အပိုင်း ၆၁
Viewers 10k

Chapter 61
အတူတကွ ​နေထိုင်ကြခြင်း



မွန်းလွဲပိုင်း ရိုက်ကူး​ရေးက အလွန် ​​ချော​မွေ့မ​နေဘဲ ဒါရိုက်တာကလည်း တစ်ချိန်လုံး သူ့မျက်နှာ​ပေါ်တွင် စိတ်မ​ကျေနပ်​သော အမူအယာ ရှိ​နေသည်။ ထို့​ကြောင့် လူတိုင်းက အဆာလွန်သည့် အ​ခြေအ​နေသို့ ​ရောက်​နေလျှင်​တောင် မည်သူမျှ စား​သောက်ဖို့အ​ကြောင်း မ​ပြောရဲပါ​ပေ။ 11နာရီ ထိုးသည့်အချိန်မှသာ ဒါရိုက်တာသည်ပင် ဆာ​လောင်မှုကို ထပ်မထိန်းချုပ်နိုင်​တော့ဘဲ လူတိုင်းကို စားခွင့်ပြုလိုက်ရ​တော့သည်။

​​နေ့လည်စာဘူး ကုမ္ပဏီက ညစာများကို 7နာရီ၌ ပို့​ပေးလာခြင်း ဖြစ်ပြီး 4နာရီ ကြာပြီးသွားသည့်​နောက် အစားအ​သောက်များက ​အေးစက်​နေ​ခဲ့​လေပြီ။ လူတိုင်းက အစားအ​သောက် နည်းနည်းပါးပါးကို သာမန်ကာလျှံကာ စားခဲ့ရပြီး​နောက် အဆက်မပြတ် ရိုက်ကူး​ရေး ဆက်လုပ်ရသည်။ သူမက ​မော့ကျန်း၏ အစာအိမ်က ၎င်းကို ကိုင်တွယ်နိုင်မည်မဟုတ်​ကြောင်း သူမ ​စော​စော နားလည်ခဲ့သင့်သည်။

"ရှင် ခဏ​စောင့်... ကျွန်မ ​ဆေးယူလာ​ပေးမယ်" လီယန်က ထရပ်ကာ တီဗီစင်ဘက်သို့ ခပ်မြန်မြန် ​ပြေးသွားပြီး ဒုတိယဆင့်ကို ဖွင့်လိုက်သည်။ အံဆွဲထဲတွင် တစ်ခဏမျှ ​​မွှေ​နှောက်ရှာ​ဖွေလိုက်ပြီး​နောက် ဆေးကဒ် တစ်ခုကို ထုတ်ကာ ​မော့ကျန်းအတွက် ​ရေ​နွေးတစ်ခွက် ခပ်​ပေးလိုက်သည်။ အဆုံးတွင် သူမက ဆိုဖာအစွန်းသို့ ပြန်သွားလိုက်သည်။

"ဧကရာဇ်​​မော့... ထပြီး ​ဆေး​သောက်ပါအုံး" လီယန်က ​မော့ကျန်း၏ မျက်နှာကို ပုတ်နှိုးကာ ​ခွက်ကို ​မော့ကျန်းထံသို့ ကမ်း​ပေးလိုက်သည်။ ​မော့ကျန်း၏ မျက်​တောင်များက တစ်ခဏမျှ ခါယမ်းသွားပြီး​နောက် တဖြည်းဖြည်း မျက်လုံးပွင့်လာခဲ့သည်။ သူ့​ရှေ့မှ ​ဆေးနှင့် ​ရေခွက်ကို ကြည့်ကာ ​ခေါင်းကို ​မော့လိုက်ပြီး သူ့အကြည့်များက လီယန်​ပေါ်သို့ ကျသွား​လေ​တော့သည်။

"ဆေး ဘယ်မှာထားမှန်း ဘယ်လိုသိတာလဲ"

သူ့မျက်လုံးများက အ​ရောင်ပြယ်ရန် ငြင်းဆန်​နေသည့် မှင်တုံးလိုပင် ပြတင်း​ပေါက် အပြင်ဘက်ရှိ မြင်ကွင်းများထက် မဲ​မှောင်​နေ​သေးသည်။

"ကျွန်မ... " လီယန်က ​ခပ်တွေ​တွေ အမူအယာဖြင့် ​အေးခဲသွားပြီး​နောက် ခပ်မြန်မြန် မျက်​တောင်ခတ်လိုက်သည်။

"ကျွန်မတို့ မိသားစုရဲ့ ​ဆေး​သေတ္တာကိုလည်း တီဗီစင်​အောက်မှာပဲ ထားတာမို့​လေ"

"ဪ" ​မော့ကျန်း၏ မျက်​တောင်များက ဖြာကျ​နေ​သော ယပ်​တောင်​လေးများလိုပင်။ သူက လီယန်၏ လက်များထဲမှ ​ဆေးကို ယူကာ ဆိုဖာ​ပေါ်မှ ထထိုင်လိုက်သည်။

လီယန်က ခွက်ကို ကိုင်၍ ​ထိုသူ ဆေးလုံးများကို မမျိုချခင် အ​သေးဆုံးမှ အကြီးဆုံးအထိ စီ​နေသည်ကို ​တွေ့လိုက်ရ​သောအခါ အံ့အားသင့်သွား​လေသည်။

"အမ်" သူမက ​မော့ကျန်းကို ကြည့်လိုက်ပြီး ​ခေါင်းကို ​စောင်းလိုက်​လေသည်။

"အရသာ ပို​ကောင်းလို့လား"

"မဟုတ်ဘူး... အစာ​ချေဖို့ ပိုလွယ်လို့...

လီယန်: “…”

​အေးစက်စက်ဟာသ​တွေ ​ပြော​နေတဲ့ ​ဘောစ့်ကလည်း အရမ်း​ချော​မော​နေတာပဲ​နော်... ဟားဟားဟား...

​မော့ကျန်း ​ဆေး​သောက်ပြီးသွား​သောအခါ လီယန်၏ အိပ်ရာ​လေးကို ဆက်ပြီး သိမ်းပိုက်​နေပြန်သည်။ လီယန်က ဧည့်ခန်း ပတ်လည်ကို ​ခြေနှစ်လှမ်း ​လျှောက်လိုက်ပြီး​နောက် ဆိုဖာအစွန်း​လေး​ပေါ်တွင် ကိုယ်ကို ကိုင်းကာ ​မော့ကျန်းကို ကြည့်လိုက်သည်။

"ဘောစ့်... တစ်ခုခု စားချင်လား"

"အမ်း... ​ရေခဲ​သေတ္တာထဲမှာ ယာဂု​​တွေ ကျန်​နေ​သေးတယ်"

​မော့ကျန်း၏ အသံက အနည်းငယ် ​ဖျော့​တော့​နေသဖြင့် လီယန်က သူ့ဆံပင်​လေးကို သပ်​ပေးလိုက်ပြီး ​ချော့​မော့​ပေးလိုက်သည်။ "ဒါဆို ကျွန်မ ယာဂုကို အပူသွား​ပေးလိုက်မယ်... မကြာခင် စားလို့ရပြီ"

​မော့ကျန်းက သူ့မျက်လုံးများကို ဖွင့်ကာ သူ့​ခေါင်း​ပေါ်တွင် နား​နေ​သော လက်က​လေးကို ကြည့်လိုက်သည်။

လီယန်၏ ညာလက် တန့်သွား​လေသည်။ နွားငပျင်းမ... သူမ ဘာ​​​တွေ လုပ်မိပါလိမ့်... သူမ ​ဘောစ့်ကို တမင်သက်သက် ကိုယ်ထိလက်​​ရောက် ​စော်ကားတာ​တော့ မဟုတ်​လောက်ပါဘူး... ဒါ​ပေမယ့်... ဒါက အရမ်း အခန့်သင့်သွားသလားလို့...

သူမက ညာလက်ကို ပြန်ရုတ်လိုက်ပြီး​နောက် ရုတ်တရက် ထိတ်လန့်သွားသည့် လီယန်​လေးမှာ ​မော့ကျန်းကို ပြုံးပြလာပြီး အကြိမ်အနည်းငယ်မျှ တဟီးဟီး ရယ်​မောလာသည်။

"ဒါဆို ကျွန်မ သွားပြီး ချက်ပြုတ်​တော့မယ်​နော် ဟားဟားဟား"

​မော့ကျန်း၏ နှုတ်ခမ်း​ထောင့်​လေးက ရွှင်မြူးမှုတို့ဖြင့် ပွင့်ဟလာခဲ့ပြီး သူ့​ရှေ့မှ ပါးအို့​များ နီ​နေ​သူ​လေးကို ကြည့်လိုက်သည်။

"ဘယ်​နေရာမှာ ဘာရှိလဲ ​​ပြောပြဖို့ မလို​တော့ဘူး ထင်တယ်​နော်... မင်းမိသားစုအိမ်က ငါ့အိမ်နဲ့ အ​နေအထား အတူတူ​လောက်ပဲ ဖြစ်​လောက်တယ်"

လီယန်: “…”

သူမက မီးဖို​ချောင်ဘက်သို့ ခပ်မြန်မြန် ​ပျံပြေးသွား​တော့သည်။

သူမက ​ရေခဲ​သေတ္တာထဲမှ ယာဂုကို ထုတ်ယူလိုက်ပြီး မီးဖိုဖွင့်ကာ ၎င်းအ​ပေါ်သို့ သံဒယ်အိုးကို တင်လိုက်သည်။

သူမသည်လည်း အစာအိမ်​ဆေး မည်သည့်​နေရာတွင် ရှိမှန်းကို မည်ကဲ့သို့ သိ​နေသည်မှန်း နားမလည်ခဲ့​ပေ။ သို​သော်လည်း သူမက ထိုအချိန်တုန်းက ထိုအ​ကြောင်းကို စဥ်းစားရန်အတွက် အလျင်လို​​လွန်းနေခဲ့သည်။ ကြည့်ရသည်မှာ သူမ၏ ​ခြေဖဝါးများက ကိုယ်တိုင် အသိဝင်လာပြီး တီဗီစင်ရှိရာသို့ သူ့အလိုလို ​ရောက်သွားမိပုံပင်။

သူမ မိသားစု၏ ​ဆေး​သေတ္တာက တီဗီစင်တွင် မထား​သော်လည်း လူအများစုက ထို​နေရာ၌ ထားတတ်ကြသည်။ ထို့​ကြောင့် ထိုကိစ္စအတွက် တစ်ခုတည်း​သော ​ဖြေရှင်းချက်မှာ သူမ၏ ဗဟုသုတများက အလွန် ကျယ်​ပြောလွန်း​နေသည်​ကြောင့်လား...

အပူပြန်​ပေးထားသည်က ချက်ပြုတ်ထားသည်​လောက် အရသာ မရှိ​သော်လည်း လူနှစ်​ယောက်သားက ကျန်​နေ​သေးသည့် ယာဂုအိုးတစ်အိုးလုံးကို အပြတ်ရှင်းလိုက်သည်။ စား​သောက်ပြီးသွားပြီး​နောက် ​မော့ကျန်းက လီယန်၏ အိပ်စရာ​နေရာကို သိမ်းထားမိပြီ ဖြစ်​ကြောင်း သ​ဘော​ပေါက်သွားသည်။ သူက ထိုအ​ကြောင်းကို စဥ်းစားပြီး​နောက် လီယန်ကို ​ဖြေရှင်းချက်တစ်ခု ​​​ပေးလိုက်သည်။

"မင်း အ​ပေါ်ထပ်ကို သွားအိပ်ရင်​ရော"

"အ​ပေါ်...ထပ်လား" လီယန်က ​မော့ကျန်းကို မျက်လုံးကြီးများနှင့် စိုက်ကြည့်လိုက်ပြီး သူက မ​ကောင်း​သော အကြံများ ရှိသည့် လူယုတ်မာ တစ်​ယောက်အလား ကြည့်​နေခဲ့သည်။

​မော့ကျန်းက ပြုံးကာ လက်တစ်​ဖက်ကို ​မေး​အောက်တွင် ထားကာ ​ခေါင်းကို အနည်းငယ် ​စောင်းလိုက်ပြီး လီယန်ကို ကြည့်လိုက်သည်။

"အ​ပေါ်ထပ်မှာ အိပ်ခန်း နှစ်ခန်း ရှိတယ်... မင်း မာစတာအိပ်ခန်း​ဘေးက အရံအခန်းမှာ ​နေလို့ရတယ်"

​"ဪ... ​ဘေးခန်း” လီယန်က ရုတ်တရက် အလင်း​ရောင်ကို မြင်လိုက်ရသည့်အလား နားလည်သ​ဘော​ပေါက်မှုတို့ဖြင့် သူမ၏ လက်ဖဝါးကို လက်သီးဖြင့် ထိုးလိုက်သည်။

​မော့ကျန်းက ပို၍ပင် နီးကပ်လာပြီး လီယန်က သူမ၏ ပါးပြင်​ပေါ်၌ ပက်ဖျန်းလာ​သော အသက်ရှူသံ​လေးကိုပင် ခံစား​နေရသည်။ "ဒါ​ပေမယ့် မင်း မာစတာ အိပ်ခန်းမှာ အိပ်ချင်ရင်လည်း အိပ်လို့ ရပါတယ်"

"မလိုပါဘူး... ​ဘေးခန်းမှာ အိပ်ရတာ အဆင်​ပြေပါတယ်"

လီယန်က ထိုင်ခုံမှ ထရပ်လိုက်သည့်အချိန်တွင် ထိုင်ခုံ၏ ​ခြေများက ရုတ်တရက် ပွတ်တိုက်သွားပြီး ကျယ်​လောင်​သော ပွတ်တိုက်သံ ထွက်​ပေါ်လာခဲ့သည်။

"အိုး... စိတ်မ​ကောင်းစရာပဲ" ​​မော့ကျန်းက ​ပြောလိုက်ပြီး သူ့အမူအယာက ၎င်းကို စိတ်မ​ကောင်းစရာတစ်ခုဟု အမှန်တကယ် ​တွေး​နေပုံ​ပေါ်​လေသည်။

လီယန်၏ နှုတ်ခမ်းများ လှုပ်ရှားသွား​လေသည်။ ထိုသူက သရုပ်​ဆောင်တစ်​ယောက်ဟု ​ခေါ်ဆိုရန် ထိုက်တန်​ပေသည်။ ဇာတ်​ကောင်ထဲ ခပ်မြန်မြန် နစ်​မြောသွားပုံက အလွန် အံ့အားသင့်ဖွယ် ​​ကောင်းလှသည်။

၎င်းကို ​အရံအိပ်ခန်းဟု ​ခေါ်​သော်ငြား ​မော့ကျန်း၏ ​ဘေးခန်းက သူမအိမ်၏ မာစတာခန်းထက်ပင် ကျယ်ဝန်း​နေ​သေးပြီး သူမ၏ အိမ်ကလည်း ​​သေးငယ်သည်ဟု မဆိုနိုင်​ပေ။ ​​ထိုအိမ်ကျယ်ကြီးထဲ၌ မော့ကျန်း တစ်​ယောက်တည်းသာ ​နေသည်က ​မြေ​နေရာ ဖြုန်းတီးမှု တစ်ခုပင်။

အရံအိပ်ခန်း၏ အပြင်အဆင်က ဧည့်ခန်း၏ အပြင်အဆင်နှင့် ဆင်တူနေပြီး အိမ်၏ ​အေးစက်ပြီး ​ကျော့ရှင်း​နေသည့် စတိုင်ကို ထိန်းသိမ်းထားသည်။ ထို​နေရာ၌ လူ​နေ​လေ့ မရှိ​သော်လည်း ​ချောမွေ့​သန့်ရှင်း​နေဆဲ ဖြစ်သည်။ လီယန်က အိပ်ရာ​ပေါ်သို့ ဒိုင်ဗင်ထိုးကာ ပစ်လဲချလိုက်သည်။ ၎င်းက QQသကြားထက်ပင် ပို၌ နူးညံ့ အိစက်​​နေသည်။ အရံအိပ်ခန်းက ​ရေချိုးခန်းတစ်ခန်းပါ တွဲလျက် ပါဝင်​နေ​သေးသည်။ လီယန်က အိမ်သာ သွားပြီး​နောက် အိပ်ရာပေါ်သို့ ​ခြေကားယားလက်ကားယား လဲကာ အ​သေ​ကောင်လို အိပ်​မောကျသွား​လေသည်။
(T\N QQသကြားက တရုတ်ရဲ့ သကြားလုံး တံဆိပ်ပါ)

​မော့ကျန်းက တူများနှင့် ပန်းကန်ပြားများကို ​ဘေစင်ထဲသို့ စိမ်လိုက်ပြီး​နောက် ဒုတိယထပ်သို့ တက်သွားသည်။ အရံအိပ်ခန်းသို့ ​ရောက်သွား​သောအခါ သူ့​ခြေလှမ်းများ ရပ်သွားပြီး ထိုအခန်း​ရှေ့သို့ သွား၍ တံခါးကို ငြင်ငြင်သာသာ ဖွင့်ဟလိုက်သည်။

လီယန်က ​စောင်ခြုံထားပြီး အိပ်ရာ​ပေါ်တွင် လဲ​လျောင်း​နေသည်။ သူမက ​ကော့တက်​နေ​သော နှုတ်ခမ်းပါး​လေးများဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်​မောကျ​နေသည်။ သူမ ဘယ်လို အိမ်မက်​လှလှလေး​တွေ မက်​နေပါလိမ့်...

​မော့ကျန်းက အပြင်ဘက်တွင် တစ်ခဏမျှ ရပ်​နေပြီး​​နောက် ပြုံးလိုက်ကာ တံခါးပိတ်လိုက်သည်။ သူ့ကိုယ်​ပိုင် အခန်းသို့ ​ရောက်လာ​သောအခါ ​ဖြောင်​ဖြောင်က ဘန်းဟူ​သော အသံဖြင့် သူ့​ရှေ့မှ ​လေထဲတွင် ​ပေါ်ထွက်လာခဲ့သည်။

​မော့ကျန်း၏ မျက်နှာ မဲ​မှောင်သွား​လေသည်။ ​​ဖြောင်​ဖြောင်က သူ့ကို ဝမ်းနည်းပက်လက် အမူအယာဖြင့် ကြည့်လိုက်သည်။

"ဧကရာဇ်​မော့... ​ကြောင်​လေးကို ​တွေ့တဲ့အချိန်ကျ တိတ်တိတ်​လေး ပြုံး​နေ​ပေမယ့် ကျွန်မကို ​တွေ့​တော့ ရှင့်မျက်နှာကြီး မဲသွားတယ်... ဒါ ဘာကို ဆိုလိုတာလဲ"

"မင်း ပြန်လည် ဝင်စားဖို့ သွားသင့်တယ်လို့ ​ဆိုလိုတာ" ​မော့ကျန်းက အိပ်ရာဆီသို့ မြန်မြန် ​လျှောက်သွားလိုက်သည်။ သူ့မျက်လုံးများသာ ၎င်းကို မမြင်နိုင်ပါက သူ့နှလုံးသား အ​နှောက်အယှက်ကင်းမည်ဟု ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

​ဖြောင်ဖြောင်က သူနှင့်အတူ လိုက်​မျောလွင့်လာပြီး သူမ၏ အမူအယာက အသီးအရွက်​​စျေးမှ အဘွားအိုကြီးများထက်ပင် ပို၍ အတင်းအဖျင်း ​ပြောလိုဟန် ​ပေါ်​​နေသည်။

"အိုင်း... မြင်ရုံပဲ မြင်ရပြီး မစားရရှာဘူး... လူငယ်​လေး​​တွေရဲ့ စိတ်ဆန္ဒ​​​တွေက​တော့ ပြည့်ဝကြမှာ မဟုတ်ဘူး"



​မော့ကျန်းက သူ့ခန္ဓါကိုယ်ကို လှည့်ကာ သူမကို ပြန်လည်တုံ့ပြန်ရန် သူ့​ခေါင်း​အေး​အေးကြီးကို အသုံးပြုလိုက်သည်။

​ဖြောင်​ဖြောင်က ထိုသူ၏ တိတ်တဆိတ် ငြင်းဆိုချက်နှင့် အထင်​သေးမှုများကို ဂရုမစိုက်​ပေ။ သူမက အရည်အချင်း ပြည့်မီသည့် သရဲတစ်​ယောက် ဖြစ်သည်။ "ဧကရာဇ်​မော့... မ​နေ့က ကျွန်မ ရှင့်အတွက် လူဆိုး​​တွေကိုလည်း ​ခြောက်​ပေးရ​သေးတာကို... ရှင်က​တော့ ကျွန်မကို ဒီလို ဆက်ဆံတယ်​ပေါ့​လေ"

​မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားသည်။ သူ​မေးလိုက်သည့် အချိန်တွင် သူ့အသံအ​နေအထားက လက်သင့်မခံနိုင်ဟန် ဖြစ်​နေသည်။

"ဘယ်က လူဆိုးလဲ"

"​ကြောင်​လေးကို တွန်းချလိုက်တဲ့ ​ကောင်မ​လေး​ပေါ့"

​မော့ကျန်းက ​စောင်ကို လှပ်ကာ အိပ်ရာ​ပေါ်မှ ထထိုင်လိုက်သည်။

"ရှင် စိတ်လှုပ်ရှားဖို့ မလိုပါဘူး... ကိစ္စ​တွေက ​​ကျေ​ကျေနပ်နပ် ​ဖြေရှင်းပြီးသွားပြီ​လေ... သူက ​ကြောင်​လေးကို တွန်းချမိဖို့ မရည်ရွယ်ခဲ့ပါဘူး... အခု နှစ်​ယောက်သားက ပြန်​ပြေလည်သွားကြပြီ"

​မော့ကျန်းက ပြုံးကာ ​တွေးလိုက်သည်။

"သူ့ကို တွန်းချတာ ဝမ်းကွဲညီမလား"

"ဟုတ်တယ်"

"ဘာလို့ လုပ်ခဲ့တာတဲ့လဲ"

"အချစ်နဲ့ အမုန်း​ကြောင့်ပဲ​ပေါ့"



​မော့ကျန်းက သူ့ကိုယ်သူ ​စောင်ဖြင့် လုံ​အောင်ခြုံကာ အိပ်ရာပေါ်သို့ လဲချလိုက်သည်။ မ​နေ့​နေ့လည်တုန်းက သူမရဲ့ ညီမမှာ ပြဿနာရှိ​နေတယ်လို့ ​ပြောခဲ့တာ ဒီကိစ္စများလား... ​နေ့လည်ပိုင်း​ သူ့ကို ကြည့်ရတာ အဆင်​ပြေသွားတဲ့ပုံပါပဲ... ဒါ​ပေမယ့် ဒီဝမ်းကွဲညီမအတွက်​တော့... သူ ရှင်းမပြနိုင်တဲ့ မနှစ်မြို့မှုတစ်ခုခု ခံစား​နေရတယ်...

"ဒါ​ပေမယ့်လည်း အဆုံးကျတော့ သူ့ညီမသာ ​လှေကား​ပေါ်က တွန်းမချခဲ့ရင် ရှင်လည်း ​ကြောင်​လေးနဲ့ ​တွေ့ခဲ့ရမှာ မဟုတ်ဘူး​လေ"

မော့ကျန်း: “…”

မနှစ်မြို့တာရဲ့ သံသရာသုံးမျိုး​ပေါ့...


........


လီယန် ထပ်ပြီး မျက်စိဖွင့်လိုက်​သောအခါ ​နေ​ရောင်က လိုက်ကာစများအကြားမှ ​တောက်ပ​နေခဲ့ပြီ ဖြစ်သည်။ ၎င်းကို ​ဖောက်ထွင်းမြင်ရသည်ဟု ​ပြော၍ မရ​ပေ။ အ​ကြောင်းမှာ အကြည့်တစ်ချက်နှင့်ပင် ​နွေး​ထွေး​သော အလင်း​ရောင်က သူမ​အ​ပေါ် လွှမ်းခြုံ​​နေခဲ့သည်အလား ခံစား​နေရ​သော​ကြောင့်ပင်။

လီယန် အိပ်ရာတစ်ဖက်မှ သူမ၏ ဖုန်းကို ​ကောက်ယူလိုက်ပြီး အချိန် ကြည့်လိုက်သည်။ ၎င်းက11:11 ဖြစ်​နေ​လေပြီ။

သူမ၏ ဖုန်းထက်မှ အချိန်က သူမ၏ နှုတ်ခမ်းကို မသက်မသာ လှုပ်ရှားသွားရ​စေသည်။ သို့​သော်လည်း သူမက ထိုတစ်​နေ့တာ၏ ပုံမှန်​အချိန်ကို ဆဲ​ရေးရမည့်အစား သူမအိပ်ခဲ့​သော နာရီများကိုသာ ဆဲ​ရေးလိုက်ချင်သည်။ မ​နေ့ညက... မဟုတ်​သေး ပို၍ တိကျ​သော ​ဖော်ပြချက်အရ ဒီ​နေ့ မနက်ပင်... သူမက ငါးနာရီတွင် အိပ်ခဲ့ပြီး ​ခြောက်နာရီထက် နည်းနည်းသာ အိပ်ခဲ့ရသည်။

လီယန်က သက်ပြင်းချကာ သူမ၏ အ​သားအရည် အ​ခြေအ​နေကို စိတ်ပူလျက် အိပ်ရာပေါ်မှ လူးလှိမ့်ကာ ထလိုက်သည်။ မျက်နှာကို ရိုးရိုးရှင်းရှင်းသာ သစ်လိုက်ပြီး​နောက် သူမက တံခါးကို အသာအယာ ဖွင့်လိုက်ပြီး သူခိုး​လေးတစ်​ယောကဲ့သို့ပင် ​ခေါင်း​လေးကို အပြင်ထုတ်ကာ အလွတ်ဖြစ်​နေ​သော ​ကော်ရစ်ဒါကို ကြည့်လိုက်သည်။ ​မွန်းတည့်ချိန်နီး​နေပြီ ဖြစ်​သော်လည်း အိမ်ကြီးက ညသန်း​ခေါင်ကဲ့သို့ပင် တိတ်ဆိတ် ငြိမ်သက်​နေခဲ့​လေသည်။

လီယန်က တစ်​ယောက်​သောသူ အိပ်စက်​နေသည်ကို ​နှောက်ယှက်မိမည်အား ကြောက်လန့်​​​နေသဖြင့် သူမ၏ ​ခြေသံများက အလွန် သတိထား​နေခဲ့သည်။ ​မော့ကျန်း၏ အိပ်ခန်းတံခါးက ပိတ်ထားဆဲ ဖြစ်ပြီး ဧည့်ခန်းထဲတွင်လည်း မည်သူမှ ရှိမ​နေခဲ့​ပေ။ ကြည့်ရသည်မှာ သူ ယခုထိ အိပ်ရာမထ​သေးဟန်ပင်။

လီယန်က ​လှေကားထိပ်တွင် ရပ်ရင်း ​တွေး​တော​နေပြီး​နောက် ​နေ့လည်စာ ပြင်ခြင်းဟူ​သော လက်​ထောက်တစ်​ယောက်၏ အလုပ်တာဝန်ကို ဖြည့်ဆည်း​ပေးရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

​မော့ကျန်းက အိမ်တွင် စား​သောက်ခြင်းအတွက် အချိန်များစွာ မကုန်ဆုံး​သော်လည်း ​ရေခဲ​သေတ္တာထဲတွင် ပါဝင်ပစ္စည်းများ ပြည့်နှက်​နေသည်။ လီယန်က သူမ​ရှေ့မှ မျက်စိကျိမ်း​လောက်ဖွယ် အမျိုးစုံပစ္စည်းတို့ကို ​တွေ့​သောအခါ ထန်ချန်း သူမကို ​ပြောခဲ့ဖူးသည်အား သတိရမိသွားသည်။ ထိုအိမ်အလုပ်တာဝန် အားလုံးကို သူလုပ်​ပေးခဲ့ခြင်း ဖြစ်ပြီး ယခုမူ သူမ၏ အလုပ် ဖြစ်လာ​လေပြီ။

ဘာလို့များ လက်​ထောက် ရှာ​နေရ​တာလဲ... ​နာနီတစ်​ယောက် ရှာ​​နေတာမှန်း အသိသာကြီး... ယ​နေ့​ခေတ်တွင် နာနီများ၏ လုပ်အားခကို နာရီဖြင့်သာ တွက်​​ပေး​လေ့ရှိသည်။ ကုမ္ပဏီက သူမကို တစ်လစာအတွက် ​ဒေါ်လာ ငါး​ထောင်သာ ​ပေးသည်။ သူမအတွက် ဆုံးရှုံးမှုကြီးပဲ မဟုတ်ဘူးလား...

နှလုံးသားထဲတွင် ထိုအ​ကြွေးကို တွက်ချက်​နေစဥ်မှာပင် သူမအတွက် မျက်စိ​အေး​စေဖွယ် ဖြစ်​နေသည့် ခရမ်းချဥ်သီး နှစ်လုံးကို ​ကောက်ယူလိုက်သည်။ ယ​နေ့အတွက် ​နေ့လည်စာမီနူးသည်ကား... ခရမ်းချဥ်သီး ကြက်ဥ​မွှေ​ကြော်နှင့် ခရမ်းချဥ်သီး ကြက်ဥစွပ်ပြုတ်ပင်...

​မော့ကျန်းက သူမနိုးလာပြီး မကြာမီမှာပင် အိပ်ရာနိုးလာခဲ့သည်။ သူက ​လှေကားထိပ်တွင် ရပ်​နေရင်း မီးဖို​ချောင်ထဲတွင် ပြေးလွှား​နေခဲ့သည့် လီယန်ကို စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်​နေခဲ့သည်။ ​မော့ကျန်းက ​လှေကားမှ ဆင်းလာပြီး မီးဖို​ချောင်ထဲမှ ခရမ်းချဥ်သီး ကြက်ဥ​မွှေ​ကြော်နှင့် ခရမ်းချဥ်သီး ကြက်ဥစွပ်ပြုတ်တို့ကို ကြည့်လိုက်​လေသည်။ ​၎င်း၏ ​ဘေးမှ ကြွေပန်းကန်လုံးထဲတွင် အဖြူ​ရောင်ကြံသကာရည်နှင့် ခရမ်းချဥ်သီးများကို ဖြည့်ထားခဲ့သည်။ အာ... တကယ့်ကို ခရမ်းချဥ်သီး စား​တော်ပွဲကြီးပဲ...

"မင်းက ခရမ်းချဥ်သီးကို အ​တော်​လေး ကြိုက်တာပဲ" ​မော့ကျန်း၏ နှုတ်ခမ်းများက သူ့အပြုံး​လေး ဆက်မြဲ​နေရန် ကြိုးစားထားရသည်။ သူက ​ရေခဲ​သေတ္တာ ဖွင့်ကာ သံပရိုသီး တစ်လုံးကို ထုတ်လိုက်သည်။ လီယန်က သူ သံပရိုသီးအား စဥ်းလှီးခုံ​ပေါ်တွင် တင်ကာ ​ဘေးမှ အသီးလှီးဓါး​လေးကို ​ကောက်ယူလိုက်သည်အား ကြည့်​နေခဲ့သည်။ ဓါးဖျား​လေးဖြင့် သံပရိုသီးကို လှီး​နေသည့်အချိန်၌ သူ့မျက်လုံးများနှင့် လက်များက အလွန် ဖျတ်လတ်​နေခဲ့​လေသည်။

"လွန်ခဲ့တဲ့ နာရီပိုင်းကမှ ရှင် အစာအိမ်နာထားတာ​နော်... အခု ​အေး​နေတဲ့ သံပရိုသီး​ကို စားရဲ​​သေးတယ်လား... ရှင်ကမှ သံပရိုသီးကို အချစ်စစ်နဲ့ ချစ်​နေတာပဲ"

​မော့ကျန်းက ​အေးခဲသွား​လေသည်။ သူက အား​ယောင် ယခင်က တူညီ​သော စကားကို ​ပြောခဲ့ဖူးသည်ဟု ခံစားလိုက်ရသည်။ သို့​​သော်လည်း လီယန်က သူတိတ်ဆိတ်​နေသည်ကို ​တွေ့​သောအခါ သူမ​ပြောလိုက်သည့်စကားများက ကျိုး​ကြောင်းညီလွန်း​နေသဖြင့် တိတ်ဆိတ်​နေခြင်းဖြင့်သာ ပြန်တုံ့ပြန်နိုင်​တော့သည်ဟု ​တွေး​နေ​လေ၏။


Xxxx