Chapter 137 [Extra]
နန်းတော်ရှိ နှစ်သစ်ကူးညစာ
ရှဲ့အိမ်တော်ရှိ နှစ်သစ်ကူးအကြိုနေ့သည် ယခင်နှစ်များနှင့်မတူသော်လည်း နန်းတော်ရှိ နှစ်သစ်ကူးအကြိုနေ့ကမူ အတူတူပင်ဖြစ်သည်။
ကိုယ်လုပ်တော်လင်းသည် လေအေးဖြင့် လွှမ်းထားသော နန်းတော်ညစာစားပွဲမှ ပြန်လာခဲ့သည်။ နန်းဆောင် တံခါးဝသို့ လှမ်းဝင်လိုက်သည်နှင့်ပင် ထိန်းမနိုင်သိမ်းမရ မောပန်းနွမ်းနယ်မှုက သူမတစ်ကိုယ်လုံးကို လွှမ်းမိုးသွားသည်။
သူမက အားနည်းစွာ လက်ဝှေ့ယမ်းပြပြီးပြောလိုက်သည်။
"ငါ့ဆံထုံးကို အရင်ဖြည်ပေးပါဦး" လေးလံသောရွှေငွေ လက်ဝတ်ရတနာသည် ဂုဏ်အသရေနှင့်အတူ ဝန်ထုပ်ဝန်ပိုးတစ်ခုလည်းဖြစ်သည်။
အစေခံမလေးများက သူမကိုခစားရန် ရှေ့တိုးလာသည့်အခါ ဘေးနားက နို့ထိန်းကမေးလေသည်။
"တော်ဝင်ကိုယ်လုပ်တော်... ထမင်းစားခန်းက မှိုဟင်းရည်နွှေးနေပါတယ်...တစ်ပန်းကန်လောက် လိုချင်ပါသလား"
ကိုယ်လုပ်တော်လင်းက ခန်းမထဲတွင် ထိုင်ကာ တစ်ညလုံး လေအေးအတိုက်ခံခဲ့ရ၏။ ဗိုက်က တင်းနေပြီဖြသည်။ နို့ထိန်းက မေးသောအခါတွင် သူမအနည်းငယ် ဗိုက်ဆာသလို ခံစားရသည်။ သူမက ခေါင်းညိတ်ပြီးပြောလိုက်၏။
"ငါ့ဗိုက်ကိုဖြည့်နိုင်မဲ့ တခြားတစ်ခုခု ယူလာပေးပါလား"
နို့ထိန်းက နောက်ပြန်ဆုတ်သွားပြီးနောက် ကိုယ်လုပ်တော်လင်းက စောင့်ဆိုင်းကာ ပုံမှန်အဝတ်အစားများ ပြောင်းလဲပြီး သူမ ပို၍ သက်တောင့်သက်သာ ခံစားခဲ့ရသည်။
အပြင်မှာ လွင့်နေသည့် နှင်းပွင့်တွေကို ကြည့်ပြီး ခေါင်းခါကာဆိုလိုက်သည်။
"နှင်းတွေကျပြန်ပြီ... အခုနှစ် နှစ်သစ် ညစာကိုလည်း နန်းဆောင် အသီးသီးကို လိုက်ပို့ပေးတယ် ထင်တာပဲ... ဒီလိုအေးတဲ့နေ့မျိုးမှာ ဘယ်လိုအစားအစာတွေ စားလို့ရမှာလဲ...ဘာပဲဖြစ်ဖြစ် အကုန် အေးစက်နေတာပဲကို"
အစေခံများက ခေါင်းငုံ့ပြီး စကားမပြောရဲကြပေ။
ကိုယ်လုပ်တော်လင်းက သူမ၏လက်ကောက်ကို ချွတ်ကာ သက်ပြင်းချပြီးဆို၏။
"ထားလိုက်ပါတော့...နန်းတော်ရဲ့ အခြောက်ကပ်ဆုံးအချိန်က နှစ်သစ်ကူးအကြိုနေ့ တဲ့"
သူမ နန်းဆောင်တံခါးဆီသို့ လျှောက်သွားပြီး လှမ်းကြည့်လိုက်သည်။ ကြီးမားလှသည့် နန်းတော်ကြီးက နှင်းဖြူတွေကြားမှာ ပိတ်မိနေပြီး ညဘက်ဖြစ်သဖြင့် သူမ သိပ်မမြင်ရပါချေ။
“ငါ အိမ်မှာရှိစဉ်တုန်းက ငါ့ညီမလေးနဲ့ နှစ်သစ်ကူးအကြိုကို ကုန်ဆုံးခဲ့တယ်... လူနည်းပေမဲ့ သက်ဝင်လှုပ်ရှားနေတာ... စားပွဲမှာ ပူပူနွေးနွေး ဟင်းလျာတွေနဲ့ ပြည့်နှက်နေပြီး ငါတို့ အတူတူ အတူတူ ဆုတောင်းခဲ့ကြတယ်...ဒီနန်းတော်မှာလည်း အဲလိုပဲ လူတော်တော်များများက နှစ်သစ်ကို ကုန်ဆုံးကြဖို့ ငါဖြစ်စေချင်တယ်...အထီးကျန်ပြီး ခြောက်ကပ်နေမဲ့အစားလေ..."
ကိုယ်လုပ်တော်လင်းက ညည်းတွားနေ ပြီး နန်းတွင်သူတွေက ပါးစပ်ပိတ်ပြီး နားထောင်နေပေမဲ့ သူတို့အနေဖြင့် ဤနန်းဆောင်က ထွက်ပြီးသည်နှင့် ကြားသမျှကို မေ့ထားကြရသည်။
ကိုယ်လုပ်တော်လင်းက ခေါင်းလှည့်ကာ သူတို့၏ တုန်တုန်ယင်ယင် အသွင်အပြင်ကို ကြည့်ပြီး ရုတ်တရက် မေးသည်။
"နင်တို့ အိမ်လွမ်းနေလား"
အစေခံများ အံ့သြသွားကြသည်။ သူတို့က ချက်ချင်း ဒူးထောက်လိုက်ကြပြီး လူတွေက ခန်းမအနှံ့ ဒူးထောက်နေကြ၏။
ကိုယ်လုပ်တော်လင်းက သူမနားသယ်တွေကို ပွတ်သပ်ပြီး အကူအညီမဲ့စွာဆိုသည်။
"ဘာကိုကြောက်နေတာလဲ... ဒီနန်းတော်မှာ တခြားတစ်ယောက်ရှိသေးလို့လား...ထတော့"
ခန်းမအတွင်းက လေထုက ငြိမ်သက်နေချိန်မှာပဲ မိန်းမစိုးတစ်ယောက်က အပြင်ကနေ ရုတ်တရက် ပြေးလာပြီးလျှောက်သည်။
"နျန်နျန်း...ရှဲ့သခင်မက တစ်ယောက်ယောက်ကို နန်းတော်အပြင်ကနေ စားစရာနဲ့ အိုး ယူလာခိုင်းတယ်"
မိန်းမစိုး၏ အံ့အားသင့်သောအသံသည် နန်းတော်အတွင်းရှိ လေထုကို ရုတ်သိမ်းလိုက်ပြီး ကိုယ်လုပ်တော်လင်း၏ နှလုံးသားထဲရှီ စိတ်မချမ်းမြေ့မှုများ ပျောက်ကွယ်သွားသည်။ သူမ စကတ်ကို မလိုက်ပြီး ခန်းမထဲက ထွက်လာခဲ့သည်။
"ဒါက ငါ့အတွက် လက်ဆောင်လား... စားဖို့လား"
သူမက ရေရွတ်လိုက်သည်။
"ဟမ့်... ဒီနန်းတော်မှာ ငါမရနိုင်တဲ့ စားဖွယ်စုံတွေ ရှိသလား...သူက ငါ့ကိုနှစ်သစ်ကူးပွဲကျင်းပနေတဲ့အချိန်မှာ စားစရာတစ်ခုခု ပေးမှာတဲ့လား"
ယခုလိုပြောနေပေမဲ့ သူမမျက်နှာပေါ်က အပြုံးက ထိန်းမနိုင်သိမ်းမရဖြစ်နေသည်။သူမ၏ တည်ငြိမ်သော ခြေလှမ်းများ ပျောက်ဆုံးသွားကာ ကြည့်ရန် ကမန်းကတန်း ရောက်လာသည်။
နှစ်သစ်ကူးလက်ဆောင်များနှင့် နှိုင်းယှဉ်ပါက ကျန်းရှုယောင် ပေးသောပစ္စည်းများသည် အလွန်ရိုးရှင်းသည်။ကြေးအိုးတစ်လုံး၊ဝက်ပေါင်ခြောက် ၊ဝက်အူချောင်းအနည်းငယ်နှင့် ချဉ်ဖတ်အိုးတစ်လုံး။
ကိုယ်လုပ်တော်လင်း ချဉ်ဖတ်နံ့ဖျော့ဖျော့ကို အနံ့ရလိုက်သည်။
"ဒီအနံ့က ဘာလဲ"
သူမ မျက်မှောင်ကြုတ်ကာ ကျန်းရှုယောင်ထံမှ စာတစ်စောင်ကို မိန်းမစိုး၏လက်ထဲမှ ယူလိုက်သည်။
သူမဖွင့်လိုက်သည်နှင့် စာလုံးက ခွေးတွားနေသော စာလုံးများ စာမျက်နှာအပြည့်ဖြစ်သည်။
ကိုယ်လုပ်တော်လင်းက သူမဘာသာသူမ ရေရွတ်၏။
"ဒီကောင်မလေးက မသိနားမလည်မှန်း ငါသိပါတယ်...ဒါပေမဲ့ မြင်နိုင်တဲ့ စကားလုံးတွေ ရေးရတာ ဘယ်လောက် ခက်လို့လဲ...ဘယ်လိုပဲဖြစ်ဖြစ် မဟာပါရမီရှီတစ်ယောက်နဲ့ လက်ထပ်ထားတာကို...သူက(ရှဲ့ရွှင်း) ကောင်းကောင်း ပျိုးထောင်ပေးရမဲ့ဟာ"
စာထဲမှာပါသည့် ပထမစာကြောင်းမှာ "ဒေါ်လေး...ကျွန်မလက်ရေးကို မကြိုက်တာမျိုး အလောသုံးဆယ် မလုပ်ပါနဲ့"
ကိုယ်လုပ်တော်လင်း၏ မကျေနပ်ချက်များသည် ချက်ချင်းပင် လည်ချောင်းထဲတွင် နစ်မြုပ်သွားကာ ထူးဆန်းသော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည်။
"နန်းတော်မှာ အရာအားလုံးရှိတယ်ဆိုတာ ကျွန်မသိပါတယ်...ဒေါ်လေးက
ဘာမှ ချို့တဲ့တာမဟုတ်ဘူး...ဒါပေမဲ့ နန်းတော်မှာ စားစရာတွေအကုန်လုံးက ဈေးကြီးတဲ့ဟာတွေချည်း... အရသာကျ ကျေးလက်အရသာ နည်းနည်းလိုအပ်နေတယ်...ဒါကြောင့် ကျွန်မ ဒါကို ပို့လိုက်တာ...နှစ်သစ်မှာ အရသာရှိတဲ့ ဟင်းလျာ အချို့ကို စားပြီးရင် မျှတတဲ့ အစားအစာအချို့ကိုလည်း စားသုံးရမယ်...ဒါမှ အရသာအပြည့်ရှိမှာလေ"
အောက်က ဟင်းချက်နည်းအချို့လိုက်ပါလာသည်။
၎င်းကိုဖတ်ပြီးနောက် ကိုယ်လုပ်တော် လင်း ခဏမျှ နှုတ်ဆိတ်သွားပြီး စာရွက်ပေါ်ရှိ ဟင်းချက်နည်းကို မိန်းမစိုးထံသို့ ပေးလိုက်သည်။ သူမ၏ လေသံက ပျော့ပျောင်းပြီး ကျိုးကြောင်းဆီလျော်နေသည်။
"ဒီကောင်မစုတ်လေးမှာ အသိတရားရှိတယ်လို့ ပြောရတာ တရားမျှတပါတယ်"
ကျန်းရှုယောင်ဆီက အစားအသောက်များကို မီးဖိုချောင်သို့ ပို့ဆောင်ခဲ့သည်။
အားလုံးက သူတို့ရှေ့မှအိုးကြမ်းကြီး၊ ဝက်အူချောင်းတွေနှင့်ဝက်ပေါင်ခြောက်တွေ အများကြီးကို ကြည့်ပြီး အံသြသွားကြသည်။ကိုယ်လုပ်တော်လင်းနန်းဆောင်မှာ မဆိုထားနှင့် ၊ထိုသို့သော ပါဝင်ပစ္စည်းများ နန်းတော်တွင် မပေါ်လာသင့်ကြောင်း လူတိုင်းသိသည်။
မိန်းမစိုးတစ်ယောက်က ချဉ်ဖတ်ဘူးအဖုံးကိုဖွင့်လိုက်သည့်က ထမင်းစားခန်းထဲမှာ ချဉ်ငန်နံ့တွေ ရုတ်တရက်ပြည့်လာသဖြင့် ထိတ်လန့်သွားပြီး အဖုံးကို ချက်ချင်း ပြန်ပိတ်လိုက်၏။
"ဒါ...ဒါကဝက်ပေါင်ခြောက်လား"
မိန်းမစိုးတစ်ယောက်က ဝက်ပေါင်ခြောက်ကို မြှောက်လိုက်သည်။ဝက်ပေါင်ခြောက်ကို အပြင်မှာ အကြာကြီး ခြောက်သွေ့အောင် ချိတ်ထားသည့်အတွက် မျက်နှာပြင်မှာ ဖုန်မှုန့်တွေနှင့် ပြာတွေ ရှိနေသည်။တော်ဝင်မျိုးနွယ်ကို တည်ခင်းရမည်ဆိုပါက အသုံးမပြုမီ သေချာစွာ ဆေးကြောရသည်။
နန်းတွင်းသူတစ်ယောက်က ဝက်အူချောင်းကို ယူလာပြီး "ဒါက ဆန်းပြားပုံပဲနော် "ဟု ပြုံးပြုံးရွှင်ရွှင်နှင့်ပြော၏။ကြည့်ရသည်က အရသာမရှိဟန်မတူပေ။
သူမက ငယ်ရွယ်ပြီး သူမ၏ အတွေးထဲတွင် ပေါ်လာသည်နှင့် စကားတစ်ခွန်းကို ပြောလိုက်သည်။ သူမကိုဘယ်သူမှပြန်မဖြေဘူးဆိုသည်ကို သတိထားမိရန် အချိန်အတော်ကြာခဲ့ပြီး သူမက စည်းကမ်းဖောက်ဖျက်ခဲ့မိခြင်း ဖြစ်နိုင်သည်။ သူမ ပါးစပ်ပိတ်ကာ ခေါင်းငုံ့ပြီး ဒဏ်ခတ်မှုမှန်သမျှကို နားထောင်ရန် တုန်လှုပ်စွာဖြင့် စောင့်နေသည်။
အချိန်အတော်ကြာအောင် စောင့်ပြီးသည်အထိ ထမင်းစားခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
နန်းတွင်းသူ တိတ်တိတ်လေး ခေါင်းမော့လိုက်စဥ်တွင် အမြဲတမ်း တင်းမာသော အထိန်းတော်ဖြစ်သူက မျက်ရည်များကို သုတ်နေပုံရပြီး နံရံကို မျက်နှာမူထားကြောင်း တွေ့လိုက်ရသည်။
မျက်ရည်သုတ်နေတယ်...
ဤအထင်သည် အံ့သြစရာကောင်းလွန်းလှသည်။ သူမ မကြောက်တော့ဘဲ စူးစူးရဲရဲ စူးစမ်းသော မျက်လုံးဖြင့် ရှေ့သို့ တိုးသွားကာ အထိန်းတော်၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသည်။
သူမ ခိုးဝှက်ပြီး အထိန်းတော်၏ အင်္ကျီလက်ကို ထိလိုက်ရာ တစ်ဖက်က အံ့အားသင့်သွားသည်။ သူမက လှည့်ကြည့်လာပြီး ပထမဆုံးအကြိမ် ပြုံးပြလိုက်သည်။
"အဆင်ပြေပါတယ်...နန်းတော်ထဲမ၀င်ခင်က ကိုယ့်ဘဝအကြောင်းကို တွေးနေရုံပါ"
အထိန်းတော်က ဝက်ပေါင်ခြောက်ကို ကို ကြည့်ပြီးဆို၏။
"ငါ့အဖေက မုဆိုးလေ... အမဲလိုက်ရာက ပြန်လာတဲ့အခါ အသားကိုဆားပွတ်ပြီး လေအခြောက်လှန်းထားပြီး ဝက်ပေါင်ခြောက်လုပ်တယ်...အဲလိုဆို အေးတဲ့ဆောင်းရာသီမှာ ပုတ်သွားမှာမဟုတ်ဘူးလေ... ဟင်းချိုဖြစ်အောင် အိုးထဲတစ်ပြားလောက်လှီးထည့်ပြီးသောက်ကြတယ်... ဆောင်းရာသီမှာ အသားနဲ့ အစားအသောက်ကောင်းတွေကို မြည်းစမ်းနိုင်တယ်လေ"
နန်းတော်ထဲကို ဝင်ပြီးလျှင် နန်းတော်ထဲကို မဝင်ခင်က အကြောင်းအရာတွေကို ပြောရန် တားမြစ်ထားသည်။ ဤစကားကိုကြားသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ အမြဲတမ်း လျောက်ပတ်ပြီး လေးစားစရာကောင်းသော အထိန်းတော်က ဤကဲ့သို့ အမှားမျိုး ကျူးလွန်နိုင်ပုံကို အံ့သြသွားကြသည်။
မမျှော်လင့်ဘဲ သူမဘေးမှာထိုင်နေသည့် မိန်းမစိုးက ရုတ်တရက်ဆို၏။
"မင်းအိမ်မှာက အသားတွေရှိသေးတယ်... ငါ့အိမ်က ဆောင်းရာသီမှာ ချဉ်ဖတ်တွေပဲ စားနိုင်တယ်"
သူ၏ မီးခိုးရောင်ဆံပင်များက သူပြောလိုက်သောအခါတွင် သူ့ဘဝ လောကဓံများ၏ခံစားချက်ကို အမြဲဆောင်ကြဉ်းပေးသည်။
“ဆယ်စုနှစ်တွေကြာတော့ အနံ့ကို မေ့လိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်”
သူက မျက်တောင်ခတ်ပြီး သူ့မျက်လုံးများ၏ နာကျင်မှုများကို ပျောက်ကွယ်သွားအောင် လုပ်လိုက်သည်။
"နန်းတော်ထဲဝင်ပြီးရင် ဒီတစ်သက်မှာ ဘယ်တော့မှ မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ"
နန်းတော်ထဲကို ဝင်လိုက်သည်နှင့် မင်းက တစ်စုံတစ်ယောက်၏ သားသမီးတွေ မဟုတ်တော့ဘဲ မိန်းမစိုးတွေနှင့် နန်းတွင်းသူတွေ ချည်းပါပင်။ နန်းတော်တံတိုင်းကိုဖြတ်ပြီး မိုးကုပ်စက်ဝိုင်းကိုပင် မမြင်ရပေ။အိမ်လွမ်းနာ နေနေသာသာ နန်းတော်ထဲမ၀င်ခင်က မိမိနာမည်ကိုပင်မေ့လုနီးပါး။
မထင်မှတ်ဘဲ နှစ်တွေကြာလာကာ နန်းတော်အပြင်ဘက် သို့မဟုတ် အိမ်ရှိနေရာ ကမ္ဘာကြီးကို မေ့သွားခဲ့ကြပေမဲ့ သူတို့၏ ငယ်ဘဝကို မမေ့နိုင်ကြပါချေ။
ပြတင်းပေါက်အပြင်ဘက်တွင် ဆီးနှင်းများ ပိုမိုထူထပ်လာပြီး ညဘက်တွင် ပါးလွှာသော ပင့်ကူအိမ်တစ်ခုကို ယက်လုပ်ထားသည်။
"တရုတ်နှစ်ကူးပြီ" ဟု ဘယ်သူက အရင် ရေရွတ်မိလိုက်သည်မသိ။ အားလုံးက ပြတင်းပေါက်ကနေ ခဏလောက် မျှော်ကြည့်နေကြသည်။
မီးရှူးမီးပန်းများမရှိဘဲ လေ နှင့် နှင်းများသာရှိသော်လည်း နှစ်သစ်ကူးကာလကို လူတိုင်းက အမှန်တကယ် ခံစားရသည်။
"ဟုတ်တယ် နှစ်သစ်ကူးပြီ"
"ကောင်းပြီ ဟင်းချက်ကြရအောင်...နျန်နျန်း အကြာကြီးမစောင့်ရစေနဲ့"
"ကောင်းပြီ... မီးဖိုကို သန့်စင်ပြီး မီးညှိလိုက်ပါ... အားလုံး ပျော်ပျော်နေကြ...တော်ဝင်ကိုယ်လုပ်တော်က ပျော်ရွှင်စွာစားရင် သူက ငါတို့ကို ဆုချပြီး ပြုတ်ထားတဲ့ အသားနဲ့ ချဉ်ဖတ်တွေကို မြည်းစမ်းကြည့်ခိုင်းလိမ့်မယ်"
တဖြည်းဖြည်းဖြင့် မီးဖိုချောင်သည် ယခင်အလုပ်များပြီး စနစ်ကျသောအသွင်အပြင်ကို ပြန်လည်စတင်ခဲ့သော်လည်း နှစ်သစ်အတွက် သင့်လျော်သော စိတ်လှုပ်ရှားမှုတစ်ခုဖြစ်သည့် ၎င်းတို့ကြားတွင် စိတ်လှုပ်ရှားမှုအနည်းငယ်ရှိပုံရသည်။
မကြာမီ ကြေးနီဟော့ပေါ့ အဆင်သင့်ဖြစ်ပါပြီ။ဆူနေသောကြေးနီအိုးကို စားပွဲပေါ်တင်လိုက်သည်နှင့် ခန်းမတွင်းရှိ လေအေးများစွာ ပျောက်ကွယ်သွားသည်။
ကြေးအိုးထဲက အရိုးဟင်းရည်က အလွန် ကြည်လင်နေပြီး ထွက်နေသည့်အပူငွေ့များကလည်း ပေါ့ပါးပြီး နွေးထွေး၏။ နှာခေါင်းပေါက်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး ဗိုက်ဆာလာကာ ရုတ်တရက် သက်သာရာရသွားသည်။
မျှတသည်ဟုဆိုသော်လည်း ပုဇွန်၊ ဝက်သားနှင့် အေးခဲထားသော တို့ဟူးကဲ့သို့သော ပါဝင်ပစ္စည်းများ မနည်းပါချေ။ ထိပ်ကိုတူဖြင့် ကော်လိုက်သောအခါ အောက်ခြေတွင် ချဉ်ဖတ်များဖြင့် ပြည့်နေပြီး ပွက်ပွက်ဆူနေသော ဟင်းရည်နှင့်အတူ ချဉ်သောရနံ့များ ဆက်လက်မြင့်တက်နေသည်။
ကိုယ်လုပ်တော်လင်းက ဟင်းရည်ပန်းကန်သေးသေးလေးတစ်လုံးကို ဇွန်းသေးသေးလေးနှင့် သောက်လိုက်၏။ သူမ၏ ပါးစပ်သည် အငန်ဓတ်အနည်းငယ် နှင့် လတ်ဆတ်သော ချဉ်ဖတ်အရသာတို့နှင့် ပြည့်နေသည်။ ပူနွေးသောဟင်းရည်က သူမ၏လည်ချောင်းထဲတွင် တရစ်ရစ်ဝဲနေပြီး နွေးထွေးမှုက သူမ၏ခြေလက်များတစ်လျှောက် စီးဆင်းသွားသည်။ သူမ မနေနိုင်ဘဲ သက်တောင့်သာရှိစွာ သက်ပြင်းချမိသည်။
အခြားအရာများ ထဲက ချဉ်ဖတ်နှင့် အသားရနံ့များ ပြည့်ဝသော ဤအရိုးဟင်းရည်လေးသည် တစ်ပန်းကန်လုံးပြီးနောက် သူမကို နောက်တစ်ပန်းကန် ထပ်ထည့်အောင် လုပ်ပေးနိုင်သည်။
ပန်းကန်လုံးသေးသေးလေးက အောက်ခြေပေါ်လာပြီး နောက် တစ်ပန်းကန် ထပ်ဖြည့်ရန် ပြင်ဆင်နေချိန်မှာ မိန်းမစိုးတစ်ယောက် ရုတ်တရက် ရောက်လာပြီး လျှောက်သည်။
"နျန်နျန်း...မိဖုရားက နှစ်သစ်ကူး ညလယ်စာလာစားဖို့ တောင်းဆိုလိုက်တယ်"
ကိုယ်လုပ်တော်လင်း အံ့သြသွားပြီး “ညလယ်စာ...အဲဒါ ဘာလဲ"
"အရှင်မင်းသားက နန်းတော်အပြင်ဘက်က ကြေးအိုးတစ်လုံးယူလာတယ်တဲ့...သူတို့က ဟော့ပေါ့လုပ်ဖို့လို့ ပြောကြတယ်"
ကိုယ်လုပ်တော်လင်း သူမရှေ့က ကြေးအိုးကို ကြည့်ပြီး စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးနောက် “ ဘယ်လိုလုပ်ရတယ်လို့ အရှင်မင်းသားကပြောလဲ ” ဟု မသေချာမရေရာ မေးသည်။
မိဖုရားစေလွှတ်လိုက်သော မိန်းမစိုးက ဦးညွှတ်ပြီး ပြန်ဖြေ၏။
"နျန်နျန်းကို ပြန်ဖြေပါတယ် မိဖုရားနျန်းနျန်းက ထမင်းစားခန်းထဲက လူတွေကို စဉ်းစားခိုင်းနေမဲ့အစား...အရှင်မင်းသားက မြန်မြန်စားလို့ ရအောင် လာခဲ့ပါတဲ့"
လေပူတွေကြားက ကိုယ်လုပ်တော်လင်းက သူမရှေ့ရှိ အဖြူအမှုန်တွေကို ဝှေ့ယမ်းကာ ရယ်မောလိုက်သည်။
“ဒီနန်းဆောင်မှာ ဟင်းချက်နည်းတချို့ ရှိတယ်ဆိုတာ မင်း အရှင်မင်းသား သွားပြောပြီး... မိဖုရားနျန်နျန်းကို သနားငဲ့ညှာပြီး ငါနဲ့ အတူလာစားမလားမေးလိုက်"
မိန်းမစိုးက သံသယရှိသော်လည်း ကိုယ်လုပ်တော်လင်း၏စကားကို နားထောင်ကာ ပြန်သွားပြီး စကားကို ဖြန့်လိုက်သည်။
ခဏအကြာတွင် အိမ်ရှေ့စံနှင့် မိဖုရားကြီးသည် လေနှင့် နှင်းများအောက်သို့ ရောက်ရှိလာပြီး ကြေးအိုးကိုကိုင်ဆောင်ထားသော မိန်းမစိုးတစ်ဦးက ၎င်းတို့နောက်မှ လိုက်လာခဲ့သည်။
ခန်းမထဲကို ဝင်လိုက်သည်နှင့် အိမ်ရှေ့စံမင်းသားက အံ့အားသင့်သွား၏။
"အကုန်လုံးစားလိုက်ပြီလား..."
မိဖုရားက ခေါင်းခါပြီး ကိုယ်လုပ်တော်လင်းကို အကူအညီမဲ့စွာ ပြုံးပြသည်။
ကိုယ်လုပ်တော်လင်းက သူမလက်ကိုကိုင်ပြီးဆို၏။
"မမ လာဖို့ ဆန္ဒရှိလို့ ဝမ်းသာပါတယ်... ခန်းမက သိပ်ကိုခြောက်က်နေတယ်... တရုတ်နှစ်သစ်ကူးနဲ့ မတူဘူး"
မိဖုရားက ငယ်စဉ်ကလေးဘဝကတည်းက နှစ်သစ်ကို ရွှင်မြူးစွာ မကျင်းပခဲ့ဖူးပါချေ။ ကိုယ်လုပ်တော်လင်း၏ ခံစားချက်များကို သူမနားမလည်သော်လည်း သူမကပြုံးလိုက်သည်။
"လူတွေအများကြီးပဲကို... ဘယ်လိုလုပ် ခြောက်ကပ်မှာလဲ"
အိမ်ရှေ့စံက ကိုယ်လုပ်တော်လင်းနှင့် အကြာကြီးမနေသင့်ကြောင့် လူတိုင်းသိသည်။သို့ပေမဲ့ ဧကရာဇ်ကလွဲ၍ သူ့အပြစ်ကို ဘယ်သူမှ မထောက်ပြရဲကြပေ။စိတ်ဓာတ်သေးသိမ်မှုမရှိဘဲ ဘယ်သူကမှ တရားရုံးကို တိုင်ကြားမှာ မဟုတ်ပါချေ။ထို့ကြောင့် သူက လျစ်လျူရှုကာ ဆက်နေပြီး သုံးယောက်သား စားပွဲဝိုင်းတွင် ထိုင်ကြသည်။ နှမ်းဆော့စ် တည်ခင်းပြီးသည်နှင့် အစေခံက ချက်ခြင်း ပြန်ထွက်သွား၏။
မည်သို့ပင်ဖြစ်စေ သူကလည်း ကြေးအိုးတစ်လုံး ယူလာသည်၊ထို့ကြောင့် ကိုယ်လုပ်တော်လင်းက ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းအရသာပါသည့် ကြေးနီဟော့ပေါ့ကို တစ်စုံတစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်သည်။
စိတ်လှုပ်ရှားဖွယ်အပြည့်ဖြင့် အိုးနှစ်လုံးကို စားပွဲပေါ်တွင် တင်ထားသည်။ဤသည်ကို နှစ်သစ်ဟုခေါ်၏။
လက်ရှိအချိန်မှာ ပြောစရာမလိုတော့ပါချေ၊တူတွေကို ဆန့်ပြီး စားလိုက်ရုံပါပင်။
Xxxxxx