အပိုင်း (၁၅၂)
Viewers 35k

Part 152


သူတို့မိသားစု စူန့်ထင်ရှန်း မွေးရပ်မြေကို သွားရခြင်း အဓိကအကြောင်းမှာ စုန့်ထင်းရှန်၏ ကွယ်လွန်သွားသော မိဘများအတွက် အုတ်ဂူပြန်ဆောက်ပေးဖို့ ဖြစ်သည်။ သူ့မိဘတွေကို အမွှေးနံ့သာများနှင့် ပူဇော်ရတာက ဝမ်လေးနဲ့ ယွမ်ရှအတွက် ပထမဆုံးဖြစ်သည်။


နောက်နေ့ မနက်စောစောတွင် သူတို့မိသားစုသုံးယောက် မနက်စာစားပြီးနောက် တက်စီငှါးခဲ့ကြသည်။ စုန့်ထင်ရှန်းသည် ဒီကိုမလာခင်ကတည်းက အုတ်ဂူဆောက်ရန်အတွက် လူများနှင့် ဆက်သွယ်ပြီးသားဖြစ်၍ ယွမ်ရှသည် ဝမ်လေးကို ကြည့်ရုံမှလွှဲ၍ တစ်ခြားဘာမှ လုပ်စရာမလိုပေ။


စုန့်ထင်ရှန်းက စျေးဆစ်တဲ့ နေရာတွင် တော်မှန်း ယွမ်ရှ သိလိုက်ရသည်။ 


 အလွန်သည်းခံတတ်သော CEOတစ်ယောက် အနေနဲ့ ယွမ်သုံးရာ ငါးရာကို အချိန်ကုန်ခံ၍ စျေးဆစ်နေမည် မဟုတ်ဟု ယွမ်ရှထင်ခဲ့သည်။ 


သို့သော် စုန့်ထင်ရှန်း၏ အတိတ်က အခက်အခဲတွေက ယခုသူ၏ အပြုအမူကို လွှမ်းမိုးနေမည်ကို သူမ နားလည်သည်။ သူ အလယ်တန်းတုန်းက ကျူရှင်စရိတ်နှင့် နေစရိတ် ရရင် ဆောင်းရာသီနဲ့ နွေရာသီတွင် စက်ရုံသွား၍ အလုပ်လုပ်ခဲ့သည်ဟု သူမကို မနေ့ကပြောခဲ့သည်။ သို့သော် ကလေးတစ်ယောက်က ပိုက်ဆံဘယ်လောက်ရနိုင်မာလဲ။ သူ့အဒေါ်က ပိုက်ဆံမပေးသောကြောင့် တတ်နိုင်သလောက် ချွေတာ၍ သူသုံးခဲ့ရသည်။ ယခုထိလည်း သူ့ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် ပက်သတ်လျှင် ပိုက်ဆံကို အလျှံပယ် မသုံးပေ။


ယွမ်ရှသည် စုန့်ထင်ရှန်းနှင့် ဘဝတူသော အ​ခြေအနေရှိခဲ့ဖူးသည်။ သူ့လိုလူမျိုးအတွက် ကပ်စေးနှဲပြီး ချွေတာရန် အရမ်းလွယ်ကူသည်။ သူတို့သည် ပတ်ဝန်းကျင် လွှမ်းမိုးခံရတာကြောင့် ခုလိုဖြစ်နေရခြင်းဖြစ်၍ အပြစ်တင်လို့မရပေ။


စုန့်ထင်ရှန်းသည် အဖေယွမ် အမေယွမ်နှင့် သူမ အပေါ်မှာ အရမ်းရက်ရောတာကိုလည်း သူမ ဂရုတစိုက်တွေးနေမိ​ပြန် သည်။ 


သူတို့အပေါ်မှာ ဘယ်​ ပိုက်ဆံဘယ်လောက်သုံးပါစေ သူဘာမျှမပြောပေ။ အဖေယွမ်နှင့် အမေယွမ် နေနေသော အိမ်ကို သူဝယ်ထားပေးပြီး လတိုင်း သူမကို ပိုက်ဆံအများကြီး လွှဲသည်။ သူမ ကားပြောင်းချင်လျှင် အဲ့အတွက် ဝန်မလေးပေ။ သူ့လိုယောကျာ်းတစ်ယောက်က အလွန်တော်သည်။


စုန့်ထင်ရှန်းကို သူမ နားလည်လာလေလေ သူ၏ စွမ်းရည်နှင့် ချမ်းသာမှုထက်ပိုသော အချက်များရှိသည်ကို သူမသိလာသည်။


စုန့်ထင်ရှန်းက တစ်ယောက်ယောက်နှင့် ကုန်ကျစေရိတ် ဆွေးနွေးပြီးနောက် ယွမ်ရှဘက်လှည့်ကြည့်ချိန် သူမ၏ လေးစားနေသော မျက်လုံးများကို တွေ့လိုက်ရသည်။


သူမဆီကို လမ်းလျှောက်လာပြီး တိတ်ဆိတ်စွာမေးလိုက်သည်။ “ဘာဖြစ်နေတာလဲ..”


ယွမ်ရှက စုန့်ထင်ရှန်း အပေါ် ချီးကျူးမှုများကို မတွန့်တိုပေ။ “ရှင်က အရမ်း ချီးကျူးဖို့ကောင်းတာဘဲ..”


ခေါင်းဆောင်များသည် များသောအားဖြင့် ချမ်းသာသော အသိုင်းအဝိုင်းမှ လာကြသူများ​​ဖြစ် သည်။ သူတို့သည် ငွေဇွန်းကိုက်၍ မွေးလာကြပြီး အမျိုးသမီးများအတွက် ရက်ရောပြီး ပိုက်ဆံများ လိုသလောက်ပေးရန် သူတို့အတွက် လွယ်ကူကြသည်။ စုန့်ထင်းရှန်က ဆင်းရဲသော ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့သည်။ သူ့သား သူ့ဇနီးနှင့် ယောက္ခမများကို လုပ်ကျွေးရန်မလွယ်ကူပေ။ 


ချမ်းသာရင်တောင်မှ ဇနီးနှင့် ဇနီး၏ မိသားစုများကို ရက်ရက်ရောရော လုပ်ကျွေးချင်တဲ့သူ အများကြီး မရှိပေ။ 


ယွမ်ရှ သူ့ကို ဘာကြောင့် ရုတ်တရက် ချီးကျူးလဲဆိုတာ စုန့်ထင်ရှန်း မသိပေ။သူ ချောင်းဟန့်၍ အဝေးကို ကြည့်လိုက်သည်။


 “တကယ်လား..ကျေးဇူးပါ..”


ယွမ်ရှ နောက်တစ်ဖန် မူလပိုင်ရှင် ကောင်းမွန်သော အမြင်ဆီသို့ အတွေးပြောင်းသွားပြန်သည်။


သူရွေးထားသော ယောကျားသည် အလွန်တော်သောကြောင့် ဒီတစ်ခါ သူမ သူ့(မူလကိုယ် )အပေါ် ကောင်းမွန်သော မှတ်ချက်ချလိုက်သည်။


xxxxx