူ့ညီငယ်ကို ဆွဲလိုက်ပြီး သူ့အမေကို လှည့်ကြည့်လိုက်သည်။

ရှဲ့ကျောက် ထိုသို့ပြောလိုက်သောအခါ ရှုရှီကလည်း သခင်မကြီးကို ကြည့်နေသည်။

ရှဲ့ကျောက်က လုံးဝသတိမထားမိဘဲ လက်ကိုဆန့်၍ သူကဆိုသည်။

"အစ်ကိုကြီး နောက်တစ်ခု ပေးပါဦး...သားမမီဘူး"

ရှဲ့ရွှင်း မတ်တတ်ရပ်ပြီး သူ့ကိုကူညီတော့မည်ပြုချိန်တွင် သခင်မကြီးက ရုတ်တရက်ပြောလိုက်သည်။

"အိုးကိုရွှေ့...ဆက်စားကြ "

လူတိုင်း ထိတ်လန့်သွားသော်လည်း သခင်မကြီးက တခြားဘာမှ မပြောပေ။ခေါင်းငုံ့ပြီး သူမရှေ့က အရသာရှိသော ဟင်းရည်ကို ထပ်သောက်သည်။

သူမ၏စကားများက တင်းမာနေသောလေထုကို ချေမှုန်းပစ်သည့် အပ်ကောင်းတစ်ချောင်းဖြစ်ပုံရသည်။ လူတိုင်း သိသိသာသာ စိတ်သက်သာရာရကြပြီး မြူခိုးငွေ့များကဲ့သို့ အသက်ဝင်လာသည်။

တစ်ယောက်ယောက်က ပထမဆုံးစကားပြောသည့်အခါ ဒုတိယစကားပြောသည့်သူက အမြဲတမ်းရှိ၏။

"အားယောင် မင်းမီလား"

"စိုးရိမ်မှုအတွက်ကျေးဇူးတင်ပါတယ် တတိယအဒေါ်...သားမီပါတယ်"

ရှဲ့ယောင်က ချက်ချင်းထရပ်လိုက်ပြီး သိုးသားကို ချက်လိုက်၏။

ရှဲ့လီက အမြန်ဆိုသည်။
"မင်းအတွက် ငါလုပ်ပေးမယ်"

ရှဲ့​ယောင်က နှုတ်ခမ်းစူပြီး သူ့ကိုကြည့်ကာ စိတ်ဆိုးသွားသည်။ရှဲ့လီ စိတ်ရှုပ်ထွေးသွားသော်လည်း ရှဲ့ရယ်က ရယ်မောကာ ဘာသာပြန်ပေး၏။

"အဖေ ကိုယ့်ဟာကို စားလို့ရပါတယ်... ကိုယ်တိုင်လုပ်မှ ပျော်စရာကောင်းမှာလေ"

ရှုရှီက သူ့ကိုဆူသည်။

"မင်းက အရမ်းငယ်တော့တာ မဟုတ်တော့ဘူး"

သို့ပေမဲ့ သူမမျက်နှာမှာ အပြုံးတစ်ခုရှိနေပြီး သူကိုအတော်လေး ထောက်ခံမှန်း သိသာ၏။

ရှဲ့လီက ခေါင်းခါလိုက်သည်။သူ၏ နက်မှောင်သောမျက်နှာက အပြုံးတစ်ခု ပေါ်လာပြီး "ကောင်းပြီ ကောင်းပြီ" ဟု ကူကယ်ရာမဲ့ ပြောလိုက်သည်။

စားပွဲပေါ်ရှိ လေထုသည် တဖြည်းဖြည်း ပူနွေးလာသည်။သူက တူတစ်ခါညှပ်ကိုယ်ကတူတစ်ခါညှပ်နှင့် ပန်းကန်တွေဆီက လှမ်းယူကြပြီး ပန်းကန်တွေ တစ်ချပ်ပြီးတစ်ချပ် ပြောင်းသွား၏။ လူတိုင်းက ပိုပိုပြီး စိတ်အေးလက်အေး ဖြစ်လာသည်။ ကြေးအိုးမှာ ယခုလိုမှော်အစွမ်းတွေ ရှိကောင်းရှိနိုင်သည်။စားမနေသည့်သူတွေပင် ဆူနေသော အိုးရှေ့မှာထိုင်ရုံနှင့် အေးအေးသာသာ မဖြစ်ဘဲမနေနိုင်ကြပေ။နို့ရောင်မြူခိုးများက သူတို့၏ မျက်ခုံးမွှေးများကို နွေးထွေးစေသည်။

ရှဲ့ရွှင်းက လုပ်ငန်းစဉ်တစ်ခုလုံး တိတ်ဆိတ်နေသော်လည်း သိုးသားချက်နေသည့် သူ့လက်တွေက လုံးဝရပ်တန့်သွားခြင်းမရှိပေ။ ကျန်းရှုယောင် ရှေ့မှာ ပန်းကန်လုံးသေးသေးလေးတွေ တောင်ကုန်းငယ်လေးတစ်ခုသဏ္ဍာန် စုပုံလာသည်အထိပင်။

ကျန်းရှုယောင်က အကူအညီမဲ့စွာပြောလိုက်ရ၏။
"ကျွန်မကိုချည်းကျွေးမနေနဲ့...ကိုယ့်ဘာကိုယ်လည်း စားဦးလေ"

ရှဲ့ရွှင်းက အင်းလုပ်ပြီး သူ့ပန်းကန်ထဲကို အသားတစ်ဖတ်ထည့်လိုက်သည်။ သို့ပေမဲ့ သူက ဆက်ပြီး ကျန်းရှုယောင်၏ ပန်းကန်ထဲကို အသားတွေ အဆက်မပြတ်ထည့်နေသည်။

ကျန်းရှုယောင် လက်လျှော့လိုက်ပြီး ယခုလိုသာပြောနိုင်တော့၏။

"အသားချည်း မထည့်ပါနဲ့...ဟင်းသီး ဟင်းရွက်တွေ ယူပါရစေဦး"

ရှဲ့ရွှင်း ကျန်းရှုယောင်အတွက် စားစရာအချို့ကို ကောက်ယူရန် အများသုံးတူကို ချက်ချင်း အသုံးပြုခဲ့သည်။

သိုးသား၏ နူးညံ့မှုနှင့် ချိုမြိန်မှုသည် ဟင်းရည်ထဲတွင် တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ ကြည်လင်ပြီး ထူထဲသော ဟင်းရည်အခြေခံသည် မွှေးရနံ့၊ ချိုမြိန်မှု၊ အဆီနှင့် လတ်ဆတ်သော အရသာများဖြင့် ပြည့်နေသည်။ ဂေါ်ဖီထုပ်ကို အထဲမှာ ပြုတ်ထားပြီး အသား၏ အူမားမီ အရသာကို စုပ်ယူထားပေမဲ့ အဝင်က အလွန်ရှင်းလင်းလေသည်။ ယင်းက ချိုပြီး အရသာရှိ၏။

တို့ဟူးနှင့် အတူတူပါပင်၊ ဟင်းရည်ကို စုပ်ယူထားသည်။ ဟင်းရည်ရုတ်တရက် စင်ပြီး အပူမလောင်အောင် ဂရုတစိုက်စားရပါမည်။ ကြာဇံက နူးညံ့ပြီး နှမ်းဆော့စ်ထဲ နှစ်လိုက်လျှင် ပျစ်နှစ်မှုထဲ ချက်ချင်းနစ်မြုပ်သွား၏။ ကောက်လိုက်သည့်အခါ နှမ်းဆော့စ်၏ မွှေးရနံ့တွေ ပြည့်နှက်နေသည့် ထူထဲစေးကပ်သောအထွေးလေး ဖြစ်သွားသည်။

အသီးအရွက်တွေ၏အရသာကိုလည်း လူတိုင်း ရှာဖွေတွေ့ရှိခဲ့ကြ၏။ သိုးသားကိုစားပြီးနောက် ခံတွင်းရှင်းရန် အသီးအရွက်ဟင်းလျာများကို တဖြည်းဖြည်းစားလာကြသည်။

ရေမှုန်ရေမွှားတွေကြားမှာ ဘယ်သူကမှ စကားမပြောလျှင်ပင် အသီးအရွက်တွေယူသည့်လုပ်ရပ်နှင့် လူတိုင်း၏မျက်နှာပေါ်မှာ ကျေနပ်သည့်အပြုံးကိုယ်စီက ညစာစားပွဲကို အလွန် အသက်ဝင်စေသည်။

သခင်မကြီးက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ရုတ်​တရက်​ သူမ သူမ၏ အသက်​ဝင်​​နေသာ မိသားစုကို ကြည့်​လိုက်​​သောအခါ အတော်လေး စိတ်မခိုင်ဖြစ်သွားရသည်။

သူမအသက်အရွယ်မှာ တစ်ချို့အရာတွေက လွှတ်ချလိုက်သည်နှင့် အမြဲတမ်း လွဲချော်နေမှာ မဟုတ်ပါချေ။ သူမ ယခင်နှစ်များက တည်ခင်းခဲ့သော ဟင်းလျာများကို ဆက်လက်စားနေသော်လည်း တက်ကြွသောလေထုတွင် သူမ၏စားချင်စိတ်သည် များစွာတိုးတက်လာခဲ့သည်။

သူမစားရန် ခေါင်းငုံ့ထားစဉ်မှာ ရုတ်တရက်ဆိုသလို တူတစ်စုံက ပြုတ်ထားသည့်သိုးသားကို သူမရှေ့က နှမ်းဆော့စ်ပန်းကန်ထဲထည့်လိုက်သည်။

သခင်မကြီး ထိတ်လန့်သွားပြီး မြို့စားရှဲ့ကို ဘေးတိုက်ကြည့်လိုက်သည်။

"နည်းနည်းလောက် စားပါ... အရသာကောင်းတယ်"

မြို့စားရှဲ့က သူ၏တူများကို နောက်ဆုတ်သွားပြီး သူမကို မကြည့်တော့ပေ။

သခင်မကြီး သိုးသားကို ကြောင်တက်တက် စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သိုးသားကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

သိုးသငယ်သားက အဆီဖြစ်ပြီး နူးညံ့သည်၊ပြည့်ဖောင်းပြီး မအီဘဲ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်။ အပြင်မှာ အေးစက်နေသော နှမ်းဆော့နှင့် ထုပ်ထားပေမဲ့ နွေးနေတုန်းပါပင်။ နို့နံ့သင်းသင်းလေးနှင့် အတူ သိုးသား စုပ်ယူထားသည့် ဟင်းရည်က ထွက်လာသည်။ အရသာရှိပြီး လေးပင်ကာ ဟင်းရည်က အရည်ကျဲသော်လည်း လွင့်ပါးမသွားနိုင်သော သင်းပျံ့သည့်ရနံ့ရှိသည်။

သိုးသားက နှမ်းဆော့စ်နှင့်အတူ သူမ၏ဝမ်းဗိုက်ထဲသို့ လျှောကျသွားသည်။အကိုက်သေးသေးလေး တစ်ကိုက်မျှသာဖြစ်သော်လည်း သူမ၏တစ်ကိုယ်လုံး ပူနွေးနေ၏။

သခင်မကြီးက ခေါင်းယမ်းကာ ခပ်တိုးတိုး ရယ်မောပြီး စားပွဲဝိုင်းရှိ လူများကို အခိုးအငွေ့များကတစ်ဆင့် ကြည့်လိုက်သည်။

ကျက်သရေရှိသောရှုရှီက မတ်တပ်ထရပ်ပြီး အမြွှာနှစ်ယောက်၏ပါးစပ်ထောင့်က ဆော့စ်ကို သုတ်ပေးနေသည်။ ရှဲ့ဖေးက ရှဲ့ရယ်ကို သူမ၏ တိုဟူးကောက်သည်ဟု စွပ်စွဲနေ၏။ညိုမည်းနေသောမျက်နှာဖြင့် သိုးသားကိုအပြောင်ရှင်းနေသော ရှဲ့ဟောင်က သူ့အတွက် နောက်ထစ်ခါယူပေးသည့်အတွက် ရှဲ့လီကို ကျေးဇူးတင်နေသည်။ကျန်းရှုယောင်၏ ပန်းကန်ထဲကို အသီးအရွက်တွေ ဆက်တိုက် ထည့်ပေးနေသည့်ရှဲ့ရွှင်း...

ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်သစ်ကူးအကြိုသည် အလွန်နွေးထွေးပြီး အသက်ဝင်နိုင်ကြောင်း သူမတွေ့ရှိခဲ့သည်။

---

Xxxxx