အပိုင်း ၁၃၉
Viewers 16k



Chapter 139[Extra]
မော့ပေ


အခန်းထဲမှာ ခုနက အရူးအမူးစားနေသောလူတိုင်း ရုတ်တရက် ငြိမ်သက်သွားပြီး အရိုးကြီးတွေကိုပင် မလုကြတော့ပေ။တစ်ယောက်က တခြားတစ်ယောက်ထက် ပိုတိတ်ဆိတ်ပြီး ရိုးသားနေကြသည်။

"မဟုတ်ဘူး အားရှန့်...သမီး မှားသွားပြီ"

"ဟုတ်တယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... နေ့ခင်းကြောင်တောင်ကြီး... ငါတို့က ဝိုင်ကောင်းတွေကို ဖြုန်းတီးတဲ့လူ မဟုတ်ဘူး"

ကျိုးရှီမိသားစုမှာ ကျိုးရှီအပြင် အကြောက်ဆုံးရလူမှာ ရှဲ့ရှန့် ဖြစ်သည်။ ကလေးမလေး၏ အနေအေးခြင်းနှင့် ထုံထိုင်းထိုင်းနီးပါးနေခြင်းကို မကြည့်ပါနှင့်၊ သူမ၏ အပြောအဆိုနှင့် အပြုအမူများကြားတွင် သူတို့အား တူမလေး စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် သူမရှေ့တွင် မအော်ဝံ့စေသည့် စွမ်းအားကို ထုတ်ဖော်ပြသတတ်သည်။

ရှဲ့ရှန့်က သူတို့ကို တစ်ချက်ကြည့်လိုက်ရာ ကြည့်ခံရသူတိုင်း လိပ်ပြာမလုံကြပေ။

"ကောင်းတယ် ...အမေသိရင် ဒေါသဖြစ်လိမ့်မယ်"

ရှဲ့ရှန့်က ဖြည်းညင်းစွာ ဆိုသည်။

"အရက်သောက်တာက ခန္ဓာကိုယ်ကို နွေးထွေးစေပေမဲ့အလွန်အကျွံသောက်တာက ဦးလေးတို့ကို နောက်ဆုံးမှာ ထိခိုက်စေလိမ့်မယ်...အေးရင် သိုးသား၊ ငရုတ်ကောင်း စသဖြင့် စားလို့ရတယ်လို့ အမေက ပြောတယ်"

လူတစ်စုက ခေါင်းညိတ်ပြသည်။

ရှဲ့ရှန့်က ပြုံးလိုက်သည်။ သူမက တောင့်တင်းနေသေးသော်လည်း မော့ပေကို ပထမဆုံးရောက်ဖူးသည့်အချိန်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။

"သမီး အိတ်ကို ထုပ်ပိုးပြီး အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ... အခု သမီးရဲ့ ဦးလေးနဲ့ ဝမ်းကွဲတွေကို နှုတ်ဆက်ဖို့ လာတာပါ"

"ထွက်မယ်"

တစ်စုံတစ်ယောက်က အံ့ဩတကြီးထပြောသည်။

"ဘယ်သွားမလို့လဲ"

ရှဲ့ရှန့်က ဤမိသားစု၏ ဖြစ်ကတတ်ဆန်းနိုင်သော စရိုက်ကို သိပြီး အကူအညီမဲ့စွာပြောလိုက်ရ၏။

"ချင်ကျိုး... နွေဦး နှင်းတွေ အရည်ပျော်ပြီးရင် သမီးအဖေနဲ့ တွေ့မယ်လို့ ကြိုပြောထားပြီးသား"

လူတိုင်း ရုတ်တရက် သတိရသွားကြသည်။ သေသေချာချာ စဉ်းစားပြီးမှ လွန်ခဲ့သည့်တစ်လလောက်က ဆုံးဖြတ်ခဲ့သည့်နေ့ဟာ ယနေ့ ဖြစ်ပုံရ၏။ကျိုးရှီက စီးပွားရေးအတွက် ဇောက်ချလုပ်ကိုင်နေပြီး ရှဲ့လန်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မတွေးချင်တော့ပါချေ။ကျန်သည့် ကျိုးမိသားစုက ခွဲထွက်ခြင်းကို လမ်းခွဲထွက်ခြင်းဟု ခံစားရသည့်အတွက် ရှဲ့လန်ကို သတိရစရာ နှလုံးသားမရှိကြပါချေ။ထိုသို့ဖြင့် သူတို့က ၎င်းကို အလေးမမူဘဲ မေ့သွားကြသည်။

ရှဲ့ရှန့်က အရိုအသေပြု၍ဆို၏။

"ရထားထိန်းက အိမ်အပြင်မှာ စောင့်နေပြီ...သမီး အချိန်မဆွဲတော့ဘူး"

စကား​ပြောပြီး​နောက်​ သူမက လှည့်​ထွက်​သွားသည်​။ လူအုပ်က ကပျာကယာထပြီး သူမကို တားခိုင်းလိုက်သည် ။

ထုံးစံအတိုင်း ရှဲ့ရှန့်​ကို ကိုယ်ပိုင် တပ်သားများက စောင့်ကြပ်ပေးခဲ့သော်လည်း ကျိုးမိသားစုက စိုးရိမ်နေဆဲဖြစ်ပြီး သူမအား ချင်ကျိုးသို့ ပို့ဆောင်ရန် ငယ်ရွယ်သူလေးဦးကို စေလွှတ်ခဲ့သည်။

ချင်ကျိုးသို့ရောက်ပြီးနောက် စီရင်စုမှူးအိမ်တော်တွင် ရှဲ့လန်ကို ရှာမတွေ့ခဲ့ပေ။ တစ်စုံတစ်ဦးကိုမေးပြီးနောက် ရှဲ့လန်က နွေဦးထွန်ယက်ခြင်းကိုစစ်ဆေးရန်သွားကြောင်း သူမသိလိုက်ရသည်။

ရှဲ့ရှန့် အိမ်ကြီးထဲတွင် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ရှဲ့လန် နောက်ကျနေသည်ကိုတွေ့လိုက်ရသဖြင့် ရှဲ့လန်ကို မြို့ပြင်ထွက်ရှာရန် အစောင့်များကို သူမနှင့်အတူ လိုက်ခိုင်းခဲ့သည်။

ပြီးခဲ့သည့် ဆောင်းရာသီတွင် နှင်းများထူထပ်စွာ ကျဆင်မှုကြောင့် ပြည်သူများက နွေဦးထွန်ယက်ခြင်းကို မျှော်လင့်နေကြသည်။ အသစ်ခန့်အပ်ထားသော အရာရှိရှဲ့လန်နှင့်အတူ နွေဦးထွန်ယက်ခြင်းသည် ယခင်နှစ်များထက် ပိုမိုအသက်ဝင်သည်။

ရှဲ့လန် ရထားလုံးပေါ်မှ ဆင်းလာသောအခါ အလုပ်၏ အငွေ့အသက်များ ကူးစက်သွားသည်။ လူများက ရွှင်မြူးနေကြပြီး လက်အောက်ငယ်သားများက သပ်သပ်ရပ်ရပ် လုပ်ကိုင်ကြသည်။ ယခုလိုမြင်ကွင်းမျိုးက လူတွေကို လက်တွေ့ကျသည့် ပျော်ရွှင်မှုမျိုး အမြဲခံစားရစေ၏။

ရှဲ့ရှန့်၏ ပန်းထိုးဖိနပ်များသည် ရွှံ့များဖြင့် ညစ်ပတ်သွားသော်လည်စ ယင်းကို သူမ ဂရုမစိုက်ပေ။ သူမသည် လူအများကြားတွင် ဖြည်းညှင်းစွာ ပြေးသွားရင် သူမကိုယ်သူမ ရေရွတ်လိုက်သည်။

"ဒါက စာအုပ်ထဲမှာ ဖော်ပြထားတဲ့ စိုက်ပျိုးရေး မြင်ကွင်းလား"

ရှဲ့လန်ကို မတွေ့ရဘဲ သူမအကြာကြီး လှည့်ပတ်သွားသည်။တပ်သာများက ကလေးမလေးကို သနားပြီး သူမကို နေရာမှာ စောင့်ဆိုင်းခိုင်းကာ ရှဲ့လန်ကို သွားရှာကြသည်။

ရှဲ့ရှန့်က လိမ်လိမ်မာမာဖြင့် ခေါင်းညိတ်ပြပြီး တပ်သားများ ဤလုပ်ရပ်ကို အလွန်သဘောကျသွားကြသည်။ သူတို့သည် ကစုန်ပေါက်နေကြသော ကျိုးမိသားစု၏ နှိပ်စက်ခြင်းကိုခံခဲ့ရပြီး ဆိတ်ငြိမ်သောရှဲ့ရှန့်ကို ရှဲ့ရှန့်ကိုတွေ့လိုက်ကြရသည်။သူတို့ သူမက ကမ္ဘာပေါ်တွင် အကောင်းဆုံးသော ကလေးဟု ခံစားခဲ့ရသည်။

ရှဲ့ရှန့်က ထိုနေရာတွင် အကြာကြီးရပ်နေသဖြင့် လူများက စူးစူးစိုက်စိုက်ကြည့်နေကြသည်။ ရိုးရှင်းစွာ ၀တ်ဆင်ထားသော်လည်း သူမ အနည်းငယ် အဆင်မပြေဖြစ်နေဆဲဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်လိုက်သည်။

ရုတ်တရက် သူမ ကောင်မလေးတစ်ယောက်၏အသံကိုကြားလိုက်ရ၏။

"အရှင်က ပေကျင်းမှာ ဘယ်လိုအိမ်မျိုးနဲ့နေခဲ့တာလဲဟင်"

ရှဲ့ရှန့် သူမ၏ နားရွက်ကို ရွှေ့လိုက်ပြီး အသံ၏ ဦးတည်ရာကို ကြည့်လိုက်သည်။

လူတစ်စုက စပါးစိုက်ခင်းပေါ်တွင် ထိုင်နေပြီး သူတို့ထဲကတစ်ယောက်က အရပ်ရှည်ပြီး ချောမောသည်။*လီနင်အဝတ်အစားတွေဝတ်ထားသည်ကိုပင် သူ၏ဆွဲဆောင်မှုကို မဖုံးကွယ်နိုင်ခဲ့ပါချေ။
(T/N-ဗီသွာလျှော်ဖြင့်ရက်သည့်ပိတ်)

ကလေးက ရိုင်းစိုင်းပြီး သူမမိဘတွေက ပေကျင်းမြို့က စီရင်စုမှူးကို စော်ကားမိမှာကြောက်သဖြင့် ထိုမေးခွန်းမေးသည်ကို ကြားသောအခါ စိုးရိမ်တကြီး မတ်တပ်ရပ်လိုက်ကြသည်။

မမျှော်လင့်ဘဲ နူးညံ့ရည်မွန်သော စီရင်စုမှုးက ဒေါသမထွက်ပေ။ သူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ကောင်မလေးကို ကောက်ချီကာ သူမမျက်နှာပေါ်က ရွှံ့တွေကို သုတ်လိုက်သည်။

"အိမ်ကအကုန်အတူတူပါပဲ...လေဒဏ် မိုးဒဏ်ကို ကာကွယ်ဖို့ အိမ်ခေါင်မိုးနဲ့ နံရံတွေ ကာထားတယ်"

ကောင်မလေး၏ဦးထိပ်က ဆံထုံးလေးကို ကြည့်ပြီး သူက သက်ပြင်းချလိုက်သည်။

"ငါ့သမီးက လွန်ခဲ့တဲ့ သုံးနှစ်လောက်က မင်းနဲ့အသက်အရွယ်အတူတူပေမဲ့ ဘာလို့ ဒီလို ဆံထုံးမျိုး တစ်ခါမှ မရှိဖူးတာလဲ"

ထိုမေးခွန်းကြောင့် ဘေးပတ်ဝန်းကျင်မှလူများ အံ့ဩသွားကြသည်။ဤမေးခွန်းကို ဘယ်လိုဖြေရမှန်းမသိကြပေ။

မှန်ပေသည်၊ ရှဲ့လန်ကလည်း အဖြေကိုမလိုချင်ပေ။ သူက ပေါ့ပေါ့ပါးပါးပဲ သက်ပြင်းချလိုက်သည်။

ကောင်မလေးက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်မေး၏။

"အရှင့်ရဲ့သမီးက မြို့တော်မှာလား”

သူက ကောင်မလေးကို ချလိုက်ပြီး ခေါင်းယမ်းကာပြောလိုက်သည်။

"မဟုတ်ဘူး...သူလည်း မော့ပေမှာ ရှိတယ်... နွေဦးရာသီ အအေးလွန်ရင် ငါ့ကို လာတွေ့မယ်လို့ ပြောခဲ့တယ်"

ထိုသို့ပြောချိန်တွင် သူ့မျက်နှာပေါ်က အမူအရာက ပိုပိုပြီး လေးနက်လာသည်။ သူက နူးညံ့သည်။ ကောင်မလေး၏ ဦးထိပ်ကို ပွတ်သပ်ရင်း ခေါင်းကိုမော့လိုက်ရာတွင် မဝေးသော နေရာတွင် ရပ်နေသော ရှဲ့ရှန့်ပေါ်သူ့အကြည့်များရောက်သွား၏။

သူ့မျက်နှာမှာ အပြုံးတစ်ခုရှိနေပြီး သူ့ပတ်ဝန်းကျင်က လူတွေ မတုံ့ပြန်နိုင်ခင်မှာ ရှဲ့ရှန့်ဆီကို အလျင်အမြန် လျှောက်လာခဲ့သည်။

"အားရှန့်"

သူ့စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်။

"သမီး ဘာလို့ဒီကိုရောက်နေတာလဲ"

ကျိုးမိသားစုက ရှဲ့ရှန့်ကို စောစောစီးစီး လာခွင့်မပေးဘူးဟု သူထင်ခဲ့၏။မည်သို့ပင်ဖြစ်စေ အေးနေဆဲဖြစ်သည်ပင်။

ရှဲ့ရှန့် ပြန်ဖြေသည်ကို မစောင့်ဘဲ သူကပြောလိုက်သည်။
"ရထားလုံးပေါ် အရင်တက်ပါ...အပြင်မှာ အေးနေတယ်"

ရှဲ့ရှန့်က ခေါင်းညိတ်ပြပြီး ရထားလုံးရှိရာသို့ လိုက်သွားခဲ့သည်။ ရထားလုူံပေါ်တက်ပြီးနောက် ရှဲ့လန်က မလိုက်ဘဲ အပြင်မှာ ရပ်နေ၏။

"အဖေ..."
သူမ ပဟေဠိဖြစ်သွားခဲ့သည်။

"ငါ့ခန္ဓာကိုယ်မှာ အညစ်အကြေးတွေ ရှိတယ်"
ရှဲ့ရှန့်က ရှင်းပြသည်။

ရှဲ့ရှန့်က ခေါင်းညိတ်ပြပြီး အဖေနှင့်သမီးက ခဏငြိမ်သွား၏။

ရှဲ့ရှန့်က အရင်စကားစသည်။
"အဖေ တော်တော်ပြောင်းလဲသွားပြီ"

ရှဲ့လန် အံ့အားသင့်သွားသည်။ သူက ခေါင်းယမ်းကာ ပြုံးပြီးပြောလိုက်၏။

"လအနည်းငယ်ပဲ ရှိသေးတယ်...ဘယ်မှာ အပြောင်းအလဲရှိမှာလဲ"

ရှဲ့ရှန့်က ဆိုသည်။
"အဖေ သမီးပြောင်းလဲသွားပြီလားဆိုတာ ကြည့်ပါဦး"

ရှဲ့လန်က ဤစကားကိုကြားပြီးနောက် ရှဲ့ရှန့်ကို ဂရုတစိုက်ကြည့်ကာ ပြောလိုက်သည်။

"သမီး ပြောင်းလဲသွားပြီ"

လအနည်းငယ်က လူတစ်ယောက်ကို အမှန်တကယ် ပြောင်းလဲနိုင်ပုံရသည်။ အနည်းဆုံး ရှဲ့ရှန့်က အိမ်ရှိ မထိမတွေ့နိုင်သော သစ်ခွပန်းကဲ့သို့ အေးစက်ပြီး တိတ်ဆိတ်နေခြင်းမရှိပေ။ သူမကို နောက်ဆုံးတွင် မနက်ခင်း နှင်းပေါက်များနှင့်မြူမှုန်များဖြင့် ဖုံးလွှမ်းသွားသည်။

သူ အတော်လေးစိတ်ခံစားချက်များပြည့်နှက်လာသည်။ရှဲ့ရှန့် နှင့် ကျိုးရှီက မတူညီသော စရိုက်လက္ခဏာများ ရှိကြသော်လည်း သားအမိက သားအမိပင်ဖြစ်သည်။ ၎င်းတို့သည် မော့ပေ အတွက် ပိုသင့်လျော်သည်။

ရှဲ့ရှန့်၏ မျက်နှာပေါ်တွင် အပြုံးရေးရေး ပေါ်လာပြီးဆိုလိုက်၏။

"လအနည်းငယ်အတွင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပုံပါပဲ"

နှစ်ယောက်သား တိတ်ဆိတ်သွားပြန်သည်။

ရှဲ့ရှန့် ၏အကြည့်က ရှဲ့လန်၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။ အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် "အမေ အခုတလော အဆင်ပြေနေတယ်"ဟု ရုတ်တရက်ပြောလိုက်သည်။

ရှဲ့လန် အနည်းငယ် လန့်သွားသည်။ သူက ရှဲ့ရှန့်ကို စိတ်မကောင်းမဖြစ်စေချင်သည့်အတွက် ကျိုးရှီ အကြောင်း သူမကို မမေးခဲ့ခြင်းဖြစ်သည်။သို့ပေမဲ့ ရှဲ့ရှန့်က သူ့အတွေးတွေကို မြင်နိုင်သည်။

အချိန်အတော်ကြာအောင် သူဘယ်လိုတုံ့ပြန်ရမှန်းမသိခဲ့ပေ။ နောက်ဆုံးတွင် သက်ပြင်းချကာ ခေါင်းယမ်းပြီး ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

“ခဏကြာရင် အမေဖွင့်ထားတဲ့ ဆော့စ်ဆိုင်ရဲ့ ဂုဏ်သတင်းကို အဖေ ကြားရနိုင်လောက်တယ်"

ရှဲ့လန် ရထားကို မှီ၍ ချဲ့ကားဟန်ဆောင်ကာဆိုလိုက်သည်။

"ကောင်းလိုက်တာ... ဒီမှာ အစားအသောက်က တကယ် စားရခက်တယ်"

ရှဲ့ရှန့်က ပြန်မဖြေပေမဲ့ ရှဲ့လန် ​​သူမကို နှစ်အတန်ကြာ ရင်းနှီးလာပြီးနောက် ရှက်ရွံ့ခြင်းမရှိခဲ့ပါချေ။အဖေနှင့်သမီးတို့သည် စကားတစ်ခွန်းမှ မပြောဘဲ ကုန်းခင်းရိုးပေါ်ကနေ အလုပ်ကို အတူတူကြည့်ကြသည်။

လေညှင်းက နွေဦးရာသီ၏ အေးစိမ့်မှုများနှင့် ရောနှောကာ သူတို့၏ မျက်နှာကို ဖြတ်တိုက်လာကာ လူအများ၏ စကားသံဝဲဝဲများကို နောက်ခံတွင် ကြားနေရသည်။

"ဒါပေမဲ့ ဒီမှာရှိနေရတာကို ကြိုက်တယ်"
ရှဲ့ရှန့်က ပြောသည်။

ရှဲ့လန်က သူမကို လှည့်ကြည့်လိုက်သည်။

"ဒီမှာပဲ ထာဝရနေချင်တယ်"

သူမကလည်း ရှဲ့လန်ကို လှည့်ကြည့်လိုက်သည်။

ရှဲ့လန်က သူမကို ကြည့်နေပေမဲ့ သူမက ရှက်ရန်ရည်ရွယ်ချက် လုံးဝမရှိပါချေ။ အသေးအဖွဲအကြောင်းအရာကို သူမပြောနေသကဲ့သို့ပင် သူမ၏လေသံကဆက်လက်ဖြစ်တည်နေသည်။

"ဒီမှာနေရတာကို ကြိုက်တယ်...ကျိုးမိသားစုကို ကြိုက်တယ်...ပေကျင်းကို မကြိုက်ဘူး...ဦးလေးတွေက သမီးကို အနာဂတ်မှာ ပိုပြီး အမြင်ကျယ်လာအောင် ခေါ်သွားပေးမယ်လို့ ပြောတြယ်...ဝမ်းကွဲတွေက မော့ပေမှာ သူတို့နဲ့ ဂဏန်းသွားသွားလို့ရတယ်တဲ့...အမေကပြောတယ်...သမီးဆန္ဒရှိရင် ကြီးလာတဲ့အခါသူနဲ့ စီးပွားရေးလုပ်ကြမယ်တဲ့... စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ကမ္ဘာကြီးကို ဒီမှာမြင်ရပြီး လွတ်လွတ်လပ်လပ် လမ်းလျှောက်နိုင်တယ်...ဖူရှန်းလမ်းမှာ လူတွေက အရမ်းရိုးရှင်းပြီး စိတ်အားထက်သန်ကြတယ်... အတိုချုပ်ပြောရရင် သမီး အဲဒါကို အရမ်းကြိုက်တယ်"

ထိုစကားများကို ပြောပြီးနောက် သူမ အနည်းငယ် စိုးထိတ်သွားသည်။ မည်မျှပင် ရင့်ကျက်နေပါစေ သူမသည် ကလေးတစ်ယောက်ဖြစ်နေဆဲပင်။ သူမ၏ အတွင်းစိတ် အတွေးများကို ထုတ်ဖော်ပြီးနောက် ကြီးသူများ၏ ဆူငေါက်ခြင်းကို ခံရမည်အား သူမ ကြောက်ရွံ့နေဆဲဖြစ်သည်။

မထင်မှတ်ဘဲ ရှဲ့လန်က သူမမျက်နှာပေါ်ရှိ ရှားရှားပါးပါး စိုးရိမ်ပူပန်သည့်ပုံစံကို ပြုံးကြည့်လာကာ သူ့မျက်ခုံးများနှင့် မျက်လုံးများသည် နွေးထွေးသောအရောင်အဖြစ် အရည်ပျော်သွားပြီး တိုးတိုးလေးပြောခဲ့သည်။

"သမီးနေချင်ရင်နေပါ"

ကိစ္စကြီးတစ်ခုဖြစ်ပေမဲ့ ဖအေနှင်သမီး အပြန်ပြန်အလှန်လှန်ပြောကြရင်းနှင့် ဤကိစ္စက ပြေလည်သွား၏။

ရှဲ့ရှန့်က မော့ပေက ကောင်းသည်ဟု ခံစားရပြီး သူမအတွေးများကို ချောမွေ့စွာပြောခဲ့သည်။ရှဲ့လန်က သူ့သမီးလေး ပျော်ရွှင်ရန်အတွက်ကောင်းသည်ဟု ခံစားရသည့်အတွက် တစီစီညံနေသည်နွေဦးထွန်ယက်ခြင်းမြင်ကွင်းအောက်မှာ ယခုလိုအရေးကြီးသည့်ကိစ္စရပ်အကြောင်း ပြောခဲ့ကြသည်။ မိခင်နှင့်သမီးကြား စိတ်သဘေထားညီညွှတ်မှုအပြင် ဖခင်နှင့်သမီးတို့တွင်လည်း တူညီသောအရာများရှိသည်။

ရှဲ့ရှန့်က ခေါင်းညိတ်လိုက်ပြီး သူမ၏ စိတ်ပူနေသည့်အမူအရာတွေ မှိန်ဖျော့သွားပြီး ပုံမှန်ရိုးရိုးအမူအရာ ပြန်ဖြစ်လာ၏။

နှစ်ယောက်သား တိတ်ဆိတ်သွားသော်လည်း ဤတိတ်ဆိတ်မှုသည် စိတ်ပျက်စရာမဟုတ်ပေ။ဤသည်က မိရှဲ့သားစု၏ သားအဖနှစ်ယောက်နှင့် သက်ဆိုင်သည့် မပြောဘဲ နားလည်မှုတစ်ခုပါပင်။

လအနည်းငယ်အတွင်း လူတစ်ဦး၏ စိတ်နေစိတ်ထားသည် များစွာပြောင်းလဲနိုင်ပြီး နှစ်အနည်းငယ်အတွင်း ၎င်းတို့နှစ်ဦးသည် ဤမပြောဘဲနားလည်မှုကို ချိုးဖျက်နိုင်သည်။

သို့ပေမဲ့ အနာဂတ်အကြောင်း မည်သူသိပါမည်နည်း။ အနာဂတ်သည် မသေချာမရေရာသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

#

Xxxx