Chapter 62
လှည့်ဖျားတတ်သူ
သူမက စိတ်ကျေနပ်စွာဖြင့် သူမ၏ လက်များထဲမှ သံပရိုသီးများကို ချထားကာ မော့ကျန်းကို တွန်းလွှတ်လိုက်သည်။
"ရှင် ဧည့်ခန်းထဲမှာ သွားအနားယူချည်တော့... ကျွန်မ ပြီးတော့မှာ"
မော့ကျန်းက သူမကို ပြန်လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက ခရမ်းချဥ်သီး အမျိုးအစားစုံပေါ်တွင် ဝေ့ဝဲသွားပြီးနောက် ပြောလာခဲ့သည်။
"ငါ မေးခွန်းတစ်ခုပဲ မေးမှာ... မင်း ထမင်းချက်ထားပြီးပြီလား"
ထမင်းလား...
လီယန်: “…”
မော့ကျန်း: “…”
နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် လီယန်က ဆန်ဆေးကာ ထမင်းချက်ပြီးသွားလေပြီ။ ကံအားလျော်စွာဖြင့် ရာသီဥတုက အေးသည်ဟု သတ်မှတ်၍ မရသဖြင့် ဟင်းပွဲများက အေးမသွားပေ။ သို့သော်လည်း မော့ကျန်း၏ ထိလွယ်ရှလွယ်သော အစာအိမ်ကို ထည့်စဥ်းစားလိုက်သည့်အခါ လီယန်က ခရမ်းချဥ်သီး ကြက်ဥစွပ်ပြုတ်ကို ပြန်နွှေးလိုက်ရသည်။
မော့ကျန်းက ခရမ်းချဥ်သီးကြက်ဥမွှေကြော်ကို တူဖြင့် ထိုးဆွကာ လီယန်ကို မေးလိုက်သည်။
"မင်း အစားရှောင်နေတာလား"
"မဟုတ်ပါဘူး" လီယန်၏ ပါးစပ်ထဲတွင် ထမင်းအပြည့် ရှိနေပြီး သူမ၏ ပါးလေးနှစ်ဖက်က ဖောင်းကားလျက်ဖြင့် မော့ကျန်းကို ကြည့်နေခဲ့သည်။
"ဒါဆို... ဘာလို့ ဟင်းပွဲတွေက အရမ်း ရိုးရှင်းနေရတာလဲ"
…
သူမက သူမ၏ ခရမ်းချဥ်သီးကြက်ဥမွှေကြော်ကိုသာ စားကောင်းလိမ့်မည်ဟု အာမခံနိုင်သောကြောင့်ပင်။
"ကျန်းမာရေးနဲ့ ညီညွတ်တယ်လေ"လီယန်က ပရော်ဖက်ရှင်နယ်ကျသော အပြုံးလေးတစ်ခုကို ဆင်မြန်းထားလေသည်။
"အစိမ်းရောင်အပင်တွေ စားတာက ခန္ဓါကိုယ်အတွက် ကောင်းတယ်"
"ဒါပေမယ့် ခရမ်းချဥ်သီးက အနီရောင်လေ"
”… အနီရောင် အစားအသောက်တွေက မိန်းကလေးတွေအတွက် ကောင်းတယ်လေ”
မော့ကျန်း: “…”
သူရုတ်တရက် စားချင်စိတ် မရှိတော့သလိုပဲ...
သူ့ခေါင်းကို မော့ကာ သူ့ဘေးရှိ စားသောက်ခြင်းတွင်သာ အာရုံများနေသောသူကို ကြည့်လိုက်သည်။ မော့ကျန်းက တူဖြင့် ထမင်းဖြူတစ်ဆုပ် ကောက်ယူကာ သာမန်ကာလျှံကာ မေးလိုက်သည်။ "ဪ ဟုတ်သားပဲ... မနေ့က ငါတို့ ဆွေးနွေးခဲ့တဲ့ ကိစ္စကိုရော စဥ်းစားပြီးသွားပြီလား"
”မနေ့က ဘာပြောခဲ့တာလဲ”
”… ငါနဲ့ အတူလာနေဖို့လေ”
လီယန်: “…”
မော့ကျန်း မနေ့က အစာအိမ်ရောဂါ အပြင်းအထန် ဖြစ်သွားခဲ့သဖြင့် ထိုကိစ္စကို လုံးဝ မေ့လျော့သွားခဲ့လေသည်။
”အာ... ဒါက... ဒါကလေ … …” လီယန်၏ မျက်လုံးလေးများက ယောက်ယက်ခတ်နေမှုကြောင့် ဘယ်မှညာ ရွေ့လျားနေပြီး မော့ကျန်းကို ကြည့်ရန် ကြောက်ရွံ့နေသလိုပင်။
"ဒါက အရမ်း သင့်တော်မနေဘူးလေ ဟုတ်တယ်မလား"
"နှစ်နေရာကြားမှာ ပြေးလွှားနေရတာ မင်းအတွက် အဆင်မပြေဘူးလေ”
မော့ကျန်းက သူ့လက်ထဲမှ တူကို ချကာ သူ့စိတ်ထဲတွင် ထန်ချန်း Crayon shin chan (ရှောင်ရှင်း) လှည့်စားလေ့ရှိသည့် အခါမျိုး၌ ဖြစ်နေတတ်သည့် မျက်နှာမျိုးကို ပုံဖော်လိုက်သည်။
"အတူတူနေကြတာ သာမန်ပါပဲ... လက်ထောက်အများစု လုပ်လေ့ရှိတယ်"
(T/N crayon shin chan က japanese manga series တစ်ခုပါ)
…
လက်ထောက်အားလုံး ဒီလိုပဲ လုပ်လေ့ရှိကြတာလား... ငါက စာအုပ်တွေ ဖတ်လေ့မရှိဘူးနော်... ကျေးဇူးပြုပြီး ငါ့ကို မလိမ်ပါနဲ့...
တစ်ဖက်တွင် ထိုင်နေသော မော့ကျန်းကို ကြည့်လိုက်သောအခါ သူ့ခန္ဓါကိုယ် တဝိုက်တွင် ဝန်းရံနေသော အရှိန်အဟုန်တို့က သူမကို ငြင်းပယ်လိုရန် မစွမ်းသာစေခဲ့ပေ။
"ကျွန်မ... ကျွန်မ မိသားစုကို ခွင့်တောင်းဖို့ လိုသေးတယ်"
"အိုး... ဒါဆိုရင် ညစာစားပြီးတဲ့အခါ မင်းမိသားစုနဲ့ ဆွေးနွေးဖို့ ပြန်သွားလိုက်လေ... မင်းအတွက် တက္ကစီခေါ်ပေးမယ်... တက္ကစီ ဒါရိုက်ဘာက မင်းအတွက် ပစ္စည်းတွေ သယ်ပေးလိမ့်မယ်"
လီယန်: “…”
နည်းနည်းလောက် စည်းချက်လွဲနေပြီလားလို့နော်... သူမသာ ပြောင်းရွှေ့ခဲ့ရပါက ခံစားရမည့် တစ်ခုတည်းသော ပစ္စည်းမှာ သူမ၏ အိပ်ရာထက်တွင် ချိတ်ဆွဲထားချင်သည့် ကိုယ်တစ်ပိုင်း ဗလာပုံလေးသာ ဖြစ်လိမ့်မည်။ ထို့နောက်တွင် ဧကရာဇ်မော့ကသာ ခက်ခဲရမည့်သူ ဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းကို စဥ်းစားမိသောအခါ လီယန် စိတ်သက်သာရာ ရသွားသည်။
ပြောင်းရွှေ့သည့်အလုပ် အပြီးသတ်ရန်အတွက် မော့ကျန်းက လီယန်ကို အိမ်ပြန်ရန်နှင့် ပစ္စည်းရွှေ့ရန်အတွက် နေ့တစ်ဝက်ခွင့်ကို အထူးတလှယ် ပေးလာခဲ့သည်။ ယနေ့က စနေနေ့ဖြစ်သည့်အတွက် လီယန်၏ မိဘများလည်း အိမ်တွင် ရှိနေကြသည်။
သူမက ကုမ္ပဏီက အချိန်ပိုဆင်းရန် အမြဲ ဖိအားပေးတတ်သဖြင့် ကုမ္ပဏီ၏ အဆောင်ခန်းတွင် နေသည်က ပို၍အဆင်ပြေသည်ဟု ပြောရန် ဆုံးဖြတ်ထားပြီးသားပင်။
လီယန် ပြောလာသည့်အချိန်၌ ပါးပါးလီက ငွေကြေးဆိုင်ရာ သတင်းများ ကြည့်နေခဲ့သည်။ သူက မျက်ခုံးများ စုကြုံ့ကာ မေးလာခဲ့သည်။
"ကုမ္ပဏီအဆောင်က အခြေအနေ ဘယ်လိုလဲ"
"အဆင့်မြင့် အနောက်တိုင်းပုံစံ... အိမ်ထဲက အသုံးအဆောင်တွေအားလုံးက အကုန် ပြည့်စုံပြီးသား... အဝတ်တွေ ထုတ်ပိုးပြီး ပြောင်းလာရုံပဲ" လီယန်က တွေးလိုက်ပြီး အခြားစာကြောင်း တစ်ကြောင်းကို ထပ်ဖြည့်လိုက်သည်။
"ပြီးတော့ အိမ်ရှင်ကလည်း အရမ်းချောတယ်"
ဖေဖေလီ: “…”
ရုတ်တရက် သူက သူ့ကလေးမလေး အရွယ်ရောက်လာသည်ဟူသော အကြောင်းအရာကို တွန့်ဆုတ်ဆုတ်ဖြင့် လက်ခံလိုက်ရသည်။ သူမ ငယ်ငယ်တုန်းက သူမရဲ့အဖေကပဲ ကမ္ဘာပေါ်မှာ အချောဆုံးလို့ ပြောခဲ့တာလေ...
မေမေလီက လီယန်၏ ပစ္စည်းများ ထုတ်ပိုယနေသည်ကို ကူညီပေးခဲ့ပြီး သူမကို အချိန်မှန် စားပြီး အချိန်မှန် အိပ်ရန်နှင့် အိမ်ကို စောစောပြန်ရန် ညွှန်ကြားနေခဲ့သည်။ လီယန်က ၎င်းတို့ကို တစ်ခုပြီးတစ်ခု လိုက်နာနေခဲ့ပြီး သူမ၏ နာနာခံခံ အမူပရာလေးက မေမေလီ၏ နှလုံးသားကို ချဥ်စူးသွားစေခဲ့သည်။ လီယန်၏ အဖေသာ ကုမ္ပဏီကို စုံစမ်းစစ်ဆေးပြီးသား မဟုတ် ခဲ့ပါက သူမက လီယန် အပြင်တွင် သူမဘာသာ သွားနေမည်ကို စိတ်ချလက်ချ လွှတ်ပေးမည် မဟုတ်ပေ။
လီယန်က အိမ်ထဲမှ ခရီးဆောင်အိတ်ကြီးကို သယ်လာခဲ့ပြီး တက္ကစီဒရိုင်ဘာက သူမ၏ အိမ်အပြင်ဘက်တွင် အမှန်တကယ် စောင့်ဆိုင်းနေသည်အား တွေ့လိုက်ရသည်။ လီယန် သူမ၏ ခရီးဆောင်အိတ်ကို သယ်လာသည်အား တွေ့လိုက်သောအခါ သူက အသယ်သမားလေး တစ်ယောက်အနေဖြင့် သူ့နေရာကို ကျေပွန်စွာ ထမ်းဆောင်ရန် စိတ်အားထက်သန်နေခဲ့သည်။
လီယန်က အနောက်ဖက်ခုံတွင် ထိုင်နေပြီး သူမ၏ လက်ထဲမှ သော့များကို စူးစိုက်ကြည့်လိုက်သည်။ မော့ကျန်း ထွက်မသွားခင်က သူက ၎င်းတို့ကို သူမထံ ပေးသွားခဲ့ပြီး လျှို့ဝှက်နံပါတ်ကိုလည်း ပြောပြသွားခဲ့သည်။ သူက တံခါးဖွင့်ရန်အတွက် သော့နှင့် လျှို့ဝှက်နံပါတ်ကို တစ်ချိန်တည်း အသုံးပြုရကြောင်းကိုလည်း ရှင်းပြသွားခဲ့သည်။
မော့ကျန်း ရှင်းပြပေးထားသကဲ့သို့ ပြုလုပ်လိုက်ပြီးနောက် လီယန်က တံခါးကို ချောချောမွေ့မွေ့ ဖွင့်ကာ ခရီးဆောင်အိတ်များကို ဧည့်ခန်းတွင် ချထားပြီးနောက် တက္ကစီငှားကာ စတူဒီယိုသို့ အပြေးသွားရသည်။သွားနေသည့်လမ်းတွင် သူမက မော့ကျန်း မှာထားသည့်အတိုင်း သူ့ကို စာတစ်စောင် ပို့လိုက်သည်။
"ဘောစ့်ကို သတင်းပို့ပါတယ်... အားလုံးရွှေ့ပြောင်းပြီးပါပြီ... အခု စတူဒီယိုကို သွားနေပါပြီ"
"ဖတ်ပြီးပြီ" မော့ကျန်း၏ စကားလုံးများက အေးတိအေးစက် ခံစားချက်ရနေသော်လည်း သူ့မျက်နှာပေါ်မှ အပြုံးက သူ့စာထဲ၌ ထည့်ထားခဲ့သည့် အီမိုဂျီလေးထက် သေချာပေါက် ပို၍ လှိုင်းထန်နေခဲ့သည်။ စာကို အောင်အောင်မြင်မြင် ပေးပို့ပြီးသွားသောအခါ လီယန်က သူ့စာကို ပြန်မဖြေလိုက်ပေ။ ထိုအစား ရှန်းယွမ်ဇယ်၏ နံမည်က ဖုန်းမျက်နှာပြင်တွင် ပေါ်လာခဲ့သည်။
ဖုန်းမျက်နှာပြင်ထက်မှ ခေါ်ဆိုလာသူအမည်ကို တွေ့လိုက်ရသောအခါ မော့ကျန်းက တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ကိုင်လိုက်သည်။
"ဘာများလဲ... ပရော်ဖက်ဆာရှန်း"
ရှန်းယွမ်ဇယ်၏ အသံက မကြာမီမှာပင် ဖုန်း၏ အခြားတစ်ဖက်မှ ပေါ်ထွက်လာခဲ့သည်။
"မော့ကျန်း... အရင်တုန်းက မင်းက သားရဲကြီးတစ်ကောင်ဖြစ်နေမှန်း ဘာလို့ ငါသတိမထားမိပါလိမ့်"
ဧကရာဇ်မော့က ထိုစကားများကြောင့် စိတ်ထိခိုက် မသွားပေ။ "ငါက သားရဲကြီး မဟုတ်တော့ မင်းသတိမထားမိတာပုံမှန်ပါပဲ"
"မင်းသာ သားရဲကြီး မဟုတ်ရင် ဘာလို့ ယန်ယန်ကို မင်းအိမ်ဆီ ရွှေ့လာဖို့ ခွင့်ပြုလိုက်ရတာလဲ"
မော့ကျန်းက မျက်ခုံးပင့်လိုက်ပြီး သူ့အသံအထဲတွင် လေးစားမှုအရိပ်အယောင်တို့ဖြင့် ပြန်ဖြေလိုက်သည်။
"မင်းရဲ့ သတင်းစကားက အတော်လေး ပေါက်ရောက်တာပဲနော်" လီယန် ပြောင်းလာပြီး ခဏလေးအတွင်းမှာပင် သူ့ခေါ်ဆိုမှူ ရောက်ရှိလာခဲ့သည်။
ရှန်းယွမ်ဇယ်က မော့ကျန်း၏ စကားများကို နားထောင်ရင်း သူ့ခေါင်းပေါ် ရေအေးတစ်ပုံး လောင်းချချင်စိတ်ကို ထိန်းမရနိုင်တော့။
"ယန်ယန်က မင်းအိမ်ကို ဘယ်လိုပြောလဲသိလား"
”အဆင့်မြင့်အိမ်”
”မင်းအိမ်ကို ကုမ္ပဏီအဆောင်တဲ့"
မော့ကျန်း: “…”
မော့ကျန်း၏ တိတ်ဆိတ်သွားမှုက ရှန်းယွမ်ဇယ်၏ စိတ်အဖြအနေကို များစွာ ပျော်ရွှင်သွားရစေသည်။
"ဧကရာဇ်မော့... မင်း တကယ်ပဲ ဒီလောက်ထိ အေးစက် ခြောက်ကပ်ပြီး အထီးကျန်နေတာလား"
"ငါ သူ့ကို ပြောင်းလာခိုင်းတာ သူ့အလုပ်တာဝန်ကြောင့်ပဲ”
"ကောင်းပြီလေ... ဒီဆင်ခြေက ယန်ယန်ကိုပဲ လှည့်စားနိုင်မှာ" ရှန်းယွမ်ဇယ်က ပြောလိုက်ပြီးနောက် တစ်ခဏမျှ ရပ်သွားသည်။
"မော့ကျန်း... မင်း သူနဲ့ သွားမရှုပ်တာ ကောင်းမယ်"
သူ့စကားလုံးများက မော့ကျန်း၏ နှလုံးသားကို ရှင်းမပြနိုင်လောက်အောင်ပင် စိတ်မသက်မသာ ဖြစ်သွားစေရသည်။ သူ့နှုတ်ခမ်းများ လှုပ်ရှားသွားပြီး ပြန်ဖြေလာခဲ့သည်။
"စိတ်မပူပါနဲ့... ငါသူ့ကို တွန်းအားပေးမှာ မဟုတ်ဘူး"
ရှန်းယွမ်ဇယ်: “…”
လျှာစွမ်းထက်သော ပရော်ဖက်ဆာရှန်းသည်ပင် မော့ကျန်းကို သူ့နှလုံးသားထဲမှ မဆဲရေးဘဲ မနေနိုင်တော့ပေ။ သူတကယ်ပဲ မော့ကျန်းကို ထပ်ရိုက်လိုက်ချင်သည်။
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီး မကြာမီမှာပင် လီယန် စတူဒီယိုသို့ ရောက်ရှိလာခဲ့သည်။ သူမရောက်ရှိလာသည့်အချိန်၌ မော့ကျန်းမှာ စင်မြင့်ထက်တွင်ရပ်ကာ စာချနေချိန်တွင် ဝမ်ရှောင်ရှောင်က အခန်းထောင့်လေးတွင် တိတ်တိတ်လေး ထိုင်နေခဲ့သည်။ သူမက ခေါင်းကို လက်မောင်းအကြားတွင် နစ်မြုပ်ကာ တိတ်ဆိတ်နေခဲ့သည်။
လီယန်က အပြင်ဘက် လူအုပ်ထဲတွင် တစ်ခဏမျှ ရပ်နေခဲ့ပြီးနောက် အနားယူရာ နေရာသို့ သွား၍ ထိုင်ချလိုက်သည်။ သူမက နေ့လည်ပိုင်းတစ်ပိုင်းလုံး အလွန် အလုပ်ရှုပ်နေခဲ့သဖြင့် ရေသောက်ရန်ပင် အချိန် မရှိခဲ့ပေ။
"ဘာဖြစ်လို့လဲ... ပင်ပန်းနေလို့လား" သူမက မော့ကျန်း ဘယ်အချိန်က သူမအနား ရောက်လာနေမှန်းပင် မသိခဲ့ပေ။ မျက်မှန်ဖြင့် ကာဆီးထားသော သူ့မျက်လုံးများမှာ စိုးရိမ်နေမှု အငွေ့အသက် ဖျော့ဆဖျာ့ ရှိနေခဲ့သည်။
"မဟုတ်ပါဘူး... ရေနည်းနည်းဆာနေလို့" လီယန်က ပြုံးကာ တွင်းထွက်ရေ ပုလင်းကို မော့သောက်လိုက်သည်။ "အိုး ဟုတ်သားပဲ.. ဒီမှာ သော့ပြန်ပေးတာ"
မော့ကျန်းက လီယန် ကမ်းပေးလာသော သော့ကို ကြည့်လိုက်ပြီး လှမ်းမယူပေ။ "မင်းဒါကို သိမ်းထားလိုက်... ငါ့မှာတစ်ခု ရှိပြီးသား"
”ဒါပေမယ့် …”
"ဒါပေမယ့် ဘာလဲ... မင်း ပြောင်းလာပြီးပြီလေ... သော့မရှိလို့ ဘယ်ဖြစ်မလဲ"
လီယန်က စကားပြောမလာခဲ့ပေ။ သူမသည်လည်း သူ့အိမ်တွင် နေသည်က ကျိုးကြောင်းညီသည်ဟု ခံစားရသော်လည်း မော့ကျန်း အိမ်မှာ မရှိသည့်အချိန်တွင် သူမတစ်ယောက်တည်း သူ့အိမ်၌ နေ၍ မဖြစ်ပေ။ သူမက သူ့လက်ထောက် ဖြစ်နေလျှင်တောင် သူမကို သိသည်မှာ နှစ်ရက်ခန့်သာ ရှိနေသေးသည်။ သူ သူစိမ်းတစ်ယောက်ကို အိမ်သော့ပေးလိုက်ရင် ဘယ်လိုများ စိတ်အေးလက်အေး နေနိုင်ပါ့မလဲ...
"ဧကရာဇ်မော့... ရှင့်ရဲ့လုံခြုံရေး အသိစိတ်က အရမ်းဆိုးလွန်းတယ်"
လီယန်က ခေါင်းကို ခါယမ်းကာ သူမ၏ လေသံက အတော်လေး စိတ်ဓါတ်ကျနေဟန်ပေါ်သည်။
မော့ကျန်းက ပြုံးရုံသာ ပြုံးနေပြီး ပြန်မပြောလိုက်ပေ။
လီယန်က သူတို့ ညစာ အတူတကွ စားနေကြသည့်အချိန်တွင် မော့ကျန်းထံမှ သတင်းကောင်းအချို့ ကြားလိုက်ရသည်။ ယနေ့တွင် ရိုက်ကူးရေးအဖွဲ့က တစ်ညလုံး ရိုက်ကူးရေး လုပ်စရာ မလိုတော့ပေ။ သူတို့က ညဆယ့်နှစ်နာရီမှ အိမ်ပြန်နိုင်မည် ဖြစ်သော်လည်း လူတိုင်း၏ အလုပ်ကြိုးစားမှုက အရာထင်ခဲ့လေပြီ။ မော့ကျန်းက မောင်းနှင်သူ၏ ဘေးထိုင်ခုံတွင် ထိုင်နေရင်း သမ်းဝေနေသည့် လီယန်ကို ကြည့်ကာ သူ့နှလုံးသားက အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။
အိမ်ပြန်ရောက်သောအခါ မော့ကျန်းက ဧည့်ခန်းတွင် ချထားခဲ့သည့် လီယန် သယ်လာသော ခရီးဆောင်အိတ်များကို ကြည့်ကာ သူမကို ပြောလိုက်သည်။ "အခုကစပြီး မင်းက ဒုတိယထပ် အရံအိပ်ခန်းမှာ နေရမယ်"
”ကောင်းပြီလေ” လီယန်က ပြန်ဖြေလိုက်သည်။ သူမက ခရီးဆောင်အိတ်များ ဆွဲတော့မည်အပြုတွင် မော့ကျန်းက သူမထက် ခြေတစ်လှမ်းသာသွားခဲ့သည်။
လီယန်က တစ်ခဏမျှ အနည်းငယ် အံ့အားသင့်သွားပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်လာပြီး ထိုသူ၏ ခပ်ဖြောင့်ဖြောင့် ခန့်ညားလှသော နောက်ကျောပြင်ကို ကြည့်ကာ ဒုတိယထပ်သို့ သူ့နောက်မှ လိုက်တက်သွားခဲ့သည်။
လီယန်၏ အိတ်များကို သူမ၏ အခန်းထဲသို့ ပို့ပေးလိုက်ပြီးနောက် ညတစ်နာရီနီးပါး ရှိနေပြီ ဖြစ်၍ မော့ကျန်းက ဆေးကြောကာ အိပ်ရာဝင်ရန် ပြင်သည်။ လီယန်က အလွန် အိပ်ချင်နေပြီ ဖြစ်၍ မနက်ပိုင်း သူမနိုးလာသည့် အချိန်မှသာ ပစ္စည်းများ ထုတ်၍ သန့်ရှင်းရေးလုပ်ရန် စီစဥ်ထားလိုက်သည်။ သူမ၏ လက်များက ပုခုံးတွင် ချိတ်ကာ ဆွဲထားခဲ့သော အိတ်ကို ထိခတ်သွားပြီးနောက် ရုတ်တရက်ပင် သူမ၏ ခန္ဓါကိုယ်အား တံခါးဝသို့ ရောက်နှင့်နေပြီ ဖြစ်သော မော့ကျန်းဘက်သို့ လှည့်လိုက်သည်။ "ဧကရာဇ်မော့"
မော့ကျန်းက သူ့ခေါင်းကို ပြန်လှည့်ကာ တစ်ဝက်စင်းကျနေသော မျက်လုံးများဖြင့် သူမဘက်သို့ အိပ်ချင်မူးတူး လှည့်ကြည့်လာခဲ့သည်။ "ဘာဖြစ်လို့လဲ"
"အမ်... အဲ့ဒါက..." လီယန်က ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားလေသည်။
"ရှင့်အခန်းထဲမှာ ပိုစတာတစ်ခု ချိတ်လို့ရမလား"
ပိုစတာလား...
သူ ရုတ်တရက် လီယန်က အကန့်အသတ်ထုတ်ထားသော စပယ်ရှယ် ပိုစတာ ရရှိသွားခဲ့သည်ဟု ဖြောင်ဖြောင် ပြောပြဖူးသည်ကို သတိရသွားသည်။ မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ ကော့တက်လာပြီး အခန်းထဲသို့ ခြေတစ်လှမ်း ဝင်လိုက်သည်။ "မင်းပိုစတာပေါ်မှာ ဘယ်သူရှိနေလဲဆိုတာ ပဲ မူတည်တယ်"
"လူမဟုတ်ပါဘူး... ရှုခင်းပန်းချီလေးပါ"
"ရှုခင်းပန်းချီ" မော့ကျန်းက နေရာမှာပင် ရပ်နေပြီး လီယန်ကို စိုက်ကြည့်နေကာ သူ့မျက်လုံးများကပင် ပြုံးနေပုံ မရပေ။
"မရဘူး.. ငါ့အခန်းရဲ့ စတိုင်ကို ပျက်စီးသွားမိလိမ့်မယ်"
…
လီယန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် သူမက အရှက်မရှိ မေးလိုက်သည်။
"ဒါဆို ဘယ်လိုပိုစတာမျိုးက ရှင့်အခန်းရဲ့ စတိုင်ကို မပျက်စီးစေတာလဲ"
"သေချာပေါက် ငါ့ပိုစတာပဲပေါ့"
လီယန်: “…”
ဟီးဟီး.... သူမ ခန့်မှန်းမိပြီးသားပဲ...
သို့သော်လည်း သူမသာ မော့ကျန်းရှေ့တွင် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ မှားယွင်းနေသော ပိုစတာကြီး ထုတ်လာမိပါက... ဆောရီးပဲ... သူမတကယ် မလုပ်နိုင်ဘူး...
"ကိစ္စမရှိပါဘူး... အခု ရှင့်အခန်းကို ပြန်လို့ ရပါပြီ" လီယန်က ပြုံးကာ မျက်လုံးများ မှေးကျဥ်း၍ တံခါးကို လက်ညှိုးထိုးပြလိုက်သည်။ သူမက တစ်ယောက်ယောက်ကို "ဖြည်းဖြည်းလျှောက်နော်... လိုက်မပို့တော့ဘူး" ဟုပြောနေသည့် ဟန်အမူအယာနှင်ပင်။
မော့ကျန်းက မျက်တောင်ခတ်ကာ ဘာမှ မပြောတော့ဘဲ လီယန်၏ အခန်းထဲမှ လှည့်ထွက်လာခဲ့သည်။
Xxxx