အပိုင်း (၁၅၃)
Viewers 31k

Part153


အုတ်ဂူများ ပြန်ဆောက်ခြင်းက တစ်ရက် နှစ်ရက်နှင့် ပြီးသည့် အရာမဟုတ်ပေ။ စုန့်ထင်ရှန်း၏ မိဘများ ကွယ်လွန်တာ အချိန်ကြာပြီဖြစ်၍ ကြီးမားသော သချိုင်းတွင် မြှုပ်စရာမလိုပေ။ သူတို့ကို မြှုပ်ထားသော နေရာသည် တောင်အနောက်ဘက်တွင် ဖြစ်ပြီး ရှုခင်း အလွန်လှသည်။ ဘယ်သူမှ မပြုပြင်သောကြောင့် အပင်ရှည်များနှင့် ဖုံးနေသည်။ စုန့်ထင်ရှန်းသည် လူတစ်ယောက်ဆီက ပေါက်ပြားငှါး၍ အနီးအနားရှိ အပြင်ရှည်များကို ဖြတ်လိုက်ပြီးနောက် ပို၍ ရှင်းလင်းသွားသည်။


အုတ်ဂူများသည် နှစ်ပေါင်းများစွာ ကြာပြီဖြစ်၍ အုတ်ဂူပေါ်တွင် ပုံများမရှိပေ။ ယွမ်ရှ ပလတ်စတစ်အခင်းကို မြေပြင်ပေါ်တွင်ထား၍ ဝမ်လေးကို ဒူးထောက်ခိုင်းပြီး သူ၏ အဖိုးအဖွားများကို ဂါဝရပြုခိုင်းလိုက်သည်။


“ဝမ်လေး ဖိုးဖိုးနဲ့ဖွားဖွားကို နှုတ်ဆက်လိုက်ပါ…သူတို့က ကောင်းကင်ကနေ သားကို ကျန်းမာရေး ကောင်းပြီး အန္တရာယ်မဖြစ်အောင် ကံကောင်းခြင်းတွေ ပေးလိမ့်မယ်..”


သူမ အမွှေးနံ့သာ သုံးချောင်းထွန်း၍ ဝမိလေးကို ပေးလိုက်သည်။


ဝမ်လေးသည် အဖေဘက်က အဖိုးအဖွားများဆုံးသွားခြင်းကို အစောကတည်းက သိထားပြီး ဖြစ်သည်။ သူက ခေါင်းငြိမ့်၍ ဖြူစင်သော အသံဖြင့် ပြောလိုက်သည်။


 “ဖိုးဖိုးနဲ့ ဖွားဖွား..သားက ဝမ်လေးပါ..ဖိုးဖိုးနဲ့ဖွားဖွားရဲ့ အဖိုးတန်တဲ့ မြေးလေးပါ..”


သူ ပြန်စဉ်းစား၍ ထပ်ပြောလိုက်သည်။ “ဖိုးဖိုးနဲ့ ဖွားဖွား နှစ်ယောက်လုံး ကောင်းကင်ပေါ်မှာ ပျော်ရွှင်နေမယ်လို့ မျှော်လင့်ပါတယ်..”


ကလေးလေးက ကန်တော့ပြီးနောက် အမွှေးတိုင်များကို ယူ၍ အမွှေးတိုင်ထွန်းသည့်အပေါ်တွင် စိုက်လိုက်သည်။


သူသည် ယွမ်ရှဘက်ကို လှည့်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။ 


“ သူတို့ နားတွေက အဲ့လောက်အစွမ်းထက်တာလား…သားတို့ သူတို့ကို ဘာလို့ဖုန်းမခေါ်ရတာလဲ”


ကလေးတစ်ယောက်၏ ဘဝသည် အလွန် ရိုးရှင်းသည်။ 


ယွမ်ရှသည် ထိုမေးခွန်းကို စဉ်းစား၍ ဖြေလိုက်သည်။ “ကောင်းကင်မှာ အချက်ပြတဲ့ဟာမရှိဘူး…အဲ့ဒါကြောင့် မာမားတို့က ဖုန်းခေါ်လို့မရဘူး…ဒါမယ့် သားပြောတာတွေ အကုန်လုံးကို သူတို့ကြားနိုင်တယ်…”


ဝမ်လေး” ဝါး..ဖိုးဖိုးနဲ့ ဖွားဖွားက အရမ်းအံ့ဩစရာကောင်းတာဘဲ..”


“ဟုတ်တာပေါ့..ဖိုးဖိုးနဲ့ ဖွားဖွားက အရမ်းအံ့ဩစရာကောင်းလို့ သားဖေဖေကလဲ အံ့ဩစရာကောင်းနေတာပေါ့..”


စူန့်ထင်ရှန်းက သားအမိနှစ်ယောက် ပြောနေသည်ကို နားထောင်နေသည်။ ပေါက်ပြားကို ဘေးတွင်ချလိုက်ပြီး သူ့မိဘများ၏ အုတ်ဂူများကို လေးနက်စွာကြည့်လိုက်သည်။


သူ့မိဘများ ဆုံးတုန်းက သူသည် အလွန်ငယ်သေးသော်လည်း သူ့မိဘများလောက် သူ့အပေါ်ချစ်ပြီး ဂရုစိုက်နိုင်တဲ့လူ ဘယ်ယောက်မှ မရှိဘူးဆိုတာ သူသိသည်။ သူ၏ ဆိုးသော အတွေ့အကြုံများကြောင့် အလုပ်ကြိုးစား၍ ယခုလို အောင်မြင်နေတာဖြစ်သည်။ သူ့အဒေါ်နှင့် မိသားစုသည် သူ့အပေါ် မကောင်းသည်များက သူ့ကို ယခုလို လူတစ်ယောက်ဖြစ်အောင် တွန်းပို့ခဲ့သည်ဟု အကောင်းဖက်က ကြည့်ခဲ့သည်။


သူသည် သူ့ကိုပေါက်သော ခဲလုံးများကို သူ့သားနှင့် ဇနီးအတွက် လေဒဏ်မိုးဒဏ်လုံခြုံသော အိမ်တစ်လုံးဖြစ်အောင် ဆောက်နိုင်ခဲ့သည်။


ယခု သူ အသက်သုံးဆယ်ကျော်၍ သားနှင့် ဇနီးလည်းရှိပြီဆိုတော့ သူ့မိဘများသည် ကောင်းကင်ပေါ်မှ ပျော်ရွှင်နေမည်ဖြစ်သည်။


စုန့်ထင်ရှန်း ယွမ်ရှကို ကြည့်လိုက်သောအခါ သူမက သူ့မိဘ၏ အုတ်ဂူများကို ဂါဝရပြုနေဆဲဖြစ်သည်။ သူမ ပြောနေသည်များကို သူမကြားရပေ။သူ ဂရုတစိုက်နားထောင်ကြည့်သောအခါ  သူမဝမ်​လေးအကြောင်း ပြောနေသည်ကို 

ကြားရသည်။ သူမသည် စူန့်ထင်ရှန်း မိဘများကို ကန်တော့၍ ဝမ်လေးအတွက် ကျန်းမာရေးကောင်းရန် ဆုတောင်းပေးနေသည်။


သူ့အဒေါ်နှင့် မိသားစု၏ လုပ်ရပ်များကို မတုန်လှုပ်တော့သောကြောင့် သူ့ကို မွေးဖွားပေးခဲ့သော မိဘများကို မပြောတော့ပေ။ ဖြစ်ပြီးသမျှသည် ပြီးဆုံးသွားပြီဖြစ်သည်။ ပစ္စုပ္ပန်နှင့် အနာဂတ်သည် အတိတ်ထက် ပို၍ အရေးကြီးသည်။


တကယ်တမ်းတွင် စုန့်ထင်ရှန်းသည် လူတိုင်းအပေါ် အလွန် သည်းခံတတ်သည်ဟု​ပြောရပေမည်။


 ယွမ်ရှ ဝမ်လေးကို မွေးဖွားပေးပြီးနောက် သူတို့သဟဇာတ မဖြစ်သော်လည်း  သူမအပေါ်  ကြမ်းတမ်းစွာ မဆက်ဆံဖူးပေ။


xxxxx