အပိုင်း ၁၃၈
Viewers 18k


Chapter 138 [Extra ]
နန်းတော်ရှိ နှစ်သစ်ကူးညစာ/မော့ပေ



ချဉ်ဖတ်က အလွန် များသဖြင့် ဆယ်သည့် အခါမှာလည်း ချဉ်ဖတ်နှင့် ဝက်ဗိုက်သား အများကြီးကိုယူရသည်။ ပူနေအချိန်မှာ ပါးစပ်ထဲထည့်လိုက်သည်နှင့် ဝမ်းသာအားရ မျက်လုံးတွေ ချက်ချင်းမှေးစင်းသွားလိမ့်မည်။

ဝက်သားကို ပါးပါးလှီးထားပြီး အဆီများ၏။ ဟင်းချက်သည့်အခါ ဖြူပြီး နူးညံ့ပေမယ့် ချဉ်ဖတ်နှင့်စားသည့်အခါ လုံးဝမအီပါချေ။အဆီပေမဲ့မအီသော ဝက်ဗိုက်သားက အလွန်နူးညံ့ပြီး သိပ်သည်းသည့်အရသာရှိ၏။ ချဉ်ဖတ်အရသာနှင့် မူရင်းအသားရနံ့တို့နှင့်အတူ ပါးစပ်ထဲတွင် အရည်ပျော်သွားသည်ဟု ဆိုနိုင်သည်။

ချဉ်ဖတ်များများပြုတ်လေ အရသာပိုရှိလေဖြစ်သည်။ အချဉ်ဓာတ်က ကြာရှည်ခံသည်။ ချဉ်ပေမဲ့ ပိုငန်ပြီး စားချင်စရာပါပင်။ငါးဆုပ်နှင့်ပုစွန်တွေ၏ တစိမ်းစိမ်အရသာနှင့်အတူ ချဥ်ပြီး လတ်ဆတ်သည်။အဆင်သင့်အပြည့်ရှိနေသည့် ချဉ်ဖတ်တွေက နူးညံ့ပြီး ကြွပ်ကြွပ်လေးနှင့် ချဉ်မွှေးမွှေးလေးဖြစ်ကာ ဟင်းရည်တစ်ကိုက်စာပါအတူပါလေသည်။

ချဉ်ဖတ် ခပ်များများညှပ်ယူပြီး ဝက်ဗိုက်သားလွှာနှင့် အုပ်ကာ ပါးစပ်ထဲ ထည့်လိုက်ပါ။ လတ်ဆတ်၊ သိပ်သည်း၊ လန်းဆန်းပြီး အရသာက အံ့သြစရာကောင်း၏။

အိုးကအနည်းငယ်လျော့သွားပြီးနောက် သိုးသားကိုချက်ပြုတ်နိုင်သည်။ ချဉ်ဖတ်မွှေးမွှေးနှင့် သိုးသားက တကယ်ကို လိုက်ဖက်ပါ၏။ သိုးသငယ်သားက အလွန်နူးညံ့သည်။

ချဉ်ဖတ်က သိုးသားအနံ့ကို ဖယ်ထုတ်ပြီး အဆီနံ့သာ ကျန်ရစ်သည်။ ပါးပါးလှီးထားသောအသားက အလွန်နူးညံ့ပြီး အဆီနည်းအသားများထဲက အသားများဖြင့် ဝါးနေရသည်။

ဤအချိန်မှာ ဝက်အူချောင်းနှင့် ဝက်ပေါင်ခြောက်အိုးက အဆင်သင့်ဖြစ်နေလေပြီ။အတွင်းမှာရှိသည့် ဟင်းသီးဟင်းရွက်တွေက ချဉ်ဖတ်မဟုတ်တော့ဘဲ ဂေါ်ဖီထုပ်နှင့် မှိုတွေဖြစ်သည်။ ဝက်အူချောင်းနှင့်ဝက်ပေါင်ခြောက်၏ အငန်အရသာက ဟင်းရည်ထဲတွင် ပြန့်ကျဲနေသည်။ ဆားမထည့်ဘဲ ဂေါ်ဖီထုပ်မှာလည်း အငန်အရသာရှိနေ၏။

ချဉ်ဖတ်နှင့် အဖြူရောင်အသားအိုးက ချဉ်ပြီး လတ်ဆတ်ကာ ဝက်အူချောင်းနှင့်ဝက်ပေါင်ခြောက်အိုးက ဆားနယ်ထားသော အသား၏ ထူးခြားသော အငန်အရသာကို အရသာရှိစေမည်ဖြစ်သည်။ ဝက်ပေါင်ခြောက်က အလွန်အဆီများပြီး တောက်ပပြောင်လက်နေသော အဆီပိုင်းကြီး တစ်ပိုင်းဖြစ်သော်လည်း လုံးဝမအီပါချေ။ အရသာပို​ခံလေလေ ပိုချိုလေလေပါပင်။ ဝက်အူချောင်းကလည်း ငန်သည်၊ ဟင်းရည်ထဲမှာ နူးညံ့ပြီး အရသာက ငန်ပြီး မွှေးနေဆဲဖြစ်သည်။သစ်သားလိုလည်းမမာ၊ အဆီလည်းမများဘဲ ကွက်တိဖြစ်သည်။

မှန်သည်ပင်၊ သူတို့ သုံးယောက်က ယခုလို အိုးကြီးနှစ်လုံးကို ကုန်အောင် မစားနိုင်ကြပါချေ။ခေါင်းကိုမြုပ်ပြီး နဖူးပေါ်မှ ချွေးပါးပါးလေးစို့နေရင်း ဖြည်းညှင်းစွာ စားသောက်ကြသည်။

ခဏလောက်စားပြီး မော့ကြည့်လိုက်သည်အခါအိုးထဲမှာ တစ်ပုံတစ်ပင်ကြီး ရှိသေး၏။

ကိုယ်လုပ်တော်လင်းက လက်ခုပ်တီးကာ
"ဘာပဲဖြစ်ဖြစ် ဒီနှစ်သစ်ကူးအကြိုမှာ ငါတို့အားလုံး အတူတူပျော်ကြတာပဲ... ခွဲလိုက်ရင် ငါတို့အားလုံး မြည်စမ်းလို့ရတာပေါ့"

အစေခံများက အံ့ဩသွားပြီး ချက်ချင်းပြန်မဖြေကြပေ။

ကိုယ်လုပ်တော်လင်းက စားပွဲကို လက်ဖြင့်ပုတ်ကာ ရယ်မော၍ဆိုသည်။

"စိတ်မပူပါနဲ့ စိတ်မပူပါနဲ့...ဆုလာဘ်က အများကြီးရှိမှာပါ"

အစေခံများက အလျင်အမြန် ဦးညွှတ်ကြပြီး မိဖုရားက ပါးစပ်ကို အုပ်၍ ရယ်မောကာ "မင်းကတော့... သူတို့ကို မခြောက်ပါနဲ့လားကွယ်" ဟု ပြောလေသည်။

အလုပ်များသည့်နှစ်ပြီးလျှင် လူတိုင်းက ရက်ရောသည့် ဆုလာဘ်ကို စောင့်မျှော်နေကြ၏။သို့ပေမဲ့ ကောင်းကင်မှာ နှင်းတွေပြည့်နေသည့် နှစ်သစ်ကူးအကြိုနေ့မှာပဲ ရှိသေးသည်။ဤအခိုက်အတန့်မှာ သူတို့အလိုချင်ဆုံးအရာက နှစ်သစ်ကူးအရသာအပြည့်နှင့် ချက်ထားသော ဟင်းတစ်ခွက်ပါပင်။

တင်းမာပြီး တင်းကျပ်သောလေထုဖြင့် ပြည့်နှက်နေတတ်သော နန်းဆောင်သည် တဖြည်းဖြည်း အသက်ဝင်လာသည်။ အားလုံးက မျက်နှာပေါ်မှာ အပြုံးကိုယ်စီနှင့် ပန်းကန်ကို ကိုင်ထားကြ၏။ အချို့က တကျိုက်တည်းမော့ပြီး အချို့က ဖြည်းညှင်းစွာ မျိုချကြသည်။ သူတို့မျက်နှာမှာ ဖုံးကွယ်ထားသော မျက်ရည်များနှင့် နီရဲနေသော မျက်လုံးများရှိနေကြသည်ါ

မည်သို့ပင်ဖြစ်စေ ကိုယ်လုပ်တော်လင်းက ဆုချသည့် အစားအစာကို စားပြီးသည့်အခါ လူတိုင်းက ရှားရှားပါးပါးအပန်းဖြေသည့် အခိုက်အတန့်ကို လောဘကြီးစွာ ဆုပ်ကိုင်လိုက်ကြ၏။ ကောင်းကင်မှာ ပျံဝဲနေသည့် နှင်းပွင့်လေးတွေကို အတူတူကြည့်ကြသည်။ အားတက်သရော ရှုရှိုက်ရင်း ပြုံးပြီး ဆုပြကြ၏။

"နှစ်သစ်က တကယ်ကောင်းတယ်"

ထိုသည်များက သူတို့ နှစ်အတော်ကြာအောင် မပြောခဲ့ကြသည့် စကားများပါပင်။

*

နှစ်သစ်ကူးအကြိုပြီးနောက်တွင် ကိုယ်လုပ်တော်လင်း၏ညီမ သခင်မရှန်းယန်က လူနာနှစ်သစ်၏ ခုနစ်ရက်မြောက်နေ့တွင် မွေးဖွားခဲ့သောကြောင့် စိတ်လှုပ်ရှားဖွယ်ရာများ ပျောက်ကွယ်သွားခြင်းမရှိပေ။ ကိုယ်လုပ်တော်လင်းသည် ပျော်ရွှင်ခဲ့ပြီး လူတိုင်းကို ဆုချခဲ့သည်။

မှန်သည်ပင်၊ ကိုယ်လုပ်တော်လင်း၏နန်းတော်သာမက မြို့တော်တစ်ခုလုံးလည်း ဖြစ်ပေသည်။

လင်းရှီမှာ သားတစ်ယောက်ရှိလာခြင်းက သူမအနာဂတ်အတွက် စိုးရိမ်စရာမရှိတော့ဟုဆိုလိုခြင်းဖြစ်သည်။သူမသည် အမြဲတစေ သူမကိုယ်သူမ သခင်ရှန်းယန်အတွက် အနည်းငယ်ပို၍ အရေးပါအောင်လုပ်ချင်သောကြောင့် ကိုယ်ဝန်ရှိချင်ခဲ့သော်လည်း ယခုအခါ မတူတော့ပေ။ သူမ၏ စိတ်နေစိတ်ထား အပြောင်းအလဲသည် ဤဘဝသစ်သို့ ရောက်ရှိလာခြင်းကို စောင့်မျှော်စေသည်။

သူမနားထဲတွင် ကျိုးရှီ၏တကျီကျီလုပ်သံတို့ မရှိဘဲ မီးတွင်းအတွက် တစ်လပြည့်အောင် ကုတင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။

သူမ၏မီးတွင်းကာလ ပြီးဆုံးပြီးနောက်တွင် ကျိုးရှီက မြို့တော်သို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။

သူမ တစ်လနောက်ကျသွားပြီး လင်းရှီက ခဏလောက် မကျေမနပ်ညည်းညူနေခဲ့၏။

ကျိုးရှီက အတော်လေး အကူအညီမဲ့နေသည်။

"ငါ အတတ်နိုင်ဆုံး ကြိုးစားထားတာပါ"

သူမ မော့ပေသို့ သုံးလခန့်သာ ပြန်သွားခဲ့ပြီး သူမ၏ စိတ်ဓာတ်တစ်ခုလုံး ပြောင်းလဲသွားသည်။ သူမကို မည်သူကြည့်ပဲ ကြည့်​ပါစေ၊ သူမက မြို့တော်ကမဟုတ်ကြောင်း တစ်ချက်လောက်ကြည့်ရုံနှင့် ပြောနိုင်သည်။ အခြားအရာများအပြင် သူမက စာပေပညာရှင်၏ ရတနာလေးပါး၊ ရွှေသော့ခလောက်၊ ကျောက်စိမ်းဆွဲသီးစသည်တို့ကို ယူဆောင်လာကာ ဓားတစ်ချောင်းကိုလည်း ယူဆောင်လာခဲ့သည်။

ဓား​ထွက်လာသည်နှင့် တပြိုင်နက် အားလုံး တိတ်ဆိတ်သွားကြသည်။

၎င်းကို သူမက သတိမထားမိသေးဘဲ ဓားအိမ်ကို အလွန်ဝန်လေးစွာထိကာဆို၏။

“ဒါက ပစ္စည်းကောင်းပဲ... ကလေးကနည်းနည်းကြီးလာတဲ့အခါ ဓားနဲ့ထိပါစေ... ဓားမကိုင်ခင် သစ်သားဓားနဲ့ လေ့ကျင့်တာ ကောင်းပါတယ်"

ကျန်းရှုယောင်က မရယ်မငိုနိုင်ဖြစ်သွားသည်။

"ဒုတိယယောက်မ...ကျွန်မမောင်ငယ်က နောင် သိုင်းပညာကို မကြိုက်ရင် ဘယ်လိုလုပ်မလဲ"

ကျိုးရှီက ရှုံ့မဲ့ကာ
"သူမကြိုက်ရင်တောင် လေ့ကျင့်ရမှာပဲ...ယောကျာ်းတစ်ယောက် သိုင်းပညာဘယ်လုပ်မသင်ဘဲနေရမှာလဲ"

သူမက ဓားကိုချလိုက်ပြီး
"ငါ ဒီမှာမရှိတဲ့အခါ သူ့အမေကို ကာကွယ်ရမယ့် ဝန်ထုပ်ဝန်ပိုးက သူ့ပုခုံးပေါ်ကျသွားမှာ"

ကျန်းရှုယောင် ထိတ်လန့်သွားပြီး လင်း ရှီကို လှည့်ကြည့်လိုက်ရာ လင်းရှီကလည်း ကျိုးရှီကို ယကြောင်တက်တက် ကြည့်နေသည်ကို တွေ့လိုက်ရသည် ။

ကျိုးရှီကဆက်ပြေသည်။
"နောင်မှာ တစ်စုံတစ်ယောက်က သူ့အမေကို အနိုင်ကျင့်ရင် နင်က ငါ့ကို မော့ပေ့ကနေ မြင်းစီးလာစေချင်တာလား... ဟေး ငါဘာလို့ ပိုပိုပြီး စိတ်ပူလာရတာလဲ--"

စကားမဆုံးခင် လင်းရှီက သူမကို ဖက်ထားပြီးသားဖြစ်နေသည်။သူမ(ကျိုးရှီ)က သူမ(လင်းရှီ) ရင်ခွင်ထဲမှာဝင်ပြီး သူမကို ဘာလုပ်ရမှန်းမသိဖြစ်စေသည်။

"ဘာလုပ်နေတာလဲ...ခန္ဓာကိုယ်ကဖြင့် ဂရုမစိုက်ရသေးဘူး...လန့်သွားတာပဲ"

လင်းရှီကဆိုလိုက်သည်။
"ငါတို့ကို တွေ့ဖို့ ပေကျင်းကို ခဏခဏ ပြန်လာဖို့ သတိရပါ"

ထိုမှသာ ကျိုးရှီသည် သူမ မိမိကို လွမ်းဆွတ်နေသည်ကို ခံစားလိုက်ရသည်။ သူမ၏ နှလုံးသားသည် ပျော့ပျောင်းသွားသော်လည်း သူမ၏ မျက်နှာမှာ လေးနက်ပြီး ရှုံ့မဲနေဆဲဖြစ်သည်။ သူမက ညည်းညည်းညူညူဆို၏။

"ဟုတ်တာပေါ့... လာမယ်...ရှုယောင်လည်း မကြာခင် ကလေးမွေး တော့မှာမလား... စောစောရောက်ရ..."

သူမစကားမဆုံးခင် လင်းရှီက သူမကို လွှတ်လိုက်ပြီး စိုက်ကြည့်သည်။

"ငါ မွေးတုန်းက မင်း တစ်လနောက်ကျတယ်...ယောင်ယောင် မွေးရင်တော့ စောစောရောက်ရမယ်"

ကျိုးရှီက ခေါင်းကုတ်လိုက်သည်။
"နှစ်​သစ်​​ကူးနေ့​ပြီးပြီးချင်း ဒီကိုတန်းလာခဲ့တာပဲ...ရှုယောင်မွေး​မည့်အချိန်က နှစ်​သစ်​မဟုတ်​ဘူးလေ"

နှစ်ယောက်သား စကားစမြည်ပြောကြရင်း ကျန်းရှုယောင်ကိုဘေးကနေ ရယ်မောမိစေ၏။

မည်သို့ပင်ဖြစ်စေ ရယ်ကြမောကြ ပြီးနောက်မှာ ကလေး၏နာမည်က ပြေလည်သွားခဲ့သည်။ လင်းရှီ နှင့် သခင်ရှန်းယန်တို့က သူစိမ်းများဖြစ်နေကြပြီဖြစ်ပြီး ယခုအချိန်၌ သူတို့ သူ့ဆီကို နာမည်ကို မမေးချင်တော့ပါချေ။ သူတို့ နာမည်များစွာကို ရွေးထားပြီး လူတိုင်းနှင့် ဆွေးနွေးကြသည်။

ကျိုးရှီရွေးချယ်ခဲ့သော "ကျန့်" ဟူသော စကားလုံးသည် သန်မာ၊ဖြောင့်မတ်၊ မာနကြီးပြီး ဓားကဲ့သို့ ထက်မြက်သည်ဟု အဓိပ္ပာယ်ရသည်။

လင်းရှီ နှင့် ကျန်းရှုယောင်တို့သည် ဤအမည်ကို အလွန်နှစ်သက်သောကြောင့် ၎င်းကို ဆုံးဖြတ်ခဲ့ကြသည်။

အားလုံးအကြာကြီးစကားပြောပြီးနောက် ကျိုးရှီက လင်းရှီနှင့် အတွင်းခန်းထဲတွင် ကလေးကိုလိုက်တွေ့သည်။

ကလေးက နူးညံ့ပြီး ဖြူဖွေးသော အနှီဖြင့် ထုပ်ထားပြီး အလွန်ချစ်စရာကောင်းသည်။ ဖက်ထုပ်လေးတွေက လူတွေကို ကပေါက်တီးကပေါက်ချာခံစားရစေရန် အမြဲလွယ်ကူသည်။ကျိုးရှီ၏ အသက်ရှုသံက အနည်းငယ် ပိုပေါ့ပါးသွားပြီး ရှုပ်ထွေးနေသောအသံဖြင့်ဆိုလိုက်သည်။
"အားကျန့်... မြန်မြန်ကြီး ကြီးပြင်းလာပါတော့... ကြီးလာရင် ငါနဲ့ ကွန်ဖူးကို သင်ပြီး အဲဒါကို ကောင်းကောင်းသင်ယူရမယ်...ဒါမှ မင်း မင်းအမေနဲ့အစ်မ ကာကွယ်နိုင်စွမ်း ရှိမှာ"

အနှီးထုပ်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောကလေးက ကတိကို သဘောတူလိုက်သည့်အတိုင်း နှပ်ပူဖောင်းကို မှုတ်ထုတ်လိုက်သည်။

.........


နွေဦးရာသီတွင် လူအချို့သည် သိုင်းပညာကွင်းထဲတွင် လေ့ကျင့်နေကြသည်။ အအေးဓာတ်က သူတို့ကို ချက်ချင်းလက်ငင်း လန်းဆန်းစေ၏။

ကျိုးမိသားစုတွင် ယောက်ျားများစွာရှိသည်။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အားလုံးက အားအင်တွေ အပြည့်နှင့်။ လေ့ကျင့်ပြီးနောက် သူတို့သည် ဝင်းအတွင်းဘက်ဆီသို့ အတူတကွ လျှောက်သွားကြသည် ယင်းကအလွန်အသက်ဝင်နေ၏။

သူတို့ အသံတွေက ဆူညံပွက်လောရိုက်ပြီး ခန်းမထဲကို လူဝင်မလာခင် သူတို့ အသံတွေက အရင် ရောက်လာသည်။

တစ်ယောက်ယောက်က ဆို၏။

"ချွေးတွေ ချည်းပဲကွာ...သွားကိုယ်လက်သန့်စင်ပြီး စားကြမယ်"

လူတစ်စုက ရေရွတ်ကာ ချွေးသုတ်ရန် အခန်းထဲသို့ ပြန်သွားကြသည်။

ကိုယ်လက်သန့်စင်ပြီးနောက် လူတိုင်း ဗိုက်ဆာလာကြသည်။ ခန်းမထဲကို ဝင်လိုက်သည်နှင့် ထမင်းစားပွဲဆီ လှမ်းရန် မစောင့်နိုင်တော့ပေ။ရလဒ်တစ်ခုအနေဖြငွ စားပွဲပေါ်တွင် မုန့်လုံးဖြူဖြူကြီးများတစ်ပုံမျှသာရှိပြီး အရံဟင်းလျာများမရှိပေ။

"ငါ့ကလေးမလေး ဘယ်မှာလဲ"

စစ်သူကြီးကျိုး၏ အသံကကျယ်လှသည်။ သူက စကားပြောနေပေမဲ့ အော်နေသလိုပါပင်။

ငယ်ရွယ်သူများပင် ဤအလေ့အထကို အမွေဆက်ခံခဲ့ကြသည်။ စကားပြောတိုင်း မိုင်အကွာအဝေးမှ လူတိုင်းသည် ၎င်းတို့၏ အသံကို ကြားနိုင်သည်။

"ခယ််မ စားသောက်ဆိုင်သွားပြန်ပြီလား"

ဆူညံသံတွေ အများကြီးထွက်ခဲ့သည်။ ထိုအချိန်တွင် ကျိုးရှီက ပန်းကန်လုံးကြီးတစ်လုံးနှင့် အပြင်မှ ဝင်လာ၏။

"လာပါပြီ"

အားလုံးက ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူမလက်ထဲမှာ ဆူပွက်နေသည့် စွပ်ပြုတ်အိုးကြီးတစ်လုံးကို တွေ့လိုက်ရသည်။သူတို့ ရုတ်​တရက်​ကြီး ငြိမ်​သက်​သွားပြီး လိမ်လိမ်မာမာထိုင်​​နေကြသည်​။

တစ်စုံတစ်ယောက်က စားပွဲပေါ်တွင် "ယနေ့အစားအစာ" ပန်းကန်မတင်မီ တံတွေး မျိုချလာသည်။

ကျိုးရှီ၏ယောက်မက နောက်ကလိုက်ဝင်လာပြီးဆို၏။

"ဒီနေ့ ယောက်မက အရိုးစွပ်ပြုတ် လုပ်ထားတာ...အရိုးကြီးတွေ ဟင်းအိုးထဲမှာ ကျန်သေးတယ်"

ကျိုးရှီ နှင့် လင်းရှီ အကြာကြီး ဆွေးနွေးပြီးနောက် ဆုံးဖြတ်လိုက်သည်။ကျိုးရှီက မော့ပေသို့ပြန်လာသောအခါ ပေကျင်းပုံစံ အတိုင်း စီးပွားရေးလုပ်မည့်အစား သူမသည် ရိုးရှင်းပြီးဗိုက်ပြည့်သည့် အစားအစာများကို အဓိကထားပြီးရောင်းချကာ တစ်လက်စတည်း ဆော့စ်အချို့ရောင်းသည်။

ကျိုးရှီ၏ ဟင်းချက်ခြင်းကျွမ်းကျင်မှုက အလွန်ကောင်းမွန်သည်ကို လူတိုင်းသိကြပြီးဖြစ်၏။ ထိုကြောင့် ဟင်းရည်ထဲက အရိုးကြီးတွေအကြောင်း ကြားပြီးသည့်နောက်မှာ လူတိုင်းက မုန့်ပေါင်းတွေကို ကောက်ယူပြီး အစာစားရန် အဆင်သင့်ဖြစ်နေကြလေပြီ။

အသက်ကြီးသူများနှင့် ငယ်ရွယ်သူများအတွက် စားပွဲသုံးလုံးခွဲကာ တစ်ချိန်တည်းတွင် ထိုင်လိုက်ကြသည်။ စားပွဲတစ်ခုစီ၏ အလယ်တွင် အရိုးစွပ်ပြုတ်ပန်းကန်လုံးကြီးတစ်လုံးရှိကာ ပွက်ပွက်ဆူနေပြီး လျှံပယ်လှသည်။ဤဟင်းတစ်မျိုးတည်းသာရှိပေမဲ့ လူတိုင်းက အင်မတန် ပျော်ကြ၏။

ကျိုးရှီက စောစောက စားခဲ့သဖြင့် ယခု သူတို့နှင့် မစားဖြစ်တော့ပေ။အိုးချပြီးနောက် သူမကဆိုသည်။

"ငါ ဆိုင်ကို သွားလိုက်ဦးမယ်...မနေ့က စားဖိုမှူး ငှားထားတယ်... ဒါကြောင့် ပညာ သင်ပေးရမယ်"

ယောက်မများက “အယ်”ဟုအသံပြုကာ သူတို့လက်ထဲက ပန်းကန်တွေ၊ တူတွေကို ချလိုက်ပြီး ပြောကြ၏။

"ညီမလေး...ငါ နင်နဲ့လိုက်ခဲ့မယ်"

ကျိုးရှီက သူမလက်ကို ဝှေ့ယမ်းပြီးပြောလိုင်သည်။

"ရပါတယ်... ဘာမှအရေးကြီးတာမဟုတ်ပါဘူး... အရင်စားကြပါ"

ယောက်မများက အစာစားချင်စိတ် အနည်းငယ်ပဲရှိကာ အနည်းငယ်ကိုက်ပြီးနောက် ဗိုက်ပြည့်သွားကြသည်။ ထို့နောက် သူတို့သည် အခန်းထဲပြန်ဝင်ထုပ်ပိုးကာ ဟိုကိုသွားကြည့်ရန် ပြင်ဆင်ကြသည်။

သူတို့ထွက်သွားသည်နှင့် အိမ်ရှိလူများက သက်ပြင်းတစ်ချက်ချလိုက်သည်။

သူတို့ ဇနီးများနှင့်ညီမလေး ရှိတုန်းက အားရပါးရမစားရဲသလို အစားအသောက်အတွက်လည်း မတိုက်ခိုက်ရဲကြပေ။သူတို့ထွက်သွားသည်နှင့် အနှီလူအုပ်စုက မထိန်းနိုင်တော့ပေ။

ယခုအချိန်တွင် သူတို့ ညီအစ်ကို၊ သူငယ်ချင်း၊ လေးစားမှုတို့ကို ဂရုမစိုက်ကြပေ။ သူတို့ရနိုင်သည့် အကြီးဆုံးအရိုးတွေကို ကောက်ယူပြီး ကိုယ့်ပန်းကန်လုံးထဲမှာ ထည့်ထားကြသည်။

ဟင်းရည်ထဲရှိ အရိုးကြီးများသည် အရွယ်အစားနှင့် ပုံသဏ္ဍာန် ကွဲပြားကြပြီး အသားများက နေရာတိုင်းတွင် ကပ်နေသည်။ အညိုရောင်အဆီနည်းအသားက ဆော့စ်ကို စုပ်လိုက်သည်။ ၎င်းသည်တောက်ပ၊ စိုစွတ်ပြီးစေးကပ်သည်။ဆော့စ်က အရသာ၊ လတ်ဆတ်မှုနှင့် အငန်ဓာတ်တို့ ကြွယ်ဝပုံရသည်။

အရိုးစွန်းနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ကောက်ယူပြီး ပါးစပ်ဖြင့် စုပ်သည်။ လတ်ဆတ်ပြီး မွှေးကြိုင်သော အသားများကိုခွာပြီး ဝါးလိုက်သောအခါ ဟင်းရည်၏ အနံ့နှင့် ပြည့်စုံ​နေသည်။ အရိုးများဘေးအနားကို ဖြည်းညင်းစွာ ကိုက်စားကြပြီး အသားအစအနတစ်ခုကို မစွန့်ပစ်နိုင်ကြပေ။ အစာစားအပြီးမှာ အရိုးတွေကပင် အရသာရှိသည်ဟု ခံစားရကြသည်။

ကျိုးရှီ မော့ပေသို့ရောက်လာပြီးနောက် သူမက အရသာပြင်းပြင်းဖြင့် အမြဲချက်ပြုတ်သောကြောင့် ဟင်းရည်ထဲရှိအရိုးကြီးများသည် အရသာရှိပြီး အနည်းငယ်ငန်သည်။ အထူးသဖြင့် အရိုးကြီးတွေ၏ အစွန်းကို ကိုက်သည့်အခါ မုန့်ပေါင်းတွေနှင့် လိုက်ဖက်လေသည်။ ဟင်းရည်၏ အငန်အရသာသည် လျှာခြေရင်းသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူတို့၏စိတ်ကို ချက်ချင်း ငြိမ်သက်စေသည်။

လူကြီးလူကောင်းပုံစံနှင့် အရိုးကြီးတွေကို စားရန် မဖြစ်နိုင်ပါလေ။ကျိုးမိသားစုဝင်များသည် အရိုးပေါ်ရှိ အသားများကို အငမ်းမရစားပြီး အရိုးနုကို ကိုက်ကာ အရိုးထဲကို ပြင်းပြင်းထန်ထန် စုပ်ကြသည်။ ချောမွေ့ပြီး ပျော့ပျောင်းသော ရိုးတွင်းခြင်ဆီက စုပ်ထုတ်ခံရပြီး အရသာက အဆီထက် ပိုကြွယ်ဝသည်။ အစာစားပြီးနောက် အရိုးများကို ဝါးပြီး မျိုချရန် မစောင့်နိုင်တော့ပေ။

ရိုးတွင်းခြင်ဆီစုပ်ရာမှ တရှုပ်ရှုပ်အသံနှင့်လူတွေ၏ အရိုးပစ်ချသံတဘန်းဘန်းက ရောယှက်နေသည်။အရိုးကြီးကြီးတစ်ခုစားပြီးလျှင် ပါးစပ်ထောင့်က ဆော့စ်တွေ ပြည့်နေ၏။ ထို့နောက် မုန့်ပေါင်း ဖြူကြီးကြီးကို ယူပြီး ကျန်ဟင်းရည်ထဲတွင် စိမ်ကာ ပါးစပ်ထဲထည့်ရန် အချိန်တန်ပြီဖြစ်သည်ဓ နူးညံ့ပြီး ပူနွေးသော အသားအနံ့နှင့် မုန့်ပေါင်းက နွေးထွေးမှုကြာရှည်ကာ ကျေနပ်မှုအပြည့်ရှိစေသည်။

ကျိုးရှီ အိမ်ပြန်ရောက်ပြီးကတည်းက ကျိုးမိသားစု၏ ပါးစပ်က စွဲနေခဲ့သည်။ အရိုးတွေက အသားထက် ပိုလှပသော အရသာကို ဖန်တီးနိုင်သည်ဟု တစ်စုံတစ်ယောက်က ယခင်က ပြောခဲ့မည်ဆိုလျှင် သူတို့ ယုံမှာမဟုတ်ပေ။

"မင်းငါ့ကိုမေးရင် ဒီအရိုးကြီးတွေကို ဝိုင်နဲ့မြည်းသင့်တယ်"

အစ်ကိုကြီးကျိုးက နောက်ဆုံး မုန့်ပေါင်းကို မရအရယူပြီး စွပ်ပြုတ်ထဲမှာ နှစ်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ သူက မုန့်ပေါင်း အများအပြားကို စားခဲ့ပေမဲ့ ဆာလောင်မှုကို မသက်သာစေရုံတင်မကဘဲ စားချင်စိတ်ကိုလည်း ပိုဖြစ်ပေါ်စေခဲ့သည်။

သူ့ဘေးက တစ်ယောက်က ထောက်ခံလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ညီမလေးက ဒီမှာမရှိဘူး၊ ငါ့မိန်းမလည်း ဒီမှာမရှိဘူး... သောက်ကြရအောင်"

သူတို့က ဝိုင်ကို လိုချင်ကြပြီး နောက်စားပွဲရှိ အငယ်များသည်လည်း အဆွဲဆောင်ခံလိုက်ရကာ သောက်ရန် စိတ်အားထက်သန်စွာ ပြင်ဆင်ကြသည်။

သူတို့ ထယူခါနီးမှာ လူတစ်ယောက်က အခန်းအပြင်ဘက်မှ ဖြည်းညှင်းစွာ ဝင်လာပြီးမေးသည်။

"ဦးလေးတို့ ခုနဘာပြောလိုက်တာလဲ... အရက်သောက်နေကြတာလား"


Xxxxx