အပိုင်း ၅၁
Viewers 10k

Chapter 51
ထုတ်လွှင့်လာပြီ


ထန်ချန်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး​နောက် ​ပြောလာခဲ့သည်။

"သူ့မှာ အလုပ်အ​တွေ့အကြုံလည်း မရှိတဲ့အပြင် အသိတစ်​ယောက်မှလည်း မရှိဘူး​နော်"

“ငါ သူ့ကို ယုံကြည်တယ်” ၎င်းတို့က စကားလုံး​လေး ငါးလုံးသာ ဖြစ်​သော်လည်း ထန်ချန်း၏ နှလုံးသားထဲတွင်မူ ခံစားချက်လှိုင်းလုံးကြီး ​ပေါ်​ပေါက်လာခဲ့သလိုပင်။ သူက သူ့နှုတ်ခမ်းကို ကိုက်၍ ​မော့ကျန်းကို ကြည့်လာခဲ့သည်။

"မင်း သူ့ကို သိတာလား"

​မော့ကျန်းက ပြန်မ​ဖြေလာဘဲ လီယန် ထိုင်သွား​ခဲ့​သော ထိုင်ခုံ​လေးကို တိတ်တဆိတ် စိုက်ကြည့်​နေခဲ့သည်။

“​ကောင်းပြီ​လေ... ဒါဆိုလည်း ကြိုးစားကြည့်တာ​ပေါ့" ​မော့ကျန်း​​ရှေ့တွင် ထန်ချန်းက အ​​လျှော့​ပေးရုံသာ တတ်နိုင်သည်။ ပြောစရာမလို​အောင်ပင် သူက ​မော့ကျန်း တစ်​ယောက်တည်းအတွက် လက်​ထောက်တစ်​ယောက် ရှာ​ပေး​နေရသည်။ ထို့​ကြောင့် ​မော့ကျန်း၏ အကြိုက်ကသာ အ​ရေးအကြီးဆုံးဖြစ်ပြီး အ​ကြောင်းမှာ သုံးရက်ကြာသည်နှင့် လက်​ထောက်တစ်​ယောက် ​ပြောင်းလိုက်ပါက ကုမ္ပဏီကလည်း ​ပျော်ရွှင်မည် မဟုတ်​ပေ။ ​

“ငါ မင်း​နောက်ကို လိုက်ဖို့ အချိန် အများကြီး မရှိမှာပဲ စိုးရတယ်... မင်းနဲ့ မင်းလက်​ထောက်ပဲ ​အကုန် ဖြေရှင်းရမှာ" ထန်ချန်းက ​မော့ကျန်း၏ ပုခုံးကို ပုတ်ကာ ထိုင်ခုံမှ ထရပ်လိုက်သည်။ သူတစ်ချိန်လုံး မအားမလပ် ဖြစ်မ​နေရင်​တောင် ​မော့ကျန်း၏ လက်​ထောက် ထပ်ဖြစ်​ပေးရန် အတွက် သ​ဘောတူဖို့ကိုကား သူ့ကို အရင်သတ်သွားမှသာ ဖြစ်လိမ့်မည်။

​မော့ကျန်းက စားပွဲ​ပေါ်မှ ခွက်က​လေးကို ထိကာ အ​ဖြေပြန်​ပေးလာသည်။ "ဪ"

လီယန် ခရီးကြမ်းကြီးမှ ပြန်​ရောက်လာ​သောအခါ ချန်းချင်းယန်က ဓါတ်​လှေကားတွင် ​စောင့်​နေခဲ့သည်။ လီယန် စိမ်​ပြေန​ပြေ ​လျှောက်လာ​နေသည်ကို ​တွေ့​သောအခါ ချန်းချင်းယန်က သူမထံသို့ ​ဒေါသတကြီး တိုးကပ်လာခဲ့သည်။ "နွားငပျင်းမ.. ဘယ်အိမ်သာထိ​တောင် သွားခဲ့တာလဲ... ငါ့မှာ လက်မှတ်​တောင် ထိုးပြီးသွားပြီ"

လီယန်က သူမကိုကြည့်ကာ စိတ်ပါလက်ပါ ပြန်​ဖြေလိုက်သည်။ "ရှန်ပူ... နင့်စကား​တွေကို သတိထား​နော်... ဧကရာဇ်​မော့ အချိန်မ​ရွေး ကြားသွားနိုင်တယ်"

ချန်းချင်းယန်က အံ့အားသင့်သွားပြီး ခပ်မြန်မြန် ​ပြောင်းလဲသွားသည်။ "ယန်ယန်ရေ.. နင် ဘာလို့ အကြာကြီး သွား​နေတာလဲ... နင့်ဗိုက်​​ရော ​နေရတာ အဆင်​​ပြေရဲ့လား"

လီယန်: “…”

ဘာလို့များ ​အော်ဂလီဆန်စရာ ​ကောင်း​အောင် လုပ်​နေပါလိမ့်... လီယန်က သက်ပြင်းချကာ ချန်းချင်းယန်၏ ပုခုံးကို ပုတ်လိုက်သည်။

"ရှန်ပူ... ပုံမှန်လို ​ပြောတာကမှ ပိုသင့်​တာ်အုံးမယ်"

ချန်းချင်းယန်: “…”

သို့​သော်လည်း လီယန်၏ စကားများက သူမ ဧကရာဇ်​​မော့ကို မ​တွေ့ရ​သေးလျှင်​တောင် ခိုက်ဟွမ်းသို့ ​ရောက်​နေခဲ့သည်ကို သတိ​ပေးလာခဲ့သည်။ သူမ ဒီလိုမျိုး ထွက်သွားလို့ ဘယ်ဖြစ်မလဲ... သူမက ဓါတ်​လှေကား တံခါး၏ ​ရောင်ပြန်ပုံကို ကြည့်ကာ ​မေးလိုက်သည်။

"တလီ... ငါကြည့်​ကောင်း​နေတုန်းမလား"

လီယန်၏ နှုတ်ခမ်းများက ရွှင်မြူးမှုတို့​ကြောင့် လှုပ်ရှားသွားခဲ့သည်။ "အဲ့အ​ကြောင်း ထပ်မ​ပြောကြ​တော့ရင် ​ကောင်းမယ်... အမှန်တရားကို ​ပြောလိုက်ရင် နင့်ကိုနင် တန်ဖိုးထားမှု​​​တွေ ကျဆင်းသွားလိမ့်မယ်"

ချန်းချင်းယန်: “…”

​သောက်ကျိုးနဲ... တလီရဲ့လျှာက အရင်တုန်းက အရမ်းထက်တာကို သူမဘာလို့ သတိမရမိပါလိမ့်...

ချန်းချင်းယန်က ခိုက်ဟွမ်း၏ ​ကော်ရစ်ဒါသို့ ဆင်းသွားလိုက်ပြီး သန့်စင်ခန်း ရှာ​နေ​ကြောင်း ​ပြောလိုက်သည်။ အမှန်တကယ်တွင် သူမက ဧကရာဇ်​မော့နှင့် ​တွေ့နိုင်ရန်အတွက် အခွင့်​ချောင်း​နေခြင်း ဖြစ်သည်။ နံရံ​ပေါ်တွင် ချိတ်ဆွဲထား​သော ​မော့ကျန်း၏ ပိုစတာကို ကြည့်ကာ ချန်းချင်းယန်၏ နှလုံးသားက ဂါထာရွတ်​နေသကဲ့သို့ ခံစား​နေရသည်။ "အိုး တလီ​ရယ်... ဒီ​ယောကျ်ားကို ငါ့အပိုင် ဖြစ်​အောင် ဘာများ လုပ်ရမလဲ"

လီယန်က တစ်ခဏမျှ ​တွေး​တောလိုက်ပြီး​နောက်... နင်သာ ကိုရီးယား နိုင်ငံသား ခံယူလိုက်ရင် ကမ္ဘာတစ်ခုလုံး နင့်အပိုင် ဖြစ်သွားလိမ့်မယ်"

ချန်းချင်းယန်: “…”

သူမနှင့် တလီက တစ်​ယောက်နှင့်တစ်​ယောက် စကား ဆက်မ​ပြောကြ​တော့။

​ကော်ရစ်ဒါတွင် ဆယ်မိနစ်မျှ ​ယောင်​ပေ​ယောင်​ပေ လုပ်​နေခဲ့ပြီးမှ လီယန်က ချန်းချင်းယန်ကို ခိုက်ဟွမ်းထဲမှ ဆွဲထုတ်လာခဲ့ရသည်။ ထွက်မသွားခင်မှာပင် ချန်းချင်းယန်က ခိုက်ဟွမ်း အ​ဆောက်အအုံ၏ ဓါတ်ပုံကို ရိုက်ကာ ​ဝေ့​ပေါ်ပိုစ့်တင်လိုက်သည်။

"အိပ်​ပျော်​နေတဲ့ အားလန်​လေး"က ရုပ်ရှင်ရိုက်ဖို့အတွက် ​အောင်မြင်စွာ ဆုံးဖြတ်ပြီးစီး သွားပါပြီ... ငါလည်းပဲ ခိုက်ဟွမ်းရဲ့ လူတစ်​ယောက် အ​နေနဲ့ အ​ဆောက်အအုံထဲကို ဝင်သွားခဲ့ရတယ်... ဟားဟားဟား"

ချန်းချင်းယန် ​ဝေ့​ပေါ်သို့ ပိုစ့်တင်လိုက်ပြီး မကြာမီမှာပင် သူမ၏ စာဖတ်သူများထံမှ ​နွေး​ထွေးသော တုံ့ပြန်မှုများ ရရှိလာခဲ့သည်။

“လီမွန်... လီမွန်... ဧကရာဇ်​မော့နဲ့ ​တွေ့ခဲ့လား"

“​​ယောကျ်ား​လေး သရုပ်​ဆောင်က ဘယ်သူလဲ... ဧကရာဇ်​မော့ကို အသနားခံပါတယ် = 333 =”

“ဧကရာဇ်​မော့က တီဗီ ဒရာမာ​တွေမှာ သရုပ်မ​ဆောင်ဘူး​လေ... ဆိုးတာပဲ"

ထိုအချိန်၌ ​မော့ကျန်းမှာ ​ဝေ့​ပေါ်သို့ တက်​နေခဲ့ပြီး "အိပ်​ပျော်​နေတဲ့ အားလန်​လေး" ဟူ​သော ပိုစ့်ကို ​တွေ့လိုက်ရသည်။ ထိုအမည်နှင့်ပင် သူထိုကား၌ သရုပ်​ဆောင်ရန် အ​ကြောင်း မရှိ​တော့။ သို့​​သော်လည်း ၎င်းကပင် လီယန် ခိုက်ဟွမ်းသို့ ​ရောက်လာရသည့် အ​ကြောင်းအရင်းကို ရှင်းပြနိုင်သွားသည်။

"ဟားဟားဟား" မိန်းက​လေး တစ်​​ယောက်၏ ရယ်သံက သူ့နားထဲတွင် ကြားလာခဲ့ရသည်။ ​​မော့ကျန်း မျက်​မှောင်ကြုံ့မိသွားသည်။ သူ့နား​နေခန်းထဲ၌ သူတစ်​ယောက်တည်းသာ ရှိ​ကြောင်း​ ​သေချာ​ပြောနိုင်သည်။

သို့​သော်လည်း သရဲများကို ထည့်မတွက်လိုက်​ပေ။

“ဧကရာဇ်​မော့... မ​တွေ့တာကြာပြီ​နော်" ​​ဖြောင်​ဖြောင်က ​လေထဲတွင် လွင့်​မျော​နေပြီး ​မော့ကျန်းကို လက်​ဝှေ့ယမ်းပြလာခဲ့သည်။

​မော့ကျန်းက သူမကို စိတ်မရှည် လက်မရှည် ကြည့်လိုက်သည်။ "မင်းက ပြန်လည်​မွေးဖွားဖို့ မသွား​သေးဘူးလား"

​​​​ဖြောင်​ဖြောင်က သက်ပြင်းချလိုက်သည်။ "အာ... ကျွန်မကို သူစိမ်းလို​ကြီး ​အေးတိ​အေးစက် မဆက်ဆံပါနဲ့ ​အောင်သွယ်​တော်ကို နံရံ​​ပေါ်က​နေ ပစ်မထုတ် လိုက်နဲ့​​နော်"

​မော့ကျန်းက မျက်လုံးများကို ​မှေးကျဥ်းလိုက်သည်၊ "မင်း ဘာ​ပြောချင်တာလဲ"

​ဖြောင်​ဖြောင်က သူမ၏ ပါးစပ်ကို အုပ်၍ သက်ပြင်းချလိုက်သည်။ သူမ၏ အမူအယာက အမှန်တကယ်ပင် ​အောင်သွယ်​တော် တစ်​ယောက်နှင့် တူ​နေခဲ့သည်။

"မူလ အင်တာဗျူးရမဲ့သူ ​ရောက်မလာတာ ဘာ​ကြောင့်လ်ု့ ထင်လဲ... ကျွန်မ သူ့ကို တားလိုက်လို့ မဟုတ်ဘူးလား" ​ဖြောင်​ဖြောင်က လက်များကို ကစား​နေပြီး လျှို့ဝှက်ဆန်းကြယ်စွာ ဆို​လေသည်။ "ရှိ​သေးတယ်​နော်... ရှင့်ရဲ့ အကန့်အသတ် ပိုစတာ ဆယ်ခုထဲက စပယ်ရှယ် ပိုစတာကိုလည်း ​ကြောင်​လေးရဲ့ လက်ထဲကို ​ရောက်​အောင် နည်းလမ်းရှာပြီး ပို့​ပေးခဲ့​သေးတယ်... သူက အဲ့ပုံကို သူ့အိပ်ရာ​​ပေါ်မှ ချိတ်ထားပြီးသွားပြီ... အရမ်း သိုသိပ်တာပဲ"

​မော့ကျန်း၏ အမူအယာတို့က ဗလာသက်သက် ဖြစ်သွားသည်။ သူက ဖိုရမ်ထဲမှ ဆာဒါကို၏ ပိုစ့်ကို မြင်ပြီးသွားပြီ ဖြစ်ပြီး ပုံစံတု လုပ်ထားသူဟု ​တွေးမိခဲ့သည်။ ဒါ​ပေမယ့် အား​ယောင် ကိုယ်တိုင် ဖြစ်​နေခဲ့တာလား...

​မော့ကျန်းက ​ဖြောင်​ဖြောင်ကို ကြည့်လိုက်သည်။ "ဘာလို့ ဒီလ်ု​တွေ လုပ်​နေရတာလဲ"

“ကျွန်မက ကိုယ်ကျိုး မငဲ့တတ်တဲ့သူမို့လို့​ပေါ့"

​​ဖြောင်​ဖြောင်က ဂုဏ်ယူစွာဖြင့် ​ခေါင်းကို ​မော့လိုက်သည်။

"ရှင်နဲ့ ​ကြောင်​လေးတို့ တူတူရှိ​သွားကြမှာကို ​စောင့်ပြီးမှပဲ ​အောင်​အောင်မြင်မြင် ပြန်လည် ဝင်စားနိုင်​တော့မယ်"

သူနဲ့ အား​ယောင် အတူရှိဖို့လား... ​မော့ကျန်း၏ မျက်လုံးများ ဝင်းလက်သွား​လေသည်။ သူ အရင်က ဖုန်းထဲတွင် ရှန်းယွမ်ဇယ်နှင့် စကား ​ပြောခဲ့စဥ်က ယန်ယန် သူ့ကို ငြင်းခဲ့ပြီးသွားသည်ကို သိလိုက်ရသည်။ မဟုတ်ပါက လီယန်ကို သူ့လက်​​ထောက် ဖြစ်လာရန်အတွက် သ​ဘောတူလိမ့်မည် မဟုတ်​ပေ။

ဒီလိုမျိုးသာဆို သူတို့ တကယ်ပဲ တူတူရှိနိုင်တယ်​ပေါ့...

​​ဖြောင်​ဖြောင်က သူ၏ ရှုပ်​ထွေး​နေ​​သော အမူအယာကို မှတ်သားထားလိုက်သည်။ သူမက ​မြေ​ပေါ်သို့ ဆင်းလာကာ တခစ်ခစ် ရယ်​မောလိုက်သည်။ "​နောက်မှ ကျွန်မ ရှင့်ကို မ​ပြောခဲ့ဘူးဆိုပြီး မ​ပြောနဲ့​နော်... ​ကြောင်​လေးက ပြိဿ ရာသီဖွား​နော်...

ပြိဿလား... အဲ့​တော့ ဘာဖြစ်လဲ...

​ဖြောင်​ဖြောင်က ရယ်ချင်​နေ​သော မျက်နှာထားနှင့် ရှိ​နေသည်။ "ပြိဿတစ်​ယောက်ရဲ့ အကြီးကျယ်ဆုံး ထူးခြားတဲ့ လက္ခဏာက ဘာလဲသိလား"

​မော့ကျန်းက တစ်ခဏမျှ ​တွေး​တောလိုက်သည်။ "အစားကြီးပြီး ပျင်းတာလား... ပို​ကောင်းတဲ့ ဘဝရဖို့ ပိုက်ဆံပိုလိုတာလား"

“ဒါက အလှ​လေး တစ်​ယောက်ဆီက​နေ ဆွဲ​ဆောင်ခံရဖို့က အလွယ်ဆုံးနည်းပဲ"


ဧကရာဇ်​မော့ တစ်​ယောက် အ​တွေးနက်သွား​လေသည်။

.....


နာရီလက်တံ ဆယ်ဂဏန်းသို့ ပြလာ​သောအခါ လီယန်က သူမ၏ အိပ်ရာထက်မှ ပိုစတာကြီးကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။

ဘဝက အလွန် ဆန်းကြယ်လှ​​ပေသည်။ သူမ ထိုလူ၏ အယ်လ်ဘမ် ဝယ်ရန်အတွက် ​စောင့်ရင်း တန်းစီခဲ့ရသည်မှာ နှစ်ရက်မျှသာ ကြာ​သေးသည်။ ယခုမူ သူမက ရုတ်တရက်ပင် သူ့လက်​ထောက် ဖြစ်လာခဲ့​လေပြီ။

​ကောင်းပြီ​လေ... ကုမ္ပဏီကသာ သူမကို အတည် အလုပ်ခန့်ဖို့ ဆန္ဒရှိရင်ပေါ့...

လီယန်က အင်တာတိန်းမန့်​လောကကို ​ကောင်း​ကောင်း နားမလည်လျှင်​တောင် လက်​ထောက် တစ်​ယောက် ဖြစ်ရခြင်းက လူတိုင်း လုပ်နိုင်သည့် အလုပ်မျိုး မဟုတ်​ကြောင်း သိထား​ပေသည်။ နာမည်​ကျော်များက သူတို့၏ လက်​ထောက်​နေရာအတွက် သူတို့၏ သူငယ်ချင်းများနှင့် ​ဆွေမျိုးများသာ ထားလိုကြသည်။ အ​ကြောင်းမှာ ထိုသူတို့က အခြားသူများထက် ယုံကြည်စိတ်ချရ၍ ဖြစ်​ပေသည်။

သူမက​တော့……

ဘာပဲဖြစ်ဖြစ် သူမက ဒီအ​ကြောင်းကို ထပ်ပြီး မစဥ်းစားချင်​တော့ဘူး... သူမ မ​အောင်ခဲ့ရင်​တောင် အနာဂါတ်မှာ ဒီအ​တွေ့အကြုံကို ဘဝသက်ခန်းစာ တစ်ခု အဖြစ် သုံးနိုင်​သေးတယ်​လေ...

"သမီး မအိပ်​သေးဘူးမလား" မားမားလီက စိတ်ထား​သော သစ်သီးများကို ပန်းကန် အပြည့်သယ်လာပြီး တံခါးကို တွန်းဖွင့်လာခဲ့သည်။ "ဆယ်နာရီ​တောင် ရှိသွားပြီ... သမီးရဲ့ ခန္ဓါကိုယ်က ညဥ့်နက်​အောင် ​နေလို့ မရဘူး​လေ... လာလာ အသီးစားပြီး အိပ်ရာဝင်​တော့"

"သမီး သိပါတယ်" လီယန်က သူမကို ပြန်ပြုံးပြလိုက်​သော်လည်း သူမ၏ နှလုံးသားထဲတွင် စိတ်မပူဘဲ မ​နေနိုင်​ပေ။ ကုမ္ပဏီကသာ မျက်စိ​မှောက်ပြီး သူမကို ​ရွေးလိုက်ပါက သူမ၏ ​မိခင်နှင့် ဖခင်တို့က ထိုအလုပ်ကို လက်ခံ​ပေးကြမည်တဲ့လား...

သူမက သူမ၏ မိဘများထံမှ အ​တော်​လေး အလိုလိုက်ခံခဲ့ရ​သော်လည်း သူမ၏ နာမကျန်း ဖြစ်မှု အပြီးတွင် သူမ၏ မိသားစုက သူမကို ​ကြွေရုပ်​လေးကဲ့သို့ ဆက်ဆံလာကြသည်။ အိမ်မှုကိစ္စ​​​သေး​သေးလေးကိုပင် မလုပ်ခိုင်းကြဘဲ ကိုယ်ခံပညာနည်းပြ အဖြစ်မှ နှုတ်ထွက်ရန် ဖိအား​ပေးခဲ့ကြသည်။ ယခုတွင်မူ သူမ၏ ​ခြေ​ထောက်များက ပန်းထိုးထား​သော ပန်းပွင့်​လေးများ​ထက်ပင် ပို၍ အသုံးမဝင် ဖြစ်လာသည်။

မားမားလီက ပန်းကန်ကို ချ၍ လီယန်ကို ​စော​စောအိပ်ရန် ​ပြောပြီး​နောက် အခန်းထဲမှ ထွက်သွားသည်။ လီယန်က ပန်းသီးစိတ်​လေးကို ခက်ရင်းဖြင့် ထိုးကာ ကုမ္ပဏီက အမှန်တကယ် မျက်စိ​မှောက်လိုက်မည်ကို ​​စောင့်ပြီးမှ စိုးရိမ် ​ကြောင့်ကြရန် ဆုံးဖြတ်လိုက်​လေသည်။

လီယန်က ဗီရိုထဲမှ ညအိပ်ဝတ်စုံကို ထုတ်၍ အဝတ်လဲရန် ပြင်လိုက်​​သော်လည်း သူမ၏ မျက်လုံး​​ထောင့်များမှ အိပ်ရာထက်ရှိ ပိုစတာကို မြင်​တွေ့​နေရသည်။

ကိုယ်လုံးတီး ဖြစ်​နေတဲ့ ဧကရာဇ်​မော့ရဲ့ ​ရှေ့မှာ အဝတ်လဲရတာ တကယ် ရှက်ဖို့ ​ကောင်းတာပဲ​နော်... သူ့မျက်လုံး​တွေက သူမကို တည့်တည့် စိုက်ကြည့်​နေတဲ့အတိုင်းပဲ...

"စိတ်ရှုပ်လိုက်တာ" လီယန်က သူမ၏ ညအိပ်ဝတ်စုံကို ​ပွေ့ကာ ပြုံး​နေရင်းဖြင့် ​ရေချိုးခန်းထဲသို့ ဝင်သွားသည်။ ​ရေချိုးခန်းထဲမှ ထွက်လာ​သောအခါ သူမက ညအိပ်ဝတ်စုံများကို ဝတ်ထားပြီးသား ဖြစ်​နေသည်။ လီယန်က အိပ်ရာ၏ အခြား တစ်ဖက်မှ ဖုန်းကို ​ကောက်ယူကာ ​ဝေ့​ပေါ် ဖွင့်ရန် အသင့်ဖြစ်​နေ​လပြီ။

ချန်းချင်းယန် နှစ်မိနစ်အကြာက ​ပေးပို့လာ​သော မဖတ်ရ​သေးသည့် စာတိုတစ်​စောင် ရှိ​နေခဲ့သည်။ လီယန်က ဖွင့်ကြည့်လိုက်​သောအခါ ရုပ်ရှင်သွားကြည့်ရန်အတွက် အားမအား ​မေးထားခြင်း ဖြစ်​နေသည်။

"နတ်ဘုရား တားမြစ်ဇုံ 3" က နှစ်ရက်ကြာလျှင် တရားဝင် ထုတ်လွှင့်​တော့မည် ဖြစ်ပြီး တီဗီ​ပေါ်တွင် ဖြစ်ဖြစ် သတင်းများတွင် ဖြစ်ဖြစ် နိုင်ငံ တစ်ခုလုံးက ထိုရုပ်ရှင် ရုံတင်မည်ကို စိတ်ဝင်စား​နေကြသည်။ ဖိုရမ်က ပို၍ အသက်ဝင်လာကာ စုရုံးစုရုံး ဖြစ်​နေကြပြီး ရုပ်ရှင်ရုံသို့ အတူတကွ သွားကြည့်ရန် ဆုံးဖြတ်ထားကြသည့် အဖွဲ့​ပေါင်းများစွာ ရှိ​နေသည်။

လီယန်က မကြာခင်ပင် ​မော့ကျန်း၏ လက်​ထောက် ဖြစ်ရ​တော့မည် ဖြစ်၍ သူမ အလုပ်ရှင်၏ အလုပ်ကို နားလည်ထားရန် လိုအပ်သည်ဟု ​တွေးမိသည်။ ထို့​ကြောင့်ပင် သူမက ချန်းချင်းယန်၏ မက်​ဆေ့ချ်ကို စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။ "ရှန်ပူ... မနက်ဖြန် ငါတို့ ရုပ်ရှင်ရုံမှာ ခုံရဖို့ ​စော​စောထကြရ​အောင်"

ဧပြီ 13ရက်​နေ့တွင် "နတ်ဘုရား တားမြစ်ဇုံ 3"က တစ်နိုင်ငံလုံးတွင် ထုတ်လွှင့်ပြသခဲ့သည်။ လီယန်က သူမနှင့် ချန်းချင်းယန်တို့ ​ လူတိုင်းထက် စော​စော ​ရောက်လိမ့်မည်ဟု ​တွေးထားခဲ့​သော်လည်း သူမက ဧကရာဇ်​မော့၏ ဆွဲ​ဆောင်နိုင်မှုကို ​လျှော့တွက်ခဲ့လေသည်။ ရုပ်ရှင်ရုံက လူများ ပြည့်ကျပ်၍ ​နေပြီး ရုပ်ရှင်ပြခန်းများကလည်း ​​ငွေရှင်းသည့်​နေရာ၌ လက်မလည်ရုံသာမက ရုပ်ရှင်ရုံ​ဘေးမှ လမ်း​ဘေး​စျေးသည်​လေးများကပါ အလုပ်ရှုပ်​နေကြသည်။

ချန်းချင်းယန်က လီယန်၏ ​ဘေးတွင် ထိုင်​နေရင်းဖြင့် အသားကင်စား​​နေခဲ့သည်။ "ဘာလို့ ဒီ​နေရာမှာ ဒီလူ​တွေ အားလုံး တိုး​ဝှေ့​နေကြပါလိမ့်... လက်မှတ်မရှိရင် ဝင်လာလို့ ရပါ့မလား" သူမက ​ပြောရင်းဖြင့် VIPလက်မှတ် နှစ်​​စောင်ကို ယမ်းပြလိုက်သည်။ "နင့် ယွမ်ဇယ်​ကော​ကောရဲ့ စ​ကေး​တွေကို ​ကျေးဇူးတင်ရမယ်... သူက VIP လက်မှတ် နှစ်​စောင်​တောင် ရလာလိုက်​သေးတယ်"

လီယန်၏က သူမ၏ လက်ကို ဆွဲကာ ပါးစပ်ထဲမှ သစ်သီး​ဖျော်ရည်ကို မျိုချလိုက်သည်။ "သိုသိုသိပ်သိပ် ​နေစမ်းပါဟ... တစ်​ယောက်​ယောက် လုသွားမှ ငိုမ​နေနဲ့"

"ငါ့ကို လုမှာတဲ့လား... တစ်​ယောက်​ယောက်သာ လာလုရဲရင် နင့်လက်သီး အစွမ်းကို ခံစားခိုင်းလိုက်​လေ"

လီယန်: “…”

သူမ ယခု လုပ်ချင်သမျှက ထိုသူကို မသိချင်​ယောင်​ဆောင်ထားရန်သာ။သို့​​သော်လည်း သူမ ထိုလက်မှတ်များကို ကြည့်မိ​သောအခါ တစ်နည်းနည်းဖြင့် ရှုပ်​ထွေးလာရသလိုပင်။ ဗယ်လင်တိုင်း​ဒေးကတည်းက သူမ ရှန်းယွမ်ဇယ်ကို တစ်ကြိမ်မှ မ​တွေ့ရ​သော်လည်း သူက ထိုလက်မှတ် နှစ်​စောင်ကို ချန်းချင်းယန်ထံသို့ ကိုယ်တိုင် ကိုယ်ကျ ​ပေးလာ​နေဆဲပင်။

သူက သူမကို စိတ်ပျက်နေတုန်းပဲလား .. လီယန်က အနည်းငယ် စိုးရိမ်သွားခဲ့သည်။ သို့​သော်လည်း သူ သူမကို မဆက်သွယ်လာသည့်အတွက် သူမကို ကိုယ်တိုင်သွား​တွေ့ရန်အတွက်ကား ရှက်စရာ ​ကောင်းလွန်းလှ​ပေသည်။



Xxxxxx