အပိုင်း ၅၈
Viewers 10k

Chapter 58
ရိုက်ချက်ပြင်း


ကျွန်​တောကျတော့​ရောတဲ့လား... ရှန်းယွမ်ဇယ် ပြုံးလိုက်မိသည်။ ​နောက်ဆုံး​တော့ အချို့အရာများကို လက်လွှတ်နိုင်သွားသည်ဟု ခံစား​နေရသည်။ မဟုတ်​သေး... သူ အချို့အရာများကို လက်လွှတ်ရ​တော့မည်ဟု ​ပြောရမည်ပင်။

"ကျွန်​တော် အ​မေရိကကို ပြန်သွား​​တော့မယ်"

သူကိုယ်တိုင်ကပင် သူ​ပြော​သော စကားများက ​မာန်ဖီနေ​သော ဆင်ဂယ်​ခွေးတစ်​ကောင်ကဲ့သို့ ဖြစ်​နေသည်ကို မသိခဲ့။

ကျန်းဘိုးဘိုးက ​ခေါင်း​မော့ကာ သူ့ကို ကြည့်လာ​သော်လည်း စကားဆိုမလာခဲ့​ပေ။

ကိုယ်ခံပညာ သို​လှောင်အိမ်​လေးမှ ထွက်လာပြီး​နောက် ရှန်းယွမ်ဇယ်က ​မော့ကျန်းမှာ ပို၍ပင် စိတ်တိုဖွယ်ရာ ဖြစ်လာသည်ကို ​တွေ့လိုက်ရသည်။ ကျန်းဘိုးဘိုးက သူ့ကို စိုက်ကြည့်လာခဲ့ပြီး သူ အလွန်အမင်း မသက်မသာ ဖြစ်လာရသည်ဟု ခံစား​နေရသည်။ သူ့အကြည့်များ ​ရောက်လာသည့် စက္ကန့်တိုင်းက အဆုံးအစ မရှိ ရုန်းကန်​နေရသလို ခံစားရသည်။

သူက ဖုန်းကို ထုတ်၍ သူဖွင့်ချနိုင်သည့် တစ်​ယောက်​ယောက်ကို ရှာချင်ခဲ့​သော်လည်း အဆုံးတွင် သူ​စိတ်ထဲတွင်ရှိသည့် အရာအားလုံး ​ပြောပြ၍ ရနိုင်မည့် တစ်ဦးတည်း​သောသူမှာ သူ အခု​လေးတင် ထိုးခဲ့သူ ဖြစ်​နေသည်။

အဆက်အသွယ်များထဲမှ နာမည်များကို ရှာ​ဖွေလိုက်ပြီး​နောက် ရှန်းယွမ်ဇယ်၏ မျက်လုံးများက ရှန်ပူ၏ နာမည်တွင် ရပ်သွားသည်။

ချန်းချင်းယန်... ဒီ​ကောင်မ​လေးကို စရတာပဲ ​တော်​တော်​​လေး ကောင်းမယ်ထင်တယ်...

"ယန်ယန်က လူရိုင်းကြီးတစ်​ယောက်နဲ့ ထွက်​​ပြေးသွားပြီ... ငါအခု အ​မေရိကကို ပြန်​တော့မယ်" စာများကို တည်းဖြတ်လိုက်ပြီး​နောက် ရှန်းယွမ်ဇယ် သူမကို ပို့လိုက်သည်။

မကြာမီမှာပင် ချန်းချင်းယန်၏ ပြန်စာ​ ​ရောက်လာသည်။ "အ​မေရိကက သတ္တိ​ကြောင်တဲ့သူတစ်​ယောက်ရဲ့ ​ပျော်​မွေ့ရာ​လေး​ပေါ့"

ရှန်းယွမ်ဇယ်က တစ်ခဏမျှ အံ့အားသင့်သွားသည်။ သူမ၏ တုံ့ပြန်မှုက ထိုသို့ ဖြစ်မည်ဟု သူ ထင်မထားခဲ့။

ထိုမက်​​ဆေချ့်ကို သုံးမိနစ်အကြာ စိုက်ကြည့်​နေပြီး​နောက် ရှန်းယွမ်ဇယ်က ကျယ်ကျယ်​လောင်​လောင် ရယ်​မောလိုက်​လေသည်။

သူမက လီယန် လိုက်​ပြေးသွားတဲ့ လူရိုင်းကြီးကိုသာ သိသွားရင် ငိုသွားပြီး​တော့ သူမကိုယ်တိုင်ပဲ အ​မေရိကကို ထွက်မသွား​လောက်ပါဘူး​နော်...

..........


"ရှန်းကုန်းဇီ ​ပြောတာ နင် လူရိုင်းကြီးနဲ့ လိုက်​ပြေးသွားတယ်ဆို"

လီယန်က ထိုစာတိုကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ရင်း မျက်​မှောင်ကြုတ်မိသွားသည်။ ချန်းချင်းယန်က ၎င်းကို လွန်ခဲ့​သော ဆယ်မိနစ်က ​ပေးပို့လာခဲ့ခြင်း ဖြစ်​သော်လည်း မည်ကဲ့သို့ စာပြန်ရမည်ကို မသိ​တော့​​ပေ။

သူမ၏ သိမ်​မွေ့​သော မျက်ခုံး​လေးများက အကြိမ်အနည်းငယ်မျှ အတူတကွ စုကြုံ့သွားပြီး ချန်းချင်းယန်ကို ပြန်လည်​ချေပရန် လို​နေ​သေးသည်ဟု ခံစားလိုက်ရသည်။

"​ဘောစ့်က လူရိုင်းကြီး မဟုတ်ဘူး"

ချန်းချင်းယန်: “…”

နွားငပျင်းမ... ဒီ​နေရာမှာ ဒါက တကယ့် အဓိက ကိစ္စ ဟုတ်လို့လား...

"အို​ကေ​လေ... ဒါဆို နင့်​ဘောစ့်က လူရိုင်းကြီး မဟုတ်ဘူးဆိုတဲ့ သက်​သေ သုံးခု ပြ​ပေး​လေ"

“​​ဘောစ့်မှာ အဆင်​ပြေတဲ့ အလုပ်တစ်ခု ရှိတယ်... သူက ဝင်​ငွေမြင့်တဲ့ အုပ်စုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်​နေ​သေးတယ်... သူက ကား​ရော အိမ်​ရော ပိုင်တဲ့ နိုင်ငံသား​ကောင်းတစ်​ယောက်ပဲ"

“… ဒါဆို နင်က သူ့ပိုက်ဆံ​တွေကို မှန်း​နေတာမလား"

"မဟုတ်ဘူး... ငါ သူ့ရဲ့ ​ချော​မောခန့်ညားမှုကြီးကို တပ်မက်လို့ ​​နေ​နေတာ"



"နွားငပျင်းမ... နင် သူ့ရဲ့ အ​ချောအလှ​တွေက​နေ ဆွဲ​ဆောင်ခံလိုက်ပြီပဲ"

"ကိစ္စမရှိပါဘူး... သူတို့ရဲ့ ကိုယ်ပိုင်ကစားပွဲထဲမှာ ငါကသာ ရိုက်တဲ့​နေရာမှာ အ​တော်ဆုံးသူပဲ"



ချန်းချင်းယန်က နှစ်စက္ကန့်မျှ ​တောင့်တင်းသွား​ပြီး ပြန်​ဖြေလာခဲ့သည်။ "နင်က ပြိဿ
တစ်​ယောက်လို့ ငါကြားထားတယ်"

"အိုး... ဟုတ်သား... ငါ့အတွက် ​မွေး​နေ့လက်​ဆောင် ပြင်ထားပြီးပြီလား = 3 =”

"ဒီညရဲ့ ​လေမြင့်မြင့်ကို အခွင့်​ကောင်း ယူပြီး ပြဿိတွေရဲ့ ဂုဏ်သတင်းကို လိုက်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပြီ... [ကိုးကွယ်ပါတယ် ကိုးကွယ်ပါတယ်] "အိုး ဟုတ်သားပဲ.. ရှန်းယွမ်ဇယ် အ​မေရိကကို ပြန်​တော့မှာတဲ့"

ချန်းချင်းယန် အခြားမက်​ဆေချ့် ပို့လာသည့်အချိန်၌ လီယန်က သူမ၏ ​မွေး​နေ့လက်​ဆောင်​လေး၏ ကံကြမ္မာကိုသာ စိုးရိမ်​နေဆဲ ဖြစ်သည်။ လီယန်က တစ်ခဏမျှ အံ့အားသင့်သွားရသည်။ ယွမ်ဇယ်​ကောကောက အ​မေရိကကို ပြန်​တော့မှာတဲ့လား...

သူမက ဖုန်းကို ကိုင်ထားရင်းဖြင့် တစ်ခဏမျှ တုံ့ဆိုင်း​နေပြီး​နောက် ရှန်းယွမ်ဇယ်၏ နံပါတ်ကို ​ခေါ်လိုက်သည်။ ဖုန်းက ခပ်မြန်မြန် ကိုင်လာခဲ့ပြီး ရှန်းယွမ်ဇယ်၏ ရင်းနှီး​နေ​သော အသံ​လေးက တစ်ဖက်မှ ထွက်​ပေါ်လာခဲ့သည်။

"ယန်ယန် ဘာကိစ္စလဲ"

"အင်း... ရှန်ပူ​ပြောတာ ​ကော​ကော အ​မေရိကကို ပြန်​တော့မှာလို့ ကြားတယ်... တကယ်ပဲလား"

ရှန်းယွမ်ဇယ်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး​နောက် ပြန်​မေးလာသည်။

"အစ်ကို့ကို မင်းက ပြန်​စေချင်လို့လား"

သူ့အသံက ခပ်နိမ့်နိမ့် ဖြစ်​နေပြီး ဆွဲ​ဆောင်မှု ရှိ​သော နှစ်လိုဖွယ်​ကောင်းမှုတို့ဖြင့် ညှို့ယူ​နေဟန်ပင်။

"​ကော​ကော ကျွန်မ​ကြောင့်မို့ ပြန်သွားမှာကို မလိုချင်ဘူး"

ရှန်းယွမ်ဇယ်က တစ်ခဏမျှ ကြက်​သေ​သေ​သွားပြီး​နောက် ရယ်​မောလာခဲ့သည်။ ဒီ​ကောင်မ​လေး... ​နောက်ဆုံး​တော့ အရွယ်​ရောက်လာပြီပဲ...

"မပူပါနဲ့... ငါ ပြန်မသွားပါဘူး"

"​ကော​ကော ပြန်မသွား​တော့ဘူးလား" လီယန်က အကြိမ်အနည်းငယ်မျှ မျက်​တောင်ခတ်လိုက်သည်။ ထိုစာ​ကြောင်းနှစ်ခုအကြား ဖတ်ကြည့်​မိလိုက်သောအခါ သူမ တစ်ခုခုကို ရုတ်တရက် သ​ဘော​​ပေါက်သွား​လေသည်။

"ရှန်ပူနဲ့ ပတ်သက်​နေတာလား"

"ထားလိုက်ပါ... အလုပ် ပထမရက်က ဘယ်လိုလဲ" ရှန်းယွမ်ဇယ်က စကားလမ်း​ကြောင်းကို ဥာဏ်ပါပါ ​ပြောင်းကာ ချန်းချင်းယန်၏ "အ​မေရိကက သတ္တိ​ကြောင်တဲ့သူတစ်​ယောက်ရဲ့ သုခဘုံပဲ" ဟူ​သော မှတ်ချက်​ကြောင့်သာ မဟုတ်ခဲ့ပါက သူတကယ်ပင် ပြန်သွားလိမ့်မည်ဖြစ်​ကြောင်းကို သိ​နေခဲ့သည်။

ပြန်ထွက်​ပြေးမယ်...

"အာ... အ​တော်​လေး ​​ကောင်းပါတယ်... ​ဘော့စ်က အရမ်း​​ကောင်းတယ်" လီယန်က အမှတ်တမဲ့ဖြင့် ရှန်းယွမ်ဇယ်၏ အခြားစကားလမ်း​ကြောင်း​နောက်သို့ လိုက်မိသွားသည်။ လီယန် ​မော့ကျန်းအ​ပေါ် အကဲဖြတ်ချက်ကို ကြား​သောအခါ ရယ်​မောလိုက်ပြီး ဆိုလာခဲ့သည်။ "ဒါဆို ​ကောင်းတာ​ပေါ့... မင်း တစ်​နေ့လုံး အလုပ်လုပ်ရ​တော့ ပင်ပန်း​နေ​လောက်ပြီ... ​စော​စောနား​တော့"

"အို​ကေ" လီယန်က ဖုန်းချလိုက်ပြီး​နောက် အချိန်ကို ကြည့်လိုက်ရာ ဆယ်နာရီထိုး​နေပြီ ဖြစ်သည်ကို ​တွေ့လိုက်ရသည်။ လီယန်က သူမ၏ အိပ်ရာနုနု​လေး​​ပေါ် တွယ်တက်လိုက်ပြီး ​ခေါင်းအုံး​ပေါ် ​ခေါင်းချလိုက်သည်နှင့် အိပ်​ပျော်သွား​တော့သည်။

ထိုလက်​ထောက်အလုပ်က အင်အားအ​တော်များများကို ကုန်ဆုံးသွား​စေနိုင်သည်။

ရိုက်ကူး​ရေးအဖွဲ့က မနက် 8နာရီ၌ စတင်မည် ဖြစ်​သော်လည်း လီယန်က ​မော့ကျန်းကို ​ခြောက်နာရီတိတိ၌ နှိုး​ပေးရန် လိုအပ်​နေ​သေးသည်။ ၎င်းက ထန်ချန်း သူမကို အထူးတလှယ် ​ပေးအပ်ထားခဲ့​သော အလုပ်ပင်။ ​နောက်တစ်​နေ့ မနက်ခင်း နှိုးစက်က 5:50 တွင် မြည်လာ​သောအခါ လီယန်က လှုပ်ရှားမှု တစ်ချက်ဖြင့်ပင် နှိုးစက်ကို ပိတ်လိုက်ပြီး အိပ်ရာ​ပေါ် ထိုင်နိုင်ရန်အတွက် သူမကိုသူမ တွန်းအား​ပေးရန် ဝိဥာဏ်အတွင်းအားကိုသာ မှီခိုလိုက်ရသည်။

သူမ ​စော​စောနိုးထခဲ့သည့် ​နောက်ဆုံးအကြိမ်မှာ လွန်ခဲ့​သော နှစ်​ပေါင်းများစွာမှ ဖြစ်ပြီး တက္ကသိုလ် ဌာနမှုးမှ သူမကို အလံတင်အခမ်းအနားတွင် ပါဝင်ရန် ​ပြောခဲ့စဥ်က ဖြစ်သည်။ ထိုစဥ်အချိန်ကလည်း ​ခြောက်နာရီ မထိုးခင်မှာ နိုးထရန်အတွက် တွန်းအား​ပေးခဲ့ရသည်။

သူမ၏ မျက်နှာကို ဂရုတစိုက် ​ဆေး​ကြောပြီး​နောက် လီယန်က အိပ်ခန်းဆီသို့ ပြန်သွားကာ ​မော့ကျန်းကို ဖုန်း​ခေါ်လိုက်သည်။ "ဂွတ်​မောနင်း... ဧကရာဇ်​မော့"

ဖုန်း၏ အခြားတစ်ဖက်မှ လူမှာ ယခုထက်ထိ ​ကောင်း​ကောင်း မနိုးလာ​သေးသည့်အလား တစ်ခဏမျှ ကြက်​​သေ​သေသွားရသည်။ အချိန်အကြာကြီး တိတ်ဆိတ်သွားပြီး​နောက် အဆုံးတွင် ပြန်​ဖြေလာခဲ့သည်။ "ဂွတ်​မောနင်း"

လီယန်က အရူးတစ်​ယောက်သဖွယ် ပြုံးရယ်​နေခဲ့ပြီး မနက်​စော​စောထရသည့်အတွက် အိပ်ချင်မူးတူး ဖြစ်​နေရခြင်းများက သူမ၏ ဦး​နှောက်ထဲမှ အလုံးစုံ လွင့်ပါးသွားခဲ့ဟန် တူသည်။ "ဧကရာဇ်​မော့... ကျွန်မရှင့်ကို အရင်လာ​တွေ့ရမလား... ဒါမှမဟုတ် စတူဒီယိုကို တန်းသွားရမလား"

"စတူဒီယိုကို တန်းသွားလိုက်"

"ရှင့်အတွက် မနက်စာပြင်​ပေးရအုံးမလား"

“အင်း”

"ရှင်ဘာစားချင်လဲ"

မင်းကို...

​မော့ကျန်းက ​ခေါင်း​ပေါ်မှ ရှုပ်​ထွေး​နေ​သော ဆံပင်များကို ဆွဲဖွကာ သာမန်ကာလျှံကာ ပြန်​ဖြေလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဆင်​ပြေတယ်"

"ကျွန်မစားတဲ့ ဘာဖြစ်ဖြစ် ယူလာလို့ အဆင်​ပြေတယ်​ပေါ့"

“အင်း”

အခြားတစ်ဖက်မှ ဖုန်းချသွား​သောအခါ ​မော့ကျန်းက ​ခေါ်ဆိုမှု ပြီးဆုံးသွားသည့် တတီတီအသံကို နား​ထောင်​နေခဲ့သည်။ သူ့ကိုယ်သူ စိတ်တိုင်းမကျ ဖြစ်​နေသည့် ခံစားချက်တို့ဖြင့် အိပ်ရာ​ပေါ်သို့ ​လေး​လေးပင်ပင် ပစ်လဲချလိုက်သည်။ လုံ​လောက်ပြီ... ​နွေဦး​ ​ရောက်လာခဲ့ပြီ...

​လီယန် ​ရောက်လာသည့်အချိန်မှာပင် မော့ကျန်းက စတူဒီယိုသို့ ​ရောက်​နေနှင့်ပြီ ဖြစ်​လေသည်။ ကုမ္ပဏီက လီယန်ကို ကားတစ်စီး ​ပေးထား​သော်လည်း သူမက ၎င်းကို မ​မောင်းရဲ​လေဘဲ ထိုအစား အချိန်တိုင်း တက္ကစီဖြင့်သာ စတူဒီယိုကို ​ရောက်လာခဲ့သည်။ ထိုအ​ကြောင်းကို စဥ်းစားမိသည်နှင့် လီယန်က အနည်းငယ် စိတ်ဓါတ်ကျသွားရသည်။ သူမ၏ ကား​မောင်းစွမ်းရည်ကို လာမည့်ပိတ်ရက်တွင် ​လေ့ကျင့်ရန် လို​နေ​လေပြီ။ မဟုတ်ပါက ​မော့ကျန်း သူ့ဘာသာသူ ကား​မောင်းသည့်အချိန်တိုင်း အပြစ်ရှိစိတ် ဝင်​နေရမည် ဖြစ်သည်။

ထပ်ပြီး​တော့ ထန်ချန်းသာ ထိုအ​​ကြောင်းကို သိသွားခဲ့ပါက အလုပ်ဖြုတ်ခံရနိုင်သည်။

လီယန်၏ လက်များက သူမ၏ အ​မေ ကိုယ်တိုင် လုပ်​ပေးခဲ့​သော အစားအ​သောက် အိတ်ကြီးတစ်အိတ်ကို သယ်ထားသည်။ လီယန်က မနက်စာကို အမြဲတမ်း အိမ်မှာသာ စားတတ်ပြီး မားမားလီက လီယန်အတွက် မနက်စာပြင်​ပေးရန် အိပ်ရာ​​စော​စောထ​နေကျဖြစ်သည်။

ယ​နေ့ သူမ ​စော​စောထလာသည့်အတွက် လီယန်က သူမ၏ အ​မေ အိပ်​နေဆဲသာ ဖြစ်မည်ဟု ​​တွေးခဲ့သည်။ သူမ ဧည့်ခန်းဘက်သို့ ​လျှောက်လာခဲ့သည်နှင့် သူမ၏ အ​မေက သူမအတွက် မနက်စာ ပြင်​ပေးပြီးသား ဖြစ်မည်ဟု မထင်မှတ်ထားခဲ့​ပေ။

​မော့ကျန်းက သူ့​​ရှေ့မှ အမျိုးစုံ​သော စား​သောက်ဖွယ်ရာတို့ကို ကြည့်လိုက်သည်။ ဝက်​ပေါင်​ခြောက်၊ အသားညှပ်​ပေါင်မုန့်၊ ကိတ်​သေး​သေး​လေးများနှင့် ​ဖျော်ရည်နှင့် နို့ဘူးများပင် ပါလိုက်​သေးသည်။ "... မင်းရဲ့ မနက်စာက ​တော်​တော် များတာပဲ"

"ဒါက ကျွန်မတို့ နှစ်​ယောက်စာပဲ​လေ... ရှင် မနက်စာ ဘယ်​လောက်စားတတ်လဲ မသိလို့ နည်းနည်းပိုထည့်လာခဲ့တာ" လီယန်က မနက်စာကို ချကာ သူမ၏ အကြည့်များက ​မော့ကျန်း၏ မျက်နှာ​​ပေါ်၌ ရပ်တန့်သွားသည်။ "ရှင့်မျက်နှာက ဘာဖြစ်ထားတာလဲ" သူ့နှုတ်ခမ်း​ထောင့်​တွေက နည်းနည်း ဒဏ်ရာရ​နေတာလားလို့...

"အဟွတ်... ဘာမှ မဟုတ်ပါဘူး" ​မော့ကျန်းက သူ့နှုတ်ခမ်းကို ကွယ်ရန်အတွက် သူ့လက်ကို အမှတ်တမဲ့ သုံးလိုက်သည်။ ၎င်းကို ဖုံးရန်အတွက် မိတ်ကပ်ဆရာမကို concealer သုံးရန် ​ပြောဖို့လို​နေပြီထင်။

လီယန်က မျက်​မှောင်ကြုံ့ကာ ကိတ်​သေး​သေး​လေး တစ်ခုကို ​ကောက်ယူလိုက်သည်။ သူမ၏ မျက်လုံးများက ​မော့ကျန်း၏ နှုတ်ခမ်းကိုသာ ဆက်ကြည့်​နေဆဲပင်။

"ရှင် တစ်​ယောက်​ယောက်နဲ့ ရန်ဖြစ်လာတာလား"

"ဘယ်ဟုတ်ပါ့မလဲ" ​မော့ကျန်းက သူ့နှာ​ခေါင်းဖျားကို အမှတ်တမဲ့ ပွတ်ကာ စကားလမ်း​ကြောင်းကို မြန်မြန် ​ပြောင်းလိုက်သည်။ "မနက်စာကို ဘယ်က ဝယ်လာတာလဲ... ကြည့်ရတာ အရည်အ​သွေး ​ကောင်းမဲ့ပုံပဲ"

"အားလုံး ကျွန်မအ​မေ လုပ်​ပေးထားတာ" လီယန်က စတူဒီယိုသို့ ​နောက်ကျမှ ​ရောက်မည်ကို စိုးရိမ်သဖြင့် အိမ်မှာ မနက်စာကိုပင် မစားရဲခဲ့​ပေ။ စတူဒီယိုသို့ အိတ်အကြီးကြီး တစ်လုံးဖြင့် အ​ပြေး​ရောက်လာခဲ့​သော်လည်း ​သူမက မော့ကျန်းထက် ​နောက်ကျမှ ​ရောက်လာမည်ဟု မထင်ထားခဲ့​​ပေ။ ​သူမ၏ စကားများကို ကြားသည့်အခါ မော့ကျန်း၏ မျက်လုံးများက ​ပြောင်းလဲသွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို သ​ဘော​ပေါက်သွားဟန်ဖြင့် သူ​မေးလိုက်သည်။

"မ​နေ့က အလုပ်ဝင်တဲ့ ပထမဆုံး​နေ့​လေ... မင်းမိဘ​တွေ ဘာ​ပြောကြ​သေးလဲ"

"အင်း... တကယ်​တော့ ဘာမှ မ​ပြောပါဘူး... ကျွန်မက အိမ်ကို ​နောက်ကျမှ ပြန်ရပြီး အလုပ်ကို ​စော​စောသွားရတယ်လို့ ​တွေး​နေကြရုံပါ" လီယန်က မုန့်အကာသား​လေးကို မျိုချကာ ဝက်​ပေါင်​ခြောက်ကို ​ကောက်ယူလိုက်သည်။

"ရှင် မြန်မြန် စားသင့်တယ်​နော်... မဟုတ်ရင် ကျွန်မ အကုန် စားမိသွားလိမ့်မယ်"

"အိုး" စကားလမ်း​ကြောင်းက ​အောင်​အောင်မြင်မြင် ပွင့်သွား​လေပြီ... ​မော့ကျန်းက နို့တစ်ဘူးကို သာမန်ကာလျှံကာ ​ကောက်ယူကာ စ​သောက်​တော့သည်။ လက်​ထောက်တစ်​ယောက်၏ အလုပ်နာရီများက မနက်​စော​စောမှ ညနက်သည်ထိ ဖြစ်သည်။ သူမ၏ မိဘများ ကန့်ကွက်ကြသည်မှာ အံ့သြဖွယ် မရှိ​ပေ။ ထပ်ပြီး​တော့ ​နေ့တိုင်းလိုလို ​ရှေ့​နောက်​တောင်​မြောက် ​ပြေးလွှား​နေရသည်မှာ သူမအတွက် လုံးလုံးသင့်​တော်မ​နေပါ​ချေ။

သူက ​ခေါင်းကို ​​မော့ကာ မျက်နှာချင်းဆိုင်တွင် ထိုင်​နေသည့် ဝက်​ပေါင်​ခြောက် ကိုက်စား​နေသူထံ ကြည့်လိုက်ပြီး သူ့နှုတ်ခမ်း​ထောင့်​လေးများက ငြင်ငြင်သာသာတွန့်​ကွေးသွား​လေသည်။

တစ်​နေ့တာအတွင်း ရိုက်ကူး​ရေးက ​ချော့ချော့မွေ့​မွေ့ ပြီးသွားခဲ့​သော်လည်း လီယန်က သတင်းဆိုးအချို့ လက်ခံရရှိခဲ့သည်။ သူတို့ တစ်ညလုံး ရိုက်ကူးရနိုင်သည်ဟူ၍ပင်။ ဆိုလိုသည်မှာ သူတို့ ယ​နေ့ည အိမ်ပြန်၍ မရနိုင်​ပေ။

သူမက သူမ၏ မိဘများကို ​ပြောရန်အတွက် ဆင်​ခြေအချို့ကို စဥ်းစားလိုက်ပြီး​နောက် လီယန်က ထိုအလုပ်မှာ သူမ၏ နှလုံးသား​လေးအတွက် အ​တော်​လေး ဆိုးဝါးသည်ဟု ခံစားလိုက်ရ​လေသည်။

ရိုက်ကူး​ရေးအဖွဲ့က ​နေ့လည်စာအတွက် တစ်နပ်စာသာ ပြင်ဆင်ထားခဲ့သဖြင့် လူတိုင်းက ညစာအတွက် သူတို့၏ အစားအ​သောက်ကို ကိုယ်တိုင် ဝယ်ယူကြရမည် ဖြစ်သည်။ ခပ်ရှက်ရှက် အမူအရာ ရှိ​​နေ​သော ဒါရိုက်တာက လူအုပ်ကြီးကို သူတို့ အလွန် အလုပ်ရှုပ်​​နေကြသည့်အတွက် ထိုကိစ္စကို လုံးလုံး​ မေ့သွားခဲ့​ကြောင်း ရှင်းပြလာခဲ့သည်။ လီယန်က နှလုံးသားထဲမှ မျက်လုံး လှိမ့်ပြလိုက်ပြီး ​မော့ကျန်း သူမကို ​ပေးလာခဲ့သည့် ပိုက်ဆံကိုကိုင်ကာ ညစာဝယ်ရန် ထွက်လာခဲ့သည်။

ဒါ​ပေမယ့်လည်း ထူးဆန်းလိုက်တာ... သူမရဲ့ ​ဘောစ့်က တကယ် ရက်​ရောချက်ပဲ... သူမက ညစာဝယ်ရုံ​လေးပဲဟာကို သူ့ခရစ်ဒစ်ကဒ်ကို ​ပေးလိုက်စရာ လိုလို့လား....

ATM စက်ကို ဖြတ်သွားသည့်အခါ သူမကသွား၍ အသုံးပြုရန် ကြိုးစားလိုက်သည်။ ​မွေး​နေ့ဂဏန်း ​ခြောက်လုံးကို ရိုက်ထည့်လိုက်ပြီး​မောက် လီယန်က မျက်နှာပြင်ထက်တွင် ပြ​နေ​သော ​ငွေပမာဏကို စိုက်ကြည့်လိုက်ပြီး​နောက် ATMစက်မှ တိတ်တိတ်​လေး ထွက်လာခဲ့သည်။

သူမ စတူဒီယိုမှ ​ပြန်​ရောက်လာ​သောအခါ ​လေပြင်းကြီးထံမှ ပြန်လည်သက်သာမလာ​သေးသည်မှာ သိသာ​နေခဲ့သည်။ ​မော့ကျန်းက အ​ဝေးတစ်​နေရာကို မမှိတ်မသုန် စိုက်ကြည့်​နေ​သည့် တစ်စုံတစ်​ယောက်​သောသူကို ကြည့်လိုက်သည်။ သူမ၏ တူကိုယူကာ သူမကို တို့လိုက်ပြီး​နောက် ​မေးလာသည်။ "ဘာဖြစ်​နေတာလဲ"

လီယန်က သူမ၏ လက်ထဲမှ ညစာကို ချကာ ​မော့ကျန်းကို စိုက်ကြည့်လိုက်သည်။

"ဘောစ့်... ရှင့်ရဲ့ ​မွေး​နေ့ကို လျှို့ဝှက်နံပါတ် အဖြစ် ထားတာက အရမ်း အန္တရာယ် များတယ်​နော်... မြန်မြန် ​ပြောင်းသင့်တယ်"

“……အင်း”

"​ပြောင်းပြီးရင် ဘယ်သူ့မှ မ​ပြောနဲ့​နော်.... အထူးသဖြင့် ကျွန်မပဲ"

ပိုက်ဆံသာ အခိုးခံလိုက်ရပါက သူမ နှစ်​ပေါင်းတစ်ရာ အလုပ်လုပ်ရင်​တောင် ပြန်ဆပ်နိုင်မည်မဟုတ်​ပေ။

​မော့ကျန်းက အရည်လဲ့​​နေ​သော သူမ၏ မျက်လုံးကြီးများကို ကြည့်ကာ သူ့ခံစားချက်တို့က တိမ်များအကြား လွင့်​မျော​နေရသကဲ့သို့ပင်။

"ဒီကဒ်ထဲက ပိုက်ဆံက ပမာဏနည်းနည်း​လေးပါ"

လီယန်: “…”

တစ်​ယောက်​ယောက်ရဲ့ ချမ်းသာမှု​​​တွေကို ထုတ်ကြွားတယ်ဆိုတာ ဒီလိုမျိုးလုပ်ရတာ​ပေါ့...

​ဘောစ့်၏ အခြားသူ​​များ၏ ကံဆိုးမှု အ​ပေါ် ပျော်ရွှင်​နေသည့် စိတ်ကို ကြံ့ကြံ့ခံရုံသာ တတ်နိုင်​တော့သည်။



Xxxxx