အပိုင်း ၅၃
Viewers 10k

Chapter 53



သူမက သူမကိုယ်သူမ ​မော့ကျန်းနှင့် နှိုင်းယှဥ်ချင်​နေသည့် အ​ကြောင်းအတွက်ကား သူမ တကယ်ပင် မသိခဲ့​ပေ။

သို့​​သော်လည်း ထိုစကားလုံးများက ရှန်းယွမ်ဇယ်ကို ထိတ်လန့်သွားရ​စေသည်။ တစ်​ယောက်​ယောက်က ကြီးပြင်းလာလျှင် ပြင်ပ​လောကထဲသို့ သွား​ရောက် ရင်ဆိုင်ကြရမည်ကို သူနားလည်ပါ၏။ သူ အ​မေရိကသို့ စာသင်ရန် သွား​ရောက်ခဲ့သည့်အချိန်ကလည်း 18နှစ်သာ ရှိ​နေ​သေးသည်။ သို့​သော်လည်း လီယန်မှာကား... သူမက ထိုအရာများကို ရင်ဆိုင်ရန် မလိုအပ်​ပေ။ သူက သူမ၏ ဘဝတစ်ခုလုံးကို ကာကွယ်​စောင့်​ရှောက်​ပေးရန် ဆန္ဒရှိ​နေသည်။

"ကျွန်မ မကြာခင် ဘိုးဘိုးရဲ့အိမ်ကို ​ရောက်​တော့မယ်... ဒီကိစ္စကို ကျွန်မရဲ့ မိသားစုနဲ့ ​သေ​သေ​ချာချာ ​ဆွေး​နွေးမှာပါ... ​ကော​ကော စိုးရိမ်ဖို့ မလိုပါဘူး"

လီယန်က စကားဆုံးသည်နှင့် ရှန်းယွမ်ဇယ် ပြန်​ပြောလာ​တော့မည့်အချိန်မှာပင် ဖုန်းချလိုက်သည်။

ရှန်းယွမ်ဇယ်က ဖုန်း၏ အခြားတစ်ဖက်မှ အလုပ်များ​နေသည့် ​လေသံကို နား​ထောင်ရပြီး​နောက် သူ့နှလုံးသားက တဖြည်းဖြည်း နစ်မွန်းလာရသလိုပင်။ သူက သူမ၏ ဘဝတစ်​လျှောက်လုံး ကာကွယ်​ပေးချင်ပါ​သော်လည်း တစ်ဖက်လူက ကာကွယ်ခံရန်အတွက် ဆန္ဒရှိသည်လား ဟူသည့်အ​ပေါ်တွင်လည်း မူတည်​နေ​သေးသည်။

လီယန်က ဖုန်းချလိုက်ပြီး​နောက်တွင် တက္ကစီကလည်း ကျန်းအိမ်​ဟောင်း​ရှေ့၌ ရပ်တန့်သွားသည်။ ဒရိုင်ဘာကို ​ငွေရှင်းပြီး​နောက် လီယန်က အသက်ပြင်းပြင်းရှူကာ ​ရှေ့ဂိတ်တံခါးကို ဖွင့်လိုက်သည်။

ထိုအိမ်ကို ကျန်းမိသားစု ဘိုး​ဘေးများက တည်​ထောင်ခဲ့ခြင်းဖြစ်ပြီး သူ့နံရံများက နှစ်တစ်ရာ​ကျော် သက်တမ်း ရှိပြီ ဖြစ်သည်။ လီယန်၏ အဘ်ုးဖြစ်သူက ငယ်စဥ်အခါက ဤ​နေရာတွင်ပင် ​နေထိုင်ခဲ့ပြီး ယခု အိုမင်းလာ​သောအခါ သူ့ဘဝတစ်ခုလုံး ​နေထိုင်ခဲ့သည့်​နေရာကို စွန့်ခွာရန် ပို၍ပင် တွန့်ဆုတ်​နေသည်။

ထို​နေရာက မကျယ်​ပြောလှ​​ပေ။ ပန်းခြံ​သေး​သေး​လေးနှင့် ထိုပန်းခြံ​လေး၏ ​နောက်တွင် ​သေးငယ်​သော အ​​နောက်တိုင်းပုံစံ နှစ်ထပ် အ​ဆောက်အအုံ​လေး ရှိ​နေသည်။ အ​နောက်တိုင်းပုံစံ အ​ဆောက်အအုံ​လေး၏ မနီးမ​ဝေးတွင် သို​လှောင်အိမ်​လေး ရှိ​နေသည်။ ၎င်းက မူလတွင် စုံစီနဖာများနှင့် အတိုအစများ ထားရန် သုံးစွဲခဲ့​သော်လည်း ​နောက်ပိုင်းတွင်မူ ဘိုးဘိုးက ထို​နေရာကို ကိုယ်ခံပညာ အကယ်ဒမီ​ကျောင်း တစ်ခုအဖြစ် ​ပြောင်းလဲခဲ့ပြီး ​ကျောင်းသားများကို ကိုယ်ခံပညာသင်ကြားရာ၌ အထူးအသုံးပြုသည်။

လီယန်ကမူ ထို​​နေရာက အလွန် ​ဝေးလံလှသည်ဟု ခံစားမိသည်။ လူအများစုက ကိုယ်ခံပညာ သင်ကြားရန်အတွက် ထိုကဲ့သို့ ​ဝေးလံလှသည့်​နေရာသို့ လာချင်ကြမည် မဟုတ်​​​ပေ။ သို့​သော်လည်း ​ကျောင်းသားများကမူ တစ်နှစ်ပြီး တစ်နှစ် ​ပြောင်းလဲသွားခြင်း မရှိပါ​ပေ။ သူမက သူမအဘိုး၏ ကျန်းဟူ ဂုဏ်သတင်းက ​ကျောင်းသားများကို ဆွဲ​ဆောင်​နေသည်ဟုသာ ​တွေးမိသည်။ အတိတ်တွင် ကျန်းမိသားစုက မည်သည့်အရာကို လုပ်ကိုင်ခဲ့​​ကြောင်း မသိရ​သော်လည်း သူမအ​မေ ယခင်က ရှင်းပြခဲ့သည်မှာ ကျန်းမိသားစု ဘိုး​ဘေးများက တာအိုဘုန်း​တော်ကြီးများ၏ အထွတ်အမြတ် ​တောင်တန်းငါးခု စ​​သော ကိုယ်ခံပညာ ဝတ္ထုများ၏ ဇာတ်လိုက်များနှင့် တူကြသည် ဟူ၍ပင်။​

(TN: ကျန်းဟူ= သိုင်း​လောကမှာ ကိုယ်ကျင့်တရား ​ဖြောင့်မတ်ပြီး ထူးချွန်တဲ့သူ)

အထွတ်အမြတ်ဓါးသွားငါးခုဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား... ယွဲ့ပုချွမ်၏ မျက်နှာက လီယန်၏ ​ခေါင်းထဲ၌ ​ပေါ်လာခဲ့သည်။ သူမက ၎င်းမှာ နှိုင်းယှဥ်ချက်​ကောင်း မဟုတ်ဟု ခံစားရ​လေသည်။

(TN: The Smiling, Proud Wanderer က ဝတ္ထုတစ်ပုဒ် ဖြစ်ပြီး The Swordmanက Five Mountain Sword Sects Alliance (အထွတ်အမြတ် ဓါးသွားဂိုဏ်းခွဲ များ ပူး​ပေါင်းခြင်း) ဝတ္ထုကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားပါ... ယွဲ့ပုချွမ်က The Smiling, Proud Wandererထဲက အဓိကဇာတ်​ကောင် ဖြစ်ပြီး အ​တော်ဆုံး သိုင်းသမား ဆယ်​ယောက် ထဲက တစ်​ယောက်ပါ)

မားမားဝမ်က ဥယာဥ်ထဲမှ ​ပေါင်းပင်များကို ဆွဲနှုတ်ရင်း အလုပ်ရှပ်​နေဆဲ ဖြစ်ပြီး လီယန်က သူမထံသို့ ​လျှောက်လာခဲ့သည်။ သူမက လက်ထဲမှ အပင်များကို မြန်မြန် ပြန်ချကာ အပြုံး​လေးဖြင့် နှုတ်ဆက်လာခဲ့သည်။

"အိုင်းရား... သခင်မ​လေးရယ်... ကြိုမ​ပြောဘဲနဲ့ ​ရောက်ချလာရသလား... သခင်မ​လေး ကြိုက်တဲ့ ဟင်း​တွေ​တောင် ပြင်မထားလိုက်ရဘူး"

လီယန်က ခပ်ရှက်ရှက် ပြန်ပြုံးပြလိုက်သည်။ "ရပါတယ် မားမားဝမ်... ကျွန်မ ဘိုးဘိုးကို လာ​တွေ့တာ"

"အိုး... သခင်မ​​လေးရဲ့ ဘိုးဘိုးလား... သူက ကိုယ်ခံပညာသင်တာကို ကြည့်​ပေး​နေတာ​လေ" မားမားဝမ်က ​ပြောသည်။ သူမက အ​​ဆောက်အအုံကြီးဆီသို့ စကား အနည်းငယ် လှမ်း​အော်လိုက်ပြီး လီယန်ဘက်သို့ ပြန်လှည့်လာခဲ့သည်။ "အခု အစားအ​သောက်​လေး​တွေ သွားဝယ်လိုက်အုံးမယ်... ညအိပ်သွား​နော်... မားမားဝမ်ရဲ့ လက်ရာ မစားရတာ ကြာပြီမလား"

မားမားဝမ်က တ​ပျော်တပါး ထွက်ခွာသွားသဖြင့် လီယန်မှာ ကူကယ်ရာမဲ့စွာ ကြည့်​နေလိုက်ပြီး​နောက် ကိုယ်ခံပညာသင်​သော ​နေရာသို့ ဦးတည်သွားလိုက်သည်။

ဖြတ်သွား​နေရင်းမှာပင် နည်းပြ၏ ​ဒေါသတကြီး ဆူပူသံနှင့်အတူ ဟိုက် ဟိုက် ဟား ဟား အသံများကိုပါ အထဲမှ ကြား​နေရသည်။ လီယန်ငယ်စဥ်က သူမ၏ မိဘများမှာ အလွန် အလုပ်များကြသည်။ ရက်သတ္တပါတ်တိုင်းတွင် သုံးရက်မျှ သူမ၏ အဘိုးနှင့် ​နေထိုင်ခဲ့ရပြီး ကိုယ်ခံပညာ ကမ္ဘာကြီးနှင့် လွန်စွာ ရင်းနှီးကျွမ်းဝင်ခဲ့ရ​လေသည်။

သူမက တံခါး​ပေါက်တွင် ရပ်ကာ တစ်ခဏမျှ ကြည့်​နေခဲ့သည်။ ​ကျောင်းသားများမှာ နည်းပြများထံမှ စိန်းစိန်းဝါးဝါး အကြည့်ခံ​နေရပြီး သဲအိတ်များကို အပြင်းအထန် ကန်ပြီးရင်း ကန်​နေကြစဥ်တွင် သူမ၏ အဘိုးဖြစ်သူမှာ လက်ဖက်ရည်​သောက်ရင်း ​ဘေးတွင် ထိုင်​နေသည်။

လီယန်က ထို​နေရာသို့ သွားကာ သူမ၏ အဘိုးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ "ဘိုးဘိုး... သမီး လာ​တွေ့တယ်"

ဘိုးဘိုးကျန်းက သူ့အကြည့်များကို ပင့်တင်လာခဲ့ပြီး ရယ်​မောလိုက်သည်။ "ငါက ကျန်းဟူအိုကြီးပါ... ထပ်ပြီး ​ပြောစရာ မလိုပါဘူး"

လီယန်က သူမ၏ နှလုံးသားထဲမှ ​လေးစားဖွယ် သက်ပြင်းတစ်ခု ချလိုက်သည်။

"ဟုတ်ပါပြီ​လေ... ဓါးသမားကျန်းရဲ့ စကားလုံး​တွေက စူးရှလွန်းပါ​ပေတယ်... လျှို့ဝှက်စကား​တွေ မ​ပြောကြရ​အောင်... ဘိုးဘိုးရဲ့ ​​မြေး​လေးက အလုပ်ရသွားပြီ"

"​နေပါအုံး... ဆရာတူညီမ​လေးက အလုပ်ရသွားပြီလား" ​လေ့ကျင့်​ရေးမှာ မည်သည့်အချိန်ကပင် ရပ်သွားသည်မှန်း မသိခဲ့​ပေ။ ​ကျောင်းသားများအားလုံးမှာ တစ်ဖက်၌ ထိုင်ကာ အနားယူ​နေကြပြီး နည်းပြအချို့က သူမ၏ ​ဘေးပတ်လည်တွင် စုရုံးစုရုံး လုပ်​နေကြသည်။

ပြင်ပမှ ငှားထား​​သော နည်းပြအချို့မှ လွဲ၍ အခြားသူများမှာ ​ကျောင်းသား​ဟောင်းများ ဖြစ်ကြသည်။ ထိုအချိန်က ဘိုးဘိုးကသာ တစ်ဦးတည်း​သော နည်းပြဖြစ်သဖြင့် ​ကျောင်းသား အားလုံးမှာ သူ ကိုယ်တိုင် သင်ကြားပြသခြင်းခံခဲ့ရသည်။ ​နောက်ပိုင်းတွင် ထိုအလုပ်သင်​လေးများမှာ သူတို့၏ ကိုယ်ခံပညာ ​လေ့ကျင့်မှုများ ပြီး​နောက် အချို့က ထွက်သွားရန် ​ရွေးချယ်ခဲ့ကြပြီး အချို့က ဆက်​နေကာ ဘိုးဘိုး​နောက်လိုက်ကြရန် ဆုံးဖြတ်ခဲ့ကြသည်။ လီယန်က က​လေးဘဝတွင် ထိုသူများနှင့် ကိုယ်ခံပညာသင်ကြား​လေ့ ရှိသဖြင့် ​​​သေချာ​ပေါက်ပင် ထိုသူတို့၏ ဆရာတူ ညီမ​လေး ဖြစ်လာခဲ့​လေသည်။

နှစ်​ပေါင်းများစွာ ကုန်လွန်သွား​သော်လည်း လူတိုင်းက သူမကို ​သူတို့၏ ညီမ အရင်း​လေးတစ်​ယောက်အဖြစ် ဆက်ဆံ​ပေး​နေကြဆဲပင်။ ကျန်းဘိုးဘိုးတွင် ​မြေးမ​လေး တစ်​ယောက်သာ ရှိ​ပေသည်။ သူမ အလုပ် ထွက်လုပ်​တော့မည့် အချက်ကလည်း သူတို့အတွက် ​သေချာ​​ပေါက် အလွန်ပင် အ​ရေးကြီးလှသည့် သတင်းပါ​ပေ။

"ဘယ်လို အလုပ်လဲ... ကုမ္ပဏီ​နောက်ခံကို စစ်​ဆေးပြီးပြီလား... လစာ ဘယ်​လောက်​ပေးမှာတဲ့လဲ"

လူတိုင်းက တစ်ချိန်တည်းမှာပင် ​မေးခွန်းများ မရပ်မနား ​မေးလာကြသည်။ ထိုသူတို့က လီယန် အလုပ် သွားလုပ်မည်ထက် ကျားသားရဲတွင်းထဲသို့ ဝင်သွားမည်ဟု ​တွေး​နေကြသည့်အလားပင်။

"ဒီတိုင်း အွန်လိုင်း ဝတ္ထု​​တွေကို တည်းဖြတ်ရတဲ့ ရိုးရိုး အလုပ်​လေးပါပဲ... ကုမ္ပဏီကလည်း နာမည်​ကောင်း ရှိပါတယ်" လီယန်က မျက်လုံးကျယ်ကျယ် ပြုူးကာ ​ပြောရင်း အရူးလုပ်ရန် ကြိုးစားလိုက်သည်။

ဘိုးဘိုးကျန်းက စကားဟမလာဘဲ အစ်ကိုကြီး ဆရာတူအစ်ကိုက သူ့စကားလုံးများကို ထိန်းမထားနိုင်​တော့​ပေ။

"အစ်ကို ​ပြောမယ်... ဆရာတူ ညီမ​လေး... အလုပ်လုပ်ချင်ရင် ဒီ​နေရာကို လာလုပ်ပါလား...​ ​လော​လောဆယ် ကိုယ်ခံပညာ လာသင်ကြတာ မိန်းက​လေးလှလှ​လေး​တွေချည်းပဲ... အစ်ကိုတို့ အားလုံးက အသက်ကြီး​နေပြီဆို​တော့ သူတို့ကို​ကြောက်​အောင် လုပ်မိသွား​ရော... ဟုတ်တယ်မလား" အစ်ကိုကြီး၏ မျက်လုံးများက ဆရာတူညီငယ်များထံ ​ဝေ့ဝဲသွားပြီး​နောက် သူတို့အားလုံးက ​ခေါင်းငြိမ့်လာကြပြီး သူ့ကို စိတ်အားထက်သန်စွာ ​ထောက်ခံလာကြသည်။

"ပြီး​တော့ ဒီ​နေရာမှာ အလကား စားလို့ အိပ်လို့လည်း ရတယ်"

"ကြယ်ငါးပွင့် အာမခံလည်း ဝယ်နိုင်​သေးတယ်​နော်"

"ပြီး​တော့ အ​ရေးအကြီးဆုံးအချက်က ဒီ​နေရာမှာ ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး"

လီယန်မှာ ထိုသူများက ရှန်းယွမ်ဇယ် ခံစားရသည့်အတိုင်း ခံစား​နေကြရသည်ကိုသိ​နေပါ၏။ သူတို့​တွေက သူမ အပြင်ထွက်လိုက်သည်နှင့် အခြားသူများထံမှ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်​နေကြသည်။ သူမက အဘိုးဖြစ်သူ၏ မ​ပြောင်းလဲ​သော အမူအယာကို ကြည့်၍ နှုတ်ခမ်းကိုက်လိုက်သည်။ သူမ၏ အဘိုးက လက်ဖက်ရည်ခွက်ကို တစ်ငုံ​သောက်လိုက်ပြီး သူမကို ကြည့်လာခဲ့သည်။

"သမီး ဆုံးဖြတ်ပြီးပြီလား"

"အင်း" လီယန်က ခိုင်ခိုင်မာမာ ​ခေါင်းငြိမ့်ပြလိုက်သည်။ ဤတစ်ကြိမ်၌ သူမက အလွန်အမင်း စိတ်ဆုံးဖြတ်ထားပြီး အရှုံး​ပေးမည် မဟုတ်သည်ကို ပြသရ​ပေလိမ့်မည်။

ဘိုးဘိုးက သူမကို တစ်ခဏမျှ ကြည့်လာပြီး ဆိုလာသည်။ "လူငယ်​တွေက အပြင်ထွက်ပြီး ကမ္ဘာကြီးကို ရှာ​ဖွေသင့်တယ်... သမီး ဆုံးဖြတ်ချက် မှန်မှန် ချပြီးသား ဖြစ်မယ်လို့ ဘိုးဘိုး ယုံတယ်... သမီးကို ဘိုးဘိုး ​ထောက်ပံ့​ပေးမယ်"

ကျန်းဘိုးဘိုး၏ အသံ ရပ်သွားသည်နှင့် ဆရာတူအကိုကြီးက ခုန်ထွက်လာပြန်သည်။ "ဆရာ... ဆရာတူ ညီမ​လေးက အခုမှ ပြန်သက်သာလာကစပဲ ရှိ​သေးတာကို သိရဲ့သားနဲ့"

ကျန်းဘိုးဘိုး၏ အကြည့်က သူ့အ​ပေါ်၌ ​ဝေ့ဝဲသွားပြီး အစ်ကိုကြီး၏ ပါးစပ်ကို လုံးဝ ပိတ်သွား​စေခဲ့သည်။

"​ကျေးဇူးပါ... ဘိုးဘိုး" ဘိုးဘိုး၏ ပုံရိပ်က ကြီးကျယ်ခန့်ညားပြီး ​တော်ဝင်ဆန်လှသည်သာ မဟုတ်ခဲ့ပါက သူမက အ​ပြေးသွားပြီး ဘိုးဘိုးကို နမ်းမိ​ပေလိမ့်သည်။

"သမီး အ​မေနဲ့ အ​ဖေဘက်က..."

ဘိုးဘိုးက ပြုံးကာ ဆိုလာသည်။ "ဘိုးဘိုး ​ပြော​ပေးမယ်"

လီယန်က ဘိုးဘိုး၏ စကားများကို ကြားပြီး​နောက် စိတ်သက်သာရာ ရသွား​လေ၏။ သူမတို့၏ အိမ်၌ ဘိုးဘိုးကသာ အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ထိုင်​နေသူ ဖြစ်သည်။

"အိုး.. ဟုတ်သား... သမီးနဲ့ ရှန်းမိသားစုက ​ကောင်​လေးရဲ့ အ​ခြေအ​နေ​က​ရော" အဆုံးတွင်​တော့ သူမ၏ အဘိုးဖြစ်သူက သူ့​ပူပန်မှုများကို မြေးမ​လေး၏ အချစ်​ရေး ပြဿနာများဘက်သို့ လှည့်လာ​လေပြီ။

လီယန်က သူမ၏ ထိုင်ခုံကို ​နေရခက်စွာ လှုပ်ရှားလိုက်သည်။ "ဘိုးဘိုးကလည်း... သမီး သူ့ကို အစ်ကို တစ်​ယောက်လိုပဲ သ​​ဘောထားတာ"

ဘိုးဘိုးကျန်း၏ နှုတ်ခမ်းက အနည်းငယ် လှုပ်ရှားသွား​သော်လည်း မည်သည့်စကားမှ ​ပြောမလာခဲ့​ပေ။ ရှန်း​ကောင်​လေးက သူ့​မြေး​ပေါ်တွင် မည့်သည့် ခံစားချက်များ ရှိ​နေသည်ကို သူ​​ပြောနိုင်​ပေသည်။ လီယန် ​ဆေးရုံတက်ရသည့် ကာလအတွင်း ရှန်းယွမ်ဇယ် လုပ်​ပေးခဲ့သမျှ အရာအားလုံးကို သူ ရှင်းရှင်းလင်းလင်း ​တွေ့နိုင်​ပေသည်။ သို့​သော် ထိုကိစ္စများမှာ လူငယ်များ၏ ခံစားချက်များသာ ဖြစ်၍ သူ အလွယ်တကူ ကြားဝင်၍ မရနိုင်​ပေ။

သို့​သော်လည်း ကြည့်ရသည်မှာ လူအိုကြီးရှန်းကို အစားအ​သောက် ဖိတ်​​ကျွေးရန်အတွက် ဆိုင်းငံ့ထားရအုံးမည့်ဟန်ပင်။

လီယန်​၏ တိုက်ပွဲ အစီအစဥ်က အလွန် ​​အောင်မြင်သွားခဲ့​လေပြီ။ ယခုတွင် ဘိုးဘိုးက သူမဘက်တွင် ရှိ​နေပြီ ဖြစ်၍ သူမ၏ မိဘများကိုလည်း အလွယ်တကူ သိမ်းသွင်းနိုင်ခဲ့သည်။ သူမက ရင်းနှီး​ကျွမ်းဝင်​နေ​သော အိပ်ရာ​နွေး​​နွေး​လေး​ပေါ်တွင် လဲ​လျောင်း​နေရင်းဖြင့် လုံးဝ စိတ်မတည်ငြိမ်နိုင်​သေး​ပေ။

ပိုစတာ သို့မဟုတ် အွန်လိုင်း​ပေါ်တွင်သာ ​တွေ့ရ​လေ့ရှိ​သော ထိုသူကို မနက်ဖြန်မှစ၍ ည​ကော မနက်ပါ ​တွေ့မြင်နိုင်ရ​​တော့မည် ဖြစ်သည်။ တကယ်ကြီး... ရှက်စရာ​ကောင်းလိုက်တာ...

"ဟားဟားဟားဟား" လီယန်က သူမကိုယ်သူမ ​စောင်ဖြင့်ဖုံးကာ တခစ်ခစ် ရယ်​မောလိုက်ပြီး ​နေ့လည်တွင် မော့ကျန်းကို ​တွေ့ရမည့်အချိန်၌ မည်သည့် အဝတ်အစားများ ဝတ်သွားရမည်ကိုပါ ​တွေး​တော​နေခဲ့​လေသည်။

လီယန်က သူမ၏ အဝတ်ဗီရိုထဲမှ အဝတ်များကို ပြန်​​တွေး​နေရင်းပင် တဖြည်းဖြည်း အိပ်ချင်စိတ် ဝင်လာခဲ့သည်။ 7 နာရီ အတွက် နှိုးစက်ချထားပြီး​နောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွား​လေ​တော့သည်။

နှိုးစက်က မနက် 7နာရီ၌ မြည်လာခဲ့သည်။ သူမက ​ရေချိုးပြီး​​နောက် မှန်တင်ခုံမှ ​တွေ့သည့် မျက်နှာ​ပေါင်းတင်ပစ္စည်းကို မျက်နှာ​ပေါ်တွင် ကပ်ထားလိုက်ပြီး မ​နေ့ညက အ​သေအချာ စဥ်းစားထားခဲ့သည့် ဝတ်စုံကို ဝတ်လိုက်သည်။ မနက်စာစားပြီး​နောက် တံခါးမှ ဖြတ်​လျှောက်လာ​သောအခါ ရှစ်နာရီခွဲသာ ရှိ​နေ​သေးသည်။

သူမက အိတ်ကို IDနှင့် ဓါတ်ပုံတို့ပါမပါ တစ်ခါ ထပ်စစ်လိုက်ပြီး ခိုက်ဟွမ်းသို့ တက္ကစီတစ်စီးငှားကာ ထွက်လာခဲ့သည်။ ဒရိုင်ဘာမှာ သူမ၏ ဦးတည်ရာ​နေရာက ခိုက်ဟွမ်းဟု သိလိုက်ရ​သောအခါ ရုတ်တရက် ရယ်​မောလိုက်သည်။

"မိန်းက​လေး... မင်းလည်း စတား​တွေ​နောက် လိုက်​နေတာပဲလား... မင်းတို့​တွေ အဲ့ဒီမှာ ​နေ့တိုင်း​နေ့တိုင်း ​စောင့်​နေကြတာ... ဒါက ​တော်​တော်​လေး ရိုင်း​နေသလိုပဲ... အဲ့နည်းက အလုပ်​ရော ဖြစ်ရဲ့လား... ​မော့ကျန်းနဲ့ အန်း​ကောသာ မင်းတို့ သူတို့ကို အလစ်လာ​​ချောင်း​နေမှန်းသိရင် ဝင်​ပေါက်က​နေ ဖြတ်သွားကြပါ့မလား"

လီယန်က တက္ကဆီ ​မောင်းသူကို ကြည့်ကာ မျက်​တောင်ခတ်လိုက်သည်။ "အန်း​ကောက ဘယ်သူလဲ"

"နာမည်ကြီး အဆို​တော်​လေ... မင်းသူ့ကို မသိဘူးလား" ဒရိုင်ဘာက အလွန် အံ့အားသင့်သွား​လေသည်။

"ဧကရာဇ်​မော့ကလွဲလို့ တခြားကြယ်ပွင့်​တွေက မင်း မျက်လုံးထဲ မတိုးဘူး​ပေါ့​လေ"”

"ကျွန်မ ​မော့ကျန်းကိုပဲ သိတယ်" သူမက ​ပြောလိုက်​သော်လည်း ၎င်းက အမှန်တရားပင် ဖြစ်သည်။ ​ဖျော်​ဖြေ​ရေး​လောကတစ်ခုလုံးတွင် ​မော့ကျန်းတစ်​ယောက်တည်းကိုသာ သူမ သိသည်။

သို့​သော်လည်း ဒရိုင်ဘာ၏ နားထဲ၌ ၎င်းက အဓိပ္ပါယ် အတူတူ ဖြစ်မ​​နေ​ပေ။ ထိုသူက သူ့နှလုံးသားထဲမှ သက်ပြင်း​လေး​လေးတစ်ခု ချလိုက်သည်။

"ဒီမိန်းက​လေးက အ​တော်​လေး ချစ်စရာ ​ကောင်း​ပေမယ့်လည်း သူ့ဦး​နှောက်က ​ဧကရာဇ်​မော့​ကြောင့် ဖျက်ဆီးခံလိုက်ရပြီ။

​လီယန် ဆင်းသွားသည်အထိ ဒရိုင်ဘာမှာ သူမကို နှလုံးသားထဲမှ သနားမိ​နေဆဲ ဖြစ်သည်။ လီယန်က အဓိက ဝင်​ပေါက်နား ချဥ်းကပ်လာစဥ်တွင် လုံခြုံ​ရေးများ၏ တားမြစ်ခြင်း ခံလိုက်ရသည်။ နှစ်မိနစ်မျှ စစ်​​မေးခံလိုက်ရပြီး​နောက် လုံခြုံ​ရေး ဝန်ထမ်းများမှာ သူမက ဝင်ခွင့်ပြုထားပြီးသား ဖြစ်သည်ကို အတည်ပြုလိုက်ပြီး​နောက် သူမကို လွှတ်​ပေးလိုက်ကြသည်။

တံခါးဝရှိ အခြား​သော မိန်းက​လေးများက လီယန် ခိုက်ဟွမ်း၏ ဝင်​ပေါက်မှ ဖြတ်ဝင်သွားသည်ကို ကြည့်ကာ သူမကို မယုံမကြည် ဖြစ်​နေကြ​လေသည်။

"အိုး ​ပြောရအုံးမယ်... လုံခြုံ​ရေး အစ်ကိုကြီး​တို့... သူက လှလို့ ဝင်ခွင့်ပြုလိုက်တာ​တော့ မဟုတ်ဘူးမလား... ဒီလိုမျိုးသာဆို ကျွန်မလည်း ဝင်လို့ရမယ် ထင်တယ်"

လုံခြုံ​ရေး အစ်ကိုကြီးက မိန်းက​လေးကို ရယ်​မောလိုက်သည်။

"သူဝင်နိုင်တာ သူ့မှာ အလုပ်ရှိလို့... မင်းတို့က​ရော"

မိန်းက​​လေးက တစ်ခဏမျှ ကြက်​သေ​သေသွားပြီး​နောက် သူမ၏ ဝံ့ကြွားမှုတို့က မိုး​လောက်ထိမည့်အလား အင်္ကျီလက်ကို ပင့်တင်လိုက်သည်။

"ဘယ်အလုပ်​နေရာ​တွေ လွတ်​နေလဲ ​ပြောပါလား... ညီမတို့ကိုလည်း ​လျှောက်ခွင့်ပြုပါ"

ထို​မေးခွန်းကို ကြားလိုက်ကြ​​သောအခါ တံခါးဝမှ အခြားမိန်းက​လေးတို့မှာ သူတို့၏ ကျွမ်းကျင်မှုများကို တစ်စုတစည်းတည်း ​ဖော်ထုတ်လာကြသည်။

လီယန်က ​ပြောထား​သောအချိန်ထက် မိနစ်​ ​လေးဆယ် ကြို​ရောက်လာခဲ့​သော်လည်း ဝန်ထမ်းက ​သူမကို မ​​စောင့်ခိုင်းဘဲ ထိုအစား သူမကို ရှင်းပြလာပြီး လက်မှတ်ထိုးခိုင်းရန် စာချုပ်တစ်စုံ ဆွဲထုတ်လာခဲ့သည်။ စာချုပ်မျိုးစုံကို လက်မှတ်ထိုးလိုက်ပြီး​နောက် ​ဖောင်အလွတ်ကို ဖြည့်ပြီးသွားသည့်အချိန်၌ ဆယ်နာရီပင် ထိုး​နေ​လေပြီ။

ဝန်ထမ်းက ​ဖောင်များကို စစ်​ဆေးလိုက်ပြီး ပြဿနာ တစုံတရာ မရှိသည်ကို အတည်ပြုပြီးမှ ယာယီဝန်ထမ်းကဒ်တစ်ခု ထုတ်​ပေးလာခဲ့သည်။ "တစ်ဖက်က ဓါတ်​လှေကားဆီ သွားပြီး 36ထပ်မှာ ရပ်လိုက်... ဧကရာဇ်​​မော့က သူ့နား​နေခန်းမှာ အနားယူ​နေတယ်"

ဧကရာဇ်မော့က သူ့နား​နေခန်းထဲမှာ အနားယူ​နေတယ်...


Xxxxxx