အပိုင်း (၁၅၀)
Viewers 31k

Part 150


“ကျေးဇူးမသိတတ်တဲ့သူ…” 


ယွမ်ရှ ထိုစကားကို စဉ်းစား၍ အဓိပ္ပာယ်ရှိစွာ ပြန်ပြောလိုက်သည်။


 “ရှင့်အဒေါ်က ရှင့်မိဘတွေရဲ့ မတော်တဆမှုက ရတဲ့ အာမခံကြေးနဲ့ နစ်နာကြေးရယ် ပိုင်ဆိုင်မှု နှစ်ခုကို ရချင်လို့ ရှင့်ကို ခေါ်ထားတာဘဲဖြစ်ရမယ်..အဲ့ဒါက သူမအတွက် အခွင့်အရေးဖြစ်ပြီး သူမ ခက်ခက်ခဲခဲ ကြိုးစားခဲ့တယ်လို့ ထင်တယ်”


ကမ္ဘာပေါ်တွင် လူများသည် ကျေးဇူးတရားနှင့် ထိုက်တန်တဲ့ အရာတွေကို လုပ်ခဲ့ပေမယ့် ငွေရေးကြေးရေးနှင့် ပက်သတ်လာလျှင် ထိုက်တန်သည်ဟု ပြောလို့မရတော့ပေ။


“ဒါပေမယ့်လဲ တစ်ခြားသူတွေက ရှင့်ကိုဘယ်လိုမြင်လဲဆိုတာ အရေးကြီးလို့လား…တစ်ခြားသူတွေရဲ့မျက်လုံးထဲမှာ ရှင်က မြို့ပြမှာ အောင်မြင်နေတဲ့ CEOတစ်ယောက်ဘဲ ..ကမ္ဘာပေါ်က လူတိုင်းက သန်မာချင်ကြတယ်…ခုဖြစ်ခဲ့တဲ့ ကိစ္စကနေ ဥပမာယူရမယ်..ရှင် သူမအိမ်ကို သွားတုန်းက ပြောခဲ့တာတွေ လုပ်ခဲ့တာတွေက မယဉ်ကျေးဘူး..ရှင်က သူတို့အနာကို အကြိမ်ကြိမ်ဆွပေးတာတောင်မှ သူတို့သည်းခံနိုင်တယ်..သူတို့အဆင်ပြေချင်ယောင်ဆောင်ပြီး အပြုံးအတုတွေ ပြုံးကြတယ်..ဒါဘာကြောင့်လဲ..”


“ဘာလို့လဲဆိုတော့ ရှင်က အရင်ကနဲ့ မတူတော့တာ သူတို့သိလို့ဘဲ…ရှင်က သူတို့ထက် သန်မာတယ်ဆိုတာ သူတို့သိတယ်…သူတို့စိတ်မတိုဘူးလို့ ရှင်ထင်လား…ကျွန်မတို့ထွက်သွားပြီး သူတို့ သွေးအန်လောက်တဲ့ထိ စိတ်တိုနေမယ်လို့ ထင်တယ်…ရယ်စရာကောင်းတာက သူတို့ ရှင့်ကို စိတ်တိုတာထက် ရှင်ကသူတို့ကို စိတ်တိုမှာကို သူတို့ ပို စိုးရိမ်​ေနလို့ဘဲ..”


စုန့်ထင်ရှန်းသည် နူးညံ့သော တည်သီးလည်းဖြစ်ပြီး ရှားစောင်းသီးလဲဖြစ်သည်။ လူတွေက သူ့ကို ဓားဖြင့်ထိုးရဲလျှင် ဓားနဲ့ပြန်အထိုးခံရပြီး သွေးထွက်ဖို့လဲ ပြင်ဆင်ထားရမည်။


စုန့်ထင်ရှန်း ဒီစကားတွေကို သူမကို ဘာကြောင့်ပြောလဲ သူမ မသိပေ။ ဒါက စုန့်ထင်ရှန်း အမူအရာနှင့် မတူပေ။


သူမ အိပ်ယာပေါ်က ဝမ်လေးကို ကြည့်လိုက်သောအခါ နားလည်သွားသည်။ စုန့်ထင်ရှန်းက သူမကို မိသားစုဝင် တစ်ယောက်လိုဆက်ဆံတာ သူ့မျက်လုံးထဲမှာ သူမက ကွာရှင်းဖို့ အစီစဉ်လဲ မရှိဘဲ ဆက်ဆံရေး တစ်ဖြည်းဖြည်းကောင်းမွန်လာသောကြောင့်လဲဖြစ်နိုင်ပြီး ဝမ်လေးကြောင့်လဲ ဖြစ်နိုင်သည်။ 


မိသားစုဝင်…


ယွမ်ရှ စုန့်ထင်ရှန်း အကြောင်းနားလည်သွားပြီး သူ့မိသားစုဝင် တစ်ယောက်ဖြစ်ရတာ ကံကောင်းခြင်းတစ်ခုဟု တွေး၍ သက်ပြင်းချလိုက်သည်။ သူသည် မိသားစုကို အမြဲပထမဦးစားပေးသည်မှာ သူငယ်ငယ်တုန်းက မိဘများ ဆုံးသွားပြီး မိသားစု၏ နွေးထွေးမှုကို မကြုံတွေ့ခဲ့ရလို့လည်း ဖြစ်နိုင်သည်။ ဝမ်လေးသည် သူ့အတွက် အောင်မြင်မှုထက် ပို၍ အရေးကြီးသည်ဆိုတာ သူမ ပြောရဲသည်။


မတည်ရှိသော အရာများကို သူမ ကောက်ချက်မချချင်ပေ။ စုန့်ထင်ရှန်း၏ ပင်ကိုစိတ်ကို ပြောရလျှင် သူမကို စုန့်ထင်ရှန်း အပြင်လူလို့ မြင်လျှင် သူ့မွေးရပ်မြေကိုလဲ ခေါ်သွားမှာ မဟုတ်ဘဲ သူနှင့် သူ့ဆွေမျိုးများကြားက အကြောင်းကိုလဲ ပေးသိမည်မဟုတ်ပေ။ အစအဆုံး သူမသည် နောက်ခံကလူဖြစ်သည်။ သူသည် သူ့အဒေါ်နှင့် မိသားစုတစ်ယောက်ချင်းစီကို မိတ်ဆက်ပေးခဲ့သည်။ 


“ငါ့မိဘတွေ ဆုံးပြီးတုန်းက ငါ့အဒေါ်က ငါ့ကိုစောင့်ရှောက်ပေးခဲ့တာ..သူမက အစပိုင်းတော့ ကောင်းခဲ့တယ်…ဒါပေမဲ့ အဲ့ရက်တွေက မကြာခဲ့ဘူး…အစပိုင်းတော့ သူမက အရမ်းလဲမကောင်းသလို အရမ်းလဲမဆိုးဘူး..တစ်ခြားသူတစ်ယောက်ရဲ့ အိမ်မှာနေရတာ ဒါမျိုးတွေ ရင်ဆိုင်ရမယ်ဆိုတာ ငါသိတယ်…ငါအလယ်တန်း မရောက်ခင်အထိ သူမကို ကျေးဇူးထင်ခဲ့တယ်…ပြီးတော့ ငါအရွယ်ရောက်လာရင် သူမကို ကျေးဇူးဆပ်ချင်ခဲ့တယ်..”


စုန့်ထင်ရှန်းသည် ဆက်ပြောသောအခါ အသံတိုး၍ ပြောလိုက်သည်။ “ငါဘွဲ့ရပြီးတော့ သူမက အဲ့မှာရှိတဲ့ စက်ရုံမှာ ငါ့ကို အလုပ်လုပ်ခိုင်းဖို့ စီစဉ်ခဲ့တယ်…ကလေးအလုပ်သမား ဥပဒေကလဲ မတင်းကြပ်ထားဘူး..သူမက အဲ့စက်ရုံက လူတွေနဲ့သိတယ်..ဆောင်းရာသီနဲ့ နွေရာသီ အားလပ်ရက် ပြီးတော့ သူမကို ငါ့စာအုပ်ဖိုးနဲ့ နေစရိတ်အတွက် ပြန်ပေးဖို့ အလုပ်ထွက်လုပ်ခဲ့တယ်..တကယ်က အလယ်တန်း စတက်ကတည်းက ပိုက်ဆံအများကြီး မသုံးခဲ့ဘူး..”


ယွမ်ရှ အံ့ဩသွားသည်။ 


“မြို့က အကောင်းဆုံး ကောလိပ်မှာ ဝင်ခွင့်ရတော့ ငါ့ရဲ့ အထက်တန်း ကျောင်းအုပ်က ယွမ်ထောင်နဲ့ချီ ဆုချခဲ့တယ် ဒါမဲ့ အဲ့တာက ကျူရှင်စရိတ်အတွက် မလောက်ဘူး…ငါ့အဒေါ်က မြို့က ကောလိပ်မှာ ထားပေးဖို့ ပိုက်ဆံမရှိဘူးဆိုပြီး အဲ့က တတိယ ကောလိပ်ကိုဘဲ တက်ခိုင်းတယ်…အဲ့တာက ကျူရှင် ယူစရာမလိုဘူး…ငါက မတက်ချင်ခဲ့ဘူး အဲ့တာကြောင့် နွေရာသီမှာ လက်ကမ်းစာစောင် ဝေတဲ့အလုပ်လုပ်ပြီး ပိုက်ဆံရှာခဲ့တယ်…တစ်နွေလုံး အလုပ်လုပ်တဲ့ ပိုက်ဆံက ကျူရှင်စရိတ်နဲ့ နေစရိတ်လဝက်စာ ရခဲ့တယ်..”


xxxxxxx