အပိုင်း (၁၅၄)
Viewers 31k

Part 154


သူတို့ တောင်အောက်ရောက်သောအခါ မွန်းတည့်ချိန်ဖြစ်နေပေပြီ။


ကားထဲရောက်ပြီးနောက် ယွမ်ရှက စိတ်လုပ်ရှားစွာ ပြောလိုက်သည်။ “နေ့လည်စာ သွားစားကြမယ်..ကျွန်မ ရှင်းမယ်..”


ယွမ်ရှသည် ကဒ်ထဲက ယွမ်တစ်သိန်းကို တွေး၍ ပျော်နေသည်။ သူမသည် ဒီကို ရောက်လာကတည်း ချမ်းသာသော်လည်း ယခုလို ရရှိမှုကို ပျော်နေသည်။


“KFCနဲ့ ပီဇာသွားစားကြမယ် မာမား..”


သူမ ဘာမှမပြောရသေးခင် စုန့်ထင်ရှန်းသည် ဝမ်လေး၏ နားရွက်ကို ဖွဖွလေးကိုင်လိုက်သည်။ “အဲ့ဒါက ခမ်းနားတဲ့ အစားအစာမဟုတ်ဘူး..ဒီနေ့ ပါပါးတို့ မာမားပေးတဲ့ အခွင့်အရေးကို ကောင်းကောင်း အသုံးချရမယ်..”


“ဒါပေမဲ့ သားက KFCနဲ့ ပီဇာဘဲ စားချင်တာ..”


ကလေးများ၏ စိတ်ထဲတွင် ပီဇာသည် အကောင်းဆုံး အစားအစာဖြစ်ပြီး ပြင်သစ်စတိုင် အမဲသား၊ Michelin စားသောက်ဆိုင်များ နှင့် ့င်လယ်စာများသည် ပီဇာကို မယှဉ်နိုင်ပေ။


ဝမ်လေးက ပီဇာဆိုင်သွားရန်သာ အတင်းပြောနေလေသည်။


နောင်တရသည့် ပုံဖြင့် စုန့်ထင်ရှန်းကို ယွမ်ရှ ပြောလိုက်သည်။ 


“စိတ်မကောင်းပါဘူး..CEOစုန့် ရှင့်သားက ပီဇာဆိုင်ဘဲ သွားခိုင်းနေတယ်..သူ့စိတ်ကိုပြောင်းလဲလို့ မရဘူး..”


စုန့်ထင်ရှန်းက မျက်နှာ အမူအရာမပျက်ဘဲ ဖြေလိုက်သည်။ “ကောင်းပါပြီ ..ခမ်းနားတဲ့ အစားအစာကို ညနေအတွက် ချန်ထားလိုက်မယ်..”


သူမ ပိုက်ဆံအိတ်ကို ပြောင်အောင်လုပ်ဖို့ သူစဉ်းစားနေတာလား..ကောင်းပြီလေ..သူမကို သူ ယွမ် တစ်သောင်း ပေးထားသေးတယ်..


ဒီမြို့သည် စည်ကားသိုက်မြိုက်သော မြို့ကြီးမဟုတ်သော်လည်း ရှိသင့်ရှိထိုက်တာများ ရှိသည်။ မိသားစု သုံးယောက်သား မြို့ထဲက shopping mallကို ရောက်လာခဲ့ကြ သည်။ စားသောက်ဆိုင် အများအပြားရှိပြီး KFCနှင့် ပီဇာကဲ့သို့သော သရေစာများကို နေရာတိုင်း တွေ့နိုင်သည်။


ယွမ်ရှက ပီဇာမစားချင်သော်လည်း ဝမ်လေးက အရမ်းစားချင်နေသောကြောင့် မစားလို့ မရပေ။ လူကြီးနှစ်ယောက်က ရွေးချယ်မှုနှစ်ခုတွင် ပီဇာစားရန် ဆုံးဖြတ်လိုက်သည်။ ပီဇာဆိုင်တွင် ပီဇာအပြင် တစ်ခြား အစားအသောက်များလည်း ရှိသည်။


နေ့လည်စာစားချိန်ဖြစ်၍ ပီဇာဆိုင်တွင် လူများစွာရှိသည်။ ကံကောင်းစွာဖြင့် ထိုင်စရာနေရာများ ရှိသည်။


“နေ့လည်စာစားပြီးရင် ရှင်တို့နှစ်ယောက်ကို shopping လိုက်ပို့မယ်..”ယွမ်ရှသည် ဘေးကိုကြည့်လိုက်သည်။ “Mallထဲမှာ brandဆိုင်တွေရှိတယ်..ဝမ်လေးက အဝတ်တွေ တော်တော့မှာမဟူတ်ဘူး..သူ့ကို ကျွန်မတို့ အဝတ်အစားတွေ ဝယ်ပေးဖို့လိုတယ်…ဟုတ်သားဘဲ..သူ့ကို ဖိနပ်တစ်စုံလဲ ဝယ်ပေးရအုန်းမှာ..”


ဝမ်လေးအတွက် ဝယ်ပေးချင်တာတွေကို သူမ လက်ချောင်းများဖြင့် တွက်ပြနေသည်။ သင့်တော်တဲ့ အနွေးထည်များရှိလျှင် ကြိုဝယ်ထားသင့်တဲ့အကြောင်းလဲ သူမ ပြောသေးသည်။ ရာသီဥတုက အချိန်မရွေး ပြောင်းလဲနိုင်သည်။ ကလေးများသည် အရွယ်ရောက်လာကြပြီး အရင်တစ်နှစ်က အင်္ကျီများနှင့် မတော်တော့ပေ။ သူမသည် ဝမ်လေးကို အဝတ်အစားများ ဆင်ပေးရတာကို အလွန် သဘောကျသည်။


စုန့်ထင်ရှန်းသည် ယွမ်ရှကို ခုလိုမျိုး မမြင်ဖူး၍ ငေးမောမိသွားသည်။ 


သူမသည် မိခင် အစစ်နှင့် ပို၍ တူလာသည်။ သူမ ဝမ်လေးအတွက် အဝတ်အစားများ မလောက်မှာ မနွေးထွေးမှာကို စိတ်ပူနေသည်။ အရင်က သူမ ခုလိုမျိုး စိတ်မပူပေ။


သူမ မိသားစုတစ်ခုမှာ ရှိသင့်တဲ့ ရင်းနှီးမှုများအကြောင်း ပြောသောအခါ စုန့်ထင်ရှန်းသည် အချိန်အတော်ကြာ မခံစားဖူးသော နွေးထွေးမှုကို ခံစားရသည်။


ယွမ်ရှနှင့် သူ၏ ယခင်က အိမ်ထောင်ရေးကို သူလက်ခံနိုင်သော်လည်း ယခုကဲ့သို့ နွေးထွေးမှုကို ပို၍ လိုလားခဲ့သည်။


“…ခြေအိတ် အင်္ကျီ ညအိတ်ဝတ်စုံတွေ ဝယ်စရာလိုတယ်..တွက်လိုက်တော့ အများကြီး ဝယ်ဖို့လိုတာဘဲ..”ယွမ်ရှက စုန့်ထင်ရှန်းကို ကြည့်လိုက်ပြီး “ရှင်က အမြဲအပြင်သွားရတော့ ရှင်လဲ အဝတ်အစား ဝယ်ဖို့လိုတယ်…အဝတ်အစား နည်းနည်းလေးဘဲ အမြဲဝတ်နေလို့ မဖြစ်ဘူး…ဒီမှာ ယောကျာ်းလေး အဝတ်ဆိုင်ရှိပုံမပေါ်ဘူး…ဒီမှာ ဝယ်မရရင် မြို့ပြန်ရောက်မှ ရှင့်ကိုဝယ်ပေးမယ်..”


သူမအတွက်ကတော့ သူမကိုယ်သူမဝယ်စရာတွေ အများကြီးရှိသည်။


လည်စီး ဂါဝန် ဒေါက်ဖိနပ် ရှူးဖိနပ်..ပစ္စည်းအကုန်လုံးကို ဝယ်ချင်နေသည်။ ဒီmallမှာ မိတ်ကပ် ရောင်းတဲ့ဆိုင် ဘယ်နှစ်ဆိုင်လောက် ရှိမလဲ…သူမ အဲ့အကြောင်းတွေး၍ အားလုံးကို ရချင်နေပြီး mallကြီးတစ်ခုလုံးကို အိမ်သယ်သွားချင်နေသည်။


သူမ ဘာဝယ်ရမလဲ တွေး၍ နေ့လည်စာစားပြီးသွားသောအခါ သူမ ထိုင်မနေတော့ပေ။ ပိုက်ဆံရှိသောအခါ စိတ်ကြိုက်ရှော့ပင်ထွက်ရမှာထက် ဘယ်အရာမှ ပျော်စရာမကောင်းပေ။


ယွမ်ရှသည် သူမ မျက်နှာကို ကိုင်၍ သက်ပ့င်းချလိုက်သည်။ “ပိုက်ဆံရှိရတာ အရမ်းကောင်းတာဘဲ..”


စုန့်ထင်ရှန်းက ရယ်လိုက်ပြီး” ဒါကလုံးဝ အပေါစားမဆန်ဘူး…”


“ဟုတ်တာပေါ့..”


xxxxx