အပိုင်း (၁၅၁)
Viewers 34k

Part 151


“ကောလိပ်သွားတက်ဖို့ ရထားစီးတုန်းက ရထားပေါ်မှာ အရာရာကို ပြီးအောင်လုပ်ပြီး အရည်အချင်းရှိအောင် လုပ်မယ်လို့ သန္နိဌာန်ချခဲ့တယ်..” စုန့်ထင်ရှန်းက ရပ်လိုက်သည်။


 “မတော်တဆမှုက ရတဲ့ အာမခံငွေတွေနဲ့ နစ်နာကြေးရတာတွေ ငါ့အဖေချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေကို ငါ့အဒေါ်က ဘယ်လိုရောင်းခဲ့လဲဆိုတာကို မသိခဲ့ရင် သူမအပေါ် မကျေနပ်ချက် နည်းနည်းဘဲ ရှိမယ်ထင်တယ်…ငါအောင်မြင်မှုရတာကလဲ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေ ကြောင့်လဲပါတယ်…ပြီးတော့ ကိစ္စကလဲ မပြီးသေးဘူး..သူမက ငါ့အပေါ် မကောင်းလုပ်တာတွေက မပြီးဆုံးခဲ့ဘူး..အဲ့တာကြောင့် သူမနဲ့ 

ငြိမ်းချမ်းရေး မယူချင်ဘူး..”


ထိုခံစားချက်ကို ယွမ်ရှ နားလည်သည်။


သူ့အဒေါ်က သူ့ကို နှိပ်စက်ခဲ့တာ အတော်များလိမ့်မည်။ သာမန် လူကြီးတစ်ယောက်က နေစရိတ်နဲ့ ကျူရှင်စရိတ်ရအောင် စက်ရုံတွင် အလုပ်လုပ်ခိုင်းမည် မဟူတ်ပေ။ 


စုန့်ထင်ရှန်း၏ အဖေက ပိုင်ဆိုင်မှုတွေ မချန်ခဲ့လျှင် မတော်တဆမှုကနေ နစ်နာကြေးနဲ့ အာမခံကြေးသည် မများခဲ့လျှင်.... အပြင်လူတစ်ယောက်၏ ရှုထောင့်ကနေကြည့်ပါက သူ့အဒေါ်၏ လုပ်ရပ်က  မမှန်သော်လည်း ခွင့်လွှတ်၍ရပေသည်။


သို့သော် အခြေအနေများသည် တကယ် အစစ်ဖြစ်ခဲ့သည်။ သူမက ပိုင်ဆိုင်မှုများကို ရောင်းခဲ့သည်။ သူ့ပိုက်ဆံတွေကိုလဲ ယူခဲ့ပြီး ကျူရှင်စရိတ်နဲ့ နေစရိတ်ရအောင် သူ့ကို အလုပ်လုပ်ခိုင်းသည်။ သူမ ဘယ်လို လူမျိုးလဲ…


ဒီဇာတ်လမ်းကို အင်တာနက်ပေါ်တင်လိုက်လျှင် စာဖတ်သူများသည် ဒေါသထွက်လွန်း၍ သွေးအန်ရပြီး သူမသည်လည်း တံတွေးခွက်ထဲ ရောက်မည်ဖြစ်သည်။


စုန့်ထင်ရှန်း၏ ဘီယာဘူးက ​သောက်ကုန်သွားပြီဖြစ်သော်လည်း သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သည်။ သူ ဘီယာ တစ်ဗူးဘဲ သောက်မည်ဟုပြောခဲ့၍ သူ့အတွက် တစ်ဗူးဘဲဖွင့်ခဲ့သည်။


သူ ယွမ်ရှကို သူ့အတိတ်အကြောင်း ဘာကြောင့်ပြောပြမိလဲဆိုတာ သူမသိပေ။ သူမကို ပြောရန် အကြောင်းမရှိပေ။ သူမ ပြောသလို သူသည် ယခု သူ့အဒေါ်နှင့် မိသားစုကို ပြန်ခံပြောရန် အောင်မြင်နေပြီဖြစ်၍ သူတို့က အပြုံးနဲ့သာ တုံ့ပြန်နိုင်သည်။


သူ ဒီအကြောင်းများကို ဘယ်သူ့ကိုမှ မပြောဖူးပေ။ သူ့ အချစ်ဆုံးသူငယ်ချင်း လီယွမ်ဟန့်တောင်မှ ဒီအကြောင်းများကို မသိပေ။ ဒီအကြောင်းများသည် အတိတ်က ဖြစ်၍ ပြန်ပြောစရာ မလိုလောက်ဘူးဟူ သူထင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူပြောပြလျှင်လည်း သူ့သူငယ်ချင်းများက နားလည်မည်မဟူတ်ပေ။ သူ့အတိတ်ကအချိန်များနှင့် ပက်သတ်၍ သူကလွဲ၍ လူတိုင်းသည် အပြင်လူဖြစ်သည်။ အပြင်လူတွေကို မကျေနပ်စရာ အကြောင်းမရှိပေ။ အဆုံးတွင် သူ့အတွေ့အကြုံသည် သူ့ကိစ္စဘဲ ဖြစ်သည်။


ထို့​နောက် စုန့်ထင်ရှန်းက ဘာမှမပြောတော့ ပေ။ ယွမ်ရှလည်း ဘာပြောရမှန်း မသိပေ။ သူတို့ နှစ်ယောက်သည် ပင်လယ်စာများစားရင်း တိတ်ဆိတ်နေကြသည်။


စုန့်ထင်ရှန်းက သူ့အခန်းပြန်ရန် ထသောအခါ ယွမ်ရှက မဝံ့မရဲ နာမည်အော်ခေါ်၍ တားလိုက်သည်။ “ရှင်အခု လုပ်ခဲ့တာတွေက သူမတို့မိသားစုကို စိတ်မသက်မသာ ဖြစ်စေတာ သေချာတယ်…သူတို့ကို တစ်ခြား တစ်ခုခုထပ်လုပ်ချင်သေးရင်လည်း... အဲ့လို ခံစားရတာက ပုံမှန်ပါဘဲ”


စုန့်ထင်ရှန်းသည် သူ၏အမျိုးများကို လက်တုံ့ပြန်ပြီး သူတို့ဘဝများ ပျက်အောင် လုပ်ချင်လျှင် သူ့အတွက် အလွန်လွယ်ကူသည်။


သို့သော် သူတို့ဆီက ယွမ်တစ်သိန်းယူပြီးနောက် သူတို့ကို ဒီတိုင်းထားရန် သူဆုံးဖြတ်လိုက်သည့် ပုံပေါက်သည်။


သူတို့အတွက် ဒါက အရမ်းမလွယ်နေဘူးလား..


စူန့်ထင်ရှန်းပြန် လှည့်လာ၍ အိပ်ယာဘက်သို့ လာခဲ့သည်။ အနည်းငယ်ကိုင်းလိုက်၍ ဝမ်လေး နဖူးကို ထိလိုက်ပြီး စောင်ခြုံပေးလိုက်သည်။ သူ၏မျက်လုံးများသည် နူးညံ့မှုနှင့် ကြင်နာမှုများနှင့် ပြည့်နေသည်။ သူသည် မတ်တပ်ရပ်ပြီး ယွမ်ရှကို ကြည့်လိုက်သည်။ “ငါ့အသက်နှစ်ဆယ် လောက်တုန်းက သူတို့နဲ့ ဖြေရှင်းဖို့ ဒီအတွေးရှိတယ်..၃၁နှစ်ရောက်တော့ ငါက အဲ့တုန်းက ကလေးဘဲရှိသေးတယ်ဆိုတာကို တွေးမိသွားတယ်..”


“အဲ့အချိန်တုန်းက ငါ သူတို့ကို ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားအောင် သေချာပေါက်လုပ်နိုင်မာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခဲ့တယ်…ငါမလုပ်နိုင်ခဲ့ဘူး..ငါ့ဘဝအတွက် ကြိုတင်မခန့်မှန်းနိုင်တဲ့ တိမ်းစောင်းမှုတွေ မဖြစ်ချင်လို့ ငါမလုပ်နိုင်ခဲ့ဘူး…အရေးအကြီးဆုံးက ငါဖခင်တစ်ယောက်ဖြစ်လာတဲ့အခါ မိဘတစ်ယောက်ရဲ့ ဒုက္ခတွေကို ပိုနားလည်လာတယ်…ငါ့မိဘတွေ မသေခင်က ငါ့ကို ပျော်ရွှင်ပြီး လုံခြုံတဲ့ဘဝမှာ နေစေချင်ခဲ့တယ်…သူတို့ ငါ့ကို အဲ့လိုမျိုး လုပ်တဲ့ သူတစ်ယောက်အဖြစ် မြင်ချင်မှာ မဟုတ်ဘူး…”


အဲ့လိုလား..ယွမ်ရှသည် တွေးရင်း တွေးရင်းဖြင့် အမှုမဲ့ အမှတ်မဲ့ဖြစ်လာသည်။ ရှင်ကရော..ရှင်မသေခင် နောက်ဆုံးအတွေးကဘာလဲ..ဝမ်လေးကို တွေးနေမယ် မဟူတ်လား..ရှင် သူ့ကို အဖေမရှိတဲ့ ဘဝမှာ ထားခဲ့နိုင်မာ မဟုတ်ဘူး..


xxxxx