အပိုင်း ၆၈
Viewers 10k

Chapter 68
အိမ်တွင်း စား​သောက်ပွဲ



​မော့ကျန်းက သူ့မျက်နှာချင်းဆိုင်မှ လူကို ကြည့်လိုက်သည်။ သူ့အမူအယာက ​ရေ​သေအလား တည်ငြိမ်​နေ​ပေသည်။ သူမက နှစ်တစ်ဝက်​လောက် ကိုမာဝင်​နေခဲ့ပြီး ခန္ဓါကိုယ်တစ်ခုက မည်မျှ မြန်မြန် ပြန်​ကောင်းနိုင်သည့် ကန့်သတ်ချက်လည်း ရှိ​နေ​သေးသည်။ ထပ်ပြီး​တော့ သူမက ကားမ​တော်တဆမှု ဖြစ်လိုက်​သေးသည်။ ဒဏ်ရာက မပြင်းထန်​သော်လည်း များစွာ ​ရှောခ့်ရသွားလောက်သည်။ သူပို၍ ​တွေးမိ​လေ​လေ ပို၍ စိတ်ဖိစီးလာရ​လေ​လေ​ပင်။ အဆုံးတွင် သူ ​ပြောလာခဲ့သည်။

"မစိုးရိမ်ပါနဲ့... မင်းလစာကို မဖြတ်ပါဘူး" 

လီယန်: “…”

ဒါက စ​​ပြောရမဲ့ ပြဿနာ မဟုတ်ဘူးလို့...  

"အိမ်မှာ မနားချင်ရင် အပြင်သွားပြီး လက်​ဆောင်ဝယ်​ပေး​လေ... သဘက်ခါက ငါ့တူမ ​မွေး​နေ့ပဲ" ​စျေးဝယ်ထွက်ခြင်းကလည်း အပန်း​ဖြေခြင်းဟု ယူဆရ​ပေမည်။  

"ရှင့်တူမ ​မွေး​နေ့လား" လီယန်၏ မျက်လုံးများ ဝင်းလက်သွားပြီး ထိုအ​ကြောင်းအ​ပေါ် အလွန် စိတ်ဝင်စားသွားဟန် ​ပေါ်​နေသည်။ "သူက ဘယ်နှနှစ်လဲ"  

"ရှစ်နှစ်" သူ ယခုတ​လော အလွန် အလုပ်များ​နေခဲ့ရသည်။ တုတုသာ သတိမ​ပေးလာခဲ့ပါက သူ သူမ၏ ​မွေး​နေ့ကို လုံး​ဝ ​မေ့​လျော့သွား​လောက်​ပေသည်။  

"ရှစ်နှစ်လား" လီယန်က သူမဘာသာ တီးတိုး ​ရေရွတ်လိုက်ပြီး ရှစ်နှစ်အရွယ် မိန်းက​လေးကို မည်သည့် လက်​ဆောင်​ပေးရမည်ကို စဥ်းစား​​နေခဲ့သည်။

"ဪ... ဟုတ်သားပဲ.. သဘက်ခါက 30ရက်​နေ့မလား... သူ့​မွေး​နေ့က ကျွန်မနဲ့ တစ်ရက်ပဲကွာတာပဲ"  

​မော့ကျန်းက တစ်ခဏမျှ အံ့အားသင့်သွားသည်။ သူ့မျက်ခုံးနှင့် သူ့​ဘေးမှ ​လေထုကပင် တင်းကြပ်သွား​ပြီး ​မေးလာခဲ့သည်။

"မင်းက 29ရက်မှာ ​မွေးတာလား"  

"မဟုတ်ပါဘူး... ကျွန်မက ​မေ1ရက်မှာ ​မွေးတာပါ... အလုပ်သမား​တွေက ​လေးစားစရာ အ​ကောင်းဆုံးပဲ" 

​မော့ကျန်းက စိတ်သက်သာရာ ရသွားဟန် သက်ပြင်းချလိုက်သည်။ ​ကောင်းတယ်... သူ့မှာ အချိန်ရ​သေး​တာပဲ...  

လီယန်က ထို​နေရာတွင် ရပ်သွားပြီး သူမ ​မော့ကျန်းကို ​ပြောမည့်စကားများအား ရုတ်တရက် သတိရသွားသည်။ "ဪ ဟုတ်သားပဲ... ကျန်းကျန်း... 1ရက်​​နေ့ကျရင် ကျွန်မ အိမ်ပြန်ပြီး ညစာစားရမယ်"  

​မော့ကျန်း၏ အကြည့်များ လှုပ်ရှားသွားပြီး လီယန်ကို ​ခေါင်းငြိမ့်ပြလိုက်သည်။ "ရတယ်​လေ... ဒါ​ပေမယ့် ညကျရင် ဒီမှာအိပ်ဖို့ ပြန်လာခဲ့"  

"ဘာလို့လဲ"

"ဒါက ​မင်းကို နောက်​နေ့မနက်ကျရင် စတူဒီယိုကို​ခေါ်သွားဖို့ အထိ​ရောက်ဆုံး နည်းမို့လို့​ပေါ့"

  …

ဒါ​ပေမယ့်... သူမ တက္ကစီ စီးလာလို့လည်း ရတာပဲ​နော်...  

လီယန်က ​မော့ကျန်း၏ အရည်ကြည်များ ပြည့်ကာ တ​လက်လက်​တောက်​နေ​သော မျက်လုံးများကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမသာ ငြင်းဆန်ရဲပါက ​၎င်းတို့မှာ ရေအိုင်​လေးများအဖြစ် တစက်စက် ကျလာ​တော့မည်သကဲ့သို့ ဖြစ်​နေ​ပေသည်။  

"အင်း" သူမမှာ အဆုံးတွင် ထိုသူ၏ ​ချော​မောလှပမှုများဖြင့် ဆွဲ​ဆောင်ခံလိုက်ရသည်။ 

သူမ၏ ပြန်​​ဖြေသံကို ​ကျေနပ်သွားသည့် ​မော့ကျန်း၏ နှုတ်ခမ်းများမှာ ထပ်ပြီး ပွင့်ဟလာပြန်သည်။ ထန်ချန်းမှာ ထိုမြင်ကွင်းကို မြင်ရသည့် အချိန်၌ မီးဖို​ချောင်မှ ပြန်လာကာစ ဖြစ်သည်။ သူ့လျှာကို ကိုက်မိသွားခဲ့​လေသည်။ ​ကြည့်ရသည်မှာ မော့ကျန်းက ဤတစ်ကြိမ်၌ အမှန်တကယ်ပင် ချည်တုပ်ခံလိုက်ရ​လေပြီ။ ​ကောင်း​ကောင်း ချည်တုပ်ခံထားရတာပဲ... 

အခြားသူများ၏ ကံဆိုးမိုး​မှောင်ကျမှုအ​ပေါ် ​​သူ့ပျော်ရွှင်အားရမှုများက မီးဖို​ချောင်အတွင်းတွင် ပျံ့နှံ့သွား​လေသည်။ သူက ပန်းကန်​ဆေးရင်း အ​တော်​လေး ခွန်အားပြည့်လာသလို ခံစားလိုက်ရသည်။

​နောက်တစ်​နေ့ မနက်တွင် ​မော့ကျန်းက စတူဒီယိုကို အချိန်မှန် သွားခဲ့ပြီး လီယန်က လက်​ဆောင်​ရွေးရန်အတွက် ချန်းချင်းယန်ကို ဆွဲ​ခေါ်လာခဲ့သည်။  

ချန်းချင်းယန်က သူမ၏ ညာလက်တွင် လက်ကိုင်အိတ်တစ်လုံးကိုင်လျက် ​တောင့်တင်း​နေ​​သော ​ခြေသလုံးသားများကို နှိပ်ကာ လမ်း​ဘေးခုံတန်းလျား​လေးတွင် ဝင်ထိုင်ချလိုက်ပြီး ညီးညူ​ပြောဆို​လေ​တော့သည်။

"တလီ... နင့်​ဘောစ့်တူမရဲ့ ​မွေး​နေ့ကိုတောင် နင်က လက်​ဆောင် လိုက်ဝယ်​ပေးရ​သေးတာလား... နင် အယ်ဒီတာ လုပ်​နေတာလား... နာနီ လုပ်​​နေတာလား" 

"အင်း" လီယန်က သူမ၏ အိတ်ထဲမှ မစ်တီးကို ထုတ်ကာ ချန်းချင်းယန်​ဘေးတွင် ဝင်ထိုင်လိုင်သည်။

"​ဘောစ့်က အမြဲတမ်း အလုပ်များ​နေတာ... သူ့မှာ လက်​ဆောင်ဝယ်ဖို့​တောင် အချိန် မရှိဘူး"  

"ဒါ နင့်ကိစ္စ မဟုတ်ဘူး​လေ" ချန်းချင်းယန်က လီယန်ကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။

"ဒါ ငါ့ကိစ္စလည်း မဟုတ်ဘူး"  

"ငါ ဘာဝယ်ရမှန်း မသိလို့ပါဟာ" လီယန်က ချန်းချင်းယန်ကို ထိုင်ခုံမှ ပြန်ဆွဲကာ ငါးစာချလိုက်သည်။

"​နောက်ကျရင် ထမင်းလိုက်​ကျွေးမယ်​လေ... ငါ့​ဘောစ့်ရဲ့ ကဒ်ကို သုံးလို့ရတယ်" 

ချန်းချင်းယန် ထိုအ​ကြောင်းကို ကြား​သောအခါ ​မေးလာခဲ့သည်။

"တလီ... နင့်​ဘောစ့်က သူ့ဘဏ်ကဒ်ကို နင့်ဆီ စိတ်ချလက်ချ ​ပေးထားတယ်​ပေါ့... သူ့ကဒ်ထဲ ဘယ်​လောက်ရှိလဲ"  

လီယန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားပြီး ​ရှေ့ဆက်​လျှောက်ရန် ပြင်သည်။ "မ​မေးတာ အ​ကောင်းဆုံးပဲ... နင်သိသွားရင် နင့်ရဲ့ အသိသုံးမျိုးကို အားလုံး ပျက်စီးသွားမိလိမ့်မယ်" 

ချန်းချင်းယန်: “…”

သူမရဲ့ အသိအမြင်သုံးမျိုးက သံလိုပဲ ခိုင်မာတယ်... ဘယ်လိုလုပ် လွယ်လွယ် ပျက်စီးသွားရမှာလဲ...  

(TN: အသိအမြင်သုံးမျိုးဆိုတာ... ဘဝ၊ အမှန်တရား၊ ​ကောင်းမွန်လှပမှုဆိုတဲ့ အ​တွေးအမြင်သုံးမျိုးပါ... လီယန် ​ပြောချင်တာက ​မော့ကျန်းမှာသာ ပိုက်ဆံ ဘယ်​လောက်ရှိမှန်း ချန်းချင်းယန် သိသွားခဲ့ရင် မ​ကောင်းတာတစ်ခုခု လုပ်မိသွားနိုင်ပြီး ကိုယ်ကျင့်တရား​​ကောင်းမွန်မှုနဲ့ ဘဝကို ပျက်စီးသွား​​စေလိမ့်မယ်လို့ ​ပြောချင်တာပါ)

နှစ်​ယောက်သားက အဆုံးတွင် တုတုအတွက် ဂါဝန်တစ်ထည် ​ရွေး​ပေးခဲ့ကြသည်။ သူတို့တွင် အ​တွေ့အကြုံ မရှိ​သော်လည်းထိုဂါဝန်​လေးက အမှန်တကယ်ပင် အ​တော်လေး ချစ်စရာ ​ကောင်းလှသည်။ ချစ်စရာ ​ကောင်းလွန်း၍ ရှစ်နှစ်အရွယ်သို့ ပြန်သွားပြီး ဝတ်ကြည့်ချင်မိသွားသည်။  

လီယန်က လက်​ဆောင်​ရွေးပြီးကာမှ စိတ်သက်သာရာ ရသွားခဲ့သည်။ သူတို့နှစ်​ယောက်လုံးက တစ်​​နေ့လုံး ​စျေးဝယ်ခဲ့ရ၍ ပင်ပန်း​နေကြပြီ ဖြစ်ရာ အနီးအနားရှိ ဆူရှီစား​သောက်ဆိုင်တစ်ခုတွင် ဝင်နားရန် ဆုံးဖြတ်လိုက်ကြသည်။ လီယန်က သူမ​ဘောစ့်၏ ကဒ်ကို သုံးနိုင်ကြောင်း ​ပြောပြလာခဲ့သဖြင့် ချန်းချင်းယန်မှာ ​​ပြောင်​ပြောင်တင်းတင်းပင် အ​ကောင်းဆုံးဟင်းပွဲကို မစဥ်းစား​တော့ဘဲ ​စျေးအကြီးဆုံးကိုသာ တိုက်ရိုက် ​ရွေးလိုက်​လေသည်။   

လီယန်က ​ဘေလ်ကို စိုက်ကြည့်ရင်း သူမ၏နှလုံးသားထဲတွင် အနည်းငယ် မလွယ်ကူဟု ခံစား​နေရသည်။ သူတို့ အရမ်းလွန်သွားပြီလား... ချန်းချင်းယန်က သူမမှာ ဝ​အောင်မစားရ​သေး၍ ​နောက်တစ်ဆိုင်တွင် ဆက်စား​ချင်​သေး​ကြောင်း မ​ကျေမနပ် ​ပြော​နေ​ဆဲပင်။ လီယန်က သူမ၏ မျက်နှာထူထူကို ပုတ်ကာ ဂါဝန်​လေးကို အိမ်ပြန်သယ်သွားသည်။  

​မော့ကျန်းက ယ​နေ့တွင် ​စောစော ပြန်​ရောက်လာပြီး သူ တံခါးဖွင့်လိုက်သည်နှင့် လီယန်ကို နှိုးမိသွားသည်။ လီယန်က နာရီကြည့်လိုက်ရာ သန်း​ခေါင်ထက် အနည်းငယ် ​ကျော်​နေ​ပေပြီ။

​​မော့ကျန်း ဝင်လာ​လာသည့်အချိန်တွင် ဆိုဖာ​ပေါ်တွင် ထိုင်​နေ​သည့် လီယန်ကို ​တွေ့လိုက်ရ​သောအခါ မျက်​မှောင်မကြုံ့မိဘဲ မ​နေနိုင်​တော့​​ပေ။ "ငါ့ကို မ​စောင့်နဲ့လို့ မ​ပြောခဲ့ဘူးလား... ဒီ​နေရာမှာ အိပ်ရင် အ​အေးမိလိမ့်မယ်"  

လီယန်က ဆိုဖာ​ပေါ်မှ ထရပ်ကာ ​မော့ကျန်းကို ပြုံးပြလိုက်သည်။ "ကျန်းကျန်း... ကျွန်မဒီ​နေ့ ဆူရှီ ဝယ်လာခဲ့တယ်... ခ​ဏ​စောင့်​နော်... ပြန်​နွှေး​ပေးမယ်"  

လီယန်က မီးဖို​ဆောင်ထဲသို့ ​ပြေးသွားပြီး မိုက်ခရို​ဝေ့ဖ်ကို နှိပ်လိုက်သည်။ ဆူရှီများကို ထို​နေရာတွင် ထည့်ထားပြီး ​မော့ကျန်း အိမ်ပြန်လာမည်ကို ​စောင့်​နေခဲ့ခြင်း ဖြစ်သည်။ အချိန်တို​လေးအတွင်းမှာပင် လီယန်က ဧည့်ခန်းဆီ ပြန်​ပြေးလာခဲ့ပြီး တုတု၏ လက်​ဆောင်နှင့် ​မော့ကျန်း၏ ကဒ်ကို ပြန်​ပေးလိုက်သည်။  

"ကျန်းကျန်း... ကျွန်မ ဒီညနည်းနည်း ပိုစားခဲ့တယ်" လီယန်က တုံ့ဆိုင်းသွားလေသည်။ သူမ ​မော့ကျန်းကို ​ပြေစာ ​​ပေးလိုက်သင့်လား... 

​မော့ကျန်းက တီးတိုးရယ်​မောလိုက်သည်။ သူက လီယန် လက်ထဲမှ လက်​ဆောင်ကို ယုလိုက်​သော်လည်း ကဒ်ကို မယူလိုက်​ပေ။

"ကဒ်ကို မင်းသိမ်းထားလိုက်"  

"ဘယ်လို"

"အာ... ​နောက်ပိုင်း မင်းကို တစ်ခုခု ဝယ်ခိုင်းစရာ ရှိရင် အချိန်တိုင်း ကဒ်ကို ထုတ်​ပေး​နေစရာ မလို​တော့ဘူး​​ပေါ့" 

”…”

"ဟုတ်သားပဲ... ​မွေး​နေ့ကို လျှို့ဝှက် နံပါတ်ထားတာ မလုံခြုံဘူးလို့ ​ပြောခဲ့တယ်မလား... ငါ့ကို 724501လို့ ကူ​ပြောင်း​ပေးအုံး" 
(T/N ကျန်းကျန်းရဲ့​မွေး​နေ့ 24 ဂျူလိုင် မှတ်မိကြတယ်ဟုတ်)

"..." လျှိူ့ဝှက်နံပါတ်အသစ်ကို မ​ပြောပြဖို့ ​လည်း ​ပြောခဲ့တယ်​လေ... မကြားလိုက်ဘူးလားလို့... ​နေစမ်းပါအုံး...724501လား... 

လီယန်၏ မျက်နှာက ရုတ်တရက် နီရဲသွားပြီး ​မော့ကျန်းက သူမအနား တိုးကပ်လာရင်း နားမလည်ချင်​ယောင် ​ဆောင်လိုက်​လေသည်။

"ဘာလို့ မျက်နှာ​တွေ ရဲ​နေတာလဲ... အဖျား ရှိလို့လား"

သူက ညာလက်ကို လီယန်၏ နဖူး​ပေါ်တင်ရင်း ​ပြောလာခဲ့ခြင်း ဖြစ်သည်။ လီယန်က ကြုံရာကျပန်း ​အော်ကာ ပြန်​​​ဖြေလိုက်သည်။ သူမက ကဒ်ကို ​မော့ကျန်း၏ ရင်ဘတ်ဆီ တွန်းလိုက်ရင်း ​လှေကားဆီ ကမူရှူးထိုး ​ပြေးသွား​လေသည်။   

​မော့ကျန်းက ဧည့်ခန်းထဲတွင် တစ်​ယောက်တည်း ကျန်​နေခဲ့ပြီး အရယ်မရပ်နိုင်​တော့​ပေ။ မိုက်ခရို​ဝေ့ဖ်မှ [တင်း]ဟူ​သော အသံထွင်လာမှသာ အရယ်ရပ်နိုင်သွား​တော့သည်။


လီယန်က တုတုအတွက် လက်​ဆောင် ပြင်​ပေးခဲ့​သော်လည်း သူ လီယန်အတွက် လက်​ဆောင် မပြင်ရ​သေး​ပေ။

​မော့ကျန်းက အမျိုးသမီးဖက်ရှင်ဆိုက်တစ်ခုကို ရှာ​ဖွေ​နေရင်း ​သောက​ရောက်လာခဲ့သည်။ အလှပြင်ပစ္စည်းလား... ဒီဇိုင်နာအိတ်လား... ​ရေ​မွှေးလား... ဖိနပ် ဒါမှ မဟုတ် အဝတ်အစားလား...  

လီယန်က မိတ်ကပ်လိမ်း​လေ့မရှိဘဲ ဒီဇိုင်နာအိတ်များကလည်း ခပ်​ပေါ​ပေါ ဖြစ်သည့်အပြင် သူကလည်း သူမကြိုက်သည့် မည်သည့်​ရေ​မွှေးနှင့် ဖိနပ်ကိုမှ မသိပါ​ချေ။ ​မော့ကျန်းက သူ့စိတ်ထဲတွင် ဖြစ်နိုင်​ချေရှိ​သော လက်​ဆောင်ပစ္စည်း စာရင်း လုပ်ကာ စတင် ခွဲထုတ်ရန် ပြင်သည်။  

​မော့ကျန်းက ခါးသီး​သော အမုန်းများဖြင့် ကွန်ပြူတာကို စိုက်ကြည့်​နေပြီး သူ့လက်ညှိုးက ​မောက်စ်​ပေါ်တွင် ဆက်လက်ဆွဲချ​နေရဆဲပင်။ မျက်နှာပြင်က ​နောက်ထပ် ပေချ့်တစ်ခုသို့ ​ရောက်သွား​သောအခါ စိန်လက်စွပ်တစ်ကွင်း ​ပေါ်လာခဲ့သည်။  

လက်​စွပ်လား...

အာ... ဒါအလုပ်ဖြစ်​လောက်မယ်...  

​မော့ကျန်းက ပစ္စည်းကို နှိပ်လိုက်သည်။ လက်စွပ်ကဲ့သို့ ပစ္စည်းတစ်ခုက ​သေချာပေါက် ဆိုင်တွင်သာ ဝယ်သင့်​ပေသည်။ လက်စွပ်အရွယ်အစားကို ​ရွေးရသည်ကလည်း သူ့​ခေါင်းကို မူး​ဝေသွား​စေပြန်သည်။  

​မော့ကျန်း ဆိုင်ထဲမှ ပြန်ထွက်လိုက်​သောအခါ သူ့လက်များကို ယှက်သိုင်း၍ ကွန်ပြူတာထက်တွင် အ​တွေးနက်နက်ဖြင့် ထိုင်​နေခဲ့သည်။   

​မော့ကျန်းက ဆန့်ကျင်ဘက်လိင်အမျိုးအစားများ အကြားတွင် ဘယ်​သောအခါမှ ​ကျော်ကြားမှု မပြတ်လပ်သွားခဲ့​ပေ။ သူဘာကိုမှ မလုပ်လျှင်​တောင် သူ့ကို ပျိုး​​ထောင်​ပေးခြင်ကြသည့် မိန်းက​လေးများစွာ ရှိ​နေကြဆဲပင်။ မိန်းက​​လေးတစ်​ယောက်ကို လက်​ဆောင်​ ဝယ်​​ပေးရန် အတွက်ကား... ​​တောင်းပန်ပါတယ်... ဒါ သူအရင်က တစ်ခါမှ မကြုံခဲ့တဲ့ ကိစ္စပဲ...  

သို့​သော်လည်း ဆိုရိုးစကားများ ရှိကြသလိုပင်။ ထုထည်များ၏ အစွမ်းသတ္တိက အကြီးဆုံးဖြစ်သည်။ သူ သူ့ဘာသာ အ​ဖြေမရှာနိုင်ပါက လူအုပ်ကြီးတစ်စုက သူ့အတွက် ​သေချာ​ပေါက် အ​ဖြေရှာ​ပေးနိုင်လိမ့်မည်။  

သူ့နှုတ်ခမ်းစွန်း​လေးများ တွန့်​ကွေးသွားပြီး ​မော့ကျန်းက ​ဝေ့​ပေါ်ကို ဖွင့်ကာ လူအုပ်ကြီးကို အသက်သွင်းလိုက်သည်။

"​မေးခွန်းစစ်တမ်း... မင်းရဲ့ ​မွေး​နေ့မှာ ဘာလက်​ဆောင်​​တွေ လိုချင်လဲ"
  
လူအုပ်ကြီးက ဧကရာဇ်​မော့ကို စိတ်အားထက်သန်မှု အကြီးကြီးဖြင့် ပြန်​ဖြေကြသည်။ ဧကရာဇ်​မော့က ကွန်မန့်တစ်ခုချင်းစီကို ဂရုတစိုက် ဖတ်​နေခဲ့သည်။ သူ့ခန့်မှန်းချက်အရ "ကျန်းကျန်း" က ပထမဆုံးကွန်မန့်တစ်​ထောင်၏ 20%ဟု ယူဆရသည်။ "ဧကရာဇ်​မော့" မှာ အ​ဖြေများ၏ 20% ဖြစ်သည်။ "ငါ့နတ်ဘု​ရား​လေး"မှာ အ​ဖြေများ၏ 30%ဟု ယူဆရသည်။ ကျန် "ဆန့်ဆန့် အိပ်​နေတဲ့ ကျန်းကျန်း "နှင့် "နတ်ဘုရား​​​လေး ပြားပြားဝပ် အိပ်နေတယ်" က မဲ​​ပေးသူစုစု​ပေါင်း၏ 10% ဖြစ်သည်။ အဆုံးတွင် မသင့်​တော်သည့် ကွန်မန့်များ ​ပေး​နေသူမှာ 19% ဟု ယူဆရပြီး သူ့​​မေးခွန်းများကို အ​လေးအနက် ​ဖြေ​ပေး​နေသည့် အင်တာနက်သုံးစွဲသူများမှာ 1%ထက် မပိုပါ​ပေ။ 

ဒီရက်​ပိုင်းမှာ လူအုပ်ကြီး ဘယ်​လောက်များ ဆာ​လောင်​နေကြပါလိမ့်...  

​မော့ကျန်းက နွားနို့ တစ်ငုံ​သောက်ကာ အသစ်​ပေါ်လာ​သော ကွန်မန့်များကို ဖတ်​နေ​လေသည်။  

"အသက်က ဒီ​​လောက်ကြီး​နေပြီ... ​ကောင်မ​လေးကို ပိုးဖို့ တခြားသူ​တွေဆီက သင်​နေရတုန်းလား... ​မင်းက တောင်တက်ရမဲ့ တိုက်ပွဲကို တိုက်​နေရတာပဲ..."

​မော့ကျန်း: “…”

သူ ဒီ​မိမစစ်ဖမစစ်​ကောင်ကို သိတယ်... ရှန်းမိသားစုက ကုန်းဇီ​... မကြာ​သေးခင်ကမှ သူ့ကို လက်သီးနဲ့ ထိုးခဲ့တဲ့​ကောင်ပဲ...  

"ကျန်းကျန်း... ကျွန်မ နတ်ဘုရားမ(နျန်နျန်)ရဲ့ စွပ်ပြုတ်ရည်ဘန်းမုန့်​ပေါင်းတစ်ပွဲ လိုချင်တယ်... ရမလားနော်~~~> 3 <“

​မော့ကျန်း: “…”

သူ ဘယ်လိုလုပ် ​​မေ့သွားရတာလဲ... လီယန်လည်း သူ့​ဝေ့​ပေါ်ကို followထား​သေးတယ်​လေ... နွားလိုပဲ... သူမ အခုထိ မအိပ်​သေးဘူးလားဟ...  

​မော့ကျန်း သူ မ​ကောင်းတာတစ်ခုခု လုပ်မိပြီး ဖမ်းမိသွားသလို ခံစားလိုက်ရသဖြင့် ​ဝေ့​ပေါ်မှ အပြစ်ရှိစိတ်များဖြင့် ထွက်လာခဲ့သည်။ တစ်ညလုံး လူးလှိမ့်​နေ​သော်လည်း လက်​ဆောင်ကို စဥ်းစားမရသဖြင့် ​မော့ကျန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချမိသွားသည်။ ​နောက်ဆုံး​အ​နေနဲ့ သူ သူ့ခန္ဓါကိုယ်ကိုယ်သာ လက်​ဆောင် အဖြစ်​ပေးနိုင်​တော့မည်။

အာ... ဒီအကြံ​လေး ​ကောင်းသားပဲ... အရမ်း​ကောင်းတယ်...  

​နောက်တစ်​နေ့ မနက် နိုးလာ​သောအခါ ​မော့ကျန်းမှာ သူ့မျက်လုံးများ ​အောက်၌ အနက်​ရောင်ကွင်းကြီးနှစ်ကွင်း ရှိ​​နေခဲ့သည်။ လီယန်က သူ့အနားသို့ ​ရောက်လာပြီး မျက်​တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွား​လေသည်။ "ကျန်းကျန်း... မ​နေ့ညက ​​ကောင်း​ကောင်း အိပ်မရခဲ့ဘူးလား"  

"မဟုတ်ပါဘူး" ​မော့ကျန်းက အလွန့်အလွန် နီးကပ်လာ​သော လီယန်၏ ​ခေါင်းက​လေးကို တို့ကာ အနည်းငယ် ကသိက​အောက် ဖြစ်​နေ​သော အမူအယာဖြင့် ​လှေကားထစ်များမှ ဆင်းသွားသည်။

" တုတုရဲ့ အိမ်ကို ညစာသွားစာဖို့ ဒါရိုက်တာရှု ဆီက​နေ ဒီည​နေမှာ နှစ်နာရီ ခွင့်ယူထားတယ်... မင်း ငါနဲ့ လိုက်ခဲ့"

"ကျွန်မလား" လီယန်၏ ညာ​ခြေက ​လေထဲမှာပင် ​တောင့်တင်းသွား​လေသည်။

"ဒါရှင့်မိသားစုရဲ့ ပြန်လည်​တွေ့ဆုံပွဲ​လေ... ကျွန်မသွားရင် ရိုင်းရာကျမှာ​ပေါ့"  

"အဆင်​ပြေပါတယ်... ငါစားပြီးသွားရင် ရိုက်ကူး​ရေးလုပ်ဖို့ ပြန်သွားရအုံးမှာ​လေ... မင်း နှစ်နာရီလုံး စတူဒီယိုမှာ တစ်​ယောက်တည်း ​နေလို့ မဖြစ်ဘူး"  

"အမ်..." လီယန်က အဆုံးတွင် ညာ​ခြေကို လှုပ်ရှားလိုက်သည်။ သူမက ​မော့ကျန်း၏ စကားလုံးများကို ဆက်လက်​တွေး​တော​တေဆဲမှာပင် ​မော့ကျန်းက ​လှေကား၏ အလယ်တွင် ရပ်လိုက်ပြီး သူမကို လှည့်ကြည့်လာခဲ့သည်။

"ဒါက စား​သောက်ပွဲ ​သေးသေး​​လေးပါ... စားဖို့လာတယ်လို့ပဲ သ​ဘောထားလိုက်"   

လီယန်: “…”

သူမ ​မော့ကျန်းရဲ့ ​တောင်းဆိုချက်​တွေကို ပြန်မ​ချေပနိုင်ဘူးဆိုတာ သိသွားပြီ။ အိမ်​ပြောင်းတာက​နေ အပြင်ထွက်စားတာအထိပဲ... သူက ခြ​​ေင်္သ့ကြီး ဖြစ်​နေပြီး သူမက​တော့ နွား​လေး ဖြစ်​နေတာ​​ကြောင့် များလား​နော်... 

ပုံမှန်တွင် အထက်စီးဆန်လှသည့် ထန်ချန်းပင် သူ့​ရှေ့၌ ရိုကျိုးသွားရသည်ကို ​တွေးမိသွား​သောအခါ လီယန်၏ နှလုံးသားက ချက်ချင်းပင် ပို၍ သက်​တောင့်သက်သာ ဖြစ်သွား​လေသည်။  

"ဒါဆိုလည်း ​ကောင်းပြီ​လေ" သူမက နှုတ်ခမ်း​​ထောင့်​လေးများ တွန့်​ကွေးကာ ​ခေါင်းငြိမ့်ပြလိုက်သည်။ ​မော့ကျန်းက သူမအတိုင်းပင် ပြုံး​နေပြီး စိတ်​ကျေနပ်မှု အပြည့်ဖြင့် ​လှေကားမှ ဆင်းသွားသည်။  

ထိုအချိန်တွင် ခပ်​ဝေး​ဝေး​နေရာမှ ကုမ္ပဏီထဲတွင် ရှိ​နေသည့် ထန်ချန်းမှာ နှာ​ချေလိုက်သည်။ သူ့နှာ​ခေါင်းကို ပွတ်၍ ​တွေးလိုက်သည်မှာ... သူ့အ​ကြောင်း​တွေး​နေတဲ့ ​နောက်ထပ် မ​ကောင်းဆိုးဝါး ဝိဥာဏ်တစ်​ကောင်များလား...  

​မော့ကျန်းက ည​နေ ​ခြောက်နာရီတွင် လီယန်ကို စတူဒီယိုထဲမှ ဆွဲထုတ်လာခဲ့သည်။ လီယန်က လမ်းတ​လျှောက်လုံး အလွန်အမင်း စိတ်လှုပ်ရှား​နေခဲ့သည်။ သူမ ပထမဆုံးအကြိမ်ဖြင့် သူမ၏ ​ယောက္ခထီးနှင့် ​ယောက္ခမတို့ကို ​တွေ့ဆုံရသည့်အလား ခံစား​နေရသည်။   

လီယန် စိတ်လှုပ်ရှား​နေသည်ကို ​တွေ့​သောအခါ ​မော့ကျန်းက နူးနူးညံ့ညံ့ အသံ​လေးဖြင့် တီးတိုး​ပြောလာသည်။

"ငါ့မိသားစုဝင်​​တွေက ရင်းနှီးရတာ လွယ်တယ်... စိုးရိမ်စရာ မလိုဘူး"

သူ့အသံက အလွန် ကြည်လင်​နေပြီး ညဘက်​ထုတ်လွှင့်သည့် ရေဒီယို ​ကြေညာသံလိုပါပင်။ အတုမရှိ ဆွဲ​ငင်နိုင်သည့် ခံစားချက်ကို သယ်​ဆောင်ထားရင်း လူအများကို သူ့အသသကြားရသည့်အခိုက်၌ ဆွဲ​ဆောင်သွား​စေနိုင်သည်။


Xxxxx