Chapter 70
ဆုတောင်းမယ်
ဒါ ဘာကို ဆိုလိုတာလဲ... လူတိုင်းက သူတို့ရဲ့ အချစ်တွေ ပြည့်နေတဲ့ဘဝကို ဟန်ပြလုပ်ပြနေကြတာ မဟုတ်ဘူးလား...
သူက လီယန်ကို မမှိတ်မသုန်ကြည့်ကာ မင်းသာ ငါ့ကို ဟင်းမထည့်ပေးရင် ငါ ဗိုက်ဆာလွန်းလို့ သေသွားမှာကို ကြည့်ရမယ်ဟူသော အမူအယာမျိုး ရှိနေလေသည်။
လီယန်က ထိုထိုးဖောက်မတတ် ကြည့်နေသော မျက်လုံးများကို ဆက်လက် တောင့်မခံနိုင်တော့သဖြင့် သူ့ပန်းကန်ထဲသို့ ဘဲလည်ပင်းတစ်ခုကို ထည့်ပေးလိုက်သည်။
"ဘဲလည်ပင်းမှာ အသားတွေ အများကြီး ပါတယ်... ဖြည်းဖြည်းဝါးနော်"
…
ညစာစားပြီးနောက် မော့ကျန်းက လီယန်နှင့် အတူ စတူဒီယိုသို့ အပြေးသွားရသည်။ လမ်းတလျှောက်လုံးတွင် ဧကရာဇ်မော့၏ စူပုတ်နေသော အမူအယာရှိနေခဲ့ပြီး လီယန်ကို လှည့်ကြည့်ပြီး စကားပြောရန် ခိုင်ခိုင်မာမာ ငြင်းကန်ထားသည်။
"ကျန်းကျန်း" လီယန်က သူ့ကို ခေါ်ရန် ကြိုးစားလိုက်သည်။
ဟမ့်... မင်းကို လျစ်လျူရှုထားတယ်..
လီယန်က မျက်တောင်ခတ်ကာ မော့ကျန်းဘက်သို့ ကိုင်းကာ တိုးကပ်သွားသည်။
"ကျန်းကျန်း... ဗိုက်ပြည့်နေတာလား"
"ဘဲလည်ပင်း စားတာက ဗိုက်ပြည့်မှာမို့လို့လား"
မော့ကျန်းက သူ့ခေါင်းကို လှည့်လာပြီး အပြုံးနှင့် မတူသော အပြုံးတို့ဖြင့် လီယန်ကို ပြုံးပြလိုက်သည်။
"ရှင်... ဘဲလည်ပင်းပဲ စားခဲ့တာ မဟုတ်ပါဘူးနော်" လီယန်၏ နှုတ်ခမ်း တွန့်ကွေးသွားလေသည်။ သူ တုတု၏ ပန်းကန်ထဲတွင် သူမ ထည့်ပေးထားခဲ့သည့် ခြေထောက်ကို ခိုးကာ သူ့ပန်းကန်ထဲ ထည့်လိုက်သည်ကို သူမကိုယ်တိုင် မြင်တွေ့ခဲရပါ၏။
မော့ကျန်း တီးတိုး ရယ်မောလိုက်သည်။ သူ ဘယ်တော့မှ သူမနှင့် ပြိုင်ငြင်းနိုင်မည် မထင်။
သူတို့က ရှစ်နာရီထိုးပြီး သုံးမိနစ်တွင် စတူဒီယိုသို့ ရောက်လာနိုင်ခဲ့သည်။ မော့ကျန်း အသက်ဝဝ မရှူနိုင်ခင်မှာပင် မိတ်ကပ်ပညာရှင်က သူ့ကို မိတ်ကပ်လိမ်းရန် ဆွဲခေါ်သွားသည်။ လီယန်က လုပ်စရာ မရှိသဖြင့် ဘေးနားလေးတွင် ထိုင်ကာ ဖုန်းကစားနေခဲ့သည်။ အချိန် တစ်မိနစ်ချင်းစီ ကုန်ဆုံးသွားပြီးနောက် မော့ကျန်းမှာ ဒါရိုက်တာ ကဒ်ဟု မည်မျှ အော်လိုက်သည်ကိုပင် မမှတ်မိတော့ဘဲ ပုခုံးကို ပင်ပင်ပန်းပန်း နှိပ်ကာ အနားယူရာနေရာသို့ လျှောက်သွားလေသည်။
လီယန်က အိပ်ပျော်နေရာမှ အိပ်မှုံစုံမွှား ထလာသည်။ မော့ကျန်း တဖြည်းဖြည်း နီးလာသည်ကို တွေ့သောအခါ သူမကိုယ်သူမ ဆွဲချလိုက်ပြီး သူ့ကို ရေနွေးတစ်ခွက် ပေးလိုက်သည်။ မော့ကျန်းက ရေတစ်ငုံသောက်ကာ သူမကို ခပ်ဖျော့ဖျော့ စိုက်ကြည့်လိုက်သည်။ "မွေးနေ့မှာ ပျော်ရွှင်ပါစေ"
"အာ" လီယန်က သူ့စကားလုံးများကို စဥ်းစားနေချိန်မှာပင် ဒါရိုက်တာက လူတိုင်းကို စုကြရန် ပြောလာသည်။ မော့ကျန်းက သူ့ဖန်ခွက်ကို ပြန်ချထားလိုက်ပြီး လျှောက်သွားလိုက်ချိန်တွင် လီယန်က သူမ၏ ဖုန်းကို ထုတ်ကာ ကြည့်လိုက်သည်။ ၎င်းက 12:03amပင်။
မေလ တစ်ရက်နေ့ကိုပင် ရောက်ခဲ့လေပြီ။
ကျန်းကျန်းက သူမကို မွေးနေ့ ဆုတောင်းပေးတဲ့ ပထမဆုံးလူပဲ... လီယန်က ကင်မရာရှေ့တွင် မျက်မှောင်ကြုံ့နေသော မော့ကျန်းကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်လေးများက စိတ်ကျေနပ်ဖွယ် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လီယန်က သူမကို မွေးနေ့ဆုတောင်း ပေးကြသည့် စာပေါင်းများစွာကို ရရှိလိုက်ပြီးနောက် သူမက လူတိုင်းက ဤအချိန်၌ နိုးနေကြဆဲ ဖြစ်ကြောင်းကို နားမလည်နိုင်ခဲ့ပေ။ သူမက မအိပ်ချင်တော့တာ မဟုတ်ဘဲ မအိပ်နိုင်တော့တာ...
ဒါရိုက်တာ သူတို့ကို သနားသွားပြီး အိမ်ပြန်ခွင့်ပြုလိုက်သည့်အချိန်၌ 2နာရီပင် ထိုးလုလေပြီ။ လီယန်က မော့ကျန်း၏ ပင်ပန်းနေသော မျက်နှာလေးကို ကြည့်လိုက်သည်။ သူက ပင်ပန်းနေတာတောင် ကားမောင်းနေရတုန်းပဲ။ သူမက အပြစ်ရှိစိတ်များကို ဆက်တောင့်မခံနိုင်တော့ပေ။
"ကျန်းကျန်း... ကျွန်မ တကယ် ကားမောင်းကျင့်ချင်နေတာ"
ထိုစာကြောင်းက အလှည့်အပြောင်းတစ်ခုလိုပါပင်။ မော့ကျန်း၏ မျက်နှာက သူကြည့်လာသည့်အချိန်၌ စူးရှ၍ နေသည်။
"ကားကိုထိရဲရင် ထိကြည့်လိုက်လို့ ပြောထားတယ်လေ"
လီယန်: "..."
သူ သူမကို ထပ်ပြီး ခြိမ်းခြောက်ပြန်ပြီ။
2:30 ပြည့်ခါနီးတွင် အိမ်ပြန်ရောက်လာသောအခါ လီယန်က သက်ပြင်းချပြီး ရေချိုးလိုက်သည်။ ဤအလုပ် စတင်ကတည်းက နေ့တိုင်း နောက်ကျမှ ပြန်ရပြီး သရေစာများစွာလည်း စားခဲ့ရသည်။ သူမ၏ အသားအရေက ပိုဆိုးလာရုံသာမက သူမ၏ ကိုယ်အလေးချိန်ပါ ကျသွားခဲ့သည်။
သို့သော်လည်း သူမ၏ ဆာလောင်မှုကို တောင့်မခံနိုင်ပါပေ။
လီယန်က လှေကားမှ တဆင့် မီးဖိုချောင်ထဲသို့ ဆင်းလာပြီး ထမင်းစားပွဲပေါ်ရှိ ခပ်မှိန်မှိန် မီးလုံးလေးကိုသာ ဖွင့်၍ ရေခဲသေတ္တာဖွင့်ကာ စားစရာ ရှာလိုက်သည်။
ဘာရှာနေတာလဲ" ရုတ်တရက် မော့ကျန်း၏ အသံက ဘေးဘက်မှ ထွက်လာပြီး လီယန်က ချက်ချင်းဆိုသလိုပင် ထိတ်လန့်မှုတို့ဖြင့် ရေခဲသေတ္တာတံခါးကို ပိတ်ချလိုက်သည်။
"မဟုတ်ပါဘူး... မဟုတ်ဘူး" လီယန်က သူမ၏ စကားကို တဝက်တပျက်တွင် ရပ်ထားလိုက်သည်။
မော့ကျန်းက အခုလေးတင်မှ ရေချိုးထားပြီး အောက်ထပ်သို့ ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ဆံပင်များမှာ စိုစွတ်နေဆဲ ဖြစ်ပြီး ရေချိုးတဘက်ဖြူ တထည်ကို သူ့ပုခုံးပေါ် ကပိုကရို လွှားတင်ထားသည်။ ကြည့်ရသည်မှာ မကြာသေးခင်က ၎င်းနှင့် ဆံပင်သုတ်ထားခဲ့ပုံပင်။ ရေချိုးတဘက်တစ်ခုက သူ့ခန္ဓါကိုယ်အောက်ပိုင်းကို ရစ်ပတ်ထားပြီး အဓိက နေရာများကိုသာ ဖုံးကွယ်ထားကာ ခြေသံသွယ်သွယ် နှစ်ဖက်လုံးကို တွေ့မြင်နိုင်သည်။
မဟုတ်သေးဘူး... သတိထားမိစရာ တစ်ခုခုကို ပြောရမယ်ဆိုရင်... သူ့ခန္ဓါကိုယ် အပေါ်ပိုင်းက... အဝတ်ဝတ်ရတာ ခက်လို့လား... တဘက်ကို လည်ပင်းပေါ် လွှားမတင်ထားရင် အားလုံး ပေါ်ကုန်တော့မှာလို့...
လီယန်၏ နှုတ်ခမ်း အနည်းငယ် ဟသွားပြီး ကွတ်ကီးထုပ်လည်း မြေပေါ် ကျသွားလေသည်။
မေးခွန်းက... မင်းရဲ့ နတ်ဘုရားသာ မင်းရှေ့မှာ ဒီလိုပုံမျိုးနဲ့ ပေါ်လာရင် မင်း ဘာလုပ်ရမလဲ...
မော့ကျန်းက လီယန်၏ ရှက်သွေးဖြာနေသော ပါးပြင်လေးကို ကြည့်ကာ အပြုံးများကို ထိန်းမထားနိုင်တော့ပေ။ ချောမောလှပတဲ့ လူတွေရဲ့ နှစ်လိုဖွယ် ကောင်းမှုက သမိုင်းရဲ့ ယဥ်ကျေးမှု အပြောင်းအလဲတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်...
"မင်း ဘာဖြစ်နေတာလဲ" မော့ကျန်းက သူ့ထံတွင် ရှက်ရွံ့စိတ် လုံးလုံး မရှိသည့်အလား လီယန်ကို သိလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်ပြီး သူမဆီသို့ ခြေတစ်လှမ်း တိုးလာသည်။
လီယန်မှာ ရှောခ့်ရသွားသည့်အလား တုန့်ပြန်လာခဲ့သည်။ သူမကိုယ်ပေါ်မှ အမွှေးများအားလုံး ထောင်လာခဲ့လေသည်။
"ရှင်... တိုးမလာနဲ့နော်"
မော့ကျန်းက ခြေလှမ်းရပ်ကာ မျက်တောင်ခတ်လိုက်သည်။ သူ့မျက်လုံးများက တလှုပ်လှုပ် ဖြစ်နေခဲ့သည်။
"တကယ်လို့ ကိုယ်တိုးလာခဲ့ရင်ရော"
ဒါဆို.. ရှင့်ကို ဖိထားလိုက်မှာ...
တင်းတောင်... အဖြေမှန်ပါတယ်...
လီယန်၏ နှလုံးသားက ခုန်ပေါက်နေသော ယုန်လေးအလား ခံစားနေရပြီး အသက်ရှူသံ ပိုမြန်လာခဲ့သည်။ သူမက ထိုပုံရိပ်ကို မြင်နေရင်း အောက်စီဂျင် ပြတ်တော့မည်သကဲ့သို့ပင်။ မဟုတ်ဘူး... မဟုတ်ဘူး... အသက်ပြင်းပြင်းရှူပြီး စိတ်ငြိမ်အောင် လုပ်ရမယ်...
မော့ကျန်းက တဖြည်ဖြည်း တိုးလာသည့်အတွက် လီယန် လွတ်လမ်း ရှာနေလိုက်သည်။ မီးအိမ်လေးတစ်ခုသာ ထွန်းထားသဖြင့် လီယန်မှာ အနီးအနားမှ လူ၏ ခန္ဓါကိုယ်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော်လည်း ထိုကဲ့သို့သော ကိုယ်တစ်ဝက်သာ ဖုံးထားသည့် ချောမောမှုက ထိုသူကို ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။
ကပ်မလာဖို့ တောင်းဆိုပါတယ်လို့... ကျွန်မ တကယ်ကြီး ရှင့်လူ ဖြစ်လာလိမ့်မယ်... QAQ
လီယန်က ထမင်းစားပွဲရှေ့တွင် ရပ်မိသည်အထိ နောက်ပြန်ဆုတ်လိုက်သည်။ မော့ကျန်းက စားပွဲပေါ်တွင် လက်တစ်ဖက်တင်ကာ အခြားတစ်ဖက်မှ သူမ၏ ခါးအနားတွင် ရောက်ရှိသွားသည်။
"ကိုယ်တောင်းပန်ပါတယ်... မင်းအတွက် မွေးနေ့လက်ဆောင်ပြင်ဖို့ မေ့သွားတယ်"
သူ့အသံအနေအထားက ပေါ့ပါးနေပြီး သူ့နှုတ်ခမ်းများထံမှ ခံတွင်းသန့်ဆေး အနံ့ကိုပင် ရနေဆဲဖြစ်သည်။ အာ... သံပရိုအနံ့လေး...
"ကိစ္စမရှိပါဘူး" လီယန်က သူမ၏ လက်များဖြင့် မော့ကျန်း၏ ရင်ဘတ်ကို တွန်းကန်ထားချင်ခဲ့သည်။ သို့သော်လည်း ထိုသူ၏ အဝတ်မဲ့နေသော အသားအရည်ကို ထိမိသွားသောအခါ ဓါတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် လက်ပြန်ရုတ်လိုက်သည်။ အဝတ်မဝတ်တာ ဥပဒေကို ချိုးဖောက်တာပဲ...
"ရှင်... ရှင် အဝတ်ဝတ်လို့ မရဘူးလား" လီယန်၏ နှလုံးသားက အမှန်တကယ် စိတ်သောက ရောက်နေရသည်။ နောက်ပိုင်း သူမ တကယ်ကြီး သားရဲကောင် ဖြစ်သွားရင် သေချာပေါက် တစ်ဖက်လူရဲ့ အမှားဆိုတာကို ကောင်းကင်ကပဲ သက်သေပြနိုင်မယ်...
"မင်း အောက်ထပ် ရောက်နေမှန်း မသိဘူး... ကိုယ်က ရေယူဖို့ လာခဲ့တာ" သူက အလွန်နီးကပ်နေ၍ လီယန်မှာ သူ့နှုတ်ခမ်းတို့က သူမ၏ နားကို ထိကပ်နေသည်ဟုပင် ခံစားနေရသည်။
ဒါဆိုလည်း ရေမြန်မြန်သောက်ပြီး အိပ်ရာဝင်တော့လေ... လီယန်၏ နားက မီးတောက်လ်ု နီရဲနေသည်။ မော့ကျန်းက ခပ်နိမ့်နိမ့် ရယ်ကာ ကိုက်ချင်နေစိတ်များကို ထိန်းထားလိုက်ရသည်။ သူက ထိုလူသားလေးကို သူ့ရင်ခွင်ထဲ ပိုတိုးလာသည်အထိ ဆွဲယူလိုက်သည်။
"မင်းအတွက် လက်ဆောင်က... ကိုယ်ဆိုရင်ရော ဘယ်လိုလဲ"
ကိုယ်ဆိုရင်ရော ဘယ်လိုလဲ တဲ့လား...
၎င်းက မှော်ပညာရှင်၏ ဂါထာလိုပါပင်။ လီယန်၏ အတွေးများက ချက်ချင်း အငွေ့ပျံသွားလေသည်။ မော့ကျန်း၏ မျက်လုံးများက မဲမှောင်သွားသည်။ သူ သူမ၏ ပါးပြင်လေးကို နမ်းရှိုက်ရန်အတွက် ကိုယ်ကို ညင်ညင်သာသာ ကိုင်းညွှတ်လိုက်သည်။
ဒီဟာလေးက အရမ်း တုံးတဲ့ပုံပဲနော်... သူလုပ်ချင်တာ လုပ်နေရင်တောင် ခုခံမှာ မဟုတ်ဘူး...
ကံမကောင်းစွာဖြင့် ဧကရာဇ်မော့က အခြေအနေကို လျှော့တွက်မိသွားသည်။
မသိနိုင်သော တစ်စုံတစ်ရာက လီယန်ကို လှုံ့ဆော်လိုက်ပြီး သူမက ရုတ်ရက် အော်ဟစ်လိုက်သည်။ သူမက မော့ကျန်း၏ ခန္ဓါကိုယ်ကို ဆွဲယူကာ လှည့်လိုက်သည်။ မော့ကျန်းက ဖြစ်စဥ်တစ်ခုလုံး၌ အကာအကွယ်မဲ့သွားလေသည်။ မီးရောင်မှိန်မှိန်အောက်တွင် သူက စားပွဲပေါ်တွင် အဖိခံထားရလေသည်။
အခြေအနေက လုံးဝ ပြောင်းပြန် ဖြစ်သွားလေပြီ။ လီယန်၏ လက်များက မော့ကျန်း၏ ပုခုံးပေါ် ရောက်နေပြီး သူမက သူ့ခန္ဓါကိုယ်အပေါ် ကိုင်းညွှတ်ထားသဖြင့် သူမ၏ အနက်ရောင် ဆံနွယ်များက မော့ကျန်း၏ မျက်နှာပေါ် ဝဲကျလာပြီး သူ့ကို အနည်းငယ် ယားကျိကျိ ဖြစ်သွားစေသည်။
"ဒါ ရှင်တွန်းအားပေးလို့ ဖြစ်လာတာ"
မော့ကျန်း: “…”
သူက တစ်စုံတစ်ယောက်သောသူ တဖြည်းဖြည်း ပိုနီးကပ်လာသည်ကို ကြည့်လိုက်ပြီး သူမ၏ လှုပ်ရှားမှုများကို တားဆီးလိုက်သည်။
"ခဏလေး... ငါ့ခါးကို ဆောင့်မိသွားသလိုပဲ"
လီယန်: “…”
နက္ခတ္တဗေဒ စာအုပ်ကပြောတယ်... ဒီနေ့က အတူအိပ်ဖို့ သင့်တော်တဲ့နေ့ မဟုတ်သေးဘူးတဲ့...
တစ်စုံတစ်ယောက်၏ ခါးကို ဒဏ်ရာ ဖြစ်စေခြင်းက ပြင်းထန်သည့် အခြေအနေပင်။ တစ်စုံတစ်ယောက်၏ အနာဂါတ် ပျော်ရွှင်မှုနှင့် အများကြီး သက်ဆိုင်နေရသည့် အခြေအနေဖြစ်နေသည်။
(T/N ပေါက်ကြရဲ့လား)
လီယန်က မော့ကျန်း၏ ဒဏ်ရာကို လျစ်လျူမရှုရဲဘဲ သူ့ကို ဆိုဖာပေါ်သို့ မြန်မြန် သယ်သွားလိုက်ပြီး ဆိုဖာပေါ်တွင် လဲလျောင်းခိုင်းလိုက်သည်။ သူက တီဗီစင်မှ ဝိုင်ကို ဆွဲထုတ်လိုက်ပြီး အညွှန်းစာအုပ်အတိုင်း မော့ကျန်း၏ခါးကို နှိပ်ပေးလိုက်သည်။
သူမ၏ လက်နှစ်ဖက်က မော့ကျန်း၏ ခါးပေါ်တွင် သက်ဆင်းနေပြီး သူ့ခန္ဓါကိုယ်တစ်ခုလုံးကို ဆူးတစ်ချောင်း မွှေနေသကဲ့သို့ ငြီးငြူမိလိုက်သည်။
လီယန်က အလွန် လန့်သွားသဖြင့် သူမ၏ လက်ကို မြန်မြန် ပြန်ရုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ... နာလို့လားဟင်"
"မဟုတ်ပါဘူး... နည်းနည်း မသက်မသာ ဖြစ်နေလို့"
"ဒါဆို ဆက်လုပ်လို့ ရလား" လီယန်က မော့ကျန်း၏ ခါးတွင် လက်ပြန်ထားလိုက်သည်။ သူမ ငယ်စဥ်က သူမ၏ မိခင်ထံမှ အနှိပ်သင်ခဲ့ဖူးသည်။ လတ်တတလောတွင် သူမက ထိုနည်းလမ်းများကို ပြန်စဥ်းစားနေပြီး မော့ကျန်း၏ ခါးကို နှိပ်နေရင်းဖြင့် သူမ၏ ခွန်အားကို ထိန်းညှိနေလေသည်။
မော့ကျန်းက မျက်လုံးများ ပိတ်လိုက်ပြီး လှုပ်ရှားကာ နှိပ်ပေးနေသော လက်ကလေးများကို ခံစားမိနေသည်။ ၎င်းက ရှင်းရှင်းလင်းလင်းပင် ကိုယ်ထိလက်ရောက် ပြုမူနေခြင်း ဖြစ်သည်။ အဆိုးဝါးဆုံး အချက်မှာ သူမ၏ လက်လေးများက တဖြည်းဖြည်း အောက်ဆင်းလာပြီး သူ့ခန္ဓါကိုယ်က မတုံ့ပြန်သင့်သည့်နည်းလမ်းဖြင့် တုံ့ပြန်နေကြောင်း ခံစားမိနေသည်။
ကံအားလျော်စွာဖြင့် သူ ဝမ်းလျားမှောက်ထားမိ၍သာ။
မော့ကျန်းက ခေါင်းကို ခေါင်းအုံးထဲတွင် နှစ်ထားခဲ့ပြီး သူ့နှုတ်ခမ်းများကို တင်းတင်းကိုက်ထားသည်။ သည်းမခံနိုင်ဖွယ်ရာ ခံစားချက်များ အသံထွက်လာမည်ကို စိုးရိမ်နေခဲ့လေသည်။
"အားကို ဒီလောက်ထိ ထည့်လို့ အဆင်ပြေလား" လီယန်က သူ့အမြင်ကို မေးနေစဥ်မှာပင် မော့ကျန်း၏ ခါးကို လုံ့လဝီရိယရှိစွာ နှိပ်နေသည်။ မော့ကျန်း၏ လည်ချောင်းက လှုပ်ရှားသွားပြီး သွားကြားထဲမှ စကားတစ်လုံး ထွက်လာရန် ကြိုးစားယူလိုက်ရသည်။ "အင်း"
သူ့အသံက ခပ်နိမ့်နိမ့် ဖြစ့်ပြီး အားစိုက်ပြောနေသလိုပါပင်။ ၎င်းက ခေါင်းအုံးနှင့် ဖိနှိပ်ထားသဖြင့် အနည်းငယ် လုံးထွေးနေသော်လည်း ဆက်ဆီကျနေဆဲပါပင်။
လီယန်၏ မျက်နှာက ထူးထူးခြားခြား နီရဲသွားသော်လည်း သူမ၏ လက်လှုပ်ရှားမှုများက မရပ်သွားပေ။ "ကျွန်မ တောင်းပန်ပါတယ်..." သူမ စောစောကသာ အရမ်း မတုံ့ပြန်မိသွားရင် သူ့ခါး ထိခိုက်သွားမှာ မဟုတ်ဘူး...
မော့ကျန်းက တစ်ခဏမျှ ငြိမ်ကျသွားပြီး ခေါင်းလေး အနည်းငယ်စောင်းကာ သူ့မျက်နှာလေး တစ်ဝက်ကို ဖော်ပြလာခဲ့သည်။
"ခါးက ယောကျ်ားတွေအတွက် အရမ်း အရေးအကြီးဆုံး နေရာဆိုတာ သိရဲ့လား"
လီယန်: "..."
"မင်းက ငါ့ရဲ့ တန်ဖိုးကြီး ခါးလေးကို ခိုက်မိသွားစေခဲ့တာ... တောင်းပန်စကား ပြောရုံနဲ့ လုံလောက်ပါ့မလား"
လီယန်: "..."
"ဒါဆို ဘာလိုချင်တာလဲ"။
"အနည်းဆုံးတော့ လျော်ကြေး ပြန်ပေးရမှာပေါ့" မော့ကျန်းက သူမ ထိုမေးခွန်း မေးလာမည်ကို စောင့်နေသည့်အလား မြန်မြန် ပြန်ဖြေလိုက်သည်။
လီယန်၏ နှုတ်ခမ်း လှုပ်ရှားသွားပြီး မကောင်းသည့်အရာ တစ်ခုခု ဖြစ်လာတော့မည်ကို ခပ်ရေးရေး ခံစားနေရသည်။
"ဘယ်လို လျော်ကြေးပေးရမာလဲ"
"အသားနဲ့ ပြန်ပေးလေ"
သူမ ဘာမှ မကြားလိုက်ဘူးနော်...
"ကျန်းကျန်း" လီယန်က ရုတ်တရက် မော့ကျန်းကို ခေါ်လိုက်သည်။ မော့ကျန်းက အနှိပ်ခံနေရသည်ကြောင့် အလွန် ဇိမ်ကျနေလေရာ "ဟမ်" ဟူသော အသံဖြင့်သာ ပြန်ဖေလိုက်သည်။
"ကျွန်မ အခု စစ်ကြည့်ပြီးပြီ.... ရှင့်ခါးကို ထိခိုက်သွားတယ် ပြီးရင် ခန္ဓါကိုယ်သုံးရတဲ့ ကာယ အလုပ်တွေ လုပ်လို့ မဖြစ်ဘူး... အထူးသဖြင့် ခါးနဲ့ ပတ်သက်တဲ့ ကိုယ်လက်လှုပ်ရှားမှု အလုပ်ပေါ့"
ခါးနဲ့ သက်ဆိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု...
ခါးနဲ့ သက်ဆိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု...
အသက်ရှင်နေထိုင်မှု...
မော့ကျန်း "..."
#မြန်မြန်သေဖို့ တောင်းဆိုပါတယ်#
နာရီဝက်မျှ နှိပ်ပြီးသွားသောအခါ မော့ကျန်း၏ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများက တဖြည်းဖြည်း လွင့်ပါးသွားပြီး လီယန်၏ လက်များကလည်း အကန့်အသတ်သို့ ရောက်ရှိလာခဲ့သည်။ သူ့ဘေးတွင် သူမ၏ လက်များကို အနားပေးနေသော လီယန်
ကို ကြည့်ကာ ခါးနှင့် ပတ်သက်သော ကိုယ်လက်လှုပ်ရှားမှုများကို မြန်နိုင်သမျှ မြန်မြန် လုပ်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။ "ထန်ချန်းကို ခေါ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကုထုံးပညာရှင်ကို ချိန်းဖို့ ဘိုကင်တင်ထားလို့ ပြောလိုက်"
"ဟုတ်" လီယန်က အချိန်ကို ကြည့်လိုက်ရာ သုံးနာရီပင် အနည်းငယ် ကျော်လွန်နေသည်။ ထန်ချန်း အိပ်ပျော်နေပြီး ဖြစ်လိမ့်မည်။ မနက်ဖြန်မှ ခေါ်သည်ကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
Xxxxx